Showing posts with label Animated Wallpaper and Screen Saver. Show all posts
Showing posts with label Animated Wallpaper and Screen Saver. Show all posts

Windows 8 Wallpaper For All Windows


 ဒီ Wallpaper လေးတွေကတော့ Windows 8 မှာ အသုံးပြုတဲ့ Wallpaper လေးတွေ ဖြစ်ပြီး.. တခြား Windows 7 နဲ့ Windows XP အသုံးပြုတဲ့ သူများအတွက်ပါ အသုံးပြုလို့ ရအောင် စုပြီး တင်ပေးထားပါတယ်..။ အောက်ကဒေါင်းလော့လင့်မှာ လင့်တခုစီကို Windows 8 Wallpaper ဖိုင် ၃-ခုစီနဲ့ တင်ပေးထားတာဖြစ်လို့ မိမိတို့ အသုံးပြုချင်တဲ့ ဖိုင်ကို စာသားတွေ ကြည့်ပြီး ဒေါင်းယူနိုင်ပါတယ်..။ Wallpaper ဖိုင်လေးတွေကို Install ဖေါ်မတ်နဲ့ ချုပ်ပေးထားတာ ဖြစ်ပြီး ဒီဖိုင်လေးတွေကို ၂-ချက်တောက်ပြီး Install ထည့်လိုက်တာနဲ့ Personalization ဘောက်စ်တန်းပေါ်လာပါလိမ့်မယ်..။ အဲ့ထဲမှာမှ ပြန်ပြီး ၁၀ စက္ကန့်စီနဲ့ Save ပေးလိုက်ရင် မိမိတို့ ဝင်းဒိုးရဲ့ Desktop ပေါ်မှာ ဒီ Wallpaper လေးတွေ တပုံပြီးတပုံ ပေါ်နေမှာ ဖြစ်ပါတယ်..။ အသုံးပြုတတ်အောင် အောက်မှာ နမူနာ ပုံလေးနဲ့ပါ ပြပေးထားပါတယ်..။ မိမိတို့ရဲ့ ဝင်းဒိုး Desktop မှာ Windows 8 Wallpaper လေးတွေ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင် ၅-ခု ပေါင်း 160 MB ရှိပါတယ်..။

Dream Aquarium 1.27 Screensaver Final

 ဒီနောက်ဆုံးထွက် Screensaver လေးမှာ Effect တွေပါ ထပ်ဖြည့်ပေးထားပြီး၊ ရေကျနေတဲ့ အသံနဲ့ မိမိတို့ရဲ့ ပုံလေးတွေနဲ့ပါ ငါးလေးတွေရဲ့ နောက်ခံမှာ ထည့်သုံးလို့ ရတဲ့အတွက် Screensaver ကြိုက်တဲ့သူများအတွက် အတော်လေး သဘောကျစရာပါ..။ တကယ့်သဘာဝအတိုင်း ၊ တကယ့်ကိုပီပြင်အောင် ဖန်တီးထားလို့ ကျနော်လည်း သဘောကျမိပါတယ်..။ ငါစာလေးတွေ ကျလာတဲ့အခါ ပုံစံမျိုးစုံနဲ့ ရောင်စုံ ငါးလေးတွေက လိုက်ဖမ်းစာပြီး.. ဂဏန်းတစ်ကောင်က ငါးလေးတွေကို လက်မနဲ့ လိုက်ညှပ်နေပါသေးတယ်..။ နောက်တခုကတော့ တစ်မိနစ်တခါ ပုံနောက်ခံဒီဇိုင်းနဲ့ ငါပုံလေးတွေကပါ လိုက်ပြောင်းနေပါသေးတယ်..။ နောက်ဆုံထွက်မို့ Effect တွေ ထပ်ဖြည့်ပေးထားလို့ ဖိုင်ဆိုဒ်ကတော့ 84 MB ရှိပါတယ်..။ အသုံးပြုချင်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ Install ထည့်ပြီးတာနဲ့ တန်းသုံးယုံပါပဲ..။ အောက်မှာလည်း ကျနော်စမ်းထားတဲ့ ပုံလေးတွေကို ပြပေးထားပါတယ်..။

Desksoft EarthView 4.3.5 Final

 မိမိတို့ရဲ့ Desktop ပေါ်မှာ Wallpaper နဲ့ရော Screensaver လေးနဲ့ပါ အသုံးပြုလို့ရမယ့်.. တရွေ့ရွေ့လှုပ်ရှားနေတတ်တဲ့ ကမ္ဘာ့မြေပုံ အရှင်လေးတွေပါ..။ အင်တာနက် ရှိတဲ့နေရာမှာဆိုရင် ၁၀-မိနစ်တခါ အလိုလို ပြောင်းလဲပေးပါလိမ့်မယ်..။ ဒီကောင်လေးက Demo ဗါးရှင်းလေးဖြစ်တဲ့အတွက် ဒီအတိုင်း Install ထည့်ယုံနဲ့လည်း အသုံပြုလို့ ရမှာဖြစ်ပြီး keymaker နဲ့ ဖူးဖြစ်အောင် လုပ်ပေးပြီး အသုံးပြုရင်တော့ နေ့စဉ် Update ဖြစ်တဲ့ Wallpaper တို့ Screensaver တို့ကို အလိုလို ဒေါင်းယူပေးပါလိ့မ်မယ်..။ အသုံးပြုရတာ လွယ်ကူပြီး သုံးတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 18 MB ရှိပါတယ်..။

Butterfly on Desktop 1.0


မိမိတို့ရဲ့ ကွန်ပျူတာ Desktop ပေါ်မှာအလှဆင်ချင်တဲ့ သူများအတွက် လိပ်ပြာလေးတွေ ပျံဝဲနေစေမယ့် ဆော့ဝဲလ်လေးပါ..။  Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ ရသွားပါပြီ..။ Desktop ပေါ်က ဒီကောင်လေးရဲ့ Icon လေးကို ၂ချက်တောက်လိုက်တိုင်း လိပ်ပြာလေး ၂ကောင်စီ ပေါ်လာပါလိမ့်မယ်..။ တကောင်တည်းထားလို့လည်း ရသလို မိမိတို့လိုသလောက် အများကြီးလည်း ထားလို့ရပါတယ်..။ မလိုတော့ရင်တော့ ရပ်နေတဲ့ လိပ်ပြာလေးတွေပေါ်မှာ ၂ချက်တောက်ပေးလိုက်ရင် ပျောက်သွားပါတယ်..။ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း လိပ်ပြာလေးတွေ ပျံဝဲလ်နေပါလိမ့်မယ်..။ Desktop မှာ အလှဆင်ချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2.8 MB ရှိပါတယ်..။ 

Windows 7 Themes The Assissan Creed


Windows 7 Themes The Assissan Creed လေးကတော့ အရင်ကောင်လေးတွေလို (C:) ထဲမှာ လိုက်ထည့်ပေးဖို့ မလိုပါဘူး..။ ဒီဖိုင်လေးထဲမှာ Install ဖိုင်လေးနဲ့ ပါလာလို့ ၂ချက်တောက်ပေးလိုက်ရင် (C:) ထဲမှာ ရှိတဲ့ Themes ထဲကို တန်းရောက်သွားပါပြီ..။ ပြီးရင် Desktop >> Right Click >> Personalize ကနေ ဝင်ပြီး သွားပြောင်းပေးလိုက်ရင် အပေါ်ကလိုမျိုး ပုံလေး၎-ပုံကို ရရှိမှာ ဖြစ်ပါတယ်..။ Windows 8 အသုံးပြုသူများအတွက်ပါ ဒီကောင်လေးနဲ့ အဆင်ပြေပါတယ်..။ အောက်မှာလည်း ကျနော်အသုံးပြုထားတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.7 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည် တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။

Windows 7 Theme Spooky

ဒီ Theme Spooky လေးကိုလည်း အရင်ပိုစ့်တွေ အတိုင်း (C:) >> Windows >> Resources >> Themes ဖိုဒါထဲမှာ သွားထည့်ပေးရမှာ ဖြစ်ပြီး အသုံးပြုရလွယ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ ပုံလေးတွေ အတိုင်း အဆင့်ဆင့် လိုက်လုပ်ပေးပြီးသွားရင်တော့ အပေါ်ကပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်..။ အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 6.8 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။

Windows 7 Theme Alien Light Blue Pack 

ဒီကောင်လေးကတော့ Windows 7 Theme Alien Light Blue Pack လို့နာမည် ပေးထားတဲ့ Theme Wallpaper တမျိုးပါ..။ ဒီကောင်လေးကို အသုံးပြုလို့ ရအောင် (C:) >> Windows >> Resources >> Themes ဖိုဒါထဲမှာ ဒီဖိုင်လေးတွေကို သွားထည့်ပေးရမှာပါ..။ အသုံးပြုချင်သူများအတွက် အလွယ်တကူ လုပ်တတ်အောင်၊ အသုံးပြုလို့ ရအောင် ကျနော် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း ပေါ်နေမှာ ဖြစ်ပြီး မိမိတို့ရဲ့ မောက်စ်မျှားလေးကပါ ဂဏန်းလက်မပုံ အပြာရောင်လေးနဲ့ တခုခုဖွင့်တော့မယ်ဆိုရင် လှုပ်လှုပ်ရွရွလေး ပေါ်နေမှာ ဖြစ်ပါတယ်..။ ဖိုင်တခုခု ဖွင့်လိုက်တိုင်း စက်ရုပ်အသံလိုလို၊ ဂြိုလ်သားအသံလိုလို  အသံတမျိုးပါ ထွက်ပေါ်နေတတ်ပါတယ်..။ ဒီ Themes လေးကို အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7.4 MB ရှိပြီး.. ကျနော် ဒီဖိုင်လေးကို ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။

Windows 7 Theme Alien Red

ဒီကောင်လေးကတော့ Windows 7 Theme Alien Red လို့နာမည် ပေးထားတဲ့ Theme Wallpaper တမျိုးပါ..။ ဒီကောင်လေးကို အသုံးပြုလို့ ရအောင် (C:) >> Windows >> Resources >> Themes ဖိုဒါထဲမှာ ဒီဖိုင်လေးတွေကို သွားထည့်ပေးရမှာပါ..။ အသုံးပြုချင်သူများအတွက် အလွယ်တကူ လုပ်တတ်အောင်၊ အသုံးပြုလို့ ရအောင် ကျနော် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း ပေါ်နေမှာ ဖြစ်ပြီး မိမိတို့ရဲ့ မောက်စ်မျှားလေးကပါ ဂဏန်းလက်မပုံ အနီရောင်လေးနဲ့ တခုခုဖွင့်တော့မယ်ဆိုရင် လှုပ်လှုပ်ရွရွလေး ပေါ်နေမှာ ဖြစ်ပါတယ်..။ ဖိုင်တခုခု ဖွင့်လိုက်တိုင်း စက်ရုပ်အသံလိုလို၊ ဂြိုလ်သားအသံလိုလို  အသံတမျိုးပါ ထွက်ပေါ်နေတတ်ပါတယ်..။ ဒီ Themes လေးကို အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 11 MB ရှိပြီး.. ကျနော် ဒီဖိုင်လေးကို ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။

Nature Wallpapers Desktop


ဒီပုံလေးတွေကတော့ မိမိတို့ ကွန်ပျူတာ Desktop မှာ သဘာဝ ရှု့ခင်းပုံလေးတွေကို တင်ထားချင်တဲ့သူများအတွက် အဆင်ပြေစေမယ့် Wallpapers လေးတွေပါ..။ Resolution ကောင်းကောင်းနဲ့ ဖန်တီးထားတဲ့အတွက် ကြည်လင်ပြီး၊ အရောင်အသွေး စိုပြေတဲ့ သဘာဝပုံလေတွေကို တခါတည်း အသုံးပြုတတ်အောင်၊ မိမိတို့ ကွန်ပျူတာမှာ တခါတည်း ဓါတ်ပုံ ဆလိုက်ရှိုးနဲ့ လုပ်တတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အရင်တုန်းက တင်ပေးခဲ့ဖူးတဲ့ Wallpaper ပိုစ့်လေးမှာလည်း အခုလိုမျိုး အသုံးပြုတတ်အောင် လုပ်ပြပေးခဲ့ ဖူးပါတယ်..။ အဲ့ဒီနည်းအတိုင်း လုပ်ပေးလိုက်ယုံပါပဲ..။ မသိသေးတဲ့သူများနဲ့ မလုပ်တတ်သေးတဲ့ သူများတော့ အောက်မှာ ဆက်ကြည့်နိုင်ပါတယ်..။ ဒီ Nature Wallpapers ပုံလေးတွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 21.4 MB ရှိပါတယ်..။

Christmas Time Wallpaper


ဒီကောင်လေးကတော့ Christmas အကြို Wallpaper လေးပါ.. မိမိတို့ရဲ့ ကွန်ပျူတာမှာ ဘာတွေပဲ အလုပ်ရှုပ်နေပစေ ဒီ Wallpaper လေးက စန္ဒယားအသံလေးနဲ့ အမြဲပေါ်နေ လှုပ်ရှားနေပါလိမ့်မယ်..။ မျက်စိအေးစေတဲ့ Wallpaper လေးကတော့ အပေါ်ကပုံလေးအတိုင်းပါပဲ.. ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ တချို့စက်တွေမှာ Restart ချပေးရပါတယ်.. ဒါဆိုဒီကောင်လေးက မိမိတို့ရဲ့ Desktop ပေါ်မှာ  အမြဲပေါ်နေပါလိမ့်မယ်.. နောက်ထပ်စမ်းထားတာတွေက သိပ်အဆင်မပြေလို့ တင်မပေးတော့ပါဘူး.. သုံးလို့အဆင်ပြေတဲ့ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3.9 MB ရှိပါတယ်.. ဒေါင်းလော့ယူနည်းကို ဒီမနက်တင်ပေးလိုက်တဲ့ ပိုစ့်အတိုင်း လုပ်ပြီး ဒေါင်းယူရမှာ ဖြစ်ပါတယ်.. နောက်ပိုင်းတင်ပေးမယ့် ဆော့ဝဲလ်တိုင်းကို ဒီနည်းနဲ့ပဲ ဒေါင်းယူမှ ရမှာမို့.. ဆော့ဝဲလ်တွေဒေါင်းယူတတ်အောင် ဒီမနက်တင်ထားတဲ့ ဒေါင်းလော့ချနည်းပိုစ့်ကို အားလုံးပဲ လုပ်တတ်အောင် အရင်ကြည့်လိုက်ကြပါဗျာ..

Live Pebble Screen Saver



ဒီကောင်လေးက Screen Saver နောက်တခုပါ.. အပေါ်ပုံအတိုင်း မိမိတို့စက်မှာ ပေါ်နေစေမယ့် မျက်လုံးအေးစေတဲ့ ကောင်လေးပါပဲ.. ရေစက်လေးတွေလည်း တစက်ပြီးတစက် ကျနေပါသေးတယ်.. အောက်ကပုံလေးအတိုင်း ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ ပေါ်လာမယ့်ပုံလေးမှာ နည်းနည်းလေး ပြောင်းပေးလိုက်ရင် အဆင်ပြေသွားပါပြီ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3.2 MB ရှိပါတယ်..

3D Numeric Clock Screen Saver


ဒီကောင်လေးကတော့ 3D Screen Saver လေးပါ.. ရိုးရိုးလေးနဲ့ မျက်လုံးအေးတဲ့ နာရီအရှင်လေး မိမိတို့ရဲ့ 
Screen မှာ ပေါ်နေစေမယ့် ကောင်လေးပါ.. အပေါ်ပုံမှာ ပြထားတဲ့အတိုင်း ပေါ်နေပါလိမ့်မယ်..။ ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်း ပေါ်လာရင် ပုံမှာပြထားတဲ့ အတိုင်း ပြောင်းပေးလိုက်ပါ.. ဒီိကောင်လေး အလုပ်လုပ်နေပါပြီ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 2.5 MB ရှိပါတယ်..

Video Game Desktop Wallpapers - Full HD


 ဒီ Desktop Wallpapers လေးတွေကို သူငယ်ချင်းတစ်ယောက် တောင်းထားတာ ကြာပါပြီ.. ဒီနေ့မှပဲ တင်ပေးဖြစ်တော့တယ်..။ တခြား Wallpaper တွေ အများကြီးရှိပေမယ့် ဒီနေ့တော့ ဒီ Video game Wallpapers လေးတွေကို အရင်တင်ပေးလိုက်ပါတယ်.. ဒီဖိုင်လေးကို ဒေါင်းယူပြီးတဲ့အခါမှာ ဖွင့်လိုက်ပါ..။ ပေါ်လာတဲ့ ပုံတွေအားလုံးကို ကီးဘုတ်မှ Ctrl+A နဲ့ အောစလက်ပေးပါ.. ပြီးရင် အဲ့ဒီပေါ်မှာ Right Click >> Set as desktop background စာသားကို တချက်ကလစ်ပေးလိုက်ရင် ဒီ Wallpapers လေးတွေက မိမိတို့ရဲ့ Desktop မှာ တပုံပြီး တပုံ ပြောင်းလဲပေါ်နေပါလိမ့်မယ်.. လုပ်ရတာလည်းလွယ်ပါတယ်.. ကျနော်အောက်မှာ ပုံလေးနဲ့ပါ လုပ်ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 7.6 MB ရှိပါတယ်..

Blue Moon Animated Wallpaper


Animated Wallpaper နောက်တမျိုးပါ..။ ရထားတာတွေတော့ အများကြီးပါပဲ.. အားလုံးကို တင်မပေးတော့ပါဘူး.. ဒီနေ့တင်ပေးလိုက်တဲ့ Animated Wallpaper တွေနဲ့ Screensaver လေးတွေကို မိမိတို့ စိတ်ကြိုက် ဒေါင်းယူပြီး အသုံးပြုနိုင်ပါတယ်.. Install ဆွဲတဲ့ အခါမှာလည်း ဒီကောင်လေးတွေကို တင်ပေးထားတဲ့ မူရင်းဆိုဒ် ပေါ်လာမှာမို့ မိမိတို့ နောက်ထပ်အလိုရှိတဲ့ Animated Wallpaper တွေနဲ့ Screensaver တွေကို သူ့ရဲ့မူရင်းဆိုဒ်မှာ ဒေါင်းယူနိုင်ပါတယ်..။ ဒီမှာတော့ ကျနော်စမ်းကြည့်ပြီးတဲ့ထဲက အလန်းလေးတွေကို ရွေးပြီး ပြန်တင်ပေးထားတာပါ..။ ဒီကောင်လေးက ဒီပေါ်က ပုံလေးအတိုင်း မိမိတို့ရဲ့ Desktop ပေါ်မှာ ငှက်တွေပြန်ရင်း ရေတွေလှုပ်ရင်း ပေါ်နေမှာပါ..။ Install ဆွဲထည့်ရင်လည်း Right Click >> Run as administrator နဲ့ Run ပေးလိုက်ပါ.. ဒါဆိုရင် အသုံးပြုရ အဆင်ပြေသွားပါပြီ.. ဒီကောင်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.4 MB ရှိပါတယ်..

Bright Water Animated Wallpaper


ဒါလေးက Animated Wallpaper နောက်တမျိုးပါ.. ပုံမှာမြင်နေရတဲ့ အတိုင်း ရေလှိုင်းလေးတွေ လှုပ်ရှားနေပါလိမ့်မယ်.. ဒီကောင်လေးကိုလည်း Right Click >> Run as administrator နဲ့ Run ပေးလိုက်ပါ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 7.2 MB ရှိပါတယ်..

Relaxing Rain Animated Wallpaper


ဒီကောင်လေးက နောက်တမျိုး Animated Wallpaper လေးပါ.. Relaxing Rain Screensaver လေးနဲ့ ပုံစံအတူတူပါပဲ.. Wallpaper လေးဖြစ်တဲ့ အတွက် မိမိတို့ Desktop မှာ ဘာပဲလုပ်နေနေ ဒီကောင်လေးက နောက်မှာ လှုပ်ရှားနေမှာပါ.. ဒီကောင်လေးလည်း တမျိုးလန်းနေပါတယ်..။ ဒီ Animated Wallpaper လေးကိုလည်း Right Click >> Run as administrator နဲ့ Run ပေးလိုက်ရင် ဒီကောင်လေးကို အပြည့်အဝ သုံးလို့ ရသွားပါပြီ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 12.2 MB ရှိပါတယ်.. 

Relaxing Rain Screensaver


ဒါလေးက Screensaver နောက်တမျိုးပါ.. မိုးတွေရွာရင်း လှိုင်းတွေထရင်း လှုပ်ရှာသက်ဝင်နေတဲ့ ဒီဇိုင်းလေး တမျိုးပါပဲ.. Screensaver အလန်းလေတွေ တမျိုးပြီး၊ တမျိုး ပြောင်းသုံးချင်တဲ့ သူများအတွက် ရှာဖွေထားတဲ့ ထဲက အလန်းလေးတွေကို တနေ့ထဲ အပြီးတင်ပေးလိုက်ပါတယ်.. နောက်ရက်တွေ အလုပ်မရှုပ်ချင်လို့ပါ.. ဒီကောင်လေးကိုလည်း Right Click >> Run as administrator နဲ့ Run ပေးလိုက်ပါ..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 11.8 MB ရှိပါတယ်..

Sunshine Clouds Animated Wallpaper


Sunshine Clouds Animated Wallpaper လေးပါ..။ Screensaver လေးတွေက ၁မိနစ်၊ ၂မိနစ် စက်ကိုမထိမှ ပေါ်လာတာပါ..။ Wallpaper လေးတွေကျတော့ မိမိတို့ စက်မှာ ဘာတွေပဲလုပ်လုပ် Wallpaper လေးတွေက Desktop ပေါ်မှာ လိပ်ပြာလေးတွေ ပျံဝဲရင်း လှုပ်ရှားသက်ဝင်နေတာပါ.. ဒါကြောင့် Wallpaper တွေက တမျိုးပိုလန်းနေပါတယ်..။ ဒီ Animated Wallpaper လေးက တစ်မိနစ်တမျိုး ပြောင်းနေပါလိမ့်မယ်.. Sunshine Clouds Screensaver နဲ့ ပုံမတူအောင်လို့ ဒီအပေါ်က ပုံလေးကို ရွေးပေးလိုက်တာပါ.. တစ်မိနစ်တခါပြောင်းတဲ့ ပုံလေးတွေထဲမှာ ဒီအပေါ်က ပုံလေးလည်း ပါပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 12.2 MB ရှိပါတယ်..

Sunshine Clouds Screensaver


Screensaver လေးတွေ လိုက်ရှာရင်း စမ်းသပ်ရင်း အဆင်ပြေတာလေးတွေ တင်ပေးလိုက်ပါတယ်..။ နောက်ထပ်အများကြီး ရှာတွေ့ထားပါတယ်.. အဲ့ထဲကမှ ဒါလေးတွေကို အရင်တင်ပေးတာပါ.. ဒီ Screensaver လေးကို Right Click >> Run as administrator နဲ့ Install ဆွဲပေးလိုက်ပါ.. Screensaver ဘောက်စ်ပေါ်လာရင် ၃မိနစ်၊ ၅မိနစ် စသဖြင့် ရွေးပေးပြီး Apply >> OK ပေးလိုက်ပါ..။ ပုံမှာ မြင်ရတဲ့အတိုင်း လိပ်ပြာလေးတွေ ပျံဝဲနေတဲ့ Screensaver လေးတခု မိမိတို့စက်မှာ ပေါ်လာပါလိမ့်မယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 11.6 MB ရှိပါတယ်..

3D Realistic Fireplace Screensaver v3.9.2



ဒါလေးက Screensaver နောက်တမျိုးပါ.. 3D နဲ့ မြင်ရမှာဖြစ်တဲ့ အတွက် တကယ့်မီးဖိုတခုလိုပါပဲ.. မီးတောက်အနည်း၊အများနဲ့ ဘေးဘောင်ဒီဇိုင်းလေးတွေကို လိုသလို ပြုပြင်ယူလို့ ရပါတယ်.. နောက်ပြီးမီလောင်နေတဲ့ အသံလေးတွေပါ ကြားနေရမှာ ဖြစ်ပါတယ်.. သူ့အတွက် Key လေးပါ ထည့်ပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.5 MB ရှိပါတယ်..
Related Posts Plugin for WordPress, Blogger...