All Free MP3 Cutter v2.3.1


ဒီကောင်လေးကလည်း Mp3 သီချင်းတွေကို လိုသလောက် အပိုင်းကိုပဲ ဖြတ်ယူဖို့ပါ..။ ဒါလေးက နောက်တခုပါ..။ အသုံးပြုရတာလည်း မခက်ပါဘူး.. အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ သူ့အတွက် ကီးလေးပါ ထည့်ပေးထားပါတယ်..။ သူကတော့ သီချင်းတွေကို ဖြတ်ပြီဆိုမှ ကီးတောင်းပါလိမ့်မယ်..။ လုပ်နည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူထားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 7.4 MB ရှိပါတယ်..

MP3 Cutter Joiner



ဒီကောင်လေးကတော့ Mp3 သီချင်းတွေကို မိမိတို့ လိုအပ်တဲ့ အပိုင်းလေးကိုပဲ ဖြတ်တောက်ယူဖို့နဲ့ လိုချင်တဲ့ သီချင်းတွေကို ပြန်ဆက်ဖို့ အတွက် အဆင်ပြေပါတယ်..။ လုပ်ရတာလည်း လွယ်လွယ်လေးပါ.. ။ သူ့အတွက် Key လေးပါ ထည့်ပေးထားပါတယ်..။ အသုံးပြုပုံကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူနိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 3 MB ပဲရှိပါတယ်..

Internet Download Manager 6.12 Beta Build 7

Internet Download Manager 6.12 Beta Build 7 က Update ထွက်နေတာ ၃၊၄ရက်လောက် ရှိနေပါပြီ.. ကျနော်တင်ပေးဖို့ ကျန်ကျန်နေတာပါ..။ သူ့ထဲမှာ Patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ Full ဖြစ်အောင် လုပ်နည်းကို IDM 6.12 Build 3 ပိုစ့်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်.. အခုဒီကောင်လေးနဲ့ လုပ်နည်း အတူတူပါပဲ... မသိသေးတဲ့ သူများကတော့ IDM 6.12 Build 3 ကို ပြန်ကြည့်နိုင်ပါတယ်..။ အခုဒီဗါးရှင်းကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.4 MB ရှိပါတယ်..

Xilisoft Video Cutter v2.0.1 Portable



ဒါလေးကတော့ Video Cutter လေးပါ..။ ဗွီဒီယိုတွေကို လိုချင်တဲ့ အပိုင်းလေးကိုပဲ ဖြတ်တောက်ယူဖို့ ဆိုရင် ဒီကောင်လေးနဲ့ အဆင်ပြေပါတယ်..။ မနေ့ကတင်ပေးလိုက်တဲ့  ကောင်လေး Ultra Video Splitter နဲ့ လုပ်နည်း အတူတူပါပဲ.. ဒီကောင်လေးက Portable လေးပါ..။ Portable လေးဆိုတော့ ဘာကီးမှထည့်ပေးဖို့ မလိုတော့ပါဘူး..။ ၂ချက်တောက်ဖွင့်ပြီး တန်းသုံးလို့ ရပါတယ်..။ လုပ်ရတာတာလည်း လွယ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 21.3 MB ရှိပါတယ်..

Ultra Video Splitter 5.01 [ DVD + VCD Cutter ]



ဒီကောင်လေးကတော့ ကျနော်တို့ကြိုက်တဲ့ DVD/VCD ထဲကသီချင်းတွေကို.. ကျနော်တို့ လိုချင်တဲ့ အပိုင်းလေး ကိုပဲ ဖြတ်တောက်ယူဖို့အတွက် ကူညီပေးပါလိမ့်မယ်..။ အသုံးပြုရတာလည်း လွယ်ပါတယ်..။ ကျနော်ကတော့ You Tube ကသီချင်းတပုဒ်ကို ဒေါင်းယူပြီး လုပ်ပြထားပါတယ်. ။ အောက်မှာပုံလေးတွေနဲ့ အသုံးပြုပုံကို တင်ပြပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်က လင့်တွေကနေ အရင်ဒေါင်းယူပြီး ပုံလေးတွေအတိုင်း အသုံးပြုနိုင်ပါတယ်..။ သူ့ရဲ့ကီးလေးပါ notepad လေးနဲ့ ထည့်ပေးထားပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 10.9 MB ရှိပါတယ်..

Blog မှာလာလည်သူစာရင်း ထည့်ချင်တဲ့သူများအတွက်



25 Jul 12, 04:03 PM
မောင်စိုး: အစ်ကိုရယ် ကူညီပေးပါလား ဘလော့လ်မှာ လာလည်သူစားရင် ထဲခြင်းလို. ပြောပြပေးပါနော် ကျေးဇူးပြုပြီး
အခုဒီနည်းလေးက အရင်တင်ပေးဖူးတဲ့ ဘလော့မှာ နာရီထည့်တဲ့နည်းနဲ့ အတူတူပါပဲ..။  တောင်းထားတဲ့လူ ရှိလို့ တင်ပေးလိုက်ပါတယ်.. မသိသေးတဲ့သူများ အတွက်တော့ အခက် တွေ့နေအုန်းမှာပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဝင်သွားလိုက်ပါ..။ http://flagcounter.com/ ဘယ်လို လုပ်ယူရလဲဆိုတာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..

Cyberlink Power Director 9.0


ဒီပရိုဂရမ်ကတော့ Video တွေကို တည်းဖြတ်ဖို့နဲ့ မိမိတို့စိတ်ကြိုက် Slide Show တွေကို Effect မျိုးစုံနဲ့ ပြုပြင်ယူလို့ ရမှာ ဖြစ်ပါတယ်..။ မနေ့ကတင်ပေးခဲ့တဲ့ Video Editing စာအုပ်လေးနဲ့ ဒီ ပရိုဂရမ်ကို လက်တွေ့ ၊ အလွယ်တကူ အသုံးပြုနိုင်ပါလိမ့်မယ်..။ Power Director 10 တော့ရှိပါတယ်..။ သူ့အတွက် Key အမှန်ကို ရှာလို့ မတွေ့သေးဘူး..။ Patch ဖိုင်တွေကလည်း  Power Director 10 နဲ့ အဆင်မပြေပြန်ဘူး..။ ဒါကြောင့်  Power Director 9 ဘက်လှည့်ကြည့်လိုက်တော့.. သူ့ကီးလေးနဲ့သူ Full Version ဖြစ်နေလို့ ပြန်တင်ပေးလိုက်ပါတယ်..။ ဒါပေမယ့် ဖိုင်ဆိုဒ်တော့ များတယ်..။ 700 MB နီးပါးရှိပါတယ်..။ ဒီဖိုင်ကို ကျနော် 100 MB စီနဲ့ ၇ပိုင်းခွဲပြီး တင်ပေးထားပါတယ်..။ New Folder တခုဖွင့်ပြီး အပိုင်းအားလုံးကို စုထည့်လိုက်ပါ.. ပြီးမှ အပိုင်းတစ်ကို ဖြည်လိုက်တာနဲ့ ရပါပြီ.. ကျန်တဲ့ အပိုင်းတွေပါ အလိုလိုပြည်ကျ သွားပါလိမ့်မယ်..။ တကယ်တော့ ကျနော်လည်း ဖိုင်တွေခွဲပြီး မတင်ချင်ပါဘူး..။ ဖြစ်နိုင်ရင် ဖိုင်တခုထဲ တင်ပေးချင်တာပါ..။ အခုဒီဖိုင်က သိမ်များလွန်းတော့.. Upload ဆိုဒ်တွေက ဖိုင်ဆိုဒ်အကြီးကြီး တခါတည်း တင်ဖို့ လက်မခံလို့သာ အခုလို ဖိုင်တွေခွဲတင်လိုက်ရတာပါ..။ တခုသတိပြုရမှာက ဒီဖိုင်တွေကို ဒေါင်းတဲ့အခါမှာ Connection မကောင်းလို့ ပြတ်ကျသွားတဲ့ အပိုင်းကို ပြန်ဆက်ဒေါင်းရင်.. အဲဒီအပိုင်းကို မှတ်ထားပေးပါ..။ ဖိုင်တွေပြန်ပေါင်းလို့ Error တက်ခဲ့ရင် အဲလို ပြတ်ကျပြီး ပြန်ဆက်ဒေါင်းလိုက်တဲ့ ဖိုင်တွေက ဖြစ်တာများပါတယ်..။ ဒါကြောင့် ဖိုင်တွေပြန်ပေါင်းလို့ Error တက်ခဲ့ရင် အဲဒီဖိုင် (၂ခါ၊၃ခါပြတ်ကျပြီးမှ ပြတ်ကျတဲ့နေရာကနေ ပြန်ဆက်ဒေါင်းယူလို့ ရလာတဲ့အပိုင်း)ကို Delete နဲ့ဖျက်ပစ်ပြီးမှ အဲဒီအပိုင်းကို အသစ်ပြန်ဒေါင်းယူပါ..။ ဒေါင်းလော့ချနေတဲ့ အချိန်မှာ ပြတ်ကျမသွားအောင် Connection ကောင်းနေတဲ့ အချိန်မှ ဒေါင်းလော့ချပါ..။ ဒီဖိုင်တွေကို ပြန်ပေါင်းလို့ အဆင်ပြေမပြေသိရအောင်.. ကျနော် စက်၂လုံးနဲ့ ဟိုဘက်၊ ဒီဘက် ပြောင်းပြီး ၃၊၄ကြိမ် ဖိုင်ပြန်ပေါင်းပြီးလို့ အဆင်ပြေမှ ဒီဖိုင်တွေကို တင်ပေးလိုက်တာပါ..။ နောက်ပြီး English လို User Guide လေးတွေပါ PDF ဖိုင်လေးတွေနဲ့ ထည့်ပေးလိုက်ပါတယ်..။ အားလုံးအတွက် အဆင်ပြေမယ် ထင်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. adfly စာမျက်နှာလေး ကြားခံထားပါတယ်..

Power Director Video Editing - PDF ( မြန်မာလို)



ဒီစာအုပ်လေးကတော့ ဗွီဒီယိုတွေကို တည်းဖြတ်ဖို့ လက်တွေ့ သင်တန်း သဘောမျိုး လေ့လာလို့ ရအောင် တင်ပေးလိုက်တာပါ..။ သူ့အတွက် လက်တွေ့ လေ့ကျင့်ဖို့ ဆော့ဝဲလ်ကို ကျနော်အခု Upload ဆိုဒ်တွေမှာ တင်နေပါတယ်..။ တင်ပြီးသွားတာနဲ့ ဆက်ပြီး ရှယ်ပေးသွားပါ့မယ်..။ Video Editing ကို ဝါသနာပါတဲ့ သူများ.. အခြေနေအမျိုးမျိုးကြောင့် သင်တန်းလိုက်မတက်နိုင်တဲ့ သူများအတွက် အခုဒီစာအုပ်လေးက အထောက်အကူ ပြုပါလိမ့်မယ်..။ စာအုပ်ဖတ်လိုက်.. Video Editing ပရိုဂရမ်နဲ့ လက်တွေ့လေ့ကျင့်လိုက်ဆို .. သိပ်မကြာခင်မှာ ဗွီဒီယို တည်းဖြတ်တဲ့ ပညာကို တတ်မြောက်သွားပါလိမ့်မယ်..။ ဒီလိုစာအုပ်လေးတွေကို မိမိတို့ ကွန်ပျူတာထဲမှာ ဖတ်နိုင်ဖို့ PDF Reader လေးတွေလိုအပ်ပါတယ်..။  PDF Reader ထည့်မထားတဲ့ စက်တွေမှာ စာရွက်အဖြူလေးတခုပဲ မြင်ရမှာ ဖြစ်ပြီး ဖွင့်ဖတ်လို့ မရပါဘူး..။ ဒါကြောင့် မိမိတို့ စက်ထဲမှာ  PDF Reader မရှိသေးရင်တော့ ကျနော့်ဆိုဒ်ထဲမှာ Foxit Reader လေး တင်ပေးထားတာရှိပါတယ်..။ ယူပြီးတော့ အရင် Install ဆွဲထည့်လိုက်ရင် ဒီလိုစာအုပ်လေးတွေကို ဖွင့်ဖတ်လို့ ရသွားပါလိမ့်မယ်.. အခုဒီစာအုပ်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ကနေ ဒေါင်းယူထားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 10.1 MB ရှိပါတယ်..

FL Studio 10.0.9 Producer Edition


စည်သု: အစ်လွင်ေ၇.. ကိုယ်ပိင်သံစဉ် သီချင်းလေးတွေကို ကွန်ပြူတာဖြင့်တီးခတ်ဖန်တီးလို့ ၇တဲ့ဆော့ဝဲလေး လိုချင်ပါတယ်ခင်ဗျာ နောက်ပြီး အဲဒီ့ဆော့ဝဲအား အသုံးပြုပုံကို မြန်မာလို၇ှင်းပြ တီးခတ်ထားသော လေ့ကျင့်ခန်းပါလိုချင်ပါတယ်ခင်ဗျာ..
 ဒီကောင်လေးကတော့ သီချင်းတွေ ဖန်တီးဖို့ .. သံစဉ်တွေကို ဖန်တီဖို့.. ကွန်ပျူတာနဲ့ တွဲပြီး အသုံးပြုလို့ ရတဲ့ ကောင်လေးပါ..။  တောင်တဲ့လူရှိလို့ လိုက်ရှာနေတာ နည်းနည်းကြာသွားပါတယ်..။ ဒီပရိုဂရမ်ကို မြန်မာပြည်သား ဂီတဝါသနာရှင် တော်တော်များများ အသုံးပြုတယ်လို့ ကြားဖူးပါတယ်..။ ကျနော်တော့ တခါမှ သုံးမကြည့်ဖူးပါဘူး..။ သုံးလည်း မသုံးတတ်ပါဘူး..။ ဂီတကို သိပ်ဝါသနာ မပါလို့ ထင်ပါတယ်..။ အသုံးပြုပုံကိုတော့ နောက်ပိုင်း စာအုပ်တွေ ဘာတွေရလာရင် ထပ်တင်ပေးသွားပါမယ်..။  ဒီကောင်လေးကို Install ဆွဲတော့မယ်ဆိုရင် Internet လိုင်းကို ခဏပိတ်ထားပေးပါ.. အင်တာနက်ပိတ်ပြီးမှ ဆော့ဝဲလ်ကိုသွင်းပါ.. Install ဆွဲထည့်ရင်လည်း ရိုးရိုးမရပါဘူး..။ ၎င်း ဆော့ဝဲလ်ပေါ်မှာ Right Click ထောက်ပြီး Run as administrator နဲ့ သွင်းရပါမယ်..။ Install ဆွဲပြီးသွားရင် ဒီကောင်ကို မဖွင့်ပါနဲ့အုန်း.. အရင်ပိတ်ပစ်လိုက်ပါ..။ ပြီးရင် သူနဲ့ အတူပါလာတဲ့ (Image-Line FL Studio 10 Producer Edition) ဆိုတဲ့ Registry Crack ဖိုင်လေးကို ၂ချက်တောက်ပြီး အင်စတောလ် ဆွဲထည့်ပေးလိုက်ရင် (Yes တို့ OK တို့ ပေါ်လာရင် နှိပ်ပေးလိုက်ပါ) ဖူးဖြစ်သွားပါပြီ..။  လိုအပ်တဲ့သူများ ကတော့ အောက်ကလင့်တွေ ကနေဒေါင်းယူထားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 233 MB ရှိပါတယ်..။ adfly စာမျက်နှာလေး ကြားခံထည့်ပေးထားပါတယ်..။

Internet Download Manager 6.12 Beta Build 6

 မနေ့ကမှ Version အသစ်ထွက်လာတဲ့ Internet Download Manager 6.12 Beta Build 6 ကို Patch ဖိုင်လေးနဲ့ တင်ပေးလိုက်ပါတယ်..။ IDM ကို Update ပေးလိုက်မိတဲ့သူများ အတွက်နဲ့ ဖူးဖြစ်အောင် မလုပ်တတ်သေးတဲ့ သူများကတော့ IDM 6.12 Build 3 ပိုစ့်မှာ ပုံလေးတွေနဲ့ ဖူးဖြစ်အောင်၊ လုပ်တတ်အောင် ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အဲဒီပိုစ့်မှာ ကြည့်နိုင်ပါတယ်..။ အခုဒီ ဗါးရှင်းမှာ ပါတဲ့ Patch ဖိုင်နဲ့ လုပ်နည်း အတူတူပါပဲ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူသွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.5 MB ရှိပါတယ်..

Internet Cyclone v2.03 , v2.12 and v2.14


20 Jul 12, 09:34 AM
ကိကိ: အကိုေ၇.....ပူဆာဦးမယ်နော်.....Internet cyclone 2.14 လေး၇ချင်လို့ ပါ...ကွန်အ၇မ်းစုတ်လို့ ပါ
တောင်းထားတဲ့လူရှိလို့ လိုက်ရှာရင်း ရလာတာလေးတွေ တင်ပေးလိုက်ပါတယ်..။ Internet ဆွဲအားကို 200% ထိပိုပြီး ဆွဲပေးနိုင်တယ်လို့ သူ့ဆိုဒ်မှာ ရေးထားပါတယ်..။ ဆွဲအားပိုကောင်းတော့ လိုင်းပိုမြန်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ..။ ဟုတ်မဟုတ် မိမိတို့ ကိုယ်တိုင်သာ စမ်းသုံးကြည့်ကြပါ..။ မိမိတို့ အသုံးပြုတဲ့ အင်တာနက်လိုင်း အမျိုးအစားပေါ်မူတည်ပြီး ရွေးပေးရပါမယ်.. MODEM (Dial-Up) နဲ့လား ၊ ISDN (WIFI ကိုဆိုလိုတာပါ) နဲ့လား၊ CABLE / DSL နဲ့လားဆိုတာ ရွေးပေးပြီး Optimize တချက်ကလစ်ပြီး ပေါ်လာတဲ့ ဘောက်စ်ထဲမှာ OK နှိပ်ပေးလိုက်ရင် စက်ပိတ်ပြီး ပြန်ပွင့်လာတဲ့အခါ အင်တာနက်ဆွဲအား ပိုမြန်လာပါလိမ့်မယ်..။  Internet Cyclone 2.03 မှာ Serial Key လေးပါပါတယ်..။ Internet Cyclone 2.12 မှာတော့ Patch ဖိုင်လေးပါပါတယ်..။ Internet Cyclone 2.14 မှာတော့ ဘာကီးမှ မပါပါဘူး.. အရင်ဆုံး 2.03 ကို Install ဆွဲထည့်ပြီးရင် သူ့ထဲမှာ ပါတဲ့ ကီးလေးကို ထည့်ပေးလိုက်ပါ..။ ဖူးဖြစ်သွားရင် ၎င်း Internet Cyclone 2.03 ကို Uninstall နဲ့ ပြန်ထုတ်လိုက်ပါ..။ Uninstall နဲ့ ထုတ်ပြီးရင် သူ့ရဲ့ဖိုဒါလေးကျန်နေတဲ့ စီထဲမှာ သွားပြီး Internet Cyclone လို့ရေးထားတဲ့ ဖိုဒါလေးကို (Local Disk (C:) >> Programs Files >>  Internet Cyclone ဖိုဒါကို) Delete နဲ့သွားဖျက်ပေးလိုက်ပါ..။ ပြီးမှတခြား ဗါးရှင်းတွေကို Install ဆွဲထည့်လိုက်ရင် 2.12 ရော၊ 2.14 ပါ Registered ဆိုတဲ့ စာသားလေးနဲ့ ဖူးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်..။ လိုအပ်ရင်သုံးဖို့ 2.12 အတွက် Patch ဖိုင်လေးနဲ့ Serial Key အပိုလေးပါ  2.12 နဲ့ 2.14 ဖိုင်တွေထဲမှာ ထည့်ပေးထားပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 1 MB တောင်မပြည့်ပါဘူး..။ စမ်းသုံးကြည့်ချင်တဲ့ သူများကတော့ အောက်ကလင့်တွေမှာ ယူထားလိုက်ပါဗျာ.. ကီးထည့်ရမယ့်နေရာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..

Okdo Pdf to All Converter Professional 4.5



ဒီတခုကလည်း PDF ဖိုင်တွေကနေ တခြားဖေါ်မတ်တွေကို ပြောင်းလဲပေးနိုင်တဲ့ ကောင်လေးပါပဲ..။ အောက်မှာကျနော် ပုံလေးတွေနဲ့ အစမ်းလုပ်ပြထားပါတယ်..။ သူလည်း Key အမှန်မရလို့ Fake Key နဲ့ စမ်းကြည့်တာ အဆင်ပြေပါတယ်..။ သူ့ထဲမှာတော့ ကီးသုံးခုပါပါတယ်..။ Install ဆွဲထည့်ပြီးတာနဲ့ ကီးတောင်းရင် ဖိတ်ကီးလေးတွေ ထည့်ပေးလိုက်ပါ..။ အသုံးပြုလို့ ရပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူသွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10 MB ရှိပါတယ်..

Okdo All to Pdf Converter Professional v4.5



 ဒီကောင်လေးကတော့ ကျနော်တို့ PDF ဖိုင်လုပ်ချင်တဲ့ ဘယ်ဖိုင်ကိုပဲ ဖြစ်ဖြစ် Microsoft Office Word မရှိလည်းပဲ PDF ဖိုင်လုပ်ပေးနိုင်ပါတယ်..။ ဓါတ်ပုံအတွက်ဆို Image Mode ကိုပြောင်းပေးပြီး၊ စာတွေအတွက်ဆို Text Mode ကိုပြောင်းပေးလိုက်ရုံပါပဲ..။ သူ့အတွက်ကီးလေးပါ ထည့်ပေးထားပါတယ်..။ ဒါပေမယ့် ကီးအစစ်ရှာမတွေ့ပဲ.. Fake Key လေးနဲ့ စမ်းကြည့်တာ အဆင်ပြေနေလို့ ဒီကောင်လေးကို တင်ပေးလိုက်ပါတယ်..။ ဖိတ်ကီးဆိုတာ ကီးအစစ်မဟုတ်ပါဘူး..။ ဒါပေမယ့် အဆင်ပြေပါတယ်..။ တခါသုံး တခါ ဖိတ်ကီးလေးထည့်ပြီး အသုံးပြုလို့ ရပါတယ်..။ အသုံးပြုပုံကို အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 8 MB ရှိပါတယ်..။

Microsoft Office Professional Plus 2010 ( full version )



21 Jul 12, 09:07 PM
thuyein: အစ်ကိုခင်ဗျား ကျွန်တော့်မှာ ရှိတဲ့ MS Office 2010 full version ကို တင်ပေးလိုက်ပါပြီ..။ ဒီကောင်ကို ကျွန်တော် အရင်ပေးထားတဲ့ E-Z Activator နဲ့ Product key နဲ့ activate လုပ်တာ ရပါတယ်ခင်ဗျား..။ activate လုပ်နေရင် online ချိတ်ထားဖို့ ပြောပေးပါခင်ဗျား..။ ပြီးရင် Microsoft Netframe 4.0 ရှိရမယ်လို့ ပြောပါတယ်...။ ကျွန်တော်က ရှိပြီးသားမိုလို့ ထည့်မထားပါခင်ဗျား..။  ကျန်တာအကုန်အဆင်ပြေပါတယ်..။ product key မှာ အပေါ်က key နဲ့တင် အဆင်ပြေသွားပါတယ်ခင်ဗျား..။ အပိုင်း 19 ပိုင်းပါ..။
ကျနော့်မှာ ရှိတဲ့ Microsoft Office 2010 က 4GB ကျော်ရှိပါတယ်..။ ဒါကြောင့် မတင်ပေးတာပါ..။ အခု ကိုthuyein တင်ပေးလိုက်တဲ့  MS Office 2010 က 700 MB ဆိုတော့ ဒေါင်းယူရတဲ့ လူအတွက်လည်း အဆင်ပြေမှာပါ..။ အားလုံးအတွက် လုပ်ပေးတဲ့ ကိုthuyein ကို ကျေးဇူးတင်ပါတယ်..။ တခုလိုတာက ဘယ်ဆော့ဝဲလ်နဲ့ ဖိုင်တွေကို ခွဲတာလည်း ဆိုတာ မသိရတာပါ..။ ဥပမာ Hjsplit ဆော့ဝဲလ်နဲ့ ဖိုင်ခွဲတာဆိုရင် Hjsplit ဆော့ဝဲလ်နဲ့ ပြန်ပေါင်းမှ ရတာပါ..။ ဒါကြောင့် ဘယ်ဆော့ဝဲလ်နဲ့ ဖိုင်တွေခွဲခဲ့တာလည်း ဆိုတာ.. ကိုthuyein ဒီပိုစ့်ကို ဖတ်မိရင် အကြောင်းပြန်ပေးပါ..။ တချို့ဆော့ဝဲလ်တွေတော့ ရှိပါတယ်..။ ဖိုင်တွေပြန်ပေါင်းတဲ့ အခါကျရင် Part-01 ကို ဖြည်ချလိုက်ရင် အားလုံးတန်းစီပြီး ပြေကျသွားပါတယ်..။ အဲလိုမျိုးဆိုရင်တော့ ဖိုင်ခွဲခဲ့တုန်းက အသုံးပြုခဲ့တဲ့ ဆော့ဝဲလ်ကို ပြန်သုံးဖို့ မလိုတော့ပါဘူး..။

AnyBizSoft PDF to Excel Converter 2.0.0.7

18 Jul 12, 03:26 PM
ငယ်ငယ်: အစ်ကိုရေ Sacn ဖတ်ထားတဲ့ PDF file တွေကို Word file နဲ့ Excel file တွှေအဖြစ် ပြောင်းပြီး စာတွေ ပြင် ၊ ရိုက် စတာတွေ လုပ်လို့ရပါသလား။ အဲလိုပြောင်းလို့ရတယ်ဆိုရင် Software လေး လိုချင်လို့ပါ။ ကူညီပါဦးနော်။
ဒါလေးက နောက်တခုပါ..။ စာရင်းဇယားတွေနဲ့ လုပ်ထားတဲ့ PDF ဖိုင်တွေကို PDF ကနေ Excel အဖြစ် ပြောင်းပေးနိုင်ပါတယ်..။ အောက်မှာ သူ့အတွက် key ထည့်ပြထားပါတယ်..။ ဒီဆော့ဝဲလ်ကို Install ထည့်ပြီးတာနဲ့ ကီးတောင်းတဲ့ ဘောက်စ်လေး ပေါ်လာပါလိမ့်မယ်.. တခါတည်း notepad လေးထဲက ကီးကို ထည့်ပေးလိုက်ရင် Full သုံးလို့ ရပါပြီ..။ အောက်ကပုံလေးတွေနဲ့ Excel ဖိုင်ဖြစ်အောင် လုပ်ပြထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူသွားလိုက်ပါဗျာ...။ ဖိုင်ဆိုဒ်ကတော့ 5.4 MB ရှိပါတယ်..။

PDF to Word Converter 2.0


18 Jul 12, 03:26 PM
ငယ်ငယ်: အစ်ကိုရေ Sacn ဖတ်ထားတဲ့ PDF file တွေကို Word file နဲ့ Excel file တွှေအဖြစ် ပြောင်းပြီး စာတွေ ပြင် ၊ ရိုက် စတာတွေ လုပ်လို့ရပါသလား။ အဲလိုပြောင်းလို့ရတယ်ဆိုရင် Software လေး လိုချင်လို့ပါ။ ကူညီပါဦးနော်။
တောင်းထားတဲ့လူရှိလို့ ရှာဖွေရင်း ရလာတာလေးတွေ တင်ပေးလိုက်ပါတယ်..။ PDF ကနေ Word ကို ပြောင်းလို့ရတဲ့ ကောင်လေးပါ..။ အောက်မှာတော့ Key ထည့်ပြီး ဖူးဖြစ်အောင် လုပ်ပြထားပါတယ်..။ သူ့ရဲ့ key လေးကို notepad လေးနဲ့ ထည့်ပေးထားပါတယ်..။ အသုံးပြုပုံပါ လုပ်ပြထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.3 MB ရှိပါတယ်..

Windows တွေမှာ မရှိမဖြစ် ၊ လုပ်ထားရမည့် System Image Backup File နှင့် System Repair Disc



ဒီနည်းလေးကတော့ ကွန်ပျူတာရှိတဲ့ လူတိုင်း မသိမဖြစ်၊ မတတ်မဖြစ် သိထားတတ်ထားသင့်တဲ့ နည်းလေးတခုပါပဲ.. ဒီနည်းနဲ့ ဒီလို Image Backup File နဲ့ System Repair Disc မလုပ်ထားကြလို့သာ ကွန်ပျူတာနဲ့ ပါတ်သက်တဲ့ ပြဿနာမျိုးစုံကို ခေါင်းရှုပ်ခံ၊ စိတ်ညစ်ခံပြီး ဟိုလူ့ဆရာတင်ရ၊ ဒီလူ့ဆရာတင်ရနဲ့ အလုပ်တွေရှုပ်.. ငွေကုန်ခံပြီး ဆိုင်မှာသွားပြင်နေကြရတာပါ..။ ပင်ပန်းလွန်းပါတယ်..။ သိတဲ့သူများအတွက် လွယ်ပေမယ့်.. မသိသေးတဲ့သူများ အတွက်တော့ ဘယ်ကနေ ဘယ်လိုစပြီး လုပ်ရမှန်းကို မသိကြတာပါ..။ ဒါကြောင့်ဒီနေ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာ.. ကျနော့်ရဲ့သူငယ်ချင်း တယောက်ကလည်း ဒီလုပ်နည်းလေးကို သိချင်နေတာ ကြာပါပြီ.. အဝေးကနေ လှမ်းတောင်းနေတာ.. ကျနော့်မှာလည်း ပုံတွေက အဆင်သင့် မရှိသေးလို့.. ပုံတွေလုပ်ဖို့ပြင်ရင်း ပြင်ရင်းနဲ့ ကြာသွားပါတယ်..။ တကယ်တော့ ဒီနည်းလေးက Windows ထဲမှာ ပါပြီးသား.. မိမိတို့ဖာသာ ဖန်တီးယူရမယ့် နည်းလေးတခုပါပဲ.. လုပ်နည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ မသိသေး၊ မလုပ်တတ်သေးတဲ့ သူများကတော့ အောက်မှာ ဆက်ကြည့်ပေးပါ..။ လိုအပ်တဲ့ ပစ္စည်းကတော့ CD အလွတ်တချပ် (CD အသစ်ကိုပြောတာပါ) .. ခွေကူးဖို့ CD/DVD Drive မပါတဲ့သူများကတော့ Backup File ပဲလုပ်ပါ.. CD ခွေမကူးလည်း ရပါတယ်..။ ဒါပေမယ့် External DVD Drive ရှိရင်တော့ ခွေကူးထုတ်ထားရင် ပိုကောင်းပါတယ်..။ အဲဒီအခွေက Boot တက်တဲ့ အခွေဖြစ်တဲ့ အတွက် ဝင်းဒိုးမှာ တစုံတရာ Error တက်ခဲ့ရင် Windows7 တင်နည်းအတိုင်း ဝင်ပြီး ပြန်ပြင်လို့ ရပါတယ်..။ Boot mgr is missing လို Error မျိုးဖြစ်ခဲ့ရင် အခုခွေကူးမယ့် Repair CD နဲ့ ပြန်ပြင်လို့ ရပါတယ်.. Windows ထဲမှာ မသိမ်းရသေးတဲ့ Data တွေ ပျက်မသွားပါဘူး.. အားလုံးပြန်ယူလို့ ရပါတယ်..။  Boot mgr is missing အဲရာမျိုး ဖြစ်ခဲ့ရင် အောက်ကပုံလိုမျိုး စာကြောင်းလေး ၂ကြောင်းပဲ ပေါ်နေပါလိမ့်မယ်..။ Starting Windows ပေါ်မလာတော့ပါဘူး..။

Internet Download Manager 6.12 Beta Build 5

Internet Download Manager 6.12 Beta Build 5 လေးက အသစ်ထပ်ထွက်လာတာပါ..။ မနေ့က တင်ပေးလိုက်တဲ့ Build 3 က Update ထွက်တာ တစ်ပါတ်ကျော်လောက်ပဲ ရှိပါသေးတယ်.. အခု Build 5 ထပ်ထွက်လာပြန်ပါတယ်..။ IDM ကို Update လုပ်မိတဲ့ သူများအတွက် ဒီလို နောက်ဆုံးထွက် Update လေးတွေကလည်း အမြဲလိုအပ်နေပါတယ်..။ Full ဖြစ်အောင် လုပ်နည်း အပြည့်အစုံကိုတော့ မနေ့ကတင်ပေးလိုက်တဲ့ IDM 6.12 Build 3 ပိုစ့်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးခဲ့ပြီးပါပြီ.. မသိသေးတဲ့ သူများကတော့ ပြန်ကြည့်ပေးပါ..။ ဒီ IDM 6.12 Build 5 အတွက် ထည့်ပေးလိုက်တဲ့ Patch ဖိုင်လေးကတော့ အရင်ကောင်တွေနဲ့ ပုံမတူပါဘူး..။ ဒါပေမယ့် လုပ်နည်းတော့ အတူတူပါပဲ..။ ဒီ B 5 ရဲ့ Patch ကတော့ ရှေ့နောက် နာမည်တွေထည့်ဖို့ မလိုပါဘူး..။ အောက်က အပေါ်ဆုံးပုံအတိုင်း Patch စာသားကို တချက်ကလစ်ပေးလိုက်ရင် ရပါပြီ.. အဲဒီအဆင့် ကိုရောက်ဖို့ IDM ရဲ့ Install ဆွဲထည့်ထားတဲ့ ဖိုဒါလေးထဲမှာ Patch ဖိုင်လေးကို copy, paste နဲ့ ထည့်ပြီး.. R/C>>Run as administrator နဲ့ လုပ်မှ အောက်ကပုံတွေပေါ်တဲ့ အဆင့်ကို ရောက်လာမှာပါ..။ ဒါကြောင့် မသိသေးတဲ့ သူများကတော့ IDM 6.12 Build 3 ပိုစ့်ကို အရင် ဝင်ကြည့်ပေးပါ..။ အခုတော့ နောက်ဆုံး Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.4 MB ရှိပါတယ်..။

Extreme Copy Pro v2.2.1 (32-64 bit)

ဒီကောင်လေးကတော့ ကျနော်တို့ရဲ့ data တွေကို copy ကူးတဲ့ နေရာမှာ ပုံမှန်ထက် ပိုမိုမြန်ဆန်စေမယ့် ကောင်လေးပါပဲ.. ကျနော်လည်း စမ်းသုံးကြည့်ရင်းနဲ့ သဘောကျလို့ ဒီနေ့ဒါလေးကို တင်ပေးလိုက်ပါတယ်..။ သူ့မှာ 32-bit နဲ့ 64-bit ဆိုပြီး ၂မျိုးပါပါတယ်..။ မိမိတို့ OS နဲ့ ကိုက်ညီမယ့် ကောင်လေးကို ရွေးပြီး Install လုပ်ပါ..။ ပြီးရင်တော့ Notepad လေးထဲမှာ ပါတဲ့ key ကို copy ကူးထည့်ပြီး Full ဖြစ်အောင် လုပ်လိုက်ပါ..။ အောက်မှာ Key ထည့်တတ်အောင် ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 6.1 MB ရှိပါတယ်..

Internet Download Manager 6.12 Beta Build 3



Internet Download Manager 6.12 Beta Build 3 ကတော့ နောက်ဆုံးထွက်လာတဲ့ Update လေးပါ..။ ဒီနေ့ Cbox မှာလည်း တောင်းထားတဲ့ အစ်ကိုတစ်ယောက်ရှိတာနဲ့ IDM ကို Patch နဲ့ Full ဖြစ်အောင် ပုံလေးတွေနဲ့ လုပ်ပြပေးလိုက်ပါတယ်..။ မသိသေးတဲ့သူများအတွက် ဒီနည်းလေးနဲ့ အဆင်ပြေသွားပါလိမ့်မယ်..။ IDM မှ မဟုတ်ပါဘူး.. တခြားဘယ်ဆော့ဝဲလ်ပဲ ဖြစ်ဖြစ် Patch နဲ့ ဖူးဖြစ်အောင် ဒီနည်းနဲ့ပဲ လုပ်တာပါ..။ ဒါကြောင့် နောက်ပိုင်း Patch နဲ့တင်တဲ့ ဆော့ဝဲလ်တွေအားလုံး ဖူးဖြစ်အောင် လုပ်တတ်ဖို့ ဒီပိုစ့်ကိုပဲ ပြန်ပြန်ညွှန်းသွားပါ့မယ်..။ အခုတော့ IDM ကို Patch နဲ့ ဖူးဖြစ်အောင် မလုပ်တတ်သေးတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေ ဆက်ကြည့်ပေးပါ..။ နောက်တခုက IDM ကို မိမိတို့ စက်မှာ Update ဘောစ်ပေါ်တုန်းက Yes လုပ်မိလိုက်တဲ့ သူများကတော့ (IDM Register လုပ်ခိုင်းနေတဲ့သူများ) IDM နောက်ဆုံး ထွက်ကို ရှာပြီး Install ထပ်ဆွဲထည့်ပါ..။ ပြီးရင် သူ့ထဲမှာပါတဲ့ Patch ကိုယူ.. ဒီနည်းလေးအတိုင်း Patch ဖိုင်လေးကို သွားထည့်ပေးလိုက်ပါ.. အခုတော့ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူထားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.6 MB ရှိပါတယ်..

Xilisoft Photo Slide Show Maker v1.0.2

ဒီကောင်လေးကတော့ မိမိတို့ရဲ့ ဓါတ်ပုံတွေကို Slide Show လေးတွေပြုလုပ်ရတာ လွယ်ကူပါတယ်..။ Slide Show ရဲ့ နောက်ခံမှာ သီချင်းလေးပါ ထည့်ပြီး Save လုပ်လို့ရပါတယ်.. Video ဖိုင်ဖေါ်မတ်.. Youtube ကိုတင်မယ့်ဖိုင်ဖေါ် မတ်တွေအပြင် တခြား ဖေါ်မတ်အတော်များများကို စပို့လုပ်ပေးပါတယ်..။ သူ့အတွက် Keygen လေးပါထည့်ပေးထားပါတယ်..။ ဒါပေမယ့် ဒီကောင်လေးရဲ့ Keygen လေးကတော့ မသိသေးတဲ့ သူများအတွက် လုပ်ရခက်ပါတယ်...။ တခြား Keygen တွေနဲ့ မတူလို့ပါ..။ ဒါကြောင့်မို့ အောက်မှာပုံလေးတွေနဲ့ Keygen လေးကို အသုံးပြုပြီး Full ဖြစ်အောင်လုပ်ပြထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူထားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 38.3 MB

Microsoft Office 2010 Activator Toolkit & Serial Keys


Microsoft Office 2010 Activator Toolkit & Serial Keys ကတော့ ကိုthuyein က Cbox မှာ ပြန်လည်မျှဝေပေးထားတာ လေးပါ..။ နောက်ပိုင်း ပြန်ရှာရလွယ်အောင်လို့ ကျနော်က ဒီနေရာမှာ  ပြန်လည်ဖေါ်ပြ ပေးလိုက်တာပါ..။ ဒီ Activator နဲ့ Serial Keys လေးတွေက Microsoft Office 2010 ဗါးရှင်းအားလုံးကို အသုံးပြုလို့ ရမယ်လို့ ပုံသေမမှတ်သင့်ပါဘူး..။ အဆင်ပြေမယ့် Version တွေရှိနိုင်သလို၊ အဆင်မပြေ နိုင်တာလေးတွေလည်း ရှိနေမှာပါ..။ Microsoft ကုမ္ပဏီက အများနဲ့ လုပ်တာဖြစ်တဲ့ အတွက် Serial Key တခုထဲနဲ့ Products အားလုံးကို အသုံးပြုမှာ မဟုတ်ပါဘူး..။ ဒါကိုတော့ သဘောပေါက်ထား ရပါမယ်..။ Product တူနေရင်တောင် Version အလိုက် သူ့ရဲ့ Serial Keys တွေကို လိုက်ပြောင်းထားမှာပါ..။ Windows7 ချင်းတောင် မတူပါဘူး..။ Acer Windows7 Home Premium 64-bit မှာ ထည့်ထားတဲ့ Product Key နဲ့ Dell Windows7 Home Premium 64-bit မှာ ပါလာတဲ့ Product Key ချင်းတောင်မတူပါဘူး..။ အဲလိုမျိုး ပြောင်းလဲပြီး Serial Keys တွေကို အသုံးပြုထားမှာပါ..။ ကျနော်တို့ကတော့ တခုပြီးတခု စမ်းကြည့်ရမှာပါ..။ သူ့ဟာနဲ့သူ တိုက်ဆိုင်ပြီး အဆင်ပြေသွားရင် အမြတ်ရတာပေါ့..။ အဆင်မပြေတော့လဲ အရင်းပေါ့ဗျာ..။ အရှုံးမရှိပါဘူး..။ အခုဒီကောင်လေးကို ကိုthuyein ကအသုံးပြုပုံ လုပ်နည်း လေးပါ Notepad လေးနဲ့ ရေးပေးထားပါတယ်..။ အားလုံးအတွက် ပြန်လည်မျှဝေပေးတဲ့ အတွက် ကိုthuyein ကို ကျေးဇူးတင်ပါတယ်..။ ကျနော်က တခြားဆိုဒ်တွေမှာပါ ပြန်တင်ပေးလိုက်ပါတယ်..။ စမ်းမကြည့်ပဲနဲ့တော့ အဆင်မပြေနိုင်ပါဘူး..။ လိုအပ်တဲ့သူများတော့ စမ်းသုံးကြည့်သင့်ပါတယ်..။ ဒီတစ်ယောက်နဲ့ အဆင်မပြေပေမယ့် တခြားတစ်ယောက်အတွက် အဆင်ပြေချင်ပြေနေမှာပါ..။ အားလုံးကို စမ်းသုံးကြည့်သင့်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ယူထားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2.4 MB ရှိပါတယ်..။

All Adobe CS6 Full Activation Crack And Serial Keys With Instructions [MKDEV]

ဒါလေးကတော့ Adobe CS6 Product အားလုံးကို Full ဖြစ်အောင်လုပ်ပေးနိုင်ပါတယ်..။ သူ့ထဲမှာ  Activation ဖြစ်အောင် လုပ်ပေးမယ့် Crack ဖိုင်လေးတွေနဲ့ Serial Keys တွေပါပါတယ်..။ လုပ်နည်း Instructions ဖိုင်လေးကို Notepad လေးနဲ့ ရေးပေးထားပါတယ်..။ မူရင်းအတိုင်း အင်္ဂလိပ်လို ရေးထားပါတယ်..။ Instructions လေးအတိုင်း လုပ်ပေးလိုက်ရင် Adobe CS6 Product အားလုံးကို ဖူးသုံးလို့ ရသွားပါလိမ့်မယ်..။ စမ်းကြည့်ချင်တဲ့ သူများအတွက် ကျနော်အောက်မှာ လင့်လေးချိတ်ပေးလိုက်ပါတယ်..။ Adobe ဆိုဒ်ကိုသွားပြီး မိမိတို့ လိုချင်တဲ့ Product တခုကို ကလစ်လိုက်ရင် သူ့ရဲ့ဒေါင်းလော့ဒါလေး ချပေးပါလိမ့်မယ်.. အဲဒါလေးကို စက်ထဲမှာ Install ဆွဲထည့်ပြီး မိမိတို့လိုချင်တဲ့ ပရိုဂရမ်ကို ဒေါင်းယူဖို့အတွက် Create an Adobe ID ဆိုတဲ့ စာသားနေရာကို ကလစ်ပြီး Adobe အကောင့်တခု ဖွင့်ရပါမယ်..။ Free ဖွင့်ရတဲ့ အကောင့်ပါ..။ အကောင့်ရရင်တော့ Latest Programs တွေကို ဒေါင်းယူလို့ ရပါပြီ..။ Adobe ဆိုဒ်ကို ဒီလင့်ကနေ သွားပါ.. http://www.adobe.com/downloads/ ..။ နောက်ပြီး မိမိတို့ ဒေါင်းထားတဲ့ ပရိုဂရမ်တခုကို တစ်ရက်ထဲနဲ့ မပြီးရင်.. ၃၊၄ ရက်ခွဲပြီး ဒေါင်းယူလို့ ရပါတယ်.. စက်ပိတ်တော့မယ်ဆိုရင် Pause နေရာကို တချက်ကလစ်ပြီး စက်ပိတ်လိုက်လို့ ရပါတယ်..။ နောက်ရက်စက်ပြန်ဖွင့်တဲ့ အခါ ၎င်းနေရာကိုပဲ ပြန်နှိပ်ပြီး ဆက်ဒေါင်းလို့ အဆင်ပြေပါတယ်..။ All Adobe CS6 တွေအတွက်  Activation Crack နဲ့ Serial Keys တွေကိုတော့ အောက်က အဆင်ပြေတဲ့ လင့်တွေကနေ ဒေါင်းယူထားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.8 MB ရှိပါတယ်..။ ထုံးစံအတိုင်း Adfly webpage လေး ခံထားပါတယ်..။

Portable Adobe InDesign CS5


 Portable Adobe InDesign CS5.5 ကတော့ မထင်မှတ်ပဲ ရလာတာပါ..။ ကျနော်ရှာတာက  InDesign CS6 ပါ..။ InDesign CS6 တွေက ရတော့ရတယ်..။ ဖိုင်ဆိုဒ်တအားကြီးနေလို့ ပြန်တင်ပေးဖို့ အဆင်မပြေဘူး..။ တခြား ဆိုဒ်သေးတဲ့ InDesign CS6 ကို ထပ်ရတဲ့ အခါကျမှ ထပ်တင်ပေးသွားပါ့မယ်..။ သူငယ်ချင်းတစ်ယောက်ကတော့ အကြံပေးဖူးတယ်..။ ဖိုင်ဆိုဒ်ကြီးတာတွေကို ဖိုင်တွေခွဲပြီး တင်ပါလားတဲ့..။ ကျနော် အတတ်နိုင်ဆုံး ဖိုင်မခွဲပဲ တင်ပေးချင်ပါတယ်..။ ဘာလို့လဲဆိုတော့ အရင်တုန်းက ကျနော်လည်း မြန်မာနည်းပညာဆိုဒ်တွေက ဖိုင်တွေခွဲတင်ပေးထားတဲ့ ဆော့ဝဲလ်တွေကို ဒေါင်းဖူးပါတယ်..။ ပြန်ပေါင်းတဲ့ အခါမှာ Error တက်တာများတယ်..။ ပေါင်းလို့ရတာတွေလည်း ရှိခဲ့ပါတယ်..။ ဒါပေမယ့် နည်းတယ်..။ ဖိုင်တွေပြန်ပေါင်းမရရင် စိတ်ညစ်ဖို့ ကောင်းပါတယ်..။ ဒေါင်းထားတဲ့ အပိုင်းတွေက အများကြီး..။ ကျနော် ဖိုင် ၄၀ ကျော်ရှိတဲ့ Windows7 ခွေ၊ အပိုင်းအားလုံး ဒေါင်းဖူးတယ်.. ပြန်ပေါင်းလို့ မရဘူး..။ ဖျက်ပစ်ရမှာလည်း နှမျှောလို့ ဒီတိုင်းပဲ ထားထားတယ်..။ တခြား ဆော့ဝဲလ်တွေလည်း အများကြီး အပိုင်းတွေနဲ့ ဒေါင်းဖူးတယ်..။ ဖိုင်တွေပြန်ပေါင်းလို့ ရတာ နည်းပါတယ်..။ Error တက်ပြီး ပြန်ပေါင်းမရတာ များတယ်..။ ဒါကြောင့် ဖိုင်တွေခွဲတင်ပေးဖို့ သိပ်စိတ်မပါတာ..။ အခြေနေရပေါ့ဗျာ..။ နောက်ပိုင်း တင်ပေးတဲ့ ဆော့ဝဲလ်တွေက ဖိုင်ခွဲတင်မှ အဆင်ပြေနိုင်မယ်ဆိုရင်တော့ ဖိုင်တွေခွဲတင် ပေးတာပေါ့..။ အခုတော့ ဒီကောင်လေးကို လိုအပ်တဲ့သူများက အောက်ကလင့်တွေကနေ ဒေါင်းယူထားလိုက်ပါ..။ ဖိုင်ဆိုဒ်ကတော့ 243 MB ရှိပါတယ်..။ ဒီပရိုဂရမ်ကို ဘာအတွက် အဓိကသုံးလဲဆိုတော့ ကျနော်တို့ ဟိုးအရင်တုန်းက Page maker နဲ့ ဖိတ်စာကတ်၊ လိပ်စာကတ်တွေ လုပ်ခဲ့ကြတယ်..။ အခုဒီဆော့ဝဲလ်က အဲဒီ Page Maker ကိုပြန်လည် ဆန်းသစ်ထားတဲ့ ပရိုဂရမ်တခုပါ..။ ဒီကောင်မှာတော့ အတော်လေးကို အစုံသုံးလို့ ရတယ်..။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ ပိုစတာ ဒီဇိုင်းတွေ၊ တော်တော်များများကို အသုံးဝင်ပါတယ်..။ Page Maker ကို အကျွမ်းတဝင် ရှိတဲ့သူတွေအတွက် ဒီဆော့ဝဲလ်ကို အလွယ်လေး အသုံးပြုတတ်မှာပါ..။ အောက်မှာ Video လေးတွေနဲ့ အသုံးပြုပုံ အနည်းငယ်ကို Beginner တွေအတွက် လေ့လာရေးသဘောမျိုး ကြည့်လို့ ရအောင် တင်ပေးထားပါတယ်..။ ကျနော် ဒီဖိုင်ကို Adf.ly webpage လေးကြားခံထားပါတယ်..။ အောက်ကပုံလေးကို ကြည့်ပြီး ဒီဖိုင်ကို ဒေါင်းယူနိုင်ပါတယ်..။

Portable Microsoft Office Standard 2010 Mini FR-EN


ကျနော် ဒီ Portable Microsoft Office 2010 ကိုရှာနေတာ ကြာပါပြီ..။ PDF ဖိုင်လုပ်ချင်တဲ့ သူများအတွက်..  PDF Files များဖန်တီးခြင်း ပိုစ့်ပြီးကတည်းက တင်ပေးချင်နေတာ..။  ရှာမတွေ့ဘူး ဖြစ်နေလို့..။ အခုမှပဲ ဒီကောင်လေးကို ရလာလို့ ပြန်လည်တင်ပေးလိုက်ပါတယ်.. သူ့ထဲမှာ ပါတာတွေကတော့ Microsoft Word 2010 ၊ Microsoft Excel 2010 ၊ Microsoft PowerPoint 2010 ဒီသုံးမျိုး ပါပါတယ်..။ အားလုံး ကျနော်စမ်းသုံးကြည့်ပြီးပါပြီ.. OK ပါတယ်..။ Microsoft Word နဲ့ PDF ဖိုင်တွေဖန်တီးလို့လည်း အဆင်ပြေပါတယ်..။ အဆင်မပြေတာတခုက သူ့အတွက် ကီးအမှန်ကို ရှာလို့ မတွေ့သေးဘူး..။ ဒါပေမယ့် ရက်၃၀တော့ သုံးလို့ ရပါတယ်..။ လိုအပ်တဲ့သူများကတော့ ဒါလေးကို အရင်ဒေါင်းယူထားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 193 MB ရှိပါတယ်..။    ကျနော့်ဆီမှာ Connection ကောင်းတုန်း ဖိုင်ဆိုဒ်ကြီးတာတွေ အရင်တင်ပေးချင်လို့ပါ..။ နောက်ပိုင်း သူ့အတွက် ကီးအမှန်လေးတွေ ရလာရင် ထပ်တင်ပေးသွားပါ့မယ်..။ ကျနော့်ဆိုဒ်မှာ လာလည်တဲ့ သူငယ်ချင်းတို့ဆီမှာလည်း Serial Key လေးတွေရှိရင် Cbox မှာရေးပေးခဲ့ပြီး အားလုံးအတွက် ပြန်လည်မျှဝေခဲ့ကြပါ..။ 
PDF ဖိုင်တွေဖန်တီးဖို့နဲ့ PDF ဖိုင်တွေ ဖတ်နိုင်ဖို့အတွက် လိုအပ်တဲ့ ဆော့ဝဲလ်တွေကတော့ ကျနော့်ဆိုဒ်မှာ အရင်ကတည်းက တင်ပေးထားခဲ့ပြီးသားပါ..။ ဒီပိုစ့်ကနေ အလွယ်ရှာလို့ ရအောင် ကျနော်အောက်မှာ လင့်တွေချိတ်ပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ တခါတည်း ဝင်ယူသွားလိုက်ပါ..

Portable Adobe Illustrator CS6


 Adobe Illustrator CS6 ကို အောက်မှာ Video ဖိုင်လေးတွေ ကြည့်ရင်း.. ဒီပရိုဂရမ်ရဲ့ အသုံးဝင်ပုံတွေနဲ့ ထူးခြားချက်တွေကို မျက်မြင်သင်ယူခွင့် ရမှာဖြစ်ပါတယ်..။ 3D Design မျိုးစုံပြုလုပ်တဲ့ နေရာမှာတော့ ဒီကောင်လေးက တော်တော်လေးကို အသုံးဝင်ပါတယ်..။ စာလုံးဒီဇိုင်း ၊ အဆောက်အဦး ဒီဇိုင်းတွေနဲ့ ကာတွန်းတွေ၊ မြေပုံတွေကို ဒီ Illustrator ဆော့ဝဲလ်နဲ့ ဖန်တီးတတ်ကြပါတယ်..။ လူကြိုက်များတဲ့ နာမည်ကြီး ဆော့ဝဲလ်တခုပါ..။ အောက်မှာ Beginner တွေအတွက် Video လေးတွေ၊ ချိတ်ပေးလိုက်ပါတယ်..။ Video လေးတွေကြည့်ပြီ.. ကိုယ်တိုင် လိုက်မလုပ်တတ်ရင်တောင် အနည်းဆုံးတော့ မျက်မြင်ဗဟုသုတ တိုးပွါးပြီ.. အမြင်ကျယ်သွားတာပေါ့ဗျာ..။ ဒီဆော့ဝဲလ်က ဒီလိုတွေ အသုံးဝင်ပါလား ဆိုတာသိသွားရင် ဆော့ဝဲလ်တွေကို တန်ဖိုးထားတတ်.. ရှာဖွေစုဆောင်းတတ်ပြီး.. ဖြေးဖြေးချင်း လေ့လာသွားမယ်ဆိုရင် မိမိတို့အတွက် အများကြီး တန်ဖိုးရှိတဲ့ ပညာတွေကို တတ်မြောက်အောင်မြင်မှာ သေချာပါတယ်..။ ဒီပရိုဂရမ်တွေက မူရင်းဆိုဒ်မှာ ရောင်းစားတဲ့ ဆော့ဝဲလ်တွေပါ..။ ဖရီးမပေးပါဘူး..။ မကြာခင် ဒီအောက်ကလင့်တွေကို ရှာတွေ့သွားရင် အဖျက်ခံရမှာပါ..။ ဒါကြောင့် ရတုန်းလေး ယူထားကြပါလို့.. ဖိုင်ဆိုဒ်တော့ နည်းနည်းများတယ်.. 182 MB ရှိပါတယ်..။ နောက်ပိုင်းဒီလို ဖိုင်ဆိုဒ်ကြီးတဲ့ ဆော့ဝဲလ်မျိုးကို ပြန်တင်ပေးဖို့ဆိုတာ သိပ်တော့ မလွယ်လှဘူး..။ အခုတော့ လိုင်းကောင်းတုန်းမို့လို့ တင်ပေးဖြစ်သွားတာပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူထားလိုက်ပါဗျာ.. Adf.ly Webpage လေးကြားခံထည့်ထားပါတယ်..။

Portable Adobe Premiere Pro CS3


ဒီ Adobe Premiere Pro CS3 လေးကတော့.. ကျနော့် သူငယ်ချင်းတစ်ယောက် တောင်းထားတာ ကြာပါပြီ..။ ကျနော့်မှာလည်း အဆင်သင့် မရှိသေးလို့ တင်မပေးဖြစ်တာ.. အခုမှ ဒီကောင်လေးကို ရလာလို့.. ပြန်လည်တင်ပေးလိုက်ပါတယ်..။ Video Editing လုပ်တဲ့ ပရိုဂရမ်တခုပါပဲ..။ ကျနော်ရှာတာက Premiere CS6 ပါ..။ ရလာတာက CS3 ..။ ဘာပဲဖြစ်ဖြစ် သုံးလို့ရဖို့က အဓိကပါ..။ နောက်ပိုင်း Premiere CS6 ရလာတဲ့ အခါ ထပ်တင်ပေးသွားပါအုန်းမယ်..။ ဒီကောင်လေးကို ဘာအတွက်သုံးလဲဆိုတော့.. ကျနော်တို့ ရုပ်ရှင်တွေ Video တွေကို Effect တွေထည့်ဖို့.. စာတန်းထိုးတဲ့ အခါ စာလုံးတွေ ဝဲပျံကျလာအောင် အရောင်မျိုးစုံ ဒီဇိုင်းမျိုးစုံနဲ့ ပုံစံအမျိုးမျိုး ပြုလုပ်၊ ဖန်တီးယူလို့ ရပါတယ်..။ Video ဖိုင်တွေ တခုနဲ့တခု ဖြတ်ဆက်တာမျိုး..  ရုပ်ရှင်ဖိုင် နှစ်ခုကြားမှာ Fade in ၊ Fade out တွေကအစ ဘယ်လိုထည့်သုံးရလဲဆိုတာ Video ဖိုင်လေးပါ ပြပေးထားပါတယ်..။  မသိသေးတဲ့၊ မသုံးတတ်သေးတဲ့ သူများအတွက် ကျနော်အောက်မှာ Video ဖိုင်လေး ၂ခုရှာပြီး လင့်ချိတ်ပေးလိုက်ပါတယ်..။ အခုမှ စလေ့လာမယ့် သူတွေအတွက် Beginner Guide လေးပါ..။ ကျနော့်ဆိုဒ်ထဲကနေ တခါတည်း ကြည့်လို့ရအောင်.. သိမ်းထားချင်ရင်လည်း ဒေါင်းယူသိမ်းထားလို့ရအောင် ဒါရိုက်လင့်နဲ့ ချိတ်ဆက်ပေးထားပါတယ်..။ ဒီ Portable Adobe Premiere Pro CS3 ဖိုင်ဆိုဒ်တော့ နည်းနည်းများတယ်..။ 155.6 MB ရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဒီကောင်လေးကို ဖွင့်တဲ့အခါမှာ Double Click နဲ့ ဖွင့်မရခဲ့ရင်.. Right Click ထောက်ပြီး Run as administrator ကို ကလစ်၍ ဖွင့်သုံးနိုင်ပါတယ်..။ ကျနော်စက်မှာ အဲဒီလိုဖွင့်မှ သုံးလို့ ရလို့ပါ..။ နောက်ပြီး ကျနော်ဒီဖိုင်လေးကို အမြန်အဖျက်မခံရအောင် Adf.ly webpage လေးကြားခံထည့်ထားပါတယ်..။ အောက်ကပုံလေးအတိုင်း ကြည့်ပြီးဒေါင်းယူနိုင်ပါတယ်..။

Internet Download Manager 6.12 Beta Build 2


Internet Download Manager Update အသစ်လေး မနေ့ကမှ ထွက်လာလို့ တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးအတွက် Patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ Patch နဲ့ ဖူးဖြစ်အောင်လုပ်နည်း ကိုတော့ အားလုံးပဲလိုလို သိပြီး ဖြစ်မှာပါ..။ ဒါကြောင့် ပုံလေးတွေနဲ့ လုပ်မပြတော့ပါဘူး..။ အင်တာနက် သုံးတတ်တဲ့သူတိုင်း ဒီ IDM လေးတွေကို ဆောင်ထားတတ်ကြလို့ Update ထွက်တိုင်း တင်တင်ပေးနေတာပါ..။ နောက်ပြီး IDM Update လုပ်မိတဲ့သူများအတွက် မရှိမဖြစ် လိုအပ်ပါတယ်..။ ဒါကြောင့် လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.9 MB ရှိပါတယ်..

Minitool Partition Wizard Server Edition v7.1


 http://lwinminbo.blogspot.com/2012/04/hard-disk-partition.html
မိုး   2 May 2012 06:18
အဲဒီနည်းနဲ့ ကွန်ပျူတာ အသစ်ကို ပါတေးရှင်း ၅ခုခွဲတာ တစ်ခုပဲရတယ် ကျန်တာ အယ်ရာပြနေတယ် နောက်ဆုံးတစ်ဆင့်ကိုမရဘူး ပြန်ဖျက်လို့လဲမရဘူး ကူညီပါအုံးဗျာ
ဒီ Comment လေးကတော့ နည်းနည်း ကြာနေပါပြီ..။ Hard Disk ကို Partition ခွဲနည်း ပိုစ့်မှာ ရေးထားတဲ့ အစ်ကိုမိုးရဲ့ Comment လေးကို ပြန်လည် သတိရလာလို့.. ကျနော်ကိုယ်တိုင်လည်း စက်အသစ်ကို Partition ခွဲလို့ မရတဲ့ ပြဿနာကြုံလာမှ အဖြေကို လိုက်ရှာရင်း.. ဒီဆော့ဝဲလ်လေးနဲ့ အဆင်ပြေသွားပါတယ်..။ ကျနော့်လိုပဲ အခက်အခဲကြုံနေတဲ့ သူများအတွက် အသုံးပြုတတ်အောင်လို့ ဒီကောင်လေးနဲ့ အသုံးပြုနည်း လေးတွေကို ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..။ ဒီကောင်လေးနဲ့ Hard Disk တခုလုံးကို အစုံသုံးလို့ ရပါတယ်..။  Resize/Move partitions, Merge Partition, Change Cluster Size, Copy Partition, Copy Disk, Create partition and Delete partitions, Format partitions, Convert partitions, Explore partitions, Hide and Unhide partitions, Set active partition, Convert Dynamic Disk to Basic Disk, ဟတ်ဒစ်အတွက် အားလုံးနီးပါပါပဲ.. ဒီပိုစ့်မှာတော့ Partition ခွဲတာကိုပဲ ရှင်းပြသွားမှာပါ..။ ဟိုးအရင်တုန်း စက်တလုံးမှာ Dynamic Disk ဖြစ်နေလို့ ဘယ်လိုမှ  Partition ခွဲလို့မရဖြစ်ဖူးပါတယ်..။ အဲတုန်းက ဒီကောင်လေးကို မသိခဲ့လို့  Partition ထဲက Data တွေအားလုံး ပျက်စီးသွားခဲ့ ရပါတယ်..။ ခုချိန်မှာတော့ ဒီကောင်လေးနဲ့ ဟတ်ဒစ်တခုလုံးကို အသုံးပြုလို့ ရသွားပါပြီ.. အသုံးပြုရတာ လွယ်ပေမယ့် မသုံးတတ်သေးတဲ့ သူများအတွက် အောက်မှာ  Partition ခွဲနည်းကို ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..။ တခြား အသုံးဝင်တာတွေကိုတော့ မိမိတို့ဖာသာ ဖြေးဖြေးချင်း စမ်းသပ်အသုံးပြုကြည့်ကြပါဗျာ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါ..။ ဖိုင်ဆိုဒ်ကတော့ 10.1 MB ရှိပါတယ်..။ သူ့အတွက် ကီးလေးပါ ထည့်ပေးထားပါတယ်..။

Macromedia Dreamweaver Portable version 8.0.2


ဒီကောင်လေးကတော့ Macromedia Dreamweaver Portable လေးပါ..။ Dreamweaver တင်လက်စနဲ့ ဒီကောင်လေးပါ တင်ပေးလိုက်ပါတယ်..။  Adobe Dreamweaver CS6 ကဖိုင်ဆိုဒ်များလို့ ဒေါင်းယူဖို့ အဆင်မပြေတဲ့ သူများအတွက် ဒီကောင်လေးနဲ့လည်း Web Site တွေပြုလုပ်ဖို့ အဆင်ပြေပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 66.5 MB ရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူလိုက်ပါဗျာ..။ ဒီဖိုင်လေးကိုလည်း adf.ly - Web Page တခုကြားခံထားပြီး တင်ပေးထားပါတယ်..။ 

Portable Adobe Dreamweaver CS6

Adobe Dreamweaver CS6 Portable လေးပါ..။ ဒီကောင်လေးနဲ့ Web Site ကောင်းလေးတွေကို ဖန်တီးချင်တဲ့ Blogger ညီအစ်ကို မောင်နှမများအတွက် တင်ပေးလိုက်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ နည်းနည်းများပါတယ်..။ 317 MB ရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ..။
ကျနော်ဒီဖိုင်တွေကို တင်ပေးရတာ လိုင်းသိပ်မကောင်းလို့ နည်းနည်း အခက်အခဲရှိပါတယ်..။ နောက်တခါပြန်တင်ပေးဖို့ ဆိုတာလည်း သိမ်တော့မလွယ်ပါဘူး..။ ဒါကြောင့် အမြန်အဖျက်မခံရအောင် ကြားထဲမှာ adf.ly စာမျက်နှာတခု ထည့်ထားပေးပါတယ်..။ အောက်ကပုံလေးအတိုင်း ၅စက္ကန့် စောင့်ပေးပြီး SKIP AD စာသား အဝါရောင်လေးကို တချက်ကလစ်လိုက်ရင် ဒီဖိုင်ကို ဒေါင်းယူလို့ ရပါပြီ..

Magic ISO Maker v5.4 Build 239



ISO ဖိုင်တွေကို အခွေကူးဖို့ ဒီကောင်လေးက အသုံးဝင်ပါတယ်..။ Windows7 ခွေတွေလို Boot တက်ဖို့ CD/DVD ကူးမယ်ဆိုရင်တော့ ISO Maker လေးတွေက သုံးရတာ လွယ်ကူပါတယ်..။ Nero လို ဆော့ဝဲလ်မျိုးတွေနဲ့လည်း ISO ဖိုင်တွေကို DVD ခွေကူးလို့ ရပါတယ်..။ ဒါပေမယ့် ဖိုင်ဆိုဒ်ကြီးလွန်းတဲ့ အတွက် တင်ပေးရတာလည်း မလွယ်ပါဘူ..။ ဒီကောင်လေးရဲ့ ဖိုင်ဆိုဒ်ကတော့ 2.6 MB ပဲရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူလိုက်ပါဗျာ..။ သူ့အတွက်ကီးလေးပါ ထည့်ပေးထားပါတယ်..။ အောက်ကပုံလေးအတိုင်း Install ဆွဲပြီး ကီးထည့်ပေးလိုက်ရင် သုံးလို့ ရပါပြီ..

All Adobe CS6 Products Activator


Adobe cs6 Products အားလုံးအတွက် ဒီကောင်လေးကို ဆောင်ထားလိုက်ရင် အဆင်ပြေနိုင်ပါတယ်..။ ကျနော်က CS6 Portable လေးတွေပဲ အသုံးများလို့ ဒီကောင်လေးကို သေချာအသုံးဝင် မဝင်ဆိုတာ မသိရသေးပါဘူး..။ ဘာပဲဖြစ်ဖြစ်ဆောင်ထားသင့်ပါတယ်..။ ဖိုင်ဆိုဒ်က သေးသေးလေးပါ..။ 685 kb ပဲရှိပါတယ်..။ ဒီဖိုင်လေးကို အမြန်အဖျက်မခံရအောင်လို့ WEB Page တခုကြားမှာခံပြီး တင်ပေးထားပါတယ်..။ အောက်ကပုံလေးအတိုင်း ၅စက္ကန့် စောင့်ပြီးရင် ဒေါင်းယူလို့ ရပါပြီ..။ 

Adobe Flash Player 11 Plugin 2 Free Download

 30 Jun 12, 10:24 PM
zero: adobe fiash player လေးပျောက်နေတယ် ဘယ်လိုလုပ်ရမလဲ အကို
4 Jul 12, 01:22 AM
soe: ကျနောစက်မှာ youtube ကြည့်လို့မရတော့လို့ ကူညီပါဦးဗျာ
4 Jul 12, 01:24 AM
soe: google crome မှာတော့ ကြည့်လို့ရတယ်....firefox မှာမရဘူြးှဖစ်နေလို့ပါ
ဒါလေးကတော့ မသိသေးတဲ့ သူများအတွက် အခက်အခဲတခု ဖြစ်နေမှာပါ..။ Mozilla Firefox ကို Install ဆွဲထည့်ပြီးတဲ့ အခါ ဒီ Adobe Flash Player လေးကိုလည်း Install ဆွဲထည့်ပေးဖို့ လိုပါတယ်..။ ဒါမှသာ Mozilla နဲ့ ရုပ်ရှင်တွေ ဗွီဒီယိုတွေကို ကြည့်လို့ ရမှာပါ..။ အပေါ်မှာပြန်လည် ဖေါ်ပြထားသလို မေးလာတဲ့ အစ်ကို၂ယောက်ရှိတဲ့ အတွက်.. တခြားသူများလည်း ဒီလို ပြဿနာလေးတွေ ကြုံတဲ့အခါ ဖြေရှင်းရလွယ်အောင် ဒီ Adobe Flash Player လေးကို ဆောင်ထားသင့်ပါတယ်..။ ဒီကောင်လေးက Free Software လေးပါ..။ သူ့ရဲ့ မူရင်းဆိုဒ်မှာလည်း သွားဒေါင်းယူလို့ ရပါတယ်..။ ကျနော်က အဆင်ပြေအောင် ဒီနေရာမှာပဲ တခါတည်းတင်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 2.6 MB ရှိပါတယ်..

CyberLink PowerDVD 12.0


ဒီဆော့ဝဲလ်လေးက သီချင်း၊ ဓါတ်ပုံ၊ ဗွီဒီယို ဖေါ်မတ်အားလုံး သုံးလို့ရတဲ့ ကောင်လေးပါ..။ နောက်ပြီး Blu-ray နဲ့ 3D ရုပ်ရှင်တွေပါ ကြည့်လို့ ရပါသေးတယ်..။ ဖိုင်ဆိုဒ်ကတော့ နည်းနည်းများပါတယ်.. 144.7 MB ရှိပါတယ်..။ သူ့အတွက် Crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ မိမိတို့ရဲ့ ဝင်းဒိုးအလိုက် 32-bit လား 64-bit လားဆိုတာ ရွေးပြီး Crack လေးကို Install ဆွဲထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရပါပြီ..။ တခုသတိပြု ရမှာက ဆော့ဝဲလ်ကို Install ဆွဲထည့်ပြီးရင် အရင်မဖွင့်ပါနဲ့..။ ပိတ်ထားလိုက်ပါ..။ Crack ကို Install ဆွဲထည့်ပြီးမှ ဒီပရိုဂရမ်ကို ဖွင့်သုံးပါ.. ဒီဆော့ဝဲလ်နဲ့ ပါတ်သက်လို့ သူ့ဆိုဒ်မှာ ရေးထားတဲ့ အတိုင်း အောက်မှာ ပြန်လည်ဖေါ်ပြ ပေးလိုက်ပါတယ်..
PowerDVD is the number one choice for media entertainment on PCs and the only player software you need for all your media content and entertainment devices.PowerDVD is designed to deliver state-of-the-art media entertainment and the best player experience available, resulting in maximum enjoyment of your HD & 3D media.PowerDVD 12 plays all types of media content - movies, videos, photos and music, and brings the best in video and audio technologies to upgrade all your viewing experience to HD and 3D, including streamed content via home network, or, Youtube, Facebook and Flickr pages.  PowerDVD 12 is the ultimate entertainment software you need anywhere at home and on-the-road.
လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..

Ulead Video Studio 11

ဒါလေးကတော့ Video Editing လုပ်ချင်တဲ့ သူများအတွက် တင်ပေးလိုက်ပါတယ်..။ ကျနော့်သူငယ်ချင်းတွေ ထဲမှာလည်း ဒီလိုဆော့ဝဲလ်လေးတွေ တင်ပေးဖို့ တောင်းဆိုထားလို့ ဖိုင်ဆိုဒ်သေးတာလေးတွေ လိုက်ရှာရင်းနဲ့ အခုမှ တင်ပေးဖြစ်သွားပါတယ်..။ တခြားဆော့ဝဲလ်တွေက ဒီကောင်လေးထက် အများကြီး ဖိုင်ဆိုဒ်ကြီးပါတယ်..။ ရှာလို့ တွေ့တဲ့ထဲမှာ ဒီကောင်လေးက ဖိုင်ဆိုဒ်သေးလို့ ဒါလေးကို အရင်တင်ပေးလိုက်ပါတယ်..။ Video Editing ဆော့ဝဲလ်တိုင်းဟာ ဖိုင်ဆိုဒ်ကြီးကြပါတယ်..။ အဲထဲမှာမှ ဒါလေးကဖိုင်ဆိုဒ်သေးလို့ပါ..။ Effect တွေများလွန်းတဲ့ အတွက် အသုံးပြုပုံကို ပုံလေးတွေနဲ့ ပြပေးဖို့ အဆင်မပြေလို့ ဒီတိုင်းပဲ တင်ပေးလိုက်ပါတယ်..။ သူ့အတွက် ကီးလေးပါ ထည့်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 189.6 MB ရှိပါတယ်..။

Internet Download Manager v6.12 beta


Internet Download Manager v6.12 beta version လေးတင်ပေးလိုက်ပါတယ်..။ IDM Update လုပ်မိတဲ့သူများအတွက် နောက်ဆုံးထွက် Update လေးတွေ လိုအပ်ပါတယ်..။ ဒါကြောင့်တင်ပေးလိုက်တာပါ..။ သူ့အတွက် Patch ဖိုင်လေးပါ ထည့်ထားပေးပါတယ်..။ Patch ထည့်နည်းကတော့ အရင်တုန်းက ပိုစ့်တွေ အတိုင်းပါပဲ...။ လုပ်ပုံလုပ်နည်း အတူတူပါပဲ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူလိုက်ပါ..။ ဖိုင်ဆိုဒ်ကတော့ 4.6 MB ရှိပါတယ်..။ 
Related Posts Plugin for WordPress, Blogger...