Showing posts with label MP3/VCD/DVD ဖြတ်၊ဆက် Tool များ. Show all posts
Showing posts with label MP3/VCD/DVD ဖြတ်၊ဆက် Tool များ. Show all posts

Free Ringtone Maker 2.4.0.1675 Final


ဖုန်းမြည်တဲ့ သီချင်းအသံတွေ နေရာမှာ အစားထိုးထည့်သုံးဖို့ အတွက် လိုအပ်တဲ့ MP3 သီချင်းတွေကို မိမိတို့ လိုချင်တဲ့ အပိုင်းလေးကိုပဲ ဖြတ်ယူမယ်ဆိုရင်တော့ ဒီကောင်လေးနဲ့လည်း အသုံးပြုလို့ အဆင်ပြေပါတယ်..။ Install ထည့်တဲ့ အချိန်မှာ အင်တာနက်ကို ဖွင့်ပေးထားပြီး လိုအပ်တဲ့ ဖိုင်တွေကို ဆက်လက်ဒေါင်းယူပြီးမှ ဒီကောင်လေးကို အသုံးပြုလို့ ရမှာပါ..။ အရင်ကလည်း တင်ပေးခဲ့ဖူးတဲ့ ဒီကောင်လေးကို အခုတော့ နောက်ဆုံး Update လေးနဲ့အတူ Windows 8 နဲ့ အသုံးပြုတတ်အောင် ပြန်လည် လုပ်ပြပေးထားတာ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1 MB ပဲ ရှိပါတယ်..။

Ashampoo Music Studio 4.1.0.16 Final


 Ashampoo Music Studio 4.1.0.16 Final ဗါးရှင်းလေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ crack ဖိုင်လေး ထည့်ပေးထားပါတယ်..။ ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အဲ့ဒီ crack ဖိုင်လေးကို ၂ချက်တောက်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။
ကျနော်တို့ ဒီကောင်လေးကို ဘာအတွက် အဓိကသုံးလဲဆိုတော့ MP3 သီချင်းဖိုင်တွေကို လိုသလို ပြုလုပ်နိုင်ဖို့အတွက် ဒီကောင်လေးက အသုံးဝင်ပါတယ်..။ MP3 သီချင်းတွေ ဖြတ်၊ဆက် လုပ်တာ၊ Fade-in/out နဲ့ Effect တွေ ထည့်တာ၊ မိမိနားမထောင်လိုတဲ့ သီချင်းအပိုင်းလေးကိုပဲ အသံမလာအောင်၊ တိုးနေအောင် ပြုလုပ်တာ၊ သီချင်းတွေ တပုဒ်နဲ့ တပုဒ်ကို ရောမွှေတာ၊ စတဲ့ Features တွေအပြင် အခွေပါ တခါတည်း Burn လို့ရသလို Cover ဒီဇိုင်းတွေနဲ့ Recording အသံဖမ်းဖို့အတွက်ပါ အသုံးဝင်ပါတယ်..။ နောက်ပြီး Video ဖိုင်ကနေ တခါတည်း mp3, wma, ogg, wav, flac စတဲ့ ဖေါ်မတ်တွေကိုပါ ပြောင်းယူလို့ ရပါသေးတယ်..။ အသုံးဝင်တာတွေ များလွန်းနေတဲ့အတွက်၊ ကျနော်ကတော့ ဒီကောင်လေးကို Video ဖိုင်ကနေ mp3 ပြောင်းတဲ့အခါမှာ မလိုချင်တဲ့ အသံနေရာလေးကို ဖျောက်ထား၊ ပျောက်နေအောင် ပုံလေးတွေနဲ့ လုပ်ပြပေးထားပါတယ်..။ တခြား Features တွေကိုတော့ မိမိကိုယ်တိုင်ပဲ လေ့လာ စမ်းသုံးကြည့်ပါ..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 39 MB ရှိပါတယ်..။

Free Ringtone Maker 2.4.0.1211 Final

 
  Free Ringtone Maker 2.4.0.1211 Final ဗါးရှင်းလေးပါ..။ မိမိတို့ရဲ့ MP3 သီချင်းတွေကို လိုတဲ့ အပိုင်းလေးကိုပဲ ဖြတ်ယူလို့ ရတဲ့၊ အသုံးပြုရတာလည်း လွယ်ကူ ရှင်းလင်းတဲ့၊ သီချင်းဖြတ်တဲ့ Tool လေး တခုပါပဲ..။ MP3 မပြောာင်းရသေးရင်လည်း ဒီကောင်လေးနဲ့ ရိုးရိုး MP4/3gp သီချင်းတွေကို MP3 ပြောင်းပေးနိုင်တဲ့ Converter လေးပါ အပိုပါသေးတယ်..။ မိမိတို့ ဖုန်းတွေနဲ့ တခြား ဓါတ်ပုံ Slide Show တွေဖန်တီးဖို့ အတွက် MP3 သီချင်းတွေကို အလွယ်ဖြတ်ဖို့ ဒီ Free Ringtone Maker လေးက အသုံးဝင်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် အရင်ပိုစ့်အဟောင်းတခုမှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ အသုံးပြုပုံကို လေ့လာလိုတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ဒီနေရာကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.06 MB ပဲ ရှိပါတယ်..။

Free Ringtone Maker 2.4.0.1079 Final


ဒီကောင်လေးက ဖရီးအသုံးပြုလို့ ရတဲ့ Free Ringtone Maker 2.4.0.1079 Final ဗါးရှင်းလေးပါ..။ MP3 သီချင်းတွေကို မိမိတို့ လိုတဲ့ အပိုင်းလေးကိုပဲ ဖြတ်ယူလို့ ရတဲ့၊ အသုံးပြုရတာလည်း လွယ်ကူ ရှင်းလင်းတဲ့၊ သီချင်းဖြတ်တဲ့ Tool လေး တခုပါပဲ..။ MP3 မရှိသေးရင်လည်း ဒီကောင်လေးနဲ့ ရိုးရိုးသီချင်းကို MP3 ပြောင်းပေးနိုင်တဲ့ Converter လေးပါ အပိုပါသေးတယ်..။ မိမိတို့ ဖုန်းတွေနဲ့ တခြား ဓါတ်ပုံ Slide Show တွေဖန်တီးဖို့ အတွက် MP3 သီချင်းတွေကို အလွယ်ဖြတ်ဖို့ ဒီ Free Ringtone Maker လေးက အသုံးဝင်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.04 MB ပဲ ရှိပါတယ်..။ 

All Free MP3 Cutter v2.3.1


ဒီကောင်လေးကလည်း Mp3 သီချင်းတွေကို လိုသလောက် အပိုင်းကိုပဲ ဖြတ်ယူဖို့ပါ..။ ဒါလေးက နောက်တခုပါ..။ အသုံးပြုရတာလည်း မခက်ပါဘူး.. အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ သူ့အတွက် ကီးလေးပါ ထည့်ပေးထားပါတယ်..။ သူကတော့ သီချင်းတွေကို ဖြတ်ပြီဆိုမှ ကီးတောင်းပါလိမ့်မယ်..။ လုပ်နည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူထားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 7.4 MB ရှိပါတယ်..

MP3 Cutter Joiner



ဒီကောင်လေးကတော့ Mp3 သီချင်းတွေကို မိမိတို့ လိုအပ်တဲ့ အပိုင်းလေးကိုပဲ ဖြတ်တောက်ယူဖို့နဲ့ လိုချင်တဲ့ သီချင်းတွေကို ပြန်ဆက်ဖို့ အတွက် အဆင်ပြေပါတယ်..။ လုပ်ရတာလည်း လွယ်လွယ်လေးပါ.. ။ သူ့အတွက် Key လေးပါ ထည့်ပေးထားပါတယ်..။ အသုံးပြုပုံကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူနိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 3 MB ပဲရှိပါတယ်..

Xilisoft Video Cutter v2.0.1 Portable



ဒါလေးကတော့ Video Cutter လေးပါ..။ ဗွီဒီယိုတွေကို လိုချင်တဲ့ အပိုင်းလေးကိုပဲ ဖြတ်တောက်ယူဖို့ ဆိုရင် ဒီကောင်လေးနဲ့ အဆင်ပြေပါတယ်..။ မနေ့ကတင်ပေးလိုက်တဲ့  ကောင်လေး Ultra Video Splitter နဲ့ လုပ်နည်း အတူတူပါပဲ.. ဒီကောင်လေးက Portable လေးပါ..။ Portable လေးဆိုတော့ ဘာကီးမှထည့်ပေးဖို့ မလိုတော့ပါဘူး..။ ၂ချက်တောက်ဖွင့်ပြီး တန်းသုံးလို့ ရပါတယ်..။ လုပ်ရတာတာလည်း လွယ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 21.3 MB ရှိပါတယ်..

Ultra Video Splitter 5.01 [ DVD + VCD Cutter ]



ဒီကောင်လေးကတော့ ကျနော်တို့ကြိုက်တဲ့ DVD/VCD ထဲကသီချင်းတွေကို.. ကျနော်တို့ လိုချင်တဲ့ အပိုင်းလေး ကိုပဲ ဖြတ်တောက်ယူဖို့အတွက် ကူညီပေးပါလိမ့်မယ်..။ အသုံးပြုရတာလည်း လွယ်ပါတယ်..။ ကျနော်ကတော့ You Tube ကသီချင်းတပုဒ်ကို ဒေါင်းယူပြီး လုပ်ပြထားပါတယ်. ။ အောက်မှာပုံလေးတွေနဲ့ အသုံးပြုပုံကို တင်ပြပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်က လင့်တွေကနေ အရင်ဒေါင်းယူပြီး ပုံလေးတွေအတိုင်း အသုံးပြုနိုင်ပါတယ်..။ သူ့ရဲ့ကီးလေးပါ notepad လေးနဲ့ ထည့်ပေးထားပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 10.9 MB ရှိပါတယ်..

Mp3 Music Editor 7.0.1


Mp3 သီချင်းတွေကို လိုသလောက် ဖြတ်ဖို့နဲ့ တပုဒ်နဲ့ တပုဒ်ဆက်ဖို့ ဆိုရင်တော့ ဒီကောင်လေးက အတော်လေး အဆင်ပြေပါတယ်..။ Effect တွေလည်း အများကြီးပါ..။ Video နဲ့ You Tube ကသီချင်းတွေကို ဒေါင်းယူပြီး Mp3 အဖြစ်ပြောင်းပေးနိုင်ပါတယ်..။ ဒီနေ့ ဒီကောင်လေးကို စမ်းသုံးနေတာနဲ့ အချိန်ကုန်သွားလို့ တခြား ဆော့ဝဲလ်တွေလည်း မတင်ပေးနိုင်တော့ပါဘူး..။ ပထမတော့ ပုံလေးတွေနဲ့ ရှင်းပြမလို့ပါပဲ.. Effect တွေများလွန်းလို့ ပုံလေးတွေနဲ့ ပြပေးဖို့ အဆင်မပြေနိုင်ပါဘူး..။ အခုတောင် အတော်လေး အချိန်ပေးလိုက်ရတယ်..။ ဒီကောင်လေးမှာ Mp3 သီချင်းတွေကို လိုသလောက်ဖြတ်ဆက်၊ ဒီသီချင်းနဲ့ ဟိုသီချင်းနဲ့ ဖြတ်ပေါင်းဆက်၊ မိမိတို့ ကြိုက်တဲ့ Effect တွေထည့်၊ အသံကိုလည်း ၂ဆ၊ ၃ဆ တိုးလို့ရပါသေးတယ်..။ ပြီးရင် တခါတည်း CD ခွေအဖြစ်ကူးပြီး ပြန်ထုတ်လို့လည်း ရပါတယ်..။ တကယ်ပဲ လုပ်လို့ရတာတွေ အများကြီးပါ..။ သူ့အတွက် အထဲမှာ ကီးလေးပါ ထည့်ပေးလိုက်ပါတယ်..။ သီချင်းတွေကို Save ရင် ဒီကီးလေးကို copy ကူးပြီး ထည့်ပေးလိုက်ရင် ဖူးဗါးရှင်း ဖြစ်သွားပါပြီ..။ နောက်တခါ ဖွင့်သုံးရင် ကီးထပ်ထည့်ဖို့ မလိုတော့ပါဘူး..။ အမြဲတမ်း ဖူးဖြစ်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 15.1 MB ရှိပါတယ်..။
Related Posts Plugin for WordPress, Blogger...