Zapya 2.1.0 Final - ကွန်ပျူတာနှင့် Android ဖုန်းများ Bluetooth မလိုပဲ ဆက်သွယ်လို့ရပြီ

 ဒီဆော့ဝဲလ်လေးကို သူငယ်ချင်းတစ်ယောက်က တင်ပေးဖို့ တောင်းထားတာ အနည်းငယ် ကြာသွားပါပြီ..။ အခုတလော ကျနော်အသုံးပြုနေတဲ့ အင်တာနက် Connection က လုံးဝကို မကောင်းတဲ့အတွက် ကျနော့် Blog ကို ပြန်ကြည့်ဖို့တောင် အတော်လေး ခက်ခဲနေပါတယ်..။ ဖိုင်တွေတင်ပေးဖို့ဆိုတာ ပိုဝေးပေါ့..။ အခုတောင် အားတုန်း Wifi ရှိတဲ့ သူငယ်ချင်းတို့ရဲ့ နေရာတွေ လိုက်ပြီး အသုံးပြုနေလို့ ဒီနေ့ ဒီပိုစ့်ကို တင်ပေးဖြစ်တာပါ..။ 
ဒီဆော့ဝဲလ်လေးက Bluetooth နဲ့ အသုံးပြုရသလိုပဲ.. Bluetooth မရှိတဲ့ ကွန်ပျူတာတွေအတွက် အတော်လေး အဆင်ပြေစေပါတယ်..။ PC (Desktop) တွေမှာဆိုရင်တော့ Wifi သုံးလို့ရအောင် Wireless Card စိုက်ထားတဲ့ PC တွေနဲ့ D-Link လို USB ပေါက်ကနေ အသုံးပြုလို့ရတဲ့ External Wireless Card တပ်ဆင်ထားတဲ့ PC တွေမှာဆိုရင် ဒီကောင်လေးကို အသုံးပြုလို့ အဆင်ပြေပါတယ်..။ မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ Video တွေနဲ့ ဆော့ဝဲလ်ဖိုင်တွေကို ကွန်ပျူတာနဲ့ ဖုန်းတွေ (သို့) ဖုန်းအချင်းချင်းပါ Bluetooth နည်းတူ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ အားသာချက်က ဖိုင်တွေပို့တဲ့အခါ Bluetooth ထက် အဆပေါင်းများစွာ ပိုမြန်ပါတယ်..။ ကွန်ပျူတာတွေမှာ ဆိုရင်တော့ Wifi ပါ ပြန်လည် ထုတ်လွှတ်ပေးနိုင်ပါတယ်..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ကွန်ပျူတာအတွက် ဖိုင်အပြင် Android စမတ်ဖုန်းတွေအတွက်ပါ ဖိုင် ၂-ခုကို ပူးတွဲ တင်ပေးထားပါတယ်..။ Android ဖုန်းတွေအတွက်ကတော့ Playstore မှာ ဝင်ယူလို့လည်း ရပါတယ်..။ Playstore ဝင်လို့ မရတတ်တဲ့ Android ဖုန်းတွေအတွက်တော့ ဒီဒေါင်းလော့ဖိုင်ထဲမှ APK ဖိုင်လေးကို ဖုန်းထဲမှာ Install ထည့်ပြီး အသုံးပြုနိုင်ပါတယ်..။ ဟိုးအရင်တုန်းက ဗါးရှင်းက တရုတ်စာသားတွေနဲ့ ဖြစ်လို့ ဘယ်လို စသုံးရမှန်းမသိခဲ့ကြပါဘူး..။ အခုဒီဗါးရှင်းလေးမှာတော့ E-လိုနဲ့ Update ထွက်လာတာဖြစ်လို့ ကျနော်တို့အတွက် အသုံးပြုရ အဆင်ပြေစေပါတယ်..။ အသုံးပြုလိုတဲ့ ဖုန်းတွေနဲ့ ကွန်ပျူတာတွေမှာ ဒီဆော့ဝဲလ်ကို ၂-နေရာစလုံး ထည့်ထားပြီးမှ အသုံးပြုလို့ ရမှာပါ..။ အောက်မှာလည်း ကျနော့် ကွန်ပျူတာနဲ့ဖုန်း အသုံးပြုထားတဲ့ ပုံလေးတွေကို ပြပေးထားလို့ လေ့လာကြည့်ရင်း အသုံးပြုတတ်သွားပါလိမ့်မယ်..။ အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.7 MB ရှိပါတယ်..။

RAR Password Unlocker 5.0 Final

RAR Password Unlocker is to find the lost password for the RAR file for you to extract the files in the archive easily. This RAR password remover supports all versions of RAR archives. It can recover password no matter how long and how complex it is. Enhanced by brute-force attack, brute-force with mask attack, dictionary attack, it works effectively and efficiently. Moreover, it is the ever easiest-to-use program even a new user can get used to it in less than a minute.
တချို့ဆိုဒ်တွေမှာ WinRAR ဖိုင်တွေကို Password ခံပြီးတင်ပေးလေ့ရှိပါတယ်..။ အဲ့လို ပါတ်စ်ဝါဒ့်ခံထားတဲ့ WinRAR ဖိုင်တွေကို ဒီကောင်လေးက ပါတ်စ်ဝါဒ့်တွေ ရှာဖွေပေးပြီး R ဖိုင်တွေကို ဖွင့်လို့ ရအောင် ပြုလုပ်ပေးနိုင်ပါတယ်..။ ဒီနောက်ဆုံးထွက်လေးကို ဖူးသုံးလို့ရအောင် patch ဖိုင်လေးနဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်..။ patch ထည့်နည်းက အရင်ပိုစ့်တွေနဲ့ အတူတူပဲဖြစ်လို့ ဒီပိုစ့်မှာတော့ လိုအပ်တဲ့ အပိုင်းလေးကိုပဲ ပြပေးထားပါတယ်..။ အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 12.7 MB ရှိပါတယ်..။

Photodex ProShow Producer 6.0.3410 Final

Photodex ProShow Gold ဆော့ဝဲလ်လေးနဲ့ ဓါတ်ပုံတွေကို စလိုက်ရှိုး Video ဖိုင်လေးတွေဖြစ်အောင် ဖန်တီးယူလို့ ရသလို ၊ မိမိတို့ရဲ့ Video တွေမှာလည်း Video Effects တွေထပ်ထည့်ပြီး ၊ Effects တွေ အများကြီးနဲ့ ကြည့်လို့ကောင်းအောင် ဖန်တီးယူလို့ ရပါသေးတယ်..။ ဒီဆော့ဝဲလ်လေးကို ဟိုးအရင်တုန်းကလည်း တင်ပေးခဲ့ဖူးပါတယ်..။ ကြာပြီဖြစ်လို့ ဒေါင်းယူလို့ မရတော့တဲ့အတွက် ဒီနေ့တော့ ဒီနောက်ဆုံးထွက် Update ဗါးရှင်းလေး ရလာလို့.. အသုံးပြုလိုတဲ့သူများအတွက် အဆင်ပြေအောင် ပြန်လည်တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် Keymaker လေးနဲ့ တွဲတင်ပေးထားဖြစ်ပြီး၊ အရင်လက ပိုစ့်မှာတော့ crack, patch, keymaker သုံးမျိုးနဲ့ တင်ပေးခဲ့တာဖြစ်ပါတယ်..။ အရင်ကပိုစ့်မှာ ကျနော်က crack ဖိုင်လေးနဲ့ ဒီဆော့ဝဲလ်ကို ဖူးဖြစ်အောင် ၊ ဖူးသုံးလို့ ရအောင် လုပ်ပြပေးထားပြီး ပြန်ကြည့်လို၊ ပြန်ဒေါင်းယူလိုရင်တော့ ဒီလင့်မှာပါ..။ Video Effects တွေ ထည့်သုံးတတ်အောင် ပိုစ့်ရဲ့ အောက်ဆုံးမှာ လေ့ကျင့်ခန်း Video ဖိုင်တွေကို ဝင်ကြည့်လေ့လာလို့ ရမယ့် YouTube က လင့်လေးကို ပြန်ရှာတင်ပေးထားပါတယ်..။ အဲ့ဒီလင့်ကနေ ဝင်သွားလိုက်ရင်တော့ ဒီဆော့ဝဲလ်နဲ့ Video Edit လုပ်ပြထားတဲ့ Video ဖိုင်လေးတွေ အများကြီးကို လေ့လာသင်ယူလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို ဖူးဖြစ်အောင် Keymaker လေးနဲ့ လုပ်တတ်အောင် အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..။  လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 51 MB ရှိပါတယ်..။

Advanced SystemCare 7 Free 7.2.0.431 Final

 ကွန်ပျူတာနဲ့ Browser တွေကို မြန်ဆန်သွက်လက်အောင် အမှိုက်တွေ ရှင်းလင်းပေးတဲ့ ဆော့ဝဲလ် ပရိုဂရမ်တွေထဲမှာတော့ ဒီကောင်လေးက နာမည်ကြီး ဆော့ဝဲလ်တခုပါ..။ အရင်ကလည်း ဗါးရှင်း မျိုးစုံ တင်ပေးခဲ့တဲ့ ဒီကောင်လေးကို အသုံးမပြုတတ်သေးတဲ့ သူများကတော့.. အသုံးပြုနည်းပိုစ့်ကို ဒီမှာနှိပ်ပြီး ဝင်ကြည့်နိုင်ပါတယ်..။ ဒီကောင်လေးကို အသုံးမပြုခင် အရင်ဆုံး မိမိတို့ ကွန်ပျူတာကို Restore Point လေးတွေ ဖန်တီးထားဖို့ လိုအပ်ပါတယ်..။ အသုံးပြုပြီးရင်လည်း စက်ကို Restart ချပေးပြီးမှ၊ ဝင်းဒိုး ပြန်ပွင့်လာမှ ဆက်လက် အသုံးပြုသင့်ပါတယ်..။ ဒါမှသာ မိမိတို့ ဝင်းဒိုးကို အဆင်ပြေပြေ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 38.6 MB ရှိပါတယ်..။

Techsmith SnagIt 11.4.1 Build 195 Final

 ဒီကောင်လေးကလည်း Screen Recorder လေးပါပဲ..။ Screen Record အပြင် Capture နဲ့ပါ ဓါတ်ပုံတွေ ရိုက်ယူလို့ ရပါတယ်..။ ရိုက်ယူပြီးသား ဓါတ်ပုံတွေပေါ်မှာ အညွှန်းများတွေ တပ်တာ၊ ဖြတ်တာ စတဲ့ အသုံးဝင် Tool တွေကို ဒီကောင်လေးနဲ့တခါတည်း ပြုလုပ်ယူလို့ ရပါတယ်..။ ဖူးသုံးလို့ ရအောင် ကီးတွေအပြင် keygen လေးပါ ထည့်ပေးထားပါတယ်..။ ဒီပိုစ့်မှာ ကျနော်ကတော့ ကီးတွေထည့်ပြီး Install ထည့်လို့ ရအောင် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 68 MB ရှိပါတယ်..။

ZD Soft Screen Recorder 6.1 Final

 မိမိတို့ Desktop ပေါ်မှာ Screen Video တွေ ရိုက်ယူချင်တယ်ဆိုရင်တော့ ဒီဆော့ဝဲလ်လေးနဲ့ အဆင်ပြေပါတယ်..။ မောက်စ်နေရာမှာ အရောင်လေးနဲ့ပါ ပေါ်နေအောင် Video တွေ ရိုက်ယူပေးနိုင်တဲ့ ဒီဆော့ဝဲလ်လေးကို ဖူးသုံးလို့ ရအောင် keygen လေးနဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်..။ အောက်မှာလည်း ဖူးသုံးလို့ keygen လေးနဲ့ ကီးတွေ ယူထည့်တတ်အောင် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10 MB ရှိပါတယ်..။

Stellar Phoenix Photo Recovery 6.0.0.1 Final

ဒီကောင်လေးက နာမည်ရှိတဲ့ Recovery ဆော့ဝဲလ်တစ်ခုပါ..။ မိမိတို့ရဲ့ မှားဖျက်မိလိုက်တဲ့ ဓါတ်ပုံတွေနဲ့ သီချင်း Video တွေကို  ဒီကောင်လေးက ပြန်ရှာယူပေးနိုင်ပါတယ်..။ အသုံးပြုရလွယ်ကူပြီး ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် keygen လေးနဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်..။ အောက်မှာလည်း ပုံလေးတွေနဲ့ ဖူးဖြစ်အောင် လုပ်တတ်အောင်နဲ့ အသုံးပြုတတ်အောင် ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.8 MB ရှိပါတယ်..။

ZOTAC WinUSB Maker 1.1 Final

 ဝင်းဒိုးအခွေတွေကို USB Pendrive တွေနဲ့ ဝင်းဒိုးတင်လို့ ရအောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ ဒီဆော့ဝဲလ်လေးနဲ့ အဆင်ပြေပါတယ်..။ ဟိုးအရင်တုန်းကလည်း ဗါးရှင်း အဟောင်းလေး တခု တင်ပေးခဲ့ဖူးပါတယ်..။ အရင်က ကျနော် အမြဲသုံးဖြစ်တဲ့ ဒီဆော့ဝဲလ်လေးကတော့ မနေ့ကမှ Update အသစ် ထွက်လာတာလေးပါ..။ အသုံးပြုတတ်အောင် ဒီဆော့ဝဲလ်လေးမှာ လမ်းညွှန်ပေးနိုင်တဲ့ ပုံလေးတွေ ပါလာတဲ့အတွက်၊ အသုံးပြုလိုတဲ့သူများအတွက် အဆင်ပြေစေပါတယ်..။ အောက်မှာလည်း ကျနော် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1 MB ပဲ ရှိပါတယ်..။

Uniblue PowerSuite Pro 2014 4.1.8.0 Multilingual Final

 ဒီဆော့ဝဲလ်လေးကို မတင်ပေးဖြစ်တာ အတော်ကြာသွားပါပြီ..။ ဒီကောင်လေးကတော့ နောက်ဆုံးထွက် Update လေးပါ..။ မိမိတို့ရဲ့ Computer နဲ့ Browser တွေကို အမှိုက်တွေရှင်းပြီး သွက်လက်မြန်ဆန်အောင် ပြုလုပ်ပေးနိုင်တဲ့ System Tool လေးဖြစ်ပြီး၊ ဒီကောင်လေးကို အသုံးမပြုခင် ဝင်းဒိုး Recovery အတွက် Restore Point လေးတွေ ဖန်တီးထားပြီးမှ အသုံးပြုသင့်ပါတယ်..။ အသုံးပြုပြီးရင်လည်း စက်ကို Restart ချပြီးမှ ဆက်ပြီးသုံးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ကီးတွေ ထည့်ပေးထားပြီး ဒီပိုစ့်မှာ ဒီဆော့ဝဲလ်ကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြန်ပြပေးထားပါတယ်..။ ကီးတွေ ထည့်နေတဲ့အချိန်မှာ အင်တာနက်ကို ဖွင့်ထားပြီးမှ ကီးတွေ ထည့်ပါ..။ အသုံးပြုရလွယ်ကူတဲ့ ဒီဆော့ဝဲလ်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 21 MB ရှိပါတယ်..။

Avanquest Photo Explosion Deluxe 5.01.26070 Bilingual Final

ဓါတ်ပုံတွေကို ပြင်ဆင် တည်းဖြတ်လို့ ရတဲ့ ဒီဆော့ဝဲလ်လေးကတော့ Photoshop လိုပဲ Tool တွေ Effects တွေကို စုံလင်စွာ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးမှာ ဂျာမန်စာသားတွေနဲ့ ပေါ်နေမှာ ဖြစ်ပြီး E-လို ပြန်ပေါ်အောင် Install ထည့်ပြီးမှ သွားပြောင်းပေးရမယ့် နေရာလေးတွေကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒေါင်းလော့ဖိုင်လေးထဲမှာလည်း Notepad လေးနဲ့ ကီးတွေအပြင် E-လိုပြောင်းပေးရမယ့် ဖိုင်နာမည်လေးကိုပါ ရေးထည့်ပေးထားလို့ စာဖတ်နိုင်တဲ့သူများအတွက်ပါ အဆင်ပြေစေပါတယ်..။ ဒီဆော့ဝဲလ်လေးမှာ ဓါတ်ပုံတွေကို ပြင်ဆင်ဖို့ Tool တွေ အတော်စုံတဲ့အတွက် ဓါတ်ပုံပြင်ဆင်၊ ဖြတ်ဆက် ပြုလုပ်လိုတဲ့ သူများအတွက် ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်ကောင်းလေးတစ်ခုပါ..။ အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 73 MB ရှိပါတယ်..။

WinZip Pro 18.0 Build 11023 Final

8 Feb 14, 06:25 PMsai: ကိုလွင် ရေ .. ကျွန်တော် အစ်ကို့ရဲ့ ဆိုဒ် မှာပဲ ကွန်ပြူတာနဲ့ ပတ်သက်ပြီး အတော် အတန် လေ့လာ တတ်မြောက် ခဲ့သူ တစ်ယောက်ပါ ... အခု လည်း ကျွန်တော် winzip software လေး လိုလာလို့ လာနားပူပါရစေ ဗျာ ...။
 ဒီ WinZip ဆော့ဝဲလ်လေးက နောက်ဆုံးထွက် Update လေးဖြစ်ပြီး.. ကျနော်တို့ ကွန်ပျူတာတွေ တိုင်းမှာ မရှိမဖြစ်ဆော့ဝဲလ်တခုဖြစ်တဲ့ WinRAR ဆော့ဝဲလ်လိုပဲ ဖိုင်တွေဖြည်တာ၊ ဖိုင်ချုပ်တာ၊ ဖိုင်တွေကို အပိုင်းတွေခွဲတာ စသဖြင့် WinRAR လိုပဲ အသုံးဝင်တဲ့ အသုံးပြုလို့ ရတဲ့ ဆော့ဝဲလ်လေးပဲ ဖြစ်ပါတယ်..။ WinRAR ထက် ဒီကောင်လေးမှာ အသုံးပြုလို့ရတဲ့ Tool တွေ ပိုများ၊ ပိုစုံပါတယ်..။ WinRAR မှာ မပါခဲ့တဲ့ Resize Photo, Watermark, Convert to PDF, Backup စတဲ့တူးတွေနဲ့ နောက်ထပ် အသုံးဝင် တူးတွေအများကြီးကို ဒီကောင်လေးတခုထဲနဲ့ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် key တွေထည့်ပေးထားပြီ.. မိမိတို့ ဝင်းဒိုး ဗါးရှင်းနဲ့ ကိုက်ညီတဲ့ 32 or 64-bit ဗါးရှင်းကို အောက်ကလင့်တွေကနေ ရွေးယူ၊ ဒေါင်းယူ အသုံးပြုနိုင်ပါသည်..။ ကီးတွေထည့်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။

Subtitle Edit 3.3.13 Final + Portable

DVD မှ Video တွေကို ကြည့်တဲ့အခါ၊ English, Chinese, Thailand စသဖြင့် Subtitle လို့ခေါ်တဲ့ စာတန်းထိုးတွေကို မိမိတို့ ဖတ်တတ်တဲ့ ဘာသာစကားနဲ့ စာသားတွေကို ရွေးယူပြောင်းကြည့်လို့ ရတတ်တဲ့၊ Subtitle ပါတဲ့ ရုပ်ရှင်ကားတွေအတွက် ဒီဆော့ဝဲလ်လေးနဲ့ မိမိတို့ အသုံးပြုလိုတဲ့ Subtitle စာသားတွေကို Edit/Create စသဖြင့် မိမိတို့ စိတ်တိုင်းကျ ဖန်တီးယူနိုင်မှာ ဖြစ်ပါတယ်..။ ကျနော့်သူငယ်ချင်း တစ်ယောက်က Video တွေမှာ စာတန်းထိုးလို့ရတဲ့ ဒီလို Subtitle Editor ဆော့ဝဲလ်လေးတွေနဲ့ လုပ်နည်းတွေကို တင်ပေးဖို့ တောင်းထားတာ ကြာပါပြီ..။ ဒီနေ့မှပဲ ဒီဆော့ဝဲလ်နဲ့ အသုံးပြုနည်း Video ဖိုင်လေးတွေကို ရှာပြီး တင်ပေးဖြစ်ပါတော့တယ်..။ ဝါသနာပါတဲ့သူများအတွက် ဒီပိုစ့်ရဲ့ အောက်ဆုံးမှ Video ဖိုင်လေးတွေနဲ့ ဒီဆော့ဝဲလ်ကို အလွယ်တကူ လေ့လာ အသုံးပြုတတ်ပါလိမ့်မယ်..။ ဒီကောင်လေးတွေက ဖရီးဆော့ဝဲလ်လေးတွေ ဖြစ်ပြီး ဒီပိုစ့်မှာ Setup ဖိုင်အပြင် Portable လေးနဲ့ပါ ၂-မျိုးသုံးလို့ ရအောင် ပူးတွဲတင်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 8.8 MB ရှိပါတယ်..။

Ashampoo Burning Studio 14 Build 14.0.3.12 Final


kowai yan;  5 February 2014 19:36
ashampoo burning studio 12 ဖူသုံးချင်လို့ပြန်တင်ပေးပါလားအကို အကိုတင်ထားတဲ့ဟာက delete ဖြစ်သွားပြီးအကို ကျေးဇူးပါပဲ
 CD/DVD အခွေ Burn တဲ့ ဆော့ဝဲလ်တွေထဲမှာ ဒီကောင်လေးကလည်း နာမည်ရှိတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ..။ နောက်ဆုံးထွက် Update ဗါးရှင်းအသစ်လေးကိုပဲ တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးမှာ Burning အပြင် တခြား အသုံးပြုလို့ ရတဲ့ Features တွေကတော့.. ဓါတ်ပုံတွေကို DVD ဆလိုက်ရှိုး ဖန်တီးယူနိုင်မှာ ဖြစ်ပြီး၊ CD/DVD တွေအတွက် Cover မျက်နှာဖုံး တွေကိုပါ ဖန်တီးယူနိုင်မှာ ဖြစ်ပါတယ်..။ ISO ဖိုင်တွေကို Disc Image အဖြစ် CD/DVD နဲ့ Burn လို့ ရမှာ ဖြစ်ပြီး ၊ Blu-ray DVD နဲ့ DVD Copy အပြင်၊ VCD နဲ့ SVCD အခွေတွေကိုပါ ဒီကောင်လေးနဲ့ အသုံးပြု Burn နိုင်ပါတယ်..။ ဟိုးအရင်တုန်းက ကျနော်ပိုစ့်တင်ပေးခဲ့ဖူးတဲ့ CD/DVD နဲ့ အခွေ Burn နည်း လမ်းညွှန်ပိုစ့်ကို ဒီ Ashampoo Burning Studio ဆော့ဝဲလ်နဲ့ လုပ်ပြပေးခဲ့တာ ဖြစ်ပါတယ်..။ ပုံလေးတွေနဲ့ လုပ်ပြပေးထားဖူးတဲ့ အဲ့ဒီပိုစ့်ကို မသိသေးတဲ့သူများ လေ့လာလိုရင်တော့ ဒီမှာကလစ်ပြီး ပြန်ကြည့် လေ့လာနိုင်ပါတယ်..။ အခုဒီနောက်ဆုံးထွက် Update အသစ်လေးကို crack ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုရမှာဖြစ်လို့ အောက်မှာလည်း ပုံလေးတွေနဲ့ ဖူးဖြစ်အောင် လုပ်ပြပေးထားပါတယ်..။ ဆော့ဝဲလ်ကို မူရင်းဆိုဒ်မှ ဒါရှိုက်လင့်နဲ့ ချိတ်ပေးထားပြီး၊ 167 MB ရှိပါတယ်..။ ဖူးဖြစ်အောင် လုပ်ပေးရမယ့် crack ဖိုင်လေးကိုတော့ သီးသန့် ခွဲပြီး တင်ပေးထားလို့ အသုံးပြုလိုတဲ့ သူများကတော့ ဆော့ဝဲလ်နဲ့ crack နှစ်ခုစလုံးကို ဒေါင်းယူရမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ crack ဖိုင်လေးကတော့ 430 kb ပဲ ရှိပါတယ်..။

YouTube Downloader HD 2.9.9.13 Final Portable

 YouTube မှ သီချင်း Video တွေကို ဒေါင်းယူလိုရင်တော့ ဒီဒေါင်းလော့ဒါလေးနဲ့လည်း အဆင်ပြေ လွယ်ကူစွာ ဒေါင်းယူနိုင်ပါတယ်..။ IDM အသုံးပြုလို့ မရတဲ့ မိတ်ဆွေတို့အတွက် ဒီလို YouTube ဒေါင်းလော့ဒါလေးတွေကလည်း မရှိမဖြစ် အသုံးဝင်တဲ့အတွက် ဆောင်ထားသင့်ပါတယ်..။ ဒီကောင်လေးက နောက်ဆုံးထွက် Portable လေးဖြစ်လို့ ၂-ချက်တောက်ပြီး အဆင်သင့် အသုံးပြုယုံပါပဲ..။ အသုံးပြုရတာ လွယ်ကူပြီး အောက်မှာလည်း ပုံလေးတွေနဲ့ အသုံးပြုတတ်အောင်ပါ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.3 MB ရှိပါတယ်..။

Evaer Video Recorder for Skype 1.5.2.11 Final

Skype အသုံးပြုသူများအတွက် အဆင်ပြေစေမယ့် ဆော့ဝဲလ်လေးပါ..။ မိမိတို့စက်ထဲမှာ ဒီကောင်လေးကို Install ထည့်ထားလိုက်ရင် မိမိတို့ Skype မှာ Chat ထားတဲ့ Video တွေကို ဒီကောင်လေးနဲ့ Record ဖမ်းယူထားလို့ ရမှာ ဖြစ်ပါတယ်..။ ဖလင်ပုံလေးမှာ ကလစ်ပြီး အသံနဲ့ရုပ်ကို သီးသန့်ခွဲပြီး ဖမ်းယူလို့ရမှာလည်း ဖြစ်ပါတယ်..။ အသုံးပြုရတာလည်း လွယ်ကူပြီး ဒီကောင်လေးကို အရင်က ပိုစ့်တခုမှာ အနည်းငယ် အသုံးပြုပြပေးထား ပါတယ်..။ ပြန်ကြည့်လိုတဲ့ သူများကတော့ ဒီနေရာကို ကလစ်ပြီး ပြန်ကြည့်နိုင်ပါတယ်..။ ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ Keygen လေးပါ ထည့်ပေးထားလို့.. Register မှာ ကီးတွေကို ဒီ Keygen ထဲက ထုတ်ယူထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အောက်မှာလည်း ပုံလေးတွေနဲ့ ပြပေးထားပါသေးတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10 MB ရှိပါတယ်..။

Internet Download Manager 6.19 Build 1 Final

 မနေ့က Comment မှာ ဖိုင်တွေကို ဖြည်လိုက်ရင် Error တက်တယ်ဆိုလို့၊ ဒီနေ့ Upload ဆိုဒ်အသစ်တွေမှာ ပြောင်းတင်ပေးလိုက်ပါတယ်..။ အဆင်မပြေတဲ့ သူများရှိခဲ့ရင် ထပ်ပြီး Comment တွေနဲ့ အကြောင်းကြားပေးခဲ့ပါ..။ ဒီလိုအကြောင်းကြားတဲ့လူရှိမှ ကျနော့်ဘက်က စမ်းသပ်ပြီး ပြင်ပေးလို့ ရမှာ ဖြစ်ပါတယ်..။
IDM နောက်ဆုံး Update လေးပါ..။ Browser တွေ Update တက်သွားတိုင်း IDM တွေ အလုပ်မလုပ်တော့တဲ့အတွက် ဒီလို IDM နောက်ဆုံးထွက်လေးတွေကို Install ထပ်ထည့်ပေးမှ IDM ကို အသုံးပြုလို့ ရတာပါ..။ နောက်ဆုံး Update ကို Install ထည့်ပြီးရင်တော့ ဖူးသုံးလို့ မရတော့ပဲ Serial Key တောင်းပါတယ်..။ အဲ့လိုဖြစ်နေတဲ့ သူများကတော့ ဒီနောက်ဆုံး Update ဖိုင်လေးထဲမှ crack or patch နဲ့ ဖူးဖြစ်အောင် ပြန်လုပ်ပေးပြီး ဆက်ပြီး အသုံးပြုလို့ ရပါတယ်..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ patch ဖိုင်လေးနဲ့ crack ဖိုင်လေး ၂-မျိုးကို ပေါင်းထည့်ပေးထားပါတယ်..။ ဖူးဖြစ်အောင် လုပ်နည်းတွေက Blog ညာဘက် အပေါ်ဆုံးမှာ တင်ပေးထားတဲ့ ပိုစ့်တွေ အတိုင်းပါပဲ..။ crack နဲ့ ဖူးဖြစ်အောင် လုပ်မယ့်သူများကတော့ အောက်ကပုံမှာ ပြပေးထားတဲ့ crack ၂-ခုကို ထည့်ပေးပြီး ဖူးလုပ် အသုံးပြုနိုင်ပါတယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။

Abelssoft AbAlarm 2013 Pro 7.0.0

 ကွန်ပျူတာ အသုံးပြုနေရင်း မိမိတို့ရဲ့ အရေးကြီး ကိစ္စတွေကို အချိန်နဲ့တပြေးညီ သတိရ ပြုလုပ်နိုင်အောင် ဒီဆော့ဝဲလ်လေးနဲ့ ကွန်ပျူတာကို Alarm ပေးထားနိုင်ပါတယ်..။ အချိန်အမျိုးမျိုးနဲ့ တီးလုံးသံစဉ်တွေကိုပါ ရွေးယူ အသုံးပြုနိုင်ပါတယ်..။ ဖရီးဆော့ဝဲလ်လေးဖြစ်ပြီး အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 13 MB ရှိပါတယ်..။

iOrgSoft DVD Ripper 4.3.1 Final

 DVD Ripper နောက်တစ်မျိုးပါ..။ တခုပြီးတခု ရွေးယူ ပြောင်းသုံးလို့ ရအောင် တင်ပေးလိုက်ပါတယ်..။ DVD အခွေမှ သီချင်းများကို တီးလုံးသံစဉ်တွေနဲ့ အဆိုအသံတွေကို ခွဲထုတ်ပေးနိုင်တဲ့ iOrgSoft DVD Ripper လေးပါ..။ အသုံးပြုရလွယ်ကူပြီး ဖူးဖြစ်အောင် keygen လေးနဲ့ လုပ်ပေးလိုက်ရင် အဆင်ပြေပါပြီ..။ Notepad လေးနဲ့ပါ ကီးတွေကို ရေးထည့်ပေးထားပါတယ်..။ ကီးတွေထည့်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပြီး လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 16 MB ရှိပါတယ်..။

AnyMP4 Video Converter Platinum 6.1.12 Final

 MP4 ဖေါ်မတ်နဲ့ ရှိနေတဲ့ သီချင်းတွေနဲ့ Video တွေကို ဒီကောင်လေးက တခြား အသုံးပြုလိုတဲ့ ဖေါ်မတ်အားလုံးနီးပါး ရအောင် ပြောင်းပေးနိုင်ပါတယ်..။ အသုံးပြုရတာလည်း လွယ်ကူပြီး ဒီကောင်လေးကို ဖူးဖြစ်အောင် patch ဖိုင်လေးနဲ့ လုပ်ပေးလိုက်ရင် ဖူးသုံးလို့ ရပါပြီ..။ အောက်မှာလည်း ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 26 MB ရှိပါတယ်..။

Amigabit Registry Cleaner 1.0.2 Final

 ဝင်းဒိုးတွေရဲ့ အလုပ်မလုပ်နိုင်တော့တဲ့ Error ဖြစ်နေတဲ့ Registry တွေကို ရှင်းလင်းပေးမယ့် System Tool လေးတခုပါ..။ Registry Error တွေများလာရင်လည်း ကွန်ပျူတာတွေက လေးနေ ၊ နှေးနေတတ်ပါတယ်..။ အဲ့လိုအခါမျိုးတွေမှာ ဆိုရင်တော့ ဒီလို Registry Cleaner ဆော့ဝဲလ်လေးတွေကို အသုံးပြုပေးပြီး စက်ကို Restart ပေးလိုက်ရင် ပြန်လည်ကောင်းမွန်လာပါတယ်..။ ဒီကောင်လေးကို အသုံမပြုခင် Restore Point တွေ ဖန်တီးထားပြီးမှ ဒီဆော့ဝဲလ်လေးကို အသုံးပြုသင့်ပါတယ်..။ အဆင်မသင့်ရင်တော့ ဝင်းဒိုး မတက်နိုင်တဲ့ Error တွေပေါ်တတ်ပါတယ်..။ အသုံးပြုပြီးတဲ့အခါမှာလည်း စက်ကို Restart ပေးပြီးမှ ဆက်လက်အသုံးပြုရမှာပါ..။ ပုံမှန်အသုံးပြုလို့ ကောင်းနေတဲ့စက်တွေမှာ ဆိုရင်တော့ ဒီလို System Tool လေးတွေကို အသုံးပြုဖို့ မလိုအပ်ပါဘူး..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဆော့ဝဲလ်ကို Install ထည့်ပြီးရင် ပိတ်ပစ်ပြီး Activator လေးကို Run ပေးလိုက်ရင် အဆင်ပြေပါပြီ..။ အောက်မှာလည်း ပုံလေးတွေနဲ့ ဖူးဖြစ်အောင် လုပ်တတ်အောင်၊ အသုံးပြုတတ်အောင်ပါ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျုာ..။ ဖိုင်ဆိုဒ်ကတော့ 2.4 MB ရှိပါတယ်..။

Internet Cyclone 2.19 Final

ဒီကောင်လေးက နောက်ဆုံးထွက် Update ဖြစ်ပြီး Internet ဆွဲအားကို 200% ထိပိုပြီး ဆွဲပေးနိုင်တယ်လို့ သူ့ဆိုဒ်မှာ ရေးထားပါတယ်..။ ဆွဲအားပိုကောင်းတော့ လိုင်းပိုမြန်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ..။ ဟုတ်မဟုတ် မိမိတို့ ကိုယ်တိုင်သာ စမ်းသုံးကြည့်ကြပါ..။ မိမိတို့ အသုံးပြုတဲ့ အင်တာနက်လိုင်း အမျိုးအစားပေါ်မူတည်ပြီး ရွေးပေးရပါမယ်..။ MODEM (Dial-Up) နဲ့လား ၊ ISDN (WIFI ကိုဆိုလိုတာပါ) နဲ့လား၊ CABLE / DSL နဲ့လားဆိုတာ ရွေးပေးပြီး Optimize တချက်ကလစ်ပြီး ပေါ်လာတဲ့ ဘောက်စ်ထဲမှာ OK နှိပ်ပေးလိုက်ရင် အင်တာနက်ဆွဲအား ပိုမြန်လာပါလိမ့်မယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် အရင်က အသုံးပြုနည်းပိုစ့်မှာ (ဒီမှာ)  Video ဖိုင်လေးနဲ့အတူ ပြန်လည် လေ့လာကြည့်နိုင်ပါတယ်..။ ဒီပိုစ့်မှာတော့ ဒီနောက်ဆုံးထွက်လေးကို ဖူးသုံးလို့ ရအောင် keygen လေးနဲ့ လုပ်ပြပေးထားပါတယ်..။ ကီးတွေကိုလည်း Notepad လေးနဲ့ ရေးထည့်ပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1 MB ပဲရှိပါတယ်..။

4Videosoft Blu-ray Ripper 5.2.50 Multilanguage Final

 4Videosoft Blu-ray Ripper can help you professionally rip Blu-ray disc to all popular video and audio formats. It also can be used to rip DVD and convert video files. Moreover, 4Videosoft Blu-ray Ripper possesses powerful editing functions, which helps you optimize the output video by modifying video effect, trimming video length, cropping video frame, adding video watermark, etc.
မိမိတို့ရဲ့ DVD အခွေထဲမှ သီချင်းတွေကို VCD ထုတ်ချင်သူများအတွက် တီးလုံးနဲ့ အဆိုသံစဉ်တွေကို ခွဲထုတ်ပေးနိုင်တဲ့ Blu-ray Ripper လေးပါ..။ Blu-ray အခွေတွေအပြင် DVD အခွေတွေကိုပါ အသုံးပြုလို့ ရပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် Patch ဖိုင်လေးနဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပြီး အောက်မှာလည်း ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 30 MB ရှိပါတယ်..။

TogetherShare Data Recovery Unlimited 3.5.3 Final

 It can do format recovery, unformat and recover deleted files emptied from the Recycle Bin, or data losses due to partition loss or damage, software crash, virus infection and other unknown reasons. safe and effective Windows file/data recovery software, retrieves your lost videos, photos, music, documents, emails, etc. from your PC’s hard drive as well as from USB drives, external hard drives, mobile phones, digital cameras, iPods, MP3/MP4 players, and other storage media.
ဒီကောင်လေးက အပေါ်မှာ မူရင်းဆိုဒ်မှ ရေးပြထားတဲ့အတိုင်း ဟတ်ဒစ်နဲ့ USB မန်မိုရီ အမျိုးမျိုးထဲမှ ဖျက်ပစ်ပြီးသား ဖိုင်မျိုးစုံကို ပြန်ရှာယူပေးနိုင်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင်
crack ဖိုင်လေးနဲ့ အရင် crack ထည့်နည်းတွေအတိုင်း ထည့်ပြီး ဖူးလုပ်အသုံးပြုနိုင်ပါတယ်..။ အောက်မှာလည်း ဖူးလုပ်တတ်အောင်နဲ့ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3 MB ရှိပါတယ်..။

TeamViewer 9.0.25790 Final

 
အင်တာနက်ကနေ မိမိတို့မိသားစု ကွန်ပျူတာကိုပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း ညီအစ်ကို မောင်နှမတွေရဲ့ ကွန်ပျူတာကိုပဲ ဖြစ်ဖြစ်၊ လှမ်းကြည့်ပေး ပြင်ပေးလို့ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ..။ ဒီကောင်လေးက အသုံးပြုလို့ ကောင်းတဲ့ Free ပေးသုံးတဲ့ ဖရီးဗါးရှင်းလေးပါ..။ မိမိတို့ စက်ထဲမှာ အရင်တုန်းက TeamViewer ဗါးရှင်းတွေ ရှိနေတယ်ဆိုရင်လည်း ဒီနောက်ဆုံးထွက်လေးကို Install ထပ်ထည့်ပြီး အသုံးပြုယုံပါပဲ..။ ဒီဗါးရှင်းလေးက ဖရီးဗါးရှင်း ဖြစ်တဲ့အတွက် Video Call တွေနဲ့ Chat တွေတော့ အသုံးပြုလို့ မရပါဘူး..။ ကျန်တာတွေအားလုံး ပေးသုံးပါတယ်..။ ကျနော်တို့ Video Call တွေနဲ့ Chat တွေကို VZO ၊ Gmail နဲ့ Gtalk တွေမှာ Free သုံးလို့ရတဲ့အတွက် ဒီကောင်လေးနဲ့ တွဲသုံးတဲ့အခါ အရမ်းလွယ်ကူပြီး အဆင်ပြေပြေ အသုံပြုလို့ ရသွားပါလိမ့်မယ်..။ ဒီကောင်လေးရဲ့ အသုံးပြုပုံကို အရင်ပိုစ့်တွေ ဖြစ်တဲ့ TeamViewer 8 Beta and TeamViewer 7 Portable နဲ့ TeamViewer Enterprise 7.0.14563 ပိုစ့်တွေမှာ ပြည့်စုံအောင် လုပ်ပြပေးထားပါတယ်..။ ဒီကောင်လေးကို အသုံးမပြုတတ်သေးတဲ့သူများ အဲ့ဒီပိုစ့်တွေမှာ လေ့လာကြည့်ပေးပါ..။ ဒီကောင်လေးကို Install ထည့်တဲ့နေရာမှာ အရင်တုန်းက ဗါးရှင်းတွေလို အဆင့်ဆင့် လိုက်ပြောင်းပေးဖို့ မလိုတော့ပဲ.. အောက်ကပုံမှာ ပြထားသလို အမှန်ခြစ် ၂-ခြစ်ပေးပြီး Install ထည့်လိုက်ယုံပါပဲ..။ ပြီးတာနဲ့ တခါတည်း တန်းသုံးယုံပါပဲ..။ ဒီဖရီးဗါးရှင်းလေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 6.6 MB ရှိပါတယ်..။
Related Posts Plugin for WordPress, Blogger...