Showing posts with label Adobe Products. Show all posts
Showing posts with label Adobe Products. Show all posts

Adobe Photoshop CS6 13.0.1.1 Extended Repacked Final



အရင်တုန်းက အစ်ကိုတစ်ယောက် Cbox မှာ မေးဖူးပါတယ်..။ Photoshop CS6 မှာ 3D ရှာမတွေ့လို့ ဘယ်လိုလုပ်ရမလဲလို့ ဆိုတာ.. အရင် Photoshop CS6 တွေမှာ 3D Tool လေးမပါပါဘူး..။ အခုဒီ CS6 ဗါးရှင်းလေးမှာတော့ 3D Tool လေးပါ ပါလာပါပြီ..။ ဒီကောင်လေးက Adobe Photoshop CS6 13.0.1.1 Extended နောက်ဆုံးထွက်လာတဲ့ Final Repacked ဗါးရှင်းလေးပါ..။ Portable မဟုတ်တဲ့ Install ထည့်ပြီးမှ အသုံးပြုလို့ရမယ့် CS6 ပါ..။ ဒီကောင်လေးကို Install ထည့်တဲ့ နေရာမှာတော့ ရိုးရိုး၂ချက်တောက်ယုံနဲ့မရပါဘူး..။ Right Click >> Run as Administrator ဝင်မှ Install မှာ ဝင်မှာဖြစ်ပြီး.. ဖွင့်သုံးတဲ့ အခါမှာလည်း Desktop မှာပေါ်လာတဲ့ ဒီ CS6 ရဲ့ Icon လေးပေါ်မှာ Right Click >> Run as Administrator နဲ့ ဖွင့်မှ ဒီ CS6 ကို အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ Repacked လုပ်ထားတာ ဖြစ်တဲ့အတွက် Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ ရသွားပါပြီ..။ အောက်မှာလည်း ကျနော် Install ထည့်ပြထားပြီး 3D Tool လေးပါ အသုံးပြုပြထားပါတယ်..။ အရင်တုန်းက Cbox မှာမေးဖူးတဲ့ အကိုတစ်ယောက်လိုပဲ Photoshop CS6 မှာ 3D Tool လေးနဲ့ပါ အသုံးပြုချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 276 MB ရှိလို့ ကျနော် အပိုင်းသုံးပိုင်းခွဲပြီး တင်ပေးထားပါတယ်..။ အပိုင်းသုံးပိုင်းလုံးကို ဒေါင်းယူပြီး part-1 ကနေ စပြီး ဖိုင်ဖြည်ပေးလိုက်ရင် ဒီကောင်လေးကို Install ဆွဲထည့်ဖို့ ဖိုင်လေး ရလာပါပြီ..။ ဖိုင်ဖြည်နည်းကတော့ အရင်တုန်းကပိုစ့်တွေမှာ တော်တော်များများ ပြပေးထားပြီးသားမို့ အားလုံးလည်း သိပြီးနေလောက်ပါပြီ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်မှာ ဒေါင်းယူလိုက်ပါဗျာ..။

Adobe Photoshop CS6 Portable


 8 Dec 12, 02:02 PM
phoopwintwai:
XP 32bit မှာ CS6 Minus Frror ပြနေလို့ ဒေါင်းမရပါဘူး၊ ဖိုတိုရှော့သင်နေတာမို့ ဖြစ်နိုင်ရင် ပြန်တင်ပေးဖို့ မေတ္တာရပ်ခံပါတယ်၊ ဒီဆိုဒ်ကနေ ပညာတွေအများကြီး လေ့လာသင်ယူခဲ့ပါတယ်၊ အဲဒီအတွက်လည်း အထူးကို ကျေးဇူးတင်ပါတယ်
 ဒီရက်ထဲမှာ ပျက်သွားတဲ့ ဒေါင်းလော့လင့်တွေ ပြန်တင်ရင်းနဲ့ အရင်တုန်းက Cbox မှာ တောင်းထားတဲ့ ဆော့ဝဲလ်တွေကို လိုက်ရှာနေပါတယ်.. ဒေါင်းလော့လင့်တွေ ပျက်ကုန်တာနဲ့ တိုက်ဆိုင်တာပဲလားတော့ မသိ။ အရင်တုန်းက ဆော့ဝဲလ်တခုကို ခဏလေးနဲ့ရှာလို့ အဆင်ပြေပေမယ့်.. အခုတော့ ဖူးဗါးရှင်းတွေ ရှာလို့ကို မရဖြစ်နေတယ်.. တောင်းထားတဲ့ ဆော့ဝဲလ်တွေ ရလာတာက Trial ဗါးရှင်းတွေ၊ ရက်၃၀ပဲ သုံးလို့ရတယ်.. အဆင်မပြေပြန်ဘူး.. အဲ့ဒီတော့ ရှိပြီးသားတွေထဲကပဲ ပြန်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်.. ဒီနေ့တင်ပေးလိုက်တဲ့ Adobe Photoshop CS6 Portable က အရင်တုန်းက တင်ပေးထားဖူးတဲ့ CS6 တွေ မဟုတ်ပါ..။ ဒါက ကျနော် Blog မှာ မတင်ပေးဖူးသေးတဲ့ Photoshop CS6 - 168 MB ရှိပါတယ်.. နောက်ပိုင်းရထားတာလေးပါ.. အခုမှ တောင်းထားတဲ့ အစ်ကိုတစ်ယောက်က အရင် Photoshop CS6 တွေ ဒေါင်းလို့မရတော့ဘူး ဆိုလို့ ဒီကောင်လေးကို ရွေးပြီးတင်ပေးလိုက်တာပါ.. ဝင်းဒိုး 32-bit နဲ့ 64-bit ၂မျိုးစလုံးမှာ အလုပ်လုပ်ပါတယ်.. ကျနော် စက်နှစ်လုံးမှာ စမ်းပြီးသားပါ.. ဖိုင်ဆိုဒ်က နည်းနည်းများတဲ့အတွက် ကျနော်ဆီက အသုံးပြုနေတဲ့ Connection က Upload မှာ MB တစ်ရာကျော်ရင် အဆင်မပြေတဲ့အတွက် သူငယ်ချင်းတယောက်ဆီမှာ အကူအညီတောင်းပြီး Upload တင်ခိုင်းထားတာပါ.. ဒီဖိုင်လေးက ကျနော့် သူငယ်ချင်း တင်ပေးထားတဲ့ ဖိုင်လေးပါ.. အခုတော့ လင့်တခုပဲ တင်လို့ပြီးပါသေးတယ်.. နောက်ရက်တွေမှာ နောက်ထပ်လင့်တခု ထပ်တင်ပေးထားပါမယ်.. ဒေါင်းလော့ချယူနည်းကတော့ အရင်ရက်က ပိုစ့်တင်ပေးထားတဲ့ နည်းအတိုင်းပါပဲ.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..

Adobe Photoshop 7.0


27 Aug 12, 12:07 AM
မိုး၂: အကိုရယ် ကျနော့ကို photoshop7.0 နဲ့ slideshow လုပ်တဲ့ progold ဆော့ဝဲ့ပါ ခဏတင်ပေးပါလားးအကို  
Adobe Photoshop 7.0 ကိုတောင်းထားတဲ့သူရှိလို့ တင်ပေးလိုက်ပါတယ်..။ Progold ကတော့ တင်ပေးပြီးသွားပါပြီ..။ Connection ကြောင့်ပဲ ဖိုင်တွေခွဲပြီး တင်ပေးဖြစ်သွားတာပါ..။ ဖိုင်၎ခုစလုံးကို ဒေါင်းယူပြီး ဖိုဒါအသစ်တခုထဲမှာ ထည့်ပါ.. ပြီးရင် part1 ကနေ ဖြည်ချလိုက်ရင် ကျန်တဲ့ အပိုင်းတွေပါ ဖြည်ပြီးသား ဖြစ်သွားပါတယ်..။ မလုပ်တတ်သေးတဲ့ သူများကတော့ Nero 8 essentials ပိုစ့်မှာ လုပ်ပြထားပါတယ်..။ ပြန်ကြည့်ပေးပါ..။ လုပ်နည်းအတူတူပါပဲ..။ နောက်တခုက ဒီကောင်လေးကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်အောင် သူ့အတွက် စာအုပ်လေးပါ တင်ပေးထားပြီးသား ရှိပါတယ်..။ အဲဒီစာအုပ်လေးကို လိုအပ်တဲ့သူများ ဒေါင်းယူလို့ ရအောင် Adobe Photoshop 7.0 အသုံးပြုနည်း စာအုပ်ကို ဒီနေရာကနေ ယူလိုက်ပါ.. ဒီ Adobe Photoshop 7.0 အတွက် Key လေးပါ ထည့်ပေးထားပါတယ်..။ Install ဆွဲတဲ့အခါ ဒီ Key လေးကို ထည့်ပြီးမှ Install ဆွဲလို့ ရမှာပါ..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေ ကနေ ဒေါင်းယူလိုက်ဗျာ..။ ဖိုင်ဆိုဒ်ကတော့ ဖိုင်တခုကို 40 MB စီရှိပါတယ်..။ အပိုင်း ၄ပိုင်းပါ..

အဆင်သင့်သုံး Photoshop PSD Template ဖိုင်များ


My miscellaneous blog; 28 June 2012 02:26
အကိုရေ အဆင်သင့်သုံး အစားထိုးစရာ Photoshop PSD File Software လေး များရှိရင် တင်ပေးပါလား ဘယ်မှာ မှ ရှာ မရလို့ပါ ဗျာ..
ဒီ Comment လေးကတော့ နည်းနည်းတော့ ကြာနေပါပြီ.. အရင် Photoshop CS6 မှာရေးထားခဲ့တဲ့ Comment လေးကို သတိရတိုင်း ဒီ PSD Template တွေကို ပြန်ပြန်ရှာနေမိပါတယ်..။ ဒီဖိုင်လေးတွေကို ရထားတာ မကြာသေးပါဘူး..။ ကျနော်စမ်းသုံးကြည့်ရင်း အဆင်ပြေတာလေးတွေကို ဖိုင်တခုချင်းစီ ခွဲပြီးတင်ပေးလိုက်ပါတယ်..။ ဒီ PSD ဖိုင်လေးတွေက မိမိတို့ရဲ့ပုံလေးတွေကို Photoshop နဲ့အစားထိုး ထည့်ပြီး စိတ်ကြိုက် ပြုပြင်ဖန်တီးယူလို့ ရပါတယ်..။ လိုတိုးပိုလျှော့ လုပ်ယူလို့ရတဲ့ အတွက် အားလုံးပဲ ကြိုက်ကြမယ်လို့ ထင်ပါတယ်..။ အဆင်သင့်သုံးရုံပါပဲ..။ ဒီမှာပြထားတဲ့ ပုံလေးတွေက ကျနော့်စက်မှာ ဖွင့်ကြည့်ပြီး ထွက်လာတဲ့ ပုံလေးတွေကို ဓါတ်ပုံရိုက် ပြန်တင်ပြပေးထားတာပါ..။ အခုဒီ ဖိုင်လေးတွေထဲမှာ အဲလို ဒီဇိုင်းလေးတွေ အများကြီးပါပါတယ်..။ နောက်တခုက ဒီဖိုင်တွေကို Photoshop Portable တွေနဲ့ ဖွင့်လို့ မရပါဘူး..။ မိမိတို့ရဲ့ စက်ထဲမှာ Setup ဖိုင်ကို Install ဆွဲထည့်ထားတဲ့.. Portable မဟုတ်တဲ့.. Photoshop CS6 နဲ့ ဖွင့်သုံးမှ ရပါတယ်.. အခုဒီမှာ တင်ပေးလိုက်တဲ့ ပုံတွေက ကျနော့်စက်မှာ Setup ဖိုင်ကို Install ဆွဲထည့်ထားတဲ့ Photoshop CS6 နဲ့ လုပ်ပြထားတဲ့ ပုံတွေပါ.. ဒါတခုတော့ သတိပြုပါ..။ ဒီဖိုင်တွေ ဒေါင်းယူပြီးမှ သုံးလို့မရ ဖြစ်နေမှာစိုးလို့ ကြိုသတိပေးတာပါ..။ ပုံဒီဇိုင်းလေးတွေက အလန်းလေးတွေပါ.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ အားလုံးပေါင်း ဖိုင် ၁၄ခု တင်ပေးထားပါတယ်..။ ကြိုက်တာကိုသာ တခုချင်းစီ ဒေါင်းယူနိုင်ပါတယ်..။

Adobe Photoshop CS6 Portable


ကျနော်အရင်တုန်းက တင်ပေးထားတဲ့ Photoshop CS6 Portable က အသုံးပြုလို့ မရတော့တဲ့ အတွက် နောက်ထပ်အသစ်ထပ်ရှာပြီး ထပ်တင်ပေးလိုက်ပါတယ်..။ သူ့ထဲမှုာ Camera Raw 7 Camera Profiles  နဲ့ Lens Profiles ဆိုပြီး Plug-in ၂ခုပေါင်းထည့် ပေးထားတာဖြစ်တဲ့ အတွက် ဖိုင်ဆိုဒ်တော့ နည်းနည်းများသွားပါတယ်..။ 32-bit ဝင်းဒိုးတွေအတွက်က 168 MB ရှိပြီး၊ 64-bit ဝင်းဒိုးတွေ အတွက်ကတော့ 307 MB ရှိပါတယ်..။ 64-bit အတွက် အပိုင်း ၆ပိုင်း ခွဲတင်ပေးထားပါတယ်..။ 32-bit အတွက်တော့ ဖိုင်တစ်ခုထဲပါပဲ..။ မိမိတို့ စက်ရဲ့ဝင်းဒိုးဗါးရှင်းအလိုက် ရွေးပြီး အောက်ကလင့်တွေကနေ ဒေါင်းယူကြပါဗျာ..။ ကျနော်သုံးကြည့်ပြီးပါပြီ.. ၂ခုစလုံး အဆင်ပြေပါတယ်..။ ကျနော့် Blog ရဲ့ Sidebar မှာ အသစ်ထည့်ထားတဲ့ စာလုံးတွေ အရောင်ပြောင်းအောင် Animation နဲ့လုပ်ထားတဲ့ စာတန်းလေးကို ဒီ  Photoshop CS6 Portable (64-bit) နဲ့ ဖန်တီးထားတာပါ..။ လိုအပ်တဲ့သူများ အောက်မှာယူလိုက်ပါဗျာ..

Adobe CS6 အားလုံးကို Activator တခုတည်းနဲ့ Full ဖြစ်အောင်လုပ်နည်း



Adobe CS6 ကိုမှ သုံးချင်တဲ့သူများအတွက်ပါ..။ ဒေါင်းလော့ချရမယ့် ဖိုင်ဆိုဒ်ကတော့ နည်းနည်းများပါလိမ့်မယ်..။ CS6 တခုကို 1GB ကျော်စီရှိပါတယ်..။ သူ့ရဲ့ CS6 Downloader နဲ့ Adobe CS6 အားလုံးကို တခုပြီးတခု ဒေါင်းယူလို့ ရပါတယ်..။ အောက်မှာ CS6 Downloader ပါ တင်ပေးလိုက်ပါတယ်..။ Adobe CS6 အားလုံးအတွက် Activator လေးလည်း တင်ပေးထားပါတယ်..။ ဒီကောင်လေးကို ကျန်ခဲ့တဲ့ လတုန်းကတည်းက တင်ပေးထားခဲ့တာပါ..။ အခုမှ ပြန်စမ်းကြည့်ပြီး အဆင်ပြေလို့ တခါတည်း လုပ်နည်းလေးပါ ထပ်တင်ပေးလိုက်ပါတယ်..။ CS6 အားလုံးကို ဒီ Activator လေးတခုတည်းနဲ့ ဖူးဖြစ်အောင် လုပ်လို့ရပါတယ်..။ အောက်ကပုံတွေမှာ မြင်ရမှာပါ..။ ကျနော့်စက်ထဲ Adobe CS6 သုံးခုကို ဒီကောင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ထားပြီးပါပြီ.. အဲဒီတော့ လိုအပ်တဲ့သူများကတော့ အောက်ကပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..။ အရင်ဆုံး ကျနော်တင်ပေးထားတဲ့ အောက်က ၂ခုစလုံးကို အရင်ဒေါင်းယူလိုက်ပါ..။ ၂ခုပေါင်းမှ 3 MB ကျော်ပဲရှိပါတယ်..။ ပြီးရင် Adobe CS6 Downloader ကို မိမိတို့စက်ထဲ Install ဆွဲထည့်လိုက်ပါ..။ ပြီးရင်တော့ Free Account တစ်ခုဖွင့်ပြီး မိမိတို့ နှစ်သက်ရာ အလိုရှိတဲ့ CS6 တွေကို တခုပြီးတခု ဒေါင်းယူလို့ ရပါပြီ..။ 

Adobe Photoshop CS3 and CS5 Portables


အညာနိုင် :  14 August 2012 09:42
မတက်လို့ လားတော့ မသိဘူးဗျာမပြေဘူးဗျို့ ..product liences has expire တဲ့ ယူပြီးကာမှမသုံးတက်တာ စိတ်ပိန်တယ်ဗျာ...
ဒီ comment လေးကိုတွေ့ကတည်းက Photoshop CS1,2,3,4,5  အားလုံးကို ကျနော် Upload  တင်နေကျ ဆိုဒ်တွေမှာ တင်နေတာ ၂ခုပဲတင်လို့ရသေးတယ်ဗျာ..။ ကျန်တဲ့ ကောင်လေးတွေကိုတော့ အဆင်ပြေသလို တင်တင်ပေးသွားပါ့မယ်..။ အရင်ကျနော် တင်ပေးထားတဲ့ Photoshop CS6 မှာ ကိုအညာနိုင် comment ပေးထားသလို product license has expire ဆိုတဲ့ စာသားနဲ့ အတူ အသုံးပြုလို့ မရတော့ပါဘူး..။ ကျနော်လည်း ဒီ comment လေးကို တွေ့မှ CS6 ကို ပြန်စမ်းကြည့်မှ သိတော့တယ်..။ ဒါကြောင့် ကျနော်အရင်သုံးနေကျ ကောင်လေးတွေကို ပြန်တင်ပေးလိုက်ပါတယ်..။ Portable လေးတွေပါ..။ Connection ကကျနေတုန်းမို့ CS တခုကို ဆိုဒ်တခုစီမှာပဲ တင်လို့ ရသေးတယ်..။ လိုအပ်တဲ့သူများ အရင်ဒေါင်းယူထားလိုက်ပါဗျာ.. နောက်ပြီး ကျနော်အရင်တုန်းက တင်ပေးထားခဲ့ဖူးတဲ့ CS6 အားလုံးအတွက် Product Key နဲ့ Crack ဖိုင်လေးတွေကို ကျနော်ပြန်စမ်းကြည့်နေပါတယ်..။ Portable မဟုတ်တဲ့ CS6 အားလုံးကို ဖူးသုံးလို့ ရတော့မှာပါ.. မကြာခင် လုပ်နည်းလေးတွေကို ပြန်လည်မျှဝေပေးသွားပါအုန်းမယ်..။ အခုတော့ လိုအပ်တဲ့သူများအတွက် အောက်မှာ CS3 နဲ့ CS5 ကို ဒေါင်းထားလိုက်ပါဗျာ..။

All Adobe CS6 Full Activation Crack And Serial Keys With Instructions [MKDEV]

ဒါလေးကတော့ Adobe CS6 Product အားလုံးကို Full ဖြစ်အောင်လုပ်ပေးနိုင်ပါတယ်..။ သူ့ထဲမှာ  Activation ဖြစ်အောင် လုပ်ပေးမယ့် Crack ဖိုင်လေးတွေနဲ့ Serial Keys တွေပါပါတယ်..။ လုပ်နည်း Instructions ဖိုင်လေးကို Notepad လေးနဲ့ ရေးပေးထားပါတယ်..။ မူရင်းအတိုင်း အင်္ဂလိပ်လို ရေးထားပါတယ်..။ Instructions လေးအတိုင်း လုပ်ပေးလိုက်ရင် Adobe CS6 Product အားလုံးကို ဖူးသုံးလို့ ရသွားပါလိမ့်မယ်..။ စမ်းကြည့်ချင်တဲ့ သူများအတွက် ကျနော်အောက်မှာ လင့်လေးချိတ်ပေးလိုက်ပါတယ်..။ Adobe ဆိုဒ်ကိုသွားပြီး မိမိတို့ လိုချင်တဲ့ Product တခုကို ကလစ်လိုက်ရင် သူ့ရဲ့ဒေါင်းလော့ဒါလေး ချပေးပါလိမ့်မယ်.. အဲဒါလေးကို စက်ထဲမှာ Install ဆွဲထည့်ပြီး မိမိတို့လိုချင်တဲ့ ပရိုဂရမ်ကို ဒေါင်းယူဖို့အတွက် Create an Adobe ID ဆိုတဲ့ စာသားနေရာကို ကလစ်ပြီး Adobe အကောင့်တခု ဖွင့်ရပါမယ်..။ Free ဖွင့်ရတဲ့ အကောင့်ပါ..။ အကောင့်ရရင်တော့ Latest Programs တွေကို ဒေါင်းယူလို့ ရပါပြီ..။ Adobe ဆိုဒ်ကို ဒီလင့်ကနေ သွားပါ.. http://www.adobe.com/downloads/ ..။ နောက်ပြီး မိမိတို့ ဒေါင်းထားတဲ့ ပရိုဂရမ်တခုကို တစ်ရက်ထဲနဲ့ မပြီးရင်.. ၃၊၄ ရက်ခွဲပြီး ဒေါင်းယူလို့ ရပါတယ်.. စက်ပိတ်တော့မယ်ဆိုရင် Pause နေရာကို တချက်ကလစ်ပြီး စက်ပိတ်လိုက်လို့ ရပါတယ်..။ နောက်ရက်စက်ပြန်ဖွင့်တဲ့ အခါ ၎င်းနေရာကိုပဲ ပြန်နှိပ်ပြီး ဆက်ဒေါင်းလို့ အဆင်ပြေပါတယ်..။ All Adobe CS6 တွေအတွက်  Activation Crack နဲ့ Serial Keys တွေကိုတော့ အောက်က အဆင်ပြေတဲ့ လင့်တွေကနေ ဒေါင်းယူထားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.8 MB ရှိပါတယ်..။ ထုံးစံအတိုင်း Adfly webpage လေး ခံထားပါတယ်..။

Portable Adobe InDesign CS5


 Portable Adobe InDesign CS5.5 ကတော့ မထင်မှတ်ပဲ ရလာတာပါ..။ ကျနော်ရှာတာက  InDesign CS6 ပါ..။ InDesign CS6 တွေက ရတော့ရတယ်..။ ဖိုင်ဆိုဒ်တအားကြီးနေလို့ ပြန်တင်ပေးဖို့ အဆင်မပြေဘူး..။ တခြား ဆိုဒ်သေးတဲ့ InDesign CS6 ကို ထပ်ရတဲ့ အခါကျမှ ထပ်တင်ပေးသွားပါ့မယ်..။ သူငယ်ချင်းတစ်ယောက်ကတော့ အကြံပေးဖူးတယ်..။ ဖိုင်ဆိုဒ်ကြီးတာတွေကို ဖိုင်တွေခွဲပြီး တင်ပါလားတဲ့..။ ကျနော် အတတ်နိုင်ဆုံး ဖိုင်မခွဲပဲ တင်ပေးချင်ပါတယ်..။ ဘာလို့လဲဆိုတော့ အရင်တုန်းက ကျနော်လည်း မြန်မာနည်းပညာဆိုဒ်တွေက ဖိုင်တွေခွဲတင်ပေးထားတဲ့ ဆော့ဝဲလ်တွေကို ဒေါင်းဖူးပါတယ်..။ ပြန်ပေါင်းတဲ့ အခါမှာ Error တက်တာများတယ်..။ ပေါင်းလို့ရတာတွေလည်း ရှိခဲ့ပါတယ်..။ ဒါပေမယ့် နည်းတယ်..။ ဖိုင်တွေပြန်ပေါင်းမရရင် စိတ်ညစ်ဖို့ ကောင်းပါတယ်..။ ဒေါင်းထားတဲ့ အပိုင်းတွေက အများကြီး..။ ကျနော် ဖိုင် ၄၀ ကျော်ရှိတဲ့ Windows7 ခွေ၊ အပိုင်းအားလုံး ဒေါင်းဖူးတယ်.. ပြန်ပေါင်းလို့ မရဘူး..။ ဖျက်ပစ်ရမှာလည်း နှမျှောလို့ ဒီတိုင်းပဲ ထားထားတယ်..။ တခြား ဆော့ဝဲလ်တွေလည်း အများကြီး အပိုင်းတွေနဲ့ ဒေါင်းဖူးတယ်..။ ဖိုင်တွေပြန်ပေါင်းလို့ ရတာ နည်းပါတယ်..။ Error တက်ပြီး ပြန်ပေါင်းမရတာ များတယ်..။ ဒါကြောင့် ဖိုင်တွေခွဲတင်ပေးဖို့ သိပ်စိတ်မပါတာ..။ အခြေနေရပေါ့ဗျာ..။ နောက်ပိုင်း တင်ပေးတဲ့ ဆော့ဝဲလ်တွေက ဖိုင်ခွဲတင်မှ အဆင်ပြေနိုင်မယ်ဆိုရင်တော့ ဖိုင်တွေခွဲတင် ပေးတာပေါ့..။ အခုတော့ ဒီကောင်လေးကို လိုအပ်တဲ့သူများက အောက်ကလင့်တွေကနေ ဒေါင်းယူထားလိုက်ပါ..။ ဖိုင်ဆိုဒ်ကတော့ 243 MB ရှိပါတယ်..။ ဒီပရိုဂရမ်ကို ဘာအတွက် အဓိကသုံးလဲဆိုတော့ ကျနော်တို့ ဟိုးအရင်တုန်းက Page maker နဲ့ ဖိတ်စာကတ်၊ လိပ်စာကတ်တွေ လုပ်ခဲ့ကြတယ်..။ အခုဒီဆော့ဝဲလ်က အဲဒီ Page Maker ကိုပြန်လည် ဆန်းသစ်ထားတဲ့ ပရိုဂရမ်တခုပါ..။ ဒီကောင်မှာတော့ အတော်လေးကို အစုံသုံးလို့ ရတယ်..။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ ပိုစတာ ဒီဇိုင်းတွေ၊ တော်တော်များများကို အသုံးဝင်ပါတယ်..။ Page Maker ကို အကျွမ်းတဝင် ရှိတဲ့သူတွေအတွက် ဒီဆော့ဝဲလ်ကို အလွယ်လေး အသုံးပြုတတ်မှာပါ..။ အောက်မှာ Video လေးတွေနဲ့ အသုံးပြုပုံ အနည်းငယ်ကို Beginner တွေအတွက် လေ့လာရေးသဘောမျိုး ကြည့်လို့ ရအောင် တင်ပေးထားပါတယ်..။ ကျနော် ဒီဖိုင်ကို Adf.ly webpage လေးကြားခံထားပါတယ်..။ အောက်ကပုံလေးကို ကြည့်ပြီး ဒီဖိုင်ကို ဒေါင်းယူနိုင်ပါတယ်..။

Portable Adobe Illustrator CS6


 Adobe Illustrator CS6 ကို အောက်မှာ Video ဖိုင်လေးတွေ ကြည့်ရင်း.. ဒီပရိုဂရမ်ရဲ့ အသုံးဝင်ပုံတွေနဲ့ ထူးခြားချက်တွေကို မျက်မြင်သင်ယူခွင့် ရမှာဖြစ်ပါတယ်..။ 3D Design မျိုးစုံပြုလုပ်တဲ့ နေရာမှာတော့ ဒီကောင်လေးက တော်တော်လေးကို အသုံးဝင်ပါတယ်..။ စာလုံးဒီဇိုင်း ၊ အဆောက်အဦး ဒီဇိုင်းတွေနဲ့ ကာတွန်းတွေ၊ မြေပုံတွေကို ဒီ Illustrator ဆော့ဝဲလ်နဲ့ ဖန်တီးတတ်ကြပါတယ်..။ လူကြိုက်များတဲ့ နာမည်ကြီး ဆော့ဝဲလ်တခုပါ..။ အောက်မှာ Beginner တွေအတွက် Video လေးတွေ၊ ချိတ်ပေးလိုက်ပါတယ်..။ Video လေးတွေကြည့်ပြီ.. ကိုယ်တိုင် လိုက်မလုပ်တတ်ရင်တောင် အနည်းဆုံးတော့ မျက်မြင်ဗဟုသုတ တိုးပွါးပြီ.. အမြင်ကျယ်သွားတာပေါ့ဗျာ..။ ဒီဆော့ဝဲလ်က ဒီလိုတွေ အသုံးဝင်ပါလား ဆိုတာသိသွားရင် ဆော့ဝဲလ်တွေကို တန်ဖိုးထားတတ်.. ရှာဖွေစုဆောင်းတတ်ပြီး.. ဖြေးဖြေးချင်း လေ့လာသွားမယ်ဆိုရင် မိမိတို့အတွက် အများကြီး တန်ဖိုးရှိတဲ့ ပညာတွေကို တတ်မြောက်အောင်မြင်မှာ သေချာပါတယ်..။ ဒီပရိုဂရမ်တွေက မူရင်းဆိုဒ်မှာ ရောင်းစားတဲ့ ဆော့ဝဲလ်တွေပါ..။ ဖရီးမပေးပါဘူး..။ မကြာခင် ဒီအောက်ကလင့်တွေကို ရှာတွေ့သွားရင် အဖျက်ခံရမှာပါ..။ ဒါကြောင့် ရတုန်းလေး ယူထားကြပါလို့.. ဖိုင်ဆိုဒ်တော့ နည်းနည်းများတယ်.. 182 MB ရှိပါတယ်..။ နောက်ပိုင်းဒီလို ဖိုင်ဆိုဒ်ကြီးတဲ့ ဆော့ဝဲလ်မျိုးကို ပြန်တင်ပေးဖို့ဆိုတာ သိပ်တော့ မလွယ်လှဘူး..။ အခုတော့ လိုင်းကောင်းတုန်းမို့လို့ တင်ပေးဖြစ်သွားတာပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူထားလိုက်ပါဗျာ.. Adf.ly Webpage လေးကြားခံထည့်ထားပါတယ်..။

Portable Adobe Premiere Pro CS3


ဒီ Adobe Premiere Pro CS3 လေးကတော့.. ကျနော့် သူငယ်ချင်းတစ်ယောက် တောင်းထားတာ ကြာပါပြီ..။ ကျနော့်မှာလည်း အဆင်သင့် မရှိသေးလို့ တင်မပေးဖြစ်တာ.. အခုမှ ဒီကောင်လေးကို ရလာလို့.. ပြန်လည်တင်ပေးလိုက်ပါတယ်..။ Video Editing လုပ်တဲ့ ပရိုဂရမ်တခုပါပဲ..။ ကျနော်ရှာတာက Premiere CS6 ပါ..။ ရလာတာက CS3 ..။ ဘာပဲဖြစ်ဖြစ် သုံးလို့ရဖို့က အဓိကပါ..။ နောက်ပိုင်း Premiere CS6 ရလာတဲ့ အခါ ထပ်တင်ပေးသွားပါအုန်းမယ်..။ ဒီကောင်လေးကို ဘာအတွက်သုံးလဲဆိုတော့.. ကျနော်တို့ ရုပ်ရှင်တွေ Video တွေကို Effect တွေထည့်ဖို့.. စာတန်းထိုးတဲ့ အခါ စာလုံးတွေ ဝဲပျံကျလာအောင် အရောင်မျိုးစုံ ဒီဇိုင်းမျိုးစုံနဲ့ ပုံစံအမျိုးမျိုး ပြုလုပ်၊ ဖန်တီးယူလို့ ရပါတယ်..။ Video ဖိုင်တွေ တခုနဲ့တခု ဖြတ်ဆက်တာမျိုး..  ရုပ်ရှင်ဖိုင် နှစ်ခုကြားမှာ Fade in ၊ Fade out တွေကအစ ဘယ်လိုထည့်သုံးရလဲဆိုတာ Video ဖိုင်လေးပါ ပြပေးထားပါတယ်..။  မသိသေးတဲ့၊ မသုံးတတ်သေးတဲ့ သူများအတွက် ကျနော်အောက်မှာ Video ဖိုင်လေး ၂ခုရှာပြီး လင့်ချိတ်ပေးလိုက်ပါတယ်..။ အခုမှ စလေ့လာမယ့် သူတွေအတွက် Beginner Guide လေးပါ..။ ကျနော့်ဆိုဒ်ထဲကနေ တခါတည်း ကြည့်လို့ရအောင်.. သိမ်းထားချင်ရင်လည်း ဒေါင်းယူသိမ်းထားလို့ရအောင် ဒါရိုက်လင့်နဲ့ ချိတ်ဆက်ပေးထားပါတယ်..။ ဒီ Portable Adobe Premiere Pro CS3 ဖိုင်ဆိုဒ်တော့ နည်းနည်းများတယ်..။ 155.6 MB ရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဒီကောင်လေးကို ဖွင့်တဲ့အခါမှာ Double Click နဲ့ ဖွင့်မရခဲ့ရင်.. Right Click ထောက်ပြီး Run as administrator ကို ကလစ်၍ ဖွင့်သုံးနိုင်ပါတယ်..။ ကျနော်စက်မှာ အဲဒီလိုဖွင့်မှ သုံးလို့ ရလို့ပါ..။ နောက်ပြီး ကျနော်ဒီဖိုင်လေးကို အမြန်အဖျက်မခံရအောင် Adf.ly webpage လေးကြားခံထည့်ထားပါတယ်..။ အောက်ကပုံလေးအတိုင်း ကြည့်ပြီးဒေါင်းယူနိုင်ပါတယ်..။

Portable Adobe Dreamweaver CS6

Adobe Dreamweaver CS6 Portable လေးပါ..။ ဒီကောင်လေးနဲ့ Web Site ကောင်းလေးတွေကို ဖန်တီးချင်တဲ့ Blogger ညီအစ်ကို မောင်နှမများအတွက် တင်ပေးလိုက်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ နည်းနည်းများပါတယ်..။ 317 MB ရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ..။
ကျနော်ဒီဖိုင်တွေကို တင်ပေးရတာ လိုင်းသိပ်မကောင်းလို့ နည်းနည်း အခက်အခဲရှိပါတယ်..။ နောက်တခါပြန်တင်ပေးဖို့ ဆိုတာလည်း သိမ်တော့မလွယ်ပါဘူး..။ ဒါကြောင့် အမြန်အဖျက်မခံရအောင် ကြားထဲမှာ adf.ly စာမျက်နှာတခု ထည့်ထားပေးပါတယ်..။ အောက်ကပုံလေးအတိုင်း ၅စက္ကန့် စောင့်ပေးပြီး SKIP AD စာသား အဝါရောင်လေးကို တချက်ကလစ်လိုက်ရင် ဒီဖိုင်ကို ဒေါင်းယူလို့ ရပါပြီ..

All Adobe CS6 Products Activator


Adobe cs6 Products အားလုံးအတွက် ဒီကောင်လေးကို ဆောင်ထားလိုက်ရင် အဆင်ပြေနိုင်ပါတယ်..။ ကျနော်က CS6 Portable လေးတွေပဲ အသုံးများလို့ ဒီကောင်လေးကို သေချာအသုံးဝင် မဝင်ဆိုတာ မသိရသေးပါဘူး..။ ဘာပဲဖြစ်ဖြစ်ဆောင်ထားသင့်ပါတယ်..။ ဖိုင်ဆိုဒ်က သေးသေးလေးပါ..။ 685 kb ပဲရှိပါတယ်..။ ဒီဖိုင်လေးကို အမြန်အဖျက်မခံရအောင်လို့ WEB Page တခုကြားမှာခံပြီး တင်ပေးထားပါတယ်..။ အောက်ကပုံလေးအတိုင်း ၅စက္ကန့် စောင့်ပြီးရင် ဒေါင်းယူလို့ ရပါပြီ..။ 

Adobe Flash Player 11 Plugin 2 Free Download

 30 Jun 12, 10:24 PM
zero: adobe fiash player လေးပျောက်နေတယ် ဘယ်လိုလုပ်ရမလဲ အကို
4 Jul 12, 01:22 AM
soe: ကျနောစက်မှာ youtube ကြည့်လို့မရတော့လို့ ကူညီပါဦးဗျာ
4 Jul 12, 01:24 AM
soe: google crome မှာတော့ ကြည့်လို့ရတယ်....firefox မှာမရဘူြးှဖစ်နေလို့ပါ
ဒါလေးကတော့ မသိသေးတဲ့ သူများအတွက် အခက်အခဲတခု ဖြစ်နေမှာပါ..။ Mozilla Firefox ကို Install ဆွဲထည့်ပြီးတဲ့ အခါ ဒီ Adobe Flash Player လေးကိုလည်း Install ဆွဲထည့်ပေးဖို့ လိုပါတယ်..။ ဒါမှသာ Mozilla နဲ့ ရုပ်ရှင်တွေ ဗွီဒီယိုတွေကို ကြည့်လို့ ရမှာပါ..။ အပေါ်မှာပြန်လည် ဖေါ်ပြထားသလို မေးလာတဲ့ အစ်ကို၂ယောက်ရှိတဲ့ အတွက်.. တခြားသူများလည်း ဒီလို ပြဿနာလေးတွေ ကြုံတဲ့အခါ ဖြေရှင်းရလွယ်အောင် ဒီ Adobe Flash Player လေးကို ဆောင်ထားသင့်ပါတယ်..။ ဒီကောင်လေးက Free Software လေးပါ..။ သူ့ရဲ့ မူရင်းဆိုဒ်မှာလည်း သွားဒေါင်းယူလို့ ရပါတယ်..။ ကျနော်က အဆင်ပြေအောင် ဒီနေရာမှာပဲ တခါတည်းတင်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 2.6 MB ရှိပါတယ်..

အလပ်စထရိတ်တာ စီအက်စ်၅ Portable Free Download


ဒီကောင်လေးကတော့ ကျန်ခဲ့တဲ့ တစ်ပါတ်က တောင်းထားတဲ့လူ ရှိလို့ တင်ပေးလိုက်ပါတယ်..။ ဒီဆော့ဝဲလ်က ကျနော့်မှာလည်း အဆင်သင့်မရှိလို့ လိုက်ရှာရင်း ကြာသွားပါတယ်..။ နာမည်ကတော့ ခေါ်ရခက်သလို.. အသံထွက်ကို မြန်မာစာနဲ့ ရေးပြရတာလည်း ခက်ပါတယ်..။ သူ့နာမည်ကိုတော့ English လိုမရေးပေးတော့ပါဘူး..။ ဒီဆော့ဝဲလ် အဖျက်ခံရမှာစိုးလို့ပါ..။ ခုတလော လိုင်းသိပ်မကောင်းတော့ ဖိုင်တင်ရတာလည်း သိပ်အဆင်မပြေဘူး..။ ပြုတ်ပြုတ်ကျနေလို့ ခဏခဏပြန်ပြန်တင်နေရပါတယ်..။ ဆိုဒ်လေးခုမှာတင်တာ နှစ်ခုပဲ တင်လို့ရတယ်..။ အဲနှစ်ခုတောင် တော်တော်သီးခံပြီး စောင့်တင်နေရပါတယ်..။  ဒီဆော့ဝဲလ်ဖိုင်ဆိုဒ်ကလည်း ကြီးတယ်.. ၁၉၄ အမ်ဘီရှိတယ်.. ကျနော် ကြာကြာခံအောင်လို့ ဖိုင်နာမည်ကို Free Games 50 Collection လို့ပြောင်းပြီး တင်ပေးထားပါတယ်..။ မူရင်းနာမည်ကတော့ ပုံမှာ ရေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူကြပါဗျာ..

ဖိုတိုရှော့ စီအက်စ်၆ ဖရီးဒေါင်းလော့


ဦးဦးဖျားဖျား ဖိုတိုရှော့ စီအက်စ်၆ Portable ကိုတင်ပေးလိုက်ပါတယ်..။ မြန်မာနည်းပညာ ဆိုဒ်တွေမှာ တင်ပေးတာ မတွေ့မိသေးပါဘူး..။ အားလုံးကို ပြန်လည်မျှဝေပါတယ်.. ကျနော်လည်း သူငယ်ချင်းတစ်ယောက်က ပေးလို့ ရခဲ့တာပါ..။ တစ်ကမ္ဘာလုံးက မြန်မာပြည်သားတွေ ဖေါဖေါသီသီ အသုံးပြုနိုင်ဖို့ တခြားဆိုဒ်တွေမှာလည်း တင်ပေးဖို့ ဒီပိုစ့်လေးနဲ့ တောင်းဆိုပါရစေဗျာ.. လူကြည့်များတဲ့ နည်းပညာဆိုဒ်တွေမှာလည်း ဒီစီအက်စ်၆ လေးကို ဒေါင်းလုပ်ယူနိုင်တဲ့ အကြောင်းနဲ့ ဒေါင်းယူပြီး ပြန်တင်ပေးဖို့ အဲဒီဆိုဒ်တွေနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းများက ကူညီအကြောင်းကြားပေးကြပါဗျာ..
ဒီကောင်လေးကို အင်္ဂလိပ်လိုမရေးပဲ မြန်မာလိုရေးလိုက်တာကတော့ ဒီဖိုင်ကို အမြန်အဖျက်ခံရမှာ စိုးလို့ပါ..။ ဒီဖိုင်ရဲ့နာမည်ကိုတော့ Free Mobile Game 600 လို့ ဖိုင်နာမည်ပြောင်းတင်ထားပါတယ်.. ဖိုင်ဖြည်လိုက်ရင်တော့ စီအက်စ်၆ ဖိုင်တွေ ထွက်လာပါလိမ့်မယ်.. စီအက်စ်၆ မှာတော့ အရင်ကောင်တွေနဲ့ မတူပဲ ဒီဇိုင်းတမျိုးပြောင်း ထားတာတွေ့ရပါတယ်..။ အောက်မှာပုံလေးပါ တင်ပြလိုက်ပါတယ်..။ ရတုန်းလေး ဒေါင်းယူထားကြပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 103 MB ရှိပါတယ်..
Related Posts Plugin for WordPress, Blogger...