Showing posts with label Error ဖြေရှင်းနည်းများ. Show all posts
Showing posts with label Error ဖြေရှင်းနည်းများ. Show all posts

Open With အသုံးပြုလို့ ရအောင် လုပ်နည်း

 10 Sep 13, 07:53 PM
myo min aung:
ကိုလွယ်ရေ ကျွန်တော် laptop မှာ openwith မရဘူးဖြစ်နေတယ်ဗျာ ပြီးတော့ winrar file တွေလဲ ပုံစံပြောင်းနေတယ် အရင်ပုံစံနဲ့ လဲမတူတော့ဘူး စာရွက်အဖြူချပ်ထဲမှာ winrar ပုံစံလေးကသေးသေးလေးမြင်နေရတယ် သီချင်း video
ဒီလုပ်နည်းလေးကတော့ Open With သုံးလို့မရတဲ့ ဝင်းဒိုးတွေမှာ ပြန်လည် အသုံးပြုလို့ ရအောင် ပြုလုပ်နည်းလေးပဲ ဖြစ်ပါတယ်..။ ကြုံခဲတဲ့ ဝင်းဒိုး Error မျိုးပါ..။ အများဆုံး ဖြစ်တတ်တာကတော့ Registry Error တွေကို Cleaner ဆော့ဝဲလ်တခုခုနဲ့ ရှင်းပြီးတဲ့ အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်..။ အခု ဒီပိုစ့်ကနည်းနဲ့ လုပ်ပေးလိုက်ရင် ပြန်လည် ကောင်းသွားမှာ ဖြစ်ပါတယ်..။ လုပ်နည်းကတော့ သိပ်တော့မခက်ပါ..။ Notepad နဲ့ အသုံးပြုပေးရမှာ ဖြစ်ပြီး .. တခါတည်း လုပ်တတ်သွားအောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။
 နောက်တခုကတော့ WinRAR အယ်ရာပါ..။ ပုံမှန် Winrar နဲ့ ချုပ်ထားတဲ့ ဖိုင်တွေကို ဖွင့်လို့ မရတဲ့ အခါ အောက်ဆုံးပုံလေးတွေ အတိုင်း အဆင့်ဆင့် လိုက်ပြောင်းပေးလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။ ကျနော့်စက်မှာတော့ အဲ့ဒီ Error မျိုး အခုမရှိပါ..။ ဒီပိုစ့်အတွက် ကြည့်ရလွယ်အောင် ဒီအောက်ကပုံလေးတွေနဲ့ပဲ ပြပေးလိုက်ပါတယ်..။
နောက်ပြီး သီချင်း ၊ Video တွေကိုလည်း မိမိအသုံပြုလိုတဲ့ Player နဲ့ အမြဲတမ်း ဖွင့်လိုတဲ့ အခါ ဒီနည်းအတိုင်းပဲ အထဲဝင်ပြီး Player ပုံလေးကို သွားယူပေးလိုက်ရင် အဆင်ပြေသွားပါတယ်..။ အခုဒီ Winrar ပြောင်းနည်းနဲ့ လုပ်နည်းတူတဲ့ အတွက် မသိသေးတဲ့ သူများကတော့ လေ့လာထားသင့်ပါတယ်..။
 ဒီလုပ်နည်းလေးတွေကို လိုရမယ်ရ လေ့လာထားလိုတဲ့ သူများကတော့ အောက်မှာ ဆက်ကြည့်နိုင်ပါတယ်..။

AutoPlay ဘောက်စ်ပေါ်အောင် လုပ်နည်းများ - Enable (or) Disable AutoPlay for All Users and for All Drives


မနေ့က ပိုစ့်တင်ပေးခဲ့တဲ့ AutoPlay ဘောက်စ်ပေါ်အောင်၊ အလုပ်လုပ်အောင် လုပ်နည်းကတော့ ဝင်းဒိုး အများစုမှာ အဆင်ပြေတဲ့ လုပ်နည်းပဲဖြစ်ပါတယ်..။ အခုဒီပိုစ့်မှာတော့ ကျနော် လုပ်နည်း ၄-မျိုးနဲ့ ပြပေးထားတာဖြစ်လို့ မိမိတို့အနေနဲ့ တနည်းစီကို စမ်းသုံးပြီးတိုင်း မိမိတို့ရဲ့စက်ကို Restart ချပေးရမှာ ဖြစ်ပါတယ်..။ ဝင်းဒိုးပြန်တက်လာတဲ့ အခါ CD/DVD or USB တပ်ကြည့်ပါ..။ တနည်းနဲ့ အဆင်မပြေမှ နောက်တနည်းကို ပြောင်းသုံးပါ..။ ကျနော်စမ်းတဲ့ စက်မှာတော့ လုပ်နည်း(၃)နဲ့ အဆင်ပြေသွားပါတယ်..။ ဝင်းဒိုးတခုနဲ့တခု Error ဖြစ်ပေါ်ပုံချင်း၊ ဗိုင်းရပ်စ်ထိပုံချင်း မတူတဲ့အတွက် ကျနော်သုံးတဲ့၊ အဆင်ပြေတဲ့နည်းမှာ တခြားလူတွေအတွက် အဆင်ပြေချင်မှ ပြေမှာပါ..။ ဒါကြောင့် လုပ်နည်းတွေ ရှိသလောက် စုပြီး တင်ပေးလိုက်ပါတယ်..။ ဝင်းဒိုးရဲ့ Setting တွေထဲ အဆင့်ဆင့်မဝင်လိုတဲ့ သူများကတော့ ပထမနည်းနဲ့ ဒုတိယနည်းတွေကို အရင်သုံးကြည့်ပါ..။ နောက်ဆုံးနည်းဖြစ်တဲ့ လုပ်နည်း(၄)ကတော့ gpedit.msc လို့ အတိုကောက်ခေါ်တဲ့ Local Group Policy Editor ထဲမှာ ဝင်ပြောင်းပေးရမှာ ဖြစ်တဲ့အတွက်.. ၎င်း လုပ်နည်းကိုတော့ Windows 7, Vista တို့ရဲ့ဗါးရှင်းတွေဖြစ်တဲ့ ဝင်းဒိုး Ultimate And Professional ဗါးရှင်းတွေနဲ့ Windows 8 တွေမှာပဲ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ တခြား ဝင်းဒိုးဗါးရှင်းတွေမှာ အသုံးပြုလို့ မရပါဘူး..။ ဒါကြောင့် လုပ်နည်းတွေ အများကြီးနဲ့ ပိုစ့်တင်ပေးလိုက်တာ ဖြစ်ပါတယ်..။ လုပ်လိုက်ဖို့ စာဖတ်ယုံနဲ့ မလွယ်တဲ့ သူများအတွက်ပါ အောက်မှာ လုပ်နည်းတခုစီတိုင်းကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။

BOOTMGR is missing Error ဖြေရှင်းနည်း


27 Oct 12, 09:29 PM
hanmyo:
အကိုရယ် ကျနော့်ကိုတခုလောက် ကူညီပါအုံး ကျနော့်စက် ဖွင်လို့မရဖြစ်သွားလို့ ကျနော့်စက်က acer 4.74Aပါစက် ကိုဖွင့်လိုက်တာနဲ့ BOOTMER is missing Press Ctrl+Alt+Del to restart လို့ပေါ်လာတယ် window လဲတက်မလာဘူး အဲဒါကိုဘယ်လိုလုပ်ရမလဲ မစပါအုံးအကိုရယ် ကျေးဇူး တင်လျှက�
ဒီဖြေရှင်းနည်းလေးကို Windows 7 ကုမ္ပဏီက ဒီရှစ်လပိုင်းအကုန်က တင်ပေးထားပါတယ်..  2007 ခုနှစ်တုန်းက ရှိခဲ့တဲ့ ဖြေရှင်းနည်းက Windows Vista အတွက်ထုတ်ပေးခဲ့တာပါ.. Windows Vista အတွက် ဆိုပေမယ့် တချို့ အဲ့ဒီနည်းနဲ့ Windows 7 မှာလည်း အသုံးပြုလို့ ရခဲ့ကြပါတယ်.. အခုလည်း ဒီနည်းကို Windows 7 မှာရော၊ Vista မှာပါ ဒီလို Error အတွက် အသုံးပြုလို့ ရပါတယ်.. ဒီအောက်မှာတော့ Windows 7 ကုမ္ပဏီမှာ ရေးပြထားတဲ့ စာသားတွေထဲက အနည်းငယ်ဖေါ်ပြပေးလိုက်ပါတယ်.. ဒီဖြေရှင်းနည်းကို Windows 7 ကုမ္ပဏီက အတိုကောက် BCD ဖြေရှင်းနည်းလို့ ခေါ်ပါတယ်..။ ဒီ Error ဖြေရှင်းနည်းပိုစ့်ကို PDF ဖိုင်နဲ့ ထုတ်ပေးထားပါတယ်.. လိုအပ်တဲ့သူများ ပိုစ့်ရဲ့ အောက်ဆုံးမှာ ဒေါင်းယူနိုင်ပါတယ်..
August 31, 2012
Bootrec.exe options
The Bootrec.exe tool supports the following options. Use the option that is appropriate for your situation.
Note Use the Bootrec.exe tool to troubleshoot "Bootmgr Is Missing" issue. If rebuilding the BCD does not resolve the startup issue, you can export and delete the BCD, and then run this option again. By doing this, you make sure that the BCD is completely rebuilt.
To do this, type the following commands at the Windows RE command prompt:

Drive C,D,E,F ဖွင့်မရတဲ့ Error ဖြေရှင်းနည်းနှင့် One Click Restore Point


 10 Oct 12, 12:41 AM
zin:
my computer က drive c d တွေ ဖွင့်၇င် ဖွင်လိုမ၇ပဲ search ပဲပေါ်လာလို့ ဘယ်လို ပြန်လုပ်၇မလဲ အကို
ဒီ Error ကို အောက်မှာ ပြထားတဲ့ နည်းနဲ့ ဖြေရှင်းလိုက်ရင် ကောင်းသွားပါလိမ့်မယ်.. အရင်ဆုံး ဒီနည်းကို မလုပ်ခင် One Click Restore Point နဲ့ Restore Point တခု အရင်ဖန်တီး ထားသင့်ပါတယ်..။ တကယ်လို့ မထင်မှတ်ပဲ နောက်ထပ် အယ်ရာတခု ထပ်ပေါ်လာခဲ့ရင် ဒီ Restore Point လေးနဲ့ ဒီနေ့ ဒီအချိန်ကို ပြန်လာလို့ ရမှာ ဖြစ်ပါတယ်.. ကြိုတင် ကာကွယ်တဲ့ သဘောပါ.. ကျနော်တို့ CMD တို့၊ Commant Prompt တို့လို နေရာတွေမှာ ဝင်ပြင်ရတာ လက်ရှိ ကောင်းနေတဲ့ ကွန်ပျူတာတွေအတွက် စွန့်စားခန်းတခုလို အန္တရယ်များလွန်းပါတယ်.. စက်တလုံးနဲ့ တလုံး ပြဿနာချင်း မတူတဲ့ အတွက် ဒီစက်မှာ ဒီလိုနည်းနဲ့ ကောင်းနေပေမယ့် နောက်စက်တလုံးမှာ ဒီနည်းနဲ့ အဆင်ပြေချင်မှ ပြေမှာပါ.. ဒီသဘောကိုတော့ နားလည်ထားရပါမယ်.. အခုဒီိမှာ လုပ်နည်း ၂ခုကို ဖေါ်ပြပေးထားပါတယ်.. ပထမနည်းနဲ့ အဆင်ပြေသွားတဲ့လူ အတော်များများရှိပါတယ်.. ပထမနည်းနဲ့ မရတဲ့ စက်တွေမှာ ဒုတိယနည်းနဲ့ ထပ်လုပ်ပေးလိုက်ရင် ကောင်းသွားပါလိမ့်မယ်.. တနည်းကို အရင်စမ်းကြည့်ပါ.. အဆင်မပြေမှ နောက်တနည်းကို ထပ်စမ်းပါ..။ One Click Restore Point ကို အောက်ကလင့်ကနေ အရင်ဒေါင်းယူလိုက်ပါ.. ဖိုင်ဆိုဒ်က သေးသေးလေးပါ.. 400 kb ပဲ ရှိပါတယ်.. ဒီပိုစ့်မှာ ပြထားတဲ့ ပုံတွေနဲ့ ဒီလုပ်နည်းကိုပါ အဲ့ဒီဖိုင်ထဲမှာ Notepad နဲ့ ရေးပေးထားပါတယ်..

Windows Media Player Error ဖြေရှင်းနည်း



6 Sep 12, 06:16 AM
aungmyatzaw: အကိုရယ် ကျနော် စက်မှာ window media player ဖွင့်လို့မရတော့ဘူး window media ကိုဖွင့်လိုက်လျင် Server execution failed ဆိုတဲ့ massage boxတက်လာတယ် အကိုရယ် ကူညီပါအုံး ကျေးဇူးတင်ပါတယ် ကျနော်စက်က window 64bit ပါ
11 Sep 12, 03:09 AM
aungmyatzaw.91@gmail.com: အကိုရယ် ကျနော့်စက်မှာ window media playar ဖွင့်မရသေးဘူး အကိုဟိုတခါပေးတဲံအတိုင်းလုပ်ပါတယ် ဒါပေမဲ့မရသေးဘူး အကိုရယ် နောက်လုပ်တဲ့နည်းလေးရှိရင် ကျနော်အတွက် ပို့ပေးပါအုံးလား အကိုရယ် ကျေးဇူးတင်လှက် အကို ဒီထက်မကအောင်မြင်ပါစေနော်း�
ဒီနည်းလေးက Windows7 မှာ လုပ်တဲ့နည်းလေးပါ..။ ဒီအပေါ်က အစ်ကိုရေးထားသလို Window Media Player Error အတွက် ဒီနည်းလေးနဲ့ အဆင်ပြေမယ်ထင်ပါတယ်..။ ဟိုတနေ့က ပေးထားတဲ့လင့်က လုပ်နည်းလေးကို English လို ရေးထားတဲ့ ဆိုဒ်တခုကို ရှာပြီးပေးလိုက်တာပါ..။ အဲ့နေ့က မအားလို့ ဒီနေ့တော့ Error ရှင်းနည်း နောက်တမျိုးကို နားလည်လွယ်အောင် ပုံလေးတွေနဲ့ ဖေါ်ပြပေးလိုက်ပါတယ်..။ ဒီလိုအဲရာတွေ အများဆုံးဖြစ်တတ်တာ Windows ထဲမှာရှိတဲ့ Window Media Player 12 ကို ထည့်လိုက်တဲ့အခါ ဒါမှမဟုတ် Update လုပ်လိုက်မိတဲ့အခါ ဒီလိုမျိုးလေးတွေ ဖြစ်တတ်ပါတယ်..။ အခုဒီနည်းက Window Media Player 12 ကို ထုတ်ပစ်ပြီး Window Media Player 11 ကိုပြန်ပြီး ထည့်ပြမယ့်နည်းလေးပါ..။ Window Media Player 12 ကို ထုတ်တာ ရိုးရိုးထုတ်လို့ မရပါဘူး..။ သူ့ဖိုင်တွေရှိတဲ့ နေရာတွေကို လိုက်ရှာပြီး ထုတ်ပစ်ပေးရပါမယ်..။ ဒါကြောင့် အဲ့လို အဲရာဖြစ်တဲ့သူများ အောက်ကပုံလေးတွေအတိုင်း လိုက်လုပ်ပေးလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။ တကယ်လို့ Player 11 မှာဖြစ်ရင် Player 10 ကိုယူပြီးထည့်ပါ..။ အောက်မှာ လင့်လေးတွေ ချိတ်ပေးလိုက်ပါတယ်..။ မိမိတို့အတွက် အဆင်ပြေမယ့် Player ကို ရှာပြီး အရင် ဒေါင်းယူလိုက်ပါဗျာ..
Related Posts Plugin for WordPress, Blogger...