မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ Video တွေကို မိမိတို့ ကြိုက်တဲ့ နောက်ခံသီချင်းလေးတွေနဲ့ စလိုက်ရှိုးလေးတွေ ဖန်တီးယူလိုရင်တော့ ဒီကောင်လေးနဲ့ အတော်လေး အဆင်ပြေပါလိမ့်မယ်..။ ဆော့ဝဲလ်သေးပေမယ့် ဖန်တီးယူလို့ ရတဲ့ Effects တွေ၊ Template ဒီဇိုင်းမျိုးစုံနဲ့ ပုံစံမျိုးစုံ ပါဝင်တဲ့အတွက် တခုနဲ့ တခု မရိုးရအောင် စတိုင်မျိုးစုံ ဖန်တီးယူနိုင်ပါတယ်..။ အသုံးပြုတတ်အောင်နဲ့ ဖူးဖြစ်အောင် patch ဖိုင်ထည့်တတ်အောင်ပါ အစအဆုံး ပုံလေးတွေနဲ့ အောက်မှာ ပြပေးထားလို့ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ဆက်ကြည့်နိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 24 MB ရှိပါတယ်..။
Showing posts with label Photo Slide Show Tools. Show all posts
Showing posts with label Photo Slide Show Tools. Show all posts
Ashampoo Slideshow Studio HD 2 + Patch (Slideshow ပြုလုပ်ကြမယ်)
မင်္ဂလာပါဗျာ ဒီနေ့တော့ သီချင်းနောက်ခံနဲ့ ဓါတ်ပုံတွေကိုSlideshow ပြုလုပ်ချင်သူတွေ အတွက်Ashampoo Slideshow Studio HD 2 ကို ပြန်ရှယ်ထားပါတယ်ဆော့ဝဲလ်ကို Full Version ဖြစ်ဖို့ အတွက်Patch ဖိုင်ကို အသုံးပြု ရမယ်ဖြစ်ပါတယ်အသုံးပြုနည်း အနည်းငယ်ကိုလည်းပုံနှင့်တကွ
ရှင်းပြထားပါတယ်File Size (30.0MB) ရှိပါတယ်
ရှင်းပြထားပါတယ်File Size (30.0MB) ရှိပါတယ်
ProShow Gold 4.5.2
ဒီိကောင်လေးက အရင်တင်ပေးထားတဲ့ ProShow Gold 5.0 ကို အသုံးပြုရတာ သိပ်အဆင်မပြေဘူးလို့ ပြောလာတဲ့သူရှိလို့ ဒီဗါးရှင်းလေးကို ထပ်တင်ပေးလိုက်တာပါ..။ သူ့အတွက် Key လေးအပြင် Kengen လေးပါ လိုလိုမယ်မယ် ထည့်ပေးထားပါတယ်..။ အသုံးပြုနည်းကိုတော့ အရင် ProShow Gold 5.0 ပိုစ့်မှာ Video ဖိုင်တွေကြည့်လို့ ရအောင် လုပ်ပေးထားပါတယ်..။ ဒါကြောင့် မသုံးတတ်သေးတဲ့သူများ အဲဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ အခုဒီကောင်လေးကို Key ထည့်ပြထားတဲ့ ပုံလေးတွေ အောက်မှာ တင်ပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 28.1 MB ရှိပါတယ်..။
ProShow Gold v5.0
27 Aug 12, 12:07 AM
မိုး၂: အကိုရယ် ကျနော့ကို photoshop7.0 နဲ့
27 Aug 12, 12:08 AM
မိုး၂: slideshow လုပ်တဲ့ progold ဆော့ဝဲ့ပါ ခဏတင်ပေးပါလားးအကို
ဒီလိုလေးတွေ ရေးပြီးတောင်းရင် ဆော့ဖ်ဝဲတွေရှာရတာ ပိုအဆင်ပြေပါတယ်..။ တချို့က ဆော့ဖ်ဝဲနာမည် ထည့်မပေးတော့ ဘယ်လိုရှာရမှန်း မသိတာတွေ ရှိပါတယ်..။ မိမိတို့အသုံးပြုလိုတဲ့ ပုံစံနဲ့ ဆော့ဖ်ဝဲနာမည်ကို တိတိကြကြပြောနိုင်ရင် ကျနော်ရှာရတာ ပိုအဆင်ပြေပါတယ်..။ ကျန်ခဲ့တဲ့ အပါတ်ကတင်ပေးခဲ့တဲ့ IsoBuster လို ဆော့ဝဲလ်မျိုးဆိုရင် သူပေးထားတဲ့ နာမည်နဲ့ သူအသုံးပြုပုံနဲ့က တခြားစီပဲ.. ဆော့ဖ်ဝဲနာမည်နဲ့ အသုံးဝင်တာ ဘာမှမဆိုင်ဘူး..။ အဲလိုဆော့ဝဲမျိုးတွေရှိတာကြောင့် ကျနော့်ဆီမှာ ဆော့ဝဲတွေတောင်းတဲ့ အခါ ဘာအတွက်သုံးတဲ့ ဘာဆော့ဖ်ဝဲပါ ဆိုတာ ဆော့ဝဲနာမည်နဲ့ အသုံးဝင်ပုံလေးကို သေချာလေး ရေးပေးပြီး တောင်းကြဖို့ သတိပြုစေချင်ပါတယ်..။ ဒါမှလုပ်ရကိုင်ရတာ အဆင်ပြေမှာပါ..။
အပေါ်မှာဖေါ်ပြထားတဲ့ အစ်ကိုတောင်းထားတဲ့ထဲက ဒီတစ်ခုကို အရင် တင်ပေးလိုက်ပါတယ်..။ နောက်တခု Photoshop 7.0 ကတော့ ကျနော် အခု တင်ပေးနေပါတယ်..။ Upload ရတာနဲ့ ပြန်လည်မျှဝေပေးသွားပါ့မယ်..။ ဒီကောင်လေးကို ကျနော် Patch ဖိုင်လေးနဲ့ တင်ပေးထားပါတယ်..။ Patch ထည့်နည်းကို အားလုံးလည်း သိပြီးလောက်ပြီမို့ အများကြီး ပြမနေတော့ပါဘူး..။ IDM 6.12 Built 3 ပိုစ့်မှာ လုပ်ပြထားတာနဲ့ အတူတူပါပဲ.. နောက်ပြီး ဒီကောင်လေးမှာ ဓါတ်ပုံတွေကို Slide Show လုပ်တဲ့ Effect တွေအများကြီးနဲ့ နောက်ခံသီချင်းတွေပါထည့်လို့ ရပါတယ်..။ လုပ်ပြီးသား Slide Show တွေကို တခါတည်း DVD ခွေထုတ်ချင်လား၊ You Tube မှာတင်ချင်လား၊ Face Book မှာ တင်ချင်လား၊ လုပ်လို့ရတာတွေ အများကြီးပါပါတယ်..။ အဲလို လုပ်လို့ရတာတွေ အများကြီးပါတဲ့ အတွက် ပုံတွေအများကြီးနဲ့ လုပ်ပြဖို့ အဆင်မပြေနိုင်ပါဘူး..။ ဒါကြောင့် သူ့အတွက် Tutorial Video ဖိုင်လေးတွေရှာပြီး လင့်တွေ ချိတ်ပေးထားပါတယ်..။ အဲဒီဗွီဒီယိုတွေကို ကြည့်ပြီး စမ်းလုပ်ကြည့်ရင် အဆင်ပြေပြေ လုပ်တတ်သွားပါလိမ့်မယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 33.4 MB ရှိပါတယ်..။
Xilisoft Photo Slide Show Maker v1.0.2
ဒီကောင်လေးကတော့ မိမိတို့ရဲ့ ဓါတ်ပုံတွေကို Slide Show လေးတွေပြုလုပ်ရတာ လွယ်ကူပါတယ်..။ Slide Show ရဲ့ နောက်ခံမှာ သီချင်းလေးပါ ထည့်ပြီး Save လုပ်လို့ရပါတယ်.. Video ဖိုင်ဖေါ်မတ်.. Youtube ကိုတင်မယ့်ဖိုင်ဖေါ် မတ်တွေအပြင် တခြား ဖေါ်မတ်အတော်များများကို စပို့လုပ်ပေးပါတယ်..။ သူ့အတွက် Keygen လေးပါထည့်ပေးထားပါတယ်..။ ဒါပေမယ့် ဒီကောင်လေးရဲ့ Keygen လေးကတော့ မသိသေးတဲ့ သူများအတွက် လုပ်ရခက်ပါတယ်...။ တခြား Keygen တွေနဲ့ မတူလို့ပါ..။ ဒါကြောင့်မို့ အောက်မှာပုံလေးတွေနဲ့ Keygen လေးကို အသုံးပြုပြီး Full ဖြစ်အောင်လုပ်ပြထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူထားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 38.3 MB
Subscribe to:
Posts (RSS)


