Showing posts with label 3D Animation Maker. Show all posts
Showing posts with label 3D Animation Maker. Show all posts

Xara 3D Maker 7.0.0.415


ကျနော့် Blog မှာ ဖန်တီးထားတဲ့ 3D စာလုံးတွေကို ဒီ Xara 3D Maker ဆော့ဝဲလ်လေးနဲ့ ဖန်တီးခဲ့တာပါ..။ အရင်တုန်းက တင်ပေးဖူးတဲ့ Xara 3D Maker ဆော့ဝဲလ်က Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ ရပါတယ်..။ အခုဒီကောင်လေးကတော့ crack ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုရမှာပါ..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် အသုံးပြုနည်းပိုစ့် မှာ လေ့လာကြည့်နိုင်ပါတယ်..။ ဒီပိုစ့်မှာတော့ ကျနော် crack ဖိုင်လေး ထည့်ပြီး ဖူးသုံးလို့ ရအောင် ပြပေးထားပါတယ်..။ ဒီ 3D Maker ဆော့ဝဲလ်လေးကို လိုအပ်တဲ့ သူများကတော့ အေက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 21 MB ရှိပါတယ်..။

Aurora 3D Animation Maker 11.0 Portable


 photo lwinmin_zpsc61a7bc5.gif

 10 Aug 13, 07:38 PM
joethiha:
Aurora 3D Maker Software Full Version လိုချင်လို့ပါ ။ကျေးဇူးတင်ပါတယ်ခင်ဗျာ
အရင်တုန်းကလည်း ဒီလို Aurora 3D Animation Maker လေးတွေကို တင်ပေးဖူးပါတယ်..။ အခုဒီ ဗါးရှင်းကတော့ Portable ဗါးရှင်းလေးပါ..။ ကျနော် မကြာမကြာသုံးလေ့ရှိတဲ့ ကောင်လေးပါ..။ အခုတောင်းတဲ့အကိုက Full ဖြစ်တာ.. ဆိုလို့ ဒီ Portable လေးကို သတိရပြီး တင်ပေးလိုက်ပါတယ်..။ Portable လေးဖြစ်တဲ့အတွက် ၂-ချက်တောက်ပြီး တန်းသုံးယုံပါပဲ..။ ဖူးဖြစ်ပြီးသားပါ..။ အပေါ်ကလိုမျိုး Gif ဖေါ်မတ်တွေကို ထုတ်ပေးနိုင်ပါတယ်..။ Effect တွေများလွန်းသွားရင်တော့ ပုံထုတ်တဲ့အခါမှာ ဖိုင်ဆိုဒ်ကြီးသွားတဲ့အတွက် Error ပေါ်တတ်ပါတယ်..။ အဲ့လိုဖြစ်ခဲ့ရင် ပိတ်ပြီးမှ ပြန်ဖွင့်သုံးပါ..။ အဆင်ပြေပါလိမ့်မယ်..။ အသုံးပြုပုံတွေကတော့ အရင်ပိုစ့်တွေမှာ လုပ်ပြပေးခဲ့တဲ့ အတိုင်းပါပဲ..။ အခုဒီ Portable လေးကိုလည်း အောက်မှာ ပုံလေးတွေနဲ့ ပြန်လည် လုပ်ပြပေးလိုက်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ဗျာ..။ ဖိုင်ဆိုဒ်ကတော့ 31 MB ရှိပါတယ်..။

Aurora 3D Animation Maker 13.04.18 Final



Aurora 3D Animation Maker 13.04.18 Final ဗါးရှင်းလေးပါ..။ ဒီအပေါ်ကလိုမျိုး မျက်စိနောက်စေတဲ့ ဒီဇိုင်းလေးတွေကိုလည်း ဖန်တီးလို့ ရပါတယ်..။ ဒီကောင်လေးရဲ့ အသုံးပြုပုံက မနေ့က တင်ပေးခဲ့တဲ့   Aurora 3D Text and Logo Maker 13.04.18 Final ဆော့ဝဲလ်နဲ့ တူပါတယ်..။ ဖူးဖြစ်အောင် keygen ထည့်နည်းကလည်း အဲ့ဒီ ဆော့ဝဲလ်အတိုင်းပါပဲ..။ ဒီပိုစ့်မှာလည်း ကျနော် ပုံလေးတွေနဲ့ ပြန်ပြပေးထားပါတယ်..။ ဒီ Aurora 3D ဆော့ဝဲလ်တွေကို မနေ့က တခါတည်း တင်ပေးချင်ပေမယ့် စမ်းသုံးရင်း၊ ဓါတ်ပုံယူရင်းနဲ့မို့ အချိန်တွေ ပိုပေးရတဲ့အတွက် ဒီနေ့မှ တင်ပေးဖြစ်ပါတယ်..။ ဒီလိုမျိုး Animated 3D Text Button လေးတွေ ဖန်တီးချင်တဲ့၊ ဝါသနာပါတဲ့ သူများကတော့ ဒီကောင်လေးတွေကို ဒေါင်းယူလို့ ရတုန်း အမြန်သာ ဒေါင်းယူထားကြပါ..။ လင့်တွေပျက်သွားပြီးမှဆိုရင် ပြန်တင်ပေးဖို့ ခက်ပါတယ်..။ ဒါကြောင့် ဒီကောင်လေးတွေကို ရတုန်း အမြန်သာ ဒေါင်းယူလိုက်ပါ..။ ဖိုင်ဆိုဒ်ကတော့ 44.6 MB ရှိပါတယ်..။

Aurora 3D Presentation Maker 13.04.18 Final

ဒီကောင်လေးက Aurora 3D Presentation Maker 13.04.18 Final ဗါးရှင်းလေးပါ..။ ဖူးဖြစ်အောင် Keygen နဲ့လုပ်နည်းက မနေ့က တင်ပေးထားတဲ့ Aurora 3D Text and Logo Maker 13.04.18 Final ဆော့ဝဲလ်နဲ့ အတူတူပါပဲ..။ ဒီကောင်လေးရဲ့ အသုံးဝင်ပုံက Power Point နဲ့ ခပ်စင်စင် ၊ အောက်က Video လေးကို လေ့လာကြည့်ရင် ဒီကောင်လေးရဲ့ အသုံးပြုပုံ အနည်းငယ်ကို သိနိုင်ပါတယ်..။ အောက်မှာလည်း ကျနော် Keygen ထည့်ပြီး 3D ပုံလေးတခု လုပ်ပြပေးထားပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့  78.4 MB ရှိပါတယ်..။


Aurora 3D Text and Logo Maker 13.04.18 Final



ဒီအပေါ်က ပုံလေးလိုမျိုး လုပ်ယူလို့ ရတဲ့ ဆော့ဝဲလ်လေးပါ..။ ကျနော့် Blog မှာ လုပ်ပြထားတဲ့ ကျနော့် Blog နာမည်နဲ့ စာလုံးလေးတွေ လှုပ်ရှားနေအောင် ဒီလို 3D Maker တွေနဲ့ လုပ်ခဲ့တာပါ..။ ဒါကြောင့် ဒီဆော့ဝဲလ်လေးကို Blogger တွေအတွက် ရည်ရွယ်ပြီး လုပ်နည်းပါ တခါတည်း လုပ်တတ်အောင် ပြပေးလိုက်ပါတယ်..။ Gif ဖေါ်မတ်အပြင် ဓါတ်ပုံဖေါ်မတ်၊ Video ဖေါ်မတ်တွေနဲ့ပါ Save လို့ရတဲ့အတွက် တခြား ဝါသနာပါတဲ့ လေ့လာနေဆဲ သူငယ်ချင်းတို့လည်းပဲ ဒီကောင်လေးကို အသုံးပြုလို့ ရပါတယ်..။ ကျနော်ကတော့ ဒီလို Animated Text လေးတွေ ဖန်တီးရတာ သဘောကျလို့.. ဒီအပေါ်က စာလုံးလေးလို လုပ်တတ်အောင် ဒီကောင်လေးရဲ့ အသုံးပြုပုံပါ အနည်းငယ်လေ့လာလို့ ရသွားအောင်ပါ အောက်မှာ ပုံလေးတွေနဲ့ တဆင့်ချင်းစီ ပြပေးထားပါတယ်..။ ဒီကောင်လေးကို ဖူးဖြစ်အောင် ဒီဒေါင်းလော့ဖိုင်ထဲမှာ Keygen လေးပါ ထည့်ပေးထားပါတယ်..။ Keygen ကိုမဖွင့်ခင် မိမိတိုစက်ထဲမှာရှိနေတဲ့ Antivirus တွေကို ခဏပိတ်ထားပြီးမှ keygen ကို အသုံးပြုလို့ ရမှာဖြစ်ပါတယ်..။ အဲ့လိုမဟုတ်ရင်တော့ Antivirus ကဖျက်ပစ်လို့ Keygen ကိုရှာလို့ တွေ့မှာ မဟုတ်ပါဘူး..။ ဒီ Keygen လေးမှာ patch နဲ့ပါတွဲပေးထားတာဖြစ်လို့ patch ကို အရင်ဖမ်းပြီးမှ Keygen ရဲ့ Generate ကိုနှိပ်ပြီး key နဲ့ ကုဒ်တွေကို ထည့်ပေးရမှာ ဖြစ်ပါတယ်..။ အစအဆုံး ဖူးသုံးလို့ ရအောင် အောက်မှာ ပုံလေးတွေနဲ့ ကျနော် လုပ်ပြပေးထားပါတယ်..။ 
 Animated 3D Text လုပ်နည်းလေးကို ဟိုးအရင်တုန်းက တောင်းထားဖူးတဲ့ Blogger တွေ၊ ဒီ Aurora 3D Text and Logo Maker 13.04.18 Final ဗါးရှင်းလေးနဲ့ ပြုလုပ်ဖန်တီးယူလို့ ရမှာဖြစ်တဲ့အတွက် အားလုံးပဲ သဘောကျလိမ့်မယ်လို့ ထင်ပါတယ်..။ ဒီအပေါ်က ပုံလေးလိုမျိုး ဖန်တီးတတ်အောင် ပြပေးထားတာ ဖြစ်လို့.. အသေးစိတ်နဲ့ သူ့ထဲမှာပါတဲ့ Tools တွေအားလုံး အသုံးပြုတတ်ဖို့ ဆိုရင်တော့ ဒီဆော့ဝဲလ်လေးထဲမှာ ပါလာတဲ့ လင့်တွေကနေ Tutorial Video တွေကို Youtube မှာ သွားကြည့်၊လေ့လာလို့ ရမှာ ဖြစ်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 42.6 MB ရှိပါတယ်..။

Xara 3D Marker v7.0.0




ကျနော်ဒီဆော့ဝဲလ်လေးကို စမ်းသပ်နေတာ ကြာပါပြီ..။ သူ့ရဲ့ အသုံးပြုပုံနဲ့ လုပ်ပေးနိုင်တာ လေးတွေကို ရှာနိုင်သလောက် ရှာကြည့်ပြီး.. သဘောကျလို့ ဒီနေ့ ဒီကောင်လေးကို တင်ပေးလိုက်ပါတယ်..။ အပေါ်က Animation ပုံလေးတွေကို ဒီကောင်လေးနဲ့ ဖန်တီးထားတာပါ..။ ဒီလိုလုပ်လို့ ရတယ်ဆိုတာ သိရအောင်လို့ပါ..။ မကြာခင် ဒီ Animation  ပုံလေးတွေကို ဆိုဒ်လေးမှာ စိုးလို့ ပြန်ဖျက်သိမ်းသွားမှာပါ..။ အခုတော့ ဒီကောင်လေးနဲ့ ဒီပုံလေးတွေကို ဖန်တီးပြထားပါတယ်..။ ဒီကောင်လေးက WEB ပေါ်မှာတင်တဲ့ GIF ဖိုင်တွေ အပြင် ကျနော်တို့ ဝင်းဒိုးထဲက Screen Saver လေးတွေပါ ဖန်တီးလို့ ရပါသေးတယ်..။ အတော်လေး လန်းတယ်ဗျ..။ သုံးချင်တဲ့ သူများကတော့ အောက်က လင့်တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 18.4 MB ရှိပါတယ်...။ အောက်မှာ ပုံလေးတွေနဲ့ အသုံးပြုနည်းလေးကို အနည်းငယ် ရှင်းပြထားပါတယ်..။ အားလုံးပဲ အဆင်ပြေ နားလည်လိမ့်မယ်လို့ ထင်ပါတယ်..။
Related Posts Plugin for WordPress, Blogger...