Updated(2/15/2015)။ ။တောင်းဆိုတဲ့သူငယ်ချင်းတွေ ရှိလာတဲ့အတွက်.. ကျနော်အရင် ၃-နှစ်လောက်က ကျနော့်တူလေးနာမည်နဲ့ သုံးခဲ့ဖူးတဲ့ Facebook အကောင့်ကို လွင်မင်းဗိုလ် နည်းပညာ ဆိုပြီး နာမည်ပြောင်း၍ ကျနော့် Blog မှာ ဒီနေ့ ချိတ်ပေးလိုက်ပါပြီ..
Facebook လိပ်စာ ... https://www.facebook.com/mgmgkung2929
FB Like Page လိပ်စာ ... https://www.facebook.com/ittraveller.lwinminbo
(ဒီပိုစ့်တင်ခဲ့တဲ့အချိန်{23/11/2013}က အသစ်ဖွင့်ခဲ့တဲ့ ကျနော့် FB အကောင့်က Lock ကျ၍ ပျက်သွားပါပြီ..)
ဒီရက်ထဲ ကျနော်မအားတဲ့ အတွက် ပိုစ့်တွေ ပုံမှန်မတင်ပေးဖြစ်ပါ..။ Facebook လည်း မသုံးဖြစ်တာ ကြာပြီ..။ မနေ့ကတော့ သူငယ်ချင်းတွေက ကျနော့်ဆီရောက်လာပြီး Facebook မှာ ကျနော့်နာမည်နဲ့၊ Blog ပိုစတာနဲ့ တင်ထားတာတွေ့လို့.. ကျနော်လုပ်ထားတာ ဟုတ်မဟုတ် ရောက်လာပြီး မေးလာကြပါတယ်..။ အပေါ်ကပုံအတိုင်း ကျနော် လိုက်ရှာလိုက်တော့ တွေ့လိုက်ရပါတယ်..။ သူ့ရဲ့ Facebook မှာလည်း ဒီပိုစတာ ယူသုံးတာနဲ့ ပါတ်သက်လို့ ဘာမှ ဖွင့်ဟထားတာ မရှိတဲ့အတွက်ကြောင့် သူငယ်ချင်းတွေက ကျနော်လုပ်တာလား၊ တခြားတစ်ယောက်ကို ကျနော်ပေးသုံးတာလား စသဖြင့် ဇဝေဇဝါ ဖြစ်နေကြပါတယ်..။ ကျနော့်သူငယ်ချင်းတွေက မကျေနပ်ကျပါဘူး..။ နာမည်တူလို့ ရပေမယ့် ပိုစတာပါ တိုက်ရိုက်တူတာတော့ လွန်လွန်းပါတယ်..။ ဒါကြောင့်ဒီပိုစ့်ကို ဒီနေ့ မအားတဲ့ ကြားထဲကနေပဲ ပြီးအောင် တင်ပေးလိုက်တာပါ..။ အဲ့ဒီ Facebook အကောင့်က ကျနော့်အကောင့် မဟုတ်ပါဘူး..။ ဒီလင့်ကနေ မိမိတို့ Facebook အကောင့်နဲ့ သွားကြည့်နိုင်ပါတယ်..။ https://www.facebook.com/thantun.lay.735?fref=ts အောက်မှာလည်း ဒီအကောင့်ပိုင်ရှင်တင်ထားတဲ့ ပုံတွေကို ကျနော် ဖေါ်ပြပေးလိုက်ပါတယ်..။ ဒီလို ပုံမှားရိုက်တာမျိုးကိုတော့ ကျနော်လည်း လက်မခံနိုင်ပါဘူး..။

ကျနော့်အသစ်လုပ်လိုက်တဲ့ Facebook ကို အောက်ကပုံအတိုင်း မြင်ရမှာပါ..။ ဒီအောက်ကပုံကမှ ကျနော့်ရဲ့ Facebook အကောင့်အသစ်ပါ..။ ကျနော့်မိတ်ဆွေ စာဖတ်ပရိတ်သပ်များ ကျနော့် အကောင့်ထင်ပြီး Add နေမှာ စိုးတဲ့အတွက်.. ကျနော် Facebook အကောင့်တခု ဖန်တီးပြီး ဒီနေ့ ပြီးအောင် တင်ပေးလိုက်ပါတယ်..။ Blog ညာဘက်အခြမ်းမှာလည်း Like လုပ်လို့ ရမယ့် ဘောက်စ်လေးပါ ဖန်တီးပေးထားပါတယ်..။
Facebook တို့၊ Gmail တို့ကို ကျနော် အသုံးအရမ်းနည်းပါတယ်..။ တနေ့တနေ့ ကွန်ပျူတာနဲ့ ပက်သက်တဲ့ လုပ်နည်းတွေ၊ ဖုန်းနဲ့ ပါတ်သက်တဲ့ လုပ်နည်းတွေနဲ့ပဲ အချိန်ကုန်သွားတာ ဖြစ်လို့ Chatting ထိုင်ရမယ့် အကောင့်တွေ ကျနော် မသုံးဖြစ်တာ ကြာပါပြီ..။ ဒါကြောင့်မို့ အဲ့ဒီအကောင့်တွေကို ကျနော့် Blog မှာ တင်မပေးခဲ့တာပါ..။ ကျနော့်သူငယ်ချင်း စာဖတ်သူများ သိချင်၊ လိုချင်တာကို Blog ရဲ့ Cbox နဲ့ Comments တွေကနေ တောင်းဆိုလို့ ရအောင် လုပ်ပေးထားခဲ့ပြီမို့၊ ကျနော်လည်း ဒီ Blog ကို နေ့တိုင်း လိုလို ကြည့်ဖြစ်တဲ့အတွက် တခြားအကောင့်တွေကို ပေးဖို့မလိုတော့ဘူး ထင်ပါတယ်..။ Blog မှာ စာရေးတာ နာမည်ကြီးဖို့ မဟုတ်ဘူးဆိုတဲ့ အတွေးကြောင့်လည်း ဒီအကောင့်တွေကို မပေးခဲ့တာ ပါပါတယ်..။ ဒီနေ့တော့ ဒီလို ဖြစ်လာခဲ့ပြီ..။ ဒီအကောင့်တွေကို ဟိုးအရင်ကတည်းက Blog မှာ တင်ပေးဖို့ တောင်းခဲ့တဲ့လူတွေ များပါတယ်..။ ဒီအကောင့်တွေ ပေးဖို့ စိတ်ကူး မရှိပေမယ့်လည်း ဒီနေ့တော့ အကောင့် တခု ဖန်တီးပြီး စာဖတ်သူများ Like လုပ်လို့ ရအောင် တင်ပေးလိုက်ပါပြီ..။ ကျနော့် Facebook အကောင့်ကို ဒီအောက်ကလင့်ကနေ ဝင်ရောက်ကြည့်နိုင်ပါတယ်..။ Add သမျှ ၊Friends ဖြစ်လိုတဲ့၊ ကျနော့် Blog ကိုအားပေးနေကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းများကို လက်ခံပေးပါမည်..။ https://www.facebook.com/lwinmin.bo ၊ https://www.facebook.com/lwinminbo.ittraveller အဲ့ဒီ Facebook အကောင့်မှာ ဘာတွေ တင်ပေးရမလဲဆိုတာ မသိသေးပါဘူး..။ ကျနော့် Blog နာမည်နဲ့ ပုံတူပွါးလိုက်တဲ့ အဲ့ဒီအကောင့် ပိုင်ရှင်က ဒီပိုစ့်မှ ၎င်းရဲ့ ပုံတွေကို ဖျက်ပေးဖို့ တောင်းဆိုလာခဲ့ရင်.. ကျနော် ပြန်ဖျက်ပေးပါမည်..။