Showing posts with label E-book (မြန်မာလို). Show all posts
Showing posts with label E-book (မြန်မာလို). Show all posts

PC Mechanic By U Zaw Lin

 15 Dec 13, 06:26 AM
အရိုး:
အကိုေ၇ good morning ပါ pc hareware ပိုင်းပြုပြင်တဲ့ စာအုပ်လေးတွေ လိုချင်လို့ပါ အကိုေ၇ link လေးပေးပါဦးအကိုေ၇ နောက်ပြီးဆ၇ာဇော်လင်းေ၇းတဲ့ ဒီစာအုပ်ဖတ်ပြီးမှ pc ပြုပြင်ပါ ဆိုတဲ့ စာအုပ်လေး ဘယ်မှာမှ down လို့မရ
15 Dec 13, 06:28 AM
အရိုး:
ဘူးဖြစ်နေတယ် အကိုရေ ကူညီပေးပါဦးအကိုရေ အစဉ်လေးစားကျေးဇူးကြီးစွာဖြင့် ညီလေးအရှိး
ဆရာဦးဇော်လင်း ရေးသားထားတဲ့ PC Mechanic စာအုပ်လေးပါ..။ တောင်းတဲ့လူရှိလာတဲ့အတွက် ရှာပြီး တင်ပေးလိုက်ပါတယ်..။ အခုမှ ကွန်ပျူတာ Hardware ပိုင်းကို စတင်လေ့လာမယ့် သူများအတွက် အရင်ဆုံး ဖတ်၊မှတ်သင့်တဲ့ စာအုပ်လေးပါ..။ ကွန်ပျူတာမှာ ဒီလို PDF ဖေါ်မတ်နဲ့ စာအုပ်လေးတွေ ဖတ်လို့ ရဖို့ဆိုရင် မိမိတို့စက်ထဲမှာ Adobe Reader သို့မဟုတ် Foxit Reader လို စာအုပ်ဖတ်တဲ့ Reader တခုခု ရှိနေမှ ဖတ်လို့ ရမှာ ဖြစ်ပါတယ်..။ အရင်စာအုပ်တွေ တင်ပေးခဲ့တုန်းက Foxit Reader လေးကို ဒေါင်းယူလို့ ရအောင် လင့်တွေ ချိတ်ပေးခဲ့ပြီး ဖြစ်ပါတယ်..။ ဒါကြောင့် ဒီလိုစာအုပ်လေးတွေကို အလွယ်တကူနဲ့ အဆင်ပြေပြေ ဖတ်လို့ရမှာပဲ ဖြစ်ပါတယ်..။ ဒီစာအုပ်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10 MB ရှိပါတယ်..။

NERO 8 ဖြင့် CD/DVD ထုတ်လုပ်နည်း လက်စွဲ

 ဒီစာအုပ်လေးကို ပိုစ့်တခုအနေနဲ့ ပြန်တင်ပေးလိုက်တာကတော့.. ကျနော့် Blog မှာ တင်ပေးထားခဲ့ပြီးတဲ့ ဆော့ဝဲလ်တွေနဲ့ စာအုပ်တွေကို ၃-လ ကျော်သွားပြီးရင် ဒေါင်းယူလို့ ရမှာမဟုတ်တော့ပါ..။ ဖရီး Upload ဆိုဒ်တွေမှာ တင်ပေးတာဖြစ်လို့ ၃-လ အတွင်းက ဆော့ဝဲလ်တွေနဲ့ စာအုပ်တွေကိုပဲ ဒေါင်းယူဖို့ အကြံပြုချင်ပါတယ်..။ အပေါ်က Comments လေးကို မြင်လိုက်ရလို့ ဒီစာအုပ်နဲ့အတူ အပေါ်ကပုံမှာ မျှားနီနဲ့ ပြထားတဲ့ နေရာ.. ပိုစ့်တွေရဲ့လိပ်စာ လင့်နေရာတွေမှာ အဲ့ဒီပိုစ့်ကို တင်ပေးခဲ့တဲ့ ခုနှစ်နဲ့လ ကို ကြည့်လို့ ရမှာပဲ ဖြစ်ပါတယ်..။ အဲ့လိုမျိုး တနှစ်ကျော် ကြာသွားပြီ ဖြစ်တဲ့ ဆော့ဝဲလ်တွေနဲ့ စာအုပ်တွေ ပေါင်းလိုက်ရင် ကျနော်တင်ပေးခဲ့တာ ရာကျော်ရှိပါပြီ..။ အားလုံးကို တခုစီပြန်လိုက်တင်ပေးဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး..။ ဆော့ဝဲလ်တွေဆိုရင်တော့ Update အသစ် ထွက်လာတဲ့အခါ အဆင်ပြေသလို ပြန်တင်ပေးတတ်ပါတယ်..။ ဒါကြောင့် ပိုစ့်လိပ်စာတွေကို ကြည့်ပြီး စာအုပ်တွေနဲ့ ဆော့ဝဲလ်တွေကို ဒေါင်းယူလို့ ရနိုင်၊မရနိုင်ဆိုတာ.. မိမိတို့ ကိုယ်တိုင်သာ လေ့လာကြည့်ပြီး၊ ဆင်ခြင်နိုင်အောင် ဒီစာအုပ်လေးနဲ့အတူ ပိုစ့်တင်ပေးလိုက်ခြင်းပါ..။ အရင်ကလည်း Foxit Reader ဆော့ဝဲလ်နဲ့အတူ ဒီအကြောင်းလေးကို ရေးပေးခဲ့ဖူးပါတယ်..။
အခုဒီစာအုပ်လေးကိုတော့ တောင်းထားတဲ့လူ များတဲ့အတွက် ပြန်တင်ပေးလိုက်ပါတယ်..။ ဒီစာအုပ်လေးကတော့ အခွေကူးတတ်ချင်တဲ့သူများအတွက် အရမ်းတန်ဖိုးရှိတဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါပဲ.. ဆရာဦးအောင်လင်း ရေးသားထားတဲ့ ဒီစာအုပ်လေးကို သူငယ်ချင်းတစ်ယောက်က ကျနော့်ကို လေ့လာဖို့၊ မျှဝေဖို့ပေးခဲ့တာလေးပါ..။ Nero 8 နဲ့ပါတ်သက်လို့ အသုံးပြုနည်း အားလုံးနီးပါး အသုံးပြုတတ်အောင် စိတ်ရှည်ရှည်နဲ့ သေချာရေးပေးထားတဲ့ စာအုပ်ကောင်းလေးပါ.. CD/DVD တချပ်ရလာအောင် ကူးနည်း၊ VCD ထုတ်လုပ်နည်း၊ DVD တချပ်ထဲမှာ ရုပ်ရှင်ဇာတ်ကားတွေ ၄၊၅ခု ထည့်နည်း၊ စသဖြင့်အစုံလုပ်တတ်အောင် ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်.. နောက်ပြီး မိသားစုရိုက်ထားတဲ့ Video တွေကို DVD ထဲမှာ ဖြတ်ထည့်နည်းတွေကအစ Nero 8 နဲ့လုပ်တတ်အောင် သေသေချာချာ စုံစုံလင်လင် ဖေါ်ပြပေးထားပါတယ်.. Nero 8 မှာပါတဲ့ တခြား Features တွေကိုပါ အားလုံးအသုံးပြုတတ်အောင် ပြပေးထားတဲ့ စာရေးဆရာရဲ့ စေတနာကို အသုံးပြုသူများ အားလုံးက ကျေးဇူးတင် ၊ လေးစားရမှာပါ.. PDF ဖိုင်အဖြစ် ဖန်တီး၊ မျှဝေ ပေးခဲ့တဲ့ စေတနာရှင်ကိုလည်း ကျေးဇူးတင်ရမှာပါ..။ ဒီစာအုပ်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 13 MB ရှိပါတယ်..။

DOS Commands နှင့် လက်တွေ့အသုံးများ

 DOS ဆိုသည်မှာ ....
ကွန်ပျူတာဆိုတဲ့ နည်းပညာရပ်ခရီး ဒီနေ့၊ ဒီအခြေအနေ ရောက်လာဖို့ DOS ဆိုတာကနေ စတင်ခဲ့တာပါ..။
 Disk Operating System ဆိုတဲ့ အမည်ရှည်ကို အလွယ်ခေါ် DOS လို့ လူသိများခဲ့ပါတယ်..။
Windows 95 စတင်မှုမှသည် Windows XP အထိ DOS ရဲ့ သက်ရောက်မှုတွေက စိုးမိုးခဲ့ပါတယ်..။ ယခုနှစ်တွေမှာ ထုတ်လာတဲ့ Windows Vista, Windows 7 တွေမှာတော့ DOS ရဲ့ သက်ရောက်မှုဟာ ကျဆင်းလာပါတယ်..။ အသုံးလည်း နည်းလာပါတယ်..။
 သို့သော်လည်း Windows ဆိုတဲ့ Operating System ရပ်တည်နေသ၍ DOS Command တွေကို မေ့ထားလို့ မရပြန်ပါဘူး..။ စာရေးသူကတော့ ယနေ့အချိန်ထိ DOS Commands တွေကို သုံးနေဆဲပါ..။ အသေးဆုံးလုပ်ဆောင်ချက်ဖြစ်တဲ့ Memory Stick (USB) များမှ Virus တွေနှင့် ၄င်းတို့၏ လုပ်ဆောင်ချက်ကြောင့် File များကွယ်ပျောက်ခြင်းကအစ DOS Command များဖြင့် ပြင်ဆင်ယူပါတယ်..။
 ယခုနောက်ပိုင်းထွက်ရှိတဲ့ Virus တွေကို DOS Command တွေဖြင့် ရှင်းထုတ်နိုင်တယ်ဆိုလျှင် အံ့သြသွားမလား၊ မြန်မာနိုင်ငံမှာသာမက စာရေးသူနိုင်ငံရပ်ခြားရောက်နေစဉ် တွေ့ကြုံရသမျှ Virus ပြဿနာတွေကို DOS Command တွေဖြင့် ဖြေရှင်းခဲ့ပါတယ်..။
ဒီစာသားတွေကတော့ ဒီစာအုပ်လေးထဲမှာပါတဲ့ DOS အသုံးဝင်ပုံတွေအကြောင်း ရှင်းပြပေးထားတဲ့ စာသားအနည်းငယ်ကို ကူးယူဖေါ်ပြပေးထားခြင်းပါ..။ ကျနော်ဒီစာအုပ်လေးကို ဖတ်ချင်လွန်း၍ ရှာနေတာ ကြာပါပြီ..။ ဒီနေ့တော့ သူငယ်ချင်းတစ်ယောက်က ကျနော့်ကို ပြန်လည်မျှဝေပေးခဲ့လို့ ဒီစာအုပ်လေးကို လေ့လာခွင့်ရခဲ့ပြီ..။ စာဖတ်သူများလည်း ကျနော်နှင့်အတူ လေ့လာလို့ရအောင် ဒီစာအုပ်လေးကို ပြန်လည် မျှဝေပေးလိုက်ပါသည်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 8.3 MB ရှိပါတယ်..

Deep Freeze အသုံးပြုနည်း

Deep Freeze ဆော့ဝဲလ်ကို ကျန်ခဲ့တဲ့ တပါတ်က တင်ပေးထားခဲ့ပြီး.. အခုဒီစာအုပ်လေးကတော့ Deep Freeze အသုံးပြုနည်းလို့ ပြောရမယ့် စာအုပ်လေးပါ..။ မိမိတို့ ကွန်ပျူတာနဲ့ Data တွေကို အပြည့်အဝကာကွယ်ပေးနိုင်တဲ့ DeepFreeze အသုံးပြုတတ်အောင် ပြပေးထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်..။ ဆော့ဝဲလ်ကိုတော့ သွားဒေါင်းယူနိုင်ပါတယ်..။ ဒီစာအုပ်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 383 KB ပဲ ရှိပါတယ်..

အသုံးများသောအင်္ဂလိပ်စကားပြော (၁၀၀၀)

အင်္ဂလိပ်စာ စတင်လေ့လာသူများအတွက် အသုံးဝင်တဲ့ စာအုပ်လေးပါ..။ အလွယ်တကူပြောနိုင်အောင် အသုံးများတဲ့ စကားလုံး ၁၀၀၀ ကျော် စုစည်းပေးထားတဲ့ စာအုပ်ကောင်းလေးပါပဲ..။ ဆောင်ထားလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 1.1 MB ပဲ ရှိပါတယ်..။

Top 100 Simplified Tips & Tricks - Adobe Photoshop CS3

 ဒီစာအုပ်လေးကတော့ E-လိုပဲ လေ့လာလို့ရမယ့် စာအုပ်လေးပါ..။ Photoshop လေ့ကျင့်ခန်းတွေနဲ့ အတိုအထွာလေးများကို စုစည်းဖေါ်ပြပေးထားတဲ့ လေ့ကျင့်ခန်းစာအုပ်လေးပဲ ဖြစ်ပါတယ်..။ ပုံလေးတွေနဲ့ သေချာရှင်းပြထားလို့.. မူရင်းပုံနဲ့ ပြောင်းလဲထားပြီးတဲ့ပုံကိုပါ တွဲပြပေးထားတဲ့၊ တဆင့်စီ ရှင်းပြပေးထားတဲ့အတွက် လေ့လာတဲ့သူများအတွက် လွယ်ကူရှင်းလင်းစေပါတယ်..။ အားလုံးကို Photoshop CS3 နဲ့ပဲ လုပ်ပြပေးထားတာ ဖြစ်ပါတယ်..။ ဒီလေ့ကျင့်ခန်း စာအုပ်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 31 MB ရှိပါတယ်..။

ကွန်ပျူတာ အခြေခံနှင့် Wondows 7 အသုံးပြုနည်း (မြန်မာလို)

 
မင်္ဂလာပါဗျာ ကိုလွင်မင်းဗိုလ် Bolg လေးကို လည်ပတ်နေကြသော သူငယ်ချင်း မိတ်ဆွေ အပေါင်းတို့ ခင်ဗျာ... ကွန်ပျူတာ အခြေခံ နည်းပညာ ဆိုပြီး ပေးထားတဲ့ အတွက် နာမည်ကိုက်ညီအောင် ကွန်ပျူတာအခြေခံနှင့် Windows 7 အသုံးပြုနည်း စာအုပ်ကို တင်ပေးလိုက်ပါတယ်ဗျာ အခုမှာ ကွန်ပျူတာကို စတင်လေ့လာနေသူတွေ အတွက်တော့ အထူးကို ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းလေးပါပဲ ခေါင်းစဉ်ပေါင်း 60 ကို အသေးစိတ် ရှင်းပြထားပါတယ် ဖိုင်ဆိုဒ်ကတော့ (25.0MB) ရှိပါတယ်

Adobe PageMaker7 အသုံးပြုနည်း လမ်းညွှန် (မြန်မာလို)

ဒီစာအုပ်လေးကတော့ သူငယ်ချင်း တစ်ယောက် တောင်းထားတာ ကြာပါပြီ..။ ဒီနေ့မှ တင်ပေးဖြစ်ပါတယ်..။ စာစီ၊ စာရိုက်နဲ့ ဖိတ်စာကတ်၊ လိပ်စာကတ်တွေ ပြုလုပ်တဲ့ နေရာမှာ.. ဟိုးအရင်ချိန်တုန်းက ဒီ PageMaker ဆော့ဝဲလ်က နာမည်ကြီးပါတယ်..။ Connection ကောင်းတဲ့အခါ ဒီ PageMaker7 ကိုလည်း တင်ပေးပါအုန်းမည်..။ ဒီဆော့ဝဲလ်ကို အခုနောက်ပိုင်းတော့ InDesign ဆိုပြီး နာမည်ပြောင်းထုတ် ထားပါတယ်..။ စာစောင်တွေ၊ မဂ္ဂဇင်းတွေကိုလည်း ဒီပရိုဂရမ်နဲ့ပဲ ဖန်တီးယူလို့ ရပါတယ်..။ ဒီစာအုပ်လေးထဲမှာ အသေးစိတ်ရေးပြ၊ ရှင်းပြထားလို့ လိုအပ်တဲ့ သူများအတွက် ဆောင်ထားသင့်တဲ့ စာအုပ်လေးပါ..။ နောက်တခုက ကျန်ခဲ့တဲ့ ရက်က ကျနော်ပိုစ့်တင်ပေးခဲ့ပြီးတဲ့ ဒ ၊ ဓ ရေးတတ်အောင် ပြပေးထားတဲ့ ပိုစ့်ကိုလည်း.. ဒီ PageMaker ကို စလေ့လာတဲ့ သူများအတွက် မဖတ်မဖြစ် ဖတ်ထားရမယ့် ၊ လေ့လာထားရမယ့် ပိုစ့်တခုပါ..။ ဒါမှသာ PageMaker ဆော့ဝဲလ်ကို အသုံးပြုတဲ့အခါ အဆင်ပြေပြေစာရေးလို့ ရမှာ ဖြစ်ပါတယ်..။ ဒီစာအုပ်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်နေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 6.1 MB ရှိပါတယ်..။

လက်တွေ့အသုံးချ Digital Video လေ့လာမှုလမ်းညွှန်

Video Editing သမားများအတွက် လေ့လာသင့် ၊ ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းလေးပါ..။ စာရေးသူရဲ့ စေတနာနဲ့ ဗဟုသုတ တိုးပွါးအောင်ပါ သေချာရှင်းပြပေးထားလို့ စိတ်ရှည်ရှည်နဲ့ ဖတ်ရမယ့် စာအုပ်လေးပါ..။ အကောင်းဆုံး Video တခုဖြစ်လာအောင် စက်ပစ္စည်း တွေကအစ ရှင်းပြပေးထားလို့ ကျနော်လည်း သဘောကျတဲ့ စာအုပ်လေးပါ..။ စလေ့လာခါစ သူများအတွက် မဖတ်မဖြစ် ဖတ်ရမယ့် စာအုပ်လေးလို့တောင် ပြောလို့ ရပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်နေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.8 MB ပဲ ရှိပါတယ်..။

3D Studio Max အသုံးပြုနည်း - အသေးစိတ်ရှင်းပြထားသည်

ဒီစာအုပ်လေးနဲ့ ပါတ်သက်တဲ့ ဆော့ဝဲလ်ကိုလည်း တင်ပေးဖို့ စိတ်ကူးပေါ်ပါတယ်..။ တိုက်လေယာဉ်ပုံ၊ အရုပ်ပုံ၊ အိမ်ပုံနဲ့ တခြား စိတ်ဝင်စားစရာ ပုံမျိုးစုံကို 3D Studio Max ဆော့ဝဲလ်နဲ့ ဖန်တီးယူလို့ ရပါတယ်..။ အသုံးပြုတတ်အောင် ဒီစာအုပ်လေးထဲမှာ အသေးစိတ်ဖေါ်ပြပေးထားလို့ 3D ပုံတွေ ဖန်တီးချင်တဲ့ သူတွေအတွက် တန်ဖိုးရှိတဲ့ စာအုပ်လေးပါ..။ ဆော့ဝဲလ်တင်မပေးနိုင်သေးပေမယ့်လည်း တန်ဖိုးရှိတဲ့ စာအုပ်လေးမို့ အရင် ဒေါင်းယူထားသင့်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ ဒီစာအုပ်လေးကို အောက်ကလင့်နေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2.6 MB ရှိပါတယ်..။

ကွန်ပျူတာဖြင့် အဆောက်အဦးပုံ ရေးဆွဲနည်း လက်စွဲ

ဦးအောင်လင်း ရေးသားတဲ့ အဆောက်အဦးပုံ ရေးဆွဲနည်း စာအုပ်လေးပါ..။ ပုံဆွဲတာနဲ့ အဆောက်အအုံပုံတွေ ရေးဆွဲတာ ဝါသနာပါတဲ့ သူများအတွက် လေ့လာသင့်တဲ့ စာအုပ်လေးပါ..။ ဒီစာအုပ်ထဲမှာ အသုံးပြုပြထားတဲ့ Autocad ဆော့ဝဲလ်ကတော့ ကမ္ဘာကျော် နာမည်ကြီး ပရိုဂရမ်တခုပါ..။ ဒီဆော့ဝဲလ်ကိုတော့ အဆင်ပြေတဲ့အခါ တင်ပေးပါမည်..။ ဆော့ဝဲလ်ရှိပြီး လေ့လာဖို့ စာအုပ်မရှိတဲ့ သူများနဲ့ တခြားအသုံးပြုနည်း လေ့လာချင်တဲ့ သူများကတော့ ဒီစာအုပ်လေးကို အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 16.4 MB ရှိပါတယ်..။

WinRAR ကိုအသုံးပြု၍ Portable ဆော့ဝဲလ်များ ဖန်တီးခြင်း (မြန်မာလို)


ဒီစာအုပ်လေးကတော့ WinRAR ကို အသုံးပြုပြီး Portable ဆော့ဝဲလ်လေးတွေ ဖန်တီးတဲ့ နည်းပါ..။ ဒီနည်းက ဖရီးဆော့ဝဲလ် အများစုကို ဖန်တီးယူလို့ ရမှာဖြစ်ပြီး ၊ ဂရပ်ဖစ်အသုံးပြုရတဲ့ ပရိုဂရမ်တွေနဲ့ ရောင်းစားတဲ့ ဆော့ဝဲလ်အကြီးကြီးတွေ ဆိုရင်တော့ အဆင်ပြေလိမ့်မယ် မထင်ပါဘူး..။ ဘာလို့လဲဆိုတော့ ပရိုဂရမ် တခုစီရဲ့ Registry တွေကို သိမ်းတဲ့နည်း မပါလို့ပါ..။ ဘာပဲဖြစ်ဖြစ် နည်းလမ်းတိုင်းကိုတော့ လေ့လာထားသင့်ပါတယ်..။ ဒီစာအုပ်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1 MB (583 kb) ပဲ ရှိပါတယ်..။

Photoshop Top Secret PDF (အင်္ဂလိပ်လို)


 ဒီစာအုပ်လေးက Photoshop ပညာကို ဝါသနာ ပါတဲ့ သူများအတွက် အထောက်အကူ ဖြစ်စေမယ့် လေ့ကျင့်ခန်း စာအုပ်လေးပါ..။ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်..။ ဒီစာအုပ်ဖိုင်လေးကို ဖတ်ဖို့အတွက် PDF Reader တခုခု မိမိတို့ ဝင်းဒိုးထဲမှာ ရှိဖို့ လိုပါတယ်..။ ကျနော့် Blog မှာလည်း PDF Reader တွေ အများကြီး တင်ပေးခဲ့ ဖူးပါတယ်..။ လိုအပ်တဲ့ သူများကတော့ ပြန်ရှာယူနိုင်ပါတယ်..။ ဒီလေ့ကျင့်ခန်း စာအုပ်လေးကို အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 9.9 MB ရှိပါတယ်..။

Windows 8 ကိုလေ့လာခြင်း (မြန်မာလို)

 Windows 8 အသုံးပြုနည်း စာအုပ်လေးပါ..။ ဒီနေ့တင်ပေးလိုက်တဲ့ စာအုပ်လေးတွေကို အဝေးရောက်နေတဲ့ သူငယ်ချင်းတွေ တောင်းထားတာ နည်းနည်းကြာနေပြီ..။ တင်ပေးဖို့ အလှည့်မရောက်ဖြစ်နေတာနဲ့ တင်မပေးဖြစ်ခဲ့တာပါ..။ ဒီနေ့တော့ ဒီစာအုပ်လေးတွေကို ရှာလို့ရသလောက် တင်ပေးလိုက်ပါပြီ..။ နောက်ထပ်တောင်းထားတဲ့ စာအုပ်လေးတွေကိုလည်း နောက်ပိုင်းရှာလို့ရလာတဲ့အခါ တင်ပေးပါအုန်းမည်..။ Windows 8 နဲ့ ပါတ်သက်လို့ အတော်လေး အကျွမ်းတဝင်အသုံးပြုတတ်ချင်တဲ့ သူများကတော့ ဒီစာအုပ်လေးနဲ့ အဆင်ပြေပါတယ်..။ လေ့လာကြည့်ရင် ကောင်းမှန်းသိပေလိမ့်မည်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 39.2 MB ရှိပါတယ်..။ ဒီအုပ်လေးတွေကို ဖတ်နိုင်ဖို့ PDF Reader လေးတွေကို အရင်ပိုစ့်တွေမှာ တင်ပေးထားခဲ့ပြီးသားမို့ ဒီပိုစ့်မှာ ထပ်မတင်ပေးတော့ပါ..။ PDF Reader လေးတွေကို မိမိတို့ ကွန်ပျူတာမှာ Install ထည့်ပြီးသွားရင် ဒီစာအုပ်လေးတွေကို ဖတ်လို့ ရသွားပါပြီ..။

Cafezee အသုံးပြုနည်း (မြန်မာလို)

အင်တာနက်ဆိုင်တွေမှာ အသုံးပြုနေကြတဲ့ ဆော့ဝဲလ်တွေထဲက တခုဖြစ်တဲ့ Cafezee ဆော့ဝဲလ်လေးရဲ့ အသုံးပြုပုံ၊ အသုံးပြုနည်း စာအုပ်လေးပါ..။ Install ထည့်နည်းက စပြီး ၊ Password ခံနည်း၊ ကွန်ပျူတာတွေ နာမည်ပြောင်းပေးနည်းကအစ အစအဆုံးအသုံးပြုတတ်အောင် ရှင်းပြပေးထားတဲ့ စာအုပ်ကောင်းလေးတအုပ်ပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 537 kb ပဲ ရှိပါတယ်..။

Using ipod/ipad/iphone (မြန်မာလို)

Apple ကထုတ်တဲ့  ipod/ipad/iphone တွေကို မြန်မာလို့ လေ့လာပြီး အလွယ်တကူ အသုံးပြုလို့ရအောင် ရေးသားထားတဲ့ စာအုပ်လေးပါ..။ Apple Product တွေကို စပြီး အသုံးပြုနေတဲ့ သူများအတွက် အဆင်ပြေစေမယ့် ၊ စာအုပ်ကောင်းလေး တအုပ်ပါပဲ..။ ဒီစာအုပ်လေးကို တောင်းထားတဲ့ အဝေးကသူငယ်ချင်တွေနဲ့ တခြားလိုအပ်တဲ့သူများပါ အသုံးပြုလို့ရအောင် ဒီနေ့ဒီစာအုပ်လေးကို တင်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူနိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 12.5 MB ရှိပါတယ်..။

NERO 8 ဖြင့် CD/DVD ထုတ်လုပ်နည်း လက်စွဲ

 ဒီစာအုပ်လေးကတော့ အခွေကူးတတ်ချင်တဲ့သူများအတွက် အရမ်းတန်ဖိုးရှိတဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါပဲ.. ဆရာဦးအောင်လင်း ရေးသားထားတဲ့ ဒီစာအုပ်လေးကို သူငယ်ချင်းတစ်ယောက်က ကျနော့်ကို လေ့လာဖို့၊ မျှဝေဖို့ပေးခဲ့တာလေးပါ.. Nero 8 နဲ့ပါတ်သက်လို့ အသုံးပြုနည်း အားလုံးနီးပါး အသုံးပြုတတ်အောင် စိတ်ရှည်ရှည်နဲ့ သေချာရေးပေးထားတဲ့ စာအုပ်ကောင်းလေးပါ.. CD/DVD တချပ်ရလာအောင် ကူးနည်း၊ VCD ထုတ်လုပ်နည်း၊ DVD တချပ်ထဲမှာ ရုပ်ရှင်ဇာတ်ကားတွေ ၄၊၅ခု ထည့်နည်း၊ စသဖြင့်အစုံလုပ်တတ်အောင် ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်.. နောက်ပြီး မိသားစုရိုက်ထားတဲ့ Video တွေကို DVD ထဲမှာ ဖြတ်ထည့်နည်းတွေကအစ Nero 8 နဲ့လုပ်တတ်အောင် သေသေချာချာ စုံစုံလင်လင် ဖေါ်ပြပေးထားပါတယ်.. Nero 8 မှာပါတဲ့ တခြား Features တွေကိုပါ အားလုံးအသုံးပြုတတ်အောင် ပြပေးထားတဲ့ စာရေးဆရာရဲ့ စေတနာကို အသုံးပြုသူများ အားလုံးက ကျေးဇူးတင် ၊ လေးစားရမှာပါ.. PDF ဖိုင်အဖြစ် ဖန်တီး၊ မျှဝေ ပေးခဲ့တဲ့ စေတနာရှင်ကိုလည်း ကျေးဇူးတင်ရမှာပါ..။ Nero 8 Essentials ဆော့ဝဲလ်ကို ဒီနေရာကနေ ဒေါင်းယူနိုင်ပါတယ်.. ဒီစာအုပ်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 12.6 MB ရှိပါတယ်..

Creation Flash Songs with SWiSH Max - Flash သီချင်းများ ဖန်တီးခြင်း

 22 Oct 12, 01:57 AM
punkkalay91:
အကိုရေ flash songs လုပ်တာ ပုံတွေက အသေတွေဖြစ်နေလို့  ပုံအရှင်လေးတွေ ဖြစ်အောင် ဘယ်လို လုပ်ရတယ် ဆိုတာကို လမ်းညွှန်ပြသပေးပါဦးလို့ တောင်းဆိုလိုက်ပါတယ် မေးထဲပို့ ပေးပါနော်..
 ဒါလေးက Flash Song လုပ်တဲ့ စာအုပ်လေးပါ.. အသေးစိတ်ရေးပေးထားလို့ လိုက်လုပ်ရတာ အဆင်ပြေမယ်လို့ ထင်ပါတယ်.. ဒီမှာပဲ ပိုစ့်တခုအနေနဲ့ တင်ပေးလိုက်ပါတယ်.. တခြားလိုအပ်တဲ့သူများလည်း အသုံးပြုလို့ ရအောင်လို့ပါ.. ဒီစာအုပ်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 922 KB ရှိပါတယ်..

Windows7 & Windows XP Installation Guide - ဝင်းဒိုးတင်နည်းလမ်းညွှန်



12 Oct 12, 09:11 PM
nyinaing:
ကိုလေး ကျေးဇူးပဲနော် လိုချင်တာလေးတွေယူသွားတယ်
12 Oct 12, 09:20 PM
nyinaing:
ကိုလေးရေ ပြောရအုံးမယ် ညီတို့ဆီမှာ အခုတလော အင်တာနက် လိုင်းကကျတော့ ဓတ်ပုံတွေက မြင်တဲ့ဟာကမြင်ရ မမြင်ရတဲ့ဟာကမမြင် ဖြစ်နေတယ် windows တင်နည်းတွေကို  ညီ လေ့လာဖြစ်တယ် ဒါပေ့မဲ့ ပုံတွေက ခုဏက ညီပြောတဲ့အတိုင်း....အဆင်မ
12 Oct 12, 09:28 PM
nyinaing:
ပြေဖြစ်နေတယ်ကူညီပါအုံး ညီက computer ကိုဆရာတွေဘာတွေနဲ့သင်ရတာမဟုတ်တော့ ကိုလေးကပဲ ညီဆရာဖြစ်နေတယ်လို့ပြောရမယ်ဖြစ်နိုင်ရင် computer နဲ့ ပတ်သတ်တဲ့ စာအုပ်ကောင်းကောင်းလေး  ၁အုပ်လောက်မစပါ လေးစားစွာဖြင့် ....
ဒီစာအုပ်လေးတွေကို သိမ်းထားတာ ကြာနေပြီ.. တောင်းတဲ့လူ ရှိလာတော့မှပဲ သတိရလို့ ပြန်ရှာတင်ပေးလိုက်ပါတယ်.. ဝင်းဒိုးတင်တတ်ချင်တဲ့ သူများအတွက် စာအုပ်ကောင်းလေးတွေပါ.. ကျနော့် Blog ထဲမှာ ဝင်းဒိုးခွေတွေကို လင့်ချိတ်ပေးထားတာတွေ ရှိပါတယ်.. ဝင်းဒိုးခွေလိုချင်တဲ့သူများ Windows7Windows XP ခွေတွေကို ဒေါင်းယူနိုင်ပါတယ်.. ဒီစာအုပ်လေးတွေကို လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..

Basic Joomla (မြန်မာလို)

10 Oct 12, 01:59 AM
စောကျော်ဦး:
ကျနော် Google ကနေ ဒိုမိန်းနိနမ်း ဝယ်ပြီးပါပြီ ကျနော့် http://shwemyanmar2012.blogspot.no/# ကို ဝယ်ထားတဲ့ shwemyanmaronline.net နဲ့ ဘယ်လို ချိတ်ရမှန်းမသိဖြစ်နေပါတယ် ကူညီနှိုင်ရင် ကူညီပေးပါဗျာ 
ဒီစာအုပ်လေးကတော့ Blogger တွေအတွက် ဝဘ်ဆိုဒ်တွေ တခုနဲ့တခု ချိတ်ဆက်တဲ့ နေရာမှာ အသုံးဝင်မယ့် အထောက်အကူပြုမယ့် စာအုပ်လေးပါ.. လုပ်ပုံလုပ်နည်းကို ပုံလေးတွေနဲ့ပါ ပြပေးထားလို့ ပိုပြီး အသုံးပြုရတာ အဆင်ပြေစေပါတယ်.. ဝဘ်ဆိုဒ်တွေ တခုနဲ့ တခုချိတ်ထားချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်က 1 MB ပဲ ရှိပါတယ်..
Related Posts Plugin for WordPress, Blogger...