15 Aug 12, 05:37 PM
မိုးဇော်: အစ်ကို ဘလော့ က ၀င်ဒိုး တင်ပုံတင်နည်းကို ကြည့်လုပ်လိုက်လို့ ပြီသွားပါပြီ . ခက်နေတာက driver ထည့်ကြည့်လိုက်တော့ songs ဘောက်က အသံမလာ ခက်တာက အစ်ကို မကူညီဘူးဆိုရင် ဘယ်လိုမှ လုပ်လို့မရတော့ဘူး အစ်ကို
13 Aug 12, 06:17 AM
aphi: driver restore လုပ်နည်းလေးတင်ပေးပါအုံး စောင့်မျှော်နေပါတယ်
high 14 July 2012 23:09
back up တော့လုပ်လို့ရပါတယ်ဗျာ ပြန်ပီး ဘယ်လို restore မလုပ်တတ်လို့ ရှင်းပြပေးပါလား ကျေးဇူးတင်ပါတယ်
ဒီပိုစ့်ကို တင်ပေးဖို့ ချိန်နေတာ ကြာပါပြီ..။ အခုလို လိုအပ်တဲ့သူများ ရှိတဲ့ အချိန်ကျမှ တင်ပေးဖို့ စိတ်ကူးထားလို့.. မနေ့က Cbox မှာ မေးထားတဲ့ အစ်ကိုတွေနဲ့ အရင်ရက်က Driver Backup လုပ်ထားပြီးသားကို ဘယ်လို Restore ပြန်လုပ်ရမလဲလို့ မေးခဲ့ဖူးတဲ့ အစ်ကိုတွေ ရှိလာလို့ ဒီနေ့မှ ဒီပိုစ့်ကို တင်ပေးလိုက်တာပါ.. ဒါမှလည်း လတ်တလော လိုအပ်နေတဲ့ သူတွေအတွက် ပိုပြီးအကျိုးရှိမယ်လို့ ထင်မိလို့ပါ..။
အရင်ဆုံးသိထားရမှာက Window တင်တော့မယ်ဆိုတာနဲ့ လိုအပ်တာက.. Driver Backup လုပ်ထားတဲ့ဖိုင် ဒါမှမဟုတ် မိမိတို့ စက်ရဲ့ မူရင် Driver ခွေ လိုအပ်ပါတယ်..။ Driver ခွေမရှိတော့တဲ့သူများ အတွက် Driver Backup လုပ်လို့ရမယ့် ဆော့ဝဲလ်လေးကို ဟိုးအရင်တုန်းကတည်းက တင်ပေးထားတာရှိပါတယ်.. လိုအပ်တဲ့သူများ
ဒီလင့်ကနေ ဝင်သွားယူလိုက်ပါ.. Driver Backup လုပ်နည်းကိုပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဝင်းဒိုးမတင်ခင် အရင်ဆုံး Driver Backup လုပ်ထားလိုက်ပါ..။ မူရင်း Driver ခွေရှိတဲ့ သူများအတွက်တော့ Backup လုပ်ဖို့ မလိုအပ်ပါဘူး..။ တခါလေ Backup လုပ်ထားတဲ့ Driver တွေကလည်း ဝင်းဒိုးတင်ပြီး အခုဒီနည်းနဲ့ Restore ပြန်လုပ်တဲ့အခါ Uncountable Problems ဆိုတဲ့စာသားမျိုးနဲ့ Drivers တွေပြန်ထည့်လို့ မရတဲ့အခါတွေလည်း ကြုံဖူးပါတယ်..။ အဲလိုဖြစ်ခဲ့ရင်တော့ သူလိုအပ်တဲ့ (ဥပမာ..။ ။ .dll ဖိုင်မျိုး၊ .inf ဖိုင်မျိုး) ဖိုင်လေးကို မိမိတို့ Driver Backup လုပ်ထားတဲ့ဖိုင်တွေထဲက.. VGA ဂရပ်ဖစ်အတွက်ဆို သူနဲ့ဆိုင်တဲ့ဖိုင်ထဲ.. ဝါယာလက်စ်အတွက်ဆို ဝါယာလက်စ်နဲ့ ဆိုင်တဲ့ ဖိုင်ထဲ အထိ တဆင့်ချင်းစီ ဝင်သွားပြီး လိုက်ရှာပေးရပါတယ်..။ သူလိုအပ်တဲ့ဖိုင်လေးကို တွေပြီဆိုရင် အဲဒီကောင်လေးကို တချက်ကလစ်ပြီး OK , OK နဲ့ အဲဒီအဆင့်တွေမှာ ပြထားတဲ့ စာသားတွေအတိုင်း အဆင့်ဆင့် လုပ်ပေးသွားလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ အဲလိုလုပ်လို့မှ အဆင်မပြေသေးရင်တော့ မိမိတို့ကိုယ်တိုင် Google မှာ စာရိုက်ပြီး မိမိတို့စက်ရဲ့ Model နဲ့ Driver Free Download ဆိုပြီးလိုက်ရှာပေတော့..။ အဲဒီအခါကျရင်တော့ ခေါင်းတွေလည်း ပူထူပြီသာမှတ်.. ဘာလို့လဲဆိုတော့ စာတွေအများကြီးဖတ်ရလို့.. တဆိုဒ်ပြီး တဆိုဒ် မရမချင်း လိုက်ရှာရတဲ့ အတွက် ခေါင်းပါကိုက်လာတာပါ.. ဒါက Model ဟောင်းသွားတဲ့ စက်တွေအတွက်.. (Windows XP, Windows Vista ခေတ်ကစက်တွေကို) Windows7 တင်ပေးမိလို့ ကျနော်ကိုယ်တိုင် ကြုံခဲ့ရတဲ့ ဒုက္ခလေးတွေကို လမ်းကြုံတုန်း ပြန်လည်ပြောပြတာပါ..။ အဲတော့ နောက်ပိုင်းသိလာတာက Windows XP, Windows Vista ခေတ်ကစက်တွေကို Windows7 တင်မပေးတော့ပါဘူး.. XP ဆို XP, Vista ဆို Vista အဲဒီဝင်းဒိုးတွေပဲ ပြန်တင်ပေးလိုက်ပါတယ်..။ အရမ်းကို Windows7 သုံးချင်နေတဲ့သူမှပဲ 7 တင်ပေးလိုက်တယ်..။ အခုနောက်ပိုင်းတော့ အဲလို စက်အဟောင်းတွေအတွက် Drivers တွေအဆင်ပြေအောင် ဖရီးထုတ်ပေးထားတဲ့ ဆိုဒ်တခုကို တွေ့ခဲ့လို့.. အဲဒီဆိုဒ်က ပေးသုံးတဲ့ Drivers အားလုံးနီးပါးအတွက် DVD တချပ်စာနီးပါး 3 GB ကျော်ရှိတဲ့ ဆော့ဝဲလ်ခွေနဲ့ စက်အဟောင်း တော်တော်များများရဲ့ Drivers ပြဿနာကို အဆင်ပြေခဲ့ပါတယ်..။ လိုအပ်တဲ့သူများရှိခဲ့ရင် အဲဒီဆိုဒ်ကို ကျနော်ပြန်ရှာပြီး အဲဒီဆော့ဝဲလ်ကို ဒေါင်းယူလို့ ရအောင် ပြန်လည်တင်ပေးပါအုန်းမယ်..။ အခုတော့ စာလည်းရှည်နေပြီ.. ဒီပိုစ့်ကို ဆက်ရအောင်..