30 Dec 12, 01:12 AM
thannaing: ကိုလွင်မင်းဗိုလ်ရေ အကုညီ တခုလောာက်တောင်းချင်လို့ပါ ကျွန်တော့်စက်မှာ ဝင်ဒိုး8တင်လိုက်တာ မြန်မာစာတွေလည်း ပြောင်းတိပြောင်းပြန်တွေ ပေါ်နေတယ် အင်တာနက်လည်း သုံးလို့မရေတော့ဘုး သီချင်းလည်း နာထောင်လိုမ၇တော့ဘူး driver့
30 Dec 12, 01:17 AM
thannaing: driver ခွေထည်းပြီး အင်စတောလုပ်တော့လည်း ဝင်းဒိုး၈ကို မရဘူး ဝင်းဒိုး၇ဘဲရတယ် ပြောပြီးအင်စတော လုပ်လို့မရဖြစ်နေတယ် အစ်ကို အဲဒါ ဘယ်လိုလုပ်ရလဲဆိုတာ ကျေးဇူးပြုပြီးဖြေပေးပါအုံးနော် ကျေးဇူးအထူးတင်လျှက်ပါ
30 Dec 12, 10:52 AM
လွင်မင်းဗိုလ်: မြန်မာစာတွေ ပြောင်းပြန်ဖြစ်တယ် ဆိုတာကတော့ W8မှာ မြန်မာစာဖေါင့်ပါပြီးသားမို့ Zawgyi-One ထည့်ပြီး ဖေါင့်ပြောင်းပေးမှသာ မြန်မာစာအမှန်ပေါ်မှာပါ.။ အားလုံးပဲအဆင်ပြေကြပါစေ.
ဒီနည်းလေးက Windows Vista ခေတ်က စက်တွေကို Windows 7 ပြောင်းတင်ပေးတဲ့ အခါမှာ အတော်လေး အသုံးဝင်ခဲ့တဲ့ နည်းလေးပါ..။ အခု Windows 7 တင်ထားတဲ့ စက်တွေကို Windows 8 ပြောင်းတင်တဲ့အခါမှာလည်း ဒီနည်းနဲ့ပဲ အဆင်ပြေတာ များပါတယ်..။ တချို့စက်တွေမှာတော့ မရတတ်ပါဘူး..။ Driver Backup လုပ်ထားတဲ့ ဖိုင်ပေါ်မှာ မူတည်ပြီး လိုအပ်တဲ့ Drivers ကို Force ရိုက်ထည့်တဲ့အခါ Install ဝင်တဲ့အခါ ရှိသလို encountered a problem installing စာသားမျိုးနဲ့ မရတဲ့အခါလည်း ရှိခဲ့ပါတယ်..။ အဲ့လိုမျိုး Force ရိုက်ထည့်လို့မှ မရရင်တော့ Fresh ဖြစ်တဲ့ Drivers တွေကို မူရင်းဝဘ်ဆိုဒ်တွေမှာ သွားပြန်ဒေါင်းယူပြီး Install ထည့်လိုက်ရင်တော့ ရသွားပါတယ်..။ Windows 7 ရဲ့ Drivers တွေကို Windows 8 မှာလည်း အသုံးပြုလို့ ရတာမို့.. အောက်မှာပြထားတဲ့ ပုံလေးတွေက ကျနော့်သူငယ်ချင်းစက်ကို Windows 8 Pro တင်ပေးပြီးတဲ့အခါ VGA Graphic Driver လိုနေလို့.. Windows 7 မှ Drivers Backup လုပ်ထားတဲ့ ဖိုင်ထဲကနေ ရိုးရိုး Install နဲ့ မဝင်လို့ Force ရိုက်ပြီးထည့်ထားတဲ့ ပုံလေးတွေပါ..။ အရင်စက်တလုံးမှာ တင်ပေးခဲ့တဲ့ Windows 8 Enterprise ဗါးရှင်းမှာတော့ Drivers တွေ မပျောက်ပဲ အားလုံးပုံမှန် အလုပ်လုပ်ပါတယ်..။ အခု Windows 8 Pro ဗါးရှင်းမှာတော့ VGA Graphic တခုပျောက်သွားလို့ ဒီ Force ရိုက်နည်းနဲ့ ထည့်မှ အဆင်ပြေသွားပါတယ်..။ ဒီလို Windows 7 မှ Drivers တွေ Windows 8 မှာ Install ထည့်လို့ အဆင်မပြေသေးတဲ့သူများ ဒီအောက်က ပုံလေးတွေနဲ့ စာတွေပါ သေချာလေ့လာပြီး လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။
