NERO 8 ဖြင့် CD/DVD ထုတ်လုပ်နည်း လက်စွဲ

 ဒီစာအုပ်လေးကို ပိုစ့်တခုအနေနဲ့ ပြန်တင်ပေးလိုက်တာကတော့.. ကျနော့် Blog မှာ တင်ပေးထားခဲ့ပြီးတဲ့ ဆော့ဝဲလ်တွေနဲ့ စာအုပ်တွေကို ၃-လ ကျော်သွားပြီးရင် ဒေါင်းယူလို့ ရမှာမဟုတ်တော့ပါ..။ ဖရီး Upload ဆိုဒ်တွေမှာ တင်ပေးတာဖြစ်လို့ ၃-လ အတွင်းက ဆော့ဝဲလ်တွေနဲ့ စာအုပ်တွေကိုပဲ ဒေါင်းယူဖို့ အကြံပြုချင်ပါတယ်..။ အပေါ်က Comments လေးကို မြင်လိုက်ရလို့ ဒီစာအုပ်နဲ့အတူ အပေါ်ကပုံမှာ မျှားနီနဲ့ ပြထားတဲ့ နေရာ.. ပိုစ့်တွေရဲ့လိပ်စာ လင့်နေရာတွေမှာ အဲ့ဒီပိုစ့်ကို တင်ပေးခဲ့တဲ့ ခုနှစ်နဲ့လ ကို ကြည့်လို့ ရမှာပဲ ဖြစ်ပါတယ်..။ အဲ့လိုမျိုး တနှစ်ကျော် ကြာသွားပြီ ဖြစ်တဲ့ ဆော့ဝဲလ်တွေနဲ့ စာအုပ်တွေ ပေါင်းလိုက်ရင် ကျနော်တင်ပေးခဲ့တာ ရာကျော်ရှိပါပြီ..။ အားလုံးကို တခုစီပြန်လိုက်တင်ပေးဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး..။ ဆော့ဝဲလ်တွေဆိုရင်တော့ Update အသစ် ထွက်လာတဲ့အခါ အဆင်ပြေသလို ပြန်တင်ပေးတတ်ပါတယ်..။ ဒါကြောင့် ပိုစ့်လိပ်စာတွေကို ကြည့်ပြီး စာအုပ်တွေနဲ့ ဆော့ဝဲလ်တွေကို ဒေါင်းယူလို့ ရနိုင်၊မရနိုင်ဆိုတာ.. မိမိတို့ ကိုယ်တိုင်သာ လေ့လာကြည့်ပြီး၊ ဆင်ခြင်နိုင်အောင် ဒီစာအုပ်လေးနဲ့အတူ ပိုစ့်တင်ပေးလိုက်ခြင်းပါ..။ အရင်ကလည်း Foxit Reader ဆော့ဝဲလ်နဲ့အတူ ဒီအကြောင်းလေးကို ရေးပေးခဲ့ဖူးပါတယ်..။
အခုဒီစာအုပ်လေးကိုတော့ တောင်းထားတဲ့လူ များတဲ့အတွက် ပြန်တင်ပေးလိုက်ပါတယ်..။ ဒီစာအုပ်လေးကတော့ အခွေကူးတတ်ချင်တဲ့သူများအတွက် အရမ်းတန်ဖိုးရှိတဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါပဲ.. ဆရာဦးအောင်လင်း ရေးသားထားတဲ့ ဒီစာအုပ်လေးကို သူငယ်ချင်းတစ်ယောက်က ကျနော့်ကို လေ့လာဖို့၊ မျှဝေဖို့ပေးခဲ့တာလေးပါ..။ Nero 8 နဲ့ပါတ်သက်လို့ အသုံးပြုနည်း အားလုံးနီးပါး အသုံးပြုတတ်အောင် စိတ်ရှည်ရှည်နဲ့ သေချာရေးပေးထားတဲ့ စာအုပ်ကောင်းလေးပါ.. CD/DVD တချပ်ရလာအောင် ကူးနည်း၊ VCD ထုတ်လုပ်နည်း၊ DVD တချပ်ထဲမှာ ရုပ်ရှင်ဇာတ်ကားတွေ ၄၊၅ခု ထည့်နည်း၊ စသဖြင့်အစုံလုပ်တတ်အောင် ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်.. နောက်ပြီး မိသားစုရိုက်ထားတဲ့ Video တွေကို DVD ထဲမှာ ဖြတ်ထည့်နည်းတွေကအစ Nero 8 နဲ့လုပ်တတ်အောင် သေသေချာချာ စုံစုံလင်လင် ဖေါ်ပြပေးထားပါတယ်.. Nero 8 မှာပါတဲ့ တခြား Features တွေကိုပါ အားလုံးအသုံးပြုတတ်အောင် ပြပေးထားတဲ့ စာရေးဆရာရဲ့ စေတနာကို အသုံးပြုသူများ အားလုံးက ကျေးဇူးတင် ၊ လေးစားရမှာပါ.. PDF ဖိုင်အဖြစ် ဖန်တီး၊ မျှဝေ ပေးခဲ့တဲ့ စေတနာရှင်ကိုလည်း ကျေးဇူးတင်ရမှာပါ..။ ဒီစာအုပ်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 13 MB ရှိပါတယ်..။


မိမိတို့စက်ထဲမှာ ဒီစာအုပ်ဖိုင်လေးကို ဖတ်နိုင်ဖို့အတွက် ကျနော် အသုံးပြုနေကျ Foxit Reader လေးကို ဒီလင့်မှာကလစ်ပြီး Download ယူလို့ ရပါတယ်..။ အဲ့ဒီလင့်မှာ မရခဲ့ရင် မူရင်းဆိုဒ်ကို ဒီလင့်ကနေ ဝင်သွားယူလို့ ရပါတယ်..။ http://www.foxitsoftware.com/downloads/

အောက်ကပုံလေးတွေကတော့ ပိုစ့်တစ်ခုစီရဲ့လိပ်စာ လင့်တွေကို ခုနှစ်၊လ အလိုက် လေ့လာလို့ ရအောင် ပြပေးလိုက်တာပါ..။ ပြန်တင်ပေးဖို့ တောင်းတဲ့လူများတဲ့ စာအုပ်လေးတွေဆိုရင်တော့ အဆင်ပြေသလို နည်းနည်းခြင်း ပြန်တင်ပေးသွားပါမည်..။ ဆော့ဝဲလ်တွေဆိုရင်တော့ Update အသစ်ထွက်လာတဲ့အခါမှပဲ ပြန်တင်ပေးဖြစ်ပါလိမ့်မည်..။ အားလုံးပဲ အဆင်ပြေပါစေ..။



ပိုစ့်တခုစီကို မောက်စ်မျှားတင်လိုက်ရင်လည်း Browser ရဲ့ အောက်ဆုံးမှာ အောက်ကပုံလေးအတိုင်း ပိုစ့်လိပ်စာကို မြင်ရမှာပဲ ဖြစ်ပါတယ်..။ အားလုံးပဲ ကြည့်တတ်အောင် ပြပေးလိုက်တာပါ..။

1 comment:

  1. i want myanmar font but your link i err....thanks

    ReplyDelete

Related Posts Plugin for WordPress, Blogger...