ဓါတ်ပုံတွေကို ပြင်ဆင် တည်းဖြတ်လို့ ရတဲ့ ဒီဆော့ဝဲလ်လေးကတော့ Photoshop လိုပဲ Tool တွေ Effects တွေကို စုံလင်စွာ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးမှာ ဂျာမန်စာသားတွေနဲ့ ပေါ်နေမှာ ဖြစ်ပြီး E-လို ပြန်ပေါ်အောင် Install ထည့်ပြီးမှ သွားပြောင်းပေးရမယ့် နေရာလေးတွေကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒေါင်းလော့ဖိုင်လေးထဲမှာလည်း Notepad လေးနဲ့ ကီးတွေအပြင် E-လိုပြောင်းပေးရမယ့် ဖိုင်နာမည်လေးကိုပါ ရေးထည့်ပေးထားလို့ စာဖတ်နိုင်တဲ့သူများအတွက်ပါ အဆင်ပြေစေပါတယ်..။ ဒီဆော့ဝဲလ်လေးမှာ ဓါတ်ပုံတွေကို ပြင်ဆင်ဖို့ Tool တွေ အတော်စုံတဲ့အတွက် ဓါတ်ပုံပြင်ဆင်၊ ဖြတ်ဆက် ပြုလုပ်လိုတဲ့ သူများအတွက် ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်ကောင်းလေးတစ်ခုပါ..။ အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 73 MB ရှိပါတယ်..။
Showing posts with label ဓါတ်ပုံပြင်ဆင်ရန် ဆော့ဝဲလ်များ. Show all posts
Showing posts with label ဓါတ်ပုံပြင်ဆင်ရန် ဆော့ဝဲလ်များ. Show all posts
Pixia 6.00k Final
ဒီကောင်လေးမှာ Brush Tool ဒီဇိုင်းတွေ အစုံနဲ့ ကာတွန်းပုံ ပန်ချီပုံလေးတွေကို ဖန်တီးယူလို့ ရသလို ၎င်း Brush Tool တွေနဲ့ 3D ဒီဇိုင်းဆန်ဆန် စာလုံးများကိုလည်း ရေးယူလို့ ရမှာပဲ ဖြစ်ပါတယ်..။ Photoshop လို လေယာအစုံနဲ့ အသုံးပြုလို့ ရတဲ့ ဒီကောင်လေးကို Features တွေ အစုံသုံးတတ်ဖို့ကိုတော့ မိမိတို့ ကိုယ်တိုင် လေ့လာရမှာ ဖြစ်ပြီး.. ဒီပိုစ့်မှာ ကျနော် အနည်းငယ် စမ်းသုံးထားတဲ့ Brush Tool နဲ့ 3D လို စာလုံးမျိုး ဖြစ်အောင်၊ စာရေးတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ကာတွန်း ပန်းချီ ပုံလေးတွေ ဖန်တီးလိုတဲ့ သူများအတွက် ဒီကောင်လေးနဲ့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 14 MB ရှိပါတယ်..။
Fotosketcher 2.70 Final
မိမိတို့ရဲ့ ပုံလေးတွေကို ခဲခြစ်ပန်းချီပုံလေးတွေအပြင် ရေးဆေး၊ ဆီဆေး ပန်းချီတွေနဲ့ တခြား ပန်းချီဒီဇိုင်းတွေအဖြစ်ပါ ဒီကောင်လေးနဲ့ ဖန်တီးယူလို့ ရပါတယ်..။ အရင်ကလည်း တင်ပေးခဲ့ဖူးပါတယ်..။ ဒီကောင်လေးကတော့ နောက်ဆုံးထွက်လေးပါ..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် ဒီပိုစ့်မှာ အနည်းငယ် ပြန်လည် လုပ်ပြပေးထားပြီး Portable (OR) Setup ဖိုင် ၂-ခုမှ မိမိတို့ အတွက် အဆင်ပြေရာကို ရွေးယူ အသုံးပြုနိုင်ပါတယ်..။ ဒီပိုစ့်မှာတော့ ပုံလေးတစ်ပုံကို အဖြူအမဲနဲ့ ခဲခြစ် ပန်းချီပုံလေး တခုရအောင် ဒီကောင်လေးနဲ့ ဖန်တီးပြပေးထားပြီး လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 11 MB ရှိပါတယ်..။
Photo Collage Max 2.2.5.2 Final
ဒီကောင်လေးကို အရင်တုန်းကလည်း တင်ပေးခဲ့ဖူးပါတယ်..။ ဒီဗါးရှင်းလေးကတော့ နောက်ဆုံးထွက် Update ဗါးရှင်းလေးပါ..။ ဒီဆော့ဝဲလ်လေးနဲ့ မိမိတို့ရဲ့ ပုံလေးတွေကို ဖိတ်စာကတ်၊ လိပ်စာကတ်တွေ အပြင် ပြက္ခဒိန်ပုံတွေနဲ့ ဝင်းဒိုးရဲ့ Wallpaper ပုံတွေ အဖြစ်ပါ ဖန်တီး ပေးနိုင်တဲ့၊ Template ဒီဇိုင်း မျိုးစုံပါဝင်တဲ့ ဓါတ်ပုံပြင်ဆင်တဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ..။ ဒီကောင်လေးကို ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုနိုင်ဖို့ ကီးတွေကို Notepad လေးနဲ့ ရေးထည့်ပေးထားပါတယ်..။ အောက်ကပုံလေးတွေ အတိုင်း ကီးတွေကို ထည့်ပေးပြီး ဖူးဖြစ်အောင် လုပ်၍ အသုံးပြုနိုင်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 34 MB ရှိပါတယ်..။
PhotoInstrument 6.7 Build 676 Final

28 Nov 13, 10:42 PM
ရှမ်းလေး: အကိုရေအားတော့နာပါတယ်ဗျာphotoshpoe နဲ့မျက်နှာက အမည်းစက်တွေ ၀က်ချံတွေ မျက်နှာက်ုချောမွေ့သွားအောင် လုပ်နည်းလေးအချိန်ရရင်ပုံနှင့် အတူတင်ပေးပါလားခင်ဗျာ အကို့ရဲ့စိတ်ဓါတ်နဲ့ စေတနာကိုလေးစားလျက်ပါခင်ဗျာ
ဒီလို လုပ်နည်းကို Photoshop နဲ့ လုပ်တတ်အောင် နောက်ပိုင်း အချိန်ပေးနိုင်တဲ့ အခါကျမှ ကျနော် ပိုစ့်တင်ပေးပါအုန်းမည်..။ ဒီရက်ထဲတော့ မအားလပ်သေးတဲ့အတွက် Photoshop ဖက် မလှည့်နိုင်သေးပါ..။ မျက်နှာတပြင်လုံး ချောမွတ်သွားအောင် ဒီနေ့ဒီဆော့ဝဲလ်လေးနဲ့လည်း လုပ်ယူလို့ ရပါတယ်..။
ဒီကောင်လေးကတော့ မိမိတို့ရဲ့ ဓါတ်ပုံတွေကို ပြင်ဆင်ဖို့ အတွက် Tool လေးတွေ တော်တော်စုံတဲ့ ဆော့ဝဲလ်လေးပါ..။ မျက်နှာတပြင်လုံးကို ချောမွတ်နေအောင် ဖန်တီးယူလို့ ရပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ ထည့်ပေးထားတဲ့ patch ဖိုင်၂-ခု ထည့်ပေးထားပြီး မိမိတို့အတွက် အဆင်ပြေရာ patch တခုနဲ့သာ ဖူးသုံးလို့ရအောင် လုပ်ပေးရမှာပါ..။ ဆော့ဝဲလ်ကို Install ထည့်ပြီး၊ အရင်ပိုစ့်တွေအတိုင်း patch ဖိုင်နဲ့လည်း အသုံးပြုပြီးရင်တော့.. ဒီဆော့ဝဲလ်ကို ဖွင့်ပြီး၊ Notepad နဲ့ ထည့်ပေးထားတဲ့ ကီးတွေထဲက တခုကို Buy Now နေရာကနေ ကီးတွေနဲ့ မေးလ်လိပ်စာကို နောက်ထပ်ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အရင်ပိုစ့်မှာတော့ crack ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ပြီးသုံးရပါတယ်..။ Install ထည့်ပြီး၊ patch နဲ့ ကီးတွေထည့်ပြီးလို့ ဒီကောင်လေးကို ဖွင့်သုံးတဲ့အခါမှာ လေ့ကျင့်ခန်းလေးနဲ့ လိုအပ်ရင် လုပ်ပြခိုင်းလို့ ရပါတယ်..။ မလိုအပ်တော့ရင်တော့ ပိတ်ပစ်လိုက်ပါ..။ ဒီဓါတ်ပုံပြင်ဆင်တဲ့ ဆော့ဝဲလ်လေးကို အသုံးလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 6 MB ရှိပါတယ်..။ patch ဖိုင်လေးကို မဖြည်ခင် Antivirus ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေကို ပိတ်ထားပြီးမှ ဖိုင်ဖြည်ပါ..။ ဒါမှဒီကောင်လေးကို အသုံးပြုလို့ ရမှာပါ..။
Image Resize Guide1.5.2 Final
မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို ပြင်ဆင်ဖို့နဲ့ မိမိတို့ မလိုချင်တဲ့ ပုံထဲက အပိုင်းတွေကို အပေါ်ကပုံလိုမျိုး ဒီဆော့ဝဲလ်လေးနဲ့ ဖယ်ထုတ်လို့ ရပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် ဒီဆော့ဝဲလ်ထဲမှာ Video ဖိုင်လေးနဲ့ တပိုင်းစီ လုပ်ပြထားတာ ပါရှိပါတယ်..။ ဒါကြောင့် အသုံးပြုလိုတဲ့ သူများအတွက် လေ့လာလို့ အဆင်ပြေစေမယ့် ကောင်လေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် patch ဖိုင်လေးနဲ့ လုပ်ပေးရမှာ ဖြစ်ပြီး.. Antivirus တွေကို ခဏပိတ်ထားပြီးမှ patch နဲ့ ဖူးဖြစ်အောင် လုပ်ပေးလို့ ရမှာပါ..။ အောက်မှာလည်း ကျနော် patch နဲ့ ဖူးဖြစ်သွားတဲ့ ပုံလေးတွေကို ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.7 MB ရှိပါတယ်..။
Zoner Photo Studio Professional 16.0.1.3 Final
ဒီကောင်လေးကတော့ ဓါတ်ပုံတွေကို ပြင်ဆင်ဖို့အတွက် အတော်လေး အသုံးဝင်တဲ့ ကောင်လေးပါ..။ Effect တွေများလွန်းတဲ့အတွက် အသုံးပြုတတ်အောင် ပုံလေးတွနဲ့ ပြပေးဖို့ အဆင်မပြေပါဘူး..။ ဒါကြောင့် လေ့လာလိုသူများကအတွက် ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ Video ဖိုင်လေးတွေ ရှာပြီး လင့်ပြန်ချိတ်ပေးထားလို့ ဒီကောင်လေးကို အသုံးပြုဖို့ အဆင်ပြေပါလိမ့်မယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေးကို အရင်ထည့်ပေးပြီးမှ kengen နဲ့ ကီးတွေကို ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရမှာဖြစ်ပါတယ်..။ ဖူးဖြစ်အောင် အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 53 MB ရှိပါတယ်..။
TSR Watermark Image Pro 2.4.3.4 Final
3 Oct 13, 08:53 PM
thuyazaw: အကိုရေ keygen နဲ့ ဆော့ဝဲကို ဖူးဖြစ်အောင် လုပ်နည်းလေ သင်ပေးပါအုံး ခင်ဗျာ
thuyazaw: အကိုရေ keygen နဲ့ ဆော့ဝဲကို ဖူးဖြစ်အောင် လုပ်နည်းလေ သင်ပေးပါအုံး ခင်ဗျာ
Watermark လို့ခေါ်တဲ့ ဓါတ်ပုံတွေပေါ်မှာ ရေစာရေးရေးလေးတွေကို ဒီကောင်လေးနဲ့ ဖန်တီးယူလို့ ရပါတယ်..။ ဒီကောင်လေးကို keygen နဲ့ ဖူးဖြစ်အောင် လုပ်ပေးရမှာဖြစ်ပြီး အရင်ပိုစ့်တွေမှာလည်း keygen နဲ့ ဖူးဖြစ်အောင် လုပ်နည်းတွေကို ပြပေးခဲ့ဖူးပါတယ်..။ keygen အမျိုးအစား အများအပြားရှိပေမယ့် လုပ်နည်းကတော့ အတူတူပါပဲ..။ keygen တွေကို ဖွင့်ပြီးတဲ့အခါမှာ Generate စာသားကို တချက်ကလစ်လိုက်ရင် ကီးတွေကို ထုတ်ယူလို့ရမှာ ဖြစ်ပါတယ်..။ နောက်တခုကတော့ keygen တွေဟာ Antivirus လို့ခေါ်တဲ့ ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေနဲ့ မတည့်ပါဘူး..။ ဒါကြောင့်မို့ keygen တွေကို အသုံးပြုတော့မယ်ဆိုရင် Antivirus တွေကို ပိတ်ထားပြီးမှ အသုံးပြုရမှာပါ..။ ဒီပိုစ့်မျာလည်း keygen နဲ့ ဖူးဖြစ်အောင် လုပ်နည်းလေးကို ပြန်ပြပေးထားပါသေးတယ်..။ မိမိတို့ရဲ့ ဓါတ်ပုံလေးတွေပေါ်မှာ Watermark လေးတွေကို ဒီကောင်လေးနဲ့ ဖန်တီးတတ်အောင် အောက်မှာ ပုံအနည်းငယ်နဲ့ပါ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2 MB ရှိပါတယ်..။
Inpaint 5.5 Final
မိမိတို့ရဲ့ ဓါတ်ပုံတွေထဲက မိမိတို့ မလိုချင်တဲ့၊ ဖျက်ပစ်ချင်တဲ့ နေရာတွေ၊ စာသားတွေနဲ့ ကာလာပုံတွေကို မူရင်းနောက်ခံ အရောင်၊ ဒီဇိုင်းများကို မပျက်စေပဲ ဒီဆော့ဝဲလ်လေးနဲ့ အလွယ်တကူ ဖျက်ပစ်လို့ ရမှာဖြစ်ပါတယ်..။ အပေါ်ကပုံမှာ မြင်ရသလို မိမိတစ်ဦးတည်းကိုပဲ ပုံထုတ်ယူလို့ ရမယ့်ကောင်လေးပါ..။ အသုံးပြုရတာလည်း လွယ်ကူပြီး အောက်မှာပုံလေးတွေနဲ့ အသုံးပြုတတ်အောင်ပါ ပြပေးထားပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေးပါ ထည့်ပေးထားပြီး.. crack နဲ့ ဖူးဖြစ်အောင် လုပ်နေတဲ့ အချိန်မှာဆိုရင်တော့ Antivirus တွေကို ပိတ်ထားပြီးမှ အဆင်ပြေမှာပါ..။ crack ဖိုင်ထည့်ပြီးတဲ့ နောက်မှာ.. ကီးတွေကိုပါ မိမိတို့ အဆင်ပြေသလို ထပ်ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ ဖူးသုံးလို့ ရအောင် ၊ လုပ်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ အစအဆုံး ပြပေးထားပြီး လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 12 MB ရှိပါတယ်..။
GoMedia Complete - အဆင်သင့်သုံး Photoshop Brush Tools များ - 2nd
အပေါ်ပုံမှာ ပြထားတဲ့ ပုံလေးတွေကတော့ Photoshop မှာ အသုံးဝင်တဲ့၊ ဒီဇိုင်းအမျိုးမျိုးပါတဲ့ Brush Tools လေးတွေပါ..။ အရင်တပါတ်က တင်ပေးခဲ့တဲ့ Brush တူးလေးတွေကတော့ ပထမရှာတွေ့ထားတာလေးတွေ ဖြစ်ပြီး.. အခုဒီ ဒုတိယ ရှာတွေ့ထားတာလေးတွေကိုတော့ 2nd လို့ ပြောင်းပေးထားခြင်းပါ..။ အသုံးဝင်ပုံနဲ့ အသုံးပြုနည်းတွေက အရင်ကပိုစ့်အတိုင်းပါပဲ..။ Photoshop မှာ ဒီကောင်လေးတွေကို အသုံးမပြုတတ်သေးတဲ့ သူများကတော့ အသုံးပြုနည်းတူတဲ့ အတွက် အရင်ပိုစ့်ကို နေရာကနေ သွားပြန်ကြည့်ပေးပါ..။
ဒီ Brush တူးတွေနဲ့ မိမိတို့ စိတ်တိုင်းကျ ဒီဇိုင်းများ ဖန်တီးယူလို့ ရမှာဖြစ်ပြီ.. ဒီကောင်လေးတွေကို Portable Photoshop CS3 မှာအသုံးပြုလို့ ရသလို Install ထည့်ထားတဲ့ Photoshop CS6 မှာလည်း ဒီကောင်လေးတွေကို အသုံးပြုလို့ ရမှာဖြစ်ပါတယ်..။ ဒီ Brush Tool လေးတွေကို Photoshop မှာ ထည့်သုံးတတ်အောင် အေက်မှာ ပုံလေးတွေနဲ့ ပြပေးထားလို့ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 24 MB ရှိပါတယ်..။
အဆင်သင့်သုံး PSD Template 99 Frames for Adobe Photoshop
13 Sep 13, 01:32 AM
မင်းသန့်ကို: အကို photoshop မှာသုံးဖို့ နောက်ခံလှလှလေးတွေလိုချင်လို့ပါခင်ဗျာ
မင်းသန့်ကို: အကို photoshop မှာသုံးဖို့ နောက်ခံလှလှလေးတွေလိုချင်လို့ပါခင်ဗျာ
Photoshop မှာ အဆင်သင့် အသုံးပြုရန် PSD Template ဖိုင်များနဲ့ ဓါတ်ပုံနောက်ခံ ဖရိန်များပဲ ဖြစ်ပါတယ်..။ ဒီအကိုလိုမျိုး ကျနော့်သူငယ်ချင်း တစ်ယောက်လည်း ဒီ Background လေးတွေ တင်ပေးဖို့ ကျန်ခဲ့တဲ့ တပါတ်က တောင်းထားတာ ရှိပါတယ်..။ ဒီနေ့တော့ ရှာလို့ရလာတဲ့ထဲက အဆင်ပြေတာလေးတွေကို စုပြီး တင်ပေးလိုက်ပါတယ်..။ အပေါ်ကပုံမှာ ပြထားသလိုမျိုး နောက်ခံဒီဇိုင်းမျိုးစုံကို မိမိတို့စိတ်ကြိုက် ရွေးယူ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ PSD ဖိုင်လေးတွေကို အသုံးပြုတတ်အောင်နဲ့ Sample ပုံလေးတွေ ကြည့်လို့ရအောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပြီး.. အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 82 MB ရှိပါတယ်..။
PhotoInstrument 6.4 Build 643 Final
ဒီကောင်လေးကတော့ မိမိတို့ရဲ့ ဓါတ်ပုံတွေကို ချောမွတ်သွားအောင် Brush တူးလေးတွေ အများကြီးနဲ့ ပြုပြင်ယူလို့ရမှာ ဖြစ်ပါတယ်..။ အပေါ်နဲ့ အောက်က ပုံတွေမှာ ပြထားသလို ဓါတ်ပုံတွေကို မိမိတို့ လိုသလို Effects တွေ ထပ်ထည့်ပြီး လှပအောင် ပြင်ဆင်တဲ့ နေရာမှာတော့ ဒီကောင်လေးက လူသုံးများ၊ လူကြိုက်များတဲ့ ဆော့ဝဲလ်ကောင်းလေးတခုပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ crack ဖိုင်လေးနဲ့ ကီးတွေကိုပါ ထည့်ပေးထားပါတယ်..။ crack ကို အရင် Run ပြီးမှ ဆော့ဝဲလ်ကို ဖွင့်ပြီး ကီးတွေထည့်ပေးလိုက်ရင် ဒီနောက်ဆုံးထွက် Update လေးကို ဖူးသုံးလို့ရမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4 MB ရှိပါတယ်..။
Photoscape 3.6.5 Final
မိမိတို့ရဲ့ ဓါတ်ပုံတွေကို နောက်ခံ ပုံအမျိုးမျိုးနဲ့ပါ ပြင်ဆင်ယူလို့ရတဲ့ Photoscape 3.6.5 Final ဗါးရှင်းလေးပါ..။ အရင်ပိုစ့်ဖြစ်တဲ့ Photoscape ပိုစ့်အဟောင်းမှာ အသုံးပြုပုံအနည်းငယ်ကို ရှင်းပြပေးထားပါတယ်..။ လေ့လာလိုတဲ့သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်..။ ဒီဆော့ဝဲလ်နဲ့ Screen Capture ပါ ရိုက်ယူလို့ ရအောင် အဲ့ဒီပိုစ့်မှာ ပြပေးထားပါတယ်..။ ဒီဓါတ်ပုံပြင်ဆင်တဲ့ ဆော့ဝဲလ်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 20 MB ရှိပါတယ်..။
Funny Photo Maker 2.4.1.0 Final
ဒီကောင်လေးကတော့ မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို Photoshine ဆော့ဝဲလ်လိုမျိုး နောက်ခံ ဘက်ဂရောင်း ဖရိန်တွေ အများကြီးနဲ့ အလှဆုံးဖြစ်အောင် လုပ်ယူလို့ ရတဲ့ Funny Photo Maker 2.4.1.0 Final ဗါးရှင်းလေးပါ..။ မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို ဒီကောင်လေးနဲ့ အလှဆုံးဖြစ်အောင် ပြင်ဆင်ယူလို့ ရပါတယ်..။ နာက်ပြီး ဇော်ဂျီဖေါင့်နဲ့ မြန်မာစာလုံး အလှ၊ဒီဇိုင်းတွေပါ ဖန်တီးယူလို့ ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ..။ အရင်တုန်းက Funny Photo Maker ဗါးရှင်းအဟောင်းတခုမှာ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ ပြပေးထားလို့ အသုံးမပြုတတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ဒီနေရာကနေ ဝင်ကြည့်နိုင်ပါတယ်..။ ဒီကောင်လေးကို ဓါတ်ပုံတွေ ပြင်ဆင်ဖို့ အတွက် လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 46.9 MB ရှိပါတယ်..။
Photo Instrument 6.2.621 Final
ဒီကောင်လေးကတော့ မိမိတို့ရဲ့ ဓါတ်ပုံတွေကို ပြင်ဆင်ဖို့ အတွက် Tool လေးတွေ တော်တော်စုံတဲ့ ဆော့ဝဲလ်လေးပါ..။ မျက်နှာတပြင်လုံးကို ချောမွတ်နေအောင် ဖန်တီးယူလို့ ရပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ ထည့်ပေးထားတဲ့ crack ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုနိုင်ပါတယ်..။ Install ထည့်ပြီး၊ crack ထည့်ပြီးလို့ ဒီကောင်လေးကို ဖွင့်သုံးတဲ့အခါမှာ လေ့ကျင့်ခန်းလေးနဲ့ လိုအပ်ရင် လုပ်ပြခိုင်းလို့ ရပါတယ်..။ မလိုအပ်တော့ရင်တော့ ပိတ်ပစ်လိုက်ပါ..။ ဒီဓါတ်ပုံပြင်ဆင်တဲ့ ဆော့ဝဲလ်လေးကို အသုံးလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 11.5 MB ရှိပါတယ်..။ crack ဖိုင်လေးကို မဖြည်ခင် Antivirus ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေကို ပိတ်ထားပြီးမှ ဖိုင်ဖြည်ပါ..။ ဒါမှဒီကောင်လေးကို အသုံးပြုလို့ ရမှာပါ..။
iPhotoDraw 1.6 Final
ဒီကောင်လေးက မိမိတို့ရဲ့ ပုံလေးတွေကို ပြင်ဆင်လို့ရသလို ၊ စိတ်ကြိုက်ကာတွန်းပုံလေးတွေပါ ရေးဆွဲလို့ရတဲ့ ဆော့ဝဲလ်လေးပါ..။ အသုံးပြုရတာ Photohop နဲ့ ခပ်ဆင်ဆင်တူသလို၊ Illustrator နဲ့လည်းတူပါတယ်..။ ဒီဆော့ဝဲလ်လေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုလို့အဆင်ပြေတဲ့၊ ဇော်ဂျီဖေါင့်နဲ့ပါ မြန်မာစာရေးလို့ရတဲ့ ပရိုဂရမ်လေးပါ..။ ဖိုင်ဆိုဒ်ကလည်း 7.8 MB ပဲရှိပါတယ်..။ Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ရတဲ့ ဖရီးဆော့ဝဲလ်လေးပါပဲ..။ အသုံးပြုနည်းကတော့ မိမိတို့ စိတ်ထဲရှိသလို ပြင်ဆင်လို့ရတဲ့ Effect Tool တွေများလွန်းတဲ့အတွက် မိမိတို့ကိုယ်တိုင်ပဲ လေ့လာကြည့်ရမှာပါ..။ အောက်မှာတော့ ကျနော်စမ်းသုံးထားတဲ့ ပုံလေးပါ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။
Wondershare Photo Collage Studio 4.2.12.13
မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို ပြင်ဆင်ဖို့ ဖရိန်အလှလေးတွေ အများကြီးပါတဲ့ Wondershare Photo Collage Studio 4.2.12.13 ဗါးရှင်းလေးပါ..။ အရင်တုန်းကလည်း ဒီလို ဓါတ်ပုံ ဖရိန်တွေ အများကြီးပါတဲ့ ဆော့ဝဲလ်လေးတွေကို တင်ပေးခဲ့ဖူးပါတယ်..။ ဒီကောင်လေးကတော့ နောက်တမျိုးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒီဖိုင်လေးထဲမှာ Key လေးတွေပါ ထည့်ပေးထားပါတယ်..။ အောက်မှာလည်း Key ထည့်ပြထားပြီး အသုံးပြုပုံပါ ပုံလေးတွေနဲ့ တခါတည်း ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 28.6 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။
Funny Photo Maker 2.2.5.0 Final
ဒီကောင်လေးက ဓါတ်ပုံ ဖရိန်တွေ အများကြီးပါတဲ့ Funny Photo Maker 2.2.5.0 Final ဗါးရှင်းလေးပါ..။ မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို ဒီကောင်လေးနဲ့ အလှဆုံးဖြစ်အောင် ပြင်ဆင်ယူလို့ ရပါတယ်..။ အရင်တုန်းက Funny Photo Maker ဗါးရှင်းအဟောင်းလေးတခု တင်ပေးဖူးပါတယ်..။ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ ပြပေးထားလို့ အသုံးမပြုတတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ဒီလင့်ကနေ ဝင်ကြည့်လိုက်ပါ..။ ဒီကောင်လေးကလည်း Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ ရသွားပြီဖြစ်တဲ့ ဖရီးဗါးရှင်းလေးပါပဲ..။ ဓါတ်ပုံတွေ ပြင်ဆင်ဖို့ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 44.2 MB ရှိပါတယ်..။
FotoSketcher Setup and Portable 2.41 Final
ဒီကောင်လေးက မိမိတို့ရဲ့ ပုံလေးတွေကို အပေါ်ကပုံလိုမျိုး ခဲခြစ် ပန်းချီလိုလို၊ ရေဆေး၊ ဆီဆေး ပန်းချီလိုလို စိတ်ကြိုက် ပုံစံလေးတွေ ဖြစ်အောင် ပြုပြင် ဖန်တီးယူလို့ ရတဲ့ ကောင်လေးပါ..။ အသုံးပြုရတာလည်း လွယ်ကူပြီး အောက်မှာ ကျနော် သုံးတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ ရပါပြီ..။ Install မဆွဲချင်တဲ့ သူများကတော့ Portable လေးနဲ့လည်း အဆင်ပြေပါတယ်..။ အောက်ကလင့်မှာ ၂မျိုးစလုံး ထည့်ပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်မှာ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ ၂ခုပေါင်း 9.8 MB ရှိပါတယ်..။
STOIK Deformer 4.0.0.3471
ဒီဆော့ဝဲလ်လေးကို ကျနော့်သူငယ်ချင်းတစ်ယောက် တောင်းထားလို့ လိုက်ရှာရင်းနဲ့ ဖူးသုံးလို့ ရတာလေး ရလာလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ အပ်ါမှာပြထားတဲ့ ပုံလေးလိုမျိုး မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို လှုပ်ရှားနေအောင် လုပ်ယူလို့ရပါတယ်..။ ဒါကတော့ Blog မှာတင်မှာ ဖြစ်လို့ Animation နဲ့ Save ထားတာပါ..။ JPEG ဓါတ်ပုံဖေါ်မတ်နဲ့ သိမ်းရင်တော့ ဒီလိုလှုပ်လို့ မရပါဘူး..။ အောက်မှာပုံနဲ့ ပြပေးထားတဲ့အတိုင်း JPEG ဖေါ်မတ်နဲ့က ရုပ်ပြောင်လေးတွေ ဖြစ်အောင်၊ရုပ်ဖျက်လို့ရပါတယ်..။ နောက်ပြီး မိမိတို့စိတ်ကြိုက်ဖြစ်တဲ့ ပုံလေးတွေကို Video ဖိုင်နဲ့ သိမ်းထားလို့လည်း ရပါတယ်..။ အောက်မှာ အသုံးပြုပုံကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီအပေါ်က ပုံလေးမျိုး ဖြစ်အောင်လုပ်ပြထားတာပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် ဒီဖိုင်လေးထဲမှာ သူ့ရဲ့ Key လေးတွေပါ ထည့်ပေးထားပါတယ်..။ ဒီဆော့ဝဲလ်လေးထဲမှာ Effect တွေအများကြီးပါတဲ့အတွက် တခုချင်းစီ အသုံးပြုပုံကို သေချာသိထားရင် ဘယ်ပုံကိုပဲ ဖြစ်ဖြစ် မိမိတို့ စိတ်ကြိုက် ပြုပြင်ယူလို့ ရပါလိမ့်မယ်..။ Effect တွေအားလုံးကို အသုံးပြုတတ်ဖို့ကိုတော့ မိမိတို့ကိုယ်တိုင်ပဲ လေ့လာကြည့်ပါ..။ ကျနော်ဒီပိုစ့်မှာ အသုံးပြုတတ်အောင်လို့ အနည်းငယ်တော့ ပြပေးထားပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10.5 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ဖရီးဆော့ဝဲလ်နာမည် ပြောင်းပြီး တင်ပေးထားပါတယ်..။
Subscribe to:
Posts (RSS)
















