Adobe Flash Player 13.0.0.80 Beta Final (Off-Line Installer)

 Adobe Flash Player နောက်ဆုံး Update (Off-Line Installer) လေးပါ..။ တခါတရံ မိမိတို့ရဲ့ Browser တွေမှာ Flash Player တွေ အလုပ်မလုပ်တော့ပဲ ဖြစ်နေတတ်တဲ့ အခါမျိုးတွေနဲ့ ဝင်းဒိုး အသစ်တင်ပြီးတဲ့ အခါမျိုးတွေမှာ မိုဇီလာလို Browser တွေမှာ YouTube လို Video ဆိုဒ်တွေက သီချင်းတွေ Video တွေကို ကြည့်လို့ မရပါဘူး..။ အဲ့လို ကြည့်မရဖြစ်နေရင်တော့ ဒီ Adobe Flash Player လေးတွေကို Install ထည့်ပေးပြီးမှ Browser တွေကို Restart ပေးပြီးမှ သီချင်းတွေ Video တွေကို ကောင်းစွာကြည့်လို့ ရပါတယ်..။ လိုအပ်လာတဲ့အခါမှ Browser တွေကနေ အင်တာနက်မှာ လိုက်ရှာယူရင်တော့ Install ထည့်ပြီး ပျောက်သွားတဲ့ Flash Player တွေကိုပဲ ရမှာ ဖြစ်ပါတယ်..။ ဒီနောက်ဆုံးထွက်လေးကတော့ တခါ Install ထည့်ပြီးရင်လည်း သိမ်းထားပြီး လိုအပ်တဲ့အခါတိုင်း နောက်ထပ် အခါပေါင်းများစွာ Install ထည့်သုံးလို့ ရတဲ့ Off-Line Installer လေးပါ..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ မိုဇီလာအတွက်နဲ့ တခြား Browser တွေအတွက်ပါ Flash Player နောက်ဆုံး Update ၂-ခုကို ပူးတွဲ တင်ပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 34 MB ရှိပါတယ်..။

BYclouder Data Recovery Ultimate 7.1.0.0 Final

 It is recovering lost/deleted files from any storage device, such as hard disks, Digital Camera/Camcorder/Voice Record, general mobile phone, iPhone, iPad, iPod, Windows Phone/Tablet, Android Phone/Tablet, CD-ROMs, DVD, Bluray, memory cards (Compact Flash, Memory Stick, Secure Digital/SD, Smart Media, Microdrive, MMC, etc.), USB memory drives, DD raw image, EnCase E01 image, etc.
မိမိတို့ရဲ့ ဟတ်ဒစ် အပါအဝင် မန်မိုရီ မျိုးစုံမှ ဖျက်ပစ်ပြီးသား ဖိုင်များကို ဒီကောင်လေးနဲ့ Recovery ပြန်ရှာယူလို့ ရနိုင်ပါတယ်..။ အပေါ်က မူရင်းဆိုဒ်မှ ရေးပြထားတဲ့အတိုင်း မိမိတို့ရဲ့ မှားဖျက်မိလိုက်တဲ့ Devices တွေထဲမှာ ဒီကောင်လေးကို အသုံးပြုပြီး အလွယ်တကူ ပြန်ရှာယူနိုင်မှာပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ကီးတွေနဲ့ နာမည်တွေကို အောက်ကပုံလေးတွေ အတိုင်း ထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..။ အသုံးပြုတတ်အောင် ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 6 MB ရှိပါတယ်..။

WebcamMax 7.8.1.2 Final

  ဒီကောင်လေးကတော့ အပေါ်ကပုံမှာ မြင်ရတဲ့အတိုင်း မိမိတို့ရဲ့ ကွန်ပျူတာ ကင်မရာကနေ ပုံတွေ ရိုက်ယူတဲ့အခါ ပုံတွေကို ရုပ်ပြောင်လေးတွေ ဖန်တီးလို့ ရမှာ ဖြစ်ပါတယ်..။ ကွန်ပျူတာရဲ့ ကင်မရာကနေ မိမိတို့ရဲ့ ပုံတွေကို မိမိတို့စိတ်ကြိုက် Effect တွေနဲ့ စိတ်ကြိုက် လုပ်ယူလို့ ရတဲ့ ကောင်လေးပါ..။ သူ့အတွက် Patch ဖိုင်နဲ့ Keygen (Keymaker) ၂ခုထည့်ပေးထားပါတယ်.. ၂ခုစလုံးအသုံးပြုရမှာ ဖြစ်ပါတယ်..။ ဒီကောင်တွေကို အသုံးပြုတော့မယ်ဆိုရင် အရင်ဆုံးမိမိတို့ရဲ့ Antivirus (ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်ကိုပိတ်ထားပါ) တွေနဲ့ အင်တာနက်လိုင်းကို ခဏပိတ်ထားပြီးမှာ အသုံးပြုပါ..။ ဖူးဖြစ်သွားပြီဆိုမှ လိုင်းပြန်ဖွင့်ပါ..။ အောက်မှာ ကျနော် Patch နဲ့ Keymaker ထည့်နည်းကို အရင်ပိုစ့်က ပုံလေးတွေနဲ့ ပြန်ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အောင်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 26 MB ရှိပါတယ်..။

Format Factory 3.3.1.0 Final

 ကိုလင်းလင်း  25 January 2014   21:34
ဒေါင်းယူသွားပါတယ်နော်အကို အကိုနောက်အချိန်ရမယ်ဆိုရင် ဝင်းဒိုးခွေတွေကို ISO ဖိုင်အဖြစ်ဖန်တီးပုံကို ပို့လေး တင်ပေးစေချင်ပါတယ်..။ အရင်တုံးက Power ISO ပိုစ့်လေးမှာ တော်တော်ကြီးကိုစုံပါတယ် ဒါပေမယ်. USB နဲ့ ဝင်းဒိုးတင်မယ်ဆိုရင် အကိုပြောသလို WinUSB Marker ကိုသုံးပြီး ဖိုင်ကိုရွေးပေးတာ Winrar ဖိုင်ဆိုရင်ထည့်လို့ အဆင်မပြေပါဘူး Winrar File ဖြေထားတဲ့ဖိုင်ကို ISO ဖိုင်အဖြစ်ဘယ်လို ပြန်ပြောင်းရမလဲအကို ...နောက်ပြီးဝင်း ဒီုးခွေတွေကိုလည်း ISO ဖိုင်အဖြစ်ပြောင်းချင်တာပါ.. 
ရိုသေလေးစားစွာဖြင့် ညီလေးလင်းလင်း
 ဟိုးရင်းတုန်းက Format Factory ဆော့ဝဲနဲ့ YouTube က သီချင်းတွေ ဖုန်းထဲမှာ ထည့်သုံးလို့ ရအောင် ဖေါ်မတ်ပြောင်းနည်းလေးကို တင်ပေးခဲ့ဖူးပါတယ်..။ ဖရီးဆော့ဝဲလ် Converter တွေထဲမှာတော့ အတော်လေးကောင်းပြီး လူကြိုက်များတဲ့ ဆော့ဝဲလ်လေးတခုပါ..။ အခုဒီပိုစ့်မှတော့ ဝင်းဒိုးတင်တဲ့ Bootable ဖြစ်တဲ့ DVD အခွေကနေ ISO ဖိုင်အဖြစ်ပြောင်းတတ်အောင် ဒီနောက်ဆုံးထွက် Update အသစ်လေးနဲ့ လုပ်ပြပေးထားပါတယ်..။ ဖေါ်မတ်ပြောင်းတဲ့ Convert နည်းကိုတော့ အရင်ကပိုစ့်မှာပဲ ပြန်ကြည့်ပေးပါ..။ ဒီဆော့ဝဲလ်၊ ဒီလုပ်နည်းက ဝင်းဒိုးခွေတွေတင်မကပဲ ရုပ်ရှင် Video တွေကိုပါ ဒီလို ISO ဖိုင်နဲ့ ပြောင်းသိမ်းထားမယ်ဆိုရင် ရုပ်ရှင် Menu နဲ့ Subtitle တွေကိုပါ မူရင်း အခွေအတိုင်း တပုံစံတည်း ရရှိမှာပဲ ဖြစ်ပါတယ်..။ ဝင်းဒိုးအခွေတွေ ဆိုရင်လည်း ISO ဖိုင်အဖြစ် ပြောင်းသိမ်းတဲ့အခါ Bootable ဖြစ်တဲ့ အပိုင်းလေးကိုပါ ရရှိမှာဖြစ်လို့ အသုံးလိုတဲ့ သူများအတွက် အတော်လေး အသုံးဝင်တဲ့ နည်းတခုပါပဲ..။ ပြီးခဲ့တဲ ၂-လလောက်ကလည်း All-to-ISO ဆော့ဝဲလ်လေးနဲ့ ဒီလိုလုပ်ယူတဲ့နည်းနဲ့ ဆော့ဝဲလ်ကို တင်ပေးဖူးပါတယ်..။ အခွေပြန်ကူးယူတဲ့အခါမှာလည်း ISO Burner တွေနဲ့ Nero လိုဆော့ဝဲလ်တွေမှာ Verify Disc Data မှာ အမှန်ခြစ်ပေးပြီး အခွေပြန်ကူးရင် မူရင်းအခွေတွေအတိုင်း တပုံစံတည်း ရရှိမှာပဲ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 55 MB ရှိပါတယ်..။

GiliSoft DVD Ripper 4.3.0 Final

 22 Jan 14, 04:15 PM
naythwe:
အစ်ကို ..dvd အခွေကနေ vcd data ပြန်ယူတဲ့အခါ audio L/R နှစ်မျိုးလုံး ပြန်ခွဲထုတ်လို့ရနိုင်မဲ့ software ရှိရင်တစ်ချက်လောက် လမ်းညွန်ပေးပါလား
22 Jan 14, 04:17 PMnaythwe: xilisoft dvd ripper နဲ့က rip လုပ်လိုက်ရင် audio က 1 channel ပဲပြန်ရတော့တယ်
22 Jan 14, 04:19 PMnaythwe: audio L/R နှစ်မျိုးလုံးရနိုင်မဲ့ software ကိုလမ်းညွန်ပေးပါနော်..........
DVD အခွေတွေကနေ VCD အတွက် ဒီလို အသံဖိုင်တွေကို ခွဲထုတ်တဲ့ Ripping လုပ်တဲ့ ဆော့ဝဲလ်ကို ကျနော် အများကြီး လေ့လာထားတာ မရှိသေးပါဘူး..။ ဒါကြောင့် အဲ့လို ပြုလုပ်ချင်တဲ့ သူများကတော့ မိမိတို့ကိုယ်တိုင်ပဲ အဆင်ပြေမယ့် ဆော့ဝဲလ်ကို စမ်းသပ်ရင်း လိုက်ရှာသုံးကြည့်ရမှာပါ..။ အရင်တုန်းက တင်ပေးခဲ့တဲ့ ဆော့ဝဲလ်နဲ့ သိပ်အဆင်မပြေတဲ့ သူများကတော့ ဒီဆော့ဝဲလ်လေးနဲ့ အဆင်ပြေနိုင်ပါတယ်..။ ဒီဆော့ဝဲလ်လေးကိုတော့ ဖူးသုံးလို့ ရအောင် Keymaker လေးနဲ့ လုပ်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ နောက်ပိုင်းမှာလည်း ဒီလို Ripping လုပ်တဲ့ တခြား ဆော့ဝဲလ်တွေကို ရလာတဲ့ အခါတိုင်း အဆင်ပြေသလို ထပ်တင်ပေးပါအုန်းမည်..။ ဒီကောင်လေးက DVD Ripper လေးဆိုပေမယ့် သီချင်း Video တွေရဲ့ ဖေါ်မတ်ကိုလည်း ပြောင်းပေးနိုင်တဲ့ Converter လေးပါပဲ..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 15 MB ရှိပါတယ်..။

GiliSoft Secure Disc Creator 6.3.0 Final

 ဖိုင်ဆိုဒ်သေးသေးနဲ့ အခွေ Burn တဲ့ ဆော့ဝဲလ်လေးဖြစ်ပြီး မိမိတို့ရဲ့ အရေးကြီး Data တွေကို CD/DVD မှာ အခွေ Burn ပြီး သိမ်းထားလိုတဲ့အခါ တခြားလူများ ဖွင့်ကြည့်လို့ မရအောင် ပါတ်စ်ဝါဒ့်ပေးပြီး အခွေ Burn လို့ ရပါတယ်..။ ဝင်းဒိုးအခွေဖိုင်တွေလို Bootable ဖြစ်တဲ့ ISO ဖိုင်တွေကို အခွေကူးပေးနိုင်တဲ့ ISO Burner လေးလည်း ပါပါတယ်..။ နောက်တခုကတော့ ISO ဖိုင်တွေကို Virtual Disc လို့ ခေါ်တဲ့ CD Drive တခု ဖန်တီးပြီး Mount လုပ်တဲ့ နည်းနဲ့ ISO ဖိုင်ထဲက Data တွေကို  CD/DVD အခွေအဖြစ်ဖြင့် ဖွင့်ယူ အသုံးပြု နိုင်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် keygen လေးနဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပြီး ဖူးဖြစ်အောင် လုပ်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ Antivirus တွေကို ပိတ်ထားပြီးမှ keygen ကို ဖွင့်သုံးလို့ ရမှာပါ..။ အဲ့လို အလုပ်ရင်တော့ keygen ကို ရှာလို့ တွေ့မှာ မဟုတ်ပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5 MB ပဲ ရှိပါတယ်..။

Wondershare Data Recovery 4.5.0.16 Final

 မိမိတို့ စက်ထဲမှာ မှားဖျက်မိတဲ့ ဆော့ဝဲလ်ဖိုင်တွေ၊ ဓါတ်ပုံတွေ၊ သီချင်းတွေနဲ့ Video ဖိုင်တွေကို ဒီကောင်လေးနဲ့ ပြန်ရှာယူနိုင်ပါတယ်..။ Partition (or) USB Pendrive (or) Recycle Bin စသဖြင့် မိမိတို့ ဖျက်လိုက်မိတဲ့ ဖိုင်တွေကို နေရာတွေ အလိုက် ခွဲပြီး ပြန်ရှာနိုင်ပါတယ်..။ ဘယ်နားမှန်း မသိတော့ရင်တော့ Scan the whole computer နေရာကနေ ဟတ်ဒစ်တခုလုံးကို ပြန်ရှာပေးနိုင်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် crack ဖိုင်လေးနဲ့ ပြုလုပ်ပေးရမှာဖြစ်ပြီး အောက်မှာ ပုံလေးတွေနဲ့ ဖူးဖြစ်အောင် လုပ်တတ်အောင်နဲ့ အသုံးပြုတတ်အောင်ပါ ပြပေးထားပါတယ်..။ အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 17 MB ရှိပါတယ်..။

Glary Utilities Pro 4.5.0.89 Multilingual Final

ဒီကောင်လေးက Pro ဗါးရှင်းလေး ဖြစ်ပြီး အရင်တပါတ်က တင်ပေးခဲ့တဲ့ ဖရီး ဗါးရှင်းမှာတော့ Tool တွေ အားလုံး အသုံးပြုလို့ မရပဲ.. ဒီ Pro ဗါးရှင်းလေးမှာတော့ Tool အားလုံး အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ ကွန်ပျူတာနဲ့ Browser တွေကို အမှိုက်တွေ ရှင်းပြီး မြန်ဆန်အောင် ပြုလုပ်ပေးနိုင်တဲ့ တူးတွေထဲမှာ ဒီကောင်လေးကလည်း နာမည်ရှိပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် key တွေ ထည့်ပေးထားပြီး အဲ့ဒီကီးတွေနဲ့ ဖူးဖြစ်အောင် လုပ်တတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 11 MB ရှိပါတယ်..။

CCleaner Professional and Business Edition 4.10.4570 Final

ကွန်ပျူတာထဲက Junk ဖိုင်လို့ ခေါ်တဲ့ အမှိုက်တွေနဲ့ မိုဇီလာလို Browser တွေက အမှိုက်တွေကို CCleaner ဆော့ဝဲလ်လေးနဲ့ ရှင်းလင်းပေးခြင်းဖြင့် Browser နဲ့ ကွန်ပျူတာကို သွက်လက်မြန်ဆန်စေပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒီဒေါင်းလော့ဖိုင်လေးထဲမှာ cracker ဆိုတဲ့ crack ဖိုင်လေးနဲ့ မိမိတို့ အသုံးပြုလိုတဲ့ ဗါးရှင်းကို ရွေးထည့်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်..။ အဲ့လို crack ဖိုင်နဲ့ ဖူးဖြစ်အောင် လုပ်နည်းကို အရင်တုန်းကလည်း CCleaner Pro and Business Edition ပိုစ့်အဟောင်း၊ ဗါးရှင်း အဟောင်းတွေမှာ တော်တော်များများ လုပ်ပြပေးခဲ့ပြီးပါပြီ..။ လိုအပ်တဲ့သူများကတော့ အဲ့ဒီပိုစ့်တွေကို ဒီပိုစ့်ကနေ ဝင်ကြည့်လို့ ရပါတယ်..။ 
ဒီလို System Tools လေးတွေကို အသုံးမပြုခင် Restore Point တစ်ခုဖန်တီးထားရမှာ ဖြစ်ပြီ.. အသုံးပြုပြီးသွားတဲ့အခါမှာလည်း စက်ကို Restart ချပြီးမှ ဆက်ပြီး အသုံးပြုသင့်ပါတယ်..။ အဲ့လိုမှ မဟုတ်ရင်တော့ ဝင်းဒိုးမတက်နိုင်တော့တဲ့ Error မျိုးတွေ ဖြစ်တတ်ပါတယ်..။ အားလုံးပဲ အထူးသတိပြုသင့်ပါတယ်..။ ဒီပိုစ့်မှာလည်း Business or Pro ဗါးရှင်းကို ရွေးသုံးတတ်အောင် Cracker လေးနဲ့ Run တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..။

GridinSoft Trojan Killer 2.2.0.9 Final

 A Trojan horse, or Trojan, in computing is a non-self-replicating type of malware program containing malicious code that, when executed, carries out actions determined by the nature of the Trojan, typically causing loss or theft of data, and possible system harm.
Trojan horses in this way may require interaction with a malicious controller (not necessarily responsible for distributing the Trojan horse) to fulfill their purpose. It is possible for those involved with Trojans to scan computers on a network to locate any with a Trojan horse installed, which the hacker can then control.

Trojan လို့ ခေါ်တဲ့ ဗိုင်းရပ်စ်တမျိုးကတော့ Antivirus ပရိုဂရမ်တွေနဲ့ ရှာလို့၊ သတ်လို့ မရနိုင်ပဲ ဒီလို သီးသန့် ဖန်တီးထားတဲ့ Trojan Killer လို ဆော့ဝဲလ်မျိုးတွေနဲ့မှ ရှာဖွေ ဖယ်ရှားလို့ ရတာပါ..။ ဟတ်ကာတို့ရဲ့ Spy-ware တမျိုးဖြစ်တဲ့ ဒီ Trojan ဗိုင်းရပ်စ်တွေရဲ့ အလုပ်လုပ်ဆောင်ပုံတွေကတော့ အပေါ်မှာ ဖေါ်ပြပေးထားတဲ့အတိုင်း မိမိတို့စက်မှာ ရိုက်ထည့်သမျှ စာတွေ၊ ပါတ်စ်ဝါဒ့်တွေနဲ့ အချက်အလက်တွေကို ခိုးယူတာပါပဲ..။ ပိုဆိုးတာကတော့ ဒီ Trojan တွေ များလာရင် စက်ကို လေးတတ်၊ ဟမ်းတတ်ပြီး "Blue Screen Of Death" (BSOD) တွေပါ ဖြစ်ပေါ်စေပြန်ပါတယ်..။ Trojan ဆိုတဲ့ ဗိုင်းရပ်စ် အမျိုးအစားတွေကတော့ ဆော့ဝဲလ် သီးသန့် မဟုတ်ပဲ ဝင်းဒိုးရဲ့ Registry စာသားကုဒ် ဖိုင်တွေထဲမှာ စာသားကုဒ်တွေ အဖြစ် ဝင်ရောက် နေရာယူပြီး အလုပ်လုပ်ဆောင်တာ ဖြစ်လို့ ဗိုင်းရပ်စ်သတ်တဲ့ Antivirus ဆော့ဝဲလ်တွေနဲ့ ရှာဖွေလို့ မရနိုင်ပဲ.. အထူးဖန်တီးထားတဲ့ Trojan Killer တွေနဲ့မှ ရှာဖွေ ဖယ်ရှားလို့ ရတာပါ..။ ဒီလို Trojan Killer ဆော့ဝဲလ်တွေကို မကြာမကြာ အသုံးပြုပေးခြင်းဖြင့် ဆော့ဝဲလ်တွေ Install ထည့်တိုင်း ပါလာတတ်တဲ့ Trojan တွေကို ဖယ်ရှားပြီးသား ဖြစ်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် patch ဖိုင်လေးနဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပြီး၊ ဆော့ဝဲလ်ကို ဖွင့်သုံးတဲ့ အခါမှာတော့ ကီးတွေကို ထပ်ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ key တွေထည့်ပြီး ဖူးဖြစ်အောင် လုပ်နေတဲ့ အချိန်မှာတော့ အင်တာနက်ကို ခဏပိတ်ထားပါ..။ အသုံးပြုတတ်အောင်နဲ့ ဖူးဖြစ်အောင် လုပ်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 60 MB ရှိပါတယ်..။

UltraISO Premium Edition 9.6.1.3016 Retail Final

 UltraISO  is an ISO CD/DVD image file creating/editing/converting tool and a bootable CD/DVD maker , it can directly edit the CD/DVD image file and extract files and folders from it, as well as directly make ISO files from your CD/DVD-ROM or  hard disk.
အင်တာနက်ကနေ ဒေါင်းယူလို့ ရလာတဲ့ ဝင်းဒိုးခွေတွေလို Bootable ဖြစ်တဲ့ ISO ဖိုင်တွေကို DVD/CD အခွေအဖြစ် ပြန် Burn လိုရင်တော့ ဒီကောင်လေးနဲ့လည်း အဆင်ပြေပါတယ်..။ ISO Image ဖိုင်တွေနဲ့ ပါတ်သက်လို့ အသုံးပြုလို့ ရတဲ့ တခြားအသုံးဝင် Features တွေ တော်တော်များများ ပါဝင်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် keygen လေးနဲ့ ဖူးဖြစ်အောင် ပြုလုပ်ပေးရမှာ ဖြစ်ပြီး အောက်မှာလည်း keygen လေးကို အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4 MB ပဲ ရှိပါတယ်..။

WinX DVD Copy Pro 3.6.0.0 Final

 DVD အခွေမှ သီချင်း Video တွေကို Copy DVD အခွေ ပြန်ကူးတဲ့အခါမှာတော့ ဒီကောင်လေးက အတော်လေး အသုံးဝင်ပါတယ်..။ အသုံးပြုလို့ ရတဲ့ Features တွေကတော့ Clone DVD to DVD, Clone DVD to ISO, Copy DVD to VIDEO_TS Folder, Copy DVD Chapter, Extract Video Only, Extract Audio Only, ISO Mounter, DVD Burner စတဲ့ အသုံးဝင် Tools တွေ ပါဝင်ပါတယ်..။ Extract Video Only, Extract Audio Only နေရာကနေ အသံနဲ့ ရုပ်ပုံတွေကို ခွဲထုတ်လို့ရသလို Clone နေရာတွေကတော့ မူရင်း DVD အခွေကအတိုင်း Subtitle စာတန်းထိုးတွေနဲ့ Menu အရှင်တွေကို မူရင်းအတိုင်း Copy အခွေတွေ ပြန်ထုတ်ယူလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ကီးတွေ ထည့်ပေးထားပြီး ဖူးဖြစ်အောင် ကီးတွေထည့်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 15 MB ရှိပါတယ်..။

Folder Colorizer 1.3.2 Final

 မိမိတို့ ဝင်းဒိုးထဲမှာ ရှိတဲ့ ဖိုင်အဝါရောင်တွေကို ဒီဆော့ဝဲလ်လေးနဲ့ ဝါစိမ်းနီပြာ ခရမ်း စသဖြင့် အရောင် မျိုးစုံ ပြောင်းထားလို့၊ အသုံးပြုလို့ ရပါတယ်..။ ဒီကောင်လေးက ဖရီးဆော့ဝဲလ်လေး ဖြစ်ပြီး Install ထည့်ပြီးတဲ့ အခါမှာတော့ ပျောက်သွားပါတယ်..။ Desktop မှာလည်း Icon မပေါ်ပါဘူး..။ ဒါပေမယ့် Right Click Menu မှာတော့ ဒီဆော့ဝဲလ်လေးက ပေါ်နေမှာပဲ ဖြစ်ပါတယ်..။ ဒါဆိုရင်တော့ ကျနော်တို့ ဒီကောင်လေးကို အသုံးပြုလို့ ရသွားပါပြီ..။ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဖိုင်တွေ၊ ဖိုဒါတွေကို အရောင် အမျိုးမျိုးနဲ့ ဒီဇိုင်းတမျိုး ပြောင်းကြည့်လိုတဲ့၊ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1 MB ပဲ ရှိပါတယ်..။

Ashampoo Slideshow Studio HD 3.0.0.17 Beta Final

 ဓါတ်ပုံဆလိုက်ရှိုးတွေ ဖန်တီးလိုရင်တော့ ဒီ Ashampoo Slideshow Studio နဲ့လည်း အသုံးပြုရ အဆင်ပြေစေပါတယ်..။ မိမိတို့ရဲ့ ဓါတ်ပုံတွေကို နောက်ခံသီချင်းလေးတွေထည့်ပြီး ဖန်တီးယူလို့ ရပါတယ်..။ ဒီကောင်လေးကို အလွယ်တကူ အသုံးပြုတတ်အောင်နဲ့ ဖူးသုံးလို့ရအောင် crack ဖိုင်ထည့်တတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 27 MB ရှိပါတယ်..။

Skype 6.13.0.104 Final (Off-Line Installer)

Skype နောက်ဆုံး Update လေးကို ဒေါင်းယူပြီး သိမ်းထားခြင်းဖြင့် အလွယ်တကူ အင်တာနက် မရတတ်တဲ့ နေရာတွေမှာ ဒီကောင်လေးကို Install ထည့်ထားလို့ အဆင်သင့် အသုံးပြုဖို့ အဆင်ပြေစေပါတယ်..။ အင်တာနက်မှာ လိုက်ရှာ ဒေါင်းယူရင်တော့ ဒီကောင်လေးရဲ့ ဒေါင်းလော့ဒါလေးကိုပဲ ရမှာ ဖြစ်ပြီး၊ အသုံးပြုလိုတဲ့ အခါတိုင်း အင်တာနက်ကနေ ၎င်းဒေါင်းလော့ဒါလေးနဲ့ ဒေါင်းယူပြီးမှ အသုံးပြုလို့ ရတာပါ..။ ဆော့ဝဲလ်ဖိုင်ကိုလည်း ပြန်သိမ်းလို့ မရပါဘူး..။ အခု ဒီ Off-Line ဆော့ဝဲလ်လေးကတော့ တခါဒေါင်းယူပြီး သိမ်းထားခြင်းဖြင့် အင်တာနက်မရှိလည်းပဲ မိမိတို့ရဲ့ စက်ထဲကို Install ထည့်ထားလို့ ရပါတယ်..။ နောက်တခုက အရင် Skype ဗါးရှင်းတွေကို အသုံးပြုနေဆဲပဲ ဆိုရင်တော့ ဖွင့်လိုက်တဲ့ အခါတိုင်း အလိုလိုရပ်ရပ်သွားတတ်ပါတယ်..။ အဲ့လိုဖြစ်နေတဲ့ စက်တွေမှာတော့ ဒီလို Skpye နောက်ဆုံး Update လေးကို Install ထပ်ထည့်ပေးလိုက်ရင် ပြန်လည် အသုံးပြုလို့ ရသွားပါလိမ့်မယ်..။
Skype ဆော့ဝဲလ်လေးက Video Call / Voice Call နဲ့ Chatting တွေပါ အဆင်ပြေလို့ လူသုံးများ၊ လူကြိုက်များတဲ့ ဖရီးဆော့ဝဲလ်လေး တစ်ခုပါပဲ..။ ပိုပြီးလူကြိုက်များစေတဲ့ အချက်ကတော့ ကွန်ပျူတာကနေ (သို့မဟုတ်) ဖုန်းအချင်းချင်း ၊ WIFI သုံးလို့ရတဲ့ ဖုန်းတွေနဲ့ပါ Skype အကောင့်ရှိယုံနဲ့ ဆက်သွယ်လို့ရတဲ့အတွက်၊ Chat လို့ရတဲ့အတွက် သုံးဖူးသူတိုင်း ကြိုက်ကြပါတယ်..။ Skype အကောင့် ဖွင့်တတ်အောင်နဲ့ မြန်မာစာ ရေးလို့ရအောင် ဖေါင့်ပြောင်းပေးရမယ့် နေရာတွေကို အရင်ပိုစ့်တခုမှာ ပုံလေးတွေနဲ့ အစအဆုံး ပြပေးထားပါတယ်..။ Skype အကောင့် မဖွင့်တတ်သေးသူများနဲ့ မြန်မာစာပေါ်အောင် မလုပ်တတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို  ဒီနေရာကနေ ပြန်ကြည့်နိုင်ပါတယ်..။  ဒီနောက်ဆုံးထွက် Skype ဗါးရှင်းကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 34 MB ရှိပါတယ်..။

BurnAware Professional 6.9.1 Final

 ဒီကောင်လေးနဲ့ သီချင်းတွေ ၊ Video တွေကို အခွေကူးယူလို့ ရမှာဖြစ်ပါတယ်..။ ဆော့ဝဲလ်သေးသေးလေးနဲ့ အသုံးပြုလို့ ရတဲ့ Features တွေ များတဲ့အတွက် အသုံးပြုတတ်ဖို့ကိုတော့ မိမိတို့ ကိုယ်တိုင်ပဲ လေ့လာကြည့်ပါ..။ မူရင်းဆိုဒ်မှာ ဖေါ်ပြထားတဲ့အတိုင်း အောက်မှာ အသုံးဝင်တဲ့ Features တွေကို ပြန်လည်ဖေါ်ပြပေးထားပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေးကို အရင်ထည့်ပေးပြီး .. Keygen နဲ့ ကီးတွေကို ထပ်ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အောက်မှာလည်း ဖူးဖြစ်သွားတဲ့အထိ ပုံလေးတွေနဲ့ လုပ်ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 14 MB ရှိပါတယ်..။

GiliSoft Slideshow Movie Creator 7.0 Final

 မိမိတို့ရဲ့ ဓါတ်ပုံတွေကို နောက်ခံသီချင်းတွေနဲ့ ဆလိုက်ရှိုး Video လေးတွေ ဖန်တီးဖို့  အဆင်ပြေလွယ်ကူတဲ့ ဆော့ဝဲလ်လေးပါ..။ အသုံးပြုတတ်အောင်နဲ့ ဖူးဖြစ်အောင် Keygen လေးနဲ့ လုပ်တတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 27 MB ရှိပါတယ်..။

iDeer Blu-ray Player 1.4.7.1463 Final

 ဒီကောင်လေးကလည်း မနေ့က တင်ပေးခဲ့တဲ့ Mac Blu-ray Player လိုမျိုး DVD အခွေတွေနဲ့ Blu-ray အခွေတွေကို Subtitle စာတန်းထိုးတွေပါ ကြည့်လို့ရတဲ့ အသုံးပြုရလွယ်ကူတဲ့ iDeer Blu-ray Player လေးပါ..။ ဒီဆော့ဝဲလ်လေးကို ဖူးဖြစ်အောင် crack ဖိုင်လေးနဲ့ ပြုလုပ်ပေးရမှာဖြစ်ပြီး အောက်မှာလည်း ဖူးဖြစ်အောင် လုပ်တတ်အောင် ပုံလေးတွေနဲ့ အစအဆုံး ပြပေးထားပါတယ်..။ အသုံးပြုတဲ့အခါ စာတန်းထိုးတွေ ပေါ်အောင် လုပ်နည်းက မနေ့က Mac Blu-ray ဆော့ဝဲလ် အတိုင်းပါပဲ..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 38 MB ရှိပါတယ်..။

AnyDVD & AnyDVD HD 7.4.1.2 Beta Final

20 Jan 14, 01:37 PM 
aie34498@gmail: AnyDVD & AnyDVD HD 7.3.8.: အဲဒီဆော့ဝဲကို တင်ပေးပါလား ကျေးဇူးတင်ပါတယ်
 အခွေကူးတဲ့ ဆော့ဝဲလ်တွေထဲမှာတော့ ဆော့ဝဲလ်သေးသေးနဲ့ လူသုံးများတဲ့ Burning ဆော့ဝဲလ်လေး တခုပါပဲ..။ ဒီကောင်လေးကို ဖူးဖြစ်အောင် Install ထည့်ပြီးတဲ့ အချိန်မှာ crack ဖိုင်လေးကို ၂-ချက်တောက်ပြီး Run ပေးလိုက်ရင် ဆော့ဝဲလ်ကို ဖူးသုံးလို့ ရသွားပါပြီ..။ အောက်မှာလည်း ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10 MB ရှိပါတယ်..။

Mac Blu-ray Player for Windows 2.9.8.1480 Multilingual Final

17 Jan 14, 01:04 PM 
ဝိုင်းချစ်: မြန်မာစာတန်းထိုး အင်္ဂလိပ်ခွေကို ကွန်ပျူတာမှာကြည့်ရင် မြန်မာစာတန်းမပေါ်လို့ ပေါ်အောင်ဘ်ာလိုလုပ်ရမှာလဲ
Mac Blu-ray Player is the first universal media player for Mac&PC in the world. It can not only play blu-ray HD movies on Mac or PC, but also support any formats of movie, video, audio, music and photo you have ever seen. Particularly, you are able to add subtitles to movie or video, and share the movie’s information with your best friends. Furthermore, it has very easy and convenient interface and layout as well as the hardware acceleration technique that can reduce power consumption effectively.
DVD အခွေတွေမှာ ပါတဲ့ Subtitle စာတန်းထိုးတွေကို တခုပြီးတခု ကွန်ပျူတာမှာ ပြောင်းကြည့်လို့ရဖို့ ဆိုရင်တော့ ဒီကောင်လေးနဲ့လည်း အဆင်ပြေပါတယ်..။ ရိုးရိုး DVD အခွေတွေအပြင် Blu-ray အခွေတွေကိုပါ ဒီဆော့ဝဲလ်လေးနဲ့ အလွယ်တကူ ဖွင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်..။ ကြည်လင်ပြတ်သားတဲ့ ရုပ်သံတွေကို ဒီဆော့ဝဲလ်လေးနဲ့ ကြည့်ရူနိုင်ပြီး တခြား ဖေါ်မတ်မျိုးစုံကိုလည်း ဒီကောင်လေးနဲ့ ဖွင့်သုံးလို့ ရပါသေးတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေးနဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်..။ အောက်မှာလည်း ပုံလေးတွေနဲ့ ဖူးဖြစ်အောင် လုပ်တတ်အောင်နဲ့ DVD အခွေထဲမှ Subtitle စာတန်းထိုးတွေကို English, Chinese စသဖြင့် ရွေးယူ တတ်အောင်ပါ ပုံလေးတွေနဲ့ အစအဆုံး ပြပေးထားပါတယ်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 39 MB ရှိပါတယ်..။

Bigasoft Video Downloader Pro 3.1.1.5128 Final

YouTube ကသီချင်းတွေနဲ့ Video တွေကို ဒေါင်းလို့မရတဲ့ သူများအတွက် ဒီကောင်လေးနဲ့ ဒေါင်းယူပြီး MP4, MP3 လို ဖေါ်မတ်တွေကိုပါ တခါတည်း ပြောင်းယူလို့ အသုံးပြုရ လွယ်ကူတဲ့ ဆော့ဝဲလ်လေးပါ..။ အရင်ကလည်း ဒီကောင်လေးရဲ့ ဗါးရှင်းအဟောင်းလေးတွေကို တင်ပေးဖူးပါတယ်..။ ဒါလေးကတော့ နောက်ဆုံး ဗါးရှင်းလေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် crack ဖိုင်လေး ၂-ခုနဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပြီး အောက်မှာလည်း ဖူးဖြစ်အောင် လုပ်တတ်အောင်နဲ့ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ အစအဆုံး ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 23 MB ရှိပါတယ်..။

Hard Disk Sentinel Pro 4.40.10 Beta Final

 မိမိတို့ကွန်ပျူတာ ဟတ်ဒစ်ရဲ့ ကျန်းမာရေး အခြေအနေကို သိလိုရင်တော့ ဒီကောင်လေးနဲ့ ကြည့်လို့ ရမှာပဲ ဖြစ်ပါတယ်..။ ပါတေးရှင်းအပိုင်းတွေ အားလုံးကို ဖေါ်ပြပေးထားပြီး လက်ရှိ အသုံးပြုနေတဲ့ အချိန်မှာ ရှိနေတဲ့ အပူချိန်နဲ့ ဟတ်ဒစ်ရဲ့ အသုံးပြု ခံနိုင်စွမ်းတွေကို ဒီကောင်လေးက ဖေါ်ပြပေးနိုင်ပါတယ်..။ ဒီဆော့ဝဲလ်ကို ဖူးဖြစ်အောင် Keymaker လေးနဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပြီး အောက်မှာလည်း ဖူးဖြစ်အောင် လုပ်တတ်အောင် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 18 MB ရှိပါတယ်..။

WonderFox DVD Video Converter 6.1 Final


WonderFox DVD Video Converter လေးနဲ့ DVD အခွေက သီချင်းတွေနဲ့ Video တွေကို မိမိတို့ လိုချင်တဲ့ ဖေါ်မတ်ရအောင် ပြောင်းယူလို့ ရပါတယ်..။ ကွန်ပျူတာထဲမှာ ရှိပြီးသား သီချင်းတွေကိုလည်းပဲ တခြား ဖေါ်မတ်တွေ ပြောင်းပေးနိုင်ပါသေးတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် ကီးတွေနဲ့ တွဲတင်ပေးထားပြီး အောက်မှာလည်း ပုံလေးတွေနဲ့ ကီးတွေ ထည့်တတ်အောင် ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 15 MB ရှိပါတယ်..။

Mojosoft Photo Calendar Studio 2014 1.16 Multilingual Final

မနေ့က Update ထပ်ထွက်လာတဲ့ နောက်ဆုံး ဗါးရှင်းလေးပါ..။ Install ထည့်ပြီးလို့ ကီးတွေ ထည့်ပေးပြီး ဖူးဖြစ်သွားရင် ပိတ်ပစ်လိုက်ပါ..။ အရင် ဗါးရှင်းမှာ မပါခဲ့တဲ့ Update ဖိုင်လေးကို ၂-ချက်တောက်ပြီး ထပ် Run ပေးလိုက်ရင် ရပါပြီ..။ မိမိတို့ရဲ့ မိသားစုဓါတ်ပုံလေးတွေနဲ့ ပြက္ခဒိန်လေးတွေ ဖန်တီးချင်တယ်ဆိုရင်တော့ ဒီကောင်လေးက အတော်လေး အသုံးဝင်တဲ့ ကောင်လေးပါ..။ ကျနော်စမ်းသုံးကြည့်မိသလောက် အတော်လေး ပြည့်စုံတဲ့ နောက်ဆုံးထွက် ဗါးရှင်းအသစ်လေး.. လေယာတွေ၊ Effects တွေ ၊ Background နဲ့ Foreground မှာ မိမိတို့ ကြိုက်သလို ပုံတွေကို ချိန်ညှိပြီး ထည့်သုံးလို့ပါ ရတဲ့အပြင် မြန်မာစာတွေပါ မိမိတို့ ဖန်တီးထားတဲ့ ပြက္ခဒိန်ပေါ်မှာ ရေးယူလို့ ရတဲ့အတွက် အတော်လေးအဆင်ပြေပါတယ်..။ ခုနှစ်သက္ကရာဇ်တွေကိုလည်း 2013/14 ကနေ နောက် နှစ်တစ်ရာထိ ကြိုက်သလောက်ထည့်သုံးလို့ ရတဲ့အတွက် အမြဲတမ်း အသုံးပြုလို့ရမယ့် ပရိုဂရမ်ကောင်းလေးပါ..။ အရင်ပိုစ့်မှာ ကီးတွေ ထည့်ပြပေးထားပြီး အနည်းငယ်ပါ အသုံးပြုပြထားလို့ ပြန်ကြည့်လိုတဲ့ သူများကတော့ ဒီနေရာကနေ ကလစ်ပြီး ပြန်ကြည့်နိုငိပါတယ်..။ အသုံးဝင်ပုံ အသေးစိတ် Features တွေ၊ Tools တွေက Photoshop နဲ့ နင်လား၊ ငါလားလို့တောင် ပြောရမလိုပင်..။ နောက်ခံ ဖရိန်တွေ အများကြီး ပြောင်းသုံးလို့ရတဲ့အတွက်.. အပျော်တမ်း အိမ်သုံးသမားများအတွက်တင် မကပဲ၊ စီးပွါးရေး လုပ်ငန်းတွေအတွက်ပါ ထည့်ယူသုံးလို့ အဆင်ပြေပါတယ်..။ အများကြီး မညွှန်းတော့.. သုံးကြည့်မှသာ ကောင်းမှန်းသိပေလိမ့်မည်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် ကီးတွေနဲ့ နာမည်တွေကို Notepad လေးနဲ့ ထည့်ပေးထားပြီး လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 43 MB ရှိပါတယ်..။

n-Track Studio EX 7.0.3 Build 3115 Final

ကိုယ်ပိုင် သံစဉ်သီချင်းတွေအတွက် တီးလုံး တွေကို ဒီကောင်လေးနဲ့လည်း ဖန်တီးယူလို့ ရပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် crack ဖိုင်လေးနဲ့ ပြုလုပ်ပေးရမှာဖြစ်ပြီး အသုံးပြုလိုတဲ့ သူများကတော့ မိမိတို့ ဝင်းဒိုး ဗါးရှင်းအလိုက် 32 or 64 bit ဗါးရှင်းတွေကို ရွေးယူ အသုံးပြုနိုင်ပါတယ်..။ ဒီဆော့ဝဲလ်လေးကို အသုံးပြုတတ်အောင် လေ့လာလို့ ရအောင် ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ လေ့ကျင့်ခန်း Video လေးတွေ ရှာပြီး တင်ပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 32 MB နဲ့ 36 MB ရှိပါတယ်..။

Internet Download Manager 6.18 Build 12 Final

  
IDM နောက်ဆုံး Update လေးပါ..။ Browser တွေ Update တက်သွားတိုင်း IDM တွေ အလုပ်မလုပ်တော့တဲ့အတွက် ဒီလို IDM နောက်ဆုံးထွက်လေးတွေကို Install ထပ်ထည့်ပေးမှ IDM ကို အသုံးပြုလို့ ရတာပါ..။ နောက်ဆုံး Update ကို Install ထည့်ပြီးရင်တော့ ဖူးသုံးလို့ မရတော့ပဲ Serial Key တောင်းပါတယ်..။ အဲ့လိုဖြစ်နေတဲ့ သူများကတော့ ဒီနောက်ဆုံး Update ဖိုင်လေးထဲမှ crack or patch နဲ့ ဖူးဖြစ်အောင် ပြန်လုပ်ပေးပြီး ဆက်ပြီး အသုံးပြုလို့ ရပါတယ်..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ patch ဖိုင်လေးနဲ့ crack ဖိုင်လေး ၂-မျိုးကို ပေါင်းထည့်ပေးထားပါတယ်..။ ဖူးဖြစ်အောင် လုပ်နည်းတွေက Blog ညာဘက် အပေါ်ဆုံးမှာ တင်ပေးထားတဲ့ ပိုစ့်တွေ အတိုင်းပါပဲ..။ crack နဲ့ ဖူးဖြစ်အောင် လုပ်မယ့်သူများကတော့ အောက်ကပုံမှာ ပြပေးထားတဲ့ crack ၂-ခုကို ထည့်ပေးပြီး ဖူးလုပ် အသုံးပြုနိုင်ပါတယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။

Free Ringtone Maker 2.4.0.1675 Final


ဖုန်းမြည်တဲ့ သီချင်းအသံတွေ နေရာမှာ အစားထိုးထည့်သုံးဖို့ အတွက် လိုအပ်တဲ့ MP3 သီချင်းတွေကို မိမိတို့ လိုချင်တဲ့ အပိုင်းလေးကိုပဲ ဖြတ်ယူမယ်ဆိုရင်တော့ ဒီကောင်လေးနဲ့လည်း အသုံးပြုလို့ အဆင်ပြေပါတယ်..။ Install ထည့်တဲ့ အချိန်မှာ အင်တာနက်ကို ဖွင့်ပေးထားပြီး လိုအပ်တဲ့ ဖိုင်တွေကို ဆက်လက်ဒေါင်းယူပြီးမှ ဒီကောင်လေးကို အသုံးပြုလို့ ရမှာပါ..။ အရင်ကလည်း တင်ပေးခဲ့ဖူးတဲ့ ဒီကောင်လေးကို အခုတော့ နောက်ဆုံး Update လေးနဲ့အတူ Windows 8 နဲ့ အသုံးပြုတတ်အောင် ပြန်လည် လုပ်ပြပေးထားတာ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1 MB ပဲ ရှိပါတယ်..။

Nero Burning ROM 2014 15.0.03900 Final

Nero Burning ROM 2014 နောက်ဆုံး Update လေးပါ..။ CD/DVD အခွေ Burn တဲ့ ဆော့ဝဲလ်တွေထဲမှာတော့ နာမည်ကြီး ဆော့ဝဲလ်တခုဖြစ်ပြီး ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေး ၃-ခု ထည့်ပေးပြီး ကီးတွေထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို ဖူးဖြစ်အောင် လုပ်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ အစအဆုံး ပြပေးထားပြီး crack ဒေါင်းလော့ဖိုင်ထဲမှာ Note လေးနဲ့ပါ အရင်ကအတိုင်း ဖူးဖြစ်အောင် လုပ်နည်း ရေးပြီး ထည့်ပေးထားပါတယ်..။
Nero ဆော့ဝဲလ်ဖြင့် အခွေကူးနည်း ၊ Password နဲ့ ပိတ်နည်းစတဲ့ လေ့ကျင့်ခန်း Video တွေကို Nero မူရင်းဆိုဒ် ဒီလင့်မှာ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်မှာ ဖြစ်ပြီး.. Nero 8 ဖြင့် CD/DVD ထုတ်လုပ်နည်း စာအုပ်ကိုလည်း ဒီ Nero Burning ROM 14 နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်..။ DVD တစ်ချပ်ထဲမှာ ရုပ်ရှင်ကားတွေ အများကြီး ထည့်နည်းပါ ပါတဲ့ အဲ့ဒီစာအုပ်လေးကို မယူရသေးတဲ့သူများကတော့ ဒီမှာကလစ်ပြီး သွားပြန်ယူနိုင်ပါတယ်..။ ဒီနာမည်ကြီး အခွေကူးတဲ့ Nero Burning ROM ဆော့ဝဲလ်ကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့  79 MB ရှိပါတယ်..။ ဆော့ဝဲလ်ရော crack ပါ ဒါင်းယူရမှာ ဖြစ်ပါတယ်..။

Hide Folder 2012 4.3.7.885 Final

Hide Folder 2012 ဆော့ဝဲလ်လေးနဲ့ မိမိတို့ ဖျေက်ထားချင်တဲ့ ဖိုင်တွေကို အလွယ်တကူ ဖျောက်ထားလို့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။ နောက်ပြီး ဒီကောင်လေးမှာ ဖိုင်တွေကို Password နဲ့ပါ ပိတ်ပြီး အသုံးပြုလို့ ရပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေးနဲ့ ထည့်ပေးပြီး ကီးတွေပါ ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အရင်ကလည်း တင်ပေးခဲ့ ဖူးတဲ့ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3 MB ရှိပါတယ်..။ အောက်မှာ ပြထားတဲ့ ပုံလေးတွေအတိုင်း ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုနိုင်ပါပြီ..။

AVG PC Tuneup Pro 2014 14.0.1001.295 Final

 ဒီကောင်လေးကတော့ ဒီနေ့ပဲ Update ထွက်လာတဲ့.. 1-Click Maintenance လို့ နာမည်ပေးထားတဲ့ ဝင်းဒိုးတွေရဲ့အဓိက နေရာတွေဖြစ်တဲ့၊ ဝင်းဒိုးကို အဓိက လေးစေတဲ့ Clean Registry, Defragment Registry, Remove Broken Shortcuts, Clean up Windows and Programs, Clean up Browser, Optimize System Startup and Shutdown, Defragment Hard Disk စတဲ့ နေရာတွေကို တချက်ကလစ်ပေးလိုက်ယုံနဲ့ ရှင်းလင်းပေးမှာ ဖြစ်လို့.. လေးတတ်၊ နှေးတတ်၊ ဟမ်းတတ်တဲ့ စက်တွေမှာ ဆိုရင်တော့ မရှိမဖြစ် ဆောင်ထားရမယ့် ဆော့ဝဲလ်ကောင်းလေးပါပဲ..။ အသုံးပြုပြီးတိုင်း စက်ကို Restart ချပေးပြီးမှ ဆက်သုံးပါ..။ System ပိုင်းတွေကို ရှင်းလင်းပေးမယ့် ပရိုဂရမ်လေး ဖြစ်တဲ့အတွက် အသုံးမပြုခင် မိမိတို့ရဲ့စက်ကို Restore Point လေးတွေနဲ့ Recover လုပ်ထားရမှာပါ..။
ဒီနောက်ဆုံးထွက် Update လေးကို ဖူးသုံးလို့ရအောင် ဒေါင်းလော့ဖိုင်လေးထဲမှာ patch နှင့် crack ဖိုင်၂-ခု ထည့်ပေးထားပြီး မိမိတို့အတွက် အသုံးပြုလို့ အဆင်ပြေမယ့် တခုနဲ့သာ ဖူးဖြစ်အောင် လုပ်ပေးရမှာပါ..။ ကျနော်ကတော့ ဒီပိုစ့်မှာ crack ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ပြီး ပြန်လည် အသုံးပြုပြထားပါတယ်..။ ဒီပိုစ့်တွက် crack ဖိုင် ထည့်နည်းနဲ့ ဒီ ဆော့ဝဲလ်ကို ကျနော် သုံးထားတဲ့ ပုံလေးတွေပါ ပြပေးထားပါတယ်..။ စက်ကိုသွက်လက်အောင် လုပ်ပေးနိုင်တဲ့ ဒီဆော့ဝဲလ်လေးကို လိုအပ်တဲ့ သူများးကတော့ အောက်ကလင့် မူရင်းလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 75 MB ရှိပါတယ်..။
patch ဖိုင်နဲ့ အသုံးပြုလိုတဲ့ သူများကတော့ Windows 7 နဲ့ patch ဖိုင်ထည့်ပြီး ဖူးလုပ်အသုံးပြုပြထားတဲ့ 2013 / 9 လပိုင်းထဲက ပိုစ့်ကိုတော့ ဒီလင့်ကနေ patch ဖိုင်ထည့်နည်းကို ပြန်လည်ဝင်ရောက် ဖတ်ကြည့်နိုင်ပါတယ်..။ ဒီပိုစ့်မှာတော့ crack ဖိုင်ထည့်နည်းကို Windows 8 နဲ့ လုပ်ပြပေးထားပါတယ်..။ ဒီပိုစ့်အတွက် ဆော့ဝဲလ်နဲ့ crack or patch ၂-မျိုးကို အောက်ကလင့် ၂-ခုကနေ ဒေါင်းယူရမှာပဲ ဖြစ်ပါတယ်..။

Microsoft Malicious Software Removal Tool 5.8 Final

ဟတ်ကာရန်က ကင်းဝေးရလေအောင် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟိုးအရင်တုန်းက ဒီကောင်လေးကို တင်ပေးခဲ့ဖူးပါတယ်..။ အခု ဒီဗါးရှင်းလေးကတော့ နောက်ဆုံးထွက် ဗါးရှင်းလေးဖြစ်ပြီး အသုံးပြုလိုတဲ့ သူများကတော့ မူရင်း Microsoft ဝဘ်ဆိုဒ်မှာ သွားရောက် ဒေါင်းယူရမှာဖြစ်ပါတယ်..။ ဘာလို့လဲဆိုတော့ မိမိတို့အသုံးပြုနေတဲ့ ဝင်းဒိုးကို ဗါးရှင်းအလိုက် Microsoft က စစ်ပေးပြီးမှ ဆော့ဝဲလ်ကို ချပေးမှာဖြစ်လို့.. ကျနော် ပြန်တင်ပေးမယ့် ဆော့ဝဲလ်နဲ့ အများစုက အဆင်မပြေနိုင်ပါဘူး..။ ဒါကြောင့် မူရင်းဆိုဒ်မှ ဒါရိုက် ဒေါင်းယူလို့ ရအောင် Microsoft ဝဘ်ဆိုဒ်ကိုပဲ ပြန်ညွှန်းပေးထားပါတယ်..။ မိမိတို့စက်ထဲမှာ ဆော့ဝဲလ်တွေနဲ့ အတူ ပါလာတတ်တဲ့ ဟတ်ကာတို့ရဲ့ Malicious ခေါ် Spy ဆော့ဝဲလ်တွေကို ဒီတူးလေးက ရှာဖွေးရှင်းလင်းပေးနိုင်ပါတယ်..။ အသုံးပြုရတာ လွယ်ကူပြီး အောက်မှာလည်း ကျနော် ပြန်စမ်းသုံးထားတဲ့ ပုံလေးတွေ အပြင် မူရင်းဆိုဒ်မှ ဆော့ဝဲလ်ကို ဒေါင်းယူတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ မူရင်းဆိုဒ်မှာ သွားရောက်ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 24 MB ရှိပါတယ်..။

Amigabit PowerBooster 4.0.0 Final

ကွန်ပျူတာနဲ့ Browser တွေကို သွက်လက်မြန်ဆန်အောင် Junk ဖိုင်တွေ ရှင်းပေးနိုင်တဲ့ ဆော့ဝဲလ်တွေထဲမှာတော့ ဒီကောင်လေးလည်း ပါပါတယ်..။ တခြား အသုံးဝင် Features တွေ တော်တော်များများ ပါတာဖြစ်လို့ တခုစီ အသုံးပြုတတ်ဖို့ကိုတော့ မိမိတို့ကိုယ်တိုင်ပဲ လေ့လာရမှာဖြစ်ပြီး.. ဒီဆော့ဝဲလ်လေးကို ကျနော် စမ်းသုံးထားတဲ့ ပုံလေးတွေကို အောက်မှာ ဖေါ်ပြပေးထားပါတယ်..။ အသုံးပြုပြီးတဲ့ အခါမှာတော့ မိမိတို့ရဲ့ စက်ကို Restart ပေးပြီးမှ ဆက်ပြီး အသုံးပြုပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေးနဲ့ ပြုလုပ်ပေးရမှာဖြစ်ပြီး Key တွေကိုတော့ မိမိတို့ အဆင်ပြေသလို ကြိုက်ရာသာ ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ ကီးတွေ ထည့်ပြီး အသုံးပြုတဲ့ အချိန်မှာတော့ အင်တာနက်ကို ပိတ်ပေးထားပါ..။ အောက်ကပုံလေးတွေမှာ ဆက်လက် လေ့လာနိုင်ပါတယ်..။ အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9 MB ရှိပါတယ်..။

Pixia 6.00k Final

ဒီကောင်လေးမှာ Brush Tool ဒီဇိုင်းတွေ အစုံနဲ့ ကာတွန်းပုံ ပန်ချီပုံလေးတွေကို ဖန်တီးယူလို့ ရသလို ၎င်း Brush Tool တွေနဲ့ 3D ဒီဇိုင်းဆန်ဆန် စာလုံးများကိုလည်း ရေးယူလို့ ရမှာပဲ ဖြစ်ပါတယ်..။ Photoshop လို လေယာအစုံနဲ့ အသုံးပြုလို့ ရတဲ့ ဒီကောင်လေးကို Features တွေ အစုံသုံးတတ်ဖို့ကိုတော့ မိမိတို့ ကိုယ်တိုင် လေ့လာရမှာ ဖြစ်ပြီး.. ဒီပိုစ့်မှာ ကျနော် အနည်းငယ် စမ်းသုံးထားတဲ့ Brush Tool နဲ့ 3D လို စာလုံးမျိုး ဖြစ်အောင်၊ စာရေးတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ကာတွန်း ပန်းချီ ပုံလေးတွေ ဖန်တီးလိုတဲ့ သူများအတွက် ဒီကောင်လေးနဲ့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 14 MB ရှိပါတယ်..။

Fotosketcher 2.70 Final

မိမိတို့ရဲ့ ပုံလေးတွေကို ခဲခြစ်ပန်းချီပုံလေးတွေအပြင် ရေးဆေး၊ ဆီဆေး ပန်းချီတွေနဲ့ တခြား ပန်းချီဒီဇိုင်းတွေအဖြစ်ပါ ဒီကောင်လေးနဲ့ ဖန်တီးယူလို့ ရပါတယ်..။ အရင်ကလည်း တင်ပေးခဲ့ဖူးပါတယ်..။ ဒီကောင်လေးကတော့ နောက်ဆုံးထွက်လေးပါ..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် ဒီပိုစ့်မှာ အနည်းငယ် ပြန်လည် လုပ်ပြပေးထားပြီး Portable (OR) Setup ဖိုင် ၂-ခုမှ မိမိတို့ အတွက် အဆင်ပြေရာကို ရွေးယူ အသုံးပြုနိုင်ပါတယ်..။ ဒီပိုစ့်မှာတော့ ပုံလေးတစ်ပုံကို အဖြူအမဲနဲ့ ခဲခြစ် ပန်းချီပုံလေး တခုရအောင် ဒီကောင်လေးနဲ့ ဖန်တီးပြပေးထားပြီး လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 11 MB ရှိပါတယ်..။

TeamViewer 9.0.24951 Final

တစ်ကမ္ဘာလုံးမှာ ရှိတဲ့ သူငယ်ချင်းတွေရဲ့ ကွန်ပျူတာကို မိမိတို့ရဲ့ ကွန်ပျူတာကနေ အင်တာနက် Connection ကို အသုံးပြုပြီး လှမ်းကြည့်ပြီး ပြုပြင်ပေးလို့ ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ..။ ဒီနောက်ဆုံးထွက် ဖရီးဗါးရှင်းလေးက သိပ်မကြာခင်ကမှ Update ထွက်ထားတာလေးပါ..။ အရင်ကလည်း ဒီကောင်လေးရဲ့ ဗါးရှင်းမျိုးစုံကို တင်ပေးဖူးပါတယ်..။ အသုံးပြုတတ်အောင်ပါ အသုံးပြုနည်း ပိုစ့်တွေကို ဒီလင့်တွေကနေ ပြန်ဝင်ကြည့်နိုင်ပါတယ်..။ TeamViewer 8 Beta and TeamViewer 7 Portable နဲ့ TeamViewer Enterprise 7.0.14563 ပိုစ့်တွေမှာ အသုံးပြုတတ်အောင် ပြည့်စုံအောင် လုပ်ပြပေးထားပါတယ်..။ ဒီနောက်ဆုံး Update လေးကိုတော့ Install ထည့်တဲ့ နေရာမှာ ရွေးပြီး ထည့်တတ်အောင်ပဲ ဒီပိုစ့်မှာ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး အောက်ကပုံလေးတွေ အတိုင်း Install ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ကောင်းကောင်း အသုံးပြုလို့ ရသွားပါပြီ..။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။

Glary Utilities 4.4.0.86 Final


ဒီနောက်ဆုံးထွက် Update လေးကို ဖရီးအသုံးပြုလို့ ရအောင် ထုတ်ဝေပေးထားတာ ဖြစ်ပြီး key, crack, keygen, patch တွေ ထည့်ရတာ စိတ်မပါတဲ့သူများအတွက် ဒီလို ဖရီးဆော့ဝဲလ်တွေက အလွယ်တကူ Install ထည့်ပြီး အသုံးပြုယုံပါပဲ..။ ကျနော့်သူငယ်ချင်းတွေထဲမှာလည်း ဒီလို Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ရတဲ့ ဆော့ဝဲလ်တွေကိုမှ ကြိုက်တဲ့သူများရှိတဲ့အတွက် ဒီနေ့တော့ ဖရီးဆော့ဝဲလ်တွေပဲ ရွေးပြီး တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးမှာ အရင်က Pro ဗါးရှင်းတွေပဲ ထွက်တတ်တာဖြစ်ပြီး ဒီလို ဖရီးဗါးရှင်းမှာတော့ သူ့ရဲ့ Features တွေ အကုန်ယူသုံးလို့ မရအောင် ချုပ်ထားတာဖြစ်တဲ့အတွက် ကျနော်တို့က ဖရီးတွေရဲ့ အသုံးပြုလို့ ရတဲ့ နေရာကနေပဲ ဒီကောင်လေးကို အသုံးပြုရမှာ ဖြစ်ပါတယ်..။ ဒါကြောင့် ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြန်ပြပေးလိုက်ပါတယ်..။ 
လေးနေ ဟမ်းနေတဲ့ စက်တွေကို အမှိုက်တွေ ရှင်းလင်းပေးပြီး ပြန်လည် သွက်လက် မြန်ဆန်လာအောင် လုပ်ပေးနိုင်တဲ့ ဒီဆော့ဝဲလ်ကို အသုံးပြုပြီးတဲ့ အခါတိုင်း စက်ကို Restart ပေးပြီးမှ ဆက်လက် အသုံးပြုရမှာပါ..။ ဒီဆော့ဝဲလ်ကို အသုံးမပြုခင် Restore Point တွေနဲ့ မိမိတို့ ကွန်ပျူတာကို Recover လုပ်ထားသင့်ပါတယ်..။ မိုဇီလာလို Browser တွေကို ဖွင့်ထား၊ အသုံးပြုထားရင်တော့ အရင်ဆုံး ပိတ်ပစ်လိုက်ပါ..။ ပြီးမှ ဒီကောင်လေးကို အသုံးပြုပေးပါ..။ ဒီနောက်ဆုံးထွက် ဖရီးဗါးရှင်းလေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 11 MB ရှိပါတယ်..။

Trillian 5.4.0.15 Final


Facebook, G-talk, Skype စတဲ့ အကောင့်တွေအပြင် တခြား အကောင့်များစွာကို ဒီကောင်လေး တခုထဲမှာ ဝင်ပြီး အမြဲတမ်း အသုံးပြုလို့ ရတဲ့ Trillian 5.4.0.15 Final ဖရီးဗါးရှင်းလေးပါ..။ ဒီကောင်လေးကို Install ထည့်တဲ့အချိန်မှာ ဒီကောင်လေးရဲ့ အကောင့်မရှိသေးရင်တော့ အကောင့်တခု ဖွင့်ပေးပြီး Install ထည့်သုံးလို့ ရပါတယ်..။ သူ့အကောင့် ရပြီးမှ တခြား မိမိတို့ အသုံးပြုလိုတဲ့ အကောင့်တွေကို တခုစီ ဝင်ပေးပြီး Chatting တွေနဲ့ IM Mail တွေကို ဖရီးအသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ ကျနော့် Blog မှာ အရင်ကတော့ PRO ဗါးရှင်းလေးတခု တင်ပေးခဲ့ဖူးပါတယ်..။ ကြာပြီဖြစ်လို့ ဒေါင်းယူလို့ မရနိုင်တော့ပါဘူး..။ ဒီဖရီးဗါးရှင်းလေးနဲ့လည်း အသုံးပြုလို့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးကို ပုံလေးတွေနဲ့ Install ထည့်တတ်အောင် ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 21 MB ရှိပါတယ်..။

Advanced SystemCare 7 Free 7.1.0.399 Final


ကွန်ပျူတာနဲ့ Browser တွေကို မြန်ဆန်သွက်လက်အောင် အမှိုက်တွေ ရှင်းလင်းပေးတဲ့ ဆော့ဝဲလ် ပရိုဂရမ်တွေထဲမှာတော့ ဒီကောင်လေးက နာမည်ကြီး ဆော့ဝဲလ်တခုပါ..။ အရင်ကလည်း ဗါးရှင်း မျိုးစုံ တင်ပေးခဲ့တဲ့ ဒီကောင်လေးကို အသုံးမပြုတတ်သေးတဲ့ သူများကတော့.. အသုံးပြုနည်းပိုစ့်ကို ဒီမှာနှိပ်ပြီး ဝင်ကြည့်နိုင်ပါတယ်..။ ဒီကောင်လေးကို အသုံးမပြုခင် အရင်ဆုံး မိမိတို့ ကွန်ပျူတာကို Restore Point လေးတွေ ဖန်တီးထားဖို့ လိုအပ်ပါတယ်..။ အသုံးပြုပြီးရင်လည်း စက်ကို Restart ချပေးပြီးမှ၊ ဝင်းဒိုး ပြန်ပွင့်လာမှ ဆက်လက် အသုံးပြုသင့်ပါတယ်..။ ဒါမှသာ မိမိတို့ ဝင်းဒိုးကို အဆင်ပြေပြေ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 34 MB ရှိပါတယ်..။

Avira Antivirus Free 14.0.2.344 Final


ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေထဲမှာတော့ ဒီကောင်လေးက နာမည်ကြီး Antivirus တမျိုးပါ..။ ဒီဗါးရှင်းလေးက နောက်ဆုံး Update လေးဖြစ်ပြီး အသစ်ထွက်ထားတာ တစ်ပါတ်လောက်ပဲ ရှိပါသေးတယ်..။ ဒီနေ့မှပဲ တင်ပေးဖြစ်ပါတယ်..။ Install ထည့်ပြီး အသုံးပြုယုံပါပဲ..။ အသုံးမပြုခင် Update အရင်လုပ်ပေးပြီးမှ Scan နဲ့ အသုံးပြုနိုင်ပါတယ်..။ အရင်တုန်းကလည်း ဒီကောင်လေးရဲ့ အရင်ဗါးရှင်းတွေကို တင်ပေးဖူးပါတယ်..။ အသုံးပြုနည်း အတူတူပဲဖြစ်တဲ့အတွက် ပြန်လည် မပြပေးတော့ပါဘူး..။ ဒီနောက်ဆုံးထွက်လေးကို ကြာကြာဒေါင်းယူလို့ ရအောင် မူရင်း ဆိုဒ်မှ ဒါရိုက်လင့်နဲ့ ချိတ်ပေးထားလို့ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 124 MB ရှိပါတယ်..။

Windows နှစ်ခု တင်လို့မရအောင် ပိတ်ထားတဲ့ Hard Disk ကို ဝင်ဒိုးနှစ်ခု တင်လို့ရအောင် လုပ်နည်း

 အခုနောက်ပိုင်း Windows 8 တင်ပြီးသား ပါလာတဲ့ ကွန်ပျူတာတွေမှာ Hard Disk ကို ဖေါ်မတ်တစ်မျိုးဖြစ်တဲ့ GPT (or) Read Only ဖေါ်မတ်နဲ့ Windows 8 တင်ပေးလေ့ရှိပါတယ်..။ ဒီဖေါ်မတ်နဲ့ဆိုရင် ဟတ်ဒစ်ကို တခြားအပိုင်းတွေခွဲလို့တော့ ရပြီး အဲ့ဒီအပိုင်းတွေမှာ တခြားဝင်းဒိုးတွေကို ပြန်တင်လို့ မရပါဘူး..။ ဒါကလည်း Windows 8 ကို တခြားဝင်းဒိုးတွေထက် ပိုမြန်အောင်၊ သွက်လက်အောင် ဒီ GPT Partition Style ဖေါ်မတ်ကို သုံးရခြင်းပါတဲ့..။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ကွန်ပျူတာ တစ်လုံးထဲမှာ ဝင်းဒိုးနှစ်ခု၊ သုံးခုကို အတူ တလှည့်စီ တွဲသုံးလိုရင်တော့ ဒီဟတ်ဒစ်တွေရဲ့ ဖေါ်မတ်ကို ပြောင်းပြီးမှ တခြားဝင်းဒိုးတွေကို တင်လို့ ရမှာပါ..။ ဟတ်ဒစ်တွေရဲ့ ဖေါ်မတ်ကို ပြောင်းလိုက်မယ်ဆိုရင်တော့ မိမိတို့ကွန်ပျူတာထဲမှာ ရှိပြီးဖြစ်တဲ့ ဝင်းဒိုးအပါအဝင် တခြား ဆော့ဝဲလ်တွေ Video တွေ၊ ဓါတ်ပုံတွေ အားလုံး ပျက်ပါတယ်..။ ဓါတ်ပုံတွေ၊ Video တွေနဲ့ ဆော့ဝဲလ်တွေကို အရင်သိမ်းထားဖို့ လိုပါတယ်..။ ဒီနည်းကို အသုံးပြုမှ မိမိတို့ကွန်ပျူတာမှာ ဝင်းဒိုးနှစ်ခု၊ သုံးခု တင်သုံးလို့ ရမှာဖြစ်တဲ့အတွက် Original Windows 8 တွေဆိုရင် Recovery အပိုင်းပါ ပျက်သွားမှာမို့ မလုပ်ခင် သေချာ စဉ်းစားသင့်ပါတယ်..။ 
ဒီလုပ်နည်းကို ဝင်းဒိုးတင်တတ်ခါစ လူသစ်များအပြင် ၊ Service သမားတွေပါ တတ်ထားသင့်ပါတယ်..။ ဘာလို့လဲဆိုတော့ နောက်ပိုင်းထွက်လာတဲ့ Windows 8 နဲ့ စက်အသစ်တွေအားလုံးက ဟတ်ဒစ်ကို ဒီလိုဖေါ်မတ်မျိုးနဲ့ပဲ လာတော့မှာ ဖြစ်တဲ့အတွက်ကြောင့်ပါ..။ ဒါကြောင့် ဒီနည်းက မသိမဖြစ်နည်းတခု ဖြစ်ပါတယ်..။ အရင်က ကျနော်ကိုယ်တိုင် Original Windows 8 ပါပြီးသား စက်အသစ်ကို ဖေါ်မတ်ချပစ်လိုက်ပြီးမှ ဝင်းဒိုး ပြန်တင်လို့ မရတဲ့အတွက် ၂-ရက်လောက် အလုပ်ရှုပ်ခဲ့ရဖူးတဲ့ ဒီလုပ်နည်းကို အခုတော့ Microsoft ကုမ္ပဏီက 2013 December 9 ရက်နေ့က သူ့ဝဘ်ဆိုဒ်မှာ ဖေါ်ပြပေးခဲ့ပြီးဖြစ်ပါတယ်..။ ကျနော် အရင်လုပ်ခဲ့တဲ့နည်းက ဟတ်ဒစ်ကို အပြင်ထုတ်ပြီးမှ လုပ်ရတဲ့နည်းဖြစ်လို့ အလုပ်ရှုပ်ပါတယ်..။ အခု Microsoft ကပေးတဲ့နည်းကတော့ ပိုလွယ်ကူတဲ့အတွက် အဲ့ဒီနည်းနဲ့ပဲ ဒီပိုစ့်မှာ လုပ်ပြပေးထားပါတယ်..။
နောက်တခုကတော့ ဟတ်ဒစ်ကို ဖေါ်မတ်မျိုးစုံနဲ့ အသုံးဝင်ပုံတွေကို အသေးစိတ်သိဖို့ မလိုသေးပဲ ဒီပိုစ့်မှာ ဟတ်ဒစ်ကို ဖေါ်မတ်ပြောင်းလို့ရတဲ့ GPT , Dynamic , Basic စတဲ့ဖေါ်မတ်တွေမှာ ကျနော်တို့အတွက် ဝင်းဒိုးနှစ်ခု၊ သုံးခု တင်လို့ရတဲ့ Basic ဖေါ်မတ်ကိုပဲ ပြောင်းယူအသုံးပြုရမှာ ဖြစ်ပါတယ်..။ Basic ဖေါ်မတ်ကို ပြောင်းလိုရင်တော့ အရင်ဆုံး Dynamic ဖေါ်မတ်ဖြစ်ပြီးမှ Basic ဖေါ်မတ်ကို ပြန်ပြောင်းလို့ရတာပါ..။ Dynamic ဖေါ်မတ်နဲ့ဆိုရင်တော့ GPT ဖေါ်မတ်လိုပဲ ဟတ်ဒစ်မှာ ဝင်းဒိုးတစ်ခုပဲ လက်ခံပါတယ်..။ နောက်ထပ်ဝင်းဒိုး ထပ်တင်လို့ မရတော့ပါ..။ Basic ဖေါ်မတ်ကျပြန်တော့ Partition တွေမှာ ဝင်းဒိုးတွေ အများကြီးတင်လို့ ရပေမယ့် ဟတ်ဒစ်ကို အပိုင်း ၃-ပိုင်းပဲ ခွဲထုတ်ခွင့်ပြုပါတယ်..။ ၄/၅-ပိုင်းခွဲထုတ်လိုက်ရင်တော့ သူ့အလိုလို Dynamic Disk ဖေါ်မတ်ကို ပြန်ပြောင်းသွားတာဖြစ်လို့ တခြား ပါတေးရှင်းအပိုင်းတွေထဲက တခြားဝင်းဒိုးတွေကို ဝင်လို့မရတော့ပါဘူး..။ အဲ့ဒီဖြစ်သွားရင်တော့ AOMEI Partition Assistance Pro ဆော့ဝဲလ်နဲ့ Dynamic Disk ကနေ Basic Disk ဖေါ်မတ်ကို Data တွေနဲ့ တခြားဝင်းဒိုးတွေကို မပျက်စေပဲ ပြန်ပြောင်းယူလို့ ရတဲ့အတွက် အဲ့ဒီဆော့ဝဲလ်လေးကိုပါ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ တင်ပေးထားပြီး အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီရက်ထဲမှာ စက်အသစ်နှစ်လုံးနဲ့ ၎င်းတို့ရဲ့ ဟတ်ဒစ်တွေကို ဒီနည်းနဲ့ အပြန်အလှန် စမ်းသပ်နေတာဖြစ်လို့ ဒီရက်ထဲအလုပ်ရှုပ်ပါတယ်..။ အခုတော့ ဒီပိုစ့်ကို တင်ပေးဖို့ အတော်လေး ပြည့်စုံသွားပြီဖြစ်လို့ ကျနော်စမ်းသုံးရင်း ရရှိလာတဲ့ အတွေ့အကြုံလေးတွေကိုပါ ဒီပိုစ့်မှာ ဖြည့်စွက်ရေးပေးထားလို့ နောက်ပိုင်း ဝါသနာရှင်များထဲမှ လေ့လာလိုက်စားတဲ့သူများအတွက် အလွယ်တကူ သင်ယူလို့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။

Mobogenie 2.1.27.215 Final

 ဒီကောင်လေးက Android ဖုန်းတွေအတွက် လိုအပ်တဲ့ ဖရီးဂိမ်းတွေနဲ့ ဖရီးဆော့ဝဲလ် APK ဖိုင်တွေကို မိမိတို့ ကွန်ပျူတာကနေ အလွယ်တကူ ဒေါင်းယူပေးနိုင်တဲ့ ကောင်လေးပါ..။ မိမိတို့ စက်ထဲမှာ ဒီနောက်ဆုံး Update လေးကို Install ထည့်ပြီး အလွယ်တကူ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဖရီးဆော့ဝဲလ်လေးပါ..။ ဒီဒေါင်းလော့ဖိုင်ထဲမှာ ဒီဆော့ဝဲလ်နဲ့ အတူ ဒီကောင်လေးရဲ့ Downloader လေးကိုပါ တခါတည်း ထည့်ပေးထားလို့ နောက်ပိုင်း Update အသစ်လေးတွေကို အသုံးပြုလိုတဲ့ သူများအတွက်ပါ ဒီ Downloader လေးနဲ့ အလွယ်တကူ ဒေါင်းယူလို့ အဆင်ပြေပါတယ်..။ ဒီဆော့ဝဲလ်လေးကို နိုင်ငံခြား ဆိုဒ်တွေတိုင်းလိုလိုမှာ ကြော်ငြာတွေနဲ့ တွေ့နေရတာ ဖြစ်ပြီး.. အရင်တုန်းက ဗါးရှင်းက အသုံးပြုလို့ သိပ်အဆင်မပြေတဲ့ အတွက် တင်မပေးဖြစ်ခဲ့ပါ..။ အခုဒီဗါးရှင်းလေးမှာတော့ အတော်လေး အဆင်ပြေပြေအသုံးပြုလို့ ရလာလို့ ပြန်တင်ပေးလိုက်ပါတယ်..။ ကျနော်တို့ Android OS စမတ်ဖုန်းတွေအတွက် ဂိမ်းတွေနဲ့ တခြားဆော့ဝဲလ် APK ဖိုင်တွေကို ဒီကောင်လေးနဲ့ မိမိတို့ ကွန်ပျူတာမှာ ဒေါင်းယူပြီး သိမ်းထားလို့ ရသလို ၊ Android ဖုန်းထဲကိုပါ တခါတည်း Install ထည့်သုံးလို့ ရမှာပဲ ဖြစ်ပါတယ်..။ အရင်တုန်းက APK ဖိုင်တွေ ဒေါင်းယူဖို့ ဆော့ဝဲလ်တခု တင်ပေးဖူးပါတယ်..။ အခုဒီကောင်လေးကတော့ နောက်တမျိုးပါ..။ အလွယ်တကူ သုံးတတ်အောင် အောက်မှာ ကျနော် စမ်းသုံးထားတဲ့ ပုံလေးတွေပါ ပြပေးလိုက်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 17 MB ရှိပါတယ်..။

Mozilla Firefox 12.0 beta 1 (မိုဇီလာမှာ မြန်မာစာ အပြည့်ပေါ်ရအောင်)


 ကျနော့်ကို Facebook မှာ အကိုတစ်ယောက် မေးထားတာလေးပါ..။ အရင်တုန်းကလည်း ကျနော့် Blog မှ Readers တွေထဲကလည်း မေးခဲ့ဖူးတဲ့ မေးခွန်းလေးပါ..။ အပေါ်က ပုံမှာ မြင်ရသလို အခုနောက်ပိုင်း မိုဇီလာ Update အသစ်တွေမှာ မြန်မာစာ ပုံမှန် မပေါ်တတ်ပါဘူး..။ ကျနော်တို့ သတိထားမိသလောက်ကတော့ Windows 8 ထွက်ပြီး နောက်ပိုင်းမှာ ဒီလို မိုဇီလာမှာ မြန်မာစာ အပြည့်မပေါ်တော့ပါဘူး..။ အရင်တုန်းက Unicode ဖေါင့်တွေ မိုဇီလာမှာ အပြည့် အလုပ်လုပ်ပေမယ့် ၊ အခုနောက်ပိုင်း မိုဇီလာ Update တွေမှာ Unicode ဖေါင့်တွေ အပြည့်မပေါ်တော့တဲ့အတွက် ၊ အာရှနိုင်ငံတွေထဲက ကျနော်တို့ မြန်မာစာလို Unicode ဖေါင့်တွေ မိုဇီလာမှာ အဆင်မပြေတော့တဲ့ တခြားနိုင်ငံတွေကလည်း.. မိုဇီလာဆိုဒ်မှာ မေးထားတဲ့ မေးခွန်းတွေ ၊ Comments တွေ အများကြီးကို တွေ့ခဲ့ ၊ ဖတ်ခဲ့ပြီးပါပြီ..။ တိကျတဲ့ အဖြေရှာမတွေ့သေးပါဘူး..။ ဒါကြောင့် ဒီနေ့တော့ မိုဇီလာ ဗါးရှင်းအဟောင်းလေးဖြစ်တဲ့ မြန်မာစာလည်း အပြည့်ပေါ်တဲ့ Firefox 12.0 beta 1 Browser လေးကိုပဲ ပြန်ရှာပြီး တင်ပေးလိုက်ပါတယ်..။ ဒီဗါးရှင်းလေးကို Windows 7 မှာ ပြန်စမ်းသုံးထားတာ ဖြစ်ပြီး အပေါ်ကပုံလို အဆင်ပြေတဲ့အတွက် တင်ပေးလိုက်ခြင်းပါ..။ 
မိမိတို့စက်ထဲမှာ ရှိပြီးသား မိုဇီလာကို ထုတ်ပစ်ဖို့ မလိုပါဘူး..။ မိုဇီလာ ဖွင့်သုံးထားရင်တော့ ခဏပိတ်ထားလိုက်ပါ..။ ကျနော်စမ်းသုံးထားတဲ့အတိုင်း ဒီဗါးရှင်းလေးကို ထပ်ပြီး Install ထည့်ပေးလိုက်ရင် ရပါပြီ..။ အရင်ရှိပြီးသား Adobe Flash Player တွေနဲ့ IDM လို Add-ons တွေ တခါတည်း အလုပ်လုပ်ပါတယ်..။ Add-on တွေ အသစ်ထပ်ထည့်ပေးဖို့ မလိုတော့ပါ..။ ၂၀၁၂ ၊ ၃-လပိုင်း လဝက်က ထွက်ထားတဲ့ ဒီ မိုဇီလာ ဗါးရှင်းလေးကို၊ မြန်မာစာ အပြည့်မပေါ်လို့ စိတ်ညစ်နေရတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူးပြီး အသုံးပြုနိုင်ပါပြီ..။ ဖိုင်ဆိုဒ်ကတော့ 16 MB ရှိပါတယ်..။ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာတော့ မိုဇီလာ Option ထဲကနေ နောက်ဆုံး Update တွေ မတက်အောင် ပိတ်ထားရမယ့် နေရာလေးတွေကိုပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ ဆက်ကြည့်လိုက်ပါဗျာ..။

Avast Internet Security and Avast Pro Antivirus 9.0.2011.263


ကျနော် Antivirus ဆော့ဝဲလ်တွေ မတင်ပေးဖြစ်တာ ကြာသွားပြီဖြစ်လို့ ဒီနေ့တော့ ဒီ Avast Internet Security and Avast Pro Antivirus ၂-မျိုးကို အသုံးပြုလို့ ရအောင်၊ ဖူးဖြစ်အောင် လုပ်နည်းနဲ့ အသုံးပြုနည်းကိုပါ တခါတည်း ပုံလေးတွေနဲ့ အောက်မှာ ပြပေးထားပါတယ်..။ အသုံးပြုလိုတဲ့ သူများကတော့ မိမိတို့စက်ထဲမှ အရင်ရှိပြီးသား Antivirus ဗါးရှင်းတွေကို အရင် ထုတ်ပစ်ပြီးမှ ဒီကောင်လေးကို အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ Avast Internet Security ကတော့ တခြား Antivirus တွေ စက်ထဲမှာ ရှိလည်းပဲ အသုံးပြုလို့ ရမှာပါပဲ..။ ဒီကောင်လေးတွေကို ဖူးသုံးလို့ရအောင် key files တွေကို ရသလောက် စုပြီး ပေါင်းတင်ပေးထားပါတယ်..။ ဆော့ဝဲလ်ကိုတော့ ဒါရိုက်လင့်တွေကနေ ဒေါင်းယူလို့ ရအောင် လင့်တွေ ပြန်ချိတ်ပေးထားပြီး key files တွေကိုတော့ အရင်အတိုင်းပဲ Upload ဆိုဒ်တွေကနေ ပြောင်းတင်ပေးထားပါတယ်..။ Key Files တွေ ထည့်တဲ့အချိန်မှာတော့ အင်တာနက်ကို ပိတ်ထားပြီးမှ ထည့်ပါ..။ ဒီဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်လေးကလည်း နာမည်ရှိတဲ့ Avast ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်လေးမို့ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ဖူးဖြစ်အောင် ပုံလေးတွေနဲ့ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။

Adobe Photoshop CS6 Portable 13.1.2

 29 Dec 13, 07:36 PM
konyeinnyein: အစ်ကိုရေ ကျေးဇူးပြုပြီး ဖြစ်နိုင်ရင် cs6 photoshop လေး တင်ပေးစေချင်ပါတယ် ရှာလို့မရလို့ပါ
Photoshop CS6 Portable ကို ဟိုးအရင်တုန်းကလည်း တင်ပေးခဲ့ဖူးပါတယ်..။ အခုဒီဗါးရှင်းလေးကတော့ အသစ်မဟုတ်တဲ့ အရင်ဗါးရှင်းလေးပါပဲ..။ အရင် ဒေါင်းလော့လင့်တွေကနေ ပြန်လည် ဒေါင်းယူလို့ မရတော့တဲ့အတွက် လင့်အသစ်တွေနဲ့ ပြန်လည်တင်ပေးလိုက်ခြင်းပါ..။ Portable လေးဆိုပေမယ့် အရင်ပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးခဲ့တဲ့ အတိုင်း ၂-ချက်တောက်ပြီး ဖိုင်တခုထဲမှာ ဖြည်ချပြီးမှ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ 32-bit or 64-bit ဗါးရှင်းအလိုက် မိမိတို့ ဝင်းဒိုးနဲ့ အဆင်ပြေမယ့် ဖိုင်ကို ရွေးပြီး ဒေါင်းယူလိုက်ပါဗျာ..။
Related Posts Plugin for WordPress, Blogger...