Showing posts with label Windows8 Themes. Show all posts
Showing posts with label Windows8 Themes. Show all posts

RaindropsDrew Windows Themes


 ဒါလေးကတော့ Windows Themes လေးတွေပါပဲ..။ အပေါ်ကပုံမှာ မြင်ရသလို စိမ်းစိုပြီး ၊ ရေမှုံရေမွှားလေးတွေနဲ့ လန်းလန်းဆန်းဆန်း မိမိတို့ရဲ့ Desktop မှာ မြင်တွေ့ရမှာပါ..။ အသုံးပြုတဲ့အခါမှာ ဒီဖိုင်လေးကို ၂ချက်တောက်ပေးလိုက်ရင် ရသွားပါပြီ..။ အပေါ်ပုံမှာ မြင်ရတဲ့ ပုံလေးတွေ အပြင် နောက်ထပ် ဒီဇိုင်းလေးတွေ အများကြီး ပါပါသေးတယ်..။ အောက်မှာလည်း ပုံလေးနဲ့ လုပ်တတ်အောင် ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10.1 MB ရှိပါတယ်..။

Windows8 Skin Pack V4.0 X86 and X64


Windows8 နဲ့ ပါတ်သက်တာလေးတွေ လိုက်ရှာရင်းနဲ့ ကျန်ခဲ့တဲ့ တပါတ်က ရထားတဲ့ ကောင်လေးကို စမ်းသုံကြည့်ရင်း အဆင်ပြေလို့ ပြန်လည်တင်ပေးလိုက်ပါတယ်..။ Windows8 Skin Pack တွေ အများကြီး ထွက်ထားပြီးပါပြီ.. ဒီကောင်လေးကတော့ Windows8 Skin Pack V4.0 ပါ.. ဖိုင်ဆိုဒ်သေးတာလေးတွေနဲ့ အဆင်ပြေတာလေးတွေ ရွေးနေရလို့ ဒီကောင်လေးကိုပဲ တင်ပေးလိုက်ပါတယ်.. ဒီကောင်လေးကို Install ဆွဲထည့်ပြီးတာနဲ့ စက်ကို Restart ချပေးလိုက်ပါ..။ ဝင်းဒိုးပြန်ပွင့်လာရင် .exe ဖိုင်(ဘောက်စ်)တခုပေါ်လာရင် Yes(OK) ပေးလိုက်ပါ..။ ဒါဆိုရင်ဒီကောင်လေးကို အပြည့်အဝသုံးလို့ ရသွားပါပြီ..။ မကြိုက်တော့ရင် Control Panel >> Programs and Features ကနေ Uninstall နဲ့ ပြန်ထုတ်လိုက်ယုံပါပဲ..။ 32-bit နဲ့ 64-bit ဆိုပြီး ဖိုင်၂ခုခွဲ တင်ပေးထားပါတယ်..။ မိမိတို့ ဝင်းဒိုးဗါးရှင်းနဲ့ ကိုက်ညီမယ့် ဖိုင်ကိုရွေးပြီး ဒေါင်းယူကြပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 14 MB ရှိပါတယ်..

Windows8 Transformation Pack v6.0


12 Sep 12, 09:23 PM
arkar: အကိုကျွန်တော်ကိုလေ windows 8 theme အတွက် activation keyလေးရှာပေးပါလား
Windows8 စတိုင်ပြောင်းပြီးသုံးလို့ ရတာလေးကို ရှာပေးလိုက်ပါတယ်..။ ဒီအစ်ကိုရေးထားတာ သိပ်တော့မရှင်းဘူး.. Windows8 Themes တွေတော့ အများကြီးရှိပါတယ်.. ဒါပေမယ့်အများစုက Activation Key မလိုပါဘူး..။ အဲဒီကောင်လေးတွေကို Install ဆွဲထည့်တတ်ရင် သုံးလို့ရပါပြီ..။ ဒါပေမယ့် ကျနော်ရှာတွေ့ထားတာတွေက တအားရှုပ်ပါတယ်.. လုပ်နည်းတွေက ကျနော်တောင် နားမလည်တာတွေ ရှိတယ်..။ ဖိုင်တွေကလည်း အများကြီးနဲ့ စမ်းကြည့်ရင်းနဲ့ ဒီကောင်လေးက လွယ်လို့ ဒါလေးပဲ အရင်တင်ပေးလိုက်ပါတယ်..။ ဘာမှလုပ်ပေးဖို့ မလိုပါဘူး..။ ၂ချက်တောက်ပြီး မိမိတို့ရဲ့ ဝင်းဒိုးအမျိုးအစားကို ရွေးပေးလိုက်ရင် ရပါပြီ.. Install ဆွဲပြီးသွားရင် စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်ပွင့်လာရင် Windows8 စတိုင်လေး မြင်ရပါလိမ့်မယ်..။ မိမိတို့စက်ထဲက Setting တွေမှာ ဘာမှမပြောင်းလဲပါဘူး..။ အရင်အတိုင်းပါပဲ..။ သုံးလို့အဆင်ပြေပါတယ်..။ Windows8 စတိုင်နဲ့ အသုံးပြုချင်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 47 MB ရှိပါတယ်..
Related Posts Plugin for WordPress, Blogger...