TuneUp Utilities 2014 Built 14.0.1000.89 Final

ဒီကောင်လေးကို ဖူးလုပ်အသုံးပြုတဲ့ Trail Reset ဆိုတဲ့ crack လေးကို တကယ်အလုပ်၊ မလုပ် သိချင်လို့ ကျနော် စမ်းသုံးနေတာ ၅-ရက်လောက်ရှိသွားပါပြီ..။ တကယ်အလုပ်လုပ်တဲ့ အတွက် တင်ပေးလိုက်တာပါ..။ ဒီ TuneUp Utilities 2014 Built 14.0.1000.89 Final နောက်ဆုံးထွက်လေးကို Trail Reset နဲ့ အသုံးပြုတဲ့အခါမှာ ဒီကောင်လေးက ဘယ်နှရက်ပဲ ကြာကြာ ဖရီးပေးသုံးတဲ့ ၁၅-ရက်မှာပဲ ရပ်နေမှာ ဖြစ်ပါတယ်..။ ဒါကြောင့်ကျနော်တို့က ဆော့ဝဲလ်ကို Install ထည့်ပြီးတဲ့ အခါ Trail Reset လေးကို Run ပေးလိုက်တာနဲ့ အမြဲတမ်း ဖရီးသုံးလို့ ရမှာ ဖြစ်ပါတယ်..။ အောက်မှာလည်း ကျနော် သုံးထားတဲ့ ဒီကောင်လေးကို ပုံလေးတွေနဲ့ ပြပေးထားပြီး နောက်ရက်တွေမှာလည်း ဒီကောင်လေးရဲ့ Buy Now စာသားလေး ပေါ်လာရင် အဲ့ဒီအောက်က Decide Later ကို နှိပ်ပြီး ဒီကောင်လေးကို နေ့စဉ် အသုံးပြုလို့ ရနေမှာ ဖြစ်ပါတယ်..။
Windows နဲ့ Browser တွေကို သွက်လက်မြန်ဆန်အောင် လုပ်ပေးနိုင်တဲ့ ဒီကောင်လေးရဲ့ အသုံးပြုနည်းနဲ့၊ အသုံးဝင်ပုံတွေက ကျန်ခဲ့တဲ့ ရက်က တင်ပေးခဲ့တဲ့ AVG PC Tuneup Pro 2014 ဆောဝဲလ်နဲ့ တူပြီး.. အဲ့ဒီကောင်လေးလိုပဲ ဒီကောင်လေးကလည်း ဝင်းဒိုးကို အဓိက လေးစေတဲ့ Clean Registry, Defragment Registry, Remove Broken Shortcuts, Clean up Windows and Programs, Clean up Browser, Optimize System Startup and Shutdown, Defragment Hard Disk စတဲ့ နေရာတွေကို တချက်ကလစ်ပေးလိုက်ယုံနဲ့ ရှင်းလင်းပေးမှာ ဖြစ်လို့.. လေးတတ်၊ နှေးတတ်၊ ဟမ်းတတ်တဲ့ စက်တွေမှာ ဆိုရင်တော့ မရှိမဖြစ် ဆောင်ထားရမယ့် ဆော့ဝဲလ်ကောင်းလေးပါပဲ..။ အသုံးပြုပြီးတိုင်း စက်ကို Restart ချပေးပြီးမှ ဆက်သုံးပါ..။ System ပိုင်းတွေကို ရှင်းလင်းပေးမယ့် ပရိုဂရမ်လေး ဖြစ်တဲ့အတွက် အသုံးမပြုခင် မိမိတို့ရဲ့စက်ကို Restore Point လေးတွေနဲ့ Recover လုပ်ထားသင့်ပါတယ်..။  ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 31 MB ရှိပါတယ်..။

ဆော့ဝဲလ်ကို မူရင်းဆိုဒ်က လင့်နဲ့ ချိတ်ပေးထားပြီး Trail Reset ကိုတော့ အောက်ဆုံးလင့်က ပြန်တင်ပေးထားပါတယ်..။ အသုံးပြုလိုတဲ့ သူများကတော့ ဒီဖိုင် ၂-ခု လုံးကို ဒေါင်းယူရမှာ ဖြစ်ပါတယ်..။



ဒီအောက်ကပုံလေးတွေ ကတော့ Install ထည့်တဲ့ ပုံလေးတွေပါပဲ..။






Email မှာတော့ မပေးချင်ရင်လည်း Skip နဲ့ ကျော်လိုက်လို့ ရပါတယ်..။ အောက်က ပုံလေးအတိုင်း ပိတ်ပြီးသွားရင်တော့ Trail Reset ဆိုတဲ့ crack လေးကို ၂-ချက်တောက်ပြီး အောက်ဆုံး ပုံလေးတွေ အတိုင်း Run ပေးလိုက်ရင် ဒီကောင်လေးကို အမြဲတမ်း ဖူးသုံးလို့ ရသွားပါပြီ..။


Install ပြီးသွားရင် ပိတ်ပစ်လိုက်ပြီး.. အောက်ကပုံလေး အတိုင်း Trail Reset ကို Run ပေးလိုက်ပါ..။




အပေါ်ပုံအတိုင်း OK ပေးပြီးရင်တော့ အောက်ကပုံလေး အတိုင်း Start ကနေ ဒီကောင်လေးကို အသုံးပြုလို့ ရသွားပါပြီ..။



အပေါ်ပုံ မျှားပြထားတဲ့ နေရာကနေ ဒီ Error တွေကို ရှင်းပေးလိုက်လို့ ရသွားပါပြီ..။


အမှန်ခြစ်လေးနဲ့ ပေါ်လာရင်တော့ ပိတ်ပစ်လိုက်လို့ ရပါပြီ..။ ပြီးရင်တော့ မိမိတို့ စက်ကို Restart ချပေးပြီးမှ ဆက်သုံးပါ..။ အောက်ကပုံလေး အတိုင်း ဆက်ပေါ်လာရင်တော့ ကျန်တဲ့ တူးတွေကို မိမိတို့ ကိုယ်တိုင်ပဲ လေ့လာအသုံးပြုကြည့်ပါ..။ 


နောက်ရက်တွေမှာလည်း အောက်ကပုံလေး အတိုင်း ဆက်ပေါ်လာရင် ပုံမှာ ပြထားတဲ့ အတိုင်း အဆင့်ဆင့်သွားပြီး ဒီကောင်လေးကို နေ့စဉ်အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။






 ဒီကောင်လေးကို အသုံးပြုပြီးတိုင်း စက်ကို Restart ချပေးပြီးမှ ဆက်ပြီး အသုံးပြုပေးပါ..။ ဒါဆိုရင် မိမိတို့ရဲ့စက်က အမြဲတမ်း သွက်လက် မြန်ဆန်နေမှာပဲ ဖြစ်ပါတယ်..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အမြဲတမ်း ဖူးလုပ်၍ အသုံးပြုတတ်သွားပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။

1 comment:

  1. အဆင်ပြေပါတယ် ကိုလွင် ကျေးဇူးအများကြီးတင်ပါတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...