Showing posts with label ဂီတသံစဉ်များဖန်တီးရန်. Show all posts
Showing posts with label ဂီတသံစဉ်များဖန်တီးရန်. Show all posts

n-Track Studio EX 7.0.3 Build 3115 Final

ကိုယ်ပိုင် သံစဉ်သီချင်းတွေအတွက် တီးလုံး တွေကို ဒီကောင်လေးနဲ့လည်း ဖန်တီးယူလို့ ရပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် crack ဖိုင်လေးနဲ့ ပြုလုပ်ပေးရမှာဖြစ်ပြီး အသုံးပြုလိုတဲ့ သူများကတော့ မိမိတို့ ဝင်းဒိုး ဗါးရှင်းအလိုက် 32 or 64 bit ဗါးရှင်းတွေကို ရွေးယူ အသုံးပြုနိုင်ပါတယ်..။ ဒီဆော့ဝဲလ်လေးကို အသုံးပြုတတ်အောင် လေ့လာလို့ ရအောင် ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ လေ့ကျင့်ခန်း Video လေးတွေ ရှာပြီး တင်ပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 32 MB နဲ့ 36 MB ရှိပါတယ်..။

FL Studio Producer Edition 11.0.0

 ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့ တီးလုံးသံစဉ်တွေကို မိမိတို့စိတ်တိုင်းကျ ဖန်တီးနိုင်ဖို့ဆိုရင် ဒီ FL Studio Producer Edition ဆော့ဝဲလ်နဲ့ အဆင်ပြေပါတယ်..။ ဟိုးအရင်တုန်းက FL Studio 10 ကိုတင်ပေးခဲ့ ဖူးပါတယ်..။ ဒါကတော့ သူငယ်ချင်းတစ်ယောက်က ပြန်တင်ပေးဖို့ တောင်းထားတာ ကြာပြီဖြစ်လို့.. ဒီ FL Studio Producer Edition 11.0.0 ကလည်း ဖူးဖြစ်အောင် လုပ်ရ လွယ်ကူတဲ့အတွက် ဒီနောက်ဆုံး ဗါးရှင်းကိုပဲ တင်ပေးလိုက်ပါတယ်..။ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာတော့ ဒီဆော့ဝဲလ်ကို ကောင်းစွာအသုံးပြုတတ်အောင် လေ့ကျင့်ခန်း Video လေးတွေ ရှာပေးထားပါတယ်..။ Video ဖိုင်လေးတွေကို ဒေါင်းယူပြီး လေ့ကျင့်ရင် အတတ်မြန်မှာပဲ ဖြစ်ပါတယ်..။ အရင်တုန်းက FL Studio 10 အသုံးပြုနည်း စာအုပ်လေး တင်ပေးထားတာ ရှိပါတယ်..။ စာအုပ်လေးနဲ့ လေ့လာလိုတဲ့ သူများကတော့ ဒီလင့်ကနေ ဝင်ရောက်သွားယူနိုင်ပါတယ်..။ စာအုပ်ကို ဒေါင်းယူတဲ့အခါ မိုဇီလာနဲ့ အဆင်မပြေခဲ့ရင် Google Chrome နဲ့ ပြောင်းဝင်ပါ..။ အဆင်ပြေပါလိမ့်မယ်..။ ဒီဆော့ဝဲလ်ကို ဖူးသုံးလို့ရအောင် ဒေါင်းလော့ဖိုင်ထဲမှ crack ဖိုင်လေးကို ၂-ချက်တောက် Run ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပြီ ဖြစ်ပါတယ်..။ ကိုယ်ပိုင်သံစဉ်သီချင်းတွေ ဖန်တီးလိုတဲ့ ဝါသနာရှင်များကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 293 MB ရှိပါတယ်..။

FL Studio 10.0.9 Producer Edition


စည်သု: အစ်လွင်ေ၇.. ကိုယ်ပိင်သံစဉ် သီချင်းလေးတွေကို ကွန်ပြူတာဖြင့်တီးခတ်ဖန်တီးလို့ ၇တဲ့ဆော့ဝဲလေး လိုချင်ပါတယ်ခင်ဗျာ နောက်ပြီး အဲဒီ့ဆော့ဝဲအား အသုံးပြုပုံကို မြန်မာလို၇ှင်းပြ တီးခတ်ထားသော လေ့ကျင့်ခန်းပါလိုချင်ပါတယ်ခင်ဗျာ..
 ဒီကောင်လေးကတော့ သီချင်းတွေ ဖန်တီးဖို့ .. သံစဉ်တွေကို ဖန်တီဖို့.. ကွန်ပျူတာနဲ့ တွဲပြီး အသုံးပြုလို့ ရတဲ့ ကောင်လေးပါ..။  တောင်တဲ့လူရှိလို့ လိုက်ရှာနေတာ နည်းနည်းကြာသွားပါတယ်..။ ဒီပရိုဂရမ်ကို မြန်မာပြည်သား ဂီတဝါသနာရှင် တော်တော်များများ အသုံးပြုတယ်လို့ ကြားဖူးပါတယ်..။ ကျနော်တော့ တခါမှ သုံးမကြည့်ဖူးပါဘူး..။ သုံးလည်း မသုံးတတ်ပါဘူး..။ ဂီတကို သိပ်ဝါသနာ မပါလို့ ထင်ပါတယ်..။ အသုံးပြုပုံကိုတော့ နောက်ပိုင်း စာအုပ်တွေ ဘာတွေရလာရင် ထပ်တင်ပေးသွားပါမယ်..။  ဒီကောင်လေးကို Install ဆွဲတော့မယ်ဆိုရင် Internet လိုင်းကို ခဏပိတ်ထားပေးပါ.. အင်တာနက်ပိတ်ပြီးမှ ဆော့ဝဲလ်ကိုသွင်းပါ.. Install ဆွဲထည့်ရင်လည်း ရိုးရိုးမရပါဘူး..။ ၎င်း ဆော့ဝဲလ်ပေါ်မှာ Right Click ထောက်ပြီး Run as administrator နဲ့ သွင်းရပါမယ်..။ Install ဆွဲပြီးသွားရင် ဒီကောင်ကို မဖွင့်ပါနဲ့အုန်း.. အရင်ပိတ်ပစ်လိုက်ပါ..။ ပြီးရင် သူနဲ့ အတူပါလာတဲ့ (Image-Line FL Studio 10 Producer Edition) ဆိုတဲ့ Registry Crack ဖိုင်လေးကို ၂ချက်တောက်ပြီး အင်စတောလ် ဆွဲထည့်ပေးလိုက်ရင် (Yes တို့ OK တို့ ပေါ်လာရင် နှိပ်ပေးလိုက်ပါ) ဖူးဖြစ်သွားပါပြီ..။  လိုအပ်တဲ့သူများ ကတော့ အောက်ကလင့်တွေ ကနေဒေါင်းယူထားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 233 MB ရှိပါတယ်..။ adfly စာမျက်နှာလေး ကြားခံထည့်ပေးထားပါတယ်..။
Related Posts Plugin for WordPress, Blogger...