Showing posts with label Gmail အသုံးပြုနည်းများ. Show all posts
Showing posts with label Gmail အသုံးပြုနည်းများ. Show all posts

Gmail မှ မဆက်သွယ်ချင်တော့တဲ့လူကို Delete လုပ်နည်း


ဒီနည်းလေးကတော့ Gmail မှာ မိမိတို့မဆက်သွယ်ချင်တော့တဲ့သူကို ဘလော့လုပ်တာထက်ပိုပြီး ထိရောက်ပါတယ်..။ သူငယ်ချင်းတစ်ယောက်က သူ့ကောင်မလေး မေးလ်ထဲကို အမြဲတမ်း ညစ်ညမ်းစာတွေ ပေးပို့နေတဲ့ သူ့ကောင်မလေးလည်း မသိတဲ့ လူတစ်ယောက်ကို စာမပို့နိုင်အောင် ဘယ်လိုလုပ်ရမလဲလို့ ကျနော်ကို မေးလာပါတယ်..။ အခုဒီနည်းလေးကို ပေးလိုက်လို့ အဆင်ပြေသွားပါတယ်..။ ဒီနည်းက ပို့တဲ့လူဆီကစာတွေကို တခါထဲ အော်တိုဖျက်ထုတ်အောင်လုပ်တဲ့နည်းလေးပါ..။ လုပ်ရတာလည်းလွယ်ပါတယ်..။ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

Gmail မှာ Chat and SMS ပျောက်နေရင် ဒီနည်းနဲ့ ဖေါ်လိုက်ပါ


ဒီနည်းလေးကတော့ Cbox မှာတောင်းထားတဲ့ ကိုမဟာရဲ့ မေးခွန်းလေးကို ပြန်ဖြေပေးလိုက်တာပါ..။ Gmail မှာ Chat and SMS ပျောက်နေရင် ဒီနည်းနဲ့ ပြန်ဖေါ်လို့ ရပါတယ်..။ Chat and SMS ပျောက်နေရင် သူငယ်ချင်းတွေရဲ့ Email လိပ်စာတွေလည်း ပျောက်နေတတ်ပါတယ်..။ ကျနော်စမ်းကြည့်တာ ဒီနည်းနဲ့ အဆင်ပြေပါတယ်..။ လုပ်နည်းလေးက အရမ်းကိုလွယ်ပါတယ်..။ အောက်မှာပုံလေးနဲ့ ပြထားပေးပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..

Gmail New Look မှ Old Look သို့ပြန်ပြောင်းချင်သူများအတွက်



ဒါလေးကတော့ လွယ်ပါတယ်..။ သူငယ်ချင်းတစ်ယောက်က Gmail New Look ကနေ Old Look ကိုပြန်ပြောင်းချင်တာ..။ Gmail ကို New Look နဲ့ သုံးရတာ သူ့အတွက် သိပ်အဆင်မပြေပါဘူးတဲ့..။ Gmail ထဲမှာရှိတဲ့ သူငယ်ချင်းတွေရဲ့ လိပ်စာကို အပြည့်မမြင်ရတာနဲ့ စာတွေကို အပေါ်အောက်ဆွဲကြည့်လို့ရတဲ့ ဘေးဘောင်လေးကလည်း ပေါ်တချက် ပျောက်တချက်နဲ့ ဆိုပြီး စိတ်တိုင်းမကျ ဖြစ်နေပါတယ်..။ ကျနော့်ဆီရောက်လာတဲ့နေ့က အခုဒီနည်းလေးကို အဓိကထားပြီး မေးသွားပါတယ်..။ ကျနော်လည်း ဒီအောက်ကပုံလေးတွေအတိုင်း သူ့ကိုပြောပြလိုက်ပါတယ်..။ ကျနော်သူငယ်ချင်းလိုပဲ Gmail New Look မှ Old Look ကိုပြန်ပြောင်းချင်တဲ့ သူများလည်း ရှိမှာပဲထင်လို့ ဒီနေ့ဒီပိုစ့်လေးကို တင်လိုက်ရပါတယ်...။ လုပ်နည်းကတော့ လွယ်ပါတယ်...  အောက်ကပုံလေးတွေ အတိုင်းပါပဲ...

Gmail မှာ Label ခွဲပြီး စာတွေသိမ်းနည်း


ဒီတခါတော့ Gmail မှာ Label လေးတွေခွဲပြီး ဝင်လာတဲ့ စာများကို ခွဲသိမ်းလို့ ရမယ့်နည်းလေးကို ပြောပြချင်ပါတယ်..။ ဘာလို့လည်းဆိုတော့ ကျနော်တို့ ရယ်ဂျစ်စတာ လုပ်လိုက်လို့  ကျနော်တို့ရဲ့ မေးလ်ထဲကို တနေ့တနေ့ ဝင်လာတဲ့စာတွေကလည်း မနည်းပါဘူး..။ အဲဒီဝင်လာတဲ့ စာတွေကို လေဘယ်လေးတွေခွဲပြီး တစ်နေရာစီ စုပေးလိုက်ရင် Inbox ထဲကိုမဝင်တော့တဲ့အတွက် မျက်စိရှုပ်သက်သာသလို ကြည့်ရတာလည်း အဆင်ပြေသွားပါမယ်..။ သူ့နာမည်နဲ့သူ လေဘယ်လေးတွေ ခွဲပေးလိုက်တဲ့အတွက် မဖတ်နိုင်ရင်တောင် ဖျက်ချင်ရင် ဖျက်ရတာလည်း လွယ်သွားမယ်..။

Browser တစ်ခုထဲကနေ Gmail ကိုသုံး၊လေးခု ဖွင့်ချင်တယ်ဆိုရင်


CBOX မှာအကိုတစ်ယောက် တောင်းထားတာတွေ့လို့ ကျနော်သိတာလေး ဖြစ်နေတာနဲ့ တင်ပေးလိုက်တာပါ..။ ကျနော်တို့ Gmail အကောင့် သုံးလေးခုကို Browser တစ်ခုထဲကနေ ဝင်လို့ရမယ့်နည်းလေးပါ..။ သိပ်တော့မခက်ပါဘူး..။ ပုံတွေများပေမယ့် လုပ်ရမယ့်အဆင့်ကတော့ လွယ်လွယ်လေးပါ..။ အောက်မှာပုံလေးတွေ ကြည့်လိုက်ပါဗျာ..
ကျနော်ကတော့ Mozilla Firefox နဲ့တက်ပြထားပါတယ်..

Gmail ကနေ Hand Phone ကို Free SMS နဲ့စာပို့နည်း


ဒီတစ်ခါတော့ Gmail ကနေ ဟမ်းဖုန်းကို Free SMS ပို့လို့ရမယ့် နည်းလေးပါ..။ မြန်မာပြည်ကလူတွေအတွက် အတော်လေး အသုံးဝင်ပါတယ်..။ နိုင်ငံခြားမှာရှိနေတဲ့ မိမိတို့ရဲ့ ဆွေမျိုးညီအစ်ကိုမောင်နှမများ ဆီကို Gmail မှ Free SMS နဲ့ အမြန်အကြောင်းကြားလို့ရပါတယ်..။
Related Posts Plugin for WordPress, Blogger...