Showing posts with label Google Chrome နှင့် မြန်မာစာပေါ်အောင်လုပ်နည်း. Show all posts
Showing posts with label Google Chrome နှင့် မြန်မာစာပေါ်အောင်လုပ်နည်း. Show all posts

Google Chrome 23.0.1271.40 Beta


Google Chrome ကိုလည်း နောက်ဆုံးထွက်လေးကို ရှာပေးလိုက်ပါတယ်.. Windows 8 သုံးတဲ့သူများ အတွက် အဆင်ပြေအောင်လို့ပါ.. Google Chrome က Mozilla ထက်ပိုမြန်တာတော့ ၂မျိုးယှဉ်သုံးဖူးတဲ့ လူတိုင်း သိပါတယ်.. Chrome မှာ မြန်မာစာ ပေါ်အောင်လုပ်နည်းကို ဒီပိုစ့်မှာ တင်ပေးထားပါတယ်.. ဒီနောက်ဆုံးထွက်လေးကို သူ့ရဲ့ ဒေါင်းလော့ဒါနဲ့ ဒေါင်းယူရမှာဖြစ်တဲ့ အတွက် သူ့ရဲ့ ဒေါင်းလော့ဒါလေးကိုပဲ တင်ပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..  ဒေါင်းလော့ဒါလေးရဲ့ ဖိုင်ဆိုဒ်ကတော့ 709 KB ပဲရှိပါတယ်..

Google Chrome 20.0.1132.17 Beta Free Software Download


Google Chrome 20.0 Beta ဗါးရှင်းလေးကတော့ ဒီနေ့မှ ထွက်လာတဲ့ Update အသစ်လေးပါ..။ Google Chrome Update ကိုမှ သုံးချင်တဲ့ သူများအတွက် တင်ပေးလိုက်ပါတယ်..။ Chrome မှာ မြန်မာစာ ပေါ်အောင်လုပ်နည်းနဲ့ You Tube သီချင်းတွေ ဒေါင်းလော့ချနည်းကို ဟိုးအရင်ကတည်းက တင်ပေးထားပြီးသားပါ..။ မသိသေးတဲ့ သူများကတော့ ဒီနေရာ ကနေ ဝင်ကြည့်လိုက်ပါ..။ Chrome အသစ်ကို Install ဆွဲထည့်မယ်ဆိုရင်တော့ အဟောင်းကို အရင်ထုတ်ပစ်ပြီးမှ အသစ်ကို ထည့်ပါ..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်ယူသွားကြပါဗျာ...။ ဖိုင်ဆိုဒ်ကတော့ 27.3 MB ရှိပါတယ်..

Google Chrome 18.0.1025.58 beta (Latest Version)

ဒီကောင်လေးကတော့ latest version လေးပါ..။ အရင်version တွေမှာမြန်မာဖောင့် အဆင်မပြေဖြစ်ခဲ့ပေမယ့် ဒီversion မှာတော့ အားလုံးနီးပါး အဆင်ပြေပါတယ်..။ ဒီ Version ကိုမထည့်ခင် အရင်Version အဟောင်းတွေကို ထုတ်ပစ်ပြီးမှ ထည့်လို့ရပါမယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်မှာ ယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 25.17 MB ရှိပါတယ်..။

Version အသစ်ထွက်လာတဲ့ Google Chrome 17.0.963.79 Free Download


ဒီကောင်လေးကတော့ Version အသစ်ထွက်တာ သိပ်မကြာသေးပါဘူး..။ ကျနော်အစောကြီးကတည်းက တင်ပေးမလို့ပါပဲ..။ အလှည့်မရောက်တာပါ..။ ဒီတခါ ဒီဗားရှင်းလေးက ဘာတွေပိုကောင်းလာလဲ ဆိုတော့ ကျနော်တို့ မြန်မာ ဝဘ်ဆိုဒ်တွေတက်ကြည့်တဲ့အခါ မြန်မာစာအားလုံး ဖတ်လို့ရသွားပါပြီ..။ အားနည်းချက်တစ်ခုကတော့ Gmail စာမျက်နှာမှာ မြန်မာစာရိုက်လို့ မရသေးပါဘူး..။ လေးထောင့်ကွက်လေးတွေပဲ ပေါ်ပါတယ်..။ Notepad မှာမြန်မာစာရိုက်ပြီး copy - paste နဲ့ ထည့်ရင်တော့ အဆင်ပြေပါတယ်..။

Mozilla ထက်ပိုမြန်တဲ့ Google Chrome (Google Chrome မှာမြန်မာစာပေါ်အောင်လုပ်နည်း)



Google Chrome အသုံးပြုပုံ၊ အသုံးပြုနည်းကို ဝက်ဘ်ဆိုဒ်တော်တော်များမှာ ရေးထားကြတာတွေ့ဖူးပါလိမ့်မယ်..။ ကျနော်ကတော့ ပုံလေးတွေနဲ့ နားလည်လွယ်အောင် ပြန်ရှင်းပြထားတာပါ..။ ကျနော့်သူငယ်ချင်း တစ်ယောက်လည်း မလုပ်တတ်သေးလို့ ဖုန်းဆက်ပြီး ကျနော့်ကို မေးနေတာနဲ့ ဒီနေ့တော့ ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်..။ google chrome မှာ မြန်မာစာပေါ်အောင်လုပ်လို့ရပေမယ့် တခါတလေ တချို့နေရာတွေမှာ အပြည့်အဝ အလုပ်မလုပ်ပါဘူး..။ လေးထောင့်ကွက်လေးတွေမဟုတ်ရင် ကမောက်ကမ စာလုံးတွေ မြင်ရတဲ့အခါ ရှိပါတယ်..။ နောက်တခါ ပြန်ဝင်ကြည့်ရင်ကောင်းနေပြန်ရော..။
Related Posts Plugin for WordPress, Blogger...