Typing Master Pro 7.10 Build 808 Final

 
 ဒါကတော့ စာရိုက်ရင် လက်ကွက် မြန်အောင် လေ့ကျင့်တဲ့ ဆော့ဝဲလ်လေး Typing Master Pro 7.10 Build 808 Final နောက်ဆုံးထွက်လေးပါ..။ Game ကစားတဲ့ နည်းနဲ့လည်း စာရိုက်မြန်အောင် လေ့ကျင့်လို့ ရတဲ့ Tool လေး ဒီထဲမှာ ပါပါတယ်..။ ဒီပိုစ့်ရဲ့ အောက်မှာပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ကျနော့် Blog မှာ ဒီလို လက်ကွက် လေ့ကျင့်တဲ့ ဆော့ဝဲလ်မျိုး မတင်ပေးဖူးသေးပါဘူး..။ ဒီနေ့တော့ ဒီကောင်လေးကို တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် ဒီဒေါင်းလော့ဖိုင်ထဲမှာ Keygen လေးထည့်ပေးထားပါတယ်..။ ဒီ Keygen နဲ့ ဖူးဖြစ်အောင် လုပ်ပြီး ဒီကောင်လေးကို အသုံးပြုနိုင်ပါတယ်..။ နောက်တခုကတော့ Antivirus တွေကို အရင်ပိတ်ထားပြီးမှ ဒီ Keygen ကို အသုံးပြုလို့ ရမှာပါ..။ Keygen နဲ့ ကီးတွေ ထည့်နေတဲ့ အချိန်မှာလည်းပဲ အင်တာနက်ကို ပိတ်ထားရပါမယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ပုံလေးတွေနဲ့ Keygen ထည့်တတ်အောင် ပြပေးထားပါတယ်..။ အသုံးလိုတဲ့ သူများကတော့ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.3 MB ရှိပါတယ်..။

Desktop Lock Business Edition 7.3.1 Final


 ဒီကောင်လေးက ကျနော်တို့ရဲ့ ကွန်ပျူတာ Screen ကို Lock ချထားလို့ ရတဲ့ Desktop Lock Business Edition 7.3.1 Final နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ မိမိတို့ရဲ့ Desktop ကို ဒီကောင်လေးနဲ့ လေ့ချတော့မယ်ဆိုရင် အပေါ်ပုံမှာ ပြထားတဲ့ မျှားနီဝိုင်းပြထားတဲ့ နေရာကို တချက်ကလစ်ပေးလိုက်ရင် Lock ချထားပြီးသား ဖြစ်သွားပါပြီ..။ Desktop မှာ ဘာမှ နှိပ်လို့ မရတော့ပါဘူး..။ ပြန်ဖွင့်တော့မယ်ဆိုရင်တော့ ကီးဘုတ်က H ကီးကို တချက်နှိပ်ပေးလိုက်ရင် လော့ပြန်ပွင့်သွားပါပြီ..။ အားလုံးပုံမှန်အတိုင်း အသုံးပြုလို့ ရသွားပါပြီ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေး၂ခု ဒီဒေါင်းလော့ဖိုင်ထဲမှာ ထည့်ပေးထားပါတယ်..။ ဒီ crack ၂ခုနဲ့ ဒီကောင်လေးကို ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုလို့ ရပါတယ်..။ အောက်မှာလည်း crack မထည့်တတ်သေးတဲ့ သူများရှိခဲ့ရင် တခါတည်း crack ထည့်တတ်သွားအောင် ကျနော် ပုံလေးတွေနဲ့ အစအဆုံး ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.2 MB ပဲ ရှိပါတယ်..။ ဘယ်ဆော့ဝဲလ်ပဲ ဖြစ်ဖြစ် crack ထည့်နည်းက ဒီပိုစ့်မှာ ပြတဲ့နည်းနဲ့ အတူတူပါပဲ..။ လိုအပ်တဲ့သူများကတော့ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..

WebcamMax 7.7.3.6 Multi Language Final


ဒီကောင်လေးကတော့ မိမိတို့ရဲ့ ကွန်ပျူတာ ကင်မရာကနေ မိမိတို့ရဲ့ ပုံလေးတွေကို စိတ်ကြိုက် ရုပ်ပြာင် ပုံလေးတွေ ဖြစ်အောင် Effect တွေအများကြီးနဲ့ ဖန်တီးယူလို့ ရတဲ့ ကောင်လေးပါ..။ အရင်တုန်းကလည်း ဒီကောင်လေးတွေကို တင်ပေးဖူးပါတယ်..။ ဒါကတော့ နောက်ဆုံးထပ်ထွက်လာတဲ့ Latest Version လေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် ဒေါင်လော့လင့် ယူတဲ့နေရာမှာ patch ဖိုင်ရယ်၊ keymaker ရယ် ၂ခု ပေါင်းထည့်ပေးထားပါတယ်..။ ဒီ၂ခုနဲ့ ဒီကောင်လေးကို ဖူးဖြစ်အောင် အရင်တုန်းက ပိုစ့်မှာ လုပ်ပြပေးထားပါတယ်..။ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပြီး အဲ့ဒီနည်းအတိုင်း လုပ်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါလိမ့်မယ်..။ အရင်တုန်းက တင်ပေးထားခဲ့တဲ့ပိုစ့် WebcamMax 7.6.8.6 ကို ဒီပိုစ့်ကနေ ဝင်ပြီး ကြည့်နိုင်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 25.2 MB ရှိပါတယ်..။ တခုသတိပြုရမှာက ဒေါင်းလော့ဖိုင်ထဲမှာ ပါလာတဲ့ patch နဲ့ keygen ကို ဖွင့်သုံးတော့မယ်ဆိုရင် အရင်ဆုံး Antivirus တွေကို ပိတ်ထားပြီးမှ ဒီကောင်လေးတွေကို ဖွင့်သုံးပါ..။ မဟုတ်ရင် Antivirus တွေက ဒီဖိုင်လေးတွေကို ဗိုင်းရပ်စ်ထင်ပြီး ဖျက်ပစ်ပါလိမ့်မယ်..။ 

Start Menu 8 1.1.0.45 Final


Windows 8 အတွက် Start Menu လေးတွေကို ကျနော် မတင်ပေးဖြစ်တာ တော်တော်ကြာသွားပါပြီ..။ ဒီနေ့တော့ ဒီ Update လေး ထွက်လာလို့ Windows 8 အသုံးပြုတဲ့ သူများအတွက် အဆင်ပြေအောင် Start Menu 8 1.1.0.45 Final ဗါးရှင်းလေးကို တင်ပေးလိုက်ပါတယ်..။ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း Install ထည့်ပြီးသွားရင်တော့ Start Menu လေးနဲ့ Windows 8 ကို အသုံးပြုလို့ ရသွားပါပြီ..။ အရင်တုန်းက Start Menu 8 ပိုစ့်အဟောင်းတခုမှာ ဒီကောင်လေးရဲ့ Setting တွေကို ပြောင်းလဲတတ်အောင် အနည်းငယ် ပြပေးထားခဲ့ ဖူးပါတယ်..။ အသုံးလိုတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ အခုဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.6 MB ရှိပါတယ်..။ 

GIRDAC Free PDF Creator 6.2.2.1 Final


ကျနော် ဒီ GIRDAC Free PDF Creator လေးကို မတင်ပေးဖြစ်တာ ကြာသွားပါပြီ..။ အရင်တင်ပေးခဲ့တဲ့ ဒေါင်းလော့လင့်တွေက ဒေါင်းယူလို့ မရတော့ပါဘူး..။ ဒါလေးကတော့ နောက်ဆုံးထွက် GIRDAC Free PDF Creator 6.2.2.1 Final ဗါးရှင်းလေးပါ..။ တချို့ PDF Creator တွေက မြန်မာလို PDF ဖိုင်တွေ ထုတ်ရင် (အ) နေရာမှာ (A) စာလုံးတွေ ပေါ်နေတတ်ပါတယ်..။ ဒီကောင်လေးကတော့ အဲ့လို Error မျိုးတွေ မရှိတဲ့အတွက် အသုံးပြုရ အဆင်ပြေပါတယ်..။ အောက်မှာ ပုံလေးနဲ့ပါ ပြပေးလိုက်ပါတယ်..။ ဒီပုံတွေကတော့ ကျနော် အရင်တင်ပေးခဲ့ဖူးတဲ့ GIRDAC Free PDF Creator ပိုစ့်အဟောင်းက ပုံလေးတွေပါပဲ..။ ဒီပိုစ့်နေရာမှာပဲ ပြန်လည် ကြည့်လို့ ရပါတယ်..။ ဒီ Free PDF Creator လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 8.4 MB ရှိပါတယ်..။

HyperSnap 7.23.03 Final

 
 HyperSnap 7.23.03 Final နောက်ဆုံးထွက် Update လေးပါ..။ မိမိတို့ရဲ့ ကွန်ပျူတာ Desktop မှာ ပေါ်နေတဲ့ ပုံတွေကို မောက်စ်မျှားလေးပါ ပါအောင် ဓါတ်ပုံရိုက်ပြီး ယူလို့ရတဲ့ HyperSnap 7.23.03 Final နောက်ဆုံးထွက် လေးပါ.. အညွှန်းမျှားတွေထည့်ပြီး၊ ပုံကို Effect မျိုးစုံနဲ့ သပ်ရပ်လှပအောင် ပြုပြင်ဖန်တီးယူလို့ ရပါတယ်..။ သူ့အတွက် key ဖိုင်လေး၂ခု ထည့်ပေးထားပါတယ်.. ဒီ key တွေထည့်တော့မယ်ဆိုရင် အင်တာနက်လိုင်းကို အရင်ပိတ်ထားပြီးမှ ဒီပရိုဂရမ်ကို ဖွင့်ပြီး Key ဖိုင်လေးကို ၂ချက်တောက်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..။ Key Files ထည့်တတ်အောင်နဲ့ အသုံးပြုတတ်အောင် ဒီလင့်က ပိုစ့်မှာ ပုံလေးတွေနဲ့ လုပ်ပြပေးထားပါတယ်..။ ဖူးဖြစ်အေင် မလုပ်တတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ Effect တွေများလွန်းတဲ့အတွက် အသုံးပြုတတ်ဖို့ကိုတော့ မိမိတို့ကိုယ်တိုင်ပဲ လေ့လာရမှာပါ..။ ဒီကောင်လေးကို  လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 11 MB ရှိပါတယ်..။

Freemake Video Converter 4.0.1.0 Final


ဒီကောင်လေးက ဖရီးပေးသုံးတဲ့ Freemake Video Converter 4.0.1.0 Final ဗါးရှင်းလေးပါ..။ ကျနော်တို့ရဲ့ ရုပ်ရှင်၊ Video နဲ့ သီချင်းတွေကို ဖေါ်မတ်အမျိုးမျိုး ပြောင်းပေးနိုင်ပါတယ်..။ အသုံးပြုရတာလည်း လွယ်ကူပြီး ၊ အရင်တုန်းက တင်ပေးခဲ့တဲ့ Xilisoft Converter တွေနဲ့ အသုံးပြုပုံ တူပါတယ်..။ အောက်မှာလည်း ကျနော် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 26.2 MB ရှိပါတယ်..။
Convert video free to AVI, MP4, WMV, MKV, SWF, 3GP, DVD, MPEG, MP3, iPod, iPhone, PSP, Android, rip & burn DVD, convert online videos, burn Blu-ray, and more. 

Any Video Converter Free 5.0.5 Final


ဒီကောင်လေးက Any Video Converter Free 5.0.5 Final ဗါးရှင်းလေး..။ ဒီဆော့ဝဲလ်လေးကို Update မတင်ပေးဖြစ်တာ တော်တော်ကြာသွားပါပြီ..။ ဒီနေ့တော့ ဒီနောက်ဆုံးထွက် Update လေးကို တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးရဲ့ အသုံးပြုလို့ရတဲ့ Convert ပြောင်းပေးနိုင်တဲ့ Format တွေကတော့ သူ့ရဲ့ မူရင်းဆိုဒ်မှာ ရေးပြထားတဲ့အတိုင်း ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် အသုံးပြုနည်း အပြည့်အစုံကို ဒီလင့်က ပိုစ့်မှာ  ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်..။   သွားပြန်ကြည့်ပေးပါ..။ ဒီဖရီး Converter လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 35.5 MB ရှိပါတယ်..။
Any Video Converter is an All-in-One video converting tool with easy-to-use graphical interface, fast converting speed and excellent video quality. It allows you to effortlessly convert video files between every format! It can convert almost all video formats including DivX, XviD, MOV, rm, rmvb, MPEG, VOB, DVD, WMV, AVI to MPEG-4 movie format for iPod/PSP or other portable video device, MP4 player or smart phone. It also supports any user defined video file formats as the output. Any Video Converter makes it easy for anyone to enjoy the any format video with your iPod, PSP, mobile phone or MP4 player. 

TeamViewer 8.0.18051 Final


TeamViewer 8.0.18051 Final နောက်ဆုံးထွက် ဖရီးဗါးရှင်းလေးပါ..။ ကျနော်တို့ အင်တာနက်ကနေ မိမိတို့မိသားစု ကွန်ပျူတာကိုပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း ညီအစ်ကို မောင်နှမတွေရဲ့ ကွန်ပျူတာကိုပဲ ဖြစ်ဖြစ်၊ လှမ်းကြည့်ပေး ပြင်ပေးလို့ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါပဲ..။ ဒီကောင်လေးက အသုံးပြုလို့ ကောင်းတဲ့ Free ပေးသုံးတဲ့ ဖရီးဗါးရှင်းလေးပါ..။ မိမိတို့ စက်ထဲမှာ အရင်တုန်းက TeamViewer ဗါးရှင်းတွေ ရှိနေတယ်ဆိုရင် Uninstall နဲ့ထုတ်ပစ်ပြီးမှ ဒီဖရီးဗါးရှင်းကို ပြန်ထည့်သုံးပါ..။ ဒီဗါးရှင်းလေးက ဖရီးဗါးရှင်း ဖြစ်တဲ့အတွက် Video Call တွေနဲ့ Chat တွေတော့ အသုံးပြုလို့ မရပါဘူး..။ ကျန်တာတွေအားလုံး ပေးသုံးပါတယ်..။ ကျနော်တို့ Video Call တွေနဲ့ Chat တွေကို VZO ၊ Gmail နဲ့ Gtalk တွေမှာ Free သုံးလို့ရတဲ့အတွက် ဒီကောင်လေးနဲ့ တွဲသုံးတဲ့အခါ အရမ်းလွယ်ကူပြီး အဆင်ပြေပြေ အသုံပြုလို့ ရသွားပါလိမ့်မယ်..။ ဒီကောင်လေးရဲ့ အသုံးပြုပုံကို အရင်ပိုစ့်တွေ ဖြစ်တဲ့ TeamViewer 8 Beta and TeamViewer 7 Portable နဲ့ TeamViewer Enterprise 7.0.14563 ပိုစ့်တွေမှာ ပြည့်စုံအောင် လုပ်ပြပေးထားပါတယ်..။ ဒီကောင်လေးကို အသုံးမပြုတတ်သေးတဲ့သူများ အဲ့ဒီပိုစ့်တွေမှာ လေ့လာကြည့်ပေးပါ..။ ဒီဖရီးဗါးရှင်းလေးကို Install ထည့်တဲ့နေရာမှာ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှု့လေးတွေ လုပ်တတ်ဖို့ကိုတော့ ကျနော်ဒီပိုစ့်ရဲ့ အောက်ပိုင်းမှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီဖရီးဗါးရှင်းလေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.7 MB ရှိပါတယ်..။

Internet Download Manager 6.15 Build 9 Final


Internet Download Manager 6.15 Build 9 Final နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ IDM မရှိသေးသူများနဲ့ IDM Serial ကီးတောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများအတွက် ဒီနောက်ဆုံးထွက်လေးကို patch ဖိုင်လေးနဲ့ တင်ပေးလိုက်ပါတယ်..။ IDM ကို Patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းကတော့ ကျနော့် Blog ညာဘက်အခြမ်းမှာ လင့်ချိတ် တင်ပေးထားတဲ့ ပိုစ့်အတိုင်းပါပဲ..။ အဲ့ဒီပိုစ့်က အတိုင်း လုပ်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ ဒီ IDM နောက်ဆုံးထွက်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..။

CCleaner Standard 4.01.4093 Final


ဒီကောင်လေးကတော့ မိမိတို့ ကွန်ပျူတာနဲ့ Browser တွေကို အမှိုက်တွေ ရှင်းလင်းပေးနိုင်တဲ့ CCleaner Standard 4.01.4093 Final ဖရီးဗါးရှင်းလေးပါ..။ ဒီကောင်လေးကို အသုံးပြုပြီး အမှိုက်တွေနဲ့ Error တွေကို ရှင်းလင်းပြီးရင်တော့ လေးနေတဲ့ စက်တွေ ၊ ကြောင်နေတဲ့ စက်တွေ ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်..။ Win 8/ Win 7/ Vista/ XP ဝင်းဒိုးအားလုံးမှာ အသုံးပြုလို့ ရပါတယ်..။ ဒီလို System Tools လေးတွေကို အသုံးမပြုခင် မိမိတို့ရဲ့ စက်ကို Restore Point တခု ဖန်တီးထားပြီးမှ အသုံးပြုသင့်ပါတယ်..။ မထင်မှတ်တဲ့ Error တွေ ပေါ်ခဲ့ရင် နောက်ပြန်သွားလို့ ရအောင် Recovery လုပ်ထားတဲ့ သဘောပါပဲ..။ ဒီကောင်လေးကို အသုံးမပြုတတ်သေးတဲ့ သူများကတော့ ဒီနေရာကနေ CCleaner အသုံးပြုနည်းပိုစ့် ကိုဝင်ရောက် လေ့လာနိုင်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.1 MB ရှိပါတယ်..။

Aurora 3D Animation Maker 13.04.18 Final



Aurora 3D Animation Maker 13.04.18 Final ဗါးရှင်းလေးပါ..။ ဒီအပေါ်ကလိုမျိုး မျက်စိနောက်စေတဲ့ ဒီဇိုင်းလေးတွေကိုလည်း ဖန်တီးလို့ ရပါတယ်..။ ဒီကောင်လေးရဲ့ အသုံးပြုပုံက မနေ့က တင်ပေးခဲ့တဲ့   Aurora 3D Text and Logo Maker 13.04.18 Final ဆော့ဝဲလ်နဲ့ တူပါတယ်..။ ဖူးဖြစ်အောင် keygen ထည့်နည်းကလည်း အဲ့ဒီ ဆော့ဝဲလ်အတိုင်းပါပဲ..။ ဒီပိုစ့်မှာလည်း ကျနော် ပုံလေးတွေနဲ့ ပြန်ပြပေးထားပါတယ်..။ ဒီ Aurora 3D ဆော့ဝဲလ်တွေကို မနေ့က တခါတည်း တင်ပေးချင်ပေမယ့် စမ်းသုံးရင်း၊ ဓါတ်ပုံယူရင်းနဲ့မို့ အချိန်တွေ ပိုပေးရတဲ့အတွက် ဒီနေ့မှ တင်ပေးဖြစ်ပါတယ်..။ ဒီလိုမျိုး Animated 3D Text Button လေးတွေ ဖန်တီးချင်တဲ့၊ ဝါသနာပါတဲ့ သူများကတော့ ဒီကောင်လေးတွေကို ဒေါင်းယူလို့ ရတုန်း အမြန်သာ ဒေါင်းယူထားကြပါ..။ လင့်တွေပျက်သွားပြီးမှဆိုရင် ပြန်တင်ပေးဖို့ ခက်ပါတယ်..။ ဒါကြောင့် ဒီကောင်လေးတွေကို ရတုန်း အမြန်သာ ဒေါင်းယူလိုက်ပါ..။ ဖိုင်ဆိုဒ်ကတော့ 44.6 MB ရှိပါတယ်..။

Aurora 3D Presentation Maker 13.04.18 Final

ဒီကောင်လေးက Aurora 3D Presentation Maker 13.04.18 Final ဗါးရှင်းလေးပါ..။ ဖူးဖြစ်အောင် Keygen နဲ့လုပ်နည်းက မနေ့က တင်ပေးထားတဲ့ Aurora 3D Text and Logo Maker 13.04.18 Final ဆော့ဝဲလ်နဲ့ အတူတူပါပဲ..။ ဒီကောင်လေးရဲ့ အသုံးဝင်ပုံက Power Point နဲ့ ခပ်စင်စင် ၊ အောက်က Video လေးကို လေ့လာကြည့်ရင် ဒီကောင်လေးရဲ့ အသုံးပြုပုံ အနည်းငယ်ကို သိနိုင်ပါတယ်..။ အောက်မှာလည်း ကျနော် Keygen ထည့်ပြီး 3D ပုံလေးတခု လုပ်ပြပေးထားပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့  78.4 MB ရှိပါတယ်..။


Aurora 3D Text and Logo Maker 13.04.18 Final



ဒီအပေါ်က ပုံလေးလိုမျိုး လုပ်ယူလို့ ရတဲ့ ဆော့ဝဲလ်လေးပါ..။ ကျနော့် Blog မှာ လုပ်ပြထားတဲ့ ကျနော့် Blog နာမည်နဲ့ စာလုံးလေးတွေ လှုပ်ရှားနေအောင် ဒီလို 3D Maker တွေနဲ့ လုပ်ခဲ့တာပါ..။ ဒါကြောင့် ဒီဆော့ဝဲလ်လေးကို Blogger တွေအတွက် ရည်ရွယ်ပြီး လုပ်နည်းပါ တခါတည်း လုပ်တတ်အောင် ပြပေးလိုက်ပါတယ်..။ Gif ဖေါ်မတ်အပြင် ဓါတ်ပုံဖေါ်မတ်၊ Video ဖေါ်မတ်တွေနဲ့ပါ Save လို့ရတဲ့အတွက် တခြား ဝါသနာပါတဲ့ လေ့လာနေဆဲ သူငယ်ချင်းတို့လည်းပဲ ဒီကောင်လေးကို အသုံးပြုလို့ ရပါတယ်..။ ကျနော်ကတော့ ဒီလို Animated Text လေးတွေ ဖန်တီးရတာ သဘောကျလို့.. ဒီအပေါ်က စာလုံးလေးလို လုပ်တတ်အောင် ဒီကောင်လေးရဲ့ အသုံးပြုပုံပါ အနည်းငယ်လေ့လာလို့ ရသွားအောင်ပါ အောက်မှာ ပုံလေးတွေနဲ့ တဆင့်ချင်းစီ ပြပေးထားပါတယ်..။ ဒီကောင်လေးကို ဖူးဖြစ်အောင် ဒီဒေါင်းလော့ဖိုင်ထဲမှာ Keygen လေးပါ ထည့်ပေးထားပါတယ်..။ Keygen ကိုမဖွင့်ခင် မိမိတိုစက်ထဲမှာရှိနေတဲ့ Antivirus တွေကို ခဏပိတ်ထားပြီးမှ keygen ကို အသုံးပြုလို့ ရမှာဖြစ်ပါတယ်..။ အဲ့လိုမဟုတ်ရင်တော့ Antivirus ကဖျက်ပစ်လို့ Keygen ကိုရှာလို့ တွေ့မှာ မဟုတ်ပါဘူး..။ ဒီ Keygen လေးမှာ patch နဲ့ပါတွဲပေးထားတာဖြစ်လို့ patch ကို အရင်ဖမ်းပြီးမှ Keygen ရဲ့ Generate ကိုနှိပ်ပြီး key နဲ့ ကုဒ်တွေကို ထည့်ပေးရမှာ ဖြစ်ပါတယ်..။ အစအဆုံး ဖူးသုံးလို့ ရအောင် အောက်မှာ ပုံလေးတွေနဲ့ ကျနော် လုပ်ပြပေးထားပါတယ်..။ 
 Animated 3D Text လုပ်နည်းလေးကို ဟိုးအရင်တုန်းက တောင်းထားဖူးတဲ့ Blogger တွေ၊ ဒီ Aurora 3D Text and Logo Maker 13.04.18 Final ဗါးရှင်းလေးနဲ့ ပြုလုပ်ဖန်တီးယူလို့ ရမှာဖြစ်တဲ့အတွက် အားလုံးပဲ သဘောကျလိမ့်မယ်လို့ ထင်ပါတယ်..။ ဒီအပေါ်က ပုံလေးလိုမျိုး ဖန်တီးတတ်အောင် ပြပေးထားတာ ဖြစ်လို့.. အသေးစိတ်နဲ့ သူ့ထဲမှာပါတဲ့ Tools တွေအားလုံး အသုံးပြုတတ်ဖို့ ဆိုရင်တော့ ဒီဆော့ဝဲလ်လေးထဲမှာ ပါလာတဲ့ လင့်တွေကနေ Tutorial Video တွေကို Youtube မှာ သွားကြည့်၊လေ့လာလို့ ရမှာ ဖြစ်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 42.6 MB ရှိပါတယ်..။

Snow Fox Screen Recorder 1.1.0.0


ဝသုန်ဦး ထားဝယ်သား   12 April 2013   09:50
Screen Video Recorder
လုပ်တဲ့ Software လေးလိုချင်ပါတယ် အစ်ကို။
ကျေးဇူးပြုပြီး ကူညီပါ ခင်ဗျာ
ဒီကောင်လေးက နောက်တမျိုး.. Snow Fox Screen Recorder 1.1.0.0 လေးပါ..။ ဒီကောင်လေးကလည်း ကျနော် အမြဲသုံးဖြစ်တဲ့ ဆော့ဝဲလ်လေး ပါပဲ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းက IDM ဖူးဖြစ်အောင် လုပ်နည်းနဲ့ အတူတူပဲမို့ ဒီပိုစ့်မှာ patch ဖိုင်ဖမ်းနည်းကို မပြပေးတော့ပါဘူး..။ ကျနော့် Blog ကို အမြဲလာလည်နေတဲ့ သူငယ်ချင်းတို့ လုပ်တတ်လောက်နေလောက်ပါပြီ..။ ဒီအောက်က Video ဖိုင်လေးကို ကျနော် ဒီ Snow Fox Screen Recorder 1.1.0.0 နဲ့ လုပ်ခဲ့တာပါ..။ Video Edit လုပ်တဲ့ ဆော့ဝဲလ်ကတော့ Wondershare DVD Slideshow Builder Deluxe ဆော့ဝဲလ်နဲ့ပါ..။ ဒီ Video Editing ဆော့ဝဲလ်တွေ အားလုံး ကျနော့် Blog မှာ တင်ပေးထားခဲ့ပြီးသားပါ..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.4 MB ရှိပါတယ်..။
ကိုဝသုန်ဦး ထားဝယ်သား တောင်းထားတာ နည်းနည်း ကြာနေပါပြီ..။ ကျနော်လည်း ဒီဖိုင်တွေကို ဘယ်ဖိုဒါထဲမှာ သိမ်းထားမိမှန်း မမှတ်မိတော့လို့၊ ဒီနေ့မှ ပြန်ရှာတွေ့တဲ့အတွက် ဒီနေ့ပဲ တင်ပေးလိုက်ပါတယ်..။



BSR Screen Recorder 5.2.6



ဝသုန်ဦး ထားဝယ်သား   12 April 2013   09:50
Screen Video Recorder
လုပ်တဲ့ Software လေးလိုချင်ပါတယ် အစ်ကို။
ကျေးဇူးပြုပြီး ကူညီပါ ခင်ဗျာ
ဒီကောင်လေးက မိမိတို့ရဲ့ Desktop Screen ကို Video ရိုက်ယူပေးနိုင်တဲ့ BSR Screen Recorder 5.2.6 ဆော့ဝဲလ်လေးပါ..။ ဒီဖိုင်လေးထဲမှာ Windows 7 အတွက်နဲ့ Windows XP အတွက်ဆိုပြီး ဖိုင်၂ခု ထည့်ပေးထားပါတယ်..။ မိမိတို့ အသုံးပြုနေတဲ့ ဝင်းဒိုးနဲ့ ကိုက်ညီတဲ့ ဆော့ဝဲလ်ကို Install ထည့်ပြီး သူ့ရဲ့ ကီးအမှန်လေး ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ ကျနော် အမြဲသုံးဖြစ်တဲ့ ကောင်လေးဖြစ်လို့ ကီးထည့်တာကို ပုံလေးတွေနဲ့ မပြပေးတော့ပါဘူး..။ အမှန်တကယ် ဖူးသုံးလို့ရတဲ့အတွက် ဒီအောက်က Video ဖိုင်လေးကို ကျနော် ဒီကောင်လေးနဲ့ လုပ်ခဲ့တာပါ..။ Video Edit လုပ်တဲ့ ဆော့ဝဲလ်ကတော့ Camtasia Video Editing ဆော့ဝဲလ်နဲ့ပါ..။ ဒီလိုဆော့ဝဲလ်၂ခုပေါင်းလိုက်ရင်တော့ ဒီအောက်က Video ဖိုင်လေးလိုမျိုး ဖန်တီးလို့ ရသွားပါပြီ..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 22.3 MB ရှိပါတယ်..။



How to make Windows 7 Startup Faster


ဒီနည်းက ဝင်းဒိုးအတက် Startup ကို မြန်အောင်လုပ်တဲ့ နည်းတွေထဲက တခုပါပဲ..။ ဒီထဲက လုပ်နည်း အနည်းငယ်လို အရင်တုန်းက ပိုစ့်တခု တင်ပေးခဲ့ဖူးပါတယ်..။ စက်ဖွင့်ဖွင့်ချင်း ဆော့ဝဲလ် Update ဘောက်စ်များ အတက်ရလေအောင်၊ မပွင့်ရလေအောင် ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ..။ အဲ့ဒီပိုစ့်မှာ အခုဒီပိုစ့်လောက် လုပ်နည်းတွေ မစုံခဲ့ပါဘူး..။ ဒီပိုစ့်မှာတော့ နောက်ပိုင်းမှ ထပ်သိခဲ့ရတာလေးတွေကို ပေါင်းထည့်ပေးထားလို့ အရင်ပိုစ့်ထက် ပိုစုံတယ်လို့ ပြောလို့ရပါတယ်..။ မနေ့တနေ့က Cbox မှာမေးထားတဲ့ အစ်ကိုတစ်ယောက်လို ကွန်ပျူတာ ဖွင့်ဖွင့်ချင်းမှာ ပေါ်လာတဲ့ ဘောက်စ်တွေကို ပိတ်ချင်တယ်ဆိုရင်တော့ ဒီနည်းနဲ့ပဲ ပိတ်တာပါ..။ 
ဒီနည်းနဲ့ လုပ်ပေးလိုက်ရင် ဝင်းဒိုးအတက်မှာ အရင်ကထက် ပိုမြန်ပါလိမ့်မယ်..။ ဘာလို့လဲဆိုတော့ ဝင်းဒိုးဟာ Desktop ကို ခင်းကျင်းနေတဲ့အချိန်မှာ ဝင်းဒိုးထဲမှာ Install ထည့်ထားတဲ့ ဆော့ဝဲလ်တွေကိုပါ လိုက်ပြီး ဆွဲထုတ်ခင်းကျင်းနေရရင် အချိန်ပိုပေးရလို့ ပိုပြီး ကြာပါတယ်..။ ဒီနည်းနဲ့ Startup မှာရှိနေတဲ့ ပရိုဂရမ်တွေကို Disable ပေးထားလိုက်ရင် ဝင်းဒိုးအတက် မြန်လာပါတယ်..။ နောက်တခုက ဝင်းဒိုးထဲမှာ မရှိမဖြစ်လိုအပ်တဲ့ Microsoft Services တူးတွေနဲ့ Intel Services တူးတွေကိုတော့ Enable (အမှန်ခြစ်ပေး) ပေးထားရပါမယ်..။ အဲ့ဒီအဓိက Tools တွေကို Disable ပေးမိရင်တော့ မိမိတို့ရဲ့ စက်ဟာ ကြောင်တောင်တောင် ဖြစ်သွားပါလိမ့်မယ်..။ ဒါကြောင့် အမှန်ခြစ်ပေးရမယ့် နေရာတွေနဲ့ အမှန်ခြစ်ဖြုတ်ရမယ့် နေရာတွေကို အောက်ကပုံလေးတွေအတိုင်း သေချာ ဂရုစိုက်ပြီး ကြည့်စေချင်ပါတယ်..။ သေချာလိုက်မှတ်စေချင်ပါတယ်..။ တခုခုအမှားဖြစ်သွားတဲ့အခါ အဲ့ဒီနေရာတွေမှာပဲ ပြန်ဆန်းစစ်ကြည့်ရင် အဖြေမှန်ကို ပြန်ရပါလိမ့်မယ်..။ နောက်တခုက မိမိတို့ကွန်ပျူတာမှာ ပါတဲ့ ဦးနှောက်အရေအတွက်ကို တိုးပြီး အသုံးပြုရင်လည်း စက်ကို မြန်စေပါတယ်..။ ဦးနှောက်ကို ပိုအသုံးပြုတဲ့အတွက် Error တွေကိုလည်း နည်းစေပါတယ်..။ နောက်ပြီး ဝင်းဒိုးထဲမှာပါတဲ့ အဓိက Tools တွေအားလုံးနီးပါးကို ဒီပိုစ့်မှာ ပြပေးထားတဲ့ နည်းနဲ့ အလွယ်တကူ ဖွင့်ပြီး ဝင်ကြည့် အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ ဒီလုပ်နည်းလေးတွေကို လိုအပ်တဲ့ သူများနဲ့ မသိသေးတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ 

Nero Burning ROM 12.5.01100 Final

Nero Burning ROM 12.5.01100 Final Update လေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ crack ဖိုင်လေး ၂ခုနဲ့ Keys လေးတွေပါ ထည့်ပေးထားပါတယ်..။ ဒီ Keys တွေ၊ ဒီ crack ဖိုင်တွေနဲ့ ဒီကောင်လေးကို ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုနိုင်ပါတယ်..။ အဲ့လို ဖူးဖြစ်အောင် လုပ်နည်းပိုစ့်ကို အရင်တုန်းကတင်ပေးခဲ့ဖူးတဲ့ Nero Burning ROM 12.00.0800 ပိုစ့်မှာ ပုံလေးတွေနဲ့ အစအဆုံး လုပ်ပြပေးထားပါတယ်..။ စာဖတ်ယုံနဲ့ နားမလည်နိုင်တဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ဒီနေရာကနေ ဝင်သွားကြည့်နိုင်ပါတယ်..။ crack ဖိုင်နဲ့ ဖူးဖြစ်အောင် လုပ်နည်းအတူတူပါမို့ ဒီပိုစ့်မှာ ထပ်လုပ်မပြတော့ပါဘူး..။ ဒီနောက်ဆုံးထွက် Nero Burning ROM 12.5.01100 Final ဗါးရှင်းလေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 105 MB ရှိပါတယ်..။ 
နောက်တခုက အသုံးပြုပုံ CD/DVD Burn နည်းကို သူ့ရဲ့မူရင်းဆိုဒ်မှာ Video လေးတွေနဲ့ ပြပေးထားတာရှိပါတယ်..။ အရင်တုန်းက Cbox မှာ ခဏ၊ခဏမေးခဲ့ဖူးတဲ့ CD/DVD ခွေကို Password နဲ့ Lock ချပြီး အခွေကူးနည်းကိုပါ အဲ့ဒီ Video ဖိုင်လေးတွေထဲမှာ လေ့လာသင်ယူလို့ ရပါသေးတယ်..။ ဒီ Nero Burning ROM 12 နဲ့ပဲ လုပ်ပြထားတာပါ..။ လေ့ကျင့်ခန်း Video လေးတွေ ကြည့်ချင်ရင်တော့ သူ့ရဲ့မူရင်းဆိုဒ်မှာ လေ့ကျင့်ခန်း ဗွီဒီယိုများ ကြည့်ရန် နေရာကို ကလစ်ပြီး ဝင်ကြည့်နိုင်ပါတယ်..။ 

Advanced SystemCare 6.2.0.254 Final


ဒီကောင်လေးကတော့ Update ထွက်တိုင်း တင်တင်ပေးနေလို့ အားလုံးလည်းသိပြီး ဖြစ်မှာပါ..။ ကျနော်တို့ ကွန်ပျူတာနဲ့ Browser တွေကို အမှိုက်တွေရှင်း၊ သန့်ရှင်းရေးတွေ လုပ်ပေးနိုင်တဲ့ အပြင် Registry Error တွေကိုပါ Repair ပြန်လုပ်ပေးနိုင်တဲ့အတွက် ၊ ဒီကောင်လေးကို အသုံးပြုပြီးတဲ့အခါတိုင်း စက်ကို Restart ချပေးပြီးမှ ဆက်ပြီးအသုံးပြုမယ်ဆိုရင် လေးနေ၊ ဟမ်းနေတဲ့ စက်တွေဟာ အရင်ကထက် ပိုမိုသွက်လက်မြန်ဆန်လာတာကို လက်တွေ့မြင်တွေ့ ရမှာပါ..။ အသုံးပြုဖူးသူတိုင်း စိတ်ကြိုက်ဖြစ်စေတဲ့ System Tool လေးတခုပါ..။ ဒီကောင်လေးကတော့ ဖရီးပေးသုံးတဲ့ နောက်ဆုံးထွက် Final ဗါးရှင်းလေးပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 22 MB ရှိပါတယ်..။ ဒီလို System Tool လေးတွေကို အသုံးမပြုခင် Restore Point တခု အရင်ဖန်တီးထားပြီးမှ အသုံးပြုပေးပါ..။ အသုံးပြုပြီးတဲ့ အခါမှာလည်း မိမိတို့ရဲ့စက်ကို Restart ချပေးပြီးမှ ဆက်ပြီးအသုံးပြုပါ..။ ဒါဆိုရင် အယ်ရာမျိုးစုံ ကင်းဝေးပြီး စက်ကလည်း သွက်လက်မြန်ဆန်နေပါလိမ့်မယ်..။ ဒီကောင်လေးရဲ့ အသုံးပြုပုံကို အရင်ပိုစ့်အဟောင်းတခုမှာ ပုံလေးတွေနဲ့ လုပ်ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အဲ့ဒီပိုစ့်မှာပဲ အသုံးပြုနည်းတွေကို လေ့လာကြည့်ပေးပါ..။ 

Foxit Reader 6.0.2.0413 Final

Foxit Reader Update လေးပါ..။ တင်ပေးခဲ့တာ ကြာပြီဖြစ်လို့ နောက်ပိုင်းလိုအပ်တဲ့ သူများအတွက် အဆင်ပြေအောင် နောက်ဆုံးထွက်လေးကို ထပ်တင်ပေးလိုက်ပါတယ်..။ အရင်တပါတ်က တင်ပေးခဲ့တဲ့ PDF ဖေါ်မတ်နဲ့ စာအုပ်လေးတွေကို အလွယ်တကူဖတ်နိုင်ဖို့အတွက် ဒီလို Reader လေးတွေကလည်း မိမိတို့စက်ထဲမှာ Install ထည့်ထားပြီးသား ရှိမှအဆင်ပြေမှာပါ..။ ဒါကြောင့်မို့ နောက်ပိုင်းလိုအပ်တဲ့ သူများအတွက် အဆင်ပြေအောင် ဒီကောင်လေးကို ဒါရိုက်လင့်နဲ့ ချိတ်ပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 28.3 MB ရှိပါတယ်..။ ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ စာအုပ်လေးတွေကို အလွယ်တကူ ဖွင့်ဖတ်လို့ ရသွားပါပြီ..။ 

Windows 8 ရဲ့ Folder ၊ Icon တွေမှာ မြန်မာစာ (Zawgyi-One နှင့်) ပေါ်အောင်လုပ်နည်းနှင့် တခြားအသုံးဝင် အတိုအထွာများ


 Windows 8 သုံးတဲ့ မြန်မာပြည်သားများအတွက် အသုံးဝင်မယ့် လုပ်နည်းလေး အနည်းငယ်ကို ဒီပိုစ့်မှာ ဖေါ်ပြပေးသွားပါ့မယ်..။ အဲ့ဒါကတော့ Windows 8 64-bit ဝင်းဒိုးတွေမှာ အဖြစ်များတဲ့ ဇော်ဂျီဝမ်းနဲ့ Folder ၊ Icon တွေမှာ မြန်မာစာ မပေါ်ခြင်း ပြဿနာရယ်၊ Restore Point တွေကို Windows 8 မှာ ရှာလို့မရတဲ့ ပြဿနာရယ်၊ ဟတ်ဒစ်မှာ အလွယ်တကူ Password မပေးမိအောင် သတိပြုရမယ့် နေရာ၊ User Account မှာ Password နံပါတ်အပြင် ၊ မိမိတို့ရဲ့ ပုံလေးနဲ့ပါ Windows 8 မှာ Picture Password ပေးပြီး အသုံးပြုတတ်အောင်နဲ့ နောက်တခုကတော့ Windows 8 ကို Recovery အနေနဲ့ Windows 7 မှာမပါခဲ့တဲ့ 32 GB ရှိတဲ့ USB ထဲမှာ ထည့်တတ်အောင် နေရာအပိုလေးတခုပါလာလို့ အသုံးပြုတတ်အောင်ပါ ဒီပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီအပေါ်မှာ ဖေါ်ပြပေးထားတဲ့ လုပ်နည်းလေးတွေနဲ့ တိုက်ဆိုင်လာလို့ လိုအပ်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ တဆင့်ချင်းစီ ဆက်ကြည့်နိုင်ပါတယ်..။ အရင်တုန်းကလည်း ဒီလို Windows 8 အသုံးပြုသူများအတွက် Desktop မှာ Computer အိုင်ကွန်ထုတ်သုံးတတ်အောင်နဲ့ Windows Media Player အသုံးပြုတတ်အောင် ပိုစ့်တခုတင်ပေးခဲ့ဖူးပါတယ်..။ မသိသေးတဲ့၊ မလေ့လာရသေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ဒီနေရာကနေ ဝင်ပြီး လေ့လာလို့ ရပါတယ်..။

Windows 7 Manager 4.2.4.0 Final

 ဒီကောင်လေးကို Install ထည့်တဲ့ အချိန်ကနေစပြီး အသုံးပြုလို့ ပြီးတဲ့အထိ အင်တာနက်လိုင်းကို ပိတ်ထားရပါမယ်.. လိုင်းဖွင့်လိုက်တာနဲ့ Full မဖြစ်တော့ပါဘူး..။ အဲ့ဒါလေးကို တချက်သတိပြုပါ..။ ဒီပရိုဂရမ်က ဖူးသုံးလို့ မရပါဘူးလို့ ပြောကြမှာ စိုးလို့ပါ.. ဒီကောင်လေးကို အသုံးပြုတိုင်းမှာ Connection ပိတ်ထားပြီးမှ အသုံးပြုရင် ဖူးသုံးလို့ ရပါတယ်..။ နောက်တခုက ဒီကောင်လေးကို အသုံးပြုဖို့နဲ့ သူ့ထဲမှာပါတဲ့ Keygen ကို ဖွင့်သုံးနိုင်ဖို့ဆိုရင်.. စက်တော်တော်များများမှာ Microsoft .Net Framework ဆိုတဲ့ ဆော့ဝဲလ်တခု လိုပါလိမ့်မယ်.. အရင်တုန်းက တင်ပေးခဲ့တဲ့ Windows 7 Manager တခြားဗါးရှင်းတွေမှာ ဒီ MS .Net Frame ကို တင်ပေးခဲ့ပေမယ့် လင့်တွေပျက်ကုန်လို့ ပြန်ဒေါင်းလို့ မရတော့ပါဘူး.. ဒါကြောင့် ကျနော် Microsoft .Net Framework 4.0 ကို ကြာကြာဒေါင်းယူလို့ ရအောင် မူရင်တင်ပေးထားတဲ့ လင့်တွေကို ပြန်ရှာပေးထားပါတယ်..။ အောက်ကလင့်တွေကနေ မိမိတို့စက်ရဲ့ Microsoft .Net Framework ဗါးရှင်းတူတာကို ဝင်ရှာယူနိုင်ပါတယ်..။
Microsoft .Net Framework
 Link 1 ၊  Link 2  ၊ Link 3
အသုံးပြုပုံကို အရင်ပိုစ့်တွေဖြစ်တဲ့ Windows7 Manager 4.1.3 နဲ့ Windows7 Manager 4.0.5 Portable ပိုစ့်တွေမှာ သွားပြန်ကြည့်လိုက်ပါဗျာ.. ဒီကောင်လေးကတော့ နောက်ဆုံးထွက် Version လေးပါ..။ Windows 7 အတွက် အများကြီး သုံးလို့ရတဲ့အတွက် အားလုံးကို လုပ်ပြပေးဖို့တော့ မလွယ်ပါဘူး.. ဒါကြောင့် အရင်ပိုစ့်တွေမှာ အသုံးပြုပုံကို ပုံလေးတွေနဲ့ အနည်းငယ် လုပ်ပြထားပါတယ်.. အသုံးမပြုတတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်တွေမှာ လေ့လာကြည့်ပေးပါ.. ဒီ Windows 7 Manager 4.2.4.0 Final ဗါးရှင်းလေကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.12 MB ရှိပါတယ်..။

Windows 8 Manager 1.0.9.0 Final

 Windows 8 Manager 1.0.9.0 Final နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ ဒီကောင်လေးရဲ့ အသုံးပြုပုံကို   Yamicsoft Windows 8 Manager 1.0.0 ပိုစ့်မှာ ပြန်ကြည့်ပေးပါ..။ ဒီပိုစ့်မှာတော့ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် သူ့အတွက် ထည့်ပေးထားတဲ့ Keygen သို့မဟုတ် crack ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ပေးလိုက်ရင် ဒီကောင်လေးကို အသုံးပြုလို့ ရသွားပါပြီ..။ ဒီကောင်လေးကို အသုံးမပြုခင် အရင်ဆုံး ဖူးဖြစ်သွားတာနဲ့ Restore Point လုပ်ခိုင်းပါလိမ့်မယ်..။ Yes ပေးပြီး Restore Point အရင်လုပ်ထားလိုက်ပါ..။ ဒီကောင်လေးက ကွန်ပျူတာရဲ့ System ပိုင်းတွေကို ဝင်ပြင်ပေးမှာ ဖြစ်တဲ့အတွက် တခုခု Error ပေါ်ခဲ့ရင် Restore Point နဲ့ နောက်ပြန်သွားလို့ ရမှာ ဖြစ်ပါတယ်..။ ဒါကြောင့် Restore Point ကို အရင် လုပ်ထားပြီးမှ ဒီကောင်လေးကို အသုံးပြုပေးပါ..။ Windows 8 မှာ Restore Point မလုပ်တတ်သေးတဲ့ သူများအတွက် နောက်တင်မယ့်ပိုစ့်မှာ ပြပေးထားပါအုန်းမည်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.23 MB ရှိပါတယ်..။

Trojan Killer 2.1.5.8 Final


Trojan Killer 2.1.5.8 နောက်ဆုံးထွက် Final ဗါးရှင်းလေး ထပ်ထွက်လာလို့ တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုတဲ့အခါမှာတော့ Trojan လို့ခေါ်တဲ့ စက်ကို လေးအောင်၊ ဟမ်းအောင် လုပ်တတ်တဲ့ ဗိုင်းရပ်စ်တွေကို ဒီကောင်လေးက ဖယ်ရှားပေးနိုင်ပါတယ်..။ အသုံးပြုနေတဲ့ အခါမှာ Trojan တစ်ကောင်တွေ့ရင် တခါ ဥြဿဆွဲပြီး အသံပေးပါလိမ့်မယ်..။ အသစ်တွေ့တိုင်း ဒီလို အသံမျိုးနဲ့ အချက်ပြပေးပါလိမ့်မယ်..။ crack ၊ patch ၊ keygen တွေကို အရင်သိမ်းထားပြီးမှ ဒီနောက်ဆုံးထွက်လေးကို အသုံးပြုပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် patch ဖိုင်လေးနဲ့ အဆင်ပြေပါတယ်..။ ဒီကောင်လေးကို patch ထည့်ပြီး ဖူးလုပ်နည်းနဲ့ အသုံးပြုတတ်အောင် အရင်ပိုစ့်အဟောင်းမှာ ပြန်ကြည့်ပေးပါ..။ ပုံလေးတွေနဲ့ အသုံးပြုတတ်အောင် ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်က 25.4 MB ရှိပါတယ်..။

Keys All Version Kaspersky 11 April 2013


Kaspersky ဗါးရှင်းအားလုံးအတွက် 11 April 2013 နောက်ဆုံးထွက်လေးကို ကီးတွေနဲ့ Key Files တွေ စုပေါင်းပြီး တင်ပေးလိုက်ပါတယ်..။ Kas/Kav နဲ့ တခြား Kaspersky Product တွေကို လိုအပ်လို့ ဒေါင်းယူချင်တဲ့ သူများကတော့ အရင်တုန်းက တင်ပေးခဲ့ဖူးတဲ့ ပိုစ့်ဖြစ်တဲ့ 2012 December လထဲကပိုစ့် မှာပြန်ကြည့်ပေးပါ..။ ကီးဖိုင်တွေ ထည့်တတ်အောင် အရင်တုန်းက တင်ပေးခဲ့တဲ့ ကီးဖိုင်ထည့်နည်းပိုစ့်ကို ပြန်ကြည့်လိုက်ရင် ဒီကီးတွေနဲ့ ကီးဖိုင်တွေကို ထည့်ပြီး အသုံးပြုလို့ ရသွားပါလိမ့်မယ်..။ ဒီနောက်ဆုံးထွက် Kaspersky ကီးတွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1 MB ပဲ ရှိပါတယ်..။

Photo Instrument 6.2.621 Final



ဒီကောင်လေးကတော့ မိမိတို့ရဲ့ ဓါတ်ပုံတွေကို ပြင်ဆင်ဖို့ အတွက် Tool လေးတွေ တော်တော်စုံတဲ့ ဆော့ဝဲလ်လေးပါ..။ မျက်နှာတပြင်လုံးကို ချောမွတ်နေအောင် ဖန်တီးယူလို့ ရပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ ထည့်ပေးထားတဲ့ crack ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုနိုင်ပါတယ်..။ Install ထည့်ပြီး၊ crack ထည့်ပြီးလို့ ဒီကောင်လေးကို ဖွင့်သုံးတဲ့အခါမှာ လေ့ကျင့်ခန်းလေးနဲ့ လိုအပ်ရင် လုပ်ပြခိုင်းလို့ ရပါတယ်..။ မလိုအပ်တော့ရင်တော့ ပိတ်ပစ်လိုက်ပါ..။ ဒီဓါတ်ပုံပြင်ဆင်တဲ့ ဆော့ဝဲလ်လေးကို အသုံးလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 11.5 MB ရှိပါတယ်..။ crack ဖိုင်လေးကို မဖြည်ခင် Antivirus ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေကို ပိတ်ထားပြီးမှ ဖိုင်ဖြည်ပါ..။ ဒါမှဒီကောင်လေးကို အသုံးပြုလို့ ရမှာပါ..။

LMSOFT Web Creator Pro 6.0.0.10 Final

 ကိုယ်ပိုင် Website တွေဖန်တီးတဲ့ သူများအတွက် ဒီကောင်လေးက အသုံးဝင်ပရိုဂရမ်လေး တခုပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ patch နဲ့ဖူးဖြစ်အောင် လုပ်နည်းကတော့ IDM လုပ်နည်းနဲ့ အတူတူပဲမို့ လိုအပ်မယ်ထင်တဲ့ အပိုင်းလေးကိုပဲ ပုံလေးနဲ့ပြပေးထားပါတယ်..။ Website ဖန်တီးတဲ့ ဆော့ဝဲလ်ဖြစ်လို့ ကွန်ပျူတာ ကျွမ်းကျင်တဲ့သူများ အတွက်ပဲ အသုံးဝင်တာဖြစ်တဲ့အတွက် အသုံးပြုတတ်အေင်နဲ့ အသုံးပြုနည်းတွေ ပြပေးဖို့ မလိုအပ်တော့ပါဘူး..။ ဒါကြောင့်ဒီကောင်လေးကို လိုအပ်တဲ့ Website ဒီဇိုင်းရေးဆွဲချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 77.5 MB ရှိပါတယ်..။

Windows 8 ကိုလေ့လာခြင်း (မြန်မာလို)

 Windows 8 အသုံးပြုနည်း စာအုပ်လေးပါ..။ ဒီနေ့တင်ပေးလိုက်တဲ့ စာအုပ်လေးတွေကို အဝေးရောက်နေတဲ့ သူငယ်ချင်းတွေ တောင်းထားတာ နည်းနည်းကြာနေပြီ..။ တင်ပေးဖို့ အလှည့်မရောက်ဖြစ်နေတာနဲ့ တင်မပေးဖြစ်ခဲ့တာပါ..။ ဒီနေ့တော့ ဒီစာအုပ်လေးတွေကို ရှာလို့ရသလောက် တင်ပေးလိုက်ပါပြီ..။ နောက်ထပ်တောင်းထားတဲ့ စာအုပ်လေးတွေကိုလည်း နောက်ပိုင်းရှာလို့ရလာတဲ့အခါ တင်ပေးပါအုန်းမည်..။ Windows 8 နဲ့ ပါတ်သက်လို့ အတော်လေး အကျွမ်းတဝင်အသုံးပြုတတ်ချင်တဲ့ သူများကတော့ ဒီစာအုပ်လေးနဲ့ အဆင်ပြေပါတယ်..။ လေ့လာကြည့်ရင် ကောင်းမှန်းသိပေလိမ့်မည်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 39.2 MB ရှိပါတယ်..။ ဒီအုပ်လေးတွေကို ဖတ်နိုင်ဖို့ PDF Reader လေးတွေကို အရင်ပိုစ့်တွေမှာ တင်ပေးထားခဲ့ပြီးသားမို့ ဒီပိုစ့်မှာ ထပ်မတင်ပေးတော့ပါ..။ PDF Reader လေးတွေကို မိမိတို့ ကွန်ပျူတာမှာ Install ထည့်ပြီးသွားရင် ဒီစာအုပ်လေးတွေကို ဖတ်လို့ ရသွားပါပြီ..။

Cafezee အသုံးပြုနည်း (မြန်မာလို)

အင်တာနက်ဆိုင်တွေမှာ အသုံးပြုနေကြတဲ့ ဆော့ဝဲလ်တွေထဲက တခုဖြစ်တဲ့ Cafezee ဆော့ဝဲလ်လေးရဲ့ အသုံးပြုပုံ၊ အသုံးပြုနည်း စာအုပ်လေးပါ..။ Install ထည့်နည်းက စပြီး ၊ Password ခံနည်း၊ ကွန်ပျူတာတွေ နာမည်ပြောင်းပေးနည်းကအစ အစအဆုံးအသုံးပြုတတ်အောင် ရှင်းပြပေးထားတဲ့ စာအုပ်ကောင်းလေးတအုပ်ပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 537 kb ပဲ ရှိပါတယ်..။

Using ipod/ipad/iphone (မြန်မာလို)

Apple ကထုတ်တဲ့  ipod/ipad/iphone တွေကို မြန်မာလို့ လေ့လာပြီး အလွယ်တကူ အသုံးပြုလို့ရအောင် ရေးသားထားတဲ့ စာအုပ်လေးပါ..။ Apple Product တွေကို စပြီး အသုံးပြုနေတဲ့ သူများအတွက် အဆင်ပြေစေမယ့် ၊ စာအုပ်ကောင်းလေး တအုပ်ပါပဲ..။ ဒီစာအုပ်လေးကို တောင်းထားတဲ့ အဝေးကသူငယ်ချင်တွေနဲ့ တခြားလိုအပ်တဲ့သူများပါ အသုံးပြုလို့ရအောင် ဒီနေ့ဒီစာအုပ်လေးကို တင်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူနိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 12.5 MB ရှိပါတယ်..။

Startup Faster 3.6.2011.14 Final

ဒီကောင်လေးက Starting Windows ဝင်းဒိုးအတက်မှာ မြန်အောင်လုပ်ပေးနိုင်တဲ့ Startup Faster 3.6.2011.14 Final နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ ထွေထွေထူးထူး လုပ်ပေးဖို့မလိုပါဘူး..။ အောက်မှာ အသုံးပြုတတ်အောင် ပြပေးထားတဲ့ ပုံလေးအတိုင်း လုပ်ပေးလိုက်ရင် ရပါပြီ..။ ဟိုးအရင်တုန်းက တင်ပေးခဲ့ဖူးတဲ့ ပိုစ့်တခုဖြစ်တဲ့ Run >> msconfig >> startup မှာ Disable (အမှန်ခြစ်တွေဖြုတ်) ပေးပြီး >> Apply >> OK နဲ့ စက်ကို Restart ချပေးလိုက်ရင် ဒီကောင်လေးကို အသုံးပြုဖို့ မလိုတော့ပါဘူး..။ ဒီကောင်လေးကလည်း အဲ့ဒီနည်းကို မသိတဲ့သူများ၊ အဲ့ဒီနည်းကို မလုပ်တတ်တဲ့သူများအတွက်သာ အသုံးဝင်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ keygen လေးပါ ထည့်ပေးထားပါတယ်..။ keygen နဲ့ ဖူးဖြစ်အောင် လုပ်တတ်အောင်ပါ တခါတည်း ပြပေးထားပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 5.1 MB ရှိပါတယ်..။

ESET NOD32 Antivirus & ESET Smart Security License/Keys


ဒီဖိုင်လေးထဲမှာ ESET NOD32 Antivirus & ESET Smart Security တို့အတွက် ကီးတွေ၊ Keyfiles တွေနဲ့ User Name and Password တွေကို လအပိုင်းအခြားလိုက် ထည့်ပေးထားပါတယ်..။ 2014 အထိပါ အသုံးပြုလို့ရတဲ့ ကောင်လေးတွေပါပါတယ်..။ ကီးထည့်နည်း ၊ အသုံးပြုနည်းနဲ့ ဆော့ဝဲလ်တွေ ဒေါင်းယူလို့ရအောင် မူရင်းဆိုဒ်တွေကိုပါ လင့်ချိတ်ပေးထားခဲ့တဲ့ 2012 December လထဲက ပိုစ့်မှာ ပြန်ကြည့်လိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရဖို့ အဆင်ပြေသွားပါလိမ့်မယ်..။ ဒီကီးတွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 700 KB ပဲရှိပါတယ်..။

Air Assault 2 PC Game

ဒီဂိမ်းလေးက ဟိုးအရင်တုန်းက ကျနော် မကြာမကြာဆော့ခဲ့တဲ့ ဂိမ်းလေးပါ..။ အခုမှ ပြန်ရှာတွေ့လာလို့ ဂိမ်းကစားလိုတဲ့သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ Install ထည့်ပြီးတာနဲ့ တန်းကစားလို့ရတဲ့၊ 3D စတိုင်ဖန်တီးထားတဲ့၊ တိုက်လေယဉ်နဲ့ သနတ်ပစ်ရတဲ့ ဂိမ်းလေးပါ..။ သနတ်ပစ်ရတဲ့ ကီးတွေကလည်း ရှင်းပါတယ်..။ မောက်စ်ကလစ်နဲ့ပဲ ပစ်သွားတာပါ..။ Shift ကီးနဲ့ တွဲနှိပ်ပြီး ပစ်ရင် ကျည်ဆံနောက်တမျိုး ပြောင်းထွက်တတ်ပါတယ်..။ ဒါပေမယ့် ပါဝါတွေ စားပြီးမှ လုပ်လို့ ရမှာပါ..။ ဒီသနတ်ပစ်ဂိမ်းလေးကို ကစားချင်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 22 MB ရှိပါတယ်..။

Internet Download Manager 6.15 Build 8 Final


IDM မရှိသေးတဲ့သူများနဲ့ Serial Key တောင်းနေလို့ အသုံးပြုဖို့ လိုအပ်နေတဲ့သူများအတွက် Internet Download Manager 6.15 Build 8 Final နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ Patch ဖိုင်လေးပါ ဒေါင်းလော့ဖိုင်ထဲမှာ ထည့်ပေးထားလို့ patch နဲ့ ဖူးဖြစ်အောင်လုပ်နည်းကို ကျနော့် Blog ရဲ့ ညာဘက်အပေါ်ဆုံးမှာ လင့်ချိတ်ပေးထားတဲ့ ပိုစ့်အတိုင်း ဒီဗါးရှင်းလေးကို လုပ်ပေးလိုက်ရင် ဒီနောက်ဆုံးထွက်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.1 MB ရှိပါတယ်..။

Portable Photoshop CS6 13.1.2 Final - Included 3D Tool


4 Apr 13, 10:00 PM
မိုးလရောင်: အကိုရေ.. photoshop cs6 လေးလိုအပ်နေလို. တောင်းလို.မရတော.ဘူးထင်တယ်ရှင်....
Portable Photoshop CS6 13.1.2 Final နောက်ဆုံးထွက်လေးနဲ့ တောင်းထားတဲ့လူ ရှိလာတာနဲ့ တိုက်ဆိုင်လာလို့ ဒီနေ့တော့ Portable Photoshop CS6 ကိုတင်ပေးဖြစ်သွားပါတယ်..။ ဒီ Portable Photoshop CS6 လေးကို 32-bit နဲ့ 64-bit ဆိုပြီး ဖိုင်၂ခုခွဲတင်ပေးထားတာ ဖြစ်လို့ မိမိတို့ ဝင်းဒိုးနဲ့ အဆင်ပြေမယ့် ဗါးရှင်းကို ရွေးပြီး ဒေါင်းယူရမှာပါ..။ ဖိုင်ဖြည်လိုက်ရင်တော့ .paf ဖေါ်မတ်နဲ့ ရရှိပါလိမ့်မယ်..။ ၂ချက်တောက်ပြီး အပိုင်း (D:) သို့မဟုတ် မိမိတို့အဆင်ပြေမယ့် တစ်နေရာကို ရွေးပြီး Extract နဲ့ ဖြည်ချလိုက်ရင် ဒီကောင်လေးကို အသုံးပြုလို့ ရသွားပါပြီ..။ ဒီ CS6 ပေါတေးဘယ်လေးမှာ 3D တူးလေးပါ ပါလာတာကို တွေ့ရပါတယ်..။ CS6 နဲ့ 3D အသုံးပြုလိုတဲ့ သူများအတွက် အဆင်ပြေစေမယ့် နောက်ဆုံးထွက်လေးပါ..။ အောက်မှာလည်း ကျနော်စမ်းသပ်ထားတာလေးကို ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 32-bit အတွက် 93 MB ရှိပြီး၊ 64-bit အတွက်ကတော့ 105 MB ရှိပါတယ်..။ 

How to create Animated Floating Light Text (Blogger များအတွက် Photoshop ဖြင့် အသုံးဝင် Animated စာလုံးများ ဖန်တီးခြင်း)





ဒီအပေါ်မှာ မြင်နေရတဲ့ Animated စာလုံးလေးတွေ လုပ်နည်းကို တောင်းထားတဲ့ Blogger တွေများပေမယ့် အရင်က အလွယ်တကူဖြစ်အောင် ပုံလေးတွေနဲ့ တင်ပေးဖို့ အဆင်မပြေခဲ့ပါ..။ ဒီနေ့တော့ ဒီလိုလုပ်နည်းကို အလွယ်ဆုံးဖြစ်မယ့် Video ဖိုင်လေးနဲ့ ဖန်တီးလို့ ပြီးသွားပြီဖြစ်လို့ လိုအပ်တဲ့သူများအတွက် အဆင်ပြေအောင် Youtube မှာတင်ပြီး ကျနော့် Blog မှာ လင့်ပြန်ချိတ်ပေးထားပါတယ်..။ Youtube ကသီချင်းတွေကြည့်တဲ့နေရာမှာလည်း ကျနော့် Blog နာမည် Lwinminbo ဆိုပြီးရိုက်ထည့်လိုက်ရင် ကျနော်တင်ထားတဲ့ Video ဖိုင်တွေ ပေါ်လာပါလိမ့်မယ်..။ Youtube ကနေပဲ ဒီ Animated Floating Light Text ဆိုတဲ့ Video လေးရဲ့ အောက်မှာလည်း Photoshop CS3 နဲ့ မြန်မာစာဖေါင့်အလှတွေကို တခါတည်း ဒေါင်းယူလို့ရအောင် လင့်ချိတ်ပေးထားပါသေးတယ်..။ လိုအပ်တဲ့သူများကတော့ Youtube ကနေလည်း ဝင်ယူလို့ရသလို၊ အခုကျနော့် Blog ရဲ့ ဒီပိုစ့်မှာလည်း CS3 နဲ့ MM Fonts တွေကို ဒေါင်းယူလို့ ရပါတယ်..။ ဒီလုပ်နည်းလေးကို CS3 နဲ့လုပ်ရတာ ပိုလွယ်တဲ့အတွက် CS6 နဲ့မပြပဲ CS3 နဲ့ပဲ လုပ်ပြပေးလိုက်တာပါ..။ ဒီနည်းလေးကို အသုံးပြုလိုတဲ့သူများကတော့ အောက်က Video လေးကို လေ့လာကြည့်လိုက်ပါဗျာ..။ ကျနော်ဖန်တီးထားတဲ့ ဒီအောက်က Video ဖိုင်လေးကို ကြည့်ပြီး Photoshop နဲ့ Animated Text စာလုံးလေးတွေကို ဖန်တီးတတ်သွားပါလိမ့်မယ်..။


Photoshop CS3 နဲ့ မြန်မာဖေါင့် စာလုံးအလှလေးတွေကို အောက်ကလင့်ကနေ လိုအပ်တဲ့သူများ ဒေါင်းယူနိုင်ပါတယ်..။

Photoshop ဖြင့် ပုံနှင့်စာလုံးများ၏ နောက်ခံအကြည်လွှာများ (Transparent) ဖန်တီးခြင်း

ဒီပိုစ့်ကတော့ Photoshop လေ့ကျင့်ခန်းနဲ့မတူပါဘူး..။ လုပ်နည်းလေးတခုပါ..။ မိမိတို့ရဲ့ ပုံလေးတွေနဲ့ စာလုံးဒီဇိုင်းတွေကို Transparent လို့ခေါ်တဲ့ နောက်ခံအကြည်လွှာလေးတွေနဲ့ ဖန်တီးတတ်အောင် လုပ်ပြပေးထားတဲ့ လုပ်နည်းပိုစ့်လေးပါ..။ အရင်တုန်းကလည်း မေးထားခဲ့ဖူးတဲ့ လူများရှိခဲ့လို့ ဒီနေ့ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ..။ လုပ်နည်းက လွယ်ပါတယ်..။ ဒီနည်းနဲ့ Photoshop ကို အသုံးပြုပြီး မိမိတို့ရဲ့ ပုံလေးတွေနဲ့ စာလုံးဒီဇိုင်းတွေကို သိမ်းထားမယ်ဆိုရင် တခါဖြတ်၊ တခါဖန်တီးထားယုံနဲ့ နောက်ပိုင်း ပြန်ပြင်စရာ၊ ပြန်ဖြတ်စရာမလိုပဲ ၊ လိုသလို အလွယ်တကူ ယူသုံးလို့ ရမှာ ဖြစ်ပါတယ်..။ ဘယ်ပုံပေါ်ကိုပဲ တင်တင်၊ Web (or) Blog ပေါ်ကိုပဲ တင်တင် ပြန်လည်ပြုပြင်စရာ မလိုတော့ပဲ တခါတည်း အဆင်ပြေစေမယ့် နည်းလေးပါ..။ ဓါတ်ပုံအရောင်အတိုင်း ၊ Blog/Web အရောင်အတိုင်း စာလုံး(သို့)ပုံရဲ့ နောက်မှာ ပေါ်နေမှာ ဖြစ်ပါတယ်..။  ဒါကြောင့်ဒီနည်းလေးကလည်း လွယ်ကူပြီး အသုံးဝင်တဲ့ နည်းလေးတခုမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ Transparent နဲ့ ပုံတို့စာလုံးတို့ကို ဖန်တီးတတ်ချင်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ နောက်ပြီး အရင်တုန်းက ကျနော်တင်ပေးခဲ့တဲ့ Photoshop လေ့ကျင့်ခန်းလေးတွေကိုလည်း PDF ဖိုင်နဲ့သိမ်းထားခဲ့လို့ ဒီပိုစ့်နဲ့ အတူ ပြန်လည်တင်ပေးလိုက်ပါတယ်..။ PDF ဖိုင်နဲ့ ကျနော်ဖန်တီးထားတဲ့ Photoshop လေ့ကျင့်ခန်းလေးတွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ တခါတည်း PDF Reader၊ Photoshop CS3 နဲ့ မြန်မာစာဖေါင့် အလှတွေကိုလည်း အဲ့ဒီစာမျက်နှာမှာပဲ ဒေါင်းယူနိုင်ပါတယ်..။

Nsasoft Product Key Explorer 3.3.3.0 Final



မိမိတို့ကွန်ပျူတာထဲမှာရှိတဲ့ ဝင်းဒိုး Product Keys အပါအဝင် တခြားနာမည်ကြီး Microsoft Office တို့လို ဆော့ဝဲလ်တွေရဲ့ Keys တွေကို ဒီကောင်လေးက ပြန်ရှာပေးနိုင်ပါတယ်..။ ကွန်ပျူတာအသစ် ဝယ်ကတည်းက ပါလာတဲ့ ဝင်းဒိုးတွေနဲ့ Microsoft Office တို့လို ဆော့ဝဲလ်တွေရဲ့ Keys တွေက Keys အစစ်အမှန်တွေမို့ ဒီကောင်လေးနဲ့ ပြန်ရှာပြီး သေသေချာချာ မှတ်မှတ်ရရ သိမ်းထားသင့်ပါတယ်..။ လိုအပ်တဲ့အခါ ပြန်သုံးဖို့ပါ..။ အပြင်ရောက်မှ ပြန်ထည့်တဲ့ ဝင်းဒိုးတွေနဲ့ crack ၊ patch ၊ keygen တို့နဲ့ ဖူးဖြစ်အောင် လုပ်ထားတဲ့ ဆော့ဝဲလ်တွေဆိုရင်တော့ ပြန်ရှာလို့ရတဲ့ Keys တွေက Keys အမှန်တွေ မဟုတ်ပါဘူး..။ Serial Key ထည့်ပြီး ဖူးသုံးလို့ရတဲ့ ဆော့ဝဲလ်တွေရဲ့ Keys တွေမှသာ ကီးအမှန်တွေပါ..။ ဒီကောင်လေးက ဆော့ဝဲလ်ပေါင်း ထောင်ကျော်ရဲ့ ကီးတွေကို ပြန်ရှာပေးနိုင်တဲ့ Nsasoft Product Key Explorer 3.3.3.0 Final ဗါးရှင်းလေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ patch နဲ့ဖူးဖြစ်အောင်လုပ်နည်းက IDM လုပ်နည်းနဲ့ အတူတူပဲမို့ Successfully ဖြစ်သွားတဲ့ ပုံလေးပဲ ပြပေးထားပါတယ်..။ အသုံးပြုတတ်အောင် အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 8.1 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ဖရီးဆော့ဝဲလ်နာမည်နဲ့ တင်ပေးထားပါတယ်..။

Perfect Uninstaller 6.3.3.9 Final



ဒီကောင်လေးက ဆော့ဝဲလ်တွေ ပြန်ထုတ်ပစ်တဲ့ နေရာမှာ နာမည်ရ Uninstaller တွေလိုမျိုး ဆော့ဝဲလ်တခုစီရဲ့ Registry တွေကိုပါ ထုတ်ပစ်ပေးနိုင်တဲ့ ကောင်လေးပါ..။ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုရကောင်းတဲ့ Perfect Uninstaller 6.3.3.9 Final ဗါးရှင်းလေး.. ဖိုင်ဆိုဒ်ကလည်း 2.6 MB ပဲရှိပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် Key တွေပါ ဒေါင်းလော့ဖိုင်ထဲမှာ ထည့်ပေးထားပါတယ်..။ အသုံးပြုတတ်အောင်နဲ့ ကီးတွေပါ တခါတည်း ထည့်ပြပေးထားလို့ လိုအပ်တဲ့သူများကတော့ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ ဒီ Perfect Uninstaller လေးကို အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဒီဖိုင်လေးကိုလည်း ကျနော်ဖရီးဆော့ဝဲလ်နာမည်နဲ့ နာမည်ပြောင်း တင်ပေးထားပါတယ်..။

ImToo Blu-ray Creator 2.0.4.20130301 Final

ဒီကောင်လေးကတော့ Blu-Ray Disc တွေဖန်တီးချင်တဲ့ သူများအတွက် အဆင်ပြေစေမယ့် ဆော့ဝဲလ်လေးပါ..။ ကျနော်တို့ Video တွေနဲ့ သီချင်းတွေကို Blu-Ray Disc တွေမှာ အသုံးပြုလို့ရဖို့ ဒီလိုကောင်လေးတွေကလည်း လိုအပ်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် သူ့အတွက် ကီးလေးပါ ထည့်ပေးထားပါတယ်..။ အသုံးပြုရတာလည်း လွယ်ကူပြီး ဒီဆော့ဝဲလ်လေးရဲ့ ပုံမှာပြထားတဲ့အတိုင်း အဆင့်-၃ ဆင့်အတိုင်း လုပ်ပြီးအသုံးပြုနိုင်ပါတယ်..။ လိုအပ်တဲ့သူများအတွက် အသုံးပြုရလွယ်ကူအောင် ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ Video ဖိုင်လေးပါ ချိတ်ပေးထားပါတယ်..။ ဒီကောင်လေးကို အသုံးလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 32.5 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော်ဖရီးဆော့ဝဲလ်နာမည်နဲ့ ပြောင်းတင်ပေးထားပါတယ်..။ 
Related Posts Plugin for WordPress, Blogger...