ဓါတ်ပုံတွေကို ပြင်ဆင်ချင်တဲ့သူများအတွက် Photoscape Software


 ဒီကောင်လေးကတော့ မိမိတို့ရဲ့ ဓါတ်ပုံတွေကို ပြင်ဆင်တဲ့နေရာမှာ အသုံးဝင်ပါတယ်.. ဓါတ်ပုံတွေနဲ့ ပါတ်သက်တဲ့ လုပ်နည်းကိုင်နည်းလေးတွေနဲ့ ဆော့ဝဲလ်လေးတွေပါ တခါတည်းတင်ထားပေးချင်တာနဲ့ ဒီဆော့ဝဲလ်လေးကို သုံးနည်းလေးပါ အောက်မှာပုံလေးတွေနဲ့ အနည်းငယ်ရှင်းပြပေးလိုက်ပါတယ်..။ Screen Capture ဖမ်းချင်တဲ့သူများအတွက်လည်း ဒီကောင်လေးက အဆင်ပြေပါတယ်..။ free software လေးပါ..။ ဘာကီးမှ မလိုပါဘူး..။ မိမိတို့ရဲ့စက်ထဲကို Install ဆွဲထည့်ပြီး တာနဲ့ သုံးလို့ရပါပြီ... ဖိုင်ဆိုဒ်ကတော့ 16.36 MB ရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်မှာ ယူသွားလိုက်ပါဗျာ..

Photoshine Software ... ဓါတ်ပုံတွေကို ဘက်ဂရောင်း လှလှလေးတွေနဲ့ သုံးချင်သူများအတွက်


ဒီဆော့ဝဲလ်လေးကတော့ မိမိတို့ရဲ့ပုံတွေကို အလှဆုံးဖြစ်အောင် ဖန်းတီးပေးနိုင်ပါတယ်..။ ဖရိန်လှလှလေးတွေလည်း တော်တော်များများပါပါတယ်..။ အောက်မှာတော့ ကျနော်ပုံလေးတွေ အစမ်းထည့်ပြထားပါတယ်..။ သုံးရတာလည်းလွယ်ပါတယ်..။ ကျန်ခဲ့တဲ့ နှစ်ပါတ်ကျော်လောက်က CBox မှာအစ်ကိုတစ်ယောက်တောင်းထားလို့ လိုက်ရှာရင်းနဲ့ နောက်ထပ်လိုချင်တဲ့သူများလည်း သုံးလို့ရအောင် တင်ပေးလိုက်ပါတယ်..။ အစောပိုင်း ရက်တွေကတည်းက တင်ပေးဖို့ပါပဲ.. သူ့ရဲ့ စီရီရယ်ကီးကို လိုက်ရှာရင်းနဲ့ ကြာသွားပါတယ်..။ ဒီနေ့တော့ သူ့ကီးလေး အမှန်ရသွားပါပြီ..။ ဒါကြောင့် ကီးထည့်ပုံလေးကိုလည်း ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 29.59 MB ရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကအဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါဗျာ..

Photoshop ဖြင့်အင်္ကျီအရောင် ပြောင်းခြင်း


ဒီနည်းလေးက အင်္ကျီတွေမှ မဟုတ်ပါဘူး..။ ဘယ်ဟာကိုပဲဖြစ်ဖြစ် အရောင်ပြောင်းလို့ ရပါတယ်..။ မနေ့က တင်လိုက်တဲ့ ပိုစ့်လိုပဲ အရင်တုန်းက ဝဘ်ဆိုဒ်တခုမှာ တွေ့ခဲ့ဖူးတဲ့ နည်းလေးပါ..။ အခုတော့ အဲဒီဆိုဒ်မှာ ပြန်ရှာမတွေ့တော့လို့ ကျနော့်ဆိုဒ်မှာ ကျနော်နားလည်သလို ပြန်လည်ရှင်းပြပြီး တင်ပေးလိုက်ပါတယ်..။ အခြေခံပိုင်းလည်းဖြစ်၊ မသိသေးတဲ့သူများအတွက် အရမ်းကိုတန်ဖိုးရှိတဲ့ နည်းလေးတွေမို့လို့ပါ..။ အခုဒီနည်းလေးက နည်းနည်းလွယ်ပါတယ်..။ အင်္ကျီတွေကို အရောင်မျိုးစုံ ပြောင်းလို့ရတဲ့အတွက် အားလုံးပဲ သဘောကျကျမယ်လို့ ထင်ပါတယ်..။ လုပ်နည်းလေးကိုအောက်မှာ ပုံလေးတွေနဲ့ ပြထားပေးပါတယ်..။ တဆင့်ချင်း သင်သွားရင် အမြန်တတ်သွားမှာပါ..။

Photoshop ဖြင့် ပါတ်စပို့ပုံရှစ်ပုံ ဖန်တီးခြင်း


ဒီနည်းလေးကို ကျနော်သဘောကျလို့ တင်ပေးလိုက်တာပါ..။ အရင်တုန်းက ဝဘ်ဆိုဒ်တစ်ခုမှာ ဒီလိုပါတ်စပို့ပုံ လုပ်နည်းလေး ရှိခဲ့ဖူးပါတယ်..။ အခုအဲဒီဆိုဒ်က ပြန်ပြင်နေတာ အတော်ကြာနေပါပြီ..။ ဒီနည်းလေးကိုလည်း ကျနော်ဒီစာရေးတဲ့အချိန်ထိ အဲဒီဆိုဒ်မှာ ပြန်ရှာလို့ မတွေ့သေးပါဘူး..။ ဒါကြောင့် ဒီနည်းလေးကို ကျနော်နားလည်သလို ပြန်ပြီးရှင်းပြရင်းနဲ့ တန်ဖိုးရှိတဲ့ နည်းလမ်းလေးတွေ ပျောက်ကွယ်မသွားအောင် ကျနော့်ဆိုဒ်မှာ တင်ပေးလိုက်ပါတယ်..။ လုပ်နည်းတော့ နည်းနည်းရှုပ်ပါတယ်..။ တဆင့်ချင်းစီ ကြည့်သွားလိုက်ရင်တော့ တတ်သွားမှာပါ..။

free account for Apple ID... Apple အကောင့် ဖရီး ဖွင့်ချင်သူများအတွက် ပြန်လည်မျှဝေပါသည်..။ Posted by; ဦးတေဇ



ဒီပိုစ့်လေးကတော့ ကျနော်ရေးတာမဟုတ်ပါဘူ..။ ကျနော့်ရဲ့ဆရာ ဘုန်းကြီးရေးပေးတဲ့ပိုစ့်လေးပါ..။ ကျန်ခဲ့တဲ့ နှစ်ပါတ်လောက်က ဘုန်းကြီးကျောင်း ရောက်တုန်း ဆရာတော်ဆီမှာ ကျနော့်ဝဘ်ဆိုဒ်အတွက် စာတွေရေးပေးဖို့ တောင်းခံခဲ့ပါတယ်..။ ကျနော်ဝဘ်ဆိုဒ် ရေးနေတဲ့အကြောင်း ပြောပြတော့ ဘုန်းကြီးကဝမ်းပန်းတသာနဲ့ အားပေးပါတယ်..။ အမြဲတမ်း ရေးနိုင်သလောက် ရေးဖို့နဲ့ ကိုယ်တတ်နိုင်သလောက် နည်းပညာတွေပြန်လည်မျှဝေပေးဖို့ ကျနော့်ကိုတိုက်တွန်းပါတယ်...။ ဒါနဲ့ပဲ ဆရာတော်ဘုန်းကြီးကို ကျနော့်ဆိုဒ်မှာ အားပြည့်ရေးပေးဖို့ တောင်းခံခဲ့ပြီ.. ဒီနေ့တော့ ဒီပိုစ့်လေးကို ကျနော်ဝဘ်ဆိုဒ်မှာ တင်ဖို့အတွက် ဆရာတော်က ပေးသနားခဲ့ပါတယ်..။

Mozilla Firefox နှင့် သိသင့်စရာလေးများ


Mozilla Firefox အသုံးပြုသူများအတွက် သိသင့်သိထိုက်တာလေးတွေကို ပြောပြချင်ပါတယ်..။ ကိုယ်ပိုင်စက်ရှိတဲ့ သူများကလည်း မိမိတို့ရဲ့အကောင့်တွေကို တခြား စက်ငှါးကြည့်တဲ့ လူများ အလွယ်တကူ ဖွင့်မကြည့်နိုင်အောင် ဒီနည်းလေးနဲ့ ကာကွယ်ထားသင့်ပါတယ်..။ အင်တာနက်ဆိုင်မှာ အသုံးပြုသူများအတွက်ကတော့ ဒီနည်းလမ်းလေးက မသိမဖြစ် တတ်အောင်သင်ထားသင့်တဲ့ နည်းလမ်းလေးတစ်ခုပါပဲ..။ ဘာလို့လဲဆိုတော့ ဒီနည်းလမ်းအတိုင်းမလုပ်ရင် မိမိတို့ ဖွင့်သုံးခဲ့တဲ့ အကောင့်တွေအားလုံးဟာ၊ ဝဘ်ဆိုဒ်တွေအားလုံးဟာ အင်တာနက်ဆိုင်က Mozilla Firefox ထဲမှာကျန်နေနိုင်ပါတယ်..။ ကိုယ့်နေရာမှာ နောက်လူဝင်ထိုင်ကြည့်လိုက်တာနဲ့ မိမိတို့ကြည့်ခဲ့တဲ့ ဝဘ်ဆိုဒ်တွေ ၊ မိမိတို့ရဲ့ အကောင့်တွေအားလုံးဟာ နောက်လူဆီကို ရောက်သွားပါလိမ့်မယ်..။

အထွေထွေ Taskbar အသုံးပြုပုံ(နှစ်) (ပိတ်မရတဲ့ဆော့ဝဲလ်များ ရအောင်ပိတ်နည်း)


ဒီတခါတော့ Taskbar ကနေ ပိတ်မရတဲ့ ဆော့ဝဲလ်တွေကို ရအောင်ပိတ်နည်းလေး ပြောပြပါ့မယ်..။ တခါတလေ ဆော့ဝဲလ်တွေ ကြောင်တဲ့အခါ၊ ဒါမှမဟုတ် စက်ကြောင်တဲ့အခါ မိမိတို့ဖွင့်ထားတဲ့ ဆော့ဝဲဝင်းဒိုးဟာ အဖြူရောင်ဖြစ်သွားပြီး.. မောက်စ်ကလည်း အဲဒီဝင်းဒိုးပေါ်မှာ အလုံးလေးဖြစ်ပြီး လည်နေပါလိမ့်မယ်..။ သုံးမရမယ့်အတူတူ ပိတ်ချင်တော့လည်း ပိတ်မရ၊ တခါတလေ close program လို့စာတန်းပေါ်ပေမယ့်လည်း နှိပ်လိုက်ပြန်တော့ ဆော့ဝဲလ်က ရှိမြဲရှိဆဲ၊ ဘယ်လိုပဲ ဖျက်ဖျက်ပိတ်လို့ကိုမရတဲ့အခါမျိုး ကြုံလာတဲ့အခါ အခုကျနော်ပြောပြမယ့် နည်းလေးနဲ့ ပိတ်လိုက်ပါ..။ တနည်းမဟုတ်တနည်းနဲ့ အဆင်ပြေသွားပါလိမ့်မယ်..။

Error တွေနဲ့ Bed sector တွေကိုစစ်ပေးမယ့် Disk Defragmenter


ကျနော်တို့ နေ့စဉ်သုံးနေတဲ့ ကွန်ပျူတာတွေမှာ ဖယိုဖရဲဖြစ်နေတဲ့ ဖိုင်တွေ၊ Error တွေနဲ့ Bed sector တွေဟာ အမြဲတမ်းဖြစ်ပေါ်နေပါတယ်..။ ဆော့ဝဲလ်တွေ သွင်းတာ ၊ ထုတ်တာ ၊ သွင်းပြီးသားဆော့ဝဲလ်တွေကို ဖွင့်ပြီးသုံးတဲ့အခါတွေမှာ  Error တွေနဲ့ Bed sector တွေဖြစ်ပေါ်တတ်ပါတယ်..။ ဒါမျိုးတွေဖြစ်ပေါ်တာ များလာတဲ့အခါ မိမိတို့ စက်ဟာ လေးလာ၊ ကြောင်လာ တော့ပါတယ်...။ ရှေ့ကိုလည်းတော်တော်နဲ့ မတက်၊ နောက်ပြန်ဆုတ်ဖို့လည်း မလွယ်တော့ပါဘူး...။ ဒီလိုမျိုးစက်လေးတာကို ကြုံဖူးကြမယ်ထင်ပါတယ်...။

Google Chrome 18.0.1025.58 beta (Latest Version)

ဒီကောင်လေးကတော့ latest version လေးပါ..။ အရင်version တွေမှာမြန်မာဖောင့် အဆင်မပြေဖြစ်ခဲ့ပေမယ့် ဒီversion မှာတော့ အားလုံးနီးပါး အဆင်ပြေပါတယ်..။ ဒီ Version ကိုမထည့်ခင် အရင်Version အဟောင်းတွေကို ထုတ်ပစ်ပြီးမှ ထည့်လို့ရပါမယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်မှာ ယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 25.17 MB ရှိပါတယ်..။

Version အသစ်ထွက်လာတဲ့ Google Chrome 17.0.963.79 Free Download


ဒီကောင်လေးကတော့ Version အသစ်ထွက်တာ သိပ်မကြာသေးပါဘူး..။ ကျနော်အစောကြီးကတည်းက တင်ပေးမလို့ပါပဲ..။ အလှည့်မရောက်တာပါ..။ ဒီတခါ ဒီဗားရှင်းလေးက ဘာတွေပိုကောင်းလာလဲ ဆိုတော့ ကျနော်တို့ မြန်မာ ဝဘ်ဆိုဒ်တွေတက်ကြည့်တဲ့အခါ မြန်မာစာအားလုံး ဖတ်လို့ရသွားပါပြီ..။ အားနည်းချက်တစ်ခုကတော့ Gmail စာမျက်နှာမှာ မြန်မာစာရိုက်လို့ မရသေးပါဘူး..။ လေးထောင့်ကွက်လေးတွေပဲ ပေါ်ပါတယ်..။ Notepad မှာမြန်မာစာရိုက်ပြီး copy - paste နဲ့ ထည့်ရင်တော့ အဆင်ပြေပါတယ်..။

Gmail မှာ Label ခွဲပြီး စာတွေသိမ်းနည်း


ဒီတခါတော့ Gmail မှာ Label လေးတွေခွဲပြီး ဝင်လာတဲ့ စာများကို ခွဲသိမ်းလို့ ရမယ့်နည်းလေးကို ပြောပြချင်ပါတယ်..။ ဘာလို့လည်းဆိုတော့ ကျနော်တို့ ရယ်ဂျစ်စတာ လုပ်လိုက်လို့  ကျနော်တို့ရဲ့ မေးလ်ထဲကို တနေ့တနေ့ ဝင်လာတဲ့စာတွေကလည်း မနည်းပါဘူး..။ အဲဒီဝင်လာတဲ့ စာတွေကို လေဘယ်လေးတွေခွဲပြီး တစ်နေရာစီ စုပေးလိုက်ရင် Inbox ထဲကိုမဝင်တော့တဲ့အတွက် မျက်စိရှုပ်သက်သာသလို ကြည့်ရတာလည်း အဆင်ပြေသွားပါမယ်..။ သူ့နာမည်နဲ့သူ လေဘယ်လေးတွေ ခွဲပေးလိုက်တဲ့အတွက် မဖတ်နိုင်ရင်တောင် ဖျက်ချင်ရင် ဖျက်ရတာလည်း လွယ်သွားမယ်..။

Windows ထဲမှာပါတဲ့ Disk Cleanup ဖြင့် အမှိုက်များရှင်းနည်း


 ကွန်ပျူတာတလုံးကို သန့်ရှင်းရေးလုပ်တဲ့ အခါမှာ ဒီ Disk Cleanup Tool လေးကိုလည်း မသုံးလို့ မဖြစ်ပါဘူး..။ ဒီကောင်လေးက စက်ထဲမှာရှိတဲ့ အမှိုက်တွေနဲ့ ဖရီးစပေ့(Free Space)တွေကို ရှင်းလင်းပေးတဲ့ နေရာမှာ ထိရောက်လှပါတယ်..။ အသုံးပြုနည်းကလည်း သိပ်မခက်ပါဘူ..။ ဒီ Tool လေးကို အရင်ဆုံး မိမိတို့ရဲ့ Desktop မှာ ရှော့ကပ်ပုံလေးအရင်ပေါ်အောင် လုပ်လိုက်ပါ..။ တခါဖွင့်ရုံနဲ့ မပြီးပါဘူး..။ နောက်တခါထပ်ဖွင့်ရမှာ မို့ပါ..။ ပုံမှာပြထားပါတယ်..။

အထွေထွေ Taskbar အသုံးပြုပုံ (တစ်)


ဒီ Teskbar လေးကအသုံးပြုရတာ လွယ်ပေမယ့် များသောအားဖြင့် သတိမထားမိကြပါဘူး..။ ဒါကြောင့်လည်း Taskbar ဘေးရောက်လိုက်၊ အပေါ်ရောက်လိုက် ဖြစ်လို့ ကျနော့်ဆီရောက်လာတဲ့ သူငယ်ချင်းတွေလည်း သုံးလေးယောက်လောက် ရှိခဲ့ပါတယ်..။ Taskbar ကိုအောက်ပြန်ချပေးဖို့ပါ..။ ဒါကြောင့် ကျနော့်သူငယ်ချင်းတွေလို Taskbar အသုံးပြုနည်း မသိသေးတဲ့သူများပါ သုံးတတ်အောင်လို့ Taskbar အသုံးပြုနည်းကို ပိုစ့်ရှည်မှာစိုး၍ နှစ်ပိုင်းခွဲပြီး တင်ပေးပါ့မယ်..။ ဒါကတော့ ပထမပိုင်းပါ..။

gtalk သုံး၊လေးခု ပွါးလို့ရတဲ့ ဆော့ဝဲလ်တင်ပေးလိုက်ပါပြီ


မနေ့က Cbox မှာ အစ်ကိုဝင်းရခိုင် တောင်းထားလို့ အခုတင်ပေးလိုက်ပါပြီ...။ Version အဟောင်းလေးဆိုပေမယ့် သုံးရတာအဆင်ပြေလှပါတယ်..။ မသိသေးတဲ့ သူများလည်း သုံးတတ်အောင် အောက်မှာ ပုံလေးပါ ထပ်ပြပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်မှာ ယူသွားလိုက်ပါဗျာ...။ Download gtalk_setup 

မလုပ်မဖြစ် လုပ်ဆောင်ပေးရမည့် System Rating


ဒီ System Rating ကတော့ ဘယ်စက်မှာပဲဖြစ်ဖြစ် လုပ်ဆောင်ပေးရမယ့် အလုပ်တစ်ခုပါ..။ ဝင်းဒိုးအသစ်တင်ပြီးတဲ့ အခါမှာပဲဖြစ်ဖြစ်၊ ဝင်းဒိုး Upgrade ပြောင်းလိုက်တဲ့အခါမှာပဲ ဖြစ်ဖြစ် ဒီအဆင့်ကို ပြုလုပ်ပေးရမှာပါ..။ ဒါမှသာ ဝင်းဒိုးထဲမှာရှိတဲ့ System အားလုံး အလုပ်လုပ်မှာဖြစ်ပါတယ်..။ System Rate ကိုအမြဲ(ခဏခဏ)လုပ်ပေးဖို့လည်း မလိုပါဘူး..။ တစ်ခါလုပ်ပေးပြီးရင်ရပါပြီ..။ တခါတရံမှာ ဝင်းဒိုးအသုံးပြုတာ ကြာလာရင်လည်း System Rate မှာ Refresh ဆိုတဲ့စာတန်းပေါ်နေရင် အဲဒီ Refresh ကိုနှိပ်ပြီး System Rating ကိုပြန်လည်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်..။ ဒါကြာင့် System Rate ကလည်း မဖြစ်နေပြုလုပ်ပေးရမယ့် အဆင့်တွေထဲက တခုပါပဲ..။

အန်းဂရီးဘတ် ပေါတေးဘဲလ် ဂိမ်း(3)


ဒီနေ့တော့ ဂိမ်းလေးတွေတင်ပေးဖို့ စိတ်ကူးပေါ်တာနဲ့ ကျနော့်ဆီမှာရှိတဲ့ ဂိမ်းလေးတွေတင်ပေးလိုက်ပါတယ်..။ ဒီဂိမ်းလေးတွေက ကလေး၊လူကြီး ကြိုက်ကြတဲ့ဂိမ်းလေးတွေပါ..။ ဂိမ်းနာမည်ကိုတော့ အပ်ါပုံမှာရေးထားပါတယ်..။ ကျနော်ဒီမှာ ရေးမပြတော့ပါဘူ...။ ဘာလို့လဲဆိုတော့ ဒီဂိမ်းလေးတွေက ဖရီးပေးထားတာမဟုတ်ပါဘူး..။ ဒါကြောင့် ဂိမ်းနာမည်ပါ ထည့်ရေးပြလိုက်ရင် ဒေါင်းလော့ချလို့ရတဲ့ လင့်တွေအမြန် အဖျက်ခံရမှာ စိုးလို့ပါ..။ ဂိမ်းနာမည်တွေကိုလည်း နံပါတ်တွေနဲ့ အက္ခရာအတိုကောက်တွေပဲ ပေးထားပါတယ်..။

အန်းဂရီးဘတ် စီဇင် ပေါတေးဘဲလ် ဂိမ်း(2)


ဒီနေ့တော့ ဂိမ်းလေးတွေတင်ပေးဖို့ စိတ်ကူးပေါ်တာနဲ့ ကျနော့်ဆီမှာရှိတဲ့ ဂိမ်းလေးတွေတင်ပေးလိုက်ပါတယ်..။ ဒီဂိမ်းလေးတွေက ကလေး၊လူကြီး ကြိုက်ကြတဲ့ဂိမ်းလေးတွေပါ..။ ဂိမ်းနာမည်ကိုတော့ အပ်ါပုံမှာရေးထားပါတယ်..။ ကျနော်ဒီမှာ ရေးမပြတော့ပါဘူ...။ ဘာလို့လဲဆိုတော့ ဒီဂိမ်းလေးတွေက ဖရီးပေးထားတာမဟုတ်ပါဘူး..။ ဒါကြောင့် ဂိမ်းနာမည်ပါ ထည့်ရေးပြလိုက်ရင် ဒေါင်းလော့ချလို့ရတဲ့ လင့်တွေအမြန် အဖျက်ခံရမှာ စိုးလို့ပါ..။ ဂိမ်းနာမည်တွေကိုလည်း နံပါတ်တွေနဲ့ အက္ခရာအတိုကောက်တွေပဲ ပေးထားပါတယ်..။

အန်းဂရီးဘတ် ရီယို ပေါတေးဘဲလ် ဂိမ်း(1)


ဒီနေ့တော့ ဂိမ်းလေးတွေတင်ပေးဖို့ စိတ်ကူးပေါ်တာနဲ့ ကျနော့်ဆီမှာရှိတဲ့ ဂိမ်းလေးတွေတင်ပေးလိုက်ပါတယ်..။ ဒီဂိမ်းလေးတွေက ကလေး၊လူကြီး ကြိုက်ကြတဲ့ဂိမ်းလေးတွေပါ..။ ဂိမ်းနာမည်ကိုတော့ အပ်ါပုံမှာရေးထားပါတယ်..။ ကျနော်ဒီမှာ ရေးမပြတော့ပါဘူ...။ ဘာလို့လဲဆိုတော့ ဒီဂိမ်းလေးတွေက ဖရီးပေးထားတာမဟုတ်ပါဘူး..။ ဒါကြောင့် ဂိမ်းနာမည်ပါ ထည့်ရေးပြလိုက်ရင် ဒေါင်းလော့ချလို့ရတဲ့ လင့်တွေအမြန် အဖျက်ခံရမှာ စိုးလို့ပါ..။ ဂိမ်းနာမည်တွေကိုလည်း နံပါတ်တွေနဲ့ အက္ခရာအတိုကောက်တွေပဲ ပေးထားပါတယ်..။

You Tube မှသီချင်းများ (သို့) DVD ခွေမှသီချင်းများ Hand Phone ထဲသို့ ထည့်နည်း


(Computer နှင့် Phone ဂျွိုင်းရန် Bluetooth (or) Card Reader ရှိဖို့လိုပါတယ်..)
ကျနော်ဒီပိုစ့်လေးကို တင်ပေးချင်နေတာ တော်တော်ကြာပြီဗျ.. အခုတလော Connection ကလည်းသိပ်မကောင်း၊ ဒီ Format Factory ဆော့ဝဲကိုလည်း လိုင်းပေါ်မှာ ပြန်ရှာမရ ဖြစ်နေတာနဲ့ ကြာသွားပါတယ်..။ အခုတလော ထုတ်ပြန်လိုက်တဲ့ အွန်လိုင်းပေါ်လစီ သစ်ကြောင့်ထင်ပါတယ်.. အရင်ဒေါင်းလို့ ရတဲ့ ဖရီးဆော့ဝဲအားလုံး တခုမှ ရှာဒေါင်းလို့မရတော့ဘူး..။ ဒါနဲ့ ကျနော့်မှာရှိပြီးသား ဆော့ဝဲလ်တွေထဲက ပြန်ရှာရတာပေါ့.. တော်သေးတယ် ပြန်တွေ့လို့.. အခုတော့ မရှိသေးတဲ့သူများလည်း သုံးလို့ရအောင်၊ Upload တင်ပြီး ဒေါင်းလော့ချလို့ရမယ့် လင့်လေးတွေပြန်ရှယ်ပေးလိုက်ပါတယ်..။

Photoshop ဖြင့်စာရွက်စာတမ်းများ ဖြတ်ကပ်ပြုလုပ်ခြင်း

 Photoshop နဲ့ စာရွက်စာတန်းတွေ ဖြတ်ကပ်လုပ်တာလေး ပြောပြချင်လို့ပါ..။ နိုင်ငံခြားရောက်နေတဲ့ လူတွေအတွက် ဒီလိုနည်းလေးတွေလည်း တတ်ထားသင့်ပါတယ်..။ Photoshop ကိုလုံးဝမသုံးတတ်သေးတဲ့ သူများပါ နဲနဲချင်း လုပ်တတ်လာအောင်လို့ Photoshop လေ့ကျင့်ခန်းလေးတွေကိုလည်း အလျှင်းသင့်သလို ဖေါ်ပြပေးသွားပါမယ်..။ အခုဒီနည်းလေးကို ဘာလို့ဖေါ်ပြရလည်းဆိုတော့ ကျနော်ရဲ့သူငယ်ချင်း တယောက်က ပါတ်စပို့စာအုပ်လုပ်ချင်တယ်..။

Blogger များအတွက် HTML


ဒီတခါတော့ Blogger မိတ်ဆွေများအတွက် ဘလော့နှင့်ပါတ်သက်တာလေးတွေ တင်ထားပေးချင်ပါတယ်..။ ကျနော့်ဘလောဆိုဒ် နေရာလေးကနေ ဘလော့နှင့်ပါတ်သက်တာ အားလုံးကို ရှာဖွေနိုင်အောင် တနေရာတည်း၊ တစုတစည်းတည်း ရှာဖွေရလွယ်အောင် ဖေါ်ပြပေးချင်တဲ့ ရည်ရွယ်ချက်လေးပါပဲ..။

Windows7 Version အနိမ့်ကနေ Version အမြင့်ကိုပြောင်းချင်တဲ့သူများအတွက်


windows7 Version အနိမ့်ကနေ Version အမြင့်ကိုပြောင်းချင်တဲ့သူများ ဒီအောက်ကကီးများကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်..။ Windows7 Starter ကနေဆို ဘယ် Version ကိုဖြစ်ဖြစ် ပြောင်းလို့ရပါတယ်..။ Windows7 Home Premium ကနေဆိုရင်တော့ Professional နဲ့ Ultimate ကိုပဲပြောင်းလို့ရမှာဖြစ်ပြီ... Windows7 Professional ကနေဆိုရင်တော့ Ultimate တစ်ခုကိုပဲ ပြောင်းလို့ရမှာဖြစ်ပါတယ်..။

Snipping Tool နဲ့ Desktop မှာ ဓါတ်ပုံရိုက်ကြည့်မယ်


ဒီနေ့တော့ Windows ထဲမှာပါတဲ့ Snipping Tool သုံးပုံလေး တင်ပြပေးလိုက်ပါတယ်..။ Snipping Tool ကိုဓါတ်ပုံရိုက်ဖို့အတွက် သုံးပါတယ်..။ ဘယ်လိုဓါတ်ပုံရိုက်လည်းဆိုတော့ .. Desktop မှာမြင်နေရတဲ့ မိမိတို့ အလုပ်လုပ်နေတဲ့ ပုံတွေ၊ စာတွေ... အင်တာနက်မှာ မြင်နေရတဲ့ ပုံတွေ ၊ စာတွေ အားလုံးကို ဒီ Snipping Tool လေးကိုဖွင့်ပြီး ဓါတ်ပုံရိုက်ယူလို့ရပါတယ်..။ Screen အပြည့်ရိုက်ယူလို့ ရသလို တဝက်၊ တပိုင်းပဲလည်း ရိုက်ယူလို့ရပါတယ်..။ ဓါတ်ပုံရိုက်တယ်ဆိုပေမယ့် အမှန်တော့ ဒီတူးလေးနဲ့ ဖြတ်ယူလိုက်တာပါ..။

Computer ကိုလေးစေသည့် Windows logs များရှင်းနည်း


ကျနော်တို့ရဲ့ ကွန်ပျူတာမှာ Windows logs များကိုရှင်းပေးဖို့လည်း လိုအပ်ပါတယ်..။ Windows logs များလာရင် စက်ကိုလေးစေပါတယ်..။ ကွန်ပျူတာရဲ့ မောက်စ့်ကို တခါတောက်တိုင်း ကွန်ပျူတာရဲ့ ဦးနှောက်ဟာ တခါလိုက်မှတ်ထားပေးပါတယ်..။ နောက်ပြီး Windows Error တွေနဲ့ ဆော့ဝဲလ် Error တွေအားလုံးကို ကွန်ပျူတာရဲ့ ဦးနှောက်က လိုက်မှတ်ထားပေးပါတယ်..။

Mozilla Firefox နဲ့ You Tube ကသီချင်းတွေကို ဒေါင်းလော့ချနည်း

 

Mozilla နဲ့ Youtube သီချင်းတွေကို ဒေါင်းလော့ချချင်ရင်တော့ ဒီနည်းလေးကလည်း အဆင်ပြေပါတယ်...။ မိုဇီလာမှာ အင်တာနက်ဒေါင်းလော့မန်နေဂျာ အလုပ်မလုပ်တော့ဘူးဆိုရင် ဒီနည်းကို သုံးကြပါတယ်...။ အရင်ဆုံး မိုဇီလာမှာ Video DownloadHelper Add-on လေးကိုထည့်ပါမယ်..။ လုပ်နည်းလေးကလည်း လွယ်ပါတယ်..။ မိမိတို့ရဲ့ မိုဇီလာမှာ Add-ons မရှိသေးရင်တော့ ဒီနေရာမှာ ယူထားလိုက်ပါ..။  Add-ons ထည့်နည်းကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ.. ဆက်ကြည့်လိုက်ပါဗျာ..

Mozilla Firefox ရဲ့ Speed ကိုမြန်စေမယ့် နည်းလမ်းများ



သူငယ်ချင်းများရဲ့ တောင်းဆိုမှုအရ Mozilla Firefox ကို မြန်စေမယ့် နည်းလမ်းများကို လိုက်ရှာပါတယ်..။ အရင်တုန်းကတော့ ဝက်ဘ်ဆိုဒ်တစ်ခုမှာ ဖတ်ဖူးပါတယ်..။ အခုပြန်ရှာတော့ ဘယ်ဆိုဒ်မှန်း မမှတ်မိတော့ပါ..။ နေမင်းမောင်ဆိုဒ်ထဲမှာတော့ ရှိတယ်..။ မကြာသေးခင်ကမှ ဖတ်ကြည့်မိတာ ဆိုတော့ သိပ်မရှာလိုက်ရဘူး...။ ပြန်တွေ့တယ်..။ သူ့နည်းလေးသုံးကြည့်လိုက်တော့ မဆိုးဘူး..။ Mozilla တော်တော်မြန်လာတယ်..။ သူငယ်ချင်းတွေကို ဒီနည်းလေးပေးသုံးလိုက်တယ်... ကောင်းတယ်လို့ ပြောကြတယ်..။ မလုပ်တတ်တဲ့သူများလည်း ရှိမယ်ထင်လို့ ... နေမင်းမောင်ရဲ့မူရင်း စာသားအပြင် ကျနော်ကပုံလေးတွေနဲ့ပါ ထပ်ရှင်းပြထားပါတယ်..
Related Posts Plugin for WordPress, Blogger...