ProShow Gold v5.0


27 Aug 12, 12:07 AM
မိုး၂: အကိုရယ် ကျနော့ကို photoshop7.0 နဲ့
27 Aug 12, 12:08 AM
မိုး၂: slideshow လုပ်တဲ့ progold ဆော့ဝဲ့ပါ ခဏတင်ပေးပါလားးအကို
ဒီလိုလေးတွေ ရေးပြီးတောင်းရင် ဆော့ဖ်ဝဲတွေရှာရတာ ပိုအဆင်ပြေပါတယ်..။ တချို့က ဆော့ဖ်ဝဲနာမည် ထည့်မပေးတော့ ဘယ်လိုရှာရမှန်း မသိတာတွေ ရှိပါတယ်..။ မိမိတို့အသုံးပြုလိုတဲ့ ပုံစံနဲ့ ဆော့ဖ်ဝဲနာမည်ကို တိတိကြကြပြောနိုင်ရင် ကျနော်ရှာရတာ ပိုအဆင်ပြေပါတယ်..။ ကျန်ခဲ့တဲ့ အပါတ်ကတင်ပေးခဲ့တဲ့ IsoBuster လို ဆော့ဝဲလ်မျိုးဆိုရင် သူပေးထားတဲ့ နာမည်နဲ့ သူအသုံးပြုပုံနဲ့က တခြားစီပဲ.. ဆော့ဖ်ဝဲနာမည်နဲ့ အသုံးဝင်တာ ဘာမှမဆိုင်ဘူး..။ အဲလိုဆော့ဝဲမျိုးတွေရှိတာကြောင့် ကျနော့်ဆီမှာ ဆော့ဝဲတွေတောင်းတဲ့ အခါ ဘာအတွက်သုံးတဲ့ ဘာဆော့ဖ်ဝဲပါ ဆိုတာ ဆော့ဝဲနာမည်နဲ့ အသုံးဝင်ပုံလေးကို သေချာလေး ရေးပေးပြီး တောင်းကြဖို့ သတိပြုစေချင်ပါတယ်..။ ဒါမှလုပ်ရကိုင်ရတာ အဆင်ပြေမှာပါ..။ 
အပေါ်မှာဖေါ်ပြထားတဲ့ အစ်ကိုတောင်းထားတဲ့ထဲက ဒီတစ်ခုကို အရင် တင်ပေးလိုက်ပါတယ်..။ နောက်တခု Photoshop 7.0 ကတော့ ကျနော် အခု တင်ပေးနေပါတယ်..။ Upload ရတာနဲ့ ပြန်လည်မျှဝေပေးသွားပါ့မယ်..။ ဒီကောင်လေးကို ကျနော် Patch ဖိုင်လေးနဲ့ တင်ပေးထားပါတယ်..။ Patch ထည့်နည်းကို အားလုံးလည်း သိပြီးလောက်ပြီမို့ အများကြီး ပြမနေတော့ပါဘူး..။ IDM 6.12 Built 3 ပိုစ့်မှာ လုပ်ပြထားတာနဲ့ အတူတူပါပဲ.. နောက်ပြီး ဒီကောင်လေးမှာ ဓါတ်ပုံတွေကို Slide Show လုပ်တဲ့ Effect တွေအများကြီးနဲ့ နောက်ခံသီချင်းတွေပါထည့်လို့ ရပါတယ်..။ လုပ်ပြီးသား Slide Show တွေကို တခါတည်း DVD ခွေထုတ်ချင်လား၊ You Tube မှာတင်ချင်လား၊ Face Book မှာ တင်ချင်လား၊ လုပ်လို့ရတာတွေ အများကြီးပါပါတယ်..။ အဲလို လုပ်လို့ရတာတွေ အများကြီးပါတဲ့ အတွက် ပုံတွေအများကြီးနဲ့ လုပ်ပြဖို့ အဆင်မပြေနိုင်ပါဘူး..။ ဒါကြောင့် သူ့အတွက် Tutorial Video ဖိုင်လေးတွေရှာပြီး လင့်တွေ ချိတ်ပေးထားပါတယ်..။ အဲဒီဗွီဒီယိုတွေကို ကြည့်ပြီး စမ်းလုပ်ကြည့်ရင် အဆင်ပြေပြေ လုပ်တတ်သွားပါလိမ့်မယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 33.4 MB ရှိပါတယ်..။

Blogger လူသစ်များအတွက် မသိမဖြစ် Blog အသုံးပြုနည်းများ


10 Aug 12, 06:14 PM
ကတုံး: အစ်ကိုရယ် ဒီနေ၇ာမှာမိမိညွန်းချင်တဲ့ URL လင့်ကိုထည့်ပါ ဘာကိုပြောတာလဲ ရှင်းပြပေးပါလားကေူးဇူးပြုပြီး
10 Aug 12, 04:55 PM
မောင်စိုး: အစ်ကိုရေ ကျွန်တော်ဘလော့မှာ တင်ပြီးသမျှပိုစ်.လိုပေါ်ခြင်းတယ် ကူညီပေးပါနော်
21 Aug 12, 08:15 PM
မောင်ဇော်: အစ်ကို ကျေးဇူးပြု၍ ရှင်းပြပါရန် မေတ္တာရပ်ခံပါတယ် အခုဖြစ်နေတဲ့  ဘလော့ ပြဿနာပါ.. ဒီလိုပါ အစ်ကို Showing posts with label ကဗျာများ. Show all posts မပေါ်ဘူးဖြစ်နေတယ် .. နိုပ်လိုက်ရင် ဒီအတိုင်းပဲ အောက်မှ
21 Aug 12, 08:17 PM
မောင်ဇော်: ရေးထားတဲ့ ကဗျာများ ပေါ်မလာတော့ဘူး .. ရှင်းပြပေးပါရန် မေတ္တာရပ်ခံပါသည် ။
22 Aug 12, 09:11 AM
လွင်မင်းဗိုလ်: ကိုမောင်ဇော်ရေ.. Design >> Blog Posts >> Edit ကနေသွားပြီး ပေါ်လာတဲ့ဘောက်စ်ထဲမှာ အမှန်ခြစ်လေးတွေကို တခုချင်းစီဖြုတ်၊ တပ်လုပ်ပြီးစမ်းကြည့်ပါဗျာ.. စိတ်ကြိုက်ဖြစ်ရင် Save လိုက်ပါ.. မစမ်းခင်အရင်ဆုံး မူရင်းအတိုင်းကို ဓါတ်ပုံရိုက်ယူထားလိုက်ပါ.. အမှာ�
22 Aug 12, 09:12 AM
လွင်မင်းဗိုလ်: အမှားဖြစ်ခဲ့ရင်ဓါတ်ပုံထဲကအတိုင်းပြန်ပြင်လို့ရအောင်လို့ပါ..
22 Aug 12, 12:29 PM
မောင်ဇော်: ဘာကို ဖြုတ်ရမှာလဲ အစ်ကိုရေ..  ဘယ်လိုမှ နားမလည်ဘူး ..ရှင်းပြပါနော် ..စောင့်မျော်နေလျှက်
ဒီပိုစ့်ကို Blogger လူသစ်များအတွက် မသိမဖြစ် Blog အသုံးပြုနည်းများလို့ ခေါင်းစဉ်တပ်လိုက်တာ အရမ်းများ လွန်သွားမလား မသိဘူး..။ တကယ်တော့ ကျနော်ဆိုလိုချင်တာ၊ ကျနော်ရေးသားထားတဲ့ ဘလော့နည်းလမ်းလေးတွေက လက်ရှိကျနော်အသုံးပြုနေတဲ့ ကျနော့်ဘလော့ထဲက နေ့စဉ်အသုံးဝင်နေတဲ့ နည်းလမ်းလေးတွေကို တစိတ်တပိုင်း စုစည်းတင်ပြထားခြင်းသာ ဖြစ်ပါတယ်.. စာဖတ်ယုံနဲ့ နားမလည်နိုင်ကြတဲ့ တချို့ Blogger လူသစ်များအတွက်ကို အဓိက ရည်ရွယ်ရေးသားထား ခြင်းသာဖြစ်ပါတယ်..။ ဒါကြောင့် အတတ်နိုင်ဆုံး ပုံလေးတွေနဲ့ ကြည့်ရအဆင်ပြေအောင်၊ နားလည်လွယ်အောင် ရှင်းပြပေးထားတာပါ..။ ပါဝင်တဲ့ လုပ်နည်းလေးတွေကတော့
၁။ မိမိတို့ရဲ့ Blog မှ Template ကို Download/Restore နဲ့ Recovery လုပ်နည်း..
၂။ မိမိတို့ရဲ့ Blog မှ ပိုစ့်အားလုံးကို Download/Restore နဲ့ Recovery လုပ်နည်း..
၃။ မိမိတို့ရဲ့ Blog မှာ တင်ပြီးသမျှပိုစ့်များ လို့ပေါ်ချင်တဲ့သူများအတွက်..
၎။ Blog Post များရဲ့ အောက်ခြေမှာ လိုအပ်တာလေးတွေ ပြင်ဆင်ဖြည့်စွက်ချင်တယ်ဆိုရင်..
၅။ Post တပုဒ်မတင်ခင် ပြင်ဆင်ရမည့် အချက်များ.. Labels (Categories) များအသုံးပြုတတ်အောင်..
၆။ Blog စာမျက်နှာမှာ Labels (Categories) ပေါ်အောင် လုပ်နည်း..
၇။ Post တပုဒ်တင်တဲ့အခါ မိမိညွှန်းချင်တဲ့ လင့်ကို မြုပ်တတ်အောင်၊ သပ်ရပ်တဲ့ Post တပုဒ်ဖန်တီးခြင်း  (Webpage လိပ်စာနဲ့ Download လင့်တွေ ဘယ်လိုမြုပ်မလဲ)
၈။ Blog Sidebar မှာ Download လင့်မြုပ်ပြီး Animation အရုပ်လေး လှုပ်ရှားနေအောင် လုပ်နည်း
အရင်တုန်းက တချို့ဘလော့ဂါလူသစ်တွေ မေးထားတဲ့ မေးခွန်းလေးတွေကိုတော့ ပြန်ရှာ မရတော့လို့ ထည့်မပြတော့ပါဘူး.. သိပ်မကြာခင်က မေးခွန်းလေးတွေကိုတော့ ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..။ အပေါ်ဆုံးက အစိမ်းရောင် စာကြောင်းလေးတွေ အတိုင်းပါပဲ.. ဘလော့နဲ့ ပါတ်သက်လို့ တခြားလိုအပ်မယ် ထင်တာလေးတွေနဲ့၊ နာမည်ကြီး မြန်မာနည်းပညာ ဆိုဒ်တွေမှာ ခဏခဏမေးမေးနေကြတဲ့ blog sidebar မှာ  ဇော်ဂျီရုပ်လေး လည်နေပြီး အောက်မှာ ဇော်ဂျီဖေါင့် ဒေါင်းလော့လင့်ကို ဘယ်လိုမြုပ်ရလဲ ဆိုတာပါ လုပ်ပုံလုပ်နည်းကို ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..။ လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..

Yamicsoft Windows 7 Manager 4.0.5 Final Portable


ဒီကောင်လေးမှာ Features တွေအတော်များများ ပါပါတယ်..။ Windows 7 Manager ဆိုတဲ့အတိုင်း Windows7 နဲ့ ပါတ်သက်တာတွေ အားလုံးနီပါး လုပ်ပေးနိုင်ပါတယ်..။ မိမိတို့ရဲ့စက်ကို အမှိုက်တွေရှင်းပေးတာ၊ မလိုအပ်တဲ့ Registry Error တွေကို Cleaning လုပ်ပေးတာတွေ၊ Junk ဖိုင်တွေနဲ့ တခြားအသုံးဝင်တဲ့ စက်ကို မြန်အောင်၊သွက်အောင် လုပ်ပေးနိုင်တာတွေ အများကြီး ပါပါတယ်..။ သူ့ရဲ့အသုံးဝင်ပုံတွေနဲ့ သူနဲ့ပါတ်သက်တာလေးတွေကို တခုချင်းစီ ရှင်းပြဖို့ ခက်ပါတယ်.. ကျနော် အနည်းငယ် အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ အနည်းငယ် လုပ်ပြပေးထားပါတယ်..။ ကျန်တာတွေကိုတော့ မိမိတို့ဖာသာ စမ်းသပ်အသုံးပြုကြည့်ပါဗျာ..။ ဒီကောင်လေးကို ဘယ်လိုအသုံးဝင်လဲ၊ ဘယ်နှမျိုး အသုံးပြုလို့ ရလဲဆိုတာကို သူ့ရဲ့မူရင်း ဆိုဒ်မှာ ရေးထားတဲ့အတိုင်း ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..
Windows 7 Manager is the powerful software tool to tweak and optimize your Windows 7, it bundles more than 30 different utilities in one and help your system faster and more stable, secure and personal!
Windows 7 Manager is a system utility that helps you optimize, tweak, repair and clean up Windows 7. It will increase your system speed, eliminate system fault, improve system security, and meet all of your expectations.Windows 7 Manager is a system utility that helps you optimize, tweak, repair and clean up Windows 7. It will increase your system speed, eliminate system fault, improve system security, and meet all of your expectations.
လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ Portable လေးပါ..။ ၂ချက်တောက်ပြီး တန်းသုံးလို့ ရပါပြီ..။ လိုရမယ်ရ သူ့ထဲမှာ Keygen လေးပါ ထည့်ပေးလိုက်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 9 MB ရှိပါတယ်..

Internet Download Manager 6.12 Build 10 Final


Internet Download Manager 6.12 Build 10 Final Update လေးထွက်လာလို့ တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးထဲမှာ ကျနော် Patch ဖိုင်လေးတွေ ၄ခုထည့်ပေးထားပါတယ်..။ မိမိတို့ နှစ်သက်ရာ Patch နဲ့ ဒီကောင်လေးကို ဖူးဖြစ်အောင်လုပ်ပေးလိုက်ပါ.. ဖူးဖြစ်အောင် လုပ်နည်းလေးကို IDM 6.12 Beta Built 3 ပိုစ့်မှာ တင်ပေးထားပြီးသား ရှိပါတယ်..။ မလုပ်တတ်သေးတဲ့သူများ အဲဒီပိုစ့်ကို ပြန်ကြည့်လိုက်ပါဗျာ..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါ..။ ဖိုင်ဆိုဒ်ကတော့ 5.1 MB ရှိပါတယ်..။ တခုသတိပြုရမှာက ဒီထဲမှာပါလာတဲ့ Patch ဖိုင်လေးကို မဖွင့်ခင် အရင်ဆုံး Antivirus Programs တွေကို Temporary Disable ပေးပြီး ခဏပိတ်ထားလိုက်ပါ..။ ပြီးမှ Patch ဖိုင်ကို ဖွင့်သုံးပါလေ..

IsoBuster 1.9.1 - (copy ကူးလို့မရအောင် ပိတ်ထားတဲ့ CD ချပ်ထဲက သီချင်းတွေကို ဘယ်လိုရအောင်ကူးမလဲ)

copy ကူးလို့ မရအောင် ပိတ်ထားတဲ့ CD ထဲက သီချင်းတွေကို ဒီကောင်လေးနဲ့ ရအောင်ကူးလို့ ရပါတယ်..။ ဒီကောင်လေးကို ဆရာသမားဆီက ယူလာတာ ကြာပါပြီ.. မတိုက်ဆိုင်လို့ မသုံးဖြစ်ပဲ မေ့နေတာ.. မနေ့ကတော့ သူငယ်ချင်းတစ်ယောက်က ဖုန်းထဲကို CD ထဲက သီချင်းတွေထည့်ချင်လို့ သူကိုယ်တိုင် ကူးယူလို့ မရတဲ့အကြောင်း၊ ကျနော့်ကို လုပ်ပေးဖို့ တောင်းဆိုလာလို့ စက်ထဲထည့်ပြီး စမ်းကြည့်လိုက်တော့ သီချင်းအပုဒ်တိုင်း 1 kb လို့ပဲ ပြထားတယ်..။ ဆော့ဖ်ဝဲနဲ့ copy ကူးလို့ မရအောင် ပိတ်ထားတဲ့ အခွေဖြစ်နေတော့ ဒီ IsoBuster လေးကို သွားသတိရတယ်.. ဒီကောင်လေးနဲ့ လုပ်ပေးလိုက်လို့ CD သီချင်းခွေ လေးချပ်စလုံး OK သွားတယ်..။ ဘယ်လိုသုံးလဲဆိုတာ လိုအပ်တဲ့သူများအတွက် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ သူ့အတွက် Key လေးပါ ထည့်ပြထားတယ်.. လိုအပ်တဲ့သူမျာ အောက်ကလင့်တွေ ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 2.5 MB ရှိပါတယ်..

Active Desktop Calendar 7.95 (32-bit and 64-bit)


ဒီကောင်လေးကတော့ ကျနော်တို့ရဲ့ ကွန်ပျူတာ Desktop ပေါ်မှာ Calendar ပေါ်နေအောင်လုပ်တဲ့ ကောင်လေးပါ..။ ဝင်ဒိုးထဲက Calendar မဟုတ်ပါဘူး..။ သူ့စတိုင်နဲ့ သူပါလာတဲ့ Calender လေးပါ..။ ကြည့်ရတာတော့ တစ်မျိုးလန်းနေသလိုပဲ.. အောက်မှာ ကျနော်စက် Desktop မှာ ပေါ်နေတာလေးကို ဖေါ်ပြပေးလိုက်ပါတယ်..။ ဒီကောင်လေးအတွက် Key လေးတွေပါ ထည့်ပေးလိုက်ပါတယ်..။ Install ဆွဲထည့်ပြီး သူ့ Key လေးကို သွားထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..။ မိမိတို့ကွန်ပျူတာမှာ အသုံးပြုတဲ့ နောက်ခံ Back ground ပုံတွေနဲ့ လိုက်ဖက်မယ့်ကောင်လေးလို့ ထင်ပါတယ်..။ Desktop မှာ အလှဆင်ချင်တဲ့သူများအတွက် အကြိုက်တွေ့နိုင်ပါတယ်..။ နောက်ပြီး သူ့ထဲမှာ နေ့တွေအတွက် နုတ်လေးတွေကို ရေးမှတ်ထားလို့ ရမယ်.. Alam ပေးထားလို့လည်း ရသေးတယ်..။ Desktop နောက်ခံ ပုံတွေနဲ့ Screen  Saver တွေကိုလည်း ထည့်သုံးလို့ ရပါသေးတယ်..။ မိမိတို့ စိတ်ကြိုက် စမ်းသုံးကြည့်ပါ..။ မကြိုက်လို့ ပိတ်ထားမယ်ဆိုရင်လည်း အလွယ်လေး ပိတ်ထားလို့ ရပါတယ်..။ အောက်မှာ ပုံလေးတွေနဲ့ ပြထားပေးပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 11.7 MB ရှိပါတယ်..။ သူ့ထဲမှာ 32-bit အတွက်နဲ့ 64-bit အတွက် ၂ခုပါပါတယ်..။ မိမိတို့ စက်ရဲ့ Version နဲ့ တူတဲ့ ကောင်လေးကို Install ဆွဲထည့်လိုက်ရင် ရပါပြီ..။

Adobe CS6 အားလုံးကို Activator တခုတည်းနဲ့ Full ဖြစ်အောင်လုပ်နည်း



Adobe CS6 ကိုမှ သုံးချင်တဲ့သူများအတွက်ပါ..။ ဒေါင်းလော့ချရမယ့် ဖိုင်ဆိုဒ်ကတော့ နည်းနည်းများပါလိမ့်မယ်..။ CS6 တခုကို 1GB ကျော်စီရှိပါတယ်..။ သူ့ရဲ့ CS6 Downloader နဲ့ Adobe CS6 အားလုံးကို တခုပြီးတခု ဒေါင်းယူလို့ ရပါတယ်..။ အောက်မှာ CS6 Downloader ပါ တင်ပေးလိုက်ပါတယ်..။ Adobe CS6 အားလုံးအတွက် Activator လေးလည်း တင်ပေးထားပါတယ်..။ ဒီကောင်လေးကို ကျန်ခဲ့တဲ့ လတုန်းကတည်းက တင်ပေးထားခဲ့တာပါ..။ အခုမှ ပြန်စမ်းကြည့်ပြီး အဆင်ပြေလို့ တခါတည်း လုပ်နည်းလေးပါ ထပ်တင်ပေးလိုက်ပါတယ်..။ CS6 အားလုံးကို ဒီ Activator လေးတခုတည်းနဲ့ ဖူးဖြစ်အောင် လုပ်လို့ရပါတယ်..။ အောက်ကပုံတွေမှာ မြင်ရမှာပါ..။ ကျနော့်စက်ထဲ Adobe CS6 သုံးခုကို ဒီကောင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ထားပြီးပါပြီ.. အဲဒီတော့ လိုအပ်တဲ့သူများကတော့ အောက်ကပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..။ အရင်ဆုံး ကျနော်တင်ပေးထားတဲ့ အောက်က ၂ခုစလုံးကို အရင်ဒေါင်းယူလိုက်ပါ..။ ၂ခုပေါင်းမှ 3 MB ကျော်ပဲရှိပါတယ်..။ ပြီးရင် Adobe CS6 Downloader ကို မိမိတို့စက်ထဲ Install ဆွဲထည့်လိုက်ပါ..။ ပြီးရင်တော့ Free Account တစ်ခုဖွင့်ပြီး မိမိတို့ နှစ်သက်ရာ အလိုရှိတဲ့ CS6 တွေကို တခုပြီးတခု ဒေါင်းယူလို့ ရပါပြီ..။ 

Adobe Photoshop CS5 - PDF (မြန်မာလို)


ဒီစာအုပ်လေးကို အဝေးကသူငယ်ချင်း တစ်ယောက်က တောင်းထားလို့ တင်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများနဲ့ မရှိသေးတဲ့သူများ ကတော့ မနေ့က တင်ပေးထားတဲ့ CS5 ကို လက်တွေ့ အသုံးပြုလို့ ရမှာဖြစ်ပါတယ်..။ ဒီစာအုပ်လေးထဲမှာ CS5 Tools တွေကို သေချာရှင်းပြထားပြီး၊ စာအုပ်လေးရဲ့ နောက်ဆုံး အပိုင်းမှာ အခြေခံလေ့ကျင့်ခန်းလေးတွေကိုလည်း ထည့်ပေးထားတာ တွေ့ရပါတယ်..။ ဒါကြောင့် အခုမှ လေ့လာနေတဲ့သူများ အတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါ.. ပုံနဲ့စာနဲ့ သေချာရှင်းပြထားတဲ့ စာရေးသူရဲ့ စေတနာကို လေးစားရမှာ ဖြစ်ပြီး၊ ဒီစာအုပ်လေးကို PDF ဖိုင်အဖြစ် ဖန်တီးပေးခဲ့တဲ့ စေတနာရှင်ကိုလည်း ကျနော်တို့လို အသုံးပြုသူတွေက ကျေးဇူးတင်ရမှာပါ.. ဒီစာအုပ်လေးကို ဖတ်လို့ရဖို့ မိမိတို့ ကွန်ပျူတာထဲမှာ Adobe Reader တို့လို Foxit Reader တို့လို Reader တခုခုကို Install ဆွဲထည့်ထားရမှာဖြစ်ပြီး အဲလို Reader တွေမရှိသေးတဲ့သူများကတော့ ကျနော့်ဆိုဒ်ထဲမှာ တင်ပေးထားတာ ရှိပါတယ်.. Search နေရာကနေ Reader လို့ရိုက်ထည့်ပြီး ရှာလိုက်ရင်  ထွက်လာပါလိမ့်မယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 6.7 MB ရှိပါတယ်..

Adobe Photoshop CS3 and CS5 Portables


အညာနိုင် :  14 August 2012 09:42
မတက်လို့ လားတော့ မသိဘူးဗျာမပြေဘူးဗျို့ ..product liences has expire တဲ့ ယူပြီးကာမှမသုံးတက်တာ စိတ်ပိန်တယ်ဗျာ...
ဒီ comment လေးကိုတွေ့ကတည်းက Photoshop CS1,2,3,4,5  အားလုံးကို ကျနော် Upload  တင်နေကျ ဆိုဒ်တွေမှာ တင်နေတာ ၂ခုပဲတင်လို့ရသေးတယ်ဗျာ..။ ကျန်တဲ့ ကောင်လေးတွေကိုတော့ အဆင်ပြေသလို တင်တင်ပေးသွားပါ့မယ်..။ အရင်ကျနော် တင်ပေးထားတဲ့ Photoshop CS6 မှာ ကိုအညာနိုင် comment ပေးထားသလို product license has expire ဆိုတဲ့ စာသားနဲ့ အတူ အသုံးပြုလို့ မရတော့ပါဘူး..။ ကျနော်လည်း ဒီ comment လေးကို တွေ့မှ CS6 ကို ပြန်စမ်းကြည့်မှ သိတော့တယ်..။ ဒါကြောင့် ကျနော်အရင်သုံးနေကျ ကောင်လေးတွေကို ပြန်တင်ပေးလိုက်ပါတယ်..။ Portable လေးတွေပါ..။ Connection ကကျနေတုန်းမို့ CS တခုကို ဆိုဒ်တခုစီမှာပဲ တင်လို့ ရသေးတယ်..။ လိုအပ်တဲ့သူများ အရင်ဒေါင်းယူထားလိုက်ပါဗျာ.. နောက်ပြီး ကျနော်အရင်တုန်းက တင်ပေးထားခဲ့ဖူးတဲ့ CS6 အားလုံးအတွက် Product Key နဲ့ Crack ဖိုင်လေးတွေကို ကျနော်ပြန်စမ်းကြည့်နေပါတယ်..။ Portable မဟုတ်တဲ့ CS6 အားလုံးကို ဖူးသုံးလို့ ရတော့မှာပါ.. မကြာခင် လုပ်နည်းလေးတွေကို ပြန်လည်မျှဝေပေးသွားပါအုန်းမယ်..။ အခုတော့ လိုအပ်တဲ့သူများအတွက် အောက်မှာ CS3 နဲ့ CS5 ကို ဒေါင်းထားလိုက်ပါဗျာ..။

Windows နှစ်ခုတင်ထားတဲ့စက်တွေမှာ တစ်ခုကိုဘယ်လို ဖြုတ်မလဲ


18 Aug 12, 07:39 AM
tanyawzinaungaung@gmail.: window7 ပဲ ၂ ခုကြီးဖြစ်နေလို.....၁ ခုကို ထုတ်ပြစ်ချင်ပါတယ်....ဘယ်လို လုပ်၇မလဲ...edit လုပ်တဲ.နေရာ ရှာမတွေ.လို.ပါ......ကျေးဇူးပြုပီး ဖြေကြားပေးပါနော်
ဒီလိုမေးထားတာ ဒါပါနဲ့ဆို သုံးယောက်လောက် ရှိပြီထင်ပါတယ်.. အရင်မေးခဲ့တဲ့သူတွေတုန်းက ပြန်မဖြေဖြစ်ခဲ့ဘူး.. ဘာလို့လဲဆိုတော့ လုပ်စရာတွေများနေလို့ ဒီနည်းကို မစမ်းသပ်ရသေးပဲ ရမ်းသမ်းပြီး မပြောရဲလို့ပါ..။ ဒီနေ့တော့ ကိုယ်တိုင်စမ်းသပ်ပြီးမှ အဆင်ပြေလို့.. (ဒီနေ့တော့ ကျနော့်စက်မှာ ဖြုတ်လိုက်တဲ့ ဝင်းဒိုးကို အသစ်ပြန်တင်ရတော့မှာပါ..) ဒီလုပ်နည်းကို ပြန်လည်မျှဝေလိုက်ပါတယ်.. Windows7 နှစ်ခုပဲ ဖြစ်ဖြစ်၊ သုံးခုပဲဖြစ်ဖြစ် ဒီနည်းနဲ့ ဖြုတ်ပစ်လို့ ရပါတယ်..။ ကျနော့်စက်မှာ Windows8 နဲ့ဆို ဝင်းဒိုးသုံးခု တင်ထားတာပါ..။ အခု ဝင်းဒိုးတစ်ခုပဲ ရှိပါတော့တယ်..။ ဒီနည်းနဲ့ မလုပ်ခင် ကျနော် ဝင်းဒိုးဖွင့်ထားရင်းနဲ့ အထဲက ဝင်းဒိုးရဲ့ Drivers တွေရှိတဲ့နေရာ၊ Partition ခွဲတဲ့ နေရာကနေ ဝင်ပြီး Format ချကြည့်ပါသေးတယ်..။ အဆင်မပြေပါ.. နောက်ထပ်လုပ်လို့ ရမယ်ထင်တဲ့ နေရာတွေကနေ လျှောက်စမ်းကြည့်သေးတယ်..။ မရပါဘူး..။ အခုဒီနည်းကို ကျနော်စဉ်းစားရင်းနဲ့မှ စမ်းသပ်ပြီး အောင်မြင်လို့ ပိုစ့်အဖြစ် ပြန်လည်တင်ပေးလိုက်ပါတယ်..။ မနေ့က Cbox မှာ ရေးခဲ့တဲ့အစ်ကိုနဲ့ တခြား ဒီလိုလုပ်ချင်နေတဲ့ သူများအတွက် အမြန်ဆုံး အဆင်ပြေအောင် ဒီပိုစ့်ကို ဒီနေ့ တင်ပေးလိုက်ပါတယ်..။ လုပ်နည်းကမခက်ပါဘူး.. ဒါပေမယ့် Windows7 ပဲဖြစ်ဖြစ်၊ Windows Vista ပဲဖြစ်ဖြစ်၊ XP ပဲဖြစ်ဖြစ် ဝင်းဒိုးခွေတခွေရှိဖို့ လိုအပ်ပါတယ်..။ အခွေမဟုတ်ရင်လည်း Boot တက်တဲ့ ဝင်းဒိုးခွေ ထည့်ထားတဲ့ USB တချောင်း လိုအပ်ပါတယ်..။ ဒါမှ ဒီနည်းကို အသုံးပြုလို့ ရမှာပါ..။ ဘာလို့လဲဆိုတော့ ဝင်ဒိုးတင်တဲ့ အတိုင်း သွားပြီး Hard Disk ကိုအပိုင်း ခွဲတဲ့နေရာ၊ Format ချတဲ့ နေရာကို ရောက်မှ မိမိတို့ဖျက်ချင်တဲ့ ဝင်းဒိုးရှိတဲ့ Partition အပိုင်းကို ဖျက်ပစ်မှာပါ.. Windows တင်ဖူးတဲ့သူများကတော့ ဒီလောက်ပြောရင်ကိုပဲ လုပ်တတ်နေလောက်ပါပြီ..။ ဝင်းဒိုးမတင်ဖူးသေးတဲ့ သူများနဲ့ တခြားမလုပ်တတ်သေးတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ တဆင့်ချင်းစီ ပြထားပေးပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာဆက်ကြည့်ပေးပါ..။

License Key Avira Antivirus Premium 2012 Valid Until 17.10.2013

 ဒီ Avira Antivirus Premium 2012 ကို 2013/ 10လပိုင်းအထိ အသုံးပြုလို့ ရမှာဖြစ်ပြီ.. သူ့အတွက်လိုအပ်တဲ့ Key Files လေးတွေကို ဒီကောင်လေးနဲ့အတူ ထည့်ပေးထားပါတယ်..။ ဒီ Key File တွေကို ဘယ်လိုထည့်ရမယ်ဆိုတာ အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီလမှာသုံးတာဖြစ်တဲ့ အတွက် ဒီလအတွက် Key File ကိုပဲ ရွေးပေးရမှာပါ..။ တခြား Key File တွေ ထည့်ပေးလို့ မရပါဘူး..။ နောက်လမှာ အသုံးပြုရင် နောက်လအတွက် Key File ကို ရွေးပေးရမှာပါ..။ ကျနော်လည်း ဒီကောင်လေးကို အခုမှ စမ်းသုံးနေတာ ဖြစ်တဲ့ အတွက် ရှေ့လတွေအတွက် ထည့်ပေးရမယ့် Key Files တွေကို ဘယ်လိုထည့်လို့ ရမယ်ဆိုတာ မစမ်းရသေးပါဘူး..။ ဒီလအတွက်ထည့်သုံးတဲ့ Key File ဒိတ်ကုန်သွားမှ နောက်ထပ် Key File တွေကို ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ ကျနော်စမ်းသုံးကြည့်ပြီးမှ ဒီပိုစ့်မှာ ဆက်ရေးပေးထားပါမယ်..။ အရင်ကျနော်သုံးနေတဲ့ Avira က ဖရီးပေးသုံးတာလေးပါ.. တော်ရုံ Patch တို့ Kengen တို့ကို Virus မှန်းမသိပါဘူး..။ အခုဒီကောင်လေးကတော့ ဖရီးပေးတာ မဟုတ်ပါဘူး.. ဝယ်သုံးရတဲ့ ကောင်လေးပါ.. Keygen, Patch နဲ့ Crack ဖိုင်တွေကို WinRAR နဲ့ ချုပ်မထားလို့ကတော့ ဗိုင်းရပ်စ်ဆိုပြီး ဖျက်ပစ်ပါလိမ့်မယ်.. ဒါကြောင့် ဒီကောင်လေးကို Install ဆွဲထည့်တော့မယ်ဆိုရင် အရင်ဆုံး မိမိတို့ စက်ထဲမှာရှိနေတဲ့ Keygen, Patch နဲ့ Crack ဖိုင်တွေကို WinRAR နဲ့အရင် စာအုပ်ချုပ်ထားလိုက်ပါ.. ပြီးမှ ဒီကောင်လေးကို အောက်မှာပြထားတဲ့ ပုံလေးအတိုင်း Install ဆွဲထည့်ပါ..။ ဒီ Avira Antivirus Premium ကိုအသုံးပြုမယ်ဆိုရင် တခြား Antivirus Programs တွေကို Uninstall နဲ့ အရင်ထုတ်ပစ်လိုက်ပါ.. ပြီးမှ ဒီကောင်လေးကို ထည့်ပါ..။ Install ထည့်ပြီးရင် Update လုပ် ပြီးမှ Scan System နဲ့ ဗိုင်းရပ်စ်စစ်ပါ၊ သတ်ပါ..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 96.7 MB ရှိပါတယ်..။ ဒီဖိုင်လေး ကြာကြာခံအောင် adfly စာမျက်နှာလေး ကြာခံထားပါတယ်..

Windows7 တင်ပြီးတဲ့အခါ Driver တွေကို ဘယ်လို Restore ပြန်လုပ်မလဲ


15 Aug 12, 05:37 PM
မိုးဇော်: အစ်ကို ဘလော့ က ၀င်ဒိုး တင်ပုံတင်နည်းကို ကြည့်လုပ်လိုက်လို့ ပြီသွားပါပြီ . ခက်နေတာက driver ထည့်ကြည့်လိုက်တော့ songs ဘောက်က အသံမလာ ခက်တာက အစ်ကို မကူညီဘူးဆိုရင် ဘယ်လိုမှ လုပ်လို့မရတော့ဘူး အစ်ကို
13 Aug 12, 06:17 AM
aphi: driver restore လုပ်နည်းလေးတင်ပေးပါအုံး စောင့်မျှော်နေပါတယ်
high 14 July 2012 23:09
back up တော့လုပ်လို့ရပါတယ်ဗျာ ပြန်ပီး ဘယ်လို restore မလုပ်တတ်လို့ ရှင်းပြပေးပါလား ကျေးဇူးတင်ပါတယ်
ဒီပိုစ့်ကို တင်ပေးဖို့ ချိန်နေတာ ကြာပါပြီ..။ အခုလို လိုအပ်တဲ့သူများ ရှိတဲ့ အချိန်ကျမှ တင်ပေးဖို့ စိတ်ကူးထားလို့.. မနေ့က Cbox မှာ မေးထားတဲ့ အစ်ကိုတွေနဲ့ အရင်ရက်က Driver Backup လုပ်ထားပြီးသားကို ဘယ်လို Restore ပြန်လုပ်ရမလဲလို့ မေးခဲ့ဖူးတဲ့ အစ်ကိုတွေ ရှိလာလို့  ဒီနေ့မှ ဒီပိုစ့်ကို တင်ပေးလိုက်တာပါ.. ဒါမှလည်း လတ်တလော လိုအပ်နေတဲ့ သူတွေအတွက် ပိုပြီးအကျိုးရှိမယ်လို့ ထင်မိလို့ပါ..။ 
အရင်ဆုံးသိထားရမှာက Window တင်တော့မယ်ဆိုတာနဲ့ လိုအပ်တာက.. Driver Backup လုပ်ထားတဲ့ဖိုင် ဒါမှမဟုတ် မိမိတို့ စက်ရဲ့ မူရင် Driver ခွေ လိုအပ်ပါတယ်..။ Driver ခွေမရှိတော့တဲ့သူများ အတွက် Driver Backup လုပ်လို့ရမယ့် ဆော့ဝဲလ်လေးကို ဟိုးအရင်တုန်းကတည်းက တင်ပေးထားတာရှိပါတယ်.. လိုအပ်တဲ့သူများ ဒီလင့်ကနေ ဝင်သွားယူလိုက်ပါ.. Driver Backup လုပ်နည်းကိုပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဝင်းဒိုးမတင်ခင် အရင်ဆုံး Driver Backup လုပ်ထားလိုက်ပါ..။ မူရင်း Driver ခွေရှိတဲ့ သူများအတွက်တော့ Backup လုပ်ဖို့ မလိုအပ်ပါဘူး..။ တခါလေ Backup လုပ်ထားတဲ့ Driver တွေကလည်း ဝင်းဒိုးတင်ပြီး အခုဒီနည်းနဲ့ Restore ပြန်လုပ်တဲ့အခါ Uncountable Problems ဆိုတဲ့စာသားမျိုးနဲ့ Drivers တွေပြန်ထည့်လို့ မရတဲ့အခါတွေလည်း ကြုံဖူးပါတယ်..။ အဲလိုဖြစ်ခဲ့ရင်တော့ သူလိုအပ်တဲ့ (ဥပမာ..။ ။ .dll ဖိုင်မျိုး၊ .inf ဖိုင်မျိုး)  ဖိုင်လေးကို မိမိတို့ Driver Backup လုပ်ထားတဲ့ဖိုင်တွေထဲက.. VGA ဂရပ်ဖစ်အတွက်ဆို သူနဲ့ဆိုင်တဲ့ဖိုင်ထဲ.. ဝါယာလက်စ်အတွက်ဆို ဝါယာလက်စ်နဲ့ ဆိုင်တဲ့ ဖိုင်ထဲ အထိ တဆင့်ချင်းစီ ဝင်သွားပြီး လိုက်ရှာပေးရပါတယ်..။ သူလိုအပ်တဲ့ဖိုင်လေးကို တွေပြီဆိုရင် အဲဒီကောင်လေးကို တချက်ကလစ်ပြီး OK , OK နဲ့ အဲဒီအဆင့်တွေမှာ ပြထားတဲ့ စာသားတွေအတိုင်း အဆင့်ဆင့် လုပ်ပေးသွားလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ အဲလိုလုပ်လို့မှ အဆင်မပြေသေးရင်တော့ မိမိတို့ကိုယ်တိုင် Google မှာ စာရိုက်ပြီး မိမိတို့စက်ရဲ့ Model နဲ့ Driver Free Download ဆိုပြီးလိုက်ရှာပေတော့..။ အဲဒီအခါကျရင်တော့ ခေါင်းတွေလည်း ပူထူပြီသာမှတ်.. ဘာလို့လဲဆိုတော့ စာတွေအများကြီးဖတ်ရလို့.. တဆိုဒ်ပြီး တဆိုဒ် မရမချင်း လိုက်ရှာရတဲ့ အတွက် ခေါင်းပါကိုက်လာတာပါ.. ဒါက Model ဟောင်းသွားတဲ့ စက်တွေအတွက်.. (Windows XP, Windows Vista ခေတ်ကစက်တွေကို) Windows7 တင်ပေးမိလို့ ကျနော်ကိုယ်တိုင် ကြုံခဲ့ရတဲ့ ဒုက္ခလေးတွေကို လမ်းကြုံတုန်း ပြန်လည်ပြောပြတာပါ..။ အဲတော့ နောက်ပိုင်းသိလာတာက Windows XP, Windows Vista ခေတ်ကစက်တွေကို Windows7 တင်မပေးတော့ပါဘူး.. XP ဆို XP, Vista ဆို Vista အဲဒီဝင်းဒိုးတွေပဲ ပြန်တင်ပေးလိုက်ပါတယ်..။ အရမ်းကို Windows7 သုံးချင်နေတဲ့သူမှပဲ 7 တင်ပေးလိုက်တယ်..။ အခုနောက်ပိုင်းတော့ အဲလို စက်အဟောင်းတွေအတွက် Drivers တွေအဆင်ပြေအောင် ဖရီးထုတ်ပေးထားတဲ့ ဆိုဒ်တခုကို တွေ့ခဲ့လို့.. အဲဒီဆိုဒ်က ပေးသုံးတဲ့ Drivers အားလုံးနီးပါးအတွက် DVD တချပ်စာနီးပါး 3 GB ကျော်ရှိတဲ့ ဆော့ဝဲလ်ခွေနဲ့ စက်အဟောင်း တော်တော်များများရဲ့ Drivers ပြဿနာကို အဆင်ပြေခဲ့ပါတယ်..။ လိုအပ်တဲ့သူများရှိခဲ့ရင် အဲဒီဆိုဒ်ကို ကျနော်ပြန်ရှာပြီး အဲဒီဆော့ဝဲလ်ကို ဒေါင်းယူလို့ ရအောင် ပြန်လည်တင်ပေးပါအုန်းမယ်..။ အခုတော့ စာလည်းရှည်နေပြီ.. ဒီပိုစ့်ကို ဆက်ရအောင်..

nero 8 essentials


nero 8 essentials ကတော့ ကျနော် Upload တင်နေတာ အတော်ကြာနေပါပြီ..။ ဒီနေ့မှပဲ အပိုင်းအားလုံး ပြည့်တော့တယ်..။ အခုရက်ထဲ လိုင်းကျနေတာနဲ့ ဖိုင်ဆိုဒ်သေးတာလေးတွေ ရွေးတင်ပေးနေတာ.. ဆိုဒ်ကြီးတာဆို လုံးဝတင်လို့ မရဘူး.. 100 MB လောက်ကိုတောင် တော်တော် အချိန်ပေးပြီး တင်နေရတာ..  ပြတ်ကျသွားလိုက် ပြန်တင်လိုက်နဲ့.. အတော်စိတ်ရှည်ရှည်ထားရတယ်.. ဒီအပိုင်းတွေအားလုံး ပြည့်ဖို့ ၁၀ရက်လောက် အချိန်ပေးရပါတယ်.. အခုဒီဖိုင်တွေကို တင်ထားတဲ့ Date တွေကို ဒေါင်းလော့ချတဲ့ အပိုင်းတွေမှာ တွေ့နိုင်ပါတယ်..။ Connection ကြောင့်ပဲ အပိုင်းတွေ ခွဲတင်ဖြစ်သွားတာ.. အခုဒီ nero 8 ကို အပိုင်း၅ပိုင်း ခွဲပြီး တင်ပေးလိုက်ပါတယ်.. အပိုင်းအားလုံး ဒေါင်းယူရမှာပါ..။ ဖိုင်ဆိုဒ်ကတော့ အားလုံးပေါင်း 395 MB ရှိပါတယ်..။ ဖိုင်ပြန်ပေါင်းတဲ့အခါ အောက်ကပုံလေးတွေအတိုင်း Part1 ကို ဖြည်ချလိုက်တာနဲ့ ကျန်တဲ့ အပိုင်းတွေပါ ပြေကျသွားပါလိမ့်မယ်..။ တခုသတိပြုရမှာက ဒေါင်းလော့ချနေတုန်း ပြတ်ကျသွားတဲ့ အပိုင်းကို ပြန်ဆက်မဒေါင်းပါနဲ့..။ ဖိုင်တွေ ပြန်ပေါင်းလို့ Error တက်ခဲ့ရင် အဲဒီပြတ်ကျ၊ပြန်ဆက်လိုက်တဲ့ အပိုင်းတွေက ဖြစ်တတ်လွန်းလို့ပါ.. ကျနော်ကိုယ်တိုင်း ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးတွေပါ..။ ဒါကြောင့် ဖိုင်တွေ ဒေါင်းယူနေတုန်း ပြတ်ကျသွားခဲ့တဲ့ အပိုင်းရှိခဲ့ရင် အဲဒီအပိုင်းကို ပြန်မဆက်ပဲ (ဖျက်ပစ်ပြီး) အသစ်ဒေါင်းယူပါ..။ ဒါမှအဲရာ ပြဿနာ ကင်းမှာပါ..။ ကျနော်ဒီအပိုင်းတွေ အားလုံးကို ပြန်ပေါင်းကြည့်ပြီး အဆင်ပြေမှ တင်ပေးထားတာဖြစ်တဲ့ အတွက် မိမိတို့ ဒေါင်းယူတဲ့ အခါ ပြတ်ကျတဲ့ ဖိုင်မရှိခဲ့ရင် Error မတက်နိုင်တာ သေချာပါတယ်..။ 
တောင်းထားတဲ့ အစ်ကိုတစ်ယောက်ရှိလို့ (တောင်းထားတာ နည်းနည်းကြာနေပါပြီ..) တင်ပေးလိုက်တာပါ..။ အခုလိုတင်ပေးတာ နောက်ကျတဲ့ အခါရှိခဲ့ရင် ကျနော့်ကို နားလည်ပေးနိုင်ကြပါစေဗျာ.. အခုဒီ nero 8 essentials က ကျနော်သုံးနေတာ အတော်ကြာပါပြီ.. နှစ်နဲ့တောင် ချီနေပြီ.. အခွေကူးတိုင်းလည်း အဆင်ပြေလို့ ကျနော်အမြဲသုံးဖြစ်တဲ့ ကောင်လေးပါ..။ သူ့အတွက် ဘာကီးမှ ထည့်ပေးဖို့ မလိုပါဘူး..။ ဖူးဖြစ်ပြီးသားပါ..။ Install ဆွဲထည့်ပြီးတာနဲ့ စက်ကို Restart ချပေးပြီး တန်းသုံးလို့ ရပါပြီ..။ တောင်းထားတဲ့ အစ်ကိုနဲ့ တခြားလိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. အပိုင်းအားလုံး ၅ပိုင်းပါ.. ဒီဖိုင်တွေ ကြာကြာခံအောင် adfly စာမျက်နှာလေး ကြားခံထည့်ပေးထားပါတယ်..

Anti Trojan Elite 5.6.1


 ဒီကောင်လေးကတော့ မိမိတို့ရဲ့ စက်ထဲမှာ ခိုအောင်းနေတဲ့ စက်ကို လေးအောင်၊ ဟမ်းအောင်လုပ်တတ်တဲ့၊ Virus တမျိုးဖြစ်တဲ့ Trojan လို့ ခေါ်တဲ့ Virus တွေကို စစ်ပေး၊သတ်ပေးနိုင်တဲ့ ကောင်လေးပါ..။ သူ့ထဲမှာ Patch နဲ့ Key လေးပါထည့်ပေးထားပါတယ်..။ အဆင်ပြေတာနဲ့သာ လုပ်လိုက်ပါ..။ ကျနော်ကတော့ Patch နဲ့ပဲ ဖူးဖြစ်အောင် လုပ်လိုက်ပါတယ်..။ Patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းကိုတော့ ကျနော့်ဆိုဒ်မှာ အမြဲလာနေတဲ့ သူငယ်ချင်းတွေ သိပြီးသားဖြစ်နေလို့ အပြည့်အစုံ ထပ်မပြတော့ပါဘူး.. နောက်ဆုံးတဆင့်ကိုပဲ ပုံလေးနဲ့ ပြပေးလိုက်ပါတယ်..။ Patch နဲ့ ဖူးဖြစ်အောင် မလုပ်တတ်သေးတဲ့သူများ ရှိခဲ့ရင် အရင်ပိုစ့်တွေဖြစ်တဲ့ IDM 6.12 Built 3 ပိုစ့်နဲ့ တခြား Patch ဖိုင်နဲ့ ဖူးဖြစ်အောင် လုပ်ပြပေးခဲ့တဲ့ ပိုစ့်တွေနဲ့ Patch ထည့်နည်း အတူတူပါပဲ..။ ဒါကြောင့် ပုံတွေအများကြီးနဲ့ ပြမနေတော့ပါဘူး..။ နောက်ဆုံး Patch ထည့်လိုက်လို့ ဖူးဖြစ်သွားတဲ့ ပုံတပုံကိုပဲ ပြပေးလိုက်ပါတယ်..။ အားလုံးပဲ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်..။ အသုံးပြုနည်းကိုလည်း အောက်မှာ ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများ အဆင်ပြေတဲ့ လင့်တွေကနေသာ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 6.9 MB ရှိပါတယ်..။

Video DVD Maker Free 3.10


 ဒီကောင်လေးကတော့ VDV ခွေကူးတဲ့ ကောင်လေးပါ..။ Free ware လေးပါ..။ ပေါ့ပေါ့ပါးပါးလေး သုံးလို့ရအောင် ဖိုင်ဆိုဒ်သေးတာလေး တင်ပေးလိုက်ပါတယ်..။ Burning Tools တွေထဲမှာတော့ ဒီကောင်လေးက ဖိုင်ဆိုဒ်တော်တော်လေး သေးပါတယ်..။ 8 MB ပဲရှိပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။

Making Blog By Saturngod (ဘလော့တခုဖန်တီးခြင်း)

Blogger တွေအတွက် ဒီစာအုပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ဒီစာအုပ်လေးနဲ့ ဘလော့တခု တည်ဆောက်နိုင်ပါတယ်..။ ဆိုဒ်တော်တော်များများမှာ တင်ထားပြီးသားမို့ မတင်ပေးဖြစ်တာပါ..။ အခုတော့ စသင်ခါစ ဘလော့ကာတွေ အတွက် လိုအပ်လာပြီထင်လို့ တင်ပေးလိုက်ပါတယ်..။ ဒီစာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာကို ကျနော်တို့ ဘလော့ကာတွေ လေးစားရမှာပါ..။ သူဆီက တိုက်ရိုက်မဟုတ်ရင်တောင်မှ သူရဲ့ လမ်းညွှန်တွေနဲ့ တည်ဆောက်ထားတဲ့ တခြားဘလော့တွေဆီကနေ ဘလော့ တည်ဆောက်နည်းလေးတွေကို သင်ခဲ့ရလို့ပါ..။ အခုတော့ သူ့ရဲ့စာအုပ်လေးနဲ့ ဘလော့တခုကို ကိုယ်တိုင်ဖန်တီးခွင့် ရပါပြီ..။ ဒီစာအုပ်လေးထဲမှာပါတဲ့ အကြောင်းအရာတွေထဲမှာ မြန်မာစာပေါ်အောင် လုပ်နည်းလေးတွေကတော့ အခု Blogger တွေအတွက် မလိုတော့ဘူးထင်ပါတယ်.. သူရေးထားတာ ဟိုးအရင်တုန်းက ဘလော့ကာတွေ အတွက်ပါ..။ အခု ဘလော့တွေမှာတော့ ဘလော့တခုဖြစ်လာတာနဲ့ မြန်မာစာ တန်းပေါ်နေလို့ပါ..။ တခြားဟာတွေဖြစ်တဲ့ (User Online) လာလည်သူစာရင်း ထည့်နည်း၊ Cbox ထည့်နည်း (Cbox မှာ နောက်ခံအရောင်ပြောင်းတာတို့၊ အကျယ်အဝန်းပြောင်းတာတို့၊ Smiles ပုံလေးတွေ ထည့်တာတို့၊ Message ရေးတဲ့ ဘောက်စ်ကို အပေါ်မှာထားတာ၊ အောက်မှာထားတာ ကအစ၊ ) နာရီထည့်နည်း၊ Mp3 Player (Flash Player နဲ့) ထည့်နည်းလေးတွေပါ သေချာ ပုံလေးတွေနဲ့ ပြပေးထားတဲ့ Blogger တွေအတွက် ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းလေး တအုပ်ပါ..။ ကျနော့်ဆီမှာ လာမေးကြတဲ့ ဘလော့ကာတွေအတွက် ဒီစာအုပ်ထဲမှာ မပါတဲ့ တခြားလိုအပ်တဲ့ အပိုင်းလေးတွေကို ကျနော်အဆင်ပြေသလို ဖြေးဖြေးချင်း ပိုစ့်တခုချင်းစီ တင်ပေးသွားပါမယ်..။ အခုတော့ ဒီစာအုပ်လေးကို မရှိသေးတဲ့ Blogger ညီအစ်ကိုမောင်နှမများ အရင်ဒေါင်းယူထားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်က သေးသေးလေးပါ.. 1 MB ပဲရှိပါတယ်..

River Past Screen Recorder Pro Portable



ဒီကောင်လေးက နောက်တမျိုးပါ..။ Portable လေးဖြစ်တဲ့ အတွက် Install ဆွဲထည့်ဖို့ မလိုပါဘူး..။ ဖွင့်ပြီး အသုံးပြုယုံပါပဲ..။ အောက်ကပုံလေးမှာ မိမိတို့ ရိုက်ယူထားတဲ့ Video ဖိုင်လေးကို Desktop ပေါ်ရောက်အောင် လုပ်ပြထားပါတယ်..။ အသုံးပြုရတာလည်း လွယ်ပါတယ်..။ ပုံမှာပြထားတဲ့ အနီလုံးလေးကို တချက်ကလစ်ပြီး အသုံးပြုယုံပါပဲ..။ ဒါလေးကိုလည်း ကျနော်စမ်းသုံးပြီး Video ဖိုင်လေးပါ တင်ပေးထားပါတယ်..။ အစမ်းလုပ်ပြထားတာပါ..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7.2 MB ရှိပါတယ်..။ 

Sonne Screen Video Capture 7.1.0



ဒီကောင်လေးကတော့ သူငယ်ချင်းတစ်ယောက် တောင်းထားလို့ တင်ပေးလိုက်တာပါ..။ မိမိတို့ Desktop ပေါ်မှာ လုပ်နေတာတွေကို Video ရိုက်ပေးနိုင်ပါတယ်..။ ထွက်လာတဲ့ Video ဖိုင်ဆိုဒ်တော့ နည်းနည်းများပါလိမ့်မယ်..။ ကျနော်က စမ်းသုံးကြည့်ပြီး ရလာတဲ့ Video ဖိုင်ကို Mp4 ပြောင်းလိုက်တော့ ၆ပုံ၁ပုံလောက်ပဲ ရှိတော့တယ်..။ အောက်မှာ ကျနော်အစမ်းလုပ်ထားတဲ့ Video ဖိုင်လေးကို ကြည့်ကြည့်လိုက်ပါအုန်း..။ သူ့အတွက် Key လေးပါ ထည့်ပေးထားပါတယ်..။ အောက်ကပုံတွေမှာ ကီးထည့်ပြထားပြီး အသုံးပြုပုံလေးကိုလည်း ပုံလေးနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အဆင်ပြေတဲ့ လင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.2 MB ရှိပါတယ်..

Xilisoft DVD Creator 7


ဒါလေးကို ကျန်ခဲ့တဲ့ ၂ပါတ်လောက်က တောင်းထားတဲ့ အစ်ကို တစ်ယောက်ရှိလို့ ရှာနေတာ နည်းနည်းကြာသွားပါတယ်..။ ဒီနေ့တော့ ဒီကောင်လေးကို ရလာလို့ တင်ပေးလိုက်ပါတယ်..။ သူ့အတွက် Keygen လေးပါ ထည့်ပေးထားပါတယ်..။ အဲဒီိ Keygen လေးနဲ့ ဖူဖြစ်အောင် လုပ်ပြပေးထားပါတယ်..။ ဒီ Keygen လေးက တခြား Keygen တွေနဲ့ မတူပါဘူး..။ ဒါကြောင့်ဒီကောင်လေးနဲ့ ဖူးဖြစ်အောင် လုပ်နည်းလေးကို အောက်မှာ ဆက်ကြည့်လိုက်ပါ..။ ကျနော်တို့ အခွေကူးချင်တဲ့ ဖိုင်တွေ၊ သီချင်းတွေ၊ နဲ့ တခြားဟာတွေကို ဒီကောင်လေးနဲ့ DVD ခွေကူးလို့ ရမှာဖြစ်ပါတယ်..။ လုပ်ရတာလည်း လွယ်ပါတယ်.. လိုအပ်တဲ့သူများ ကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူထားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 42.7 MB ရှိပါတယ်..။

Internet Download Manager 6.12 Beta Built 9


Internet Download Manager 6.12 Beta Built 9 Update လေးထွက်လာပါတယ်..။ ဒီတခါတော့ နောက်မကျအောင် တင်ပေးလိုက်ပါတယ်..။ IDM 6.12 Beta Built 3 ပိုစ့်မှာ Internet Download Manager ကို Patch ဖိုင်နဲ့ ဖူးဖြစ်အောင် လုပ်ပြပေးထားပါတယ်..။ အခုဒီကောင်လေးထဲမှာလည်း Patch ဖိုင်လေး ထည့်ပေးထားပါတယ်..။ IDM ကို Update လုပ်မိတဲ့သူများ နဲ့ တခြားလိုအပ်တဲ့သူများ ကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူထားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.5 MB ရှိပါတယ်..။

Revo Uninstaller Pro.v2.5.8


ဒါလေးက နောက်ထပ်ရလာတဲ့ ကောင်လေးပါ..။ သူလည်း ဘာကီးမှ ထည့်ပေးဖို့ မလိုပါဘူး..။ Crack ချိုးထားပြီးသားလေးပါ..။ Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ ရပါပြီ..။ အသုံးပြုနည်းလေးကို အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီနေ့တင်ပေးလိုက်တဲ့ Uninstaller လေးတွေထဲက မိမိတို့ ကြိုက်တာကို ရွေးပြီး အသုံးပြုနိုင်ပါတယ်..။ ကျနော်တော့ တခုမှမသုံးပါဘူး..။ ကျနော်က control panel >> programs and feature နေရာကနေပဲ ဆော့ဝဲလ်တွေကို ထုတ်ပစ်လေ့ရှိပါတယ်..။ ဒါလေးတွေကို တောင်းတဲ့လူရှိလို တင်ပေးလိုက်တာပါ..။ အသုံးပြုချင်တဲ့ သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 8.9 MB ရှိပါတယ်..

Your Uninstaller! Pro v7.4



ဒီကောင်လေးက နောက်တမျိုးပါ..။ Your Uninstaller! Pro ဗါးရှင်းလေးပါ..။ သူလည်း ပရိုဂရမ်တွေကို ထုတ်ပစ်တဲ့နေရာမှာ အသုံးဝင်ပါတယ်..။ ဒီကောင်လေးကတော့ ပုံစံတမျိုးပါ.. သူရဲဆော့ဝဲလ်နဲ့ သူရဲ့ ကီးလေးကို ဖိုင်တခုထဲမှာ ချုပ်ပေးထားပါတယ်..။ ဘယ်လိုသုံးရမလဲဆိုတာ အောက်မှာ ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေ ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10.3 MB ရှိပါတယ်..။

Advanced Uninstaller Pro.v10.62



ဒါလေးကတော့ Uninstaller လေးတွေ တင်ပေးဖို့ တောင်းဆိုထားတဲ့ အတွက် ဒါလေးကို အရင်တင်ပေးလိုက်ပါတယ်..။ မိမိတို့ အသုံးမလိုတော့တဲ့ ပရိုဂရမ်တွေကို ဒီကောင်လေးနဲ့ ပြန်ထုတ်ပစ်လို့ ရမှာဖြစ်ပါတယ်..။ ဒီကောင်လေးက Crack ချိုးထားပြီးသားလေး ဖြစ်တဲ့အတွက် Install ဆွဲထည့်ပြီးတာနဲ့ တန်းသုံးလို့ ရသွားပါပြီ..။ ဘာကီးမှ ထပ်ထည့်ပေးဖို့ မလိုတော့ပါဘူး..။ အောက်မှာ အသုံးပြုပုံလေးကို ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်..။  လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူထားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 16.8 MB ရှိပါတယ်..။

ParetoLogic RegCure Pro


ဒီကောင်လေးကတော့ ကျနော်တို့ရဲ့ စက်ထဲမှာ မကြာမကြာ ဖြစ်ပေါ်နေတဲ့ system problems, registry errors, malware, privacy files, and junk files စတဲ့ မိမိတို့စက်ကို လေးစေတဲ့ အရာတွေကို ဖယ်ရှားရှင်းလင်းပေးပါလိမ့်မယ်..။ ခဏခဏသုံးပေးခြင်းဖြင့် ကွန်ပျူတာကို မြန်ဆန်စေမှာ ဖြစ်ပါတယ်..။ အသုံးပြုရတာ အရမ်းလွယ်ပါတယ်..။ ဒါပေမယ့် သူ့အတွက် Crack ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ပေးဖို့တော့ လိုပါတယ်..။ crack နဲ့ ဖူးဖြစ်အောင် မလုပ်တတ်သေး၊ မသိသေးတဲ့ သူများကတော့ အောက်မှာ ကျနော် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အဲဒီအတိုင်းလေး လုပ်ပေးလိုက်ရင် ဖူးဖြစ်သွားပါပြီ.. အမြဲတမ်း အသုံးပြုလို့ ရပါပြီ..။ အသုံးပြုနည်းလေးပါ ပြပေးလိုက်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 6.5 MB ရှိပါတယ်..

Windows Defender Offline


6 Aug 12, 04:27 PM
thurein: အစ်ကိုရေကျွန်တော်ကွန်ပြူတာထဲက Task Manager ထဲမှာလေ run နေတည့် .exe*32 ဆိုပါနေတယ်။အဲဒါ virus လား။
ဒီမေးခွန်းလေးကိုမြင်မှ ဒီပိုစ့်ကို တင်ပေးဖို့ သတိရတော့တယ်..။ တကယ်တော့ Virus အမျိုးအစားတွေနဲ့ Virus တွေကို ကျနော် အများကြီး မသိပါဘူး..။ နောက်ပြီး မိမိတို့ ကွန်ပျူတာထဲမှာ Hacker တွေရဲ့ Malware တို့၊ Spyware တို့၊ Malicious တို့၊ Potentially Unwanted Programs တို့လို  အမျိုးအမည် မသိ ပရိုဂရမ်တွေ ဝင်နေတယ်ထင်ရင် ဒီ Windows Defender Offline Tool လေးနဲ့ ရှင်းပစ်နိုင်ပါတယ်..။ ဒီကောင်တွေရဲ့ အန္တရာယ်က ကာကွယ်နိုင်အောင် Microsoft က ဖရီးထုတ်ထားပေးတဲ့ ကောင်လေးပါ..။ အတော်လေး ကောင်းပါတယ်..။ ကျနော်လည်း မကြာမကြာ သုံးဖြစ်ပါတယ်..။ သူ့ကို ဘယ်လိုအသုံးပြုရလဲဆိုတော့ ကျနော်တို့ kaspersky recue disk10 နဲ့ အသုံးပြုပုံချင်း သွားတူပါတယ်..။ Offline Update ဖြစ်တဲ့ အတွက် Update လုပ်ပေးဖို့ မလိုပါဘူး..။ ဒီကောင်လေးကို Microsoft မူရင်းဆိုဒ်မှာ သွားဒေါင်းယူလို့လဲ ရပါတယ်..။ အေက်ကလင့်ကနေ ဝင်သွားနိုင်ပါတယ်..။ http://windows.microsoft.com/en-US/windows/what-is-windows-defender-offline/ ဒီလင့်ကနေ ဝင်းသွားလိုက်ရင် အောက်ကပုံမျိုး မြင်ရပါလိမ့်မယ်..။ အဲဒီမှာ မိမိတို့ Windows နဲ့ ကိုက်ညီတဲ့ 32-bit (or) 64-bit ကိုရွေးပြီး ဒေါင်းယူလိုက်ပါ..။ ဒီနေရာကနေပဲ ဒေါင်းယူချင်တဲ့ သူများကတော့ ကျနော် အောက်မှာ ဒါရိုက်လင့်၂ခုကို ချိတ်ပေးလိုက်ပါတယ်..။ 

Ashampoo WinOptimizer Free 1.0.0


Ashampoo WinOptimizer Free makes Windows maintenance fast and easy. It keeps your Windows computer running as fast and smoothly as on the first day you bought it. In addition to efficient Windows maintenance you also get a whole suite of powerful, easy-to-use tools that enable you to configure and tune your Windows computer so that it works exactly the way you want it to.
ဒါလေးကတော့ ဒီကောင်လေးအကြောင်းကို သူ့ဆိုဒ်မှာ ရေးပြထားတဲ့ အတိုင်း ပြန်လည် ဖေါ်ပြပေးလိုက်ပါတယ်.. ဒီ Tool လေးလုပ်ပေးနိုင်တာတွေကတော့ StartUp-Tuner, Tweaking, Internet Cleaner, Registry Optimizer, Drive Cleaner စတဲ့ နေရာတွေကို ရှင်းလင်းပေးနိုင်ပါတယ်..။ ဒါကြောင့် ဒီကောင်လေးကို မကြာမကြာသုံးပေးခြင်းဖြင့် ကျနော်တို့ရဲ့ စက်တွေကို ပိုမိုမြန်ဆန်စေမှာ ဖြစ်ပါတယ်..။ Free ware လေးပါ..။ အသုံးပြုရတာလည်း အရမ်းလွယ်ကူပါတယ်..။ အောက်မှာ ကျနော်စမ်းသုံးထားတာကို ပြန်လည်ဖေါ်ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အရင်ဒေါင်းယူထားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 15.6 MB ရှိပါတယ်..။

Internet Cafe - အင်တာနက်ဆိုင်မှာ အသုံးပြုသူများအတွက် မြန်မာစာရေးလို့၊ ဖတ်လို့ရအောင် လုပ်နည်း



 အင်တာနက်ဆိုင်မှာ အသုံးပြုတဲ့ သူငယ်ချင်းတွေက ဒီနည်းကို ပိုစ့်တင်ပေးဖို့ တောင်းထားတာ နည်းနည်းကြာနေပြီ..။ ဒီနေ့မှပဲ တင်ပေးဖြစ်တော့တယ်..။ တကယ်တော့ ဒီလိုလုပ်နည်းလေးတွေကလည်း အားလုံးလိုလို လုပ်တတ်ထားဖို့ လိုအပ်ပါတယ်..။ မြန်မာပြည်မှာနေတဲ့သူများ အတွက်တော့ သိပ်မလိုအပ်ပေမယ့် နိုင်ငံခြားမှာ ရောက်နေတဲ့ မြန်မာပြည်သားတွေ အတွက် လုပ်တတ်ထားဖို့ တကယ်လိုအပ်တဲ့ နည်းလေးပါ.. နိုင်ငံခြားက အင်တာနက်ဆိုင်တွေမှာ မြန်မာဖေါင့် သွင်းထားတာ မရှိပါဘူး..။ မိမိတို့ အသုံးပြုတော့မယ်ဆိုမှ အင်တာနက်ကနေ ဒေါင်းလော့ချပြီး Install ဆွဲထည့်ရပါတယ်..။ မြန်မာစာတော့ ဖတ်လို့ ရပါပြီ..  ဒါပေမယ့် ရေးလို့ မရသေးပါဘူး..။ ရေးလို့ရအောင် အခုကျနော် ပြမယ့် နည်းလေးနဲ့ လုပ်ပေးရပါမယ်..။ လုပ်ရတာတော့ သိပ်မခက်ပါဘူး..။ ဒါပေမယ့် အလွတ်ရအောင် လုပ်တတ်ထားဖို့တော့ လိုပါတယ်..။ အရင်တုန်းက ကျနော်ကိုယ်တိုင် ရွာလည်ခဲ့ရတဲ့ နည်းလေးပါ..။ အင်တာနက်ဆိုင်ကိုသွား ဇော်ဂျီဖေါင့်ကိုထည့်ပြီး.. မြန်မာစာ ဖတ်လို့တော့ ရပါရဲ့.. ရေးလို့မရလို့ ဟိုလျှောက်ကလိ၊ ဒီလျှောက်စမ်းနဲ့ အင်တာနက်ဆိုင်မှာ ၃၊၄နာရီသာ အချိန်ကုန်သွားတယ်.. မြန်မာစာတလုံးမှ ရေးလို့မရခဲ့ဘူး..။ နောက်တော့ ဒီနည်းလေးနဲ့ အဆင်ပြေသွားတော့ ကျနော့်သူငယ်ချင်းတွေကိုတောင် သင်ပေးခဲ့သေးတယ်..။ အခုတော့ သူတို့က တော်တော်လေး ဟုတ်နေပြီ..။ အဆင်ကိုပြေလို့..
အခုဒီလုပ်နည်းလေးကို နောက်ပိုင်း ရှာရလွယ်အောင် ကျနော့်ဆိုဒ်ရဲ့ ညာဘက်အခြမ်းမှာ လင့်တခုလုပ်ပြီး ချိတ်ပေးထားမှာပါ..။ ဘယ်သူပဲဖြစ်ဖြစ် ဒီနေရာကနေ အလွယ်လုပ်တတ်အောင်နဲ့ Zawgyi-One Font, Zawgyi လက်ကွက်ဖေါင့်နဲ့ WinRAR 32-bit ၊ 64-bit ၂ခုစလုံးအတွက် ဖူးဗါးရှင်းဖြစ်အောင် WinRAR ကီးဂျန်လေးပါ.. အားလုံးကို Software သက်သက် (WinRAR နဲ့မချုပ်ပဲ) တင်ပေးထားပါတယ်..။ ဒေါင်းလော့ချပြီး ၂ချက်တောက်လိုက်ယုံနဲ့ အသုံးပြုလို့ ရအောင်လို့ပါ..။ အသုံးပြုတဲ့သူတွေအနေနဲ့ ဒေါင်းလော့ချတဲ့အခါ ဒီလင့်တွေ သေနေခဲ့ရင် Cbox မှာဖြစ်ဖြစ်၊ Comments နေရာမှာဖြစ်ဖြစ် အော်ခဲ့ပါ.. ရေးခဲ့ပေးပါ..။ သေသွားတဲ့ လင့်တွေကို ကျနော် ပြန်တင်ထားပေးမှာပါ..။ စာလည်းရှည်နေပြီ.. လုပ်နည်းကို အောက်မှာဆက်ကြည့်လိုက်ပါဗျာ.. အရင်ဆုံး အင်တာနက်ဆိုင်မှာ အသုံးပြုသူများကတော့ Zawgyi-One Font ကို ဒေါင်းလော့ချ Install ဆွဲထည့်ပြီးရင်.. Finish နှိပ် ပြီးရင်.. အောက်ကအပေါ်ဆုံး ပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်..။ Cancel နှိပ်ပေးလိုက်ပါ..။

Ashampoo Magical Snap Free 1.21 5128


ဒီကောင်လေးကတော့ တော်တော်များများ သိကြပါတယ်..။ ကျနော်တို့ Web Site တွေမှာ ပုံတွေတင်တဲ့ အခါ မျှားထိုးတာတို့၊ စာရေးတာတို့၊ အဝိုင်းတွေ၊ လေးထောင့်တွေ အရောင်တွေကအစ အမျိုးမျိုး ပြုလုပ်လို့ ရတဲ့ ကောင်လေးပါ..။ Ashampoo ကထုတ်ပေးတဲ့ Free Software လေးပါ..။ အသုံးပြုရတာ လွယ်သလို မြန်မာစာရေးလို့လည်း အဆင်ပြေပါတယ်..။ အောက်မှာ ကျနော် နမူနာလေး လုပ်ပြထားပါတယ်..။ စမ်းသုံးကြည့်ချင်တဲ့ သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူသွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 8.1 MB ရှိပါတယ်..။

Internet Download Manager 6.12 Beta Build 8


Internet Download Manager ကတော့ Update ထွက်လာပြန်ပါပြီ..။ ကျနော်တင်ပေးဖို့ နောက်ကျနေပြန်ပါတယ်..။ အခု Version 6.12 Beta Build 8 ပါ..။ သူ့ထဲမှာ Patch ဖိုင်လေးပါပါတယ်..။ ဖူးဖြစ်အောင်လုပ်နည်းကို Internet Download Manager 6.12 Beta Build 3 ပိုစ့်မှာ တင်ပေးထားတာရှိပါတယ်..။ အခုဒီဗါးရှင်းကိုလည်း အဲဒီနည်းအတိုင်း လုပ်ပေးလိုက်ရင် ဖူးဖြစ်ပါပြီ.. မသိသေးတဲ့ သူများအတွက် IDM 6.12 B 3 ပိုစ့်မှာ ပြန်ကြည့်နိုင်ပါတယ်..။ IDM ကို Update ပေးမိတဲ့သူများနဲ့ တခြားလိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူသွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.4 MB ရှိပါတယ်..။

Power Screen Capture v7.1.0 And v7.0.0





ဒါလေးကတော့ Screen မှာ Capture ဖမ်းဖို့ အတွက် အသုံးဝင်တဲ့ ဆော့ဝဲလ်လေးပါ..။ ဗါးရှင်း၂ခု တင်ပေးလိုက်ပါတယ်.. မိမိတို့ ကြိုက်နှစ်သက်ရာကို ဒေါင်းယူ အသုံးပြုနိုင်ပါတယ်..။  ၂ခုစလုံး သူ့အတွက် ကီးလေးတွေ အထဲက ဖိုင်ထဲမှာ ပါပါတယ်..။ အောက်မှာပုံလေးတွေနဲ့ ကီးလေးတွေထည့်ပြထားပြီး အသုံးပြုပုံကိုတော့ Notepad လေးနဲ့ သူ့ထဲမှာပါလာတဲ့ အတိုင်း ပြန်လည်ထည့်ပေးလိုက်ပါတယ်..။ ဗွီဒီယိုကြည့်ပြီး အသုံးပြုချင်သူများအတွက်  Video ဖိုင်လေးချိတ်ပေးလိုက်ပါတယ်..။ အဆင်ပြေမယ်လို့ ထင်ပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 5.2 MB စီရှိပါတယ်..။

Computer နဲ့ Hand Phone, Bluetooth ဘယ်လိုသုံးမလဲ

ဒီနည်းလေးကတော့ Cbox မှာ မေးထားတဲ့ အစ်ကို ၂ယောက်လောက်ရှိတာကြောင့်.. နောက်ပြီး မသိသေးတဲ့ သူများလည်း သုံးတတ်အောင်လို့ ဒီပိုစ့်ကို တင်ပေးလိုက်ပါတယ်..။ (အခုတလော ကျနော့်ဆီမှာ Connection ကျနေလို့ Software တွေမတင်ဖြစ်ပဲ.. လုပ်နည်းကိုင်နည်း ပိုစ့်လေးတွေပဲ တင်ဖြစ်သွားတာပါ..။ Connection ပြန်ကောင်းလာတော့မှပဲ ဆော့ဝဲလ်တွေ ပြန်တင်ပေးသွားပါမယ်..) မိမိတို့ ကွန်ပျူတာနဲ့ ဟမ်းဖုန်းတွေကို Bluetooth နဲ့ ချိတ်ပြီး သီချင်းတွေ၊ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေကို ဘယ်လို သွင်း၊ထုတ် လုပ်ရမလဲဆိုတာ သိအောင်၊ လုပ်တတ်အောင်လို့ပါ..။ Bluetooth မပါတဲ့ ကွန်ပျူတာတွေမှာ Bluetooth သုံးချင်ရင်တော့ USB Bluetooth Device (External Bluetooth) တွေကို ကွန်ပျူတာ ပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာ သီးသန့်ဝယ်လို့ ရပါတယ်..။ USB ဂေါင်းနဲ့ သူ့ရဲ့ဆော့ဝဲလ်ကို CD ROM အသေးလေးနဲ့ ထည့်ထားပေးပါလိမ့်မယ်..။ ဟိုးအရင်တုန်းက ဝယ်ဖူးတာကို ပြောတာပါ..။ အခုတော့ ဘယ်လိုပုံစံမျိုးနဲ့ လာမလဲ သေချာမသိတော့ပါဘူး..။ အသုံးပြုနည်းက အခုဒီပိုစ့်မှာ ဖေါ်ပြတဲ့ သုံးနည်းနဲ့ အတူတူပါပဲ..။ ကွန်ပျူတာအတွက် Bluetooth ဆော့ဝဲလ် သီးသန့်ကို အင်တာနက်မှာ မတွေ့မိသေးပါဘူး..။ ရှိကောင်းရှိနိုင်ပါတယ်..။ ကျနော်တို့ မသိတာလည်း ဖြစ်ချင်ဖြစ်မှာပါ..။ နောက်ပိုင်းရလာရင်တော့ ပြန်လည်မျှဝေပေးသွားပါမယ်..။ Bluetooth အသုံးပြုနည်းတွေ အများကြီးထဲက သီချင်းတွေ၊ ဓါတ်ပုံတွေကို ဖုန်းနဲ့ ကွန်ပျူတာ အသုံးပြုပုံလေးကို တင်ပြပေးသွားပါ့မယ်..။

WinUSB Maker v1.7




ဒီကောင်လေးကတော့ ကျနော်တို့ Windows တွေကို USB ပေါက်ကနေ ဝင်းဒိုးတင်လို့ရအောင်... USB Pendrive ထဲကို Windows ခွေတခွေလုံး Boot တက်အောင် copy ကူးထည့်တဲ့ နေရာမှာ အသုံးဝင်ပါတယ်..။ Windows XP, Windows Vista, Windows7, Windows8 ဝင်းဒိုးအားလုံးကို Support လုပ်ပါတယ်..။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ..။ 1.3 MB ပဲရှိပါတယ်..။ အသုံးပြုရတာ လွယ်လို့ ကျနော်အမြဲသုံးဖြစ်တဲ့ ကောင်လေးပါ..။ အခုဒီကောင်လေးကို ဘာအတွက် အဓိက တင်ပေးလိုက်တာလဲဆိုတော့.. ကွန်ပျူတာတော့ ရှိပြီး CD/DVD Drive မရှိတဲ့သူများနဲ့.. CD/DVD Drive တော့ပါပြီး အခွေကူးဖို့ ROM မကောင်းတဲ့သူများအတွက် အဓိက တင်ပေးလိုက်တာပါ..။ အသုံးပြုနည်းကို အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အရင် ဒေါင်းယူထားလိုက်ပါဗျာ..

Windows တွေမှာ Image Backup File ကို ဘယ်လို Restore ပြန်လုပ်မလဲ



အရင်လတုန်းက System Image Backup File နဲ့ System Repair Disc တွေကို မိမိတို့ကိုယ်တိုင် ပြုလုပ် ဖန်တီးပြီး သိမ်းထားလို့ရမယ့် နည်းလေးကို ရေးပေးခဲ့ပြီးပါပြီ..။ Image Backup File လုပ်နည်းကို  ပြန်ကြည့်ချင်တဲ့သူများကတော့ ဒီလင့်ကနေ ဝင်သွားကြည့်နိုင်ပါတယ်..။ အခုဒီပိုစ့်က အဲလိုသိမ်းထားခဲ့တဲ့ Image Backup File ကို ဘယ်လိုပြန်ပြီး Restore လုပ်ရမလဲ ဆိုတာကို ဆက်ရှင်းပြပေးသွားမှာပါ..။ ဒီပိုစ့်ကို အကြာကြီးစောင့်မျှော်နေတဲ့ ညီအစ်ကိုမောင်နှမတွေကိုတော့ အားနာပါတယ်..။ ကျနော့်မှာလည်း ပုံလေးတွေကို လိုက်ပြန်ရှာနေရတာနဲ့ အမြန်တင်မပေးဖြစ်ခဲ့တာပါ..။ အခုတောင် အတတ်နိုင်ဆုံး ပုံလေးတွေကို စုထားပေးပေမယ့် ၂ပုံလောက် လိုပါသေးတယ်..။ ထပ်ရှာတာ မရတော့လို့ ဒါလေးတွေပဲ တင်ပေးလိုက်ပါတယ်..။ လိုနေတဲ့ ပုံလေးတွေနေရာမှာ နားလည်လွယ်အောင် အတတ်နိုင်ဆုံး ရိုးရိုးလေးဖြစ်အောင် ရေးပေးသွားပါ့မယ်..။ နောက်တခုက System Repair Disc ကို USB ပေါက်တွေကနေ အသုံးပြုလို့ရအောင်.. (အခွေထုတ်ဖို့ CD/DVD Drive မပါတဲ့ ကွန်ပျူတာသုံးသူများအတွက်) Card Reader ထဲမှာ Phone Memory Card ကိုထည့်ပြီး.. ဒါမှမဟုတ် USB Pendrive တွေထဲမှာ System Repair Disc ကိုသွင်းပြီး Image Backup File ဆီရောက်အောင် လုပ်တဲ့နည်းလေးလည်း ရှိပါသေးတယ်..။ အဲလိုလုပ်လို့ရတဲ့ ဆော့ဝဲလ်ကို နောက်တင်တဲ့ ပိုစ့်မှာ တင်ပေးသွားပါ့မယ်..။ ကျနော် USB ပေါက်ကနေ Windows တင်လို့ရအောင် အဲဒီဆော့ဝဲလ်လေးနဲ့ပဲ လုပ်တာပါ..။ အခု System Repair Disc ကိုလည်း USB ပေါက်ကနေ ဝင်လို့ရအောင် အဲဒီဆော့ဝဲလ်လေးပဲ အသုံးပြုခဲ့တာပါ..။ အခွေထုတ်မရတဲ့ စက်တွေအတွက် Windows7 System Repair Disc 32-bit အတွက်ရော 64-bit အတွက်ပါ အဲဒီ Image ဖိုင်တွေကို ISO ဖိုင်အဖြစ်ပြောင်းပြီး ကျနော်တင်ပေးသွားပါအုန်းမယ်..။ အားလုံးအတွက် အဆင်ပြေအောင်လို့ပါ..။ အခုတော့ ဒီပိုစ့်ကို ဆက်ရအောင်.. 

Ashampoo Burning Studio 11



ဒါကတော့ နောက်ထပ်ရလာတဲ့ Ashampoo Burning Studio 11 ပါ..။ အရင်ကောင်တွေထက် Feature တွေပိုစုံပါတယ်..။ ဒီဗါးရှင်းနဲ့ ပါတ်သက်လို့ အပြည့်အစုံ လေ့လာချင်တယ်ဆိုရင် သူ့ရဲ့မူရင်းဆိုဒ်လေးကို ပြန်ညွှန်းပေးလိုက်ပါ့မယ်..။ သိချင်တဲ့သူများကတော့ ဒီလင့်ကနေ သွားလိုက်ပါ.. http://www.ashampoo.com/en/usd/pin/3210/Burning_Software/Ashampoo-Burning-Studio-11 .. အခုဒီပရိုဂရမ်အတွက် သူ့ဖိုင်ထဲမှာ Activator Crack ဖိုင်လေးပါ ထည့်ပေးလိုက်ပါတယ်..။ ဒီ crack ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်တတ်အောင်လို့ ကျနော် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်ပေးပါ..။ ဒီ Ashampoo Burning Studio 11 ကို အသုံးပြုချင်တဲ့သူများကတော့ အောက်ကလင့်တွေကနေ အရင်ဒေါင်းယူထားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 173 MB ရှိပါတယ်.. ကြာရှည်ခံအောင် adfly စာမျက်နှာလေး ထည့်ပေးထားပါတယ်..

Ashampoo Burning Studio 9


Ashampoo Burning Studio 9 ကတော့ အခွေကူးဖို့နဲ့ ဓါတ်ပုံတွေကို Slideshow ပြုလုပ်ချင်တဲ့သူများအတွက် အသုံးဝင်တဲ့ ပရိုဂရမ်လေးတခုပါ..။ သူ့အတွက် Key လေးပါရလာလို့ ဒီ Version ကိုအရင် တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးကို Install ဆွဲထည့်ပြီးတာနဲ့ အောက်ကပုံလေးတွေအတိုင်း သူ့ကီးလေးကို ထည့်ပေးလိုက်ရင် အမြဲတမ်း ဖူးသုံးလို့ ရသွားပါပြီ..။  လိုအပ်ရင် အသုံးပြုလို့ရအောင် crack ဖိုင်လေးပါ ထည့်ပေးလိုက်ပါတယ်..။ ဒီပရိုဂရမ်လေးရဲ့ အသုံးဝင်ပုံလေးကို သူ့ဆိုဒ်မှာ ရေးပြထားတဲ့ အတိုင်း အနည်းငယ် ဖေါ်ပြပေးလိုက်ပါတယ်..။
Ashampoo Burning Studio is a popular disc burning software application for Windows operating system that performs burn, rip audio CDs, copy discs, create high-quality DVD slide shows, backup data, and erase rewriteable discs.
On the other hand, Ashampoo Burning Studio can also be used to print and design covers, labels and booklets. 
လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 58 MB ရှိပါတယ်..
Related Posts Plugin for WordPress, Blogger...