Showing posts with label Photoshop လေ့ကျင့်ခန်းများ. Show all posts
Showing posts with label Photoshop လေ့ကျင့်ခန်းများ. Show all posts

Photoshop ဖြင့် ဓါတ်ပုံများကို ခဲခြစ်ပန်းချီပုံများ ဖြစ်အောင် ဖန်တီးခြင်း

 ဒီ Photoshop လေ့ကျင့်ခန်းလေးကတော့ မိမိတို့ရဲ့ ပုံလေးတွေကို ခဲခြစ်ပန်းချီပုံလေးတွေ ဖြစ်အောင် ဖန်တီးယူတဲ့ နည်းလေးပဲ ဖြစ်ပါတယ်..။ ခဲခြစ်ပန်းချီးပုံတွေဖြစ်အောင် အဆင်သင့်အသုံးပြုလို့ ရတဲ့ ဆော့ဝဲလ်တွေ အများအပြားရှိပေမယ့် ဒီနည်းလေးကတော့ Photoshop ကို အသုံးပြုတတ်အောင် လေ့လာနေတဲ့ သူများအတွက် အဆင်ပြေအောင်၊ အတတ်မြန်အောင်  လေ့ကျင့်ခန်းလေး တခုအဖြစ် တင်ပေးလိုက်ခြင်းပါ..။ Photoshop ပညာကို တတ်လိုတဲ့ သူများကတော့ ဒီလိုလေ့ကျင့်ခန်းလေးတွေနဲ့ လေ့လာရင် အတတ်မြန်မှာ ဖြစ်ပါတယ်..။ ကျနော် တင်ပေးခဲ့ပြီးတဲ့ အရင်လေ့ကျင့်ခန်းလေးတွေကနေ အခုလေ့ကျင့်ခန်းအထိ ပိုစ့်တခုစီကို အလွတ်ရအောင် လေ့ကျင့်ထားပြီးဆိုရင်တော့ Photoshop ကို အသုံးပြုတတ်သွားပြီလို့ ပြောလို့ ရပါပြီ..။ 
ဒီပိုစ့်မှာ ဒီလို ခဲခြစ်ပန်းချီလေးတွေဖြစ်အောင် ဖန်တီးတဲ့လုပ်နည်းက သိပ်မများပေမယ့် အနည်းငယ်တော့ ရှုပ်ပါလိမ့်မယ်..။ ဒါကြောင့် တဆင့်စီ အသုံးပြုရလွယ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားလို့ ဒီပိုစ့်မှာ ပုံတွေတော့ နည်းနည်းများပါတယ်..။ သေချာလေ့လာလိုက်ရင် လုပ်တတ်သွားမှာပါ..။ ဒီပိုစ့်ကိုလည်း မနေ့က ပိုစ့်လိုပဲ Photoshop CS6 နဲ့ ပြပေးထားလို့ Photoshop CS6 လိုအပ်တဲ့သူများအတွက် ဒေါင်းယူလို့ အဆင်ပြေအောင် အောက်မှာ လင့်တွေပြန်ချိတ်ပေးထားပါတယ်..။ ဒီခဲခြစ်ပန်းချီဖြစ်အောင် ဖန်တီးနည်းကို လေ့လာကြည့်လိုတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

Photoshop မှာ အလွယ်တကူ ရောင်စုံအသုံးပြုနိုင်မည့် Brush များ ဖန်တီးခြင်း


ကျနော် Photoshop လေ့ကျင့်ခန်းလေးတွေ မတင်ပေးဖြစ်တာ ကြာသွားပါပြီ..။ ဒီလို လေ့ကျင့်ခန်းလေးတွေ ထပ်တင်ပေးဖို့ တောင်းထားတဲ့ သူငယ်ချင်းများလည်း ရှိတဲ့အတွက် ဒီနေ့တော့ ဒီ Brush တူးလေးတွေ ဖန်တီးတဲ့ နည်းလေးကို အားလုံးပဲ လုပ်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ ဒီပိုစ့်မှာတော့ အပေါ်ကပုံအတိုင်း သစ်ပင်လေးနဲ့ လုပ်ပြထားတာဖြစ်ပြီး သစ်ပင်မဟုတ်တဲ့ တခြား ဓါတ်ပုံတွေနဲ့လည်း ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။ လုပ်နည်းက လွယ်ကူပြီး Google ကနေ ကျနော် ရှာယူလိုက်တဲ့ ဒီသစ်ပင် ပုံလေးကို.. သစ်ပင်မဟုတ်တဲ့ တခြား ပုံများကိုလည်း  အလွယ်တကူ ရှာယူတတ်အောင်ပါ ပြပေးထားပါတယ်..။ ဒီလုပ်နည်းကို ကျနော့် Blog မှာ အရင်တင်ပေးခဲ့ဖူးတဲ့ Portable Photoshop CS6 13.1.2 နဲ့ ပြပေးထားတာ ဖြစ်ပြီး Photoshop CS6 လိုအပ်တဲ့ သူများအတွက်ပါ ဒီပိုစ့်ကနေ ဒေါင်းယူလို့ ရအောင် လင့်တွေ ပြန်ချိတ်ပေးထားပါတယ်..။ မိမိတို့ ဝင်းဒိုးအလိုက် 32-bit or 64-bit ကို ရွေးပြီး ဒေါင်းယူအသုံးပြုနိုင်ပါတယ်..။ 

Photoshop ဖြင့် ပုံနှင့်စာလုံးများ၏ နောက်ခံအကြည်လွှာများ (Transparent) ဖန်တီးခြင်း

ဒီပိုစ့်ကတော့ Photoshop လေ့ကျင့်ခန်းနဲ့မတူပါဘူး..။ လုပ်နည်းလေးတခုပါ..။ မိမိတို့ရဲ့ ပုံလေးတွေနဲ့ စာလုံးဒီဇိုင်းတွေကို Transparent လို့ခေါ်တဲ့ နောက်ခံအကြည်လွှာလေးတွေနဲ့ ဖန်တီးတတ်အောင် လုပ်ပြပေးထားတဲ့ လုပ်နည်းပိုစ့်လေးပါ..။ အရင်တုန်းကလည်း မေးထားခဲ့ဖူးတဲ့ လူများရှိခဲ့လို့ ဒီနေ့ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ..။ လုပ်နည်းက လွယ်ပါတယ်..။ ဒီနည်းနဲ့ Photoshop ကို အသုံးပြုပြီး မိမိတို့ရဲ့ ပုံလေးတွေနဲ့ စာလုံးဒီဇိုင်းတွေကို သိမ်းထားမယ်ဆိုရင် တခါဖြတ်၊ တခါဖန်တီးထားယုံနဲ့ နောက်ပိုင်း ပြန်ပြင်စရာ၊ ပြန်ဖြတ်စရာမလိုပဲ ၊ လိုသလို အလွယ်တကူ ယူသုံးလို့ ရမှာ ဖြစ်ပါတယ်..။ ဘယ်ပုံပေါ်ကိုပဲ တင်တင်၊ Web (or) Blog ပေါ်ကိုပဲ တင်တင် ပြန်လည်ပြုပြင်စရာ မလိုတော့ပဲ တခါတည်း အဆင်ပြေစေမယ့် နည်းလေးပါ..။ ဓါတ်ပုံအရောင်အတိုင်း ၊ Blog/Web အရောင်အတိုင်း စာလုံး(သို့)ပုံရဲ့ နောက်မှာ ပေါ်နေမှာ ဖြစ်ပါတယ်..။  ဒါကြောင့်ဒီနည်းလေးကလည်း လွယ်ကူပြီး အသုံးဝင်တဲ့ နည်းလေးတခုမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ Transparent နဲ့ ပုံတို့စာလုံးတို့ကို ဖန်တီးတတ်ချင်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ နောက်ပြီး အရင်တုန်းက ကျနော်တင်ပေးခဲ့တဲ့ Photoshop လေ့ကျင့်ခန်းလေးတွေကိုလည်း PDF ဖိုင်နဲ့သိမ်းထားခဲ့လို့ ဒီပိုစ့်နဲ့ အတူ ပြန်လည်တင်ပေးလိုက်ပါတယ်..။ PDF ဖိုင်နဲ့ ကျနော်ဖန်တီးထားတဲ့ Photoshop လေ့ကျင့်ခန်းလေးတွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ တခါတည်း PDF Reader၊ Photoshop CS3 နဲ့ မြန်မာစာဖေါင့် အလှတွေကိုလည်း အဲ့ဒီစာမျက်နှာမှာပဲ ဒေါင်းယူနိုင်ပါတယ်..။

Number1 စာလုံးထဲမှာ Photoshop ဖြင့် အလံ(ဓါတ်ပုံ) ထည့်နည်း


 
 ဒီလုပ်နည်းလေးက ဒီဇိုင်းတခုဖန်တီးတာနဲ့ သွားတူပါတယ်.. Photoshop ပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားရင် မိမိတို့ စိတ်ထဲရှိသလို ပုံတွေ၊ဒီဇိုင်းတွေကို မိမိတို့ Idea နဲ့ ဖန်တီးနိုင်စွမ်း ရှိလာပါလိမ့်မယ်..။ ဒီပေါ်ကပုံလေးက ဒီပိုစ့်ကို ရေးနေရင်းနဲ့မှ ပေါ်လာတဲ့ Idea လေးပါ.. ဒီလိုလေး ဖန်တီးဖြစ်လိမ့်မယ်လို့ မစဉ်းစားခဲ့ပါဘူး.. ကျနော်တင်ပေးထားတဲ့ Photoshop လေ့ကျင့်ခန်းလေးတွေကို ဒီပိုစ့်အပါအဝင် အားလုံးကို အလွတ်လုပ်နိုင်သွားပြီဆိုရင် Photoshop ပညာကို ကျနော့်လောက် နီးနီးတတ်မြောက်သွားပါပြီ.. မိမိတို့ စိတ်တိုင်းကျ ပုံတွေကို ဖန်တီးနိုင်သွားပါပြီ.. ဒီလုပ်နည်းလေးကလည်း မခက်ပါဘူး.. ဒါပေမယ့် မကြာမကြာပြန် လေ့ကျင့်ပေးဖို့တော့ လိုပါတယ်.. မလုပ်တာကြာရင် မေ့တတ်ပါတယ်..။ ကျနော့်ကိုယ်တွေ့ပါ..။ 
ဒီလေ့ကျင့်ခန်းလေးကို Photoshop CS6 Portable နဲ့ ဖန်တီးထားတာပါ.. Photoshop CS6 Portable လိုအပ်တဲ့သူများ ဒီနေရာကနေ ဝင်ယူနိုင်ပါတယ်..။ အရင်တုန်းက ဗါးရှင်းအဟောင်းတွေ ဖြစ်တဲ့ Photoshop 7.0 နဲ့ပါ ဒီလေ့ကျင့်ခန်းလေးကို ဖန်တီးလို့ ရပါတယ်.. ကျနော်စမ်းကြည့်ပြီးသားပါ..။ ဒီပိုစ့်နဲ့အတူ အရင်တုန်းက တင်ပေးထားတဲ့ Photoshop လေ့ကျင့်ခန်းလေးတွေကိုပါ PDF ဖိုင်လေးတွေနဲ့ ပြန်ထုတ်ပေးလိုက်ပါတယ်..။ အားလုံးကို တစုတစည်းထဲ အင်တာနက်လိုင်း မရှိလည်းပဲ လေ့ကျင့်လို့ အဆင်ပြေအောင်လို့ပါ.. ဒီစာအုပ်လေးတွေ ဖတ်နိုင်ဖို့ Foxit Reader လေးကိုလည်း မရှိသေးတဲ့သူများ ဒီလင့်ကနေ ဝင်ယူလိုက်ပါ.. အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင်တော့ ဒီလေ့ကျင့်ခန်းလေးကို စပါပြီ..

Photoshop ဖြင့်ဓါတ်ပုံများကို အရိပ်ထွက်အောင် ဖန်တီးခြင်း


ကျနော် Photoshop လေ့ကျင့်ခန်းလေးတွေ မတင်ပေးဖြစ်တာ ကြာသွားပါပြီ.. ဆော့ဝဲလ်တွေပဲ အများဆုံး တင်ပေးဖြစ်နေတာ.. ဒီနေ့တော့ Photoshop လေ့ကျင့်ခန်းလေးတွေ မျှော်လင့်နေတဲ့ သူငယ်ချင်းများအတွက် လေ့လာလို့ အဆင်ပြေမယ့်.. လွယ်ကူ၊ ရှင်းလင်းမယ့် နည်းလမ်းလေးကို စဉ်းစားရင်း.. ကျနော်တို့ Photoshop စသင်ခါစက အရင်ဆုံး စစချင်းထဲမှာပါတဲ့ ဒီပုံရိပ်ထင်အောင် လုပ်နည်းလေးကို လေ့ကျင့်ခန်းတခု အနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ဒီနည်းလေးနဲ့ မိမိတို့ရဲ့ ပုံလေးတွေကို ပုံရိပ်လေးတွေထင်အောင် အလွယ်တကူ ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။ စာတွေအများကြီး ရေးမနေတော့ပါဘူး.. အောက်ကပုံလေးတွေ အတိုင်းသာ လိုက်လုပ်ကြည့်ကြပါဗျာ.. တဆင့်ချင်းစီပြထားလို့ ပုံတွေတော့ နည်းနည်းများပါတယ်.. ဒီပိုစ့်ကို ကျနော် PDF ဖိုင်နဲ့ ထုတ်ပေးထားပါတယ်.. အရင်တုန်းက Photoshop လေ့ကျင့်ခန်းလေးတွေကိုလည်း နောက်တင်မယ့် ပိုစ့်မှာ PDF ဖိုင်နဲ့  စုပြီးပြန်လည် ထုတ်ပေးသွားပါအုန်းမယ်..

Photo Effect - Photoshop ဖြင့်ဓါတ်ပုံများဖြတ်ကပ်ပြုလုပ်ခြင်း



ဒါလေးကတော့ Photoshop နဲ့ ဓါတ်ပုံလေးတွေကို ဘယ်လိုဖြတ်ကပ် လုပ်လဲဆိုတာ ပြပေးသွားပါ့မယ်..။ သူငယ်ချင်းတို့ အတွက်အများကြီး အဆင်ပြေမယ့် နည်းလေးလို့ ထင်ပါတယ်..။ Photoshop နဲ့ဓါတ်ပုံပြင်တာ အရမ်းတတ်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်..။ ဖုန်းဆက်ပြီးတော့လည်း ခဏခဏမေးတယ်..။ သူ့ကိုလည်း ဒီနည်းလေးနဲ့ အခြေခံစပေးခဲ့တာ.. အခုတော့ သူကတော်တော်လေး လုပ်တတ်နေပါပြီ.. ဒါကြောင့် မလုပ်တတ်သေးတဲ့သူများအတွက် Photoshop အခြေခံရအောင် ရိုးရိုးရှင်းရှင်းနဲ့ လွယ်တဲ့ ဒီနည်းလေးကို တင်ပေးလိုက်ပါတယ်..

Text Effect - Photoshop ဖြင့်စာလုံးဒီဇိုင်းများ ဖန်တီးခြင်း


 ဒီနေ့တော့ Photoshop နဲ့ စာလုံး Design လေးဖန်းတီးပုံကို photoshop အခြေခံလေးတွေ လိုချင်နေတဲ့ သူငယ်ချင်းများအတွက် တင်ပေးလိုက်ပါတယ်..။ သူငယ်ချင်းတွေကလည်း ခဏခဏနပူနစာ တိုက်နေတာနဲ့ မသိသေးတဲ့ သူများနဲ့ အဝေးကသူငယ်ချင်းတွေအတွက် ဒီနေ့ဒီပိုစ့်လေး ကိုတင်လိုက်ရပါတယ်.. လုပ်ပုံလုပ်နည်းကတော့ သိပ်မခက်ပါဘူး..။ အသေးစိတ်ရှင်းပြထားလို့ ပုံတွေတော့ နည်းနည်းများတယ်..။ အပေါ်ကပုံလေးကို ဘယ်လိုဖန်တီးလဲဆိုတာ ကိုတင်ပြသွားပါမယ်..

Photoshop ဖြင့်အင်္ကျီအရောင် ပြောင်းခြင်း


ဒီနည်းလေးက အင်္ကျီတွေမှ မဟုတ်ပါဘူး..။ ဘယ်ဟာကိုပဲဖြစ်ဖြစ် အရောင်ပြောင်းလို့ ရပါတယ်..။ မနေ့က တင်လိုက်တဲ့ ပိုစ့်လိုပဲ အရင်တုန်းက ဝဘ်ဆိုဒ်တခုမှာ တွေ့ခဲ့ဖူးတဲ့ နည်းလေးပါ..။ အခုတော့ အဲဒီဆိုဒ်မှာ ပြန်ရှာမတွေ့တော့လို့ ကျနော့်ဆိုဒ်မှာ ကျနော်နားလည်သလို ပြန်လည်ရှင်းပြပြီး တင်ပေးလိုက်ပါတယ်..။ အခြေခံပိုင်းလည်းဖြစ်၊ မသိသေးတဲ့သူများအတွက် အရမ်းကိုတန်ဖိုးရှိတဲ့ နည်းလေးတွေမို့လို့ပါ..။ အခုဒီနည်းလေးက နည်းနည်းလွယ်ပါတယ်..။ အင်္ကျီတွေကို အရောင်မျိုးစုံ ပြောင်းလို့ရတဲ့အတွက် အားလုံးပဲ သဘောကျကျမယ်လို့ ထင်ပါတယ်..။ လုပ်နည်းလေးကိုအောက်မှာ ပုံလေးတွေနဲ့ ပြထားပေးပါတယ်..။ တဆင့်ချင်း သင်သွားရင် အမြန်တတ်သွားမှာပါ..။

Photoshop ဖြင့် ပါတ်စပို့ပုံရှစ်ပုံ ဖန်တီးခြင်း


ဒီနည်းလေးကို ကျနော်သဘောကျလို့ တင်ပေးလိုက်တာပါ..။ အရင်တုန်းက ဝဘ်ဆိုဒ်တစ်ခုမှာ ဒီလိုပါတ်စပို့ပုံ လုပ်နည်းလေး ရှိခဲ့ဖူးပါတယ်..။ အခုအဲဒီဆိုဒ်က ပြန်ပြင်နေတာ အတော်ကြာနေပါပြီ..။ ဒီနည်းလေးကိုလည်း ကျနော်ဒီစာရေးတဲ့အချိန်ထိ အဲဒီဆိုဒ်မှာ ပြန်ရှာလို့ မတွေ့သေးပါဘူး..။ ဒါကြောင့် ဒီနည်းလေးကို ကျနော်နားလည်သလို ပြန်ပြီးရှင်းပြရင်းနဲ့ တန်ဖိုးရှိတဲ့ နည်းလမ်းလေးတွေ ပျောက်ကွယ်မသွားအောင် ကျနော့်ဆိုဒ်မှာ တင်ပေးလိုက်ပါတယ်..။ လုပ်နည်းတော့ နည်းနည်းရှုပ်ပါတယ်..။ တဆင့်ချင်းစီ ကြည့်သွားလိုက်ရင်တော့ တတ်သွားမှာပါ..။

Photoshop ဖြင့်စာရွက်စာတမ်းများ ဖြတ်ကပ်ပြုလုပ်ခြင်း

 Photoshop နဲ့ စာရွက်စာတန်းတွေ ဖြတ်ကပ်လုပ်တာလေး ပြောပြချင်လို့ပါ..။ နိုင်ငံခြားရောက်နေတဲ့ လူတွေအတွက် ဒီလိုနည်းလေးတွေလည်း တတ်ထားသင့်ပါတယ်..။ Photoshop ကိုလုံးဝမသုံးတတ်သေးတဲ့ သူများပါ နဲနဲချင်း လုပ်တတ်လာအောင်လို့ Photoshop လေ့ကျင့်ခန်းလေးတွေကိုလည်း အလျှင်းသင့်သလို ဖေါ်ပြပေးသွားပါမယ်..။ အခုဒီနည်းလေးကို ဘာလို့ဖေါ်ပြရလည်းဆိုတော့ ကျနော်ရဲ့သူငယ်ချင်း တယောက်က ပါတ်စပို့စာအုပ်လုပ်ချင်တယ်..။
Related Posts Plugin for WordPress, Blogger...