Mojosoft Photo Calendar Studio 2014 1.11 Final

မိမိတို့ရဲ့ မိသားစုဓါတ်ပုံလေးတွေနဲ့ ပြက္ခဒိန်လေးတွေ ဖန်တီးချင်တယ်ဆိုရင်တော့ ဒီကောင်လေးက အတော်လေး အသုံးဝင်တဲ့ ကောင်လေးပါ..။ ကျနော်စမ်းသုံးကြည့်မိသလောက် အတော်လေး ပြည့်စုံတဲ့ နောက်ဆုံးထွက် ဗါးရှင်းအသစ်လေး.. လေယာတွေ၊ Effects တွေ ၊ Background နဲ့ Foreground မှာ မိမိတို့ ကြိုက်သလို ပုံတွေကို ချိန်ညှိပြီး ထည့်သုံးလို့ပါ ရတဲ့အပြင် မြန်မာစာတွေပါ မိမိတို့ ဖန်တီးထားတဲ့ ပြက္ခဒိန်ပေါ်မှာ ရေးယူလို့ ရတဲ့အတွက် အတော်လေးအဆင်ပြေပါတယ်..။ ခုနှစ်သက္ကရာဇ်တွေကိုလည်း 2013/14 ကနေ နောက် နှစ်တစ်ရာထိ ကြိုက်သလောက်ထည့်သုံးလို့ ရတဲ့အတွက် အမြဲတမ်း အသုံးပြုလို့ရမယ့် ပရိုဂရမ်ကောင်းလေးပါ..။ အောက်မှာလည်း ကျနော် စမ်းသုံးထားတဲ့ ပုံလေးတွေပါ ပြပေးထားပြီး အသုံးဝင်ပုံ အသေးစိတ် Features တွေ၊ Tools တွေက Photoshop နဲ့ နင်လား၊ငါလားလို့တောင် ပြောရမလိုပင်..။ နောက်ခံ ဖရိန်တွေ အများကြီး ပြောင်းသုံးလို့ရတဲ့အတွက်.. အပျော်တမ်း အိမ်သုံးသမားများအတွက်တင် မကပဲ၊ စီးပွါးရေး လုပ်ငန်းတွေအတွက်ပါ ထည့်ယူသုံးလို့ အဆင်ပြေပါတယ်..။ အများကြီး မညွှန်းတော့.. သုံးကြည့်မှသာ ကောင်းမှန်းသိပေလိမ့်မည်..။ ဒီလိုဆော့ဝဲလ်မျိုးက အကြာကြီးနေမှသာ တခါ Update ထွက်တတ်တဲ့ ပရိုဂရမ်မျိုးဖြစ်တဲ့အတွက် ရတုန်းမှာ အမြန်သာ ဒေါင်းယူထားကြပါ..။ လင့်တွေပျက်သွားမှ ပြန်တင်ပေးဖို့ ခက်ပါလိမ့်မယ်..။
ဒီကောင်လေးကို ဖူးသုံးလို့ရအောင် ကီးတွေနဲ့ နာမည်တွေကို Notepad လေးနဲ့ ထည့်ပေးထားပြီး အောက်မှာလည်း ကျနော်သုံးထားတဲ့၊ ဖူးဖြစ်သွားတဲ့ ပုံလေးတွေကို ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 39 MB ရှိပါတယ်..။

WonderFox Video Converter Factory Pro 7.2 Final

WonderFox Video Converter Factory Pro is an all-in-one, fast, reliable and easy-to-use video converting software. It is capable of converting nearly all frequently used video, audio, cell phone, pad, mobile devices, etc
ဒီ Video Converter လေးနဲ့ သီချင်း၊ Video တွေကို မိမိတို့ အလိုရှိတဲ့ ဖေါ်မတ်အားလုံး နီးပါး ပြောင်းယူလို့ ရပါတယ်..။ အသုံးပြုတတ်အောင်နဲ့ Effects တွေထည့်ပြီး ဖေါ်မတ်ပြောင်းယူတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ အစအဆုံး လုပ်ပြပေးထားပါတယ်..။ ဖူးသုံးလို့ ရအောင်ပါ ကီးတွေ ထည့်ပေးထားပါတယ်..။ ဒီကောင်လေးကို အသုံးလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 16 MB ရှိပါတယ်..။

Bigasoft Video Downloader Pro 3.0.30.5051 Final

ဒီ Video Downloader လေးကတော့ YouTube က သီချင်းတွေနဲ့ Video တွေကို အလွယ်တကူ ဒေါင်းယူပေးနိုင်ပြီး.. မိမိတို့ လိုအပ်တဲ့ ဖေါ်မတ်ကိုပါ တခါတည်း ပြောင်းပေးနိုင်တဲ့ ကောင်လေးပါ..။ ဒီ Pro ဗါးရှင်းလေးမှာတော့ သီချင်း၊ Video တွေကို ဖေါ်မတ်မျိုးစုံပြောင်းပေးနိုင်ပြီး.. Mobile Devices, Android Devices တွေနဲ့ Apple Devices တွေအတွက်ပါ အဆင်ပြေစေတဲ့ Pro ဗါးရှင်းလေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် Key လေးတွေပါ ထည့်ပေးထားပြီး အောက်မှာလည်း အသုံးပြုတတ်အောင်ပါ တခါတည်း ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့  20 MB ရှိပါတယ်..။ 
အရင်တုန်ုးက တင်ပေးခဲ့ဖူးတဲ့ Clip Converter ဆော့ဝဲလ်လေးနဲ့လည်း YouTube က သီချင်းတွေကို ဒေါင်းယူလို့ ရပါတယ်..။ ဒီကောင်လေးကတော့ ဆော့ဝဲလ်နောက်တမျိုးပါ..။

DriverMax 7.23 Final

မိမိတို့ရဲ့ ဝင်းဒိုးတွေထဲက Drivers တွေကို ဒီကောင်လေးနဲ့ Backup လုပ်ထားပြီး.. ဝင်းဒိုးအသစ်ပြန်တင်တဲ့အခါမှာ ပျောက်သွားတဲ့ Drivers တွေကို အလွယ်တကူ ဒီဆော့ဝဲလ်နဲ့ပဲ Restore ပြန်ထည့်ပေးလို့ ရပါတယ်..။ ဒီကောင်လေးက ဖရီးဆော့ဝဲလ်လေးဖြစ်ပြီး.. အသုံးပြုတတ်အောင် အရင်ကတင်ပေးခဲ့တဲ့ အသုံးပြုနည်းပိုစ့် ပြန်ကြည့်နိုင်ပါတယ်..။ အဲ့ဒီအသုံးပြုနည်းပိုစ့်မှာ ပုံလေးတွေနဲ့ Backup အတွက်ရော၊ Restore အတွက်ပါ အစအဆုံးပြပေးထားလို့ အသုံးပြုချင်တဲ့သူများအတွက် အဆင်ပြေစေပါလိမ့်မယ်..။ ဒီနောက်ဆုံးထွက် Update လေးကို အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9 MB ရှိပါတယ်..။

NERO 8 ဖြင့် CD/DVD ထုတ်လုပ်နည်း လက်စွဲ

 ဒီစာအုပ်လေးကို ပိုစ့်တခုအနေနဲ့ ပြန်တင်ပေးလိုက်တာကတော့.. ကျနော့် Blog မှာ တင်ပေးထားခဲ့ပြီးတဲ့ ဆော့ဝဲလ်တွေနဲ့ စာအုပ်တွေကို ၃-လ ကျော်သွားပြီးရင် ဒေါင်းယူလို့ ရမှာမဟုတ်တော့ပါ..။ ဖရီး Upload ဆိုဒ်တွေမှာ တင်ပေးတာဖြစ်လို့ ၃-လ အတွင်းက ဆော့ဝဲလ်တွေနဲ့ စာအုပ်တွေကိုပဲ ဒေါင်းယူဖို့ အကြံပြုချင်ပါတယ်..။ အပေါ်က Comments လေးကို မြင်လိုက်ရလို့ ဒီစာအုပ်နဲ့အတူ အပေါ်ကပုံမှာ မျှားနီနဲ့ ပြထားတဲ့ နေရာ.. ပိုစ့်တွေရဲ့လိပ်စာ လင့်နေရာတွေမှာ အဲ့ဒီပိုစ့်ကို တင်ပေးခဲ့တဲ့ ခုနှစ်နဲ့လ ကို ကြည့်လို့ ရမှာပဲ ဖြစ်ပါတယ်..။ အဲ့လိုမျိုး တနှစ်ကျော် ကြာသွားပြီ ဖြစ်တဲ့ ဆော့ဝဲလ်တွေနဲ့ စာအုပ်တွေ ပေါင်းလိုက်ရင် ကျနော်တင်ပေးခဲ့တာ ရာကျော်ရှိပါပြီ..။ အားလုံးကို တခုစီပြန်လိုက်တင်ပေးဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး..။ ဆော့ဝဲလ်တွေဆိုရင်တော့ Update အသစ် ထွက်လာတဲ့အခါ အဆင်ပြေသလို ပြန်တင်ပေးတတ်ပါတယ်..။ ဒါကြောင့် ပိုစ့်လိပ်စာတွေကို ကြည့်ပြီး စာအုပ်တွေနဲ့ ဆော့ဝဲလ်တွေကို ဒေါင်းယူလို့ ရနိုင်၊မရနိုင်ဆိုတာ.. မိမိတို့ ကိုယ်တိုင်သာ လေ့လာကြည့်ပြီး၊ ဆင်ခြင်နိုင်အောင် ဒီစာအုပ်လေးနဲ့အတူ ပိုစ့်တင်ပေးလိုက်ခြင်းပါ..။ အရင်ကလည်း Foxit Reader ဆော့ဝဲလ်နဲ့အတူ ဒီအကြောင်းလေးကို ရေးပေးခဲ့ဖူးပါတယ်..။
အခုဒီစာအုပ်လေးကိုတော့ တောင်းထားတဲ့လူ များတဲ့အတွက် ပြန်တင်ပေးလိုက်ပါတယ်..။ ဒီစာအုပ်လေးကတော့ အခွေကူးတတ်ချင်တဲ့သူများအတွက် အရမ်းတန်ဖိုးရှိတဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါပဲ.. ဆရာဦးအောင်လင်း ရေးသားထားတဲ့ ဒီစာအုပ်လေးကို သူငယ်ချင်းတစ်ယောက်က ကျနော့်ကို လေ့လာဖို့၊ မျှဝေဖို့ပေးခဲ့တာလေးပါ..။ Nero 8 နဲ့ပါတ်သက်လို့ အသုံးပြုနည်း အားလုံးနီးပါး အသုံးပြုတတ်အောင် စိတ်ရှည်ရှည်နဲ့ သေချာရေးပေးထားတဲ့ စာအုပ်ကောင်းလေးပါ.. CD/DVD တချပ်ရလာအောင် ကူးနည်း၊ VCD ထုတ်လုပ်နည်း၊ DVD တချပ်ထဲမှာ ရုပ်ရှင်ဇာတ်ကားတွေ ၄၊၅ခု ထည့်နည်း၊ စသဖြင့်အစုံလုပ်တတ်အောင် ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်.. နောက်ပြီး မိသားစုရိုက်ထားတဲ့ Video တွေကို DVD ထဲမှာ ဖြတ်ထည့်နည်းတွေကအစ Nero 8 နဲ့လုပ်တတ်အောင် သေသေချာချာ စုံစုံလင်လင် ဖေါ်ပြပေးထားပါတယ်.. Nero 8 မှာပါတဲ့ တခြား Features တွေကိုပါ အားလုံးအသုံးပြုတတ်အောင် ပြပေးထားတဲ့ စာရေးဆရာရဲ့ စေတနာကို အသုံးပြုသူများ အားလုံးက ကျေးဇူးတင် ၊ လေးစားရမှာပါ.. PDF ဖိုင်အဖြစ် ဖန်တီး၊ မျှဝေ ပေးခဲ့တဲ့ စေတနာရှင်ကိုလည်း ကျေးဇူးတင်ရမှာပါ..။ ဒီစာအုပ်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 13 MB ရှိပါတယ်..။

How to Root Sony Xperia J (ST26i) - Android ဖုန်းများ Root/UnRoot လုပ်နည်း၊ မြန်မာစာရေးလို့၊ ဖတ်လို့ရအောင် လုပ်နည်း

 ဒီပိုစ့်ကို Android ဖုန်းတွေ Root ဖေါက်တတ်ဖို့အတွက် လေ့ကျင့်ခန်း တစ်ခု အနေနဲ့ တင်ပေးလိုက်ခြင်းပါ..။ ဒီပိုစ့်မှာ အသုံးပြုထားတဲ့ ဖုန်းအမျိုးအစားကတော့ Sony Xperia J (ST26i) - Android Version 4.1.2 - Build Number 11.2.A.0.21 ဖုန်းပဲ ဖြစ်ပါတယ်..။ ဒီပိုစ့်ကနေ Root Tool ၂-ခု ဖြစ်တဲ့ SRS Root တူးနဲ့ Kingo Root တူးတွေကို ဒေါင်းယူလို့ ရအောင် ဒါရိုက်လင့်တွေနဲ့ ချိတ်ပေးထားပြီး.. ဒေါင်းယူလို့ အဆင်မပြေပါက မူရင်းဆိုဒ်တွေကိုပါ သွားရောက် ဒေါင်းယူလို့ ရအောင်ပါ လင့်တွေ ပြန်ချိတ်ပေးထားပါတယ်..။ ဒီ Android ဖုန်း Root/UnRoot လုပ်နည်းပိုစ့်ကို ကျန်ခဲ့တဲ့ တစ်ပါတ်လောက်က အဝေးရောက်နေတဲ့ သူငယ်ချင်းက ပိုစ့်တင်ပေးဖို့ တောင်းထားတာဖြစ်ပြီး.. ပုံတွေ စုနေရတာ ဖြစ်လို့ ဒီနေ့မှ ပိုစ့်တင်ပေးဖြစ်ပါတယ်..။
Android ဖုန်းတွေကို Root ဖေါက်လိုက်တဲ့အခါမှာ ဖုန်းရဲ့ System ပိုင်းတွေ တခုခု ပျက်စီးသွားတာတွေ ရှိပါတယ်..။ ဒါကြောင့် ဖုန်းတွေ Root မဖေါက်ခင် ကြိုပြီး စဉ်းစားဖို့ လိုပါတယ်..။ အနည်းငယ် ပျက်စီးတာက ဖုန်းကို အသုံးပြုလို့ ရပေမယ့်.. အများကြီး ပျက်စီးသွားခဲ့ရင်တော့ မိမိတို့ရဲ့ Android ဖုန်းကို ဖုန်းရဲ့ ကွန်ပျူတာနဲ့ ချိတ်တဲ့ ဆော့ဝဲလ်ကနေ.. ပြန်ပြီး အင်တာနက်ကနေ Android ဗါးရှင်း OS ကို ကွန်ပျူတာ ဖေါ်မတ်ချသလို (ဝင်းဒိုးအသစ် တင်သလိုမျိုး) ပြန်ပြီး Install (Update) လုပ်ယူလို့ ရပါတယ်..။ အဲ့လို Update လုပ်လိုက်ရင်တော့ Root ဖေါက်ထားတာရော၊ မြန်မာစာတွေပါ မရှိတော့ပဲ ဖုန်းအသစ်ဝယ်တုန်းက ပါလာတဲ့ အတိုင်း Android OS အသစ်ကို ပြန်လည် ရရှိမှာ ဖြစ်ပါတယ်..။ Root ဖေါက်လိုက်ရင်တော့ ဖုန်းတလုံးနဲ့ တစ်လုံး မတူညီတဲ့ ပျက်စီးမှုလေးတွေ ရှိပါတယ်..။ အခု ဒီဖုန်းမှာတော့ ပျက်စီးမူက ကြည့်နေရင်းနဲ့ ဖုန်း Screen အမဲကြီး ပေါ်လာတတ်ပါတယ်..။ တခါတလေ အဖြူရောင် ဖြစ်သွားပါတယ်..။ Back မျှားနဲ့ နောက်ပြန်ဆုတ်မှ အသုံးပြုလက်စ နေရာ၊ ကြည့်နေတဲ့ နေရာကို ပြန်ရောက်ပါတယ်..။ ဒီထက်ဆိုးတဲ့ ပြဿနာကတော့ မော်ဒယ်မတူတဲ့ နောက်ဖုန်းတလုံးမှာ Root ဖေါက်လိုက်ပြီးမှ ဖုန်းထဲက စာသားတွေ ပျောက်ကုန်ပါတယ်..။ Setting မှာရော၊ App တွေမှာပါ စာသား E-လို တလုံးမှ မပေါ်တော့ပဲ၊ Icon ပုံလေးတွေပဲ မြင်ရပါတော့တယ်..။ နောက်ဖုန်းတစ်လုံးကျတော့ အသုံးပြုလို့ မရအောင်ကို ခဏ၊ခဏ Shut Down ကျပါတယ်..။ အဲ့လိုဆိုးတဲ့ ပြဿနာတွေ ပေါ်ခဲ့ရင်တော့ မိမိတို့ရဲ့ဖုန်းကို အပေါ်မှာ ရေးခဲ့သလို Update လုပ်လိုက်ရင် ပြန်ကောင်းသွားပါတယ်..။ ဒါကတော့ Android ဖုန်းတွေ Root ဖေါက်လိုက်လို့ ပေါ်လာတတ်တဲ့ ပြဿနာတွေထဲက အနည်းငယ်ပဲ ရှိပါသေးတယ်..။

Image Resize Guide1.5.2 Final

 မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို ပြင်ဆင်ဖို့နဲ့ မိမိတို့ မလိုချင်တဲ့ ပုံထဲက အပိုင်းတွေကို အပေါ်ကပုံလိုမျိုး ဒီဆော့ဝဲလ်လေးနဲ့ ဖယ်ထုတ်လို့ ရပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် ဒီဆော့ဝဲလ်ထဲမှာ Video ဖိုင်လေးနဲ့ တပိုင်းစီ လုပ်ပြထားတာ ပါရှိပါတယ်..။ ဒါကြောင့် အသုံးပြုလိုတဲ့ သူများအတွက် လေ့လာလို့ အဆင်ပြေစေမယ့် ကောင်လေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် patch ဖိုင်လေးနဲ့ လုပ်ပေးရမှာ ဖြစ်ပြီး.. Antivirus တွေကို ခဏပိတ်ထားပြီးမှ patch နဲ့ ဖူးဖြစ်အောင် လုပ်ပေးလို့ ရမှာပါ..။ အောက်မှာလည်း ကျနော် patch နဲ့ ဖူးဖြစ်သွားတဲ့ ပုံလေးတွေကို ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.7 MB ရှိပါတယ်..။

Internet Download Manager 6.18 Build 7 Final

မနေ့ကမှ Update ထွက်ထားတဲ့ IDM Update အသစ်လေးပါ..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ဖူးလုပ်သုံးနိုင်ရန် patch ဖိုင်လေးနဲ့ တွဲတင်ပေးထားပါတယ်..။ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများနဲ့ IDM မရှိသေးတဲ့ သူများအတွက် ဒီလိုနောက်ဆုံးထွက်လေးတွေကလည်း လိုအပ်နေအုံးမှာပါ..။ patch (or) crack နဲ့ ဖူးဖြစ်အောင်၊ လုပ်တတ်အောင် Blog ညာဘက်အပေါ်ဆုံးမှာ တင်ပေးထားတဲ့ IDM ဖူးဖြစ်အောင် လုပ်နည်းပို့စ်တွကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.8 MB ရှိပါတယ်..။
Related Posts Plugin for WordPress, Blogger...