
Showing posts with label Windows 8. Show all posts
Showing posts with label Windows 8. Show all posts
Windows 8 Transformation Pack 7.0 (Windows 8 အသုံးပြုချင်သူအတွက်)

Yamicsoft Windows 8 Manager 1.0.0
Windows 8 Manager ရဲ့အသုံးပြုပုံက Windows 7 Manager အသုံးပြုပုံနဲ့ အတူတူပါပဲ.. ဆော့ဝဲလ်သေးသလောက် လုပ်ဆောင်ချက်တွေအများကြီး ပါပါတယ်.. ဒီကောင်လေးရှိထားယုံနဲ့ Windows 8 ရဲ့ ပြဿနာ တော်တော်များများကို ဖြေရှင်းပေးပါလိမ့်မယ်.. အမှိုက်တွေရှင်းတာ၊ ဖိုင်စီတာ၊ Registry အယ်ရာတွေရှင်းတာ၊ ၂ခုထပ်နေတဲ့ ဖိုင်တွေရှင်းတာ၊ နောက်ဆုံး ဝင်းဒိုးမှာ အသံမလာတာ၊ Windows Media Player အယ်ရာတက်တာတွေကအစ Repair လုပ်ပေးနိုင်ပါတယ်.. အောက်မှာ အသုံးပြုနည်းလေး အနည်းငယ်ပြပေးထားပါတယ်.. လုပ်ဆောင်ချက်တွေ များလွန်းတဲ့ အတွက် အားလုံးကို လုပ်ပြပေးဖို့တော့ မလွယ်ပါဘူး.. တခြားလုပ်ဆောင်ချက်တွေကို မိမိတို့ ဖါသာ စမ်းသုံးကြည့်ကြပါ.. သူ့အတွက် Crack ဖိုင်လေး ၂ခု ထည့်ပေးထားပါတယ်.. အဲ့ဒီကောင်လေးနဲ့ ဖူးသုံးလို့ ရအောင် လုပ်ပေးလိုက်ပါ.. အောက်မှာလည်း Crack ဖိုင် ထည့်ပြပေးထားပါတယ်.. Photoshop CS6 မှာ Crack ဖိုင်ထည့်နည်းနဲ့ အတူတူပါပဲ.. ဒီကောင်လေးကို လိုအပ်တဲ့ သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 8.9 MB ရှိပါတယ်..
Classic Shell v3.6.2 For Windows 8 Start Menu Button

ဒီကောင်လေးက Windows 8 မှာ Windows 7 လို Start Menu Button လေး ပေါ်အောင်လုပ်ပေးနိုင်တဲ့ ကောင်လေးပါ..။ အပေါ်ပုံမှာ ပြထားသလို ဒီဇိုင်းမျိုးစုံ သူ့ရဲ့ Setting ထဲကနေ ပြောင်းပြီး အသုံးပြုနိုင်ပါတယ်.. ဒီကောင်လေးကို Install ဆွဲထည့်ပေးလိုက်ယုံပါပဲ.. Windows 8 မှာ Start Menu လေးပေါ်နေမှာ ဖြစ်ပါတယ်..။ မနေ့က သူငယ်ချင်းတစ်ယောက်က Windows 8 တင်ထားပြီး ပြန်မပိတ်တတ်လို့ Shut Down နေရာဘယ်လိုရှာရလဲ ဆိုတာနဲ့ အောက်ကပုံလေးအတိုင်း ပြပေးလိုက်ပါတယ်.. မသိသေးတဲ့သူများလည်း Windows 8 မှာ Shut down / Sleep / Restart နေရာတွေကို အောက်ကပုံလေးအတိုင်း Setting ကနေ ဝင်ပြီးအသုံးပြုလို့ ရပါတယ်.. Windows 7 တင်တုန်းက Driver တွေပျောက်တတ်ပေမယ့် အခု Windows 8 မှာ Driver တွေ မပျောက်ပဲ အားလုံးအလုပ်လုပ်လို့ တမျိုးတော့ စိတ်ချမ်းသာရပါတယ်.. ဝင်းဒိုးတင်တဲ့ အချိန်ကလည်း Windows 7 တင်တာထက်ကို ပိုမြန်ပါတယ်.. နောက်ပြီး Startup နဲ့ Shut down မှာလည်း Windows 7 ထက်ကိုပိုပြီး သိသိသာသာမြန်ပါတယ်.. Windows 8 မှာ ဒီဇိုင်းတမျိုးပြောင်းပြီး ထုတ်ထားတာဖြစ်တဲ့ အတွက် Windows 7 လို Start Menu မပါတော့ပါဘူး.. ကျနော့်လို Start Menu လေးနဲ့ အသုံးပြုချင်တဲ့သူများအတွက် ကျနော်ရှာတွေ့ထားပြီး အသုံးပြုလို့ ရတဲ့ ကောင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 7.3 MB ရှိပါတယ်..
Windows 8 Release Preview Free Download
Windows 8 Release Preview ကတော့ အသစ်ထွက်လာတာ မကြာသေးပါဘူး..။ Windows7 ပေါ်မှာ အခြေခံတည်ဆောက်ထားတာ ဖြစ်ပြီး.. ၆လ တစ်ကြိမ် Update ထွက်လာပြီး အစမ်းပေးသုံး ထားတာပါ..။ Touch Screen သုံးသူများအတွက် အဓိက အဆင်ပြေအောင် ရည်ရွယ်ပြီး ထုတ်ခဲ့တာလို့လည်း ဆိုထားပါတယ်..။ Windows 8 Release Preview ကို ဒေါင်းလော့မချခင် ဒီအောက်ကစာသားကို အရင်ဖတ်ပါလို့ Microsoft ကုမ္ပဏီက သူ့ဆိုဒ်မှာ ရေးထားပါတယ်..
Note before you download: Windows 8 Release Preview is prerelease software that may be substantially modified before it’s commercially released. Microsoft makes no warranties, express or implied, with respect to the information provided here. Some product features and functionality may require additional hardware or software.
Windows8 နဲ့ပါတ်သက်လို့ အရင်တုန်းကလည်း ပိုစ့်တင်ပေးခဲ့ပါတယ်..။ Windows8 ကိုကျနော်သုံးခဲ့တဲ့ နည်းလေးပါ..။ မြန်မာစာ ရိုက်လို့ ရအောင် Keymagic ကိုပါ တင်ပေးထားပါတယ်..။ ဒီနေရာကနေ ဝင်ကြည့်နိုင်ပါတယ်..။ အခုဒီ Windows 8 Release Preview ကိုသုံးကြည့်ချင်တဲ့ သူများကတော့ အောက်မှာ Windows 8 Release Preview Downloader နဲ့လည်း ဒေါင်းယူနိုင်သလို.. ISO Image Files တွေဖြစ်တဲ့ 32-bit , 64-bit တွေအတွက် ISO ဖိုင်တွေကို ရွေးပြီး ဒေါင်းယူလို့ ရအောင် လင့်တွေ ချိတ်ထားပေးပါတယ်..။ မိမိတို့ ကြိုက်သလို ဒေါင်းယူ အသုံးပြုကြည့်နိုင်ပါတယ်..
Windows8 နှင့်ခဏတာ (ဝင်းဒိုးတင်နည်းလေ့ကျင့်ခန်း)
ဒါလေးကတော့ Windows တင်တတ်ချင်တဲ့သူများအတွက် ဝင်းဒိုးတင်နည်း လေ့ကျင့်ခန်းလေးပါပဲ..။ Windows7 တင်တာနဲ့ အတူတူပါပဲ..။ windows7 တင်ရင် Drivers တွေပျောက်တတ်ပေမယ့်.. အခု windows8 မှာတော့ Drivers တွေမပျောက်ပါဘူး..။ ကျနော်စက်မှာ တင်ပြီးသုံးနေလို့ ပြောပြနိုင်တာပါ..။ အရင် Windows8 Developer Previews မှာတုန်းကလည်း သုံးကြည့်ဖူးပါတယ်..။ ၅ခါလောက် Shut down ချပြီးသွားရင် သုံးလို့မရတော့ပါဘူး..။ အခု Windows8 Consumer Preview မှာတော့ ဘယ်နှခါ Shut down ကျပြီးမှ ပိတ်မလဲ မပြောတတ်သေးပါဘူး..။ အခုချိန်ထိတော့ ကျနော်သုံးနေတာ ၇ခါလောက်ရှိပြီ..။ သုံးလို့ရနေတုန်းပါပဲ..။ အခုဒီပိုစ့်နဲ့ အရင်တုန်းကတင်ခဲ့တဲ့ Mozilla Firefox နှင့်သိသင့်စရာလေးများ ပိုစ့်တွေကို ဒီ Windows8 Consumer Preview နဲ့ တင်ခဲ့တာပါ..။ windows7 အတိုင်းပါပဲ..။ အားလုံးနီးပါးသုံးလို့ ရတယ်..။ ဂိမ်းတွေလည်း ဆော့လို့ရတယ်..။ ကျနော်ကတော့ 32 bit ကိုရွေးပြီးဒေါင်းပါတယ်..။
Subscribe to:
Posts (RSS)


