FL Studio Producer Edition 11.0.0

 ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့ တီးလုံးသံစဉ်တွေကို မိမိတို့စိတ်တိုင်းကျ ဖန်တီးနိုင်ဖို့ဆိုရင် ဒီ FL Studio Producer Edition ဆော့ဝဲလ်နဲ့ အဆင်ပြေပါတယ်..။ ဟိုးအရင်တုန်းက FL Studio 10 ကိုတင်ပေးခဲ့ ဖူးပါတယ်..။ ဒါကတော့ သူငယ်ချင်းတစ်ယောက်က ပြန်တင်ပေးဖို့ တောင်းထားတာ ကြာပြီဖြစ်လို့.. ဒီ FL Studio Producer Edition 11.0.0 ကလည်း ဖူးဖြစ်အောင် လုပ်ရ လွယ်ကူတဲ့အတွက် ဒီနောက်ဆုံး ဗါးရှင်းကိုပဲ တင်ပေးလိုက်ပါတယ်..။ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာတော့ ဒီဆော့ဝဲလ်ကို ကောင်းစွာအသုံးပြုတတ်အောင် လေ့ကျင့်ခန်း Video လေးတွေ ရှာပေးထားပါတယ်..။ Video ဖိုင်လေးတွေကို ဒေါင်းယူပြီး လေ့ကျင့်ရင် အတတ်မြန်မှာပဲ ဖြစ်ပါတယ်..။ အရင်တုန်းက FL Studio 10 အသုံးပြုနည်း စာအုပ်လေး တင်ပေးထားတာ ရှိပါတယ်..။ စာအုပ်လေးနဲ့ လေ့လာလိုတဲ့ သူများကတော့ ဒီလင့်ကနေ ဝင်ရောက်သွားယူနိုင်ပါတယ်..။ စာအုပ်ကို ဒေါင်းယူတဲ့အခါ မိုဇီလာနဲ့ အဆင်မပြေခဲ့ရင် Google Chrome နဲ့ ပြောင်းဝင်ပါ..။ အဆင်ပြေပါလိမ့်မယ်..။ ဒီဆော့ဝဲလ်ကို ဖူးသုံးလို့ရအောင် ဒေါင်းလော့ဖိုင်ထဲမှ crack ဖိုင်လေးကို ၂-ချက်တောက် Run ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပြီ ဖြစ်ပါတယ်..။ ကိုယ်ပိုင်သံစဉ်သီချင်းတွေ ဖန်တီးလိုတဲ့ ဝါသနာရှင်များကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 293 MB ရှိပါတယ်..။

Photodex ProShow Gold 6.0.3397 Final

 Photodex ProShow Gold ဆော့ဝဲလ်လေးနဲ့ ဓါတ်ပုံတွေကို စလိုက်ရှိုး Video ဖိုင်လေးတွေဖြစ်အောင် ဖန်တီးယူလို့ ရသလို ၊ မိမိတို့ရဲ့ Video တွေမှာလည်း Video Effects တွေထပ်ထည့်ပြီး ၊ Effects တွေ အများကြီးနဲ့ ကြည့်လို့ကောင်းအောင် ဖန်တီးယူလို့ ရပါသေးတယ်..။ ဒီဆော့ဝဲလ်လေးကို ဟိုးအရင်တုန်းကလည်း တင်ပေးခဲ့ဖူးပါတယ်..။ ကြာပြီဖြစ်လို့ ဒေါင်းယူလို့ မရတော့တဲ့အတွက် ဒီနေ့တော့ ဒီနောက်ဆုံးထွက် Update ဗါးရှင်းလေး ရလာလို့.. အသုံးပြုလိုတဲ့သူများအတွက် အဆင်ပြေအောင် ပြန်လည်တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack, patch, keymaker သုံးမျိုးနဲ့ တင်ပေးထားတာဖြစ်ပြီး၊ မိမိတို့ အတွက် အဆင်ပြေရာ တခုနဲ့သာ ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုနိုင်ပါတယ်..။ ဒီပိုစ့်မှာတော့ ကျနော်က crack ဖိုင်လေးနဲ့ ဒီကောင်လေးကို ဖူးဖြစ်အောင် ၊ ဖူးသုံးလို့ ရအောင် လုပ်ပြပေးထားပြီး.. Video Effects တွေ ထည့်သုံးတတ်အောင် ပိုစ့်ရဲ့ အောက်ဆုံးမှာ လေ့ကျင့်ခန်း Video ဖိုင်တွေကို ဝင်ကြည့်လေ့လာလို့ ရမယ့် YouTube က လင့်လေးကို ပြန်ရှာတင်ပေးထားပါတယ်..။ အဲ့ဒီလင့်ကနေ ဝင်သွားလိုက်ရင်တော့ ဒီဆော့ဝဲလ်နဲ့ Video Edit လုပ်ပြထားတဲ့ Video ဖိုင်လေးတွေ အများကြီးကို လေ့လာသင်ယူလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 46 MB ရှိပါတယ်..။

Photo Collage Max 2.2.5.2 Final

 ဒီကောင်လေးကို အရင်တုန်းကလည်း တင်ပေးခဲ့ဖူးပါတယ်..။ ဒီဗါးရှင်းလေးကတော့ နောက်ဆုံးထွက် Update ဗါးရှင်းလေးပါ..။ ဒီဆော့ဝဲလ်လေးနဲ့ မိမိတို့ရဲ့ ပုံလေးတွေကို ဖိတ်စာကတ်၊ လိပ်စာကတ်တွေ အပြင် ပြက္ခဒိန်ပုံတွေနဲ့ ဝင်းဒိုးရဲ့ Wallpaper ပုံတွေ အဖြစ်ပါ ဖန်တီး ပေးနိုင်တဲ့၊ Template ဒီဇိုင်း မျိုးစုံပါဝင်တဲ့ ဓါတ်ပုံပြင်ဆင်တဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ..။ ဒီကောင်လေးကို ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုနိုင်ဖို့ ကီးတွေကို Notepad လေးနဲ့ ရေးထည့်ပေးထားပါတယ်..။ အောက်ကပုံလေးတွေ အတိုင်း ကီးတွေကို ထည့်ပေးပြီး ဖူးဖြစ်အောင် လုပ်၍ အသုံးပြုနိုင်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 34 MB ရှိပါတယ်..။

Sony Vegas Pro 12 ဖြင့် ကာရာအိုကေ သီချင်းစာသားများ ဖန်တီးခြင်း

ကျနော့်ကို သူငယ်ချင်းတစ်ယောက်က ကာရာအိုကေ သီချင်းစာသားတွေ ဖန်တီးဖို့ လွယ်ကူတဲ့ နည်းများကို တောင်းထားတာရှိပါတယ်..။ တကယ်တော့ ဒီလိုလုပ်နည်းက ဘယ်ဆော့ဝဲလ်နဲ့ပဲ လုပ်လုပ် မလွယ်ပါဘူး..။ မိမိတို့ ကြိုးစားအားထုတ်မှု၊ လေ့လာမှု ပေါ်မူတည်ပြီး ကျွမ်းကျင်စွာ အသုံးပြုတတ်မှသာ လွယ်တယ်၊ ခက်တယ်လို့ ပြောလို့ရမှာပါ..။ ဒီဆော့ဝဲလ်လေးကိုလည်း ဒီလို ကာရာအိုကေ သီချင်းစာသားတွေ ဖန်တီးယူဖို့ သိပ်တော့လွယ်တယ်လို့တော့ ပြောလို့ မရပါဘူး..။ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ ရှာပေးထားတဲ့ Video ဖိုင်လေးတွေကို တခုစီ၊ တဆင့်စီ ဖြေးဖြေးချင်း လေ့လာမှတ်သားမှ ၊ အခေါက်ခေါက်၊ အခါခါကြည့်ပြီး လုပ်မှ ဒီလုပ်နည်းကို လုပ်တတ်မှာပါ..။ ကျနော်စမ်းသုံးရင်း တခြား Video Edit လုပ်တဲ့ ဆော့ဝဲလ်တွေထက်တော့ အနည်းငယ် ပိုလွယ်တယ်လို့တော့ ပြောလို့ ရပါတယ်..။ ဒါကြောင့် ဒီဆော့ဝဲလ်ကို ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုတတ်အောင်ပါ Video ဖိုင်လေးတွေနဲ့ ပြန်လည် တင်ပေးလိုက်ပါတယ်..။ ဝင်းဒိုး 64-bit တွေအတွက်တော့ Sony Vegas Pro 12 ကို ဒေါင်းယူ အသုံးပြုနိုင်ပြီး.. ဝင်းဒိုး 32-bit ဗါးရှင်းတွေ အတွက်ကတော့ Sony Vegas Pro 11 ကို ဒေါင်းယူ အသုံးပြုရမှာပါ..။ ဖူးဖြစ်အောင် လုပ်နည်းက ဒီပိုစ့်မှာ လုပ်ပြပေးထားတဲ့ ပုံလေးတွေအတိုင်း အတူတူပဲမို့ Sony Vegas Pro 12 နဲ့ လုပ်ပြထားခြင်း ဖြစ်ပါတယ်..။ ဒီဆော့ဝဲလ်ကို ဖူးသုံးလို့ ရအောင် လုပ်နည်းက အနည်းငယ် ရှုပ်တဲ့အတွက် တဆင့်စီ သေချာကြည့်ပြီး လုပ်ဖို့ လိုပါတယ်..။ ဒါမှသာ ဒီဆော့ဝဲလ်ကို ဖူးသုံးလို့ ရမှာပါ..။ 32-bit နဲ့ 64-bit ၂-ခုစလုံးကို ကျနော် အသုံးပြုပြီး အဆင်ပြေလို့ ပြန်လည်တင်ပေးလိုက်ခြင်းပါ..။ ဒီ Sony Vegas Pro ဆော့ဝဲလ်ဖြင့် ကာရာအိုကေ သီချင်းစာသားများကို ဖန်တီး ယူလိုတဲ့ သူများကတော့ အောက်ကလင့်တွေမှာ မိမိတို့ဝင်းဒိုးနဲ့ ကိုက်ညီတဲ့ 32 or 64-bit ဗါးရှင်းအလိုက် ခွဲခြားပြီး ဒေါင်းယူလိုက်ပါဗျာ..။

YouTube Music Downloader 7.1.6 Final

ဒီကောင်လေးနဲ့ YouTube က သီချင်းတွေ၊ Video တွေကို အလွယ်တကူ ဒေါင်းယူလို့ ရပါတယ်..။ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပြီး.. ဖူးဖြစ်အောင် Notepad ထဲက ကီးတွေကို ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.5 MB ရှိပါတယ်..။

Windows 7 Manager 4.3.6 Final

Windows 7 Manager ဆော့ဝဲလ်လေးကို အရင်တုန်းက ဗါးရှင်းတွေဒေါင်းယူလို့ မရတော့တဲ့အတွက် Update ဖြစ်တာလေးတွေကို ပြန်တင်ပေးဖို့ တောင်းထားတဲ့လူများ ရှိပါတယ်..။ ဒီဆော့ဝဲလ်ကို Install ထည့်တဲ့ အချိန်ကနေစပြီး အသုံးပြုလို့ ပြီးတဲ့အထိ အင်တာနက်လိုင်းကို ပိတ်ထားရပါမယ်.. လိုင်းဖွင့်လိုက်တာနဲ့ Full မဖြစ်တော့ပါဘူး..။ အဲ့ဒါလေးကို တချက်သတိပြုပါ..။ ဒီပရိုဂရမ်က ဖူးသုံးလို့ မရပါဘူးလို့ ပြောကြမှာ စိုးလို့ပါ.. ဒီကောင်လေးကို အသုံးပြုတိုင်းမှာ Connection ပိတ်ထားပြီးမှ အသုံးပြုရင် ဖူးသုံးလို့ ရပါတယ်..။ နောက်တခုက ဒီကောင်လေးကို အသုံးပြုဖို့နဲ့ သူ့ထဲမှာပါတဲ့ Keygen ကို ဖွင့်သုံးနိုင်ဖို့ဆိုရင်.. စက်တော်တော်များများမှာ Microsoft .Net Framework ဆိုတဲ့ ဆော့ဝဲလ်တခု လိုပါလိမ့်မယ်.. အရင်တုန်းက တင်ပေးခဲ့တဲ့ Windows 7 Manager တခြားဗါးရှင်းတွေမှာ ဒီ MS .Net Frame ကို တင်ပေးခဲ့ပေမယ့် လင့်တွေပျက်ကုန်လို့ ပြန်ဒေါင်းလို့ မရတော့ပါဘူး.. ဒါကြောင့် ကျနော် Microsoft .Net Framework 4.0 ကို ကြာကြာဒေါင်းယူလို့ ရအောင် မူရင်းတင်ပေးထားတဲ့ လင့်တွေကို ပြန်ရှာပေးထားပါတယ်..။ အောက်ကလင့်တွေကနေ မိမိတို့စက်ရဲ့ Microsoft .Net Framework ဗါးရှင်းတူတာကို ဝင်ရှာယူနိုင်ပါတယ်..။ Microsoft .Net Framework=> Link 1 ၊  Link 2  ၊ Link 3 ၊ အသုံးပြုပုံကို အရင်ပိုစ့်တွေဖြစ်တဲ့ Windows7 Manager 4.1.3 နဲ့ Windows7 Manager 4.0.5 Portable ပိုစ့်တွေမှာ သွားပြန်ကြည့်လိုက်ပါဗျာ.. ဒီကောင်လေးကတော့ နောက်ဆုံးထွက် Version လေးပါ..။ Windows 7 အတွက် အများကြီး သုံးလို့ရတဲ့အတွက် အားလုံးကို လုပ်ပြပေးဖို့တော့ မလွယ်ပါဘူး.. ဒါကြောင့် အရင်ပိုစ့်တွေမှာ အသုံးပြုပုံကို ပုံလေးတွေနဲ့ အနည်းငယ် လုပ်ပြထားပါတယ်.. အသုံးမပြုတတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်တွေမှာ လေ့လာကြည့်ပေးပါ.. ဒီ Windows 7 Manager Final ဗါးရှင်းလေကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10 MB ရှိပါတယ်..။

DVDFab 9.1.1.9 Final

 DVDFab “DVD to DVD” is the most powerful and flexible DVD copying/burning software. With 8 copy modes, you can backup any DVD to DVDR or hard drive in just one or a few clicks.
ဒီကောင်လေးမှာ DVD အခွေတွေနဲ့ ပါတ်သက်လို့ အစုံအသုံးပြုလို့ ရတဲ့ Features လေးတွေ များပါတယ်..။ DVD အခွေပြန်ကူးတာ၊ Convert ပြောင်းတာ၊ DVD Creator စတဲ့ အသုံးဝင်တဲ့ တူးလေးတွေ တော်တ်ေများများပါဝင်ပါတယ်..။ အဆင့်သုံးဆင့်နဲ့ အသုံးပြုလို့ ရအောင် ပြပေးထားလို့ အသုံးပြုလို့ လွယ်ကူတဲ့ ဆော့ဝဲလ်လေးပါပဲ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေးနဲ့ လုပ်ပေးရမှာ ဖြစ်ပြီး အောက်မှာလည်း ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီ DVD အခွေပြန်ကူးတဲ့ ဆော့ဝဲလ်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 45 MB ရှိပါတယ်..။

Clean Space 2014 Final

 ဒီကောင်လေးကတော့ မိမိတို့ Browser တွေရဲ့ Junk ဖိုင်တွေနဲ့ ဝင်းဒိုးထဲက Junk ဖိုင်တွေကို ရှင်းလင်းပေးနိုင်တဲ့ ကောင်လေးပါ..။ စက်ကို အသုံးပြုတဲ့အခါမှာ လိုရာကို တော်တော်နဲ့ မရောက်နိုင်ပဲ ထစ်ငေါ့၊ထစ်ငေါ့ ဖြစ်နေတတ်တဲ့ အခါမျိုးတွေက Junk ဖိုင်တွေကြောင့်လည်း ဖြစ်တတ်တာမို့ ဒီကောင်လေးနဲ့ ရှင်းလင်းပေးလိုက်ရင်တော့ အသုံးပြုလို့ ပြန်လည်ကောင်းမွန်လာမှာပဲ ဖြစ်ပါတယ်..။ အသုံးပြုရတာလည်း လွယ်ကူပြီး ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် patch ဖိုင်လေးနဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်..။ အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..။

MRTV-4 version 0.1 (APK) - Seagame အားကစားပွဲတွေနဲ့ မြန်မာပြည် တီဗွီလိုင်း MRTV-4 ကို Android ဖုန်းထဲကနေ ကြည့်နိုင်ပြီ

 ကျနော့် Blog မှာ Android ဖုန်းနဲ့ ပါတ်သက်တဲ့ APK ဖိုင်တွေကို တင်ပေးဖို့ အစီအစဉ်မရှိပေမယ့် ဒါလေး တစ်ခုတော့ တင်ပေးချင်ပါတယ်..။ Android ဖုန်းရှိတဲ့သူများအတွက် မိမိတို့ ဖုန်းကနေ ဒီ MRTV-4 apk လေးရှိယုံနဲ့ ယခုလက်ရှိ မြန်မာပြည်မှာ ကျင်းပနေတဲ့ Seagame အားကစားပွဲတွေကို အင်တာနက်ကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်..။ Seagame အားကစားပွဲတွေကို အချိန်မှီ ကြည့်နိုင်အောင် တင်ပေးလိုက်ခြင်းပါ..။ နောက်ပြီး MRTV-4 တီဗွီလိုင်းကိုလည်း တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ မြန်မာပြည်သားများ တိုက်ရိုက် ကြည့်ရှုနိုင်မှာမို့ ဒီနေ့ ဒီ MRTV-4 apk လေးကို တင်ပေးလိုက်ပါတယ်..။ ကျနော့်သူငယ်ချင်းတစ်ယောက်က ကျနော့်ဖုန်းမှာကြည့်ဖို့ လာရောက်ပေးလာခြင်းပါ..။ ကျနော်စမ်းသုံးရင်း အဆင်ပြေတာလေးတွေနဲ့ သဘောကျတာလေးတွေ ရှိလာလို့.. ကျနော့်လိုပဲ နိုင်ငံခြားရောက်နေတဲ့သူများအတွက် ဖုန်းကနေ မြန်မာပြည် အလွမ်းပြေလေး ကြည့်လို့ရအောင် ပြန်လည်တင်ပေးလိုက်ပါတယ်..။ အတော်လေး အဆင်ပြေပါတယ်..။ လိုချင်၊ အသုံးပြုချင်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 235 KB ပဲ ရှိပါတယ်..။

Microsoft Toolkit EZ-Activator 2.4.3.0

ဒီကောင်လေးကို အဓိက တင်ပေးလိုက်တာက Microsoft Office 2013 ကို Activate ဖြစ်အောင် လုပ်ပေးနိုင်တဲ့ အတွက် တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်..။ ဒီဗါးရှင်းလေးက ထွက်ထားတာကြာပြီဖြစ်တဲ့ ဗါးရှင်း အဟောင်းလေးပဲ ဖြစ်ပါတယ်..။ ဒါကြောင့် Windows 8.1 ကို Active ဖြစ်အောင် လုပ်ပေးနိုင် မလားဆိုတော့ မသေချာပါဘူး..။ Windows 7 ကိုတော့ Activate ဖြစ်အောင် လုပ်ပေးနိုင်ပါတယ်..။ ဘာလိုပဲ ဖြစ်ဖြစ် Microsoft Office 2013 ကို Activate ဖြစ်အောင် လုပ်ပေးနိုင်တဲ့ အတွက်၊ အောက်မှာ ကျနော် စမ်းသုံးရင်း Microsoft Office 2013 ကိုအဆင်ပြေသွားတဲ့ ပုံလေးတွေနဲ့ ပြပေးထားလို့.. အသုံးမပြုတတ်သေးတဲ့သူများအတွက် ဒီကောင်လေးကို အသုံးပြုတတ်မှာပဲ ဖြစ်ပါတယ်..။ ဒီ Activator လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 35 MB ရှိပါတယ်..။

PC Mechanic By U Zaw Lin

 15 Dec 13, 06:26 AM
အရိုး:
အကိုေ၇ good morning ပါ pc hareware ပိုင်းပြုပြင်တဲ့ စာအုပ်လေးတွေ လိုချင်လို့ပါ အကိုေ၇ link လေးပေးပါဦးအကိုေ၇ နောက်ပြီးဆ၇ာဇော်လင်းေ၇းတဲ့ ဒီစာအုပ်ဖတ်ပြီးမှ pc ပြုပြင်ပါ ဆိုတဲ့ စာအုပ်လေး ဘယ်မှာမှ down လို့မရ
15 Dec 13, 06:28 AM
အရိုး:
ဘူးဖြစ်နေတယ် အကိုရေ ကူညီပေးပါဦးအကိုရေ အစဉ်လေးစားကျေးဇူးကြီးစွာဖြင့် ညီလေးအရှိး
ဆရာဦးဇော်လင်း ရေးသားထားတဲ့ PC Mechanic စာအုပ်လေးပါ..။ တောင်းတဲ့လူရှိလာတဲ့အတွက် ရှာပြီး တင်ပေးလိုက်ပါတယ်..။ အခုမှ ကွန်ပျူတာ Hardware ပိုင်းကို စတင်လေ့လာမယ့် သူများအတွက် အရင်ဆုံး ဖတ်၊မှတ်သင့်တဲ့ စာအုပ်လေးပါ..။ ကွန်ပျူတာမှာ ဒီလို PDF ဖေါ်မတ်နဲ့ စာအုပ်လေးတွေ ဖတ်လို့ ရဖို့ဆိုရင် မိမိတို့စက်ထဲမှာ Adobe Reader သို့မဟုတ် Foxit Reader လို စာအုပ်ဖတ်တဲ့ Reader တခုခု ရှိနေမှ ဖတ်လို့ ရမှာ ဖြစ်ပါတယ်..။ အရင်စာအုပ်တွေ တင်ပေးခဲ့တုန်းက Foxit Reader လေးကို ဒေါင်းယူလို့ ရအောင် လင့်တွေ ချိတ်ပေးခဲ့ပြီး ဖြစ်ပါတယ်..။ ဒါကြောင့် ဒီလိုစာအုပ်လေးတွေကို အလွယ်တကူနဲ့ အဆင်ပြေပြေ ဖတ်လို့ရမှာပဲ ဖြစ်ပါတယ်..။ ဒီစာအုပ်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10 MB ရှိပါတယ်..။

VSO Video Converter 1.1.0.25 Beta Final

VSO Video Converter လေးနဲ့ မိမိတို့ရဲ့ သီချင်း၊ Video တွေကို မိမိတို့ အလိုရှိတဲ့ ဖေါ်မတ်အားလုံး နီးပါး ရအောင် ပြောင်းပေးနိုင်တဲ့ ကောင်လေးပါ..။ ဖူးဖြစ်အောင် patch ဖိုင်လေးနဲ့ ပြပေးထားပြီး ၊ အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 28 MB ရှိပါတယ်..။

Viber for PC (New Version)

PC တွေအတွက် Viber ဗါးရှင်းအသစ်လေးပါ..။ Update အသစ်ထွက်နေတာ တစ်ပါတ်ခန့်ရှိသွားပါပြီ..။ အရင်ကလည်း တင်ပေးခဲ့ဖူးပါတယ်..။ လင့်တွေပျက်ကုန်ပြီဖြစ်လို့ ဒေါင်းယူလို့ မရတော့တဲ့အတွက် ဒီ Update အသစ်လေးကို ပြန်တင်ပေးလိုက်ပါတယ်..။ အင်တာနက်ရှိတဲ့ နေရာတိုင်းမှာ ကွန်ပျူတာနဲ့ ဖုန်းတွေကို အလွယ်တကူ ဆက်သွယ်လို့ ရစေမယ့်၊ Free Voice Call , Free Video Call, Free SMS တွေကို မိမိတို့ စိတ်ကြိုက် အသုံးပြုလို့ ရစေတဲ့အတွက် လူသိများ၊ လူကြိုက်များတဲ့ ဆော့ဝဲလ်လေးပါ..။ ဒီ Update ဗါးရှင်းလေးမှာ အရင်ကထက် Sticker ရုပ်ပုံများကို ပိုမို ဒေါင်းယူ အသုံးပြုလို့ ရသလို၊ ဝယ်ယူရတဲ့ Sticker ပုံလေးတွေလည်း အများကြီးပါဝင်လာပါတယ်..။ အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ Viber Downloader လေးကို ဒေါင်းယူပြီး Install ထည့်၊ Viber Activate ဖြစ်အောင် မိမိတို့ ဖုန်းနံပါတ်နဲ့ လုပ်တတ် ၊ အသုံးပြုတတ်အောင်ပါ ဒီပိုစ့်မှာ ပြန်လည်လုပ်ပြပေးထားပါတယ်..။ 
Install ပြီးတာနဲ့ အောက်ကပုံလေးတွေအတိုင်း ဖုန်းနံပါတ်မေးလာရင် မိမိတို့ Viber သုံးတဲ့ ဖုန်းနံပါတ်ကို ထည့်ပေးလိုက်ပါ..။ တချို့ကတော့ Viber မရှိတဲ့ ရိုးရိုးဖုန်းနံပါတ်ကို Viber ရှိတဲ့ ဖုန်းထဲမှာ ခဏထည့်ပြီး ၊ Viber Active ဖြစ်အောင်လုပ်၊ ပြီးတော့ ကွန်ပျူတာမှာ ၎င်းဖုန်းနံပါတ်နဲ့ Viber ကို Active ပြန်လုပ်ပြီး အသုံးပြုတာတွေလည်း ရှိပါတယ်..။ မိမိဖုန်းမှာ Viber မရှိတော့ရင်လည်း.. ကွန်ပျူတာမှာ အဲ့ဒီ ဖုန်းနံပါတ်နဲ့ Viber Active ဖြစ်နေရင် ၊ ဖုန်းပိတ်ထားလည်း သို့မဟုတ် ဖုန်းနံပါတ်မရှိတော့ရင်လည်း ကွန်ပျူတာမှာ အဲ့ဒီနံပါတ်နဲ့ Viber ကို ဆက်လက်အသုံးပြုလို့ ရနေပါတယ်..။ Viber Update မလုပ်မချင်း ကွန်ပျူတာမှာ အသုံးပြုလို့ ရနေပါတယ်..။ တချို့က အဲ့ဒီနည်းနဲ့ ကွန်ပျူတာမှာ Viber ကို အသုံးပြုကြပါတယ်..။

NextUp TextAloud 3.0.62 Final

Convert any text into voice and MP3 for PC or download to MP3 player. TextAloud is the leading text to speech program, available with exciting premium voices (including several languages) from ATT, Cepstral and NeoSpeech for the best in computer speech for your PC.
ဒီဆော့ဝဲလ်လေးကတော့ ရှားရှားပါးပါးဆော့ဝဲလ်တွေထဲက လက်တွေ့အသုံးဝင်တဲ့ ပရိုဂရမ်ကောင်းလေး တစ်ခုပါ..။ E-လိုရေးထားတဲ့ အင်တာနက်ကစာတွေနဲ့ တခြား copy ယူထည့်လို့ ရတဲ့ စာတွေမှန်သမျှကို ဒီပရိုဂရမ်လေးက လူတစ်ယောက် ဘေးနားကနေ စာဖတ်ပြနေသလို ၊ အသံထွက်၍ ဖတ်ပြပေးနိုင်ပါတယ်..။ မျက်စိမှုန်တဲ့လူတွေနဲ့ စာတွေအများကြီး မဖတ်နိုင်တဲ့ မျက်လုံးမကောင်းတော့တဲ့သူများအတွက် ဒီဆော့ဝဲလ်လေးက တန်ဖိုးမဖြတ်နိုင်တဲ့ ပရိုဂရမ်ကောင်းလေးတခုပါ..။ စာမဖတ်နိုင်တော့တဲ့ E-လိုကျွမ်းကျင်တဲ့ သက်ကြီးရွယ်အိုတွေအတွက်လည်း ဒီဆော့ဝဲလ်လေးနဲ့ ဖန်တီးပေးလိုက်တဲ့ သတင်း၊ မဂ္ဂဇင်း၊ စာစောင်တွေရဲ့ စာသားတွေကို အသံဖိုင်အဖြစ်ပြောင်းပြီး အလွယ်တကူ ပေးနားထောင်လို့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။ နောက်တခုက E-လို အသံထွက်မှန်အောင် လေ့လာလိုတဲ့သူများအတွက်လည်း ဆောင်ထားသင့်၊ ရှိထားသင့်တဲ့ ဆော့ဝဲလ်လေးပါ..။ ပိုကောင်းတာတခုက မိမိတို့ နားထောင်လိုတဲ့ စာသားတွေကို MP3 အဖြစ်ပါ ပြောင်းပေးနိုင်တဲ့အတွက် သီချင်းတပုဒ်လို အခါခါဖွင့်ပြီး နားထောင်လို့ ရမှာပဲ ဖြစ်ပါတယ်..။ 
ဒီဆော့ဝဲလ်လေးကို ဖူးသုံးလို့ ရအောင် keygen လေးနဲ့ ကီးတွေယူပြီး ထည့်ပေးရမှာဖြစ်ပြီး.. အောက်မှာလည်း ဖူးဖြစ်အောင်၊ အသုံးပြုတတ်အောင်နဲ့ Install ထည့်တဲ့အခါမှာ ပြောင်းလဲပေးရမယ့် နေရာလေးတွေကို တဆင့်စီ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 20 MB ရှိပါတယ်..။

Webcam 7 PRO 1.2.4.0 Build 38987 Final


Webcam7 is the most popular webcam and network camera software for Windows. It allows you to monitor your belongings from any location with access to Internet by turning your computer into a security system.
Webcam 7 PRO ဆော့ဝဲလ်လေးနဲ့ ကင်မရာတွေကို ချိတ်ဆက်ပြီး အင်တာနက် ရှိတဲ့နေရာတွေ၊ Network ချိတ်ဆက်ထားတဲ့ နေရာတွေကို အလွယ်တကူ ကြည့်ရူအသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ USB ကင်မရာ၊ ဖုန်းကင်မရာတွေနဲ့ တခြား ၎င်းစပို့လုပ်ပေးတဲ့ ကင်မရာတွေနဲ့ ဒီကောင်လေးကို အသုံးပြုနိုင်ပါတယ်..။ ဒီကောင်လေး စပို့လုပ်ပေးတဲ့ ကင်မရာအမျိုးအစားတွေကို ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ ဖေါ်ပြပေးထားပါတယ်..။ ဒီဆော့ဝဲလ်လေးကို ဖူးသုံးလို့ ရအောင် keygen လေးနဲ့ ကီးတွေကို ယူပြီး ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အောက်မှာလည်း ပုံလေးတွေနဲ့ ဖူးဖြစ်အောင် လုပ်တတ်အောင်ပါ ပြပေးထားပါတယ်..။ အသုံးလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 14 MB ရှိပါတယ်..။

Super MP3 Download 4.9.5.2 Final

Super MP3 Download ဆော့ဝဲလေးနဲ့ ကျနော်တို့ အလိုရှိတဲ့ MP3 သီချင်းမြောက်များစွာကို အင်တာနက်ကနေ အလွယ်တကူ ဒေါင်းယူလို့ ရပါတယ်..။ အသုံးပြုတတ်အောင်နဲ့ patch နဲ့ဖူးဖြစ်အောင် လုပ်တတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ တခုသတိပြုရမှာကတော့ ဒီဆော့ဝဲလ်ကို အသုံးပြုတိုင်း ဝင်းဒိုး Firewall ကို ပိတ်ထားပြီးမှ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ patch ဖိုင်ကို ဖွင့်သုံးတော့မယ်ဆိုရင်တော့ Antivirus တွေကို အရင်ပိတ်ထားပြီးမှ ဖွင့်သုံးလို့ ရမှာပါ..။ လိုအပ်တဲ့ သူများကတော့ ကအောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။

CyberLink PowerDirector Video Editting Effect များရယူနိုင်





မင်္ဂလာပါဗျာ CyberLink PowerDirector  ဟာ လူသုံးများပြီး အတော်တော်လေး အဆင်ပြေတာကို တွေ့ရပါတယ်။ အခုလည်း CyberLink PowerDirector ကို အသုံးပြုနေတဲ့ သူငယ်ချင်းတွေ အတွက် Effect များ ရနိုင်တဲ့ မူရင်းဆိုဒ်ကို လမ်းညွှန်းပေးလိုက်ပါတယ်။ Effcet များကို ဒီလင့် ဝင်ရောက် ဒေါင်းယူနိုင်ပါတယ်။ မှတ်ချက်။       ။ အကောင့်ဝင်ပြီးမှာ ဒေါင်းယူနိုင်မယ် ဖြစ်ပါတယ်။ Facebook အကောင့်နဲ့လည်း Sign in ဝင်လို့ရပါတယ်။ Effcet များကို မဒေါင်းမီ  CyberLink PowerDirector  ဆော့ဝဲကို မိမိစက်မှာ Install ပြုလုပ်ထားရမယ် ဖြစ်ပါတယ်။ အကယ်၍  CyberLink PowerDirector  မရှိသေးပါက ဒီလင့် ဝင်ရောက်ဒေါင်းနိုင်ပါတယ်ခင်ဗျာ။

VSO Blu-ray Converter Ultimate 3.0.0.24 Beta Final

 Blu-ray Disc ကနေ DVD ပြောင်းပေးနိုင်တဲ့ Converter လေးကို ကျနော့် သူငယ်ချင်း တစ်ယောက်က တင်ပေးဖို့ တောင်းထားတာ ရှိပါတယ်..။ ဒီနေ့တော့ ဒီ VSO Blu-ray Converter Ultimate နောက်ဆုံးထွက် Up date ဗါးရှင်းလေးကို ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုနိုင်အောင်ပါ ပုံလေးတွေနဲ့ တင်ပေးလိုက်ပါတယ်..။ အသုံးပြုတတ်အောင် ပြပေးဖို့ကိုတော့ ကျနော့်မှာ Blu-ray Disc မရှိသေးတဲ့အတွက် အဆင်မပြေသေးပါဘူး..။ ဒါကြောင့် Blu-ray Disc ရှိတဲ့သူများကတော့ မိမိတို့ကိုယ်တိုင်သာ လေ့လာအသုံးပြုရမှာပဲ ဖြစ်ပါတယ်..။ ဒီပရိုဂရမ်မှာ ရေးထားတဲ့ စာသားတွေကို လေ့လာကြည့်ရင် အသုံးပြုတတ်မှာပါ..။ File ကနေ Blu-ray Disc ရှိတဲ့ နေရာကို ရွေးပေးပြီး Start ကို ကလစ်ပေးလိုက်ရင် အဆင်ပြေပါလိမ့်မယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် patch ဖိုင်လေးပါ ထည့်ပေးထားပြီး ဒီပိုစ့်မှာလည်း patch နဲ့ဖူးဖြစ်အောင် လုပ်တတ်အောင်ပါ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 28 MB ရှိပါတယ်..။
Blu-ray Converter software can convert any Blu-ray video or AVCHD structure (from HD camcorder) to DVD video (with menu) or other video formats supported by most popular devices like PS3, XBOX360, DivX home player, iPod, iPhone, iPad…

SuperCopier 4.0.1.11 Final (x86x64)

 SuperCopier လေးကလည်း UltraCopier နဲ့ ကုမ္ပဏီတခုထဲက လာတဲ့ ဆော့ဝဲလ်လေးဖြစ်ပြီး မိမိတို့ စိတ်ကြိုက် တခုခုကို ရွေးယူ အသုံးပြုလို့ ရအောင် ၂-ခု စလုံးကို တင်ပေးလိုက်ခြင်းပါ..။ အရင် ရက်က တင်ပေးထားခဲ့ပြီးတဲ့ TeraCopy နဲ့လည်း အသုံးပြုလို့ အဆင်ပြေမှာပဲ ဖြစ်ပါတယ်..။ 
ဖိုင်တွေ copy or move လုပ်တဲ့အခါ ဒီကောင်လေးကလည်း ပုံမှန်ထက်ပိုမြန်အောင် လုပ်ပေးနိုင်ပါတယ်..။ မိမိတို့ ဝင်းဒိုးဗါးရှင်းနဲ့ ကိုက်ညီတဲ့ 32 or 64-bit ကို တခုကို Install ထည့်ပြီး အသုံးပြုနိုင်ပါတယ်..။ ဒေါင်းလော့ဖိုင်ထဲမှာတော့ ဗါးရှင်း ၂-မျိုးစလုံးအတွက် ပူးတွဲထည့်ပေးထားပါတယ်..။ ဒီဗါးရှင်းလေးကတော့ ဖရီးပေးသုံးတဲ့ ဖရီးဗါးရှင်းလေးဖြစ်ပြီး Winrar နဲ့ ချုပ်ထားတဲ့ ဖိုင်တွေကို Support မလုပ်တဲ့အတွက်.. မိမိတို့က .rar တွေကို ဒီကောင်လေးနဲ့ copy or move အသုံးပြုလိုတယ်ဆိုရင်တော့ New Folder တစ်ခု ဖန်တီးပြီး .rar ဖိုင်တွေကို ဖန်တီးလိုက်တဲ့ ဖိုဒါအသစ်ထဲဆွဲထည့်ပြီး ဒီကောင်လေးနဲ့ မိမိတို့ လိုတဲ့ နေရာကို အလွယ်တကူ copy or move နဲ့ အသုံးပြုလို့ အဆင်ပြေမှာပဲ ဖြစ်ပါတယ်..။ ဒီအသုံးပြုနည်းကို ကျနော်စမ်းသုံးပြီး အဆင်ပြေတဲ့အတွက် ဒီလို New Folder တခုနဲ့ အသုံးပြုနည်းကို ဒီပိုစ့်မှာ ဖြည့်ရေးပေးလိုက်ခြင်းပါ..။ အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 12 MB ရှိပါတယ်..။

UltraCopier 1.0.1.11 Final (x86x64)

 ဖိုင်တွေ copy or move လုပ်တဲ့အခါ ဒီကောင်လေးကလည်း ပုံမှန်ထက်ပိုမြန်အောင် လုပ်ပေးနိုင်ပါတယ်..။ မိမိတို့ ဝင်းဒိုးဗါးရှင်းနဲ့ ကိုက်ညီတဲ့ 32 or 64-bit ကို တခုကို Install ထည့်ပြီး အသုံးပြုနိုင်ပါတယ်..။ ဒေါင်းလော့ဖိုင်ထဲမှာတော့ ဗါးရှင်း ၂-မျိုးစလုံးအတွက် ပူးတွဲထည့်ပေးထားပါတယ်..။ ဒီဗါးရှင်းလေးကတော့ ဖရီးပေးသုံးတဲ့ ဖရီးဗါးရှင်းလေးဖြစ်ပြီး Winrar နဲ့ ချုပ်ထားတဲ့ ဖိုင်တွေကို Support မလုပ်တဲ့အတွက်.. မိမိတို့က .rar တွေကို ဒီကောင်လေးနဲ့ copy or move အသုံးပြုလိုတယ်ဆိုရင်တော့ New Folder တစ်ခု ဖန်တီးပြီး .rar ဖိုင်တွေကို ဖန်တီးလိုက်တဲ့ ဖိုဒါအသစ်ထဲဆွဲထည့်ပြီး ဒီကောင်လေးနဲ့ မိမိတို့ လိုတဲ့ နေရာကို အလွယ်တကူ copy or move နဲ့ အသုံးပြုလို့ အဆင်ပြေမှာပဲ ဖြစ်ပါတယ်..။ ဒီအသုံးပြုနည်းကို ကျနော်စမ်းသုံးပြီး အဆင်ပြေတဲ့အတွက် ဒီလို New Folder တခုနဲ့ အသုံးပြုနည်းကို ဒီပိုစ့်မှာ ဖြည့်ရေးပေးလိုက်ခြင်းပါ..။ အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 12 MB ရှိပါတယ်..။

Internet Download Manager 6.18 Build 10 Final


 
 ဒီနေ့ပဲ Update ထွက်လာတဲ့ IDM နောက်ဆုံး ဗါးရှင်းလေးပါ..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ဖူးလုပ်သုံးနိုင်ရန် အရင်တင်ပေးနေကျ patch ဖိုင်လေးအပြင် ၊ နောက်မှ ရလာတဲ့ crack ဖိုင် အသစ်လေးပါ  ပူးတွဲတင်ပေးထားပါတယ်..။ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများနဲ့ IDM မရှိသေးတဲ့ သူများအတွက် ဒီလိုနောက်ဆုံးထွက်လေးတွေကလည်း လိုအပ်နေအုံးမှာပါ..။ patch (or) crack နဲ့ ဖူးဖြစ်အောင်၊ လုပ်တတ်အောင် Blog ညာဘက်အပေါ်ဆုံးမှာ တင်ပေးထားတဲ့ IDM ဖူးဖြစ်အောင် လုပ်နည်းတွေကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။

iPixSoft Video Slideshow Maker Deluxe 3.2.6.0 Final

 မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ Video တွေကို မိမိတို့ ကြိုက်တဲ့ နောက်ခံသီချင်းလေးတွေနဲ့ စလိုက်ရှိုးလေးတွေ ဖန်တီးယူလိုရင်တော့ ဒီကောင်လေးနဲ့ အတော်လေး အဆင်ပြေပါလိမ့်မယ်..။ ဆော့ဝဲလ်သေးပေမယ့် ဖန်တီးယူလို့ ရတဲ့ Effects တွေ၊ Template ဒီဇိုင်းမျိုးစုံနဲ့ ပုံစံမျိုးစုံ ပါဝင်တဲ့အတွက် တခုနဲ့ တခု မရိုးရအောင် စတိုင်မျိုးစုံ ဖန်တီးယူနိုင်ပါတယ်..။ အသုံးပြုတတ်အောင်နဲ့ ဖူးဖြစ်အောင် patch ဖိုင်ထည့်တတ်အောင်ပါ အစအဆုံး ပုံလေးတွေနဲ့ အောက်မှာ ပြပေးထားလို့ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ဆက်ကြည့်နိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 24 MB ရှိပါတယ်..။

Password Safe and Repository 7.2.0.2208 Standard Edition Final

 Manage your important data with Password Safe and Repository, comfortable and professional password and identity management software.
ဒီကောင်လေးက မိမိတို့ရဲ့ Password တွေနဲ့ Database ဖိုင်တွေကို လုံခြုံအောင် Save လုပ်ပြီး သိမ်းပေးနိုင်တဲ့ ကောင်လေးပါ..။ Install ထည့်တဲ့အခါမှာ ပြောင်းလဲပေးရမယ့် နေရာတွေနဲ့ ရွေးပေးရမယ့် နေရာတွေ များတဲ့အတွက် အားလုံးပဲ လုပ်တတ်အောင် ကျနော် ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ နောက်ဆုံးမှာ ဖူးသုံးလို့ရအောင် ကီးတွေ ထည့်ပေးပြီး ၊ မိမိတို့ရဲ့ နာမည်နဲ့ Password ကိုပါ တခါတည်း ထည့်ပေးမှ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် မူရင်းဆိုဒ်က Video ဖိုင်လေးအတိုင် ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ ပြန်လည် ဖေါ်ပြပေးထားလို့ Video ဖိုင်လေးကို လေ့လာရင်း အဆင်ပြေပါလိမ့်မယ်..။ မိမိတို့ရဲ့ Password တွေနဲ့ တခြား ဖိုင်တွေကို လုံခြုံစွာ သိမ်းထားလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 8.3 MB ရှိပါတယ်..။

IsoBuster Pro 3.3 Build 3.2.9.1 Beta Final

 copy ကူးယူလို့ မရအောင် ပိတ်ထားတဲ့ CD ထဲက သီချင်းတွေကို ဒီကောင်လေးနဲ့ ရအောင်ကူးယူလို့ ရပါတယ်..။ အရင်တုန်းက သူငယ်ချင်းတစ်ယောက်ရဲ့ ဖုန်းထဲကို CD ထဲက သီချင်းတွေထည့်ချင်လို့ သူကိုယ်တိုင် ကူးယူလို့ မရတဲ့အကြောင်း၊ ကျနော့်ကို လုပ်ပေးဖို့ တောင်းဆိုလာလို့ စက်ထဲထည့်ပြီး စမ်းကြည့်လိုက်တော့ သီချင်းအပုဒ်တိုင်း 1 kb လို့ပဲ ပြထားတယ်..။ ဆော့ဖ်ဝဲနဲ့ copy ကူးလို့ မရအောင် ပိတ်ထားတဲ့ အခွေဖြစ်နေတော့ ဒီ IsoBuster လေးကို သွားသတိရတယ်..။ ဒီကောင်လေးနဲ့ လုပ်ပေးလိုက်လို့ CD သီချင်းခွေ လေးချပ်စလုံး OK သွားတယ်..။ ဘယ်လိုသုံးလဲဆိုတာ လိုအပ်တဲ့သူများအတွက် အရင် အသုံးပြုနည်းပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီပိုစ့်မှာတော့ Install ထည့်တဲ့အခါ ပြောင်းလဲပေးရမယ့် နေရာလေးတွေနဲ့ ဖူးသုံးလို့ရအောင် Key လေးပါ ထည့်ပြထားတယ်..။ လိုအပ်တဲ့သူမျာ အောက်ကလင့်တွေ ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.3 MB ရှိပါတယ်..။

WinISO Standard 6.4.0.5081 Final

မိမိတို့ရဲ့ ISO ဖိုင်တွေကို အမျိုးမျိုးအသုံးပြုလို့ ရချင်တယ်ဆိုရင်တော့ ဒီ WinISO နောက်ဆုံးထွက် ဗါးရှင်းလေးနဲ့ အဆင်ပြေပါတယ်..။ Windows ခွေတွေလို ISO ဖိုင်တွေနဲ့ တခြား Bootable ဖြစ်တဲ့ ISO တွေကို မူရင်းအတိုင်း Bootable ဖြစ်အောင် DVD အခွေကူးတာနဲ့ တခြား ဖိုင်ဖြည်တာ၊ Mount တာတွေကအစ ဒီကောင်လေးနဲ့ အဆင်ပြေပါတယ်..။ ဒီနောက်ဆုံးထွက်လေးကို ဖူးသုံးလို့ ရအောင် patch ဖိုင်လေးနဲ့ တွဲတင်ပေးထားပြီး patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းကတော့ အရင်ကပိုစ့်တွေ အတိုင်းပါပဲ..။ Antivirus တွေကို အရင်ပိတ်ထားပြီးမှ patch လေးကို ဖွင့်သုံးလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီပိုစ့်မှာလည်း patch ဖိုင်လေးနဲ့ ဖူးဖြစ်အောင်၊ လုပ်တတ်အောင် ပြန်ပြပေးထားပါတယ်..။ အသုံးပြုတတ်အောင် Features တွေများတဲ့အတွက် Video ဖိုင်လေးတွေနဲ့ ပူးတွဲလေ့လာလို့ ရအောင်ပါ ပိုစ့်ရဲ့ အောက်ဆုံးမှာ Video ဖိုင်လေးတွေ ချိတ်ပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။

DOS Comment ဖြင့် ဗိုင်းရပ်စ်ထိသွားတဲ့ USB Pendrive ထဲမှ ပျောက်သွားတဲ့ဖိုင်များ ပြန်ဖေါ်နည်း

 ဒီလုပ်နည်းလေးကို ကျန်ခဲ့တဲ့တပါတ်က ကျနော့် သူငယ်ချင်းတစ်ယောက်က သူ့ရဲ့ သူငယ်ချင်းတစ်ယောက် စက်ကို သန့်ရှင်းရေးလုပ်ပေးရင်းနဲ့ သူ့ရဲ့ 16 GB ရှိတဲ့ USB Pendrive ထဲမှာ ထည့်သိမ်းထားတဲ့ ဖိုင်တွေ ဗိုင်းရပ်စ်ထိပြီး၊ ဖိုင်တွေ ပျောက်ကုန်ပါတယ်..။ ကျနော်နဲ့ တွေ့တဲ့အခါမှာတော့ ဒီ Pendrive ထဲက ပျောက်နေတဲ့ ဖိုင်တွေကို ပြန်ဖေါ်ပေးဖို့ ပေးအပ်လာတဲ့အတွက် ဒီလုပ်နည်း၊ အသုံးပြုနည်းနဲ့ အဆင်ပြေသွားလို့ တခြား လိုအပ်တဲ့သူများလည်း အလွယ်တကူ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ တဆင့်စီ အသုံးပြုတတ်အောင် ပြပေးလိုက်ပါတယ်..။
အရင်က ကျနော့် Pendrive မှာ ထိတဲ့ဗိုင်းရပ်စ်က ရှော့ကပ်ဗိုင်းရပ်စ်ဖြစ်ပြီး မူရင်းဖိုင်တွေကို ဖျောက်ပစ်ပြီး နာမည်တူတဲ့ ရှော့ကပ်ဖိုင်တွေကို ဖန်တီးပစ်လိုက်တဲ့ ဗိုင်းရပ်စ်တမျိုးပါ..။ အဲ့ဒီဖြေရှင်းနည်းကိုလည်း စာဖတ်သူများ ကြုံခဲ့ရင် ဖြေရှင်းတတ်အောင် ကျနော် ပိုစ့်တင်ပေးခဲ့ပြီးပါပြီ..။ အခုသူငယ်ချင်းရဲ့ Pendrive မှာ ထိသွားတဲ့ ဗိုင်းရပ်စ်ကျတော့ ရှော့ကပ်ဖိုင်တွေ ဖန်တီးတဲ့ ဗိုင်းရပ်စ်မဟုတ်တော့ပဲ.. ရှိတဲ့ဖိုင်တွေကို ဖျေက်ပစ်လိုက်တဲ့ ဗိုင်းရပ်စ်တမျိုးဖြစ်နေပြန်ပါတယ်..။ ဘယ်လိုပဲ ဖြစ်ဖြစ် ဖြေရှင်းနည်းတွေတော့ ရှိနေပါတယ်..။ ဒီလို ဖိုင်တွေ ဖျေက်ပစ်တဲ့ ဗိုင်းရပ်စ်မျိုး တခြားသူများလည်း ထိခဲ့ရင်တော့ ဒီနည်းနဲ့ ဖြေရှင်းလိုက်ရင် ပျောက်နေတဲ့ ဖိုင်တွေကို အလွယ်တကူ ပြန်ရမှာပဲ ဖြစ်ပါတယ်..။ အဆင်ပြေအောင် အောက်မှာ ပုံလေးတွေနဲ့ အစအဆုံး လုပ်တတ်၊ အသုံးပြုတတ်အောင် ပြပေးလိုက်ပါတယ်..။ ဒီလို ဗိုင်းရပ်စ်ဖြေရှင်းနည်းတွေကို တတ်ထားလိုတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

TeraCopy 2.3 Beta 3 Final

 ဒီကောင်လေးကတော့ ဖိုင်တွေ copy ကူးယူတဲ့အခါ ပုံမှန်ထက် ပိုမြန်လို့ လူတော်တ်ေများများသိကြတဲ့၊ ကြိုက်ကြတဲ့ TeraCopy နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ ကီးတွေပါ တခါတည်းထည့်ပေးထားပြီး ၊ အဲ့ဒီကီးတွေနဲ့ ဖူးဖြစ်အောင် လုပ်တတ်၊ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး.. ဖူးဖြစ်အောင် ကီးတွေ ထည့်တတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2.5 MB ရှိပါတယ်..။

CCleaner Business Edition 4.08.4428 Final

မိမိတို့ရဲ့ကွန်ပျူတာနဲ့ Browser တွေကို ဒီကောင်လေးနဲ့ အမှိုက်တွေရှင်း ပေးလိုက်ရင် လက်ရှိ နှေးနေ၊ လေးနေတဲ့ စက်တွေမှာ သွက်လက်မြန်ဆန်လာတာကို လက်တွေ့ မြင်တွေ့ရမှာပါ..။ ဒီကောင်လေးက Business Edition ဆိုပေမယ့်.. ဒီဒေါင်းလော့ဖိုင်ထဲမှာ ထည့်ပေးထားတဲ့ cracker ဖိုင်လေးကို Install ထည့်တဲ့ အချိန်မှာ Business (or) Professional ဗါးရှင်းကို ရွေးပြီး ထည့်ပေးလိုက်ရင် မိမိတို့ ထည့်လိုက်တဲ့ အတိုင်း အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ လုပ်တတ်အောင် အောက်မှာ ပုံလေးနဲ့ပါ ပြပေးထားပါတယ်..။
ဒီလို System Tools လေးတွေကို အသုံးမပြုခင် Restore Point တစ်ခု ဖန်တီးထားသင့်ပါတယ်..။ အသုံးပြုပြီးသွားတဲ့အခါမှာလည်း စက်ကို Restart ချပြီးမှ ဆက်ပြီး အသုံးပြုသင့်ပါတယ်..။ ဒီလို System Tool တွေကို အသုံးပြုတဲ့အခါတွေမှာ အဆင်မသင့်ရင် ဝင်းဒိုး Error တွေဖြစ်တတ်တဲ့အတွက် Restore Point တွေရှိနေမယ်ဆိုရင် အလွယ်တကူ နောက်ပြန်ဆုတ်လို့ ရမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောင်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..။ အသုံးပြုနည်း ပိုစ့်တွေကို ဒီလင့်တွေမှာ လေ့လာကြည့်နိုင်ပါတယ်..။ CCleaner ProfessionalCCleaner BusinessCCleaner  

Android PC Suit Pack 2013


ကမ္ဘာမြေ ငြိမ်းချမ်း ပါစေသား။
12/3, 1:57am
မင်္ဂလာပါအစ်ကို
အစ်ကို့ဆိုဒ်က Computer မှာ Android ဖုန်းတွေ အလုပ်လုပ်နိုင်အောင် USB Driver ထည့်နည်း ဆိုတဲ့ ပိုစ့်ကိုဖတ်ပြီး ဒီကောင်လေးအစ်ကို မတွေ့သေးဘူးထင်လို့ ရှယ်ပေးပါတယ်အစ်ကို... ကျတော်အစ်ကို့ဆိုဒ်ကို အမြဲအားပေးနေတဲ့ အစ်ကို့ပရိတ်သတ်တဦးပါခင်ဗျာ
  မြန်မာပြည်သားများ အတွက် အလွယ်တကူ အသုံးပြုလို့ ရအောင် ဆိုပြီး ကျနော့်ကို Facebook ကနေ ဆက်သွယ်ပြီး ပေးပို့လာတဲ့ ဒီ Android PC Suit Pack 2013 ဆော့ဝဲလ်ကို ဖုန်းတွေအတွက် USB Drivers တွေနဲ့ Root တူးလေးပါ တခါတည်း ပါဝင်တဲ့အတွက် တခြားလူများပါ အသုံးပြုလို့ ရအောင် ပြန်လည် မျှဝေပေးလိုက်ပါတယ်..။ ဒီဆော့ဝဲလ် အသုံးပြုပုံနဲ့ ပါတ်သက်လို့ ဆက်လက် မေးမြန်လိုတဲ့ သူများကတော့ ဒီအစ်ကိုရဲ့ Facebook ကို ဒီလင့်ကနေ သွားရောက်ပြီး ဆက်လက်မေးမြန်နိုင်ပါတယ်..။ https://www.facebook.com/soenaungnaungu
ဒါလေးက အခုမှ စတင်ကာ Mobile ကို ကွန်ပြုတာဖြင့် ချိတ်ဆက်အသုံးပြုမယ့် Mobile User များအတွက် သီးသန့် ဖြစ်ပါတယ် Samsung , HTC , Sony , Huawei စတဲ့ မြန်မာပြည်မှာ အသုံးများတဲ့ Mobile Phone များ ရဲ့ PC Suit များ Driver များကို ထည့်သွင်းပေးထားပြီး Root လုပ်နိုင်ဖို့ Root Tools ကိုပါ ထည့်သွင်းပေးထားပါတယ်။ အားလုံးဟာ 3.12.2013 အတွက် UPDATE တွေဖြစ်ပါတယ်... စုစုပေါင်း Download ဆွဲရမယ့် ဆိုက်ကတော့ 348 MB ရှိပါတယ်။ ရန်ကုန်က လူတွေကတော့ ပန်းပဲတန်းမြို့နယ် မှာ ရှိတဲ့ မောင်သစ် ဆီမှာ လာယူနိုင်ပါတယ်... အင်တာနက်ကနေ Download ဆွဲမယ့်သူတွေအတွက် လွယ်ကူအောင်တော့ 100 MB ဖိုင်လေးတွေ အဖြစ် ၄ ဖိုင် ခွဲပြီး UPLOAD တင်ပေးထားပါတယ်... သုံးမယ့် User တွေလဲ အသုံးပြုရလွယ်အောင် Install လုပ်ဖို့ One Click နှိပ်ယုံဖြင့် Install တန်းလုပ်နိုင်မှာပါ။ အောက်ပါ Mediafire Link တွင် Download ဆွဲနိုင်ပါသည်။

PhotoInstrument 6.7 Build 676 Final


28 Nov 13, 10:42 PM
ရှမ်းလေး: အကိုရေအားတော့နာပါတယ်ဗျာphotoshpoe နဲ့မျက်နှာက အမည်းစက်တွေ ၀က်ချံတွေ မျက်နှာက်ုချောမွေ့သွားအောင် လုပ်နည်းလေးအချိန်ရရင်ပုံနှင့် အတူတင်ပေးပါလားခင်ဗျာ အကို့ရဲ့စိတ်ဓါတ်နဲ့ စေတနာကိုလေးစားလျက်ပါခင်ဗျာ
ဒီလို လုပ်နည်းကို Photoshop နဲ့ လုပ်တတ်အောင် နောက်ပိုင်း အချိန်ပေးနိုင်တဲ့ အခါကျမှ ကျနော် ပိုစ့်တင်ပေးပါအုန်းမည်..။ ဒီရက်ထဲတော့ မအားလပ်သေးတဲ့အတွက် Photoshop ဖက် မလှည့်နိုင်သေးပါ..။ မျက်နှာတပြင်လုံး ချောမွတ်သွားအောင် ဒီနေ့ဒီဆော့ဝဲလ်လေးနဲ့လည်း လုပ်ယူလို့ ရပါတယ်..။
ဒီကောင်လေးကတော့ မိမိတို့ရဲ့ ဓါတ်ပုံတွေကို ပြင်ဆင်ဖို့ အတွက် Tool လေးတွေ တော်တော်စုံတဲ့ ဆော့ဝဲလ်လေးပါ..။ မျက်နှာတပြင်လုံးကို ချောမွတ်နေအောင် ဖန်တီးယူလို့ ရပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ ထည့်ပေးထားတဲ့ patch ဖိုင်၂-ခု ထည့်ပေးထားပြီး မိမိတို့အတွက် အဆင်ပြေရာ patch တခုနဲ့သာ ဖူးသုံးလို့ရအောင် လုပ်ပေးရမှာပါ..။ ဆော့ဝဲလ်ကို Install ထည့်ပြီး၊ အရင်ပိုစ့်တွေအတိုင်း patch ဖိုင်နဲ့လည်း အသုံးပြုပြီးရင်တော့.. ဒီဆော့ဝဲလ်ကို ဖွင့်ပြီး၊ Notepad နဲ့ ထည့်ပေးထားတဲ့ ကီးတွေထဲက တခုကို Buy Now နေရာကနေ ကီးတွေနဲ့ မေးလ်လိပ်စာကို နောက်ထပ်ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အရင်ပိုစ့်မှာတော့ crack ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ပြီးသုံးရပါတယ်..။ Install ထည့်ပြီး၊ patch နဲ့ ကီးတွေထည့်ပြီးလို့ ဒီကောင်လေးကို ဖွင့်သုံးတဲ့အခါမှာ လေ့ကျင့်ခန်းလေးနဲ့ လိုအပ်ရင် လုပ်ပြခိုင်းလို့ ရပါတယ်..။ မလိုအပ်တော့ရင်တော့ ပိတ်ပစ်လိုက်ပါ..။ ဒီဓါတ်ပုံပြင်ဆင်တဲ့ ဆော့ဝဲလ်လေးကို အသုံးလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 6 MB ရှိပါတယ်..။ patch ဖိုင်လေးကို မဖြည်ခင် Antivirus ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေကို ပိတ်ထားပြီးမှ ဖိုင်ဖြည်ပါ..။ ဒါမှဒီကောင်လေးကို အသုံးပြုလို့ ရမှာပါ..။

Restore Point Creator 1.9.3 Final


25 Nov 13, 08:02 PM
ညီငယ်: One Click Restore Point ဆော့ဝဲလေးပြန်တသ်ပေးပါလားဗျာ
အရင်တုန်းက တင်ပေးခဲ့ဖူးတဲ့ One Click Restore Point ဆော့ဝဲလေးကို ပြန်ရှာလို့၊ ရှာမတွေ့တော့တဲ့ အတွက် ဒီကောင်လေးကို တင်ပေးလိုက်ပါတယ်..။ အရင်ကလည်း ဒီကောင်လေးကို တင်ပေးဖူးပါတယ်..။ အသုံးပြုရတာ လွယ်ကူပြီး ဖိုင်ဆိုဒ်လည်း သေးပါတယ်..။ မိမိတို့ စက်ထဲကို ဒီကောင်လေး Install ထည့်ပြီး အသုံးပြုရမှာပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး အသုံးပြုတတ်အောင်ကိုတော့ အရင်တုန်းက အသုံးပြုနည်းပိုစ့်မှာ ပြန်ကြည့်နိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 510 KB ပဲ ရှိပါတယ်..။

Windows 8 မှာ မရှိမဖြစ် ထည့်ပေးရမယ့် Net Framework 3.5 ကို Online-Offline ၂-နည်းဖြင့် Install ထည့်နည်း

ဒီလုပ်နည်းပိုစ့်ကို အရင်တုန်ုးကတည်းက တင်ပေးချင်ပေမယ့် Windows 8 ဘက် မလှည့်ဖြစ်ခဲ့..။ ပြီးခဲ့တဲ့ ရက်က ပိုစ့်တင်ပေးခဲ့တဲ့ DVD 5-disc နဲ့ Windows Image Backup ဖိုင် Restore ထည့်နည်း ပိုစ့်အတွက် ပုံတွေယူတော့မှ.. နောက်မှ တင်ထားတဲ့ Windows 8 က Boot နေရာမှာ ပျောက်သွားပြီး.. မပေါ်တော့မှပဲ ကျနော့်စက်မှာ Windows 8 ပြန်တင်ရင်းနဲ့ ဒီ Net Framework 3.5 ကို Offline/Online နှစ်နည်းစလုံးနဲ့ Install ထည့်တတ်အောင် ပိုစ့်တင်ပေးဖို့ စိတ်ကူး ပြန်ပေါ်ပါတော့တယ်..။ ဒါကြောင့် Windows 8 သုံးသူများအတွက် အင်တာနက် မရရှိတဲ့ နေရာမှာပါ Net Framework 3.5 ကို Offline အနေနဲ့ Install ထည့်သုံးလို့ရအောင် ဒီနေ့ ဒီပိုစ့်ကို တင်ပေးလိုက်ပါတယ်..။ မြန်မာပြည်သားတွေထဲမှာ Windows 8 အသုံးပြုသူ နည်းသေးသည် ထင်ပါသည်..။ ဒီနေ့အထိ ဒီ Net Framework 3.5 ကို Offline Install ထည့်နည်းပိုစ့် တင်ပေးဖို့ တောင်းတဲ့လူ မရှိသေးပါ..။ နောက်ပိုင်းမှာတော့ ဒီလုပ်နည်းက လိုအပ်လာတော့မည်မှာ သေချာပါသည်..။ အခုတော့ ကျနော့်စက်မှာ Windows 8 အသစ်တင်ပြီး၊ Net Framework 3.5 ကို Offline အနေနဲ့ပါ Install ထည့်၊စမ်းသပ်လို့ အဆင်ပြေတဲ့အတွက် ပုံတွေနဲ့ပါ ယူပြီး အောက်မှာ အစအဆုံး ပြပေးလိုက်ပါတယ်..။
ကျနော်တို့ Windows 8 အသုံးပြုသူများအတွက် ဝင်းဒိုးတင်ပြီးတာနဲ့ net framework 3.5 ကို မဖြစ်မနေ Install ထည့်ပေးရပါတယ်..။ အသစ်တင်ပြီးတဲ့ Windows 8 တွေမှာ net framework 3.5 ရှိမှသာ တခြား ဆော့ဝဲလ်တွေကို ကောင်းစွာအသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။  Windows 8 မှာ net framework 3.5 မရှိရင်တော့ တချို့ဆော့ဝဲလ်တွေကို အသုံးပြုလို့ မရနိုင်ပါဘူး..။ net framework 3.5 ကို အင်တာနက် ရှိနေတဲ့ နေရာတွေမှာ ဒေါင်းယူ Install ထည့်ပေးဖို့ လွယ်ကူပေမယ့်၊ အင်တာနက် မရှိတဲ့ နေရာတွေမှာဆိုရင်တော့ အတော်လေး အခက်အခဲဖြစ်ပါတယ်..။ Windows 8 အတွက် net framework 3.5 ကို Install ထည့်လို့ ရတဲ့ နည်းတွေ အတော်များများရှိတဲ့ထဲက ကျနော် စမ်းသုံးလို့ အဆင်ပြေသွားတဲ့ လုပ်နည်း ၂-နည်းကို အခုဒီပိုစ့်မှာ ဖေါ်ပြပေးထားပါတယ်..။ အင်တာနက်မရှိတဲ့ နေရာတွေမှာ net framework 3.5 ကို ဘယ်လို Install ထည့်ရင် ရနိုင်မလဲဆိုတော့.. ပထမတစ်နည်းက Offline အနေနဲ့ Install ထည့်လို့ ရတဲ့နည်း ၂-နည်းထဲက လွယ်ကူတဲ့ နည်းကို ကျနော် ဖေါ်ပြပေးလိုက်ပါတယ်..။ ဒုတိယနည်းကတော့ ဝင်းဒိုးတင်ပြီးပြီးချင်း Windows 8 ရဲ့ Control Panel ထဲမှာ သွားပြောင်းပေးပြီး အင်တာနက်နဲ့ Online Install ထည့်နည်းပဲ ဖြစ်ပါတယ်..။
အခု ဒီပိုစ့်မှာ အရင်လုပ်ပြပေးထားတဲ့ Offline Install ထည့်နည်းကို အသုံးပြုမယ်ဆိုရင်တော့ မိမိတို့ရဲ့ ဝင်းဒိုးတင်ထားခဲ့ပြီးတဲ့ Windows 8 DVD အခွေ လိုအပ်မှာ ဖြစ်ပြီး.. 32-64 bit တွေ ပေါင်းထည့်ထားတဲ့ 2in1 / 4in1 / 8in1 / 16in1 စတဲ့ အခွေတွေနဲ့ အသုံးပြုလို့ မရနိုင်ပါဘူး..။ 32-bit or 64-bit တမျိုးတည်းသာ ထည့်ထားတဲ့၊ မိမိတို့ ဝင်းဒိုးတင်လိုက်တဲ့ Windows 8 DVD အခွေနဲ့သာ အသုံးပြုလို့ အဆင်ပြေမှာပဲ ဖြစ်ပါတယ်..။ အစအဆုံး လုပ်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ 

မိမိတို့ရဲ့ Blog မှာ လာရောက်လည်ပါတ်နေတဲ့ Readers တွေရဲ့ နိုင်ငံနဲ့ နေရာဒေသတွေကို ဖေါ်ပြပေးမယ့် Feedjit (Live Traffic Feed) ထည့်နည်း

25 Nov 13, 08:42 PM
thuya zaw: ဆရာခင်ဗျာ အောက်မှာရှိတဲ့ (ဘယ်နိုင်ငံ၊ဘယ်ဒေသက ရောက်လာတာလဲ) ဆိုတာကို လုပ်တက်ချင်ပါတယ် အားမယ်ဆိုရင် သင်ပေးစေချင်ပါတယ်
ဒီပိုစ့်ကို တင်ပေးဖို့ ပြင်ဆင်ထားခဲ့တာ ဒီအပေါ်က မေးခွန်းလေးကို တွေ့ပြီး နောက်နေ့ကတည်းကပါ..။ ဒီနေ့မှပဲ တင်ပေးဖြစ်ပါတယ်..။ Blogger တွေအတွက် မိမိတို့ရဲ့ Blog မှာ လာရောက်လည်ပါတ်နေတဲ့ Readers တွေရဲ့ နိုင်ငံနဲ့ နေရာဒေသတွေကို ဖေါ်ပြပေးမယ့် Feedjit (Live Traffic Feed) ထည့်ထားရင် သိပ်မကြာခင်က လည်ပါတ်သွားတဲ့ Reader တွေကို ကျနော့် Blog က ပုံလေးအတိုင်း မြင်ရမှာပဲ ဖြစ်ပါတယ်..။ လုပ်နည်းကတော့ လွယ်ပါတယ်..။ အောက်ကပုံလေးအတိုင်း မျှားပြထားတဲ့ နေရာကို ကလစ်ပြီး ဝင်သွားလိုက်ရင် Feedjit ဆိုဒ်ကို ရောက်ပါတယ်..။ ဒီလင့်ကနေ ဝင်သွားလို့လည်း ရပါတယ်..။ http://feedjit.com/?utm_source=ltf&utm_medium=web&utm_campaign=ltfCampaign အစအဆုံး လုပ်တတ်အောင်လို့ အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ ပိုစ့်ရဲ့ အောက်ပိုင်းမှာ ဆက်ကြည့်လိုက်ပါဗျာ...။
Related Posts Plugin for WordPress, Blogger...