Showing posts with label Windows7 အသုံးပြုနည်းအခြေခံ. Show all posts
Showing posts with label Windows7 အသုံးပြုနည်းအခြေခံ. Show all posts

ကွန်ပျူတာ အခြေခံနှင့် Wondows 7 အသုံးပြုနည်း (မြန်မာလို)

 
မင်္ဂလာပါဗျာ ကိုလွင်မင်းဗိုလ် Bolg လေးကို လည်ပတ်နေကြသော သူငယ်ချင်း မိတ်ဆွေ အပေါင်းတို့ ခင်ဗျာ... ကွန်ပျူတာ အခြေခံ နည်းပညာ ဆိုပြီး ပေးထားတဲ့ အတွက် နာမည်ကိုက်ညီအောင် ကွန်ပျူတာအခြေခံနှင့် Windows 7 အသုံးပြုနည်း စာအုပ်ကို တင်ပေးလိုက်ပါတယ်ဗျာ အခုမှာ ကွန်ပျူတာကို စတင်လေ့လာနေသူတွေ အတွက်တော့ အထူးကို ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းလေးပါပဲ ခေါင်းစဉ်ပေါင်း 60 ကို အသေးစိတ် ရှင်းပြထားပါတယ် ဖိုင်ဆိုဒ်ကတော့ (25.0MB) ရှိပါတယ်

Software တွေဘယ်လိုသွင်းပြီး ၊ ဘယ်လိုပြန်ထုတ်မလဲ



မိမိကွန်ပျူတာထဲကို software တွေသွင်းတော့မယ် ဆိုရင်တော့ အရင်ဆုံး အပေါ်ပုံမှာ ပြထားတဲ့ Icon ပုံလေးတွေကို အရင်ရှာကြည့်ပါ..။ အဲလိုပုံလေးတွေရဲ့ဘေးမှာ SETUP တို့ Install တို့ဆိုတဲ့ စာသားကိုလည်း ကြည့်ရမှာပါ..။ တွေ့ပြီဆိုရင်တော့ မောက်စ်လက်ညိုးခလုတ်နဲ့ Double Click နှစ်ချက်ပေးလိုက်ပါ.. Yes , No ဘောက်စ်လေးတခု ပေါ်လာရင် Yes ကိုနှိပ်ပါ..။ ပြီးရင်တော့ Next ပေါ်လာတိုင်းနှိပ်ပေးပါ.. accepted license agreement စာသားမျိုးပါရင်တော့ အမှန်ခြစ်ပေးလိုက်ပါ..

copy-paste , cut-paste နှင့် notepad အသုံးပြုပုံ

အရင်ဆုံး notepad ထုတ်တာလေး ပြပါ့မယ်..။ ဘာလို့လဲဆိုတော့ အင်တာနက်က စာသားတွေကို ကော်ပီကူးချင်ရင်ပဲ ဖြစ်ဖြစ် ... ဒါမှမဟုတ် မှတ်စုတို့ ဘာတို့ ရေးဖို့ပဲဖြစ်ဖြစ်  notepad ကအသုံးဝင်ပါတယ်..။ notepad ကသီးသန့်ဆော့ဝဲလ် မဟုတ်ပါဘူ.. ဝင်းဒိုးထဲမှာ ပါပါတယ်.. သုံးရတာလဲ လွယ်လို့.. ဒီတခါတော့ ဒါလေးသုံးပုံ သုံးနည်းလေးကိုအရင် တင်ပေးလိုက်ပါတယ်.. ပုံလေးတွေ ကြည့်ပြီး လိုက်လုပ်ကြည့်လိုက်ပါဗျာ..

Folder တွေနဲ့ Filesတွေမှာ မြန်မာစာပေါ်အောင်လို့

 
ကျနော်တို့ Windows themes လို့ခေါ်တဲ့ Desktop မှာ မြင်နေရတဲ့ Windows Back ground ပုံတွေကို ပြောင်းလိုက်တဲ့အခါ မြန်မာလို ရေးပြီး သိမ်းထားတဲ့ ဖိုဒါတွေနဲ့ ဖိုင်တွေမှာ လေးထောင့် အတုံးအကွက် လေးတွေပဲမြင်ရပါတော့တယ်..။ မြန်မာစာ မပေါ်တော့ပါဘူး..။ အခုဒီနည်းလေးနဲ့ မြန်မာစာ ပြန်ပေါ်အောင်လုပ်ပါမယ်.. အောက်ကပုံလေးတွေကို ကြည့်ပြီး လုပ်ကြည့်လိုက်ပါဗျာ..

Mouse အသုံးပြုပုံ

                                   
ကွန်ပျူတာကို ကိုင်ပြီဆိုကတည်းက မောက်စ်ကို တချိန်လုံး ကိုင်နေရပါတယ်.. ဒါကြောင့် မောက်စ်ကိုဘယ်လိုသုံးလဲ.. နောက်ပြီး မောက်စ်ရဲ့ အခေါ်အဝေါ်လေးတွေလည်း သိဖို့ လိုအပ်လာပါတယ်.. ကျနော်တို့ မောက်စ်ကို ညာဘက်လက်နဲ့ ကိုင်တဲ့လူတစ်ယောက်ဟာ (ဘယ်နဲ့ကိုင်တဲ့ ဘယ်ကျော်တွေ ရှိလို့ပါ) မောက်စ်ရဲ့ ခလုတ်နှစ်ခုပေါ်မှာ လက်ညိုးတချောင်းနဲ့ လက်ခလယ်တချောင်း တင်ပြီးတော့ နှိပ်ကျပါတယ်..။ လက်ညိုးခလုတ်ကိုတော့ Left Click လို့ခေါ်ပြီး ၊ လက်ခလယ် ခလုတ်ကိုတော့ Right Click လို့ခေါ်ပါတယ်..။

ပထမဆုံးသိဖို့လိုတာက Shut down, Restart, Sleep

ပထမဆုံး စက်ဖွင့်တာတော့ သိကြပါတယ် ..။ ပါဝါခလုတ်ကို ဖိပြီးနှိပ်လိုက်ရင် စက်ပွင့်သွားပါပြီ.. စက်ပွင့်ပွင့်ချင်း သုံးလို့မရသေးပါဘူး ..။ ခဏတော့ စောင့်ပေးရမှာပါ.. ဘာလို့လည်းဆိုတော့ ကွန်ပျူတာက သူ့ရဲ့ ဟတ်ဒစ်ထဲမှာရှိတဲ့ ဆော့ဝဲလ်တွေကို နေရာချနေလို့ပါ...။ အဲဒီလိုအချိန်မှာ မောက်စ်ရဲ့ဘေးမှာ အလုံးလေးက လည်နေပါလိမ့်မယ်..။ အဲဒီလည်နေတဲ့ အလုံးကလေး ပျောက်သွာပြီဆိုမှ ကိုယ်လုပ်ချင်တာကို လုပ်ရမှာပါ..။ ကိုယ်သုံးချင်တာတွေသုံးပြီးလို့ စက်ပိတ်တော့မယ် ဆိုရင်တော့ Start ကိုအရင်သွားပါ ..။ တချက်တောက်လိုက်ရင် Box ကျလာပါလိမ့်မယ်..။
Related Posts Plugin for WordPress, Blogger...