TeamViewer 8 Beta and TeamViewer 7 Portable

ဒီ TeamViewer ဗါးရှင်း၂ခုက ဒီလထဲမှာမှ ရှေ့ဆင့်နောက်ဆင့် အသစ်ထွက်လာတဲ့ နောက်ဆုံးထွက် Version တွေပါ.. ဒီဗါးရှင်း၂ခုစလုံးကို မိမိတို့စက်ထဲ ထည့်ပြီး တန်းသုံးယုံပါပဲ.. Free ပေးသုံးတဲ့ ကောင်လေးတွေပါ.. အရင်တုန်းက တင်ပေးခဲ့တဲ့ TeamViewer Enterprise 7.0.14563 က ဖရီးမဟုတ်တဲ့အတွက် crack နဲ့ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုကြရတာပါ.. crack တွေ patch တွေ မထည့်တတ်တဲ့သူများအတွက် ဒီလို Free Version တွေကလည်း အသုံးဝင်လှပါတယ်.. မိမိတို့ကွန်ပျူတာကနေ တခြားကွန်ပျူတာတလုံးကို အင်တာနက်ကနေ လှမ်းကြည့်ပေး၊ ပြင်ပေးလို့ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ..။ ဒီဗါးရှင်းမှာ ကျနော် တော်တော်များများ စမ်းသုံးမိပါတယ်.. အများကြီးအသုံးပြုလို့ ရတဲ့အတွက် အရင်ကထက် ပိုသဘောကျမိပါတယ်.. အောက်မှာ ကျနော် အသုံးပြုထားတာတွေကတော့ Chat Room တွေပါ ပါတယ်.. စာရိုက်လို့ရမယ် (မြန်မာလို မရသေးပါ) ၊ Voice Call ရတယ်၊ Video Call လည်းရတယ်.. နောက်တခုက ဟိုဘက်ကစက်ကို မိမိစက်ကနေ Restart ချပြီး Safe Mode ထဲထိ ဝင်ပြီး လိုက်လုပ်ပေးလို့ ရပါသေးတယ်.. အောက်မှာ ကျနော်အသုံးပြုပြထားပါတယ်.. ဒါပေမယ့် တခု သတိပြုရမှာက ဒီကောင်လေးကို Install ထည့်ခါနီး၊ ဖိုင်ဖြည်တဲ့ အခါတွေနဲ့ ဒီကောင်လေးကို အသုံးပြုတော့မယ့်အချိန်တွေမှာ မိမိတို့စက်ထဲမှာ ရှိတဲ့ Antivirus Programs တွေကို လုံးဝပိတ်ပေးထားရပါမယ်.. နောက်ပြီး မိမိတို့ စက်ရဲ့ Windows FireWall ကိုလည်း ပိတ်ပေးထားရပါမယ်.. အဲ့ဒီကောင်တွေ ပိတ်ထားပြီးမှ ဒီဆော့ဝဲလ်ကို ကောင်းကောင်းအသုံးပြုလို့ ရမှာ ဖြစ်ပါတယ်.. အဲ့လိုမှ မဟုတ်ရင်တော့ ဆော့ဝဲလ်ကို ဖိုင်ဖြည်လိုက်တာနဲ့ Antivirus က ဒီဆော့ဝဲလ်ကို ဗိုင်းရပ်စ်ဆိုပြီး မှားဖျက်ပါလိမ့်မယ်.. အသုံးပြုတဲ့အခါမှာလည်း Antivirus က ခဏခဏပိတ်ပစ်မှာမို့ ၁၀ မိနစ်တခါလောက် Connection ပြတ်ကျနေပါလိမ့်မယ်.. နောက်ပြီး FireWall ကလည်း အင်တာနက်ကနေ ဒီဆော့ဝဲလ်လှမ်းချိတ်တဲ့အခါမှာ လက်မခံတဲ့အတွက် ချိတ်လို့မရ ဖြစ်နေပါလိမ့်မယ်.. ဒီဆော့ဝဲလ်ရဲ့ ဖွဲ့စည်းပုံက ဟတ်ကာဆော့ဝဲလ်တွေနဲ့ တူနေလို့ Antivirus တို့ Windows FireWall တို့က ဗိုင်းရပ်စ်ထင်ပြီး ဖျက်ပစ်တာတို့ ၊ အသုံးပြုတာကို လက်မခံတာတို့ ပြုလုပ်နေခြင်းပဲ ဖြစ်ပါတယ်.. အဲ့လိုမျိုး ကြုံရပါလိမ့်မယ်.. ဒါကြောင့် ဒီ TeamViewer ဆော့ဝဲလ်ကို အသုံးပြုတော့မယ်ဆိုရင် အရင်ဆုံး Antivirus ပရိုဂရမ်နဲ့ Windows FireWall ကို ပိတ်ထားပြီးမှ အသုံးပြုပါ.. အဲ့လိုဆိုရင် ဒီဆော့ဝဲလ်ကို ကောင်းကောင်းမွန်မွန် အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်နေ ဒေါင်းယူလိုက်ပါဗျာ..



အရင်တုန်းက တချို့အစ်ကိုတွေ တောင်းထားတဲ့ Windows ထဲမှာ မူရင်းအတိုင်းပါတဲ့ Desktop Remote Control အသုံးပြုပုံကိုလည်း အဆင်ပြေတဲ့အခါ ပိုစ့်တင်ပေးပါမည်.. Desktop Remote Control အသုံးပြုပုံမှာ ဒီဆော့ဝဲလ်လို မလွယ်ကူပဲ အဆင့်တွေ များလွန်းတဲ့အတွက် ချန်ထားခြင်းဖြစ်ပါတယ်..


ဒီအောက်ကပုံကတော့ TeamViewer 7 Portable ကို ဒီဘက်စက်မှာ ဖွင့်ထားလိုက်တာပါ.. အင်တာနက် connection ရှိဖို့ လိုပါတယ်..


ဟိုဘက်က စက်မှာတော့ TeamViewer 8 Beta ဗါးရှင်းကို Install ထည့်ထားပါတယ်..။ ဒီနေရာမှာ တခုသတိပြုပါ.. ဗါးရှင်းမြင့်တဲ့ TeamViewer 8 ကနေ ဗါးရှင်းနိမ့်တဲ့ TeamViewer 7 ဆီကို လှမ်းချိတ်၊ လှမ်းဝင်လို့ ရပါတယ်.. ဗါးရှင်းအနိမ့် 7 ကနေ 8 ကို ပြန်ဝင်ဖို့ဆိုရင်တော့ ဒီိဆော့ဝဲလ်က လက်မခံပါဘူး.. ဗါးရှင်းအနိမ့်ကို ဗါးရှင်းမြင့်အောင် Update လုပ်ခိုင်းပါလိမ့်မယ်.. အောက်မှာလည်း ပုံလေးတွေနဲ့ ပြထားပါတယ်.. ဒီအောက်ကပုံက TeamViewer 8 ထည့်ထားတဲ့ ပုံပါ..


အောက်ကပုံကတော့ TVer 8 ကနေ 7 ကို စချိတ်တာပါ.. ဒီဆော့ဝဲကို တခါဖွင့်တိုင်း ဖွင့်တိုင်း သူ့အလိုလို Password တွေပြောင်းပေးပါလိမ့်မယ်.. ID ကတော့ ဒီတမျိုးပါပဲ.. အဲ့ဒါကို မိမိတို့ နည်းနဲ့ မိမိတို့ ဟိုဘက်လူနဲ့ ဒီဘက်လူ ဖုန်းနဲ့ဖြစ်ဖြစ်၊ Gtalk နဲ့ဖြစ်ဖြစ် Password ကိုပို့ပေးကြပေါ့.. ဒီလောက်တော့ သဘောပေါက်လိမ့်မယ် ထင်ပါတယ်..


အောက်ကပုံကတော့ TeamViewer 8 ထည့်ထားတဲ့စက်မှာ TeamViewer 7 ထည့်ထားတဲ့စက်ကို ချိတ်လို့ မိသွားပါပြီ.. အဲ့တော့ TeamViewer 8 ကနေ 7 ရှိတဲ့စက်ကို လုပ်ထားတာတွေ အောက်မှာ ဆက်ကြည့်ပေးပါ.. TeamViewer 7 Portable ဖွင့်ထားတဲ့ စက်မှာ ရှိနေတဲ့အတိုင်း ဒီဘက်စက်မှာ လာပေါ်နေတာပါ..


ဒီပုံကတော့ Chat Room ပေါ်နေတဲ့ ပုံဖြစ်လို့ တခါတည်း စာရိုက်ဖို့ ၊ ဖုန်းခေါ်ဖို့ ၊ Video Call ခေါ်ဖို့တွေကို လုပ်ပြထားတာပါ.. အောက်ကပုံရဲ့ အညွှန်းလေးတွေ ကြည့်ပြီး နားလည်လိမ့်မယ်လို့ ထင်ပါတယ်.. ဒီ Chat Room မပေါ်တဲ့စက်တွေမှာ ဘယ်လိုဖေါ်ရမယ်ဆိုတာပါ အောက်ကပုံတွေမှာ ပြပေးထားပါတယ်..




ဒီအောက်ကပုံကတော့ နောက်က မဲနေတာကို ပုံမှန်အတိုင်း ပြန်ပေါ်လာအောင် လုပ်ပြထားတာပါ.. View ကနေ သွားလိုက်ပါ..


အောက်ကပုံမှာတော့ အမှန်ခြစ်လေး ဖြုတ်လိုက်တော့မှ Desktop ကိုပြန်မြင်ရပါတယ်..


ဒီအောက်က ပုံကတော့ Chat Room မပေါ်ခဲ့ရင် Audio/Video နေရာကနေ Chat ကိုနှိပ်ပြီး Chat Room ဖေါ်လိုက်တာပါ..


ဒီအောက်ကပုံမှာ ပြထားတာကတော့ TeamViewer 7 ကနေ  TeamViewer 8 ကို ပြန်ချိတ်တဲ့ အခါမှာ အောက်ကပုံအတိုင်း Update လုပ်ခိုင်းပါလိမ့်မယ်.. ကျနော်ကတော့ ဖရီးပေးသုံးတာ မို့လို့ တခါတည်း Update လုပ်လိုက်ပါတယ်..


အောက်ကပုံအတိုင်း TeamViewer 8 ကို ဒေါင်းလော့ချပေးပါလိမ့်မယ်.. Free မို့လို့ယူလိုက်ပါ.. တကယ်လို့ တခြားဆော့ဝဲလ်တွေဆိုရင်တော့ Free မပေးတာတွေလည်း ဖြစ်နေရင် လုံးဝ Update မလုပ်ပါနဲ့.. Free မပေးတာဆိုရင် Update မလုပ်ကြပါနဲ့.. Update လုပ်မိတဲ့ ဆော့ဝဲလ် အသုံးပြုလို့ မရ ဖြစ်သွားပါလိမ့်မယ်.. IDM ကိုလည်း Update မလုပ်မိဖို့ သတိပြုကြပါ..


ဒီအောက်ကပုံကတော့ File transfer လုပ်ထားတာပါ.. အရင်တုန်းက တင်ပေးထားတဲ့ ပိုစ့်အတိုင်းပါပဲ.. အသုံးပြုပုံ အတူတူပါပဲ.. မိမိတို့စက်ထဲက ဖိုင်တွေကို အင်တာနက်နေ တိုက်ရိုက် ဟိုဘက်ကစက်ထဲကို ပို့လို့ ၊ ယူလို့ ရတဲ့ လုပ်နည်းလေးပါ.. အရမ်းကောင်းပါတယ်..




အောက်ကပုံတော့ မိမိစက်နေ ဟိုဘက်စက်ထဲက Safe Mode ထဲဝင်လို့ ရတဲ့ နေရာလေးပါ.. အောက်ကပုံအတိုင်း 3 နေရာကို နှိပ်လိုက်ရင် ဟိုဘက်ကစက် ပိတ်ပြီး ပြန်တက်လာတဲ့အခါမှာ Safe Mode ထဲကို တန်းပြီးဝင်သွားပါလိမ့်မယ်..



အောက်ကပုံကတော့ ဟိုဘက်စက် Safe Mode ထဲရောက်တဲ့ အခါ အင်တာနက်လိုင်းလည်း မိပြီဆိုရင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်..။ Reconnect ကို ကလစ်ပေးလိုက်ပါ..


ဒါဆို အောက်ကပုံအတိုင်း ဟိုဘက်စက်ရဲ့ Safe Mode မြင်ကွင်းအတိုင်း ဒီဘက်စက်မှာ မြင်နေရတာပါ..


အောက်ကပုံကတော့ ဟိုဘက်က ကွန်ပျူတာကို Lock ချကြည့်တာပါ.. အဆင်ပြေပါတယ်..



Restart ဆိုရင်တော့ စက်ပိတ်ပြီး ပြန်ပွင့်လာမှာ ဖြစ်ပါတယ်..



ဒီပိုစ့်ကို ဒီမှာပဲ ရပ်လိုက်ပါပြီ.. စက်ပြန်ပွင့်လာရင်တော့ အင်တာနက်လိုင်း မိလာရင် ဒီဆော့ဝဲလ်က ထပ်ပြီး အလုပ်လုပ်နေပါလိမ့်မယ်.. အသုံးပြုပုံ အတော်လေး စုံနေပြီမို့ ဆက်ပြီး ပေမရှည်ချင်တော့ပါ.. ဒီလောက်ဆိုရင် ဒီဆော့ဝဲလ်ကို ကောင်းကောင်း အသုံးပြုတတ်သွားပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...