10 Aug 12, 06:14 PM
ကတုံး: အစ်ကိုရယ် ဒီနေ၇ာမှာမိမိညွန်းချင်တဲ့ URL လင့်ကိုထည့်ပါ ဘာကိုပြောတာလဲ ရှင်းပြပေးပါလားကေူးဇူးပြုပြီး
10 Aug 12, 04:55 PM
မောင်စိုး: အစ်ကိုရေ ကျွန်တော်ဘလော့မှာ တင်ပြီးသမျှပိုစ်.လိုပေါ်ခြင်းတယ် ကူညီပေးပါနော်
21 Aug 12, 08:15 PM
မောင်ဇော်: အစ်ကို ကျေးဇူးပြု၍ ရှင်းပြပါရန် မေတ္တာရပ်ခံပါတယ် အခုဖြစ်နေတဲ့  ဘလော့ ပြဿနာပါ.. ဒီလိုပါ အစ်ကို Showing posts with label ကဗျာများ. Show all posts မပေါ်ဘူးဖြစ်နေတယ် .. နိုပ်လိုက်ရင် ဒီအတိုင်းပဲ အောက်မှ
21 Aug 12, 08:17 PM
မောင်ဇော်: ရေးထားတဲ့ ကဗျာများ ပေါ်မလာတော့ဘူး .. ရှင်းပြပေးပါရန် မေတ္တာရပ်ခံပါသည် ။
22 Aug 12, 09:11 AM
လွင်မင်းဗိုလ်: ကိုမောင်ဇော်ရေ.. Design >> Blog Posts >> Edit ကနေသွားပြီး ပေါ်လာတဲ့ဘောက်စ်ထဲမှာ အမှန်ခြစ်လေးတွေကို တခုချင်းစီဖြုတ်၊ တပ်လုပ်ပြီးစမ်းကြည့်ပါဗျာ.. စိတ်ကြိုက်ဖြစ်ရင် Save လိုက်ပါ.. မစမ်းခင်အရင်ဆုံး မူရင်းအတိုင်းကို ဓါတ်ပုံရိုက်ယူထားလိုက်ပါ.. အမှာ�
22 Aug 12, 09:12 AM
လွင်မင်းဗိုလ်: အမှားဖြစ်ခဲ့ရင်ဓါတ်ပုံထဲကအတိုင်းပြန်ပြင်လို့ရအောင်လို့ပါ..
22 Aug 12, 12:29 PM
မောင်ဇော်: ဘာကို ဖြုတ်ရမှာလဲ အစ်ကိုရေ.. ဘယ်လိုမှ နားမလည်ဘူး ..ရှင်းပြပါနော် ..စောင့်မျော်နေလျှက်
ဒီပိုစ့်ကို Blogger လူသစ်များအတွက် မသိမဖြစ် Blog အသုံးပြုနည်းများလို့ ခေါင်းစဉ်တပ်လိုက်တာ အရမ်းများ လွန်သွားမလား မသိဘူး..။ တကယ်တော့ ကျနော်ဆိုလိုချင်တာ၊ ကျနော်ရေးသားထားတဲ့ ဘလော့နည်းလမ်းလေးတွေက လက်ရှိကျနော်အသုံးပြုနေတဲ့ ကျနော့်ဘလော့ထဲက နေ့စဉ်အသုံးဝင်နေတဲ့ နည်းလမ်းလေးတွေကို တစိတ်တပိုင်း စုစည်းတင်ပြထားခြင်းသာ ဖြစ်ပါတယ်.. စာဖတ်ယုံနဲ့ နားမလည်နိုင်ကြတဲ့ တချို့ Blogger လူသစ်များအတွက်ကို အဓိက ရည်ရွယ်ရေးသားထား ခြင်းသာဖြစ်ပါတယ်..။ ဒါကြောင့် အတတ်နိုင်ဆုံး ပုံလေးတွေနဲ့ ကြည့်ရအဆင်ပြေအောင်၊ နားလည်လွယ်အောင် ရှင်းပြပေးထားတာပါ..။ ပါဝင်တဲ့ လုပ်နည်းလေးတွေကတော့
၁။ မိမိတို့ရဲ့ Blog မှ Template ကို Download/Restore နဲ့ Recovery လုပ်နည်း..
၂။ မိမိတို့ရဲ့ Blog မှ ပိုစ့်အားလုံးကို Download/Restore နဲ့ Recovery လုပ်နည်း..
၃။ မိမိတို့ရဲ့ Blog မှာ တင်ပြီးသမျှပိုစ့်များ လို့ပေါ်ချင်တဲ့သူများအတွက်..
၎။ Blog Post များရဲ့ အောက်ခြေမှာ လိုအပ်တာလေးတွေ ပြင်ဆင်ဖြည့်စွက်ချင်တယ်ဆိုရင်..
၅။ Post တပုဒ်မတင်ခင် ပြင်ဆင်ရမည့် အချက်များ.. Labels (Categories) များအသုံးပြုတတ်အောင်..
၆။ Blog စာမျက်နှာမှာ Labels (Categories) ပေါ်အောင် လုပ်နည်း..
၇။ Post တပုဒ်တင်တဲ့အခါ မိမိညွှန်းချင်တဲ့ လင့်ကို မြုပ်တတ်အောင်၊ သပ်ရပ်တဲ့ Post တပုဒ်ဖန်တီးခြင်း (Webpage လိပ်စာနဲ့ Download လင့်တွေ ဘယ်လိုမြုပ်မလဲ)
၈။ Blog Sidebar မှာ Download လင့်မြုပ်ပြီး Animation အရုပ်လေး လှုပ်ရှားနေအောင် လုပ်နည်း
အရင်တုန်းက တချို့ဘလော့ဂါလူသစ်တွေ မေးထားတဲ့ မေးခွန်းလေးတွေကိုတော့ ပြန်ရှာ မရတော့လို့ ထည့်မပြတော့ပါဘူး.. သိပ်မကြာခင်က မေးခွန်းလေးတွေကိုတော့ ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..။ အပေါ်ဆုံးက အစိမ်းရောင် စာကြောင်းလေးတွေ အတိုင်းပါပဲ.. ဘလော့နဲ့ ပါတ်သက်လို့ တခြားလိုအပ်မယ် ထင်တာလေးတွေနဲ့၊ နာမည်ကြီး မြန်မာနည်းပညာ ဆိုဒ်တွေမှာ ခဏခဏမေးမေးနေကြတဲ့ blog sidebar မှာ ဇော်ဂျီရုပ်လေး လည်နေပြီး အောက်မှာ ဇော်ဂျီဖေါင့် ဒေါင်းလော့လင့်ကို ဘယ်လိုမြုပ်ရလဲ ဆိုတာပါ လုပ်ပုံလုပ်နည်းကို ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..။ လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..