Windows 8 မှာ Original Windows Images Files နှင့် System Image Backup Files တွေကို Restore ပြန်ထည့်နည်း

 အရင်ကပိုစ့်တွေမှာ Windows 7 နဲ့ Backup Files တွေကို သိမ်းနည်းနဲ့ Restore လုပ်နည်းတွေ ဖေါ်ပြပေးခဲ့တာ ဖြစ်ပြီး.. အခုဒီပိုစ့်ကတော့ Windows 8 တွေမှာ အသုံးပြုတတ်အောင်၊ မိမိတို့ကိုယ်တိုင် ဖန်တီးပြီး သိမ်းထားခဲ့တဲ့ System Image Backup Files နှင့်၊ စက်အသစ်ဝယ်ကတည်းက ပါလာတဲ့ Original Windows Images Files တွေကို ဒီပိုစ့်က နည်းတွေနဲ့ Restore လုပ်တတ်အောင် ပြပေးထားပါတယ်..။ မိမိတို့ အသုံးပြုနေတဲ့ ဝင်းဒိုးတွေမှာ Error တွေများလာတဲ့အခါနဲ့ ဝင်းဒိုးပျက်သွားတဲ့ အခါတွေမှာ ဒီပိုစ့်က လုပ်နည်းတွေက အရမ်းကို အသုံးဝင်တဲ့ လုပ်နည်း၊ အသုံးပြုနည်းတွေပဲ ဖြစ်ပါတယ်..။ အရင်တုန်းက ပိုစ့်မှာ Windows 7 နှင့် ပြပေးထားတာ ဖြစ်လို့.. အခု Windows 8 နှင့် အသုံးမှာတော့ မတူတဲ့ အပိုင်းလေးတွေ ပါလာပါတယ်..။ မိမိတို့ရဲ့ ဝင်းဒိုးဟာ မူရင်း Original Windows ဟုတ်မဟုတ် သိရအောင် ဒီလင့်ကပိုစ့်မှာ ကြည့်နည်း၊ စမ်းစစ်နည်းတွေ တင်ပေးထားခဲ့ပြီး ဖြစ်တယ်..။ နောက်တခုကတော့ System Image Backup Files ကို မိမိတို့ ကိုယ်တိုင် ဖန်တီးသိမ်းယူတတ်အောင် ဒီလင့်ကပိုစ့်မှာ ပြပေးထားခဲ့ပြီ။ Windows 8 မှာ ဆိုရင်တော့ Control Panel >> Windows 7 Files Recovery နေရာကနေ System Image Backup Files ကို သိမ်းယူရမှာ ဖြစ်ပါတယ်..။
Windows 7 နှင့် Windows 8 တွေမှာ အဝင်တစ်ချက် မတူတာက လွဲလို့ နောက်ပိုင်း လုပ်နည်းတွေက အတူတူပါပဲ..။ အရင်ပိုစ့်တွေမှာ Windows 7 နှင့် လုပ်ပြပေးထားတာ ဖြစ်ပြီး Bios Setting (Boot Menu) ကို ဝင်ရတဲ့ F2, F12, Esc စတဲ့ကီးတွေနဲ့ အလွယ်တကူ ဝင်နိုင်ပါတယ်..။ အခုနောက်ပိုင်း Windows 8 ပေါ်ပြီးမှ ထွက်လာတဲ့ စက်အသစ်တွေကတော့ Bios Setting (Boot Menu) ကို အဲ့ဒီကီးတွေနဲ့ ဝင်လို့ မရတတ်တော့ပါဘူး..။ တချို့စက်တွေမှာ Del (or) Esc ကီးတွေနဲ့ မိတတ်ပေမယ့်၊ တချို့စက်တွေမှာကျ ဘာကီးမှကို နှိပ်လို့ မရပြန်ဘူး..။ အဲ့လိုဖြစ်နေတဲ့ စက်မှာဆိုရင်တော့ Bootable ဖြစ်တဲ့ USB တပ်ထားပြီးမှသာ Bios Setting (Boot Menu) ကို ဝင်လို့ရတာလည်း ဖြစ်ဖူးပါတယ်..။ ဒါကြောင့် လိုလိုမယ်မယ် မိမိတို့မှာ Windows 8 နဲ့ ဝင်းဒိုးတင်လို့ ရတဲ့ USB and DVD တွေလည်း ရှိထားဖို့ လိုအပ်ပြန်ပါတယ်..။
အခုဒီပိုစ့်က လုပ်နည်းလေးကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ စက်ကို မူရင်း ဝင်းဒိုးရော၊ အရင်သိမ်းပေး ထားခဲ့ဖူးတဲ့ Backup နဲ့ပါ ပြန်ပြီး Restore လုပ်ပေးတဲ့အခါတုန်းက ရိုက်ယူထားတဲ့ ပုံတွေနှင့် ပြပေးလိုက်ခြင်း ဖြစ်ပါတယ်..။ လုပ်နည်းတွေကို အောက်မှာ ဆက်ကြည့်ပေးပါ..။

Windows ထဲမှာပါတဲ့ Burn to Disc တူးလေးဖြင့် CD/DVD အခွေကူးယူနည်း

 ဒီတစ်ခေါက်မှာတော့ ကျနော်တို့ Windows တွေဘက် ပြန်လှည့်ကြည့်ရအောင်..။ ဝင်းဒိုးတွေရဲ့ အသုံးဝင်ပုံတွေနဲ့ ပါတ်သက်လို့ ကျနော်တင်ပေးဖို့ ကျန်နေသေးတဲ့ လုပ်နည်းလေးတွေနဲ့ အသုံးပြုပုံလေးတွေကို ပိုစ့်လေးတွေ တစ်ခုစီအဖြစ် ဖန်တီးပြီး တင်ပြပေးလိုက်ပါတယ်..။ ဒီပိုစ့်မှာတော့ မည်သည့် Burning ဆော့ဝဲလ်မှ မလိုပဲ မိမိတို့ရဲ့ ဝင်းဒိုးထဲက Tool လေးတစ်ခုဖြစ်တဲ့ Burn to Disc တူးလေးနဲ့ မိမိတို့ရဲ့ ဓါတ်ပုံတွေ Video တွေကို CD/DVD အတွင်း Burn ပြီး ထည့်သွင်း သိမ်းထားနိုင်မယ့် နည်းလမ်းကောင်းလေးပဲ ဖြစ်ပါတယ်..။ တချို့ကလည်း ဝင်းဒိုးထဲမှာ ဒီ Burn to Disc တူးလေး ပါမှန်း မသိတော့ Nero Burning ဆော့ဝဲလ်ကပဲ ပိုကောင်းသလိုလို၊ တခြား ဆော့ဝဲလ်တွေကပဲ ပိုကောင်း သလိုလို စသဖြင့် အမျိုးမျိုးပြောကြတဲ့ လူတွေလည်း တွေ့ဖူးပါတယ်..။ အဲ့ဒီဆော့ဝဲလ်တွေမှာ အထူးပြုလုပ်ချက် Advanced Features တွေပါတာ မှန်ပေမယ့်.. ရိုးရိုး အခွေကူးယူရုံလောက် ဆိုရင်တော့ ဘာဆော့ဝဲလ်မှ သုံးဖို့မလိုပဲ ဒီ Burn to Disc တူးလေးနဲ့ အလွယ်တကူ အခွေ Burn နိုင်ပါတယ်..။ 
ဒီပိုစ့်မှ အသုံးပြုနည်းကတော့ အရင်တစ်ပါတ်က သူငယ်ချင်းတစ်ယောက်က သူ့အတွက် တန်းဖိုးရှိတဲ့ ဓါတ်ပုံတွေကို DVD တချပ်မှာ ထည့်ပြီး သူ့မိသားစုဆီကို ပို့ပေးချင်တာကြောင့်.. ကျနော့်ဆီမှာ Laptop နဲ့ DVD ယူလာပြီး ကျနော်လုပ်ပေးလိုက်လို့ အဆင်ပြေသွားတဲ့ လုပ်နည်းလေးပဲ ဖြစ်ပါတယ်..။ ဒီလိုလွယ်ကူတဲ့ နည်းတွေကို ကျနော့် Blog မှာ နေ့စဉ်လာရောက် လေ့လာနေတဲ့ မိတ်ဆွေများလည်း လုပ်တတ်၊ ကိုင်တတ် ရှိအောင် ပုံတွေနဲ့ ရိုက်ယူပြီး ဒီနေ့တော့ ပိုစ့်တစ်ခုအဖြစ် တင်ပေးလိုက်ပါပြီ..။ အရင်တုန်းကလည်း CD/DVD ဘယ်လို Burn မလဲ (ခွေကူးနည်း လမ်းညွှန်) ဆိုတဲ့ ခေါင်းစဉ်နဲ့ ပိုစ့်တစ်ခု တင်ပေးခဲ့ဖူးပါတယ်..။ အဲ့ဒီပိုစ့်မှာတော့ Nero ဆော့ဝဲလ်နဲ့ Ashampoo ဆော့ဝဲလ်တွေကို အသုံးပြုပြီး အခွေ Burn ပြပေးထားတာ ဖြစ်ပါတယ်..။ ဒီပိုစ့်က Burn to Disc တူးနဲ့ Burn လိုက်ပြီးသား CD/DVD ခွေတွေ အတွင်းမှ ဓါတ်ပုံနှင့် video များကို၊ မိမိတို့ရဲ့ TV နဲ့ ရုပ်ရှင်ဖွင့်ကြည့်လို့ ရတဲ့ DVD Player တွေနဲ့ပါ ပြန်လည် ဖွင့်ကြည့်နိုင်မှာပဲ ဖြစ်ပါတယ်..။ ဒါပေမယ့် DVD Player တွေက JPEG / PNG / MP3 / MP4 နှင့် တခြား Flv လို ဖေါ်မတ်တွေကို Support လုပ်တဲ့ စက်တွေ ဖြစ်ဖို့တော့ လိုပါတယ်..။ အဲလို Support ဖြစ်တယ်ဆိုရင်တော့ အခု ဒီပိုစ့်က နည်းနဲ့ Burn လိုက်တဲ့ အခွေတွေကို အလွယ်တကူ ဖွင့်ပြပေးနိုင်ပါလိမ့်မယ်..။
Related Posts Plugin for WordPress, Blogger...