Avira Antivirus 2012 software free download


ဒီကောင်လေးကလည်း ကျနော်သုံးနေကျ Antivirus Software တွေထဲက နောက်တခုပါ..။ လူကြိုက်များတဲ့ နာမည်ကြီး ဆော့ဝဲလ်တွေထဲက တခုပါ..။ 2012 အတွက် ထုတ်ထားပေးတာပါ..။ Install ဆွဲပြီးတာနဲ့ Update အရင်လုပ်ပေးပါ..။ တခြား Antivirus Software ထက် သူ့မှာတခုပိုကောင်းတာက ဆော့ဝဲလ်တွေမှာပါလာတတ်တဲ့ Crack တို့ Path တို့ Keygen တို့ ကို ဖွင့်တော့မယ်ဆိုရင် ဒီထီးလေးကို ခဏပိတ်ထားပြီး ဖွင့်သုံးလို့ ရပါတယ်..။ တခြား Antivirus Software တွေမှာ ဒါမျိုးလေး မတွေ.ဖူးသေးပါဘူး..။ အောက်မှာတော့ သုံးနည်းလေးကို ပုံလေးတွေနဲ့ ပြထားပေးပါတယ်...။ ဖိုင်ဆိုဒ်တော့ နည်းနည်းများတယ်..။ 83 MB ရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းယူ သွားလိုက်ပါ..


DOWNLOAD HERE


ဒီအောက်ပုံကတော့ ထီးလေးကိုခဏပိတ်ပြထားတာပါ..။ ပိတ်ထားချင်တဲ့အခါ ပိတ်တတ်အောင်လို့ပါ..။


အောက်ကပုံကတော့ Install ဆွဲပြီးပြီးချင်း ဖွင်တဲ့အခါ မြင်ရမှာပါ.. အနီဝိုင်းပြထားတဲ့ Start update ကို အရင်ကလစ်ပါ..


အောက်ကပုံလေးပေါ်လာရင် မီတာချောင်းလေး ပြည့်တဲ့အထိ ခဏစောင့်နေပေးပါ... ပြည့်သွားရင် သူ့ဖာသာ ပိတ်သွားပါလိမ့်မယ်..


အပေါ်ပုံလေးပျောက်သွားရင်တော့ အောက်ပုံမှာ အနီဝိုင်းထားတဲ့ Scan System ကိုကလစ်ပြီး ဗိုင်းရပ်စ်သတ်ပါ..။


အောက်ကပုံမျိုးပေါ်လာရင် Close ကိုနှိပ်ပါ..။



အပေါ်ပုံမှာ 100% ပြည့်သွားရင် End ဆိုတဲ့ စာသားလေးပေါ်လာရင် ကလစ်ပြီး ပိတ်လိုက်ပါ.. အောက်ပုံအတိုင်း မြင်ရရင် ဗိုင်းရပ်စ်သတ်တဲ့ အလုပ်ပြီးသွားပါပြီ.. 


ဒီလိုအောက်ပုံမျိုးပေါ်လာရင်တော့ ကြက်ခြေခတ်နှိပ်ပြီးသာ ပိတ်လိုက်ပါ..။


အားလုံးပဲ လုပ်တတ်ကိုင်တတ်ပြီး အဆင်ပြေကြပါစေ..

4 comments:

  1. အကို.. linkသေနေလို့ down မရတော့ဘူး ကျွန်တော်လိုချင်လို့ပါ ကူညီပါဗျာ
    နည်းပညာလောကမှာ အမြဲထာဝရရှင်သန်ပါစေ
    အစဉ်လေးစားလျှက် အကိုရဲ့ တပည့်....

    ReplyDelete
  2. အကို.. ကျေးဇူးပြုပြီးကူညီပါဗျာ အားကိုးပါတယ်
    ကျွန်တော်ယခုလက်ရှိသုံးနေတာ Kaspersky internet security 2012ပါ (Licenseနဲ့ပါ ရက် ၁၁၀ကျန်ပါသေးတယ် ဒါပေမဲ့ Updating 85% မှာ ရပ်ရပ်နေတယ်) Security Problemsမှာ
    Protection Components>> System Watcher is Disabledပြနေတယ် ကျွန်တော်ကြိုးစားကြည့်ပါသေးတယ် မရပါဘူးဗျာ Settingsထဲကိုဝင်ပါတယ် Protection Centerရဲ့အောက်မှာ System Watcherကို Clickလုပ်လိုက်ရင် Loadingပဲပြနေပါတော့တယ်ဗျာ ကူညီပါအကို..

    ReplyDelete
    Replies
    1. Avira 2013 ကို ဒီလင့်မှာ သွားပြန်ယူလိုက်ပါဗျာ.. Free ပေးသုံးတဲ့ ကောင်လေးမို့ အသုံးပြုရတာ အဆင်ပြေပါတယ်..
      http://lwinminbo.blogspot.com/2012/11/avira-free-antivirus-2013-13002832.html
      ဒီလင့်ကို copy-paste နဲ့ Browser ရဲ့ Address Bar မှာ ထည့်ပြီး Enter ခေါက်ပေးလိုက်ရင် အဲ့ဒီပိုစ့်ကို ရောက်သွားပါလိမ့်မယ်..။
      နောက်တခုက ကျနော် Kaspersky internet security နဲ့ Antivirus ကို စွဲစွဲမြဲမြဲသုံးတာ မဟုတ်ပါဘူး.. ဒါကြောင့် အဲ့ဒီပရိုဂရမ်အကြောင်းကို သိပ်မသိတဲ့အတွက် အသေးစိတ်ပြောပြပေးဖို့ ခက်ပါတယ်.. လွယ်မယ်ဆိုရင်တော့ တခြားတခုကို ပြောင်းသုံးလိုက်ပါဗျာ..

      Delete
  3. ဟုတ်ကဲ့ပါအကို ကျေးဇူးအထူးတင်ပါတယ် ကျန်းမာရွင်လန်းချမ်းမေ့ပါစေ အခုပဲAvira Free Antivirus 2013 - 13.0.0.2832ကို ယူသွားလိုက်ပါတယ် အစဉ်လေးစားလျှက် အကိုရဲ့ တပည့်...

    ReplyDelete

Related Posts Plugin for WordPress, Blogger...