Any Video Converter v3.3.9 Software Free Download

 ဒီကောင်လေးကတော့ Update အသစ်ထွက်လာတာလေးကို တင်ပေးလိုက်ပါတယ်..။ သူ့မှာသုံးလို့ ရတာတွေကတော့ အများကြီးပါ..။ ဖေါ်မတ်အားလုံးနီးပါး သုံးလို့ ရပါတယ်.. ပိုကောင်းတာတခုက တခါတည်းနဲ့ DVD ပါ Burn လို့ ရပါတယ်.. ဒီကောင်လေး ပြောင်းပေးနိုင်တဲ့ Format တွေကတော့ သူ့ဆိုဒ်မှာ ရေးထားတဲ့ အတိုင်း ဖေါ်ပြလိုက်ပါတယ်.. 
Any Video Converter is an All-in-One video converting tool with easy-to-use graphical interface, fast converting speed and excellent video quality. It allows you to effortlessly convert video files between every format! It can convert almost all video formats including DivX, XviD, MOV, rm, rmvb, MPEG, VOB, DVD, WMV, AVI to MPEG-4 movie format for iPod/PSP or other portable video device, MP4 player or smart phone. It also supports any user defined video file formats as the output. Any Video Converter makes it easy for anyone to enjoy the any format video with your iPod, PSP, mobile phone or MP4 player. 
လိုအပ်တဲ့ သူများကတော့ အောက်က လင့်တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. အသုံးပြုနည်းကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်.. ဒီကောင်လေးရဲ့ ဖိုင်ဆိုဒ်ကတော့ 28 MB ရှိပါတယ်..

English Movies ကောင်းကောင်းကြည့်ချင်သူများအတွက် watch32.com (Free Movies Online)


English ရုပ်ရှင်ကားပေါင်း များစွာကို အင်တာနက်ကနေ ကြည့်လို့ ရမယ့် ဝဘ်ဆိုဒ်လေးတခုကို ဖေါ်ပြပေးလိုက်ပါတယ်..။ နိုင်ငံခြား ရုပ်ရှင်များကို ကြိုက်နှစ်သက်တဲ့ သူများအတွက် အကြိုက်တွေ့စေမယ့် ဝဘ်ဆိုဒ်ကောင်းလေး တခုဖြစ်တဲ့  http://watch32.com/ မှာ မိမိတို့ ကြည့်ချင်တဲ့ ဇာတ်ကားများကို စိတ်ကြိုက်ရွေးချယ် ကြည့်နိုင်တဲ့ အပြင် IDM တို့လို ဒေါင်းလော့ မန်နေဂျာတွေနဲ့ ဒေါင်းယူ သိမ်းထားလို့လည်း ရပါသေးတယ်..။ အောက်ကပုံမှာ ပြထားသလို.. မိမိတို့ ကြည့်ချင်တဲ့ ရုပ်ရှင်ဇာတ်ကား ပုံပေါ်မှာ တချက်ကလစ်ပေးလိုက်ယုံပါပဲ..။ ဇာတ်ကားတကားကို အပိုင်းလေးတွေ ခွဲခွဲတင်ပေးထားတာဖြစ်တဲ့ တပိုင်းပြီးတပိုင်း ကလစ်ပေးဖို့တော့ လိုပါတယ်..။ ရုပ်ရှင်များအားလုံး အစအဆုံး ကြည့်လို့ရပါတယ်.. ရုပ်ရှင်ကြည့်ချင်တဲ့ သူများကတော့ http://watch32.com/ ကိုကလစ်ပြီး ဝင်သွားလိုက်ပါဗျာ..

မြန်မာပြည် TV လိုင်း UP TO DATE - SKY NET ကိုတိုက်ရိုက် ကြည့်ရအောင် - TVU Player V2.5.3.1 Free Software Download




ဒီ Player လေးက အင်တာနက်ကနေ မြန်မာပြည်က Sky Net TV လိုင်းကို တိုက်ရိုက်ကြည့်လို့ ရလို့ တင်ပေးလိုက်ပါတယ်.. အင်တာနက်လိုင်း ရှိယုံနဲ့ တစ်ကမ္ဘာလုံးက TV လိုင်းပေါင်း မြောက်များစွာကိုလည်း တိုက်ရိုက် ကြည့်နိုင်ပါတယ်..။ အဝေးရောက်နေတဲ့ မြန်မာပြည်သားများ အတွက် ဒီလို ဆော့ဝဲလ်မျိုးက တန်ဖိုးရှိလှပါတယ်..။ နိုင်ငံရပ်ခြားကနေ မြန်မာပြည် TV လိုင်းကို ကြည့်ရဖို့ ဆိုတာ အရင်တုန်းက မလွယ်ပေမယ့် အခုဒီ ကောင်လေးကို ဒေါင်းယူ Install ဆွဲထည့်ပြီးတာနဲ့ ဖွင့်ပြီး Channel နေရာမှာ လိုင်းနံပါတ် 99221 လို့ ရိုက်ထည့်လိုက်တာနဲ့ မြန်မာပြည် Sky Net လိုင်းကို ကြည့်လို့ ရပါပြီ.. လိုင်းချိတ်တဲ့ အချိန်ကိုတော့ ခဏစောင့်ပေး ရပါလိမ့်မယ်.. မြန်မာပြည်က Up To Date - Sky Net TV လိုင်းကို ကြည့်ချင်တယ် ဆိုရင်တော့ အောက်ကလင့်တွေကနေ ၎င်း Player ကို ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 5.3 MB ရှိပါတယ်..။ Free Software လေးပါ.. Channel နေရာမှာ ရိုက်ထည့်ရမယ့် 99221 ကို အောက်မှာ ပုံလေးနဲ့ ထည့်ပြထားပါတယ်.. ဆက်ကြည့်လိုက်ပါဗျာ..

Registry Easy 5.6 with Serial Key Free Download



ဒါလေးကို တင်ပေးချင်နေတာ ကြာပါပြီ.. သူ့ရဲ့ Serial Key ကို လိုက်ရှာနေရလို့ မတင်ဖြစ်ခဲ့တာ.. ဒီနေ့တော့ ဒီကောင်လေးရဲ့ ကီးအမှန်ကို ရလာလို့ တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးမှာ ဘာတွေ ကောင်းလဲ ဆိုတော့.. မိမိတို့ စက်ထဲမှာ အမြဲတမ်းဖြစ်ပေါ်တတ်တဲ့ Windows Error , Software Error တွေဟာ များလာရင် စက်ကိုလေးစေပါတယ်..။ ဒီကောင်လေးက အဲဒီအဲရာတွေကို ဖြေရှင်းပေးနိုင်ပါတယ်.. သူအတွက် အထဲမှာ Serial Key လေးပါ ထည့်ပေးထားပါတယ်..။ Easy ဆိုတဲ့ အတိုင်း အသုံးပြုရတာလည်း အရမ်းလွယ်ပါတယ်.. အောက်မှာ အသုံးပြုပုံကို ပုံလေးတွေနဲ့ပါ ပြပေးလိုက်ပါတယ်.. လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.7 MB ရှိပါတယ်..

Freemake Video Converter 3.0.2.9 Free Download


ဒီကောင်လေးကတော့ Update ထွက်လာတဲ့ Freemake Video Converter လေးပါ.. Format အားလုံးနီးပါး ပြောင်းပေးနိုင်ပါတယ်.. သူပြောင်းပေးနိုင်တဲ့ ဖေါ်မတ်တွေကတော့ သူ့ဆိုဒ်မှာရေးပြထားတဲ့ အတိုင်း ဖေါ်ပြလိုက်ပါတယ်.. Convert video free to AVI, MP4, WMV, MKV, SWF, 3GP, DVD, MPEG, MP3, iPod, iPhone, PSP, Android, rip & burn DVD, convert online videos directly from 40+ sites, burn Blu-ray, and upload to YouTube with our free video converter!  
မိမိတို့ ကြိုက်နှစ်သက်တဲ့ သီချင်းတွေကို You Tube မှာ တခါတည်း တန်းတင်လို့ ရပါတယ်တဲ့.. အတော်လေးကောင်းတဲ့ ဆော့ဝဲလ်လေးပါ.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူသွား လိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 17 MB ရှိပါတယ်..

Desktop Icon Toy Software Free Download



ဒီကောင်လေးကတော့ Desktop ပေါ်က Icon ပုံလေးတွေကို အလှဆင်နည်း တမျိုးပါပဲ..။ ဒီကောင်လေးကို Install ဆွဲထည့်ပေးလိုက်ရင် ရပါပြီ.. Desktop က Icon လေးတွေကတော့ Ipad လိုလို စတိုင်လေး ဖြစ်သွားပါလိမ့်မယ်..။ အောက်မှာလည်း ပုံလေးနဲ့ ပြထားပါတယ်..။ Desktop က ပုံလေးတွေကတော့ မောက်စ်မျှားလေးနဲ့ ထိလိုက်ရင် တုန်သလိုလို၊ ခုန်သလိုသလို၊ ဖြစ်သွားပါတယ်..။ မောက်စ်မျှား လေးမထိရင်တော့ အိုင်ကွန်ပုံ အောက်က စာသားတွေပါ ပျောက်နေပါလိမ့်မယ်..။ Desktop ပေါ်က Icon လေးတွေကို အလှဆင်ချင်တဲ့ သူများ အတွက်ပါ..။ သုံးကြည့်ချင်တယ်ဆိုရင် အောက်ကလင့်တွေကနေ ဒေါင်းယူကြပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 691 kb ပဲရှိပါတယ်..။

Girdac Free PDF Creator V4.1.1.2 Free Download



ဒါကတော့ Girdac Free PDF Creator လေးပါ.. ဒီလထဲမှာပဲ အရင်တပါတ်က PDF Creator တခု တင်ပေးခဲ့ပါတယ်..။ ဒါကတော့ နောက်တမျိုးပါ..။ ဘာလို့ ဒါလေးကို တင်ပေးရလဲ ဆိုတော့ သူငယ်ချင်း တစ်ယောက်က ကျနော်ဆိုဒ်က ပိုစ့်တွေကို သူကြိုက်တာလေးတွေ ရွေးပြီး PDF ဖိုင်လေးတွေ လုပ်ပြီး သိမ်းထားပါတယ်..။ အရင်တင်ပေးခဲ့တဲ့ PDF Creator 1.3.1 လေးနဲ့ပါ..။ အဲဒီ အရင်တင်ပေးခဲ့တဲ့ PDF Creator နဲ့ လုပ်တဲ့ အခါမှာ ပြဿနာတခု ပေါ်ပါတယ်..။ ဘယ်လိုမျိုးလဲဆိုတော့ PDF ဖိုင်လေး ဖြစ်သွားတဲ့ အခါမှာ (အ,) နေရာမှာ (A, အေ) စလုံး  အကြီးတွေ ဖြစ်ကုန်ပါတယ်..။ ကြုံဖူးကြလားတော့ မသိဘူး..။ ကျနော်လည်း သတိမထားမိ ပါဘူး..။ သူပြောမှ သိရတာ.. သေချာကြည့်တော့ အောက်ကပုံအတိုင်း တွေ့လိုက်ရတယ်..။ နှစ်ခုယှဉ်ပြထားပါတယ်..။ သူအကြိမ်ကြိမ်လုပ်တယ်.. လုပ်တဲ့ အခါတိုင်း အဲလိုတွေချည်း ဖြစ်နေပါတယ်..။ နောက်တော့ ကျနော်က PDF Creator နောက်တမျိုးစမ်း သုံးကြည့်ဖို့ အကြံပေးခဲ့တယ်..။ အဲဒီအကြံက မှန်သွားပါတယ်..။ သူပြောင်းသုံးလိုက်တဲ့ ကောင်လေးက အခုတင်ပေးလိုက်တဲ့ ကောင်လေးပါ..။ အရင်လို Error ပြဿနာတွေ မရှိတော့ပဲ မြန်မာစာတွေ အားလုံး ပေါ်တဲ့ PDF ဖိုင်လေးတွေ ဖြစ်လာပါတယ်..။ ဒီကောင်လေးက Free Software လေးပါပဲ.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူသွားကြပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 9.3 MB ရှိပါတယ်..

Mozilla နှင့် Chrome - Bookmarks များကို ဘယ်လို Backup လုပ်မလဲ


ဒီနည်းလေးကတော့ သိပြီးသားလူများလည်း ရှိသလို၊ မသိသေးတဲ့ သူများလည်း အများကြီး ရှိမှာပါ..။ ဟိုတနေ့ Mozilla Update အသစ် တင်ပေးပြီး နောက်တနေ့မှာ Google Chrome Update အသစ် ထပ်တင်ပေးပါတယ်..။ အဲဒီမှာ ဘာပြဿနာပေါ်လာလဲ ဆိုတော့ သူငယ်ချင်း တစ်ယောက်က Browser အဟောင်းတွေကို ဖြုတ်ချပြီး Update ထွက်လာတဲ့ Browser အသစ်တွေကို ပြောင်းသုံးလိုက်ပါတယ်..။ အရင် Browser အဟောင်းတွေရဲ့ Bookmark ထဲက နေ့စဉ်ကြည့်နေတဲ့ ဝဘ်ဆိုဒ် လိပ်စာတွေကို Backup ထုတ်ပြီး သိမ်းဖို့ သူမသိခဲ့တဲ့ အတွက် Browser အသစ်တွေ ပြောင်းသုံးလိုက်တဲ့ အခါမှာ Bookmark အသစ်ထဲမှာလည်း ဘာမှမရှိတော့ပါဘူး..။ သူကတော့ သိမ်းတဲ့နည်း မသိလို့ ဘယ်လိုလုပ်ရမလဲ ဆိုတာကို ကျနော့်ဆီရောက်တော့ မေးလာပါတယ်..။ Backup လုပ်နည်းကိုပါ..
Backup လုပ်တယ်ဆိုတာ သိမ်းတာကို ပြောတာပါ.. ကျနော်တို့ Bookmark ကို ရိုးရိုး Backup လုပ်တာထက် HTML ပြောင်းပြီး Backup လုပ်တာက ပိုပြီးတော့ အဆင်ပြေပါတယ်..။ Mozilla မှာတော့ ရိုးရိုး Backup လုပ်တာရော HTML Backup လုပ်တာပါ ၂မျိုး စလုံးပါပါတယ်..။ Chrome မှာတော့ HTML တမျိုးပဲ တွေ့ရတယ်.. ဒါဆိုရင် ရပါပြီ..။ HTML Backup လုပ်နည်းကိုပဲ ဒီပိုစ့်မှာ တင်ပြပေးသွားပါမယ်..။ ဘာကြောင့် HTML Back လုပ်တာကို ပြရလဲဆိုတော့.. တကယ်လို့ Mozilla နဲ့  Bookmarks ကို HTML ပြောင်းပြီး Backup လုပ်ထားမယ်ဆိုရင်.. ဘယ် Browser နဲ့ပဲ ဖြစ်ဖြစ် Backup လုပ်ထားတဲ့ HTML ဖိုင်ကို ပြန်သွင်းပြီး အသုံးပြုလို့ ရမှာဖြစ်ပါတယ်..။ HTML ပြောင်းပြီး Backup လုပ်နည်းနဲ့ ပြန်သွင်းနည်းကို Google Chrome နဲ့ရော Mozilla Firefox နဲ့ပါ ၂မျိုးစလုံး အသုံးပြုတတ်အောင် အောက်မှာပုံလေးတွေနဲ့ ပြထားပေးပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..

Event Log Explorer with Registration Key Free Download



ဒီကောင်လေးကတော့ event logs လို့ ခေါ်တဲ့ စက်ကိုလေးစေတဲ့.. ကွန်ပျူတာ ဦးနှောက်ရဲ့ မလိုအပ်တဲ့ မှတ်ထားတဲ့ ဟာတွေကို ဖျက်ပေးပါလိမ့်မယ်.. အောက်မှာ Registration Key လေးပါ ဖေါ်ပြပေးလိုက်ပါတယ်..။ အဲကီးတွေကို copy ကူးပြီး Notepad နဲ့ အရင်မှတ်ထားလိုက်ပါ.. ပြီးမှ ဆော့ဝဲလ်ကို Install ဆွဲထည့်ပြီး ဖွင့်လိုက်တာနဲ့ ကီးတောင်းပါလိမ့်မယ်..။ အောက်မှာ ပုံလေးတွေနဲ့ ကီးထည့်ပုံရော.. အသုံးပြုပုံပါ ပြထားပေးပါတယ်..။ အရင်တုန်းက ဆော့ဝဲလ်မသုံးပဲနဲ့ Windows Logs တွေကို ဖျက်နည်း (ဒီနေရာကနေ ဝင်ကြည့်လိုက်ပါ) တင်ထားပေးပါတယ်.. အခုဟာကတော့ ဆော့ဝဲလ်သုံးပြီး Windows Logs တွေကို ဖျက်ပစ်တဲ့ နည်းပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူသွားကြပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.3 MB ရှိပါတယ်..

Google Chrome 20.0.1132.17 Beta Free Software Download


Google Chrome 20.0 Beta ဗါးရှင်းလေးကတော့ ဒီနေ့မှ ထွက်လာတဲ့ Update အသစ်လေးပါ..။ Google Chrome Update ကိုမှ သုံးချင်တဲ့ သူများအတွက် တင်ပေးလိုက်ပါတယ်..။ Chrome မှာ မြန်မာစာ ပေါ်အောင်လုပ်နည်းနဲ့ You Tube သီချင်းတွေ ဒေါင်းလော့ချနည်းကို ဟိုးအရင်ကတည်းက တင်ပေးထားပြီးသားပါ..။ မသိသေးတဲ့ သူများကတော့ ဒီနေရာ ကနေ ဝင်ကြည့်လိုက်ပါ..။ Chrome အသစ်ကို Install ဆွဲထည့်မယ်ဆိုရင်တော့ အဟောင်းကို အရင်ထုတ်ပစ်ပြီးမှ အသစ်ကို ထည့်ပါ..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်ယူသွားကြပါဗျာ...။ ဖိုင်ဆိုဒ်ကတော့ 27.3 MB ရှိပါတယ်..

CCleaner v3.19 Software Free Download


CCleaner လေးကတော့ မိမိတို့ စက်ထဲက အမှိုက်တွေကို ရှင်းပေးတဲ့ နေရာမှာ အတော်လေး ကောင်းပါတယ်.. လူသုံးများတဲ့ နာမည်ရှိတဲ့ ဆော့ဝဲလ်တခုပါပဲ..။ သုံးရတာလည်း လွယ်ပါတယ်.. သုံးနည်းကို အောက်မှာ ပုံလေးနဲ့ပါ ပြထားပါတယ်.. နောက်ပြီး ကျနော်တို့ နေ့စဉ်သုံးနေတဲ့ Browser တွေဖြစ်တဲ့ Mozilla တို့ Chrome တို့ အပြင် တခြား Browser တွေကိုပါ ဒီကောင်လေးက Support လုပ်ပေးပါတယ်..။ ဒါကြောင့် အဲဒီ Browser တွေထဲမှာရှိနေတဲ့ မလိုအပ်တဲ့ အမှိုက်တွေကိုလည်း ရှင်းပေးတာဖြစ်တဲ့ အတွက် ဒီကောင်လေးကို နေ့စဉ်သုံးပေခြင်း အားဖြင့် အင်တာနက်လိုင်း တက်တာကို မြန်ဆန်စေမှာ ဖြစ်ပါတယ်..။ မနေ့ကမှ Update အသစ်ထွက်လာတာလေးကို တင်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေသာ ဒေါင်းယူသွားကြပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3.7 MB ရှိပါတယ်..။

Defraggler 2.10.413 Software Free Download


ဒီကောင်လေးကတော့ မနေ့ကမှ Update ထွက်လာတာလေးပါ..။ မိမိတို့ ကွန်ပျူတာကို နေ့စဉ်သုံးနေသရွေ့ Hard Disk ထဲမှာရှိတဲ့ ဖိုင်တွေဟာ ဖယိုဖရဲ ဖြစ်နေပါလိမ့်မယ်..။ အဲလို ဖယိုဖရဲ ဖိုင်တွေ  များလာရင် စက်က လေးလာပါလိမ့်မယ်..။  အဲဒီဖိုင်တွေကို ပြန်စီဖို့ လုပ်နည်းတွေလည်း အများကြီး ရှိပါတယ်..။ ဆော့ဝဲလ်တွေလည်း အများကြီးရှိပါတယ်..။ အများကြီးရှိတဲ့ ဆော့ဝဲလ်တွေထဲကမှ ဒီကောင်လေးကို တင်ပေးလိုက်ပါတယ်။ ဖိုင်တွေကို ပြန်စီပေးပါလိမ့်မယ်..။ Free Space တွေ၊ Bad Sector တွေနဲ့ Error တော်တော်များများ ကိုလည်း ဒီကောင်လေးနဲ့ အဆင်ပြေသွားပါလိမ့်မယ်.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေသာ ဒေါင်းယူကြပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3.3 MB ပဲရှိပါတယ်..။ မသုံးတတ်သေးတဲ့ သူများအတွက် အောက်မှာပုံလေးတွေပါ ပြထားပါတယ်..

အလပ်စထရိတ်တာ စီအက်စ်၅ Portable Free Download


ဒီကောင်လေးကတော့ ကျန်ခဲ့တဲ့ တစ်ပါတ်က တောင်းထားတဲ့လူ ရှိလို့ တင်ပေးလိုက်ပါတယ်..။ ဒီဆော့ဝဲလ်က ကျနော့်မှာလည်း အဆင်သင့်မရှိလို့ လိုက်ရှာရင်း ကြာသွားပါတယ်..။ နာမည်ကတော့ ခေါ်ရခက်သလို.. အသံထွက်ကို မြန်မာစာနဲ့ ရေးပြရတာလည်း ခက်ပါတယ်..။ သူ့နာမည်ကိုတော့ English လိုမရေးပေးတော့ပါဘူး..။ ဒီဆော့ဝဲလ် အဖျက်ခံရမှာစိုးလို့ပါ..။ ခုတလော လိုင်းသိပ်မကောင်းတော့ ဖိုင်တင်ရတာလည်း သိပ်အဆင်မပြေဘူး..။ ပြုတ်ပြုတ်ကျနေလို့ ခဏခဏပြန်ပြန်တင်နေရပါတယ်..။ ဆိုဒ်လေးခုမှာတင်တာ နှစ်ခုပဲ တင်လို့ရတယ်..။ အဲနှစ်ခုတောင် တော်တော်သီးခံပြီး စောင့်တင်နေရပါတယ်..။  ဒီဆော့ဝဲလ်ဖိုင်ဆိုဒ်ကလည်း ကြီးတယ်.. ၁၉၄ အမ်ဘီရှိတယ်.. ကျနော် ကြာကြာခံအောင်လို့ ဖိုင်နာမည်ကို Free Games 50 Collection လို့ပြောင်းပြီး တင်ပေးထားပါတယ်..။ မူရင်းနာမည်ကတော့ ပုံမှာ ရေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူကြပါဗျာ..

Comodo Dragon Internet Browser 19.0 Free Download


ဒီ Comodo Dragon Browser လေးကတော့ လူသုံးနည်းတဲ့၊ လူသိနည်းတဲ့ Browser လေးပါ..။ ကျနော် စမ်းသုံးကြည့်ရင်းနဲ့ မိုဇီလာတဲ့ ထက်မြန်တာကို သဘောကျသွားလို့.. မြန်မာစာလည်း ရေးလို့ ဖတ်လို့ ရတယ်ဆိုတော့.. စမ်းချင်တဲ့ သူများအတွက် တင်ပေးလိုက်ပါတယ်..။   မြန်မာစာ ပေါ်အောင် ပြောင်းတဲ့ နေရာကတော့ Google Chrome နဲ့ တူပါတယ်.. အောက်မှာလည်း ပုံလေးတွေနဲ့ ပြထားပါတယ်..။ သုံးကြည့်ချင်တဲ့ သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 31 MB ရှိပါတယ်..။

Super Copier V2.2 Software Free Download

 

 Super ဆိုတဲ့အတိုင်း Files တွေ၊ Software တွေ၊ copy ကူးတဲ့နေရာမှာတော့ အတော်လေး မြန်ပါတယ်.. Tear Copy software ကို serial key မထည့်တတ်တဲ့.. ကွန်ပျူတာသင်ခါစ လေ့လာခါစ သူငယ်ချင်းများ.. serial key ကို copy ယူဖို့ Select ပေးတာတောင် မသိသေးတဲ့သူများ အတွက်.. ဒီလိုဘာကီးမှ ထည့်ဖို့ မလိုတဲ့ Full Software တွေက အများကြီး သုံးရတာ အဆင်ပြေပါတယ်..။ ဒီကောင်လေးကို ဒေါင်းယူပြီး ဖိုင်ဖြည်၊ ၂ချက်တောက်ပြီး Install ဆွဲထည့်ပြီးတာနဲ့.. ဖိုင်တွေ ဆော့ဝဲလ်တွေကို copy ကူးရင် ဒီကောင်လေးက သူ့အလိုလို လုပ်ဆောင်ပေးသွားပါလိမ့်မယ်..။ Tear Copy လိုပါပဲ.. အရမ်းမြန်ပါတယ်..။ စမ်းသုံးကြည့်ရင် ကောင်းမှန်း သိပေလိမ့်မည်..။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါပဲ.. 482 kb ပဲရှိပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ..

Win7 logon changer software free download


 ကျနော်တို့ Windows အတက် Password ထည့်တဲ့နေရာမှာ မိမိတို့ ကြိုက်နှစ်သက်တဲ့ ပုံလေးတွေကို ဒီကောင်လေးက ထည့်ပေးနိုင်ပါတယ်..။ ပေါ့ပေါ့ပါးပါးနဲ့ သုံးရတာလည်း လွယ်ပါတယ်..။ ပုံမှာပြထားတဲ့ အတိုင်း Change Logon Screen စာသားနေရာကို ကလစ်ပြီး မိမိတို့ ထည့်ချင်တဲ့ ပုံလေးတွေကို ရွေးပေးလိုက်ယုံပါပဲ.. မိမိတို့ ထည့်လိုက်တဲ့ ပုံလေးကို အစမ်းကြည့်ချင်တယ်ဆိုရင်တော့ Test ကိုနှိပ်ပြီး ကြည့်လို့ ရပါတယ်..။ မကြိုက်ရင် နောက်တပုံ ပြောင်းဖို့ပါ..။ Revert to Default Logon Screen နေရာကို ကလစ်လိုက်ရင်တော့.. Logon နေရာမှာ ထည့်ထားပြီးသား ပုံကို ပြန်ဖျက်ပြီး Original အတိုင်း ပြန်ဖြစ်စေပါတယ်...။ Logon နေရာမှာ မိမိတို့ ပုံလေးတွေကို ထည့်သုံးချင်တဲ့ သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကလည်း 1 MB တောင်မပြည့်ပါဘူး.. 191 KB ပဲရှိပါတယ်..

IncrediMail 2 Build 5203 Software Free Download


ဒီကောင်လေးမှာ Animation နဲ့ လှုပ်လှုပ်ရွရွ ချစ်စရာ အရုပ်လေးတွေ အများကြီး ပါပါတယ်..။ Gmail နဲ့ စာပို့တဲ့ အခါ ဒီအရုပ်လေးတွေပါ ထည့်ပြီး ပို့လို့ရပါတယ်.. တဖက်က ကိုယ့်သူငယ်ချင်း မေးလ်ဖွင့်တဲ့ အခါမှာ ဒီအရုပ်လေးတွေက လှုပ်လှုပ်ရွရွနဲ့ အရမ်းသဘောကျသွားမှာပါ..။ ဥပမာ သူငယ်ချင်း မွေးနေ့ပွဲ အတွက် စာပို့တဲ့ အခါမျိုးတွေမှာ မွေးနေ့ပွဲ အရုပ်လေးတွေနဲ့ စာပို့လိုက်ရင်.. ဒါမှမဟုတ် မိမိတို့ ဓါတ်ပုံလေးတွေပါ ထည့်ပို့လို့ ရတဲ့ ဖရိမ်လေးကို ရွေးပြီး ပို့လိုက်ရင် အရမ်းကြည့်လို့ ကောင်းသွားမှာပါ.. အများကြီးသုံးလို့ ရပါတယ်..။ တခုပြီး တခုပြောပြနေရင် ပြီးမှာမဟုတ်တော့ဘူး.. မိမိတို့ဖာသာ တခုချင်းစီ စမ်းကြည့်လိုက်ပါဗျာ.. လိုအပ်တဲ့ သူများကတော့ အောက်က လင့်တွေကနေ ယူသွားလိုက်ပါ.. ဖိုင်ဆိုဒ်ကတော့ 12 MB ရှိပါတယ်..

Nero Burn Lite 10 Free Software Download


သူငယ်ချင်းတစ်ယောက်က Burning Tool လေးတွေတင်ပေးဖို့ တောင်းထားတာ ကြာပါပြီ.. တင်ပေးဖို့ အလှည့်မရောက်ဘူး ဖြစ်နေတယ်..။ ဒီနေ့တော့ ဒီကောင်လေးကို အရင်တင်ပေးလိုက်ပါတယ်.. Nero ကိုမှကြိုက်ကြတဲ့ သူများအတွက်ပါ.. ဒီကောင်လေးက ဖရီးပေးထားတာဆိုတော့ အခွေကူးဖို့လောက်ပဲ အဓိက ထုတ်ပေးတာပါ..။ တခြားဟာတွေပါ သုံးချင်ရင်တော့ Upgrade လုပ်ပေးမှ သုံးလို့ ရပါလိမ့်မယ်.. အခွေကူးဖို့ လောက်ပဲဆိုရင်တော့ ဒီကောင်လေးနဲ့ အဆင်ပြေပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်က အဆင်ပြေတဲ့ လင့်တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 30 MB ရှိပါတယ်..

Windows7 မှာ Startup and Shut down မြန်စေဖို့



မေးတဲ့လူရှိတုန်း တင်ပေးလိုက်ပါတယ်..။  အစ်ကို thi ha နဲ့ တခြားမသိသေးတဲ့ သူများအတွက်ပါ..။ ဝင်းဒိုးအတက်မှာရော အပိတ်မှာပါ အရင်ကထက် ပိုမြန်လာပါလိမ့်မယ်..။ အထဲမှာတော့ အနည်းငယ် ဝင်ပြောင်းပေးရပါတယ်..။ စက်ဖွင့်၊ပိတ်ကြာလို့ စိတ်ညစ်နေတဲ့ သူများ.. ဒီအောက်က ပုံလေးတွေအတိုင်း လိုက်ပြောင်းပေးလိုက်ပါဗျာ..။ အားလုံး ပြောင်းပြီးရင်တော့.. လက်တွေ့သိရအောင် မိမိတို့ရဲ့ကွန်ပျူတာကို Restart ချကြည့်လိုက်ပါ..။

ကွန်ပျူတာဘိသံနှင့်ပြဿနာများ



 နေမင်းမောင် ဆိုဒ်မှ ကူးယူဖေါ်ပြပါသည်..။
မေးတဲ့လူရှိလာတော့လည်း သိပြီးသားလေးလည်း ဖြစ်နေတော့.. ကျနော်ဖတ်ခဲ့ဖူးတဲ့ အကြောင်းအရာလေးတွေကို နေမင်းမောင်ဆိုဒ်မှ ပြန်လှန်ရှာပြီး ဗဟုသုတများ တိုးပွါးစေခြင်းငှါ တင်ပြပေးလိုက်ပါတယ်..

Mozilla Firefox 13.0 Beta 4 Free Download


 

 ဒီတခါတော့ အပေါ်က စာထဲကလို Mozilla နဲ့ အော်တိုတက်ချင်တဲ့ သူများအတွက်ပါ.. အများကြီး ဟိုပြောင်းဒီပြောင်းနဲ့ အလုပ်ရှုပ်ပါတယ်..။ အလွယ်နည်းကို ပြောပြပေးပါမယ်..။ လွယ်လွယ်လေးပါ..။ အခု အစ်ကို kyaw စက်ထဲမှာရှိနေတဲ့ Mozilla ရော Chrome ရော နှစ်ခုစလုံးကို Uninstall နဲ့ ပြန်ထုတ်ပစ်လိုက်ပါ..။ Chrome တခုထဲထုတ်ရင် default browser က Internet explore ဖြစ်သွားမှာ စိုးလို့ပါ.. ဒါကြောင့် နှစ်ခုစလုံးကို ထုတ်ပစ်လိုက်ပါ..။ ပြီးရင်တော့ Mozilla ကို ပြန်ပြီး Install ဆွဲထည့်ပါ..။ အခုတင်ပေးလိုက်တဲ့ Version အသစ်  Firefox 13.0 Beta 4 ကိုပဲ ဖြစ်ဖြစ်၊ အရင်တုန်းက Version အဟောင်းတွေပဲ ဖြစ်ဖြစ် Install ပြန်ဆွဲထည့်ပါ..။ Install လုပ်နေတဲ့ အချိန်မှာ  ပေါ်လာတဲ့.. အောက်ကပုံလေးမှာ ပြထားတဲ့ A နေရာက စာသားကို အမှန်ခြစ်ပေးဖို့တော့ မမေ့ပါနဲ့..။ ပြီးမှ B နေရာ Install ကို ကလစ်ပါ..။ ဒါဆိုရင် ဒါဆိုရင် မိုဇီလာနဲ့ တက်သွားပါလိမ့်မယ်.. Chrome ကိုပါ သုံးချင်လို့ Install ဆွဲထည့်ရင်တော့ Google Chrome is my default browser နေရာမှာ အမှန်ခြစ် မထည့်ပါနဲ့.. Chrome ကိုပြောတာပါ..။ ဒီလောက်ဆိုရင်တော့ သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်..  Firefox 13.0 Beta 4 Latest Version ကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 16.4 MB ရှိပါတယ်.. ဒီကောင်လေးမှာ IDM 6.11 Built 7 လည်း အလုပ်လုပ်ပါတယ်..။ ကျနော်စမ်းသုံးပြီးမှ တင်ပေးလိုက်တာပါ..။ အောက်ဆုံးက ပုံလေးမှာ Video ဒေါင်းဖို့ IDM အလုပ်လုပ်တဲ့ ပုံလေးကိုပါ တင်ပြပေးလိုက်ပါတယ်..

Internet Download Manager 6.11 Build 7 Final


 ဒီကောင်လေးကို Mozilla Firefox 13 beta 4 မှာအလုပ်လုပ်တဲ့ အတွက် အရင်တင်ပေး လိုက်ပါတယ်..။ အရင် IDM တွေက Firefox 13 မှာ အလုပ်မလုပ်မှာ စိုးလို့ပါ..။ Cbox မှာမေးလာတဲ့ အစ်ကို kyaw နဲ့ တခြားလိုအပ်တဲ့ သူတွေအတွက်ပါ..။ ဒီကောင်လေးကို Full ဖြစ်အောင် လုပ်နည်းကတော့ တော်တော်များများလည်း သိပြီးသားဖြစ်မှာပါ.. ဒါကြောင့် ပုံတွေထည့် မပြတော့ပါဘူ..။ IDM  ဖိုင်ထဲမှာ Patch ဖိုင်ပါပါတယ်..။ Full ဖြစ်အောင် မလုပ်တတ်တဲ့သူများရှိခဲ့ရင် Cbox မှာဖြစ်စေ၊ Comment မှာ ဖြစ်စေ အကြောင်းကြားခဲ့ပါ.။ ကျနော်ပုံလေးတွေနဲ့ ပြန်ရှင်းပြ ပေးမှာပါ..။ အခုတော့ လိုအပ်တဲ့သူများ အောက်ကလင့်ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.6 MB ရှိပါတယ်..။

DLL-Files.com FIXER Free Download


 ဒီကောင်လေးကတော့ မိမိတို့ စက်ထဲမှာ လိုအပ်နေတဲ့ .dll ဖိုင်တွေကို ပြန်လည် Install ဆွဲထည့်ပေးနိုင်ပါတယ်.. အထဲမှာ Patch ဖိုင်လေးပါပါတယ်.. ဒီကောင်လေးကို ဒေါင်းယူပြီး အင်စတောလ်ဆွဲထည့်ပြီးရင် ဒီကောင်လေးကို မဖွင့်ပါနဲ့အုန်း..။ ပွင့်လာခဲ့ရင် ပိတ်လိုက်ပါ..။ ပြီးရင်တော့ အောက်ပုံအတိုင်း Desktop မှာပေါ်လာတဲ့ ၎င်းအိုင်ကွန်လေးပေါ်မှာ Right Click ထောက်ပြီး.. Properties ကိုသွားလိုက်ပါ.. အောက်ပုံမှာ ဆက်ကြည့်လိုက်ပါဗျာ..
အရင်ဆုံးဒီကောင်လေးကို အောက်ကလင့်တွေမှာ ဒေါင်းယူလိုက်ပါ.. ဖိုင်ဆိုဒ်ကတော့ 5.1 MB ရှိပါတယ်..

How to fix MSVCR71.dll missing error from your PC



ဒီဖြေရှင်းနည်းလေးကတော့ ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ ကြုံလာတော့မှပဲ.. ရှာကြည့်မိတော့တယ်.. msvcr71.dll ပြဿနာက ဒီနည်းနဲ့ အဆင်ပြေသွားပါတယ်..။ ကျန်ခဲ့တဲ့ လေးငါးရက်လောက်က အစ်ကိုအောင်ဇေလတ် စက်မှာဖြစ်နေတဲ့ ပြဿနာမျိုး.. ကျနော့်သူငယ်ချင်း တစ်ယောက်စက်မှာလည်း .dll ပြဿနာဖြစ်နေပါတယ်..။ သူကတော့ ဂိမ်းဆော့ဖို့ မဟုတ်ဘူး.. Open Office 3 ကို Install ဆွဲထည့်ပြီး ၂ချက်တောက်ဖွင့်တော့ ဖွင့်မရတဲ့ ပြဿနာ.. အပေါ်ကပုံမှာ ပြထားသလို ဘောက်စ်လေးပေါ်လာပြီး msvcr71.dll ဆိုတဲ့ ကောင်လေးမရှိလို့ ၎င်းပရိုဂရမ်ကို ဖွင့်လို့မရပါဘူးဆိုတဲ့ အကြောင်းကြားတဲ့ ဘောက်စ်လေး တခုပဲပေါ်လာတယ်.. လုံးဝဖွင့်မရတဲ့အဆုံး ကျနော့်ဆီကို စက်လေးပိုက်ပြီး အပြေးရောက်ချလာပါတယ်.. ကျနော့်ကို နှိပ်စက်ပါတော့တယ်..။ ဒါဆရာတင်တယ်မခေါ်ဘူး.. နှိပ်စက်တယ်လို့ ခေါ်ပါတယ်.. အရင်တခါ  ဒီလိုပဲ .dll ဖိုင်တခုမရှိလို့ Angry Bird Game ဆော့မရတဲ့ သူငယ်ချင်းစက် တုန်းကတော့ မသိချင်ဟန်ဆောင်ပြီး ထွက်လာခဲ့တာ.. ဒီတခါတော့ ရှောင်ပြေးလို့ မရတော့ဘူး..။

YOGA Clock - ဘလော့မှာ သရဲခြောက်ကောင် နာရီလေး တပ်ထားချင်တဲ့ Blogger များအတွက်


ဒါလေးကတော့ မနေ့က  Photoshop cs6 တင်နေတုန်း အားနေတာနဲ့ နိုင်ငံခြားဆိုဒ်တွေ လျှောက်ပါတ်ကြည့်ရင်း တွေ့ခဲ့တဲ့ နာရီဒီဇိုင်းလေး သဘောကြလို့ Blogger မိတ်ဆွေများအတွက် ပြန်လည် မျှဝေလိုက်ပါတယ်..။ မြန်မာဆိုဒ်တွေမှာ ဒီလို ထူးထူးဆန်းဆန်းလေးတွေ မတွေ့မိသေးဘူး..။ ဒါလေးကို မြင်မြင်ချင်း သဘောကျလို့ ကြည့်ရင်းကြည့်ရင်းနဲ့ကို ကြည့်လို့ကောင်းလာတာ.. သရဲလိုလို၊ လူလိုလို အကောင်လေးတွေ Yoga အကနဲ့ နာရီပုံဖေါ်နေတာ တကယ်လန်းတယ်..။ ကျနော့်ဆိုဒ် မလေးရှားစံတော်ချိန် နေရာမှာ တင်ကြည့်တော့ အဆင်ပြေနေပြန်ရော.. အပေါ်ဆုံး ပုံမှာပြထားသလို ကနော့်ဆိုဒ်ကို ဝင်လိုက်တာနဲ့ သရဲခြောက်ကောင် (သရဲလို့ပဲ ခေါ်တော့မယ်) အပေါ်ကနေ ဆင်းလာပြီး Yoga နဲ့ကတော့တာပဲ.. နာရီ၊ မိနစ်၊ စက္ကန့် နှစ်ကောင်စီနဲ့ နောက်ဆုံးကောင်က ပိုကရတယ်..။ တကယ်ကြည့်လို့ကောင်းတယ်..။

Windows 7 All Version 48 in 1 DVD



Windows7 ခွေလိုချင်လို့ တောင်းထားတဲ့ လူရှိတာနဲ့ အဲဒါလေးကို အမှတ်ရနေလို...့ မနေ့က နိုင်ငံခြား ဝဘ်ဆိုဒ်တွေ လျှောက်ကြည့်ရင်းနဲ့ Windows7 တခွေလုံးကို ဖိုင်တွေခွဲပြီးတင်ထားပေးတဲ့ ဆိုဒ်လေးတစ်ခုကို  သွားတွေ့ခဲ့တယ်..။ ဖိုင်တွေကို စစ်ကြည့်တော့ အားလုံးဒေါင်းလို့ ရတာနဲ့ အဲဒါလေးကို ပြန်ရှယ်ပေးလိုက်ပါတယ်.. ကျနော်တင်ပေးတာ မဟုတ်ပါဘူး.. သူတင်ပေးထားတာတောင် တစ်နှစ်ကျော်နေပြီ.. ဖိုင်တွေကို ဒေါင်းလို့ရနေတုန်းပါ..။ သူ့ထဲမှာပါတဲ့ 48 မျိုးကို သူ့ဆိုဒ်မှာ ရေးပြထားတဲ့ အတိုင်း ကျနော်ပြန်လည် တင်ပြပေးလိုက်ပါတယ်..။ Windows7 ခွေလိုချင်တဲ့သူများ ဖိုင်တွေမပျက်ခင် အမြန်သာ ဒေါင်းယူထားလိုက်ပါဗျာ..။ 

ဖိုတိုရှော့ စီအက်စ်၆ ဖရီးဒေါင်းလော့


ဦးဦးဖျားဖျား ဖိုတိုရှော့ စီအက်စ်၆ Portable ကိုတင်ပေးလိုက်ပါတယ်..။ မြန်မာနည်းပညာ ဆိုဒ်တွေမှာ တင်ပေးတာ မတွေ့မိသေးပါဘူး..။ အားလုံးကို ပြန်လည်မျှဝေပါတယ်.. ကျနော်လည်း သူငယ်ချင်းတစ်ယောက်က ပေးလို့ ရခဲ့တာပါ..။ တစ်ကမ္ဘာလုံးက မြန်မာပြည်သားတွေ ဖေါဖေါသီသီ အသုံးပြုနိုင်ဖို့ တခြားဆိုဒ်တွေမှာလည်း တင်ပေးဖို့ ဒီပိုစ့်လေးနဲ့ တောင်းဆိုပါရစေဗျာ.. လူကြည့်များတဲ့ နည်းပညာဆိုဒ်တွေမှာလည်း ဒီစီအက်စ်၆ လေးကို ဒေါင်းလုပ်ယူနိုင်တဲ့ အကြောင်းနဲ့ ဒေါင်းယူပြီး ပြန်တင်ပေးဖို့ အဲဒီဆိုဒ်တွေနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းများက ကူညီအကြောင်းကြားပေးကြပါဗျာ..
ဒီကောင်လေးကို အင်္ဂလိပ်လိုမရေးပဲ မြန်မာလိုရေးလိုက်တာကတော့ ဒီဖိုင်ကို အမြန်အဖျက်ခံရမှာ စိုးလို့ပါ..။ ဒီဖိုင်ရဲ့နာမည်ကိုတော့ Free Mobile Game 600 လို့ ဖိုင်နာမည်ပြောင်းတင်ထားပါတယ်.. ဖိုင်ဖြည်လိုက်ရင်တော့ စီအက်စ်၆ ဖိုင်တွေ ထွက်လာပါလိမ့်မယ်.. စီအက်စ်၆ မှာတော့ အရင်ကောင်တွေနဲ့ မတူပဲ ဒီဇိုင်းတမျိုးပြောင်း ထားတာတွေ့ရပါတယ်..။ အောက်မှာပုံလေးပါ တင်ပြလိုက်ပါတယ်..။ ရတုန်းလေး ဒေါင်းယူထားကြပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 103 MB ရှိပါတယ်..

Portable Software လေးတွေဖန်တီးချင်သူများအတွက် - P-Apps Marker v1.0

ဒီနေ့တော့ Install ဆွဲထည့်ရတဲ့ ဆော့ဝဲလ်လေးတွေကို Portable ဖြစ်အောင် လုပ်နည်းလေး တင်ပေးလိုက်ပါတယ်..။ ဒီလုပ်နည်းကို ကိုကံလင်းက ကျန်ခဲ့တဲ့လက တောင်းထားပါတယ်..။ ကျနော့်မှာလည်း အဆင်သင့်မရှိတဲ့ ဆော့ဝဲလ်ဖြစ်နေတော့ ချက်ချင်းမတင်ပေးနိုင်တာ နားလည်လိမ့်မယ်လို့ ထင်ပါတယ်ဗျာ..။ ကျနော်ရထားတာ ၂ရက်လောက်ပဲရှိပါသေးတယ်..။ ဒီကောင်လေးကို အသုံးပြုပုံပါစမ်းနေရလို့ ဒီနေ့မှ တင်ပေးဖြစ်ပါတယ်..။ သုံးရတာ အဆင်ပြေပါတယ်..။ Full Version လေးပါ..။ ဘာကီးမှ ထည့်ပေးဖို့ မလိုပါဘူး..။ အောက်မှာ အသုံးပြုပုံကို နားလည်လွယ်အောင်လို့ ပုံလေးတွေနဲ့ ပြထားပေးပါတယ်..။ အရင်ဆုံး ဒီကောင်လေးကို ဒေါင်းယူပြီးရင် ၂ချက်တောက်ပြီး ဖွင့်လိုက်ပါ..။ ကျန်တာတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ.. အရင်ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4 MB ပဲရှိပါတယ်..

Pos Free Photo Editor v1.4.0 Free Software Download


 ဒီကောင်လေးကတော့ ဓါတ်ပုံတွေကို ပြင်ဆင်ချင်တဲ့ သူများအတွက် အသုံးဝင်ပါတယ်..။ Free Software လေးပါပဲ..။ Photoshop နီးပါးလောက် သုံးလို့ရပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါ.. ဖိုင်ဆိုဒ်ကတော့ 10 MB ရှိပါတယ်..။

သပ်ရပ်လှပတဲ့ PDF Files များဖန်တီးခြင်း


ဒါကတော့ PDF Files များဖန်တီး ချင်တဲ့သူများအတွက်ပါ..။ ကျနော့်ဆိုဒ်က ပိုစ့်တွေကိုပဲ ဖြစ်ဖြစ်၊ တခြားဆိုဒ်တွေက ပိုစ့်တွေကိုပဲဖြစ်ဖြစ်၊ မိမိတို့ ကြိုက်တဲ့ အသုံးဝင်တဲ့ပိုစ့်တွေကို ဒီလို PDF ဖိုင်လေးတွေလုပ်ပြီး သိမ်းထားမယ်ဆိုရင် မိမိတို့ ဘယ်နေရာပဲရောက်ရောက် အလွယ်တကူပြန်ကြည့်လို့ ရမှာဖြစ်ပါတယ်..။ ကျနော့်ဆိုဒ်ကပိုစ့်တွေကို PDF ဖိုင်နဲ့ တင်ပေးဖို့ တောင်းထားတဲ့ သူငယ်ချင်းများလည်း ရှိခဲ့ပါတယ်.. အကြောင်းအမျိုးမျိုးကြောင့် ကျနော့်ရဲ့ ပိုစ့်တွေကို PDF ဖိုင်လုပ်ပြီး  မတင်ပေးဖြစ်ခဲ့ပါဘူး..။ ဒါကြောင့် မိမိတို့ ကိုယ်တိုင် PDF ဖိုင်လေးတွေပြုလုပ်တတ်အောင်လို့.. နောက်ပြီး ကျနော့်ဆိုဒ်က လုပ်နည်းကိုင်နည်းနဲ့ ပါတ်သက်တဲ့ ပိုစ့်တွေကို ကျနော် PDF ဖိုင်နဲ့ မတင်ပေးနိုင်ခဲ့တဲ့အတွက် မိမိတို့ ကိုယ်တိုင် PDF ဖိုင်လေးတွေ ပြုလုပ်ပြီးသိမ်းတတ်အောင်လို့.. ဒီနေ့ PDF ဖိုင်လုပ်နည်း ပိုစ့်လေးကို တင်လိုက်ရပါတယ်.. လိုအပ်တဲ့ ဆော့ဝဲလ်ကတော့ PDF Creator နဲ့ Microsoft Office Word 2010 ကို မိမိတို့ စက်ထဲမှာ Install ဆွဲထည့်ပါ.. ပြီးရင်တော့ Office Word 2010 ကိုဖွင့်ပြီး.. လုပ်နည်းကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ...။

PC Hardware by MyoThuya - PDF


 Hardware နဲ့ ပါတ်သက်လို့ လေ့လာချင်တဲ့သူများနဲ့ Cbox မှာတောင်းထားတဲ့ အစ်ကိုညီမြတ်ခိုင် အတွက်ပါ..။ အမေးအဖြေစာအုပ်တွေကတော့ နောက်ပိုင်းမှာ အဆင်ပြေသလို တင်ပေးသွားမှာပါ..။ အခုတော့ ဒီစာအုပ်လေးနဲ့ပဲ ကျေနပ်ပေးပါဗျာ.. ဒီစာအုပ်လေးနဲ့တင် ကွန်ပျူတာ Hardware ပိုင်းကို အတော်လေး နားလည်သွားပါလိမ့်မယ်.. လေ့လာချင်တဲ့သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 14 MB ရှိပါတယ်..။

Beginner's Guide to Networking by Myo thuya - PDF


ဒီတအုပ်ကတော့ ဆရာမျိုးသူရရေးထားတဲ့ ကွန်ပျူတာမှ ကွန်ယက်ဆီသို့ ဆိုတဲ့ Beginner's Guide to Networking စာအုပ်လေးပါ..။ Network နဲ့ပါတ်သက်တဲ့ စာအုပ်လေးတွေကို တခါတည်းတင်ပေးလိုက်ပါတယ်..။ နောက်ထပ် သုံးအုပ်လောက်ကျန်ပါသေးတယ်.. ဖိုင်ဆိုဒ်ကြီးလို့ ဒီနေ့ မတင်ဖြစ်တော့ပါဘူး.. နောက်ပိုင်း ကြုံကြိုက်တဲ့ အခါကြမှပဲ တင်ပေးပါတော့မယ်.. အခုတော့ ဒီလောက်နဲ့ပဲ ကျေနပ်နိုင်ပါစေဗျာ.. ဒီစာအုပ်ကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 8.3 MB ပဲရှိပါတယ်..

Complete Network Guide by U Zaw Lin (Youth) - PDF


ဒီတစ်အုပ်ကတော့ ဆရာဦဇော်လင်း ရေးထားတဲ့ Complete Network Guide စာအုပ်လေးပါ..။ လိုချင်တဲ့လူရှိတုန်း တခါတည်း တင်ပေးလိုက်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 22.6 MB ရှိပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေသာ ဒေါင်းယူလိုက်ပါဗျာ..

Network အသုံးပြုနည်းလက်ဆွဲ By U Aung Lin - PDF


 ဒါကတော့ ဆရာဦးအောင်လင်းရေးထားတဲ့ Network အသုံးပြုနည်းလက်ဆွဲ စာအုပ်လေးပါ.. မနေ့က Cbox မှာအစ်ကို ညီမြတ်ခိုင်တောင်းထားလို့ တင်ပေးလိုက်ပါတယ်.. စာအုပ်တွေ တောင်းတဲ့လူရှိရင်တော့ ကျနော့်မှာလည်း အဆင်သင့်ရှိတာလေးတွေ ဖြစ်နေရင် တင်ပေးသွားပါမယ်..။ Network ချိတ်ဆက်နည်းကို လေ့လာချင်တဲ့ သူများအတွက် ဆောင်ထားသင့်တဲ့ စာအုပ်လေးတစ်အုပ်ပါ.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 10 MB ရှိပါတယ်..

PDF Creator 1.3.1 free software download


ဒီကောင်လေးကတော့ PDF ဖိုင်လေးတွေကို ဖန်တီးဖို့ အတွက်ပါ..။ PDF Reader လေးတွေတင်ပေးရင်းနဲ့ သတိရတုန်းဒါလေးပါ တခါတည်းတင်ပေးလိုက်ပါယ်..။ ဒီကောင်လေးကို Install ဆွဲထည့်ပေးလိုက်ယုံပါပဲ.. PDF ဖိုင်လုပ်ဖို့ဆိုရင်တော့ Microsoft Office Word 2010 နဲ့ လုပ်ရတာအဆင်ပြေပါတယ်..။ PDF ဖိုင်လုပ်နည်းလေးကိုလည်း နောက်ပိုင်းမှာ တင်ပေးပါမယ်.. အဲဒီအတွက်လိုအပ်တဲ့ Microsoft Office Word 2010 ကိုလည်းတင်ပေးသွားပါမယ်.. ဖိုင်ဆိုဒ်ကကြီးတော့ တခြားအဆင်ပြေမယ့် နည်းလမ်းကိုလည်း လိုက်ရှာနေပါတယ်.. လုပ်ပေးချင်တာတွေ အများအပြားရှိပေမယ့် ကျနော်ထင်သလောက် လုပ်မပေးနိုင်သေးပါဘူး..။ ဖြေးဖြေးချင်းတော့ ဖြစ်လာလိမ့်မယ် ထင်ပါတယ်.. အခုဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 17 MB ရှိပါတယ်..

Portable Foxit Reader 5.3.0 free software download


Foxit Reader Portable လေးပါတင်ပေးလိုက်ပါတယ်..။ Portable လေးတွေကိုမှ လိုချင်တဲ့ သူများအတွက်ပါ...။ သုံးနည်းကတော့ ထွေထွေထူးထူး မရှိပါဘူး.. ဒီကောင်လေးကိုဖွင့်ပြီး မိမိတို့ ဖွင့်ဖတ်ချင်တဲ့ PDF ဖိုင်လေးကို ရွေးပြီးဖွင့်လိုက်ရင် ဒီကောင်လေးနဲ့ စာဖတ်လို့ ရသွားပါပြီ.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူသွားလိုက်ပါ.. ဖိုင်ဆိုဒ်ကတော့ 11 MB ရှိပါတယ်..

Foxit Reader 501.0523 enu free software download


ဒါလေးကတော့ Foxit Reader လေးပါ..။ PDF လို့ခေါ်တဲ့.. EBOOk လို့လဲခေါ်တဲ့ စာအုပ်ဖိုင်တွေကို ဖတ်နိုင်ဖို့ ဆိုရင်တော့ ဒီကောင်လေးတွေ လိုအပ်ပါတယ်.. PDF Reader တွေအများကြီးရှိပေမယ့် ဒါလေးကတော့ ကျနော်အမြဲသုံးတဲ့ ကောင်လေးပါ..။ ဟိုးအရင်တုန်းကတော့ Adobe Reader ကို အသုံးများပါတယ်.. နောက်ပိုင်းမှာ Adobe Reader က ခဏခဏ Error တက်ပါတယ်..။ ဘယ်လို အဲရာမျိုးလဲဆိုတော့ Desktop မှာ ရှိတဲ့ Icon လေးတွေအားလုံး Adobe Reader ပုံတွေပြောင်းသွားတဲ့ အဲရာပါ..။ ဘာပဲဖွင့်ဖွင့် ဖွင့်မရတော့တဲ့ ပြဿနာမျိုးတွေ ခဏခဏကြုံရပါတယ်..။ နောက်ပြီး Adobe Reader ကို အင်စတော့ ဆွဲရင်လည်း အရမ်းကြာတတ်ပါတယ်..။ အဲဒါတွေကြောင့် ဒီကောင်လေးကို ပြောင်းသုံးဖြစ်သွားတာပါ..။ ဒီကောင်လေးမှာတော့ အဲလိုအဲရာမျိုးတွေ မဖြစ်ပါဘူး.. Install ဆွဲထည့်ရတာလည်း မြန်လို့ ဒါလေးပဲ အမြဲတမ်းသုံးဖြစ်သွားပါတယ်.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 11.6 MB ရှိပါတယ်..

Windows7 key finder free download


ဒါကတော့ Windows7 အသုံးပြုသူများ အတွက်ပါ..။ မိမိတို့ရဲ့ ကွန်ပျူတာထဲမှာရှိတဲ့ Windows7 product key ကိုရှာပေးနိုင်ပါတယ်.. ဒီကောင်လေးကို Install ဆွဲထည့်လိုက်ယုံပါပဲ..။ သုံးရတာလည်းလွယ်ပါတယ်.. အောက်မှာပုံလေးနဲ့ ပြထားပါတယ်..  မိမိတို့စက်ရဲ့ Windows7 product key ကိုသိချင်တဲ့ သူများအတွက် ဒီကောင်လေးက ကူညီနိုင်ပါတယ်..။ Original Windows7 သုံးသူများအတွက် Key အမှန်ကိုရှာပြီး သိမ်းထားသင့်ပါတယ်.. နောက်တကြိမ် ဝင်းဒိုးတင်တဲ့အခါ ဒီကီးတွေပြန်ထည့်ပေးလိုက်ရင် နောက်ဝင်းဒိုးဟာလည်း ဝင်းဒိုးအမှန်ဖြစ်လာပါလိမ့်မယ်.. နောက်ဝင်းဒိုးဟာလည်း ပထမဝင်းဒိုးနဲ့ အမျိုးအစားတူဖို့တော့ လိုပါတယ်.. Windows7 Home Premium လား.. Professional လား.. Ultimate လား.. စသဖြင့်အမျိုးအစားနဲ့ 32-bit (or) 64-bit လားဆိုတာ သေချာသိဖို့တော့လိုပါတယ်.. နောက်တကြိမ် တင်ရင် ပထမဟာနဲ့ အမျိုအစားတူတာကို ရွေးတင်ပြီး ဒီကီးတွေထည့်ပေးလိုက်ပါ..။ ဒါဆိုပထမ ဝင်းဒိုးလိုပဲ ဝင်းဒိုးအမှန်ဖြစ်သွားပါပြီ... လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 407 KB  ပဲရှိပါတယ်..

အန်းဂရီးဘတ် စပေ့စ် Game Free Download


ဒီနေ့တော့ ဒီဂိမ်းလေးရလာလို့ ဖူးဖြစ်အောင် လုပ်နည်းလေးပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီဂိမ်းလေးကိုတော့ အင်္ဂလိပ်လို မရေးပေးတော့ပါဘူး.. သူ့နာမည်ကို ပုံမှာပဲကြည့်လိုက်ပါ..။ အရင်တုန်းက တင်ပေးခဲ့တဲ့ အန်းဂရီးဘတ် ပေါတေးဘယ်ဂိမ်းလေးတွေက တချို့စက်တွေမှာ ဆော့လို့ ရပေမယ့်.. တချို့စက်တွေမှာ ကစားလို့ မရတာလေးတွေ ရှိခဲ့ပါတယ်.. ကျနော်နေတဲ့နားက သူငယ်ချင်းနှစ်ယောက်ရဲ့ စက်တွေမှာ ဆော့လို့ မရတာပါ..။ ဘာကြောင့်လဲဆိုတာ ကြည်ကြည့်တော့ သူတို့စက်မှာတင်ထားတဲ့ Windows7 ထဲက System32 ထဲမှာရှိတဲ့ .dll ဖိုင်တွေမစုံလို့ပါ..။ Windows7 တင်တဲ့ အချိန်တုန်းက ဒီ .dll ကောင်လေးတွေကျန်ခဲ့တာပါ..။ ဒါကြောင့်ဆော့လို့ မရကြတာပါ..။ အဲဒီဂိမ်းတွေကို ကျနော့်စက်မှာ ဆော့ကြည့်တော့ ရနေပါတယ်..။ ရလို့လဲတင်ပေးလိုက်တာပါ.. ဒါကြောင့် မိမိတို့စက်က ဝင်းဒိုးရဲ့ ချို့ယွင်းချက်ကြောင့် ဆိုရင်တော့.. အရင်တုန်းက တင်ပေးထားတဲ့ အန်းဂရီးဘတ် ပေါတေးဘယ် ဂိမ်းတွေ ကစားလို့ရမှာ မဟုတ်ပါဘူ.. 
ဒီနေ့တင်ပေးလိုက်တဲ့ အန်းဂရီးဘတ်စပေ့စ် ဂိမ်းလေးကတော့ Install ဆွဲထည့်ပေးရမယ့် ဂိမ်းလေးပါ.. ဖိုင်ဆိုဒ်ကတော့ 32.3 MB ရှိပါတယ်..။ Full Version ဖြစ်အောင် အထဲမှာပါတဲ့ Patch ဖိုင်လေးကို copy ကူပြီး .. Desktop မှာပေါ်လာတဲ့ အန်းဂရီးဘတ်စပေ့စ် ပုံလေးပေါ်မှာ Right Click ထောက်ပါ .. အောက်မှာပုံလေးတွေ ဆက်ကြည့်ပြီး ... Full Version ဖြစ်အောင် လုပ်ပြထားပါတယ်.. ကစားချင်တဲ့သူများကတော့ အရင်ဒေါင်းယူလိုက်ပါ.. ဖိုင်နာမည်ကို 007ABSE လို့နာမည်ပေးထားပါတယ်..

Alien Shooter Game Free download


ဒီနေ့တော့ Game လေးတွေတင်ပေးချင်တာနဲ့ Alien Shooter ဂိမ်းလေးကို အရင်တင်ပေးလိုက်ပါတယ်..။ အရမ်းဆော့လို့ကောင်းပါတယ်..။ ကျည်ဆန်တွေလည်း အများကြီးပေးတယ်..။ အမုန်းပစ်ရမှာပါ..။ ဆော့လို့ကိုမကုန်နိုင်ဘူးထင်ပါတယ်..။ အခန်းတွေက တခန်းပြီးတခန်း.. အကောင်တွေကလည်း အပုံလိုက် အထွေးလိုက်.. အကောင်တွေပစ်ရင်းနဲ့ ပေးလာတဲ့ ကျည်တွေကိုလည်း ရအောင်လိုက်ဖမ်းရတယ်..။ အခန်းမြင့်လေ ပိုခက်လေပဲ.. ကျနော်အရင်တုန်းက ဆော့ခဲ့တဲ့ ဂိမ်းလေးပါ.. ဂိမ်းအဟောင်းလေးဆိုပေမယ့် အရမ်းဆော့လို့ ကောင်းပါတယ်.. တခါမှ အခန်းအားလုံးကုန်အောင် မကစားနိုင်ခဲ့ဘူး.. အခုဆို ဘလော့မှာ စာရေးတာနဲ့ အချိန်ကုန်နေလို့ လုံးဝကို မကစားဖြစ်တော့ဘူး.. ဒီဂိမ်းလေးက Portable လေးပါ.. ဒေါင်းလော့ချပြီးရင် ဖိုင်ဖြည်.. ထွက်လာတဲ့ဖိုင်ကို ၂ချက်တောက်ဖွင့်.. ပွင့်လာတဲ့ဖိုင်တွေထဲက သနတ်ပုံ အိုင်ကွန်လေးကို Double Click ပေးလိုက်ရင် ဆော့လို့ ရပါပြီ.. လိုအပ်တဲ့သူများ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 51 MB ရှိပါတယ်..

Photo Effect - Photoshop ဖြင့်ဓါတ်ပုံများဖြတ်ကပ်ပြုလုပ်ခြင်း



ဒါလေးကတော့ Photoshop နဲ့ ဓါတ်ပုံလေးတွေကို ဘယ်လိုဖြတ်ကပ် လုပ်လဲဆိုတာ ပြပေးသွားပါ့မယ်..။ သူငယ်ချင်းတို့ အတွက်အများကြီး အဆင်ပြေမယ့် နည်းလေးလို့ ထင်ပါတယ်..။ Photoshop နဲ့ဓါတ်ပုံပြင်တာ အရမ်းတတ်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်..။ ဖုန်းဆက်ပြီးတော့လည်း ခဏခဏမေးတယ်..။ သူ့ကိုလည်း ဒီနည်းလေးနဲ့ အခြေခံစပေးခဲ့တာ.. အခုတော့ သူကတော်တော်လေး လုပ်တတ်နေပါပြီ.. ဒါကြောင့် မလုပ်တတ်သေးတဲ့သူများအတွက် Photoshop အခြေခံရအောင် ရိုးရိုးရှင်းရှင်းနဲ့ လွယ်တဲ့ ဒီနည်းလေးကို တင်ပေးလိုက်ပါတယ်..

Text Effect - Photoshop ဖြင့်စာလုံးဒီဇိုင်းများ ဖန်တီးခြင်း


 ဒီနေ့တော့ Photoshop နဲ့ စာလုံး Design လေးဖန်းတီးပုံကို photoshop အခြေခံလေးတွေ လိုချင်နေတဲ့ သူငယ်ချင်းများအတွက် တင်ပေးလိုက်ပါတယ်..။ သူငယ်ချင်းတွေကလည်း ခဏခဏနပူနစာ တိုက်နေတာနဲ့ မသိသေးတဲ့ သူများနဲ့ အဝေးကသူငယ်ချင်းတွေအတွက် ဒီနေ့ဒီပိုစ့်လေး ကိုတင်လိုက်ရပါတယ်.. လုပ်ပုံလုပ်နည်းကတော့ သိပ်မခက်ပါဘူး..။ အသေးစိတ်ရှင်းပြထားလို့ ပုံတွေတော့ နည်းနည်းများတယ်..။ အပေါ်ကပုံလေးကို ဘယ်လိုဖန်တီးလဲဆိုတာ ကိုတင်ပြသွားပါမယ်..

Portable Maxthon 3.3 Browser Free Download



Maxthon Browser Portable လေးပါတခါတည်း ရှာပြီးတင်ပေးလိုက်ပါတယ်..။ Portable လေးတွေကို ကြိုက်တဲ့သူများအတွက်ပါ..။ မြန်မာစာပေါ်အောင်  လုပ်တဲ့နည်းကတော့ အတူတူပါပဲ.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူသွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 33.4 MB ရှိပါတယ်..

Maxthon Browser မှာ မြန်မာစာပေါ်အောင်လုပ်နည်း - Maxthon 3.3.7.2000 Free Download


ဒီကောင်လေးကတော့ လူသိနည်းနဲ့ Browser လေးတခုပါ..။ လူသိနည်းသလို သိတဲ့လူကလည်း သိပ်မသုံးကြပါဘူး..။ လူသုံးနည်းပေမယ့် Mozilla Firefox ထက်တော့ မြန်ပါတယ်..။ ကျန်ခဲ့တဲ့အပါတ်က သူငယ်ချင်းတစ်ယောက် ၄င်း Maxthon Browser နဲ့ အလုပ်ရှုပ်နေပါတယ်..။ ကျနော်နဲ့တွေ့တော့ မြန်မာစာပေါ်အောင်လုပ်ပေးပါတဲ့.. တခြားနည်းပညာဆိုဒ်တွေက ပြတဲ့အတိုင်းလုပ်တာ မြန်မာစာမပေါ်ဘူး ဖြစ်နေလို့ပါတဲ့.. ကျနော်ကြည့်လိုက်တော့ သူပြောင်းထားတာတွေအားလုံး မှန်ပေမယ့် တနေရာလိုနေပါတယ်..။ Enable spell check နေရာမှာ အမှန်ခြစ်ဖြုတ်ပေးရပါမယ်..။ ကျနော်အဲဒီနေရာမှာ အမှန်ခြစ်ဖြုတ်ပြီးတာနဲ့ မြန်မာစာတန်းပေါ်လာပါတယ်..။ ရေးလို့ ဖတ်လို့ ရသွားပါတယ်..။ ဒါကြောင့် ဒီနည်းလေးကို မသိသေးတဲ့သူများလည်း သုံးတတ်အောင်လို့ ဒီBrowser နဲ့ ဒီနည်းလေးကိုတင်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 25 MB ရှိပါတယ်..။ မြန်မာစာပေါ်အောင် လုပ်နည်းကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်..

SIM Card Data Recovery Software Free Download


 ဒီကောင်လေးကတော့ မနေ့တနေ့က Cbox အစ်ကိုလှိုင်မင်း တောင်းထားတာလေးပါ..။ တခြားဆိုဒ်တွေမှာ ဖရီးမပေးပါဘူး.. ဝယ်ခိုင်းနေတာတွေချည်းတွေ့နေလို့.. ဒီနေ့တော့ ဒါလေးကိုထပ်ရှာဖြစ်တယ်..။ ရှားရှားပါးပါး တွေ့ခဲ့တဲ့ ဆိုဒ်တခုကတော့ ဒီကောင်လေးနဲ့ နောက်ထပ်ဆော့ဝဲလ်တခုကို ပူးတွဲပြီး Torrent ဒေါင်းလော့ဒါနဲ့ ဖရီးပေးထားပါတယ်.. IDM နဲ့ဒေါင်းရင် 100 MB ကျော်ကို ၁၅ မိနစ်လောက်ပဲ ဒေါင်းယူရမှာ ဖြစ်ပေမယ့်.. တောရန့်ဒေါင်လော့ဒါနဲ့ ကတော့ 100 MB ကျော်ကို သုံးနာရီနီးပါးကြာပါတယ်.. ဘယ်လိုပဲဖြစ်ဖြစ်ပါ အဓိက,က Full Version ဖြစ်ဖို့ပါပဲ..။ ပါလာတဲ့ SIM Card Data Recovery ဖိုင်လေးကသေးသေးလေးပါ..။ 1.30 MB ပဲရှိပါတယ်..။ ဒေါင်းပြီးပြီးချင်း Install ဆွဲကြည့်တယ်.. သူ့မှာပါလာတဲ့ Serial key ကိုထဲ့ကြည့်တော့ တကယ်ပဲ ဖူးဗါးရှင်းဖြစ်သွားပါတယ်..။ ဒါကြောင့်ဒါလေးကို ရရချင်းပဲ တင်ပေးလိုက်ပါတယ်..။ သုံးနည်းကိုတော့ မသုံးဖူးသေးလို့ ကျနော်သေချာ မပြောပြတတ်သေးပါဘူး..။ key ထည့်နည်းကိုတော့ အောက်မှာ ပုံလေးနဲ့ ပြပေးလိုက်ပါတယ်..
ဒီကောင်လေးမှာ ဘာတွေရလဲဆိုတော့ သူ့ရဲ့ဆိုဒ်မှာရေးထားတာက ဖျက်ပြီးသား နာမည်တွေ၊ ဖုန်းနံပါတ်တွေနဲ့ SMS တွေကို ပြန်ပြီး Recovery ပြန်ရှာယူလို့ ရပါတယ်တဲ့ ။ ဟုတ်မဟုတ်တော့ ကျနော်လည်းသေချာမသိသေးပါဘူး.. တောင်းထားတဲ့လူရှိလို့ ရှာပြီး ဖူးဗါးရှင်း ရလာလို့တင်ပေးလိုက်တာပါ..။ လိုအပ်တဲ့သူများကတော့ စမ်းသုံးကြည့်လိုက်ပေါ့ဗျာ..  ဖရီးဆော့ဝဲလ်မဟုတ်တဲ့ အတွက် အာပလာတော့ မဖြစ်လောက်ပါဘူး..။ ဒါလေးနဲ့ အဆင်ပြေလိမ့်လို့ ထင်ပါတယ်.. ဖိုင်ဆိုဒ်ကတော့ 1.30 MB ပဲရှိပါတယ်..
Related Posts Plugin for WordPress, Blogger...