ClipConverter 1.1.0 Final (YouTube မှသီချင်းများ ဒေါင်းလော့ယူနည်း၊ ဖေါ်မတ်ပြောင်းနည်း)

ဒီကောင်လေးကတော့ Youtube ကသီချင်းတွေကို ဒေါင်းယူပေးနိုင်သလို ဖေါ်မတ်ပါ တခါတည်း ပြောင်းလဲပေးနိုင်ပါတယ်..။ ကျနော် စမ်းသုံးရင်း အတော်လေး အဆင်ပြေတဲ့ ဒီကောင်လေးကို အားလုံးပဲ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုရလွယ်ပေမယ့် မလုပ်တတ်တဲ့ သူများအတွက် အဆင်ပြေစေရန် ပုံလေးတွေဖြင့် တဆင့်စီ ပြပေးလိုက်ခြင်းပါ..။ No One ဆိုတဲ့ သီချင်းကတော့ Youtube ကနေ IDM အပြင် တခြား ဒေါင်းလော့ဒါတွေနဲ့ပါ ဒေါင်းယူလို့ မရပါဘူး..။ အခုဒီကောင်လေးနဲ့ အလွယ်တကူ ဒေါင်းယူလို့ ရသွားပါပြီ..။ 
တချို့ သီချင်းတွေဟာ Upload တင်သူရဲ့ ဒေါင်းယူဖို့ Yes မပေးထားရင် IDM လို ဒေါင်းလော့ဒါတွေနဲ့ ဒေါင်းယူလို့ မရနိုင်ပါဘူး..။ တချို့ သီချင်းတွေကျတော့ IDM ကီးတောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ အခါမျိုးတွေနဲ့၊ မိုဇီလာလို Browser တွေ Update တက်သွားတဲ့အခါ IDM လို ဒေါင်းလော့ဒါတွေ Update မမှီတဲ့အခါမျိုးတွေမှာလည်း သီချင်းတွေကို ဒေါင်းယူလို့ မရနိုင်ပြန်ပါဘူး..။ ဒေါင်းလော့ယူလို့ မရအောင် ပိတ်ထားတဲ့ သီချင်းတွေကို တခြားနည်းတွေနဲ့ ဒေါင်းယူလို့ ရနိုင်သလို ၊ ဒီဒေါင်းလော့ဒါလေးကို အသုံးပြုပြီးတော့လည်း ဒေါင်းယူနိုင်ပါတယ်..။ လုပ်နည်းကလည်း လွယ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ ဒီ ဒေါင်းလော့ဒါ (Converter) လေးကို အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 22.5 MB ရှိပါတယ်..။


ဒီကောင်လေးကို Install ထည့်ပြီးသွားရင်တော့ ဖွင့်ပြီ.. YouTube မှ မိမိတို့ ဒေါင်းယူလိုတဲ့ သီချင်း လိပ်စာကို copy ယူ ၊ အောက်ကပုံမှာ အပြာရောင်နဲ့ ပြထားတဲ့ နေရာမှာ ထည့်ပေးလိုက်ရင် အဆင်ပြေပါပြီ..။



သီချင်းရဲ့ လိပ်စာကို အပြာရောင်လေး ဖြစ်သွားအောင် မောက်စ်မျှားနဲ့ ဖိဆွဲ (Select) ပေးပါ..။ ပြီးရင် copy ယူလိုက်ပါ..။ အောက်ကပုံ..


ဒီအပေါ်မှာ ပြထားတဲ့အတိုင်း Youtube ကနေ မိမိတို့ လိုချင်တဲ့ သီချင်းရဲ့ လိပ်စာကို copy ယူပြီး အောက်ကပုံအတိုင်း paste နဲ့ ထည့်ပေးလိုက်ပါ..။ အဲ့ဒီနေရာမှာ အရင်ရှိပြီးသား စာသားတွေကို အရင်ဖျက်ပစ်ပြီးမှ paste နဲ့ ထည့်ပါ..။



အောက်ကပုံအတိုင်း ဆက်ပေါ်လာရင်တော့ ကျနော်တို့ Windows Media Player အပြင် ၊ Samsung Galaxy ဖုန်း တွေမှာပါ အသုံးပြုလို့ ရတဲ့ MP4 ဖေါ်မတ်ကို ရွေးပြီး Start ကို နှိပ် ဒေါင်းယူလိုက်ပါတယ်..။ အပြာရောင် မျှားနဲ့ ပြထားတဲ့ နေရာတွေမှာတော့ Mp3 နဲ့ တခြား ဖေါ်မတ်တွေကိုပါ ရွေးပြီး ဒေါးယူနိုင်မှာ ဖြစ်ပါတယ်..။


အောက်ကပုံတွေ အတိုင်း ဒေါင်းယူပေးနေပါလိမ့်မယ်..။



ဒေါင်းယူပြီးသွားတဲ့ သီချင်းတွေကိုတော့ အောက်ကပုံမှာ မျှားပြထားတဲ့နေရာတွေကနေ ကလစ်ပြီး ဖွင့်လို့ ရသွားပါပြီ..။



No One ဆိုတဲ့ သီချင်းကတော့ Youtube ကနေ IDM အပြင် တခြား ဒေါင်းလော့ဒါတွေနဲ့ပါ ဒေါင်းယူလို့ မရပါဘူး..။ အခုဒီကောင်လေးနဲ့ အလွယ်တကူ ဒေါင်းယူလို့ ရသွားပါပြီ..။ အပေါ်ပုံအတိုင်း Windows Media Player နဲ့ အဆင်ပြေပြေ အသုံးပြုလို့ ရသွားပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...