Showing posts with label Mozilla Firefox နှင့် ပြင်ဆင်ပေးရမည့်အချက်များ. Show all posts
Showing posts with label Mozilla Firefox နှင့် ပြင်ဆင်ပေးရမည့်အချက်များ. Show all posts

Adobe Flash Player 13.0.0.80 Beta Final (Off-Line Installer)

 Adobe Flash Player နောက်ဆုံး Update (Off-Line Installer) လေးပါ..။ တခါတရံ မိမိတို့ရဲ့ Browser တွေမှာ Flash Player တွေ အလုပ်မလုပ်တော့ပဲ ဖြစ်နေတတ်တဲ့ အခါမျိုးတွေနဲ့ ဝင်းဒိုး အသစ်တင်ပြီးတဲ့ အခါမျိုးတွေမှာ မိုဇီလာလို Browser တွေမှာ YouTube လို Video ဆိုဒ်တွေက သီချင်းတွေ Video တွေကို ကြည့်လို့ မရပါဘူး..။ အဲ့လို ကြည့်မရဖြစ်နေရင်တော့ ဒီ Adobe Flash Player လေးတွေကို Install ထည့်ပေးပြီးမှ Browser တွေကို Restart ပေးပြီးမှ သီချင်းတွေ Video တွေကို ကောင်းစွာကြည့်လို့ ရပါတယ်..။ လိုအပ်လာတဲ့အခါမှ Browser တွေကနေ အင်တာနက်မှာ လိုက်ရှာယူရင်တော့ Install ထည့်ပြီး ပျောက်သွားတဲ့ Flash Player တွေကိုပဲ ရမှာ ဖြစ်ပါတယ်..။ ဒီနောက်ဆုံးထွက်လေးကတော့ တခါ Install ထည့်ပြီးရင်လည်း သိမ်းထားပြီး လိုအပ်တဲ့အခါတိုင်း နောက်ထပ် အခါပေါင်းများစွာ Install ထည့်သုံးလို့ ရတဲ့ Off-Line Installer လေးပါ..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ မိုဇီလာအတွက်နဲ့ တခြား Browser တွေအတွက်ပါ Flash Player နောက်ဆုံး Update ၂-ခုကို ပူးတွဲ တင်ပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 34 MB ရှိပါတယ်..။

Mozilla Firefox 12.0 beta 1 (မိုဇီလာမှာ မြန်မာစာ အပြည့်ပေါ်ရအောင်)


 ကျနော့်ကို Facebook မှာ အကိုတစ်ယောက် မေးထားတာလေးပါ..။ အရင်တုန်းကလည်း ကျနော့် Blog မှ Readers တွေထဲကလည်း မေးခဲ့ဖူးတဲ့ မေးခွန်းလေးပါ..။ အပေါ်က ပုံမှာ မြင်ရသလို အခုနောက်ပိုင်း မိုဇီလာ Update အသစ်တွေမှာ မြန်မာစာ ပုံမှန် မပေါ်တတ်ပါဘူး..။ ကျနော်တို့ သတိထားမိသလောက်ကတော့ Windows 8 ထွက်ပြီး နောက်ပိုင်းမှာ ဒီလို မိုဇီလာမှာ မြန်မာစာ အပြည့်မပေါ်တော့ပါဘူး..။ အရင်တုန်းက Unicode ဖေါင့်တွေ မိုဇီလာမှာ အပြည့် အလုပ်လုပ်ပေမယ့် ၊ အခုနောက်ပိုင်း မိုဇီလာ Update တွေမှာ Unicode ဖေါင့်တွေ အပြည့်မပေါ်တော့တဲ့အတွက် ၊ အာရှနိုင်ငံတွေထဲက ကျနော်တို့ မြန်မာစာလို Unicode ဖေါင့်တွေ မိုဇီလာမှာ အဆင်မပြေတော့တဲ့ တခြားနိုင်ငံတွေကလည်း.. မိုဇီလာဆိုဒ်မှာ မေးထားတဲ့ မေးခွန်းတွေ ၊ Comments တွေ အများကြီးကို တွေ့ခဲ့ ၊ ဖတ်ခဲ့ပြီးပါပြီ..။ တိကျတဲ့ အဖြေရှာမတွေ့သေးပါဘူး..။ ဒါကြောင့် ဒီနေ့တော့ မိုဇီလာ ဗါးရှင်းအဟောင်းလေးဖြစ်တဲ့ မြန်မာစာလည်း အပြည့်ပေါ်တဲ့ Firefox 12.0 beta 1 Browser လေးကိုပဲ ပြန်ရှာပြီး တင်ပေးလိုက်ပါတယ်..။ ဒီဗါးရှင်းလေးကို Windows 7 မှာ ပြန်စမ်းသုံးထားတာ ဖြစ်ပြီး အပေါ်ကပုံလို အဆင်ပြေတဲ့အတွက် တင်ပေးလိုက်ခြင်းပါ..။ 
မိမိတို့စက်ထဲမှာ ရှိပြီးသား မိုဇီလာကို ထုတ်ပစ်ဖို့ မလိုပါဘူး..။ မိုဇီလာ ဖွင့်သုံးထားရင်တော့ ခဏပိတ်ထားလိုက်ပါ..။ ကျနော်စမ်းသုံးထားတဲ့အတိုင်း ဒီဗါးရှင်းလေးကို ထပ်ပြီး Install ထည့်ပေးလိုက်ရင် ရပါပြီ..။ အရင်ရှိပြီးသား Adobe Flash Player တွေနဲ့ IDM လို Add-ons တွေ တခါတည်း အလုပ်လုပ်ပါတယ်..။ Add-on တွေ အသစ်ထပ်ထည့်ပေးဖို့ မလိုတော့ပါ..။ ၂၀၁၂ ၊ ၃-လပိုင်း လဝက်က ထွက်ထားတဲ့ ဒီ မိုဇီလာ ဗါးရှင်းလေးကို၊ မြန်မာစာ အပြည့်မပေါ်လို့ စိတ်ညစ်နေရတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူးပြီး အသုံးပြုနိုင်ပါပြီ..။ ဖိုင်ဆိုဒ်ကတော့ 16 MB ရှိပါတယ်..။ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာတော့ မိုဇီလာ Option ထဲကနေ နောက်ဆုံး Update တွေ မတက်အောင် ပိတ်ထားရမယ့် နေရာလေးတွေကိုပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ ဆက်ကြည့်လိုက်ပါဗျာ..။

Comodo IceDragon 21.0.1.15 Final - မိုဇီလာနဲ့အတူတူပါပဲ၊ မြန်မာစာပါအဆင်ပြေတယ်


 ဒီကောင်လေးက မိုဇီလာနဲ့ အားလုံးတူတဲ့အတွက် မြန်မာပြည်သားများအတွက် အဆင်ပြေစေမယ့် Browser လေးတခုပါ..။ မိုဇီလာကို Error တွေကြောင့်၊ Toolbar တွေကြောင့် အသုံးပြုလို့ အဆင်မပြေတော့တဲ့ သူများရှိခဲ့ရင် ဒီ Browser လေးကို ပြောင်းသုံးကြည့်ပါ..။ မြန်မာစာ အားလုံး ပေါ်ပါတယ်..။ ပိုမြန်မမြန်ဆိုတာကတော့ မိမိတို့ Connection နဲ့လည်း ဆိုင်ပါတယ်..။ Browser တွေကို ပုံမှန်အတိုင်း မြန်ချင်ရင်တော့ Toolbar တွေကိုလည်း အမြဲ ရှင်းလင်းပေးဖို့ လိုပါတယ်..။ Toolbar တွေ ရှင်းတတ်အောင် ပြီးခဲ့တဲ့လက တင်ပေးခဲ့ပြီးတဲ့ ပိုစ့်ဖြစ်တဲ့ Browser တွေ မြန်အောင်လုပ်နည်း ပိုစ့်မှာပြန်ကြည့်နိုင်ပါတယ်..။ အခုဒီ Browser လေးကို မြန်မာစာပေါ်အောင်နဲ့ IDM အလုပ်လုပ်အောင်၊ နောက်ပြီး မိုဇီလာအတိုင်း Option ထဲမှာ ဝင်ပြောင်းတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ အစအဆုံး ပြပေးထားပါတယ်..။ ဒီ Browser လေးကို အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 32.8 MB ရှိပါတယ်..။

Firefox 17.0 Beta 2


မနေ့က တင်ပေးလိုက်တဲ့ Windows 8 နဲ့ အဆင်ပြေအောင် Mozilla Firefox Browser နောက်ဆုံးထွက် Update ကို ရှာပြီးတင်ပေးလိုက်ပါတယ်..။ မိုဇီလာနဲ့ ပါတ်သက်လို့.. မြန်မာစာပေါ်အောင်၊ မိမိတို့ရဲ့ Gmail အကောင့်တွေ၊ Password တွေ၊ မကျန်အောင်.. နောက်ပြီး မိမိတို့ ကြည့်ခဲ့တဲ့ ဝဘ်ဆိုဒ်တွေကို နောက်လူတွေ အလွယ်တကူ ရှာလို့ မရအောင် လုပ်နည်း တော်တော်များများကို အရင်တုန်းက တင်ပေးထားပြီးသားရှိပါတယ်.. မသိသေးတဲ့သူများနဲ့ ပြန်ကြည့်ချင်တဲ့သူများ ဒီနေရာကနေ ဝင်ကြည့်နိုင်ပါတယ်.. နောက်ပြီး Mozilla မှာ IDM အလုပ်မလုပ်တဲ့သူများ IDM အလုပ်လုပ်အောင် ဒီပိုစ့်မှာ ကြည့်ပေးပါ.. မိုဇီလာရဲ့ Book Mark ထဲက မိမိတို့ အမြဲကြည့်တတ်တဲ့၊ မှတ်ထားတဲ့ ဝဘ်ဆိုဒ်တွေကို HTML နဲ့ ဘယ်လို သိမ်းပြီး၊ ဘယ်လို ပြန်ထည့်မလဲဆိုတာ မသိသေးတဲ့ သူများ ဒီပိုစ့်မှာ တင်ပေးထားပါတယ်.. မိုဇီလာနဲ့ ပါတ်သက်လို့ နောက်ထပ်သိချင်သေးရင် ဒီနေရာကနေ ဝင်သွားလိုက်ပါ.. အခုဒီ နောက်ဆုံးထွက်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 19.9 MB ရှိပါတယ်..

Mozilla Firefox မှာ IDM အလုပ်လုပ်ဖို့ ဆိုရင်


12 Oct 12, 11:25 AM
thannaing:
ကိုလွင်မင်းဗိုလ်ရေ ကျွန်တော်firefoxမှာIDM အလုပ်မလုပ်ဘူးအစ်ကို ဘယ်လိုလုပ်ရလဲဆိုတာ ကျေးဇုးပြုပြီးပြောပြပေးပါနော် firefox 13.0 beta4ပါ IDM က6.9.7ပါ ကျေးဇူးပြုပြီးရှင်းပြပေးပါနော်
Mozilla နဲ့ပါတ်သက်လို့ ဒီနည်းလေးကို ရေးပေးဖို့ ကျန်နေပါသေးတယ်.. ဒီနေ့ ဒီအစ်ကိုမေးလာမှပဲ သတိယတော့တယ်.. ကိုthannaing သုံးတဲ့ IDM က ဗါးရှင်း နှိမ့်လွန်းလို့ Firefox 13.0 မှာ အလုပ်မလုပ်တာပါ.. ကျနော် မနေ့ တင်ပေးထားတဲ့ IDM 6.12 built 22 နောက်ဆုံးထွက် Update ကို Install ဆွဲထည့်လိုက်ရင် Mozilla မှာ IDM အလုပ်လုပ်ပါပြီ..။ IDM ကို Patch နဲ့  ဖူးဗါးရှင်း ဖြစ်အောင်လုပ်နည်းကို IDM 6.12 Beta Built 3 ပိုစ့်မှာ ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..။ Patch ဖိုင်ထည့်နည်း အတူတူပါပဲ.. 
နောက်တခုက Mozilla ရော IDM ပါ  နောက်ဆုံးဗါးရှင်းတွေကို သုံးပေမယ့်လည်း Mozilla မှာ IDM အလုပ်မလုပ်သေးတဲ့သူများ ရှိခဲ့ရင် ဒီမှာ ပြထားတဲ့ နည်းနဲ့ လုပ်ပေးလိုက်ရင် Mozilla မှာ IDM အလုပ်လုပ်ပါလိမ့်မယ်..။ လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်ပေးပါ..

Mozilla Firefox 13.0 Beta 4 Free Download


 

 ဒီတခါတော့ အပေါ်က စာထဲကလို Mozilla နဲ့ အော်တိုတက်ချင်တဲ့ သူများအတွက်ပါ.. အများကြီး ဟိုပြောင်းဒီပြောင်းနဲ့ အလုပ်ရှုပ်ပါတယ်..။ အလွယ်နည်းကို ပြောပြပေးပါမယ်..။ လွယ်လွယ်လေးပါ..။ အခု အစ်ကို kyaw စက်ထဲမှာရှိနေတဲ့ Mozilla ရော Chrome ရော နှစ်ခုစလုံးကို Uninstall နဲ့ ပြန်ထုတ်ပစ်လိုက်ပါ..။ Chrome တခုထဲထုတ်ရင် default browser က Internet explore ဖြစ်သွားမှာ စိုးလို့ပါ.. ဒါကြောင့် နှစ်ခုစလုံးကို ထုတ်ပစ်လိုက်ပါ..။ ပြီးရင်တော့ Mozilla ကို ပြန်ပြီး Install ဆွဲထည့်ပါ..။ အခုတင်ပေးလိုက်တဲ့ Version အသစ်  Firefox 13.0 Beta 4 ကိုပဲ ဖြစ်ဖြစ်၊ အရင်တုန်းက Version အဟောင်းတွေပဲ ဖြစ်ဖြစ် Install ပြန်ဆွဲထည့်ပါ..။ Install လုပ်နေတဲ့ အချိန်မှာ  ပေါ်လာတဲ့.. အောက်ကပုံလေးမှာ ပြထားတဲ့ A နေရာက စာသားကို အမှန်ခြစ်ပေးဖို့တော့ မမေ့ပါနဲ့..။ ပြီးမှ B နေရာ Install ကို ကလစ်ပါ..။ ဒါဆိုရင် ဒါဆိုရင် မိုဇီလာနဲ့ တက်သွားပါလိမ့်မယ်.. Chrome ကိုပါ သုံးချင်လို့ Install ဆွဲထည့်ရင်တော့ Google Chrome is my default browser နေရာမှာ အမှန်ခြစ် မထည့်ပါနဲ့.. Chrome ကိုပြောတာပါ..။ ဒီလောက်ဆိုရင်တော့ သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်..  Firefox 13.0 Beta 4 Latest Version ကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 16.4 MB ရှိပါတယ်.. ဒီကောင်လေးမှာ IDM 6.11 Built 7 လည်း အလုပ်လုပ်ပါတယ်..။ ကျနော်စမ်းသုံးပြီးမှ တင်ပေးလိုက်တာပါ..။ အောက်ဆုံးက ပုံလေးမှာ Video ဒေါင်းဖို့ IDM အလုပ်လုပ်တဲ့ ပုံလေးကိုပါ တင်ပြပေးလိုက်ပါတယ်..

Mozilla Firefox နှင့် သိသင့်စရာလေးများ


Mozilla Firefox အသုံးပြုသူများအတွက် သိသင့်သိထိုက်တာလေးတွေကို ပြောပြချင်ပါတယ်..။ ကိုယ်ပိုင်စက်ရှိတဲ့ သူများကလည်း မိမိတို့ရဲ့အကောင့်တွေကို တခြား စက်ငှါးကြည့်တဲ့ လူများ အလွယ်တကူ ဖွင့်မကြည့်နိုင်အောင် ဒီနည်းလေးနဲ့ ကာကွယ်ထားသင့်ပါတယ်..။ အင်တာနက်ဆိုင်မှာ အသုံးပြုသူများအတွက်ကတော့ ဒီနည်းလမ်းလေးက မသိမဖြစ် တတ်အောင်သင်ထားသင့်တဲ့ နည်းလမ်းလေးတစ်ခုပါပဲ..။ ဘာလို့လဲဆိုတော့ ဒီနည်းလမ်းအတိုင်းမလုပ်ရင် မိမိတို့ ဖွင့်သုံးခဲ့တဲ့ အကောင့်တွေအားလုံးဟာ၊ ဝဘ်ဆိုဒ်တွေအားလုံးဟာ အင်တာနက်ဆိုင်က Mozilla Firefox ထဲမှာကျန်နေနိုင်ပါတယ်..။ ကိုယ့်နေရာမှာ နောက်လူဝင်ထိုင်ကြည့်လိုက်တာနဲ့ မိမိတို့ကြည့်ခဲ့တဲ့ ဝဘ်ဆိုဒ်တွေ ၊ မိမိတို့ရဲ့ အကောင့်တွေအားလုံးဟာ နောက်လူဆီကို ရောက်သွားပါလိမ့်မယ်..။

Mozilla Firefox နဲ့ You Tube ကသီချင်းတွေကို ဒေါင်းလော့ချနည်း

 

Mozilla နဲ့ Youtube သီချင်းတွေကို ဒေါင်းလော့ချချင်ရင်တော့ ဒီနည်းလေးကလည်း အဆင်ပြေပါတယ်...။ မိုဇီလာမှာ အင်တာနက်ဒေါင်းလော့မန်နေဂျာ အလုပ်မလုပ်တော့ဘူးဆိုရင် ဒီနည်းကို သုံးကြပါတယ်...။ အရင်ဆုံး မိုဇီလာမှာ Video DownloadHelper Add-on လေးကိုထည့်ပါမယ်..။ လုပ်နည်းလေးကလည်း လွယ်ပါတယ်..။ မိမိတို့ရဲ့ မိုဇီလာမှာ Add-ons မရှိသေးရင်တော့ ဒီနေရာမှာ ယူထားလိုက်ပါ..။  Add-ons ထည့်နည်းကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ.. ဆက်ကြည့်လိုက်ပါဗျာ..

Mozilla Firefox ရဲ့ Speed ကိုမြန်စေမယ့် နည်းလမ်းများ



သူငယ်ချင်းများရဲ့ တောင်းဆိုမှုအရ Mozilla Firefox ကို မြန်စေမယ့် နည်းလမ်းများကို လိုက်ရှာပါတယ်..။ အရင်တုန်းကတော့ ဝက်ဘ်ဆိုဒ်တစ်ခုမှာ ဖတ်ဖူးပါတယ်..။ အခုပြန်ရှာတော့ ဘယ်ဆိုဒ်မှန်း မမှတ်မိတော့ပါ..။ နေမင်းမောင်ဆိုဒ်ထဲမှာတော့ ရှိတယ်..။ မကြာသေးခင်ကမှ ဖတ်ကြည့်မိတာ ဆိုတော့ သိပ်မရှာလိုက်ရဘူး...။ ပြန်တွေ့တယ်..။ သူ့နည်းလေးသုံးကြည့်လိုက်တော့ မဆိုးဘူး..။ Mozilla တော်တော်မြန်လာတယ်..။ သူငယ်ချင်းတွေကို ဒီနည်းလေးပေးသုံးလိုက်တယ်... ကောင်းတယ်လို့ ပြောကြတယ်..။ မလုပ်တတ်တဲ့သူများလည်း ရှိမယ်ထင်လို့ ... နေမင်းမောင်ရဲ့မူရင်း စာသားအပြင် ကျနော်ကပုံလေးတွေနဲ့ပါ ထပ်ရှင်းပြထားပါတယ်..
Related Posts Plugin for WordPress, Blogger...