Showing posts with label Games. Show all posts
Showing posts with label Games. Show all posts

Portable Crazy Taxi For PC


 အပေါ်က ပုံလေးကတော့ ဒီဂိမ်းလေးကို ကျနော် စမ်းကစားထားတဲ့ ပုံလေးပါ..။ Portable လေးမို့ ၂ချက်တောက်ပြီး ကစားလို့ ရပါပြီ..။ အညွှန်းတွေကတော့ အဆင့်လိုက်ပုံမှာ ပေါ်နေတဲ့ ကီးတွေကို နှိပ်ပြီး ဝင်သွားရမှာပါ..။ ဥပမာ အောက်ကပုံမှာ ပြထားတဲ့ A ကီးကို ပြထားရင် အဲ့ဒီအဆင့်မှာ A ကီးနဲ့ ဝင်ရမှာပါ..။ ကစားတဲ့အခါမှာတော့ ကီးဘုတ်က မျှားလေးခုနဲ့ပဲ ကစားရတာပါ..။ အချိန်သတ်မှတ်တဲ့နေရာမှာ ရွေးလို့ရပြီး ကစားတဲ့အခါမှာတော့ မြင်သမျှ အကုန်လိုက်တိုက်ပစ်လို့ (အပေါ်ကပုံအတိုင်း) အမှတ်တမှတ်မှ မရပါဘူး..။ 3D မြင်ကွင်းနဲ့ ဖန်တီးထားလို့ ကစားလို့ကောင်းတဲ့ ဂိမ်းလေးပါ..။ ဒီဂိမ်းလေးကို ကစားလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 20 MB ရှိပါတယ်..။ ဝင်ရမယ့် နေရာတွေကို အောက်မှာ ပုံအနည်းငယ်နဲ့ ပြပေးထားပါတယ်..။

Jewel Legends 2 Atlantis Final

 ဒီဂိမ်းလေးကတော့ အပေါ်က ပုံတွေထဲမှာ မြင်နေရတဲ့ အတိုင်း အရောင်တူတဲ့ ၊ ပုံတူတဲ့ ပစ္စည်းလေးတွေကို သုံးလုံးတတန်း ဖြစ်အောင် လိုက်ပြောင်းပေးပြီး ဆက်ပေးရတဲ့ Jewel Legends 2 Atlantis Final ဂိမ်းလေးပါ..။ အခုနောက်ပိုင်း Apple ဖုန်းတွေနဲ့ Samsung တို့လို Android ဖုန်းတွေတိုင်းမှာ အများဆုံး ကစားတာ တွေ့နေရတဲ့၊ လူကြိုက်များ၊ လူကစားများတဲ့ ဂိမ်းလေးနဲ့ ကစားပုံတူပါတယ်..။ ဒီဂိမ်းလေးကို ကစားလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 112 MB ရှိပါတယ်..။

King Oddball PC Game

 King Oddball PC Game လေးပါ..။ ကစားနည်းက Angry Birds ဂိမ်းလေးတွေနဲ့ တူပါတယ်..။ အေးအေးဆေးဆေးနဲ့ မျက်လုံးအေးအေးလေး ကစားလို့ ရတဲ့ ဂိမ်းလေးပါပဲ..။ ဒီဂိမ်းလေးကို ကစားလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 32 MB ရှိပါတယ်..။

Air Assault 2 PC Game

ဒီဂိမ်းလေးက ဟိုးအရင်တုန်းက ကျနော် မကြာမကြာဆော့ခဲ့တဲ့ ဂိမ်းလေးပါ..။ အခုမှ ပြန်ရှာတွေ့လာလို့ ဂိမ်းကစားလိုတဲ့သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ Install ထည့်ပြီးတာနဲ့ တန်းကစားလို့ရတဲ့၊ 3D စတိုင်ဖန်တီးထားတဲ့၊ တိုက်လေယဉ်နဲ့ သနတ်ပစ်ရတဲ့ ဂိမ်းလေးပါ..။ သနတ်ပစ်ရတဲ့ ကီးတွေကလည်း ရှင်းပါတယ်..။ မောက်စ်ကလစ်နဲ့ပဲ ပစ်သွားတာပါ..။ Shift ကီးနဲ့ တွဲနှိပ်ပြီး ပစ်ရင် ကျည်ဆံနောက်တမျိုး ပြောင်းထွက်တတ်ပါတယ်..။ ဒါပေမယ့် ပါဝါတွေ စားပြီးမှ လုပ်လို့ ရမှာပါ..။ ဒီသနတ်ပစ်ဂိမ်းလေးကို ကစားချင်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 22 MB ရှိပါတယ်..။

Hercules for PC Game

ဒီ Hercules  ဂိမ်းလေးကတော့ အပြေးအလွှား ကစားရတဲ့ ဂိမ်းလေးပါ..။ ဒီဂိမ်းလေးကို ကစားဖို့ အသုံးပြုရတဲ့ ကီးဘုတ်က ကီးတွေကတော့ Z-X-C-D နဲ့ ကီးဘုတ်က မျှား၎-ခုပါပဲ..။ ဒီဂိမ်လေးကို ကစားဖို့ဆိုရင် မိမိတို့ရဲ့ စက်ထဲက Antivirus တွေကို ပိတ်ထားပြီးမှ ကစားလို့ ရမှာပါ..။ Antivirus တွေနဲ့ မတည့်တဲ့အတွက် ဒီကောင်လေးကို ဖွင့်လိုက်တိုင်း Antivirus က ဖျက်ပစ်ပါလိမ့်မယ်..။ ဒီဂိမ်းလေးကို ဖူးကစားလို့ ရအောင် အရင်ဆုံး ဒီဖိုင်ထဲမှာ ပါလာတဲ့ Registry Crack ဖိုင်လေး ၂ခုကို အရင် Run ပေးလိုက်ပါ..။ ဒါဆိုရင် ဒီကောင်လေးကို ကစားလို့ ရသွားပါပြီ..။ အောက်မှာလည်း အဆင်ပြေပြေကစားလို့ ရအောင် ကျနော် ပုံလေးတွေနဲ့ လုပ်ပြပေးထားပါတယ်..။ ဒီဂိမ်းကို ကစားလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 18.2 MB ရှိပါတယ်..။ ကျနော် ဒီဂိမ်းလေးကို ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။ 

Bad Piggies 1.2.0 Final PC Game

Bad Piggies 1.2.0 Final PC Game လေးပါ..။ ဒီဂိမ်းလေးကို ဖူးကစားလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ အရင်တုန်းက ပိုစ့်တွေမှာလည်း crack နဲ့ ဖူးဖြစ်အောင် လုပ်ပြထားတဲ့ ပိုစ့်တွေအများကြီးပါ..။ ဒါကြောင့် ဒီပိုစ့်မှာ crack ဖိုင်ထည့်ပြထားယုံပါပဲ..။ အသေးစိတ်ကိုတော့ အရင်ကပိုစ့်တွေမှာ ကတည်းက လုပ်တတ်နေလောက်ပြီလို့ ထင်ပါတယ်..။ crack ဖိုင်ထည့်နည်းကတော့ အားလုံးအတူတူပါပဲ..။ ဒီဂိမ်းလေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 29.9 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။ 

Mortal Kombat 5 PC Game


ဒီဂိမ်းလေးကတော့ ကျနော်တို့ ငယ်ငယ်တုန်းက သဲကြီးမဲကြီးဆော့လာခဲ့တဲ့ ဂိမ်းလေးပါ..။ အခုပြန်ရှာတွေ့လာလို့ ကျနော်စမ်းကစားကြည့်ရင်း အဆင်ပြေတာနဲ့ ဂိမ်းကြိုက်တဲ့ သူများအတွက် ပြန်လည် တင်ပေးလိုက်ပါတယ်..။ အောက်ကပုံလေးအတိုင်း ဖိုင်ဖြည်ပြီးတာနဲ့ Play With Me ဖိုင်လေးကို ၂ချက်တောက်ပြီး တန်းကစားလို့ ရသွားပါပြီ..။ ဖိုက်တင်အတွက် ရှော့ကပ်ကီးတွေကတော့ ကီးဘုတ်မှ အပေါ်၊အောက် ဘေး၂ဖက် မျှားတွေနဲ့ Z-X-C-V ကီးတွေပဲ အများဆုံး အသုံးပြုရပါတယ်..။ လက်လေးဖက်၊ နင်ဂျာ၊ ဘရုစလီ၊ ဆုံးမ၊ သရဲ အများကြီးပါပဲ..။ အားရပါးရကစားလို့ ဖိုက်လို့ရပါတယ်..။ ရှော့ကပ်ကီးတွေနဲ့ ပါဝါတွေပါ ပစ်လွှတ်လို့ ရတဲ့အတွက် ပိုပြီး ကစားလို့ ကောင်းပါတယ်..။ ကျနော်လည်း အခုမှ PC မှာ ထည့်ကစားတာ ဖြစ်လို့ ရှော့ကပ်ကီး အားလုံးကို မသိသေးပါ..။ ကွန်ပျူတာမှာ ကစားလို့ ရတဲ့အတွက် တင်ပေးလိုက်ခြင်းသာ..။ ကျန်တဲ့ကီးတွေ အားလုံးကို သိဖို့ကတော့ ကစားလိုတဲ့လူပဲ လိုက်ရှာကြည့်လိုက်ပါ..။ ဒီဂိမ်းလေးကို ကစားချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 55.6 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။ 

Angry Birds Star Wars 1.1.2 Final


ဒီဂိမ်းလေးကတော့ ခလေး၊လူကြီး အားလုံးကြိုက်ကြတဲ့ ဂိမ်းလေးပါ..။ ကျနော် Angry Birds ဂိမ်းလေးတွေ မတင်ပေးဖြစ်တာ ကြာသွားပြီဖြစ်လို့ ဒီနေ့တော့ ဒီဂိမ်းလေးကို စမ်းကစားကြည့်ရင်း အဆင်ပြေတာနဲ့ တင်ပေးလိုက်ပါတယ်..။ ဒီဂိမ်းလေးကို ဖူးဖြစ်အောင် Patch ဖိုင်နဲ့ အရင် patch ဖမ်းပြီး၊ သူ့အတွက် ထည့်ပေးထားတဲ့ key လေးတွေနဲ့ ဖူးဖြစ်အောင် လုပ်ပြီးမှ အဆင်ပြေပြေကစားလို့ ရမှာ ဖြစ်ပါတယ်..။ အောက်မှာတော့ ကျနော် patch ဖိုင်ထည့်ထားတာကို နမူနာ ပြပေးထားပါတယ်..။ key ထည့်တဲ့ပုံကတော့ ဓါတ်ပုံရိုက်ယူလို့ မရတော့တဲ့အတွက် ချန်ထားခဲ့ပါတယ်..။ ဂိမ်းကို ဖွင့်ကစားမှ key ထည့်ပေးရမှာပါ..။ ဒီဂိမ်းလေးကို ကစားချင်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 69 MB ရှိပါတယ်..။

Plants Vs. Zombies Portable


ဒါလေးက Plants Vs. Zombies Portable ဂိမ်းလေးပါ..။ ၂ချက်တောက်ပြီး တန်းကစားယုံပါပဲ..။ ကျနော်လည်း စမ်းကစား ကြည့်ပြီးပါပြီ..။ အဆင်ပြေပါတယ်..။ ဒီပိုစ့်ကနေ စပြီး နောက်ပိုင်းပိုစ့်တွေမှာ ကျနော့် Blog ရဲ့ Password မခံပေးတော့ပါဘူး..။ ဘာလို့လဲဆိုတော့ tny paste ဆိုဒ်က Unlock Code တွေခံထားပေးနေလို့ ဒေါင်းလော့လင့် နေရာကို အဲ့ဒီကုတ်တွေ အကောင့်ဖွင့် ဝင်ပြီး ယူမှ ဖိုင်တွေကို ဒေါင်းယူလို့ ရမှာပါ..။ Get Unlock Code ယူနည်းကို မနေ့က ပိုစ့်တင်ပေးထားတဲ့အတိုင်း လုပ်ပြီး ကုတ်တွေယူထည့်ပေးလိုက်ရင် ဒေါင်းလော့လင့်တွေကို မြင်ရ၊ယူလို့ရသွားပါလိမ့်မယ်..။ ဒီ Portable ဂိမ်းလေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.။ ဖိုင်ဆိုဒ်ကတော့ 33.3 MB ရှိပါတယ်..။ 

Plants Vs. Zombies 2012 Full Version


15 Jan 13, 05:16 AM
lamin: အစ်ကို... Plant vs zombies full gameလေးတင်ပေးစေချင်ပါတယ်.... pc မှာကစားချင်လို့ ကူညီပါအုံးနော်.....
အခုနောက်ပိုင်းတော့ တောင်းထားတဲ့ဆော့ဝဲလ်တွေကို အရင်တုန်းကလို သက်သက်မဲ့ လိုက်မရှာဖြစ်တော့ပါ..။ ဘာလို့လဲဆိုတော့ ဆော့ဝဲလ်ရှာရင်းနဲ့ ပိုစ့်တင်ပေးဖို့တောင် အချိန်မရတော့တဲ့ နေ့တွေများလာလို့ အခုလို လမ်းကြုံရလာတော့မှပဲ တင်ပေးပါတော့မယ်..။ တောင်းထားကြတဲ့ ဆော့ဝဲလ်တွေကို အလွယ်လေး ရလာရင်တော့ တင်ပေးဖြစ်မှာပါ..။ တခါတလေမှာ ဆော့ဝဲလ်ရှာရင်းနဲ့ အချိန်သာ ကုန်သွားတယ်..။ တခုမှဖူးသုံးလို့မရတဲ့အခါ အချိန်တွေကို နှမျောနေမိလို့.. ဒီနေ့ပိုစ့်လို လမ်းကြုံရလာတဲ့ အခါကျမှပဲ တင်ပေးဖြစ်တော့မှာပါ..။ ဒါကြောင့် တခြားတောင်းထားတဲ့ ဆော့ဝဲလ်တွေကိုလည်း အမြန်မတင်ပေးဖြစ်တော့တာပါ..။ ဒီဂိမ်းလေးကို ရထားတာ ၄၊၅ရက်လောက်တော့ ရှိနေပါပြီ..။ Connection က ဖိုင်တွေဒေါင်းရင် မြန်ပေမယ့် ပြန်ပြီး Upload တင်တဲ့အခါမှာတော့ တော်တော်လေး နှေးနေလို့ 60 MB လောက်ကို အကြိမ်ကြိမ်တင်ပေမယ့် အဆင်မပြေပါ..။ ဒါကြောင့် ဒီရက်ထဲမှာ သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး သူ့ဆီကနေ ဒီလိုဖိုင်ဆိုဒ်များတာတွေကို တင်ပေးလိုက်တာပါ..။ ဒီနေ့တော့ ဒီဂိမ်းဖိုင်လေးကို လင့်သုံးခုမှာ တင်ပေးပြီးသွားလို့ သူငယ်ချင်းက အကြောင်းကြားလာတဲ့အတွက် ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်..။ ဒီဂိမ်းလေးက ၂ချက်တောက်ပြီး Install ထည့်ပြီး တန်းကစားလို့ရတဲ့ ဖူးဖြစ်ပြီးသား ဂိမ်းလေးပါ..။ အောက်မှာ ကျနော်စမ်းကစား ထားတာလေးကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီဂိမ်းလေးကို ကစားချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 60.1 MB ရှိပါတယ်..။ ဒီဂိမ်းဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။

Angry Birds Bad Piggies Final 1.0.0


ဒီဂိမ်းလေးက Angry Birds Bad Piggies လေးပါ.. သူ့အတွက် ဖူးကစားလို့ရအောင် Patch ဖိုင်လေးပါထည့်ပေးထားပါတယ်.. patch ဖိုင်ကို ဖိုင်ဖြည်တဲ့အခါမှာ Antivirus တွေကို ခဏ Temporary Disable ပေးပြီး ပိတ်ထားပြီးမှ Patch ဖိုင်ကိုထည့်ပါ.. ဒါဆိုရင် ဖူးကစားလို့ ရသွားပါပြီ.. Patch ဖိုင်ထည့်နည်း မသိသေးတဲ့သူများကတော့ IDM 6.12 Built 3 ပိုစ့်မှာ ပြန်ကြည့်ပေးပါ.. Patch ထည့်နည်းအတူတူပါပဲ.. ဒီဂိမ်းလေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 32.4 MB ရှိပါတယ်..

Angry Birds Seasons 2.5.0 - Back to School


 Angry Birds ဂိမ်းလေးတွေ မတင်ပေးဖြစ်တာ အတော်ကြာသွားပါပြီ.. ဒီနေ့တော့ ဒီဂိမ်းတွေကို တင်ပေးလိုက်ပါတယ်.. လူကြီးတွေတော့ ကြိုက်မကြိုက် မသိပါဘူး.. ခလေးတွေတော့ ဒီဂိမ်းလေးတွေကို အရမ်းကြိုက်ကြပါတယ်.. သူ့အတွက် Key လေးပါ ထည့်ပေးထားပါတယ်..။ ဒီဂိမ်းလေးကို Install ထည့်ပြီးသွားရင် ကီးတောင်းပါလိမ့်မယ်.. သူ့ကီးလေးကို ထည့်ပေးလိုက်ရင် Full ကစားလို့ ရသွားပါပြီ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ... ဖိုင်ဆိုဒ်ကတော့ 60.8 MB ရှိပါတယ်..

အန်းဂရီးဘတ် ရီယို ဂိုလ်းဒ် Free Game Download



ဒီနေ့တော့ အန်းဂရီးဘတ် ရီယို ဂိုလ်းဒ် ဂိမ်းလေး တင်ပေးလိုက်ပါတယ်..။ သူ့အတွက်ကီးလေးပါ ထည့်ထားပေးပါတယ်..။ အဲကီးလေးကို အရင် ထည့်ပေးပြီးမှ Install ဆွဲလို့ ရမှာပါ..။ ကျနော် ဒီရက်ထဲ သိပ်မအားတာနဲ့ ပိုစ့်တွေတင်ပေးဖို့ နောက်ကျနေပါတယ်..။ နောက်ရက်တွေ အားလာရင်တော့ အချိန်ပိုပေးပြီး ပိုစ့်တွေ များများတင်ပေးသွားပါ့မယ်..။ အခုတော့ ဒီဂိမ်းလေးကို ကစားချင်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 48.1 MB ရှိပါတယ်..။ နောက်တခုက msvcp100.dll အဲရာတက်တဲ့ စက်တွေမှာ ဒီဂိမ်းကို ကစားလို့ ရမှာ မဟုတ်ပါဘူး..။

အန်းဂရီးဘတ် စပေ့စ် Game Free Download


ဒီနေ့တော့ ဒီဂိမ်းလေးရလာလို့ ဖူးဖြစ်အောင် လုပ်နည်းလေးပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီဂိမ်းလေးကိုတော့ အင်္ဂလိပ်လို မရေးပေးတော့ပါဘူး.. သူ့နာမည်ကို ပုံမှာပဲကြည့်လိုက်ပါ..။ အရင်တုန်းက တင်ပေးခဲ့တဲ့ အန်းဂရီးဘတ် ပေါတေးဘယ်ဂိမ်းလေးတွေက တချို့စက်တွေမှာ ဆော့လို့ ရပေမယ့်.. တချို့စက်တွေမှာ ကစားလို့ မရတာလေးတွေ ရှိခဲ့ပါတယ်.. ကျနော်နေတဲ့နားက သူငယ်ချင်းနှစ်ယောက်ရဲ့ စက်တွေမှာ ဆော့လို့ မရတာပါ..။ ဘာကြောင့်လဲဆိုတာ ကြည်ကြည့်တော့ သူတို့စက်မှာတင်ထားတဲ့ Windows7 ထဲက System32 ထဲမှာရှိတဲ့ .dll ဖိုင်တွေမစုံလို့ပါ..။ Windows7 တင်တဲ့ အချိန်တုန်းက ဒီ .dll ကောင်လေးတွေကျန်ခဲ့တာပါ..။ ဒါကြောင့်ဆော့လို့ မရကြတာပါ..။ အဲဒီဂိမ်းတွေကို ကျနော့်စက်မှာ ဆော့ကြည့်တော့ ရနေပါတယ်..။ ရလို့လဲတင်ပေးလိုက်တာပါ.. ဒါကြောင့် မိမိတို့စက်က ဝင်းဒိုးရဲ့ ချို့ယွင်းချက်ကြောင့် ဆိုရင်တော့.. အရင်တုန်းက တင်ပေးထားတဲ့ အန်းဂရီးဘတ် ပေါတေးဘယ် ဂိမ်းတွေ ကစားလို့ရမှာ မဟုတ်ပါဘူ.. 
ဒီနေ့တင်ပေးလိုက်တဲ့ အန်းဂရီးဘတ်စပေ့စ် ဂိမ်းလေးကတော့ Install ဆွဲထည့်ပေးရမယ့် ဂိမ်းလေးပါ.. ဖိုင်ဆိုဒ်ကတော့ 32.3 MB ရှိပါတယ်..။ Full Version ဖြစ်အောင် အထဲမှာပါတဲ့ Patch ဖိုင်လေးကို copy ကူပြီး .. Desktop မှာပေါ်လာတဲ့ အန်းဂရီးဘတ်စပေ့စ် ပုံလေးပေါ်မှာ Right Click ထောက်ပါ .. အောက်မှာပုံလေးတွေ ဆက်ကြည့်ပြီး ... Full Version ဖြစ်အောင် လုပ်ပြထားပါတယ်.. ကစားချင်တဲ့သူများကတော့ အရင်ဒေါင်းယူလိုက်ပါ.. ဖိုင်နာမည်ကို 007ABSE လို့နာမည်ပေးထားပါတယ်..

Alien Shooter Game Free download


ဒီနေ့တော့ Game လေးတွေတင်ပေးချင်တာနဲ့ Alien Shooter ဂိမ်းလေးကို အရင်တင်ပေးလိုက်ပါတယ်..။ အရမ်းဆော့လို့ကောင်းပါတယ်..။ ကျည်ဆန်တွေလည်း အများကြီးပေးတယ်..။ အမုန်းပစ်ရမှာပါ..။ ဆော့လို့ကိုမကုန်နိုင်ဘူးထင်ပါတယ်..။ အခန်းတွေက တခန်းပြီးတခန်း.. အကောင်တွေကလည်း အပုံလိုက် အထွေးလိုက်.. အကောင်တွေပစ်ရင်းနဲ့ ပေးလာတဲ့ ကျည်တွေကိုလည်း ရအောင်လိုက်ဖမ်းရတယ်..။ အခန်းမြင့်လေ ပိုခက်လေပဲ.. ကျနော်အရင်တုန်းက ဆော့ခဲ့တဲ့ ဂိမ်းလေးပါ.. ဂိမ်းအဟောင်းလေးဆိုပေမယ့် အရမ်းဆော့လို့ ကောင်းပါတယ်.. တခါမှ အခန်းအားလုံးကုန်အောင် မကစားနိုင်ခဲ့ဘူး.. အခုဆို ဘလော့မှာ စာရေးတာနဲ့ အချိန်ကုန်နေလို့ လုံးဝကို မကစားဖြစ်တော့ဘူး.. ဒီဂိမ်းလေးက Portable လေးပါ.. ဒေါင်းလော့ချပြီးရင် ဖိုင်ဖြည်.. ထွက်လာတဲ့ဖိုင်ကို ၂ချက်တောက်ဖွင့်.. ပွင့်လာတဲ့ဖိုင်တွေထဲက သနတ်ပုံ အိုင်ကွန်လေးကို Double Click ပေးလိုက်ရင် ဆော့လို့ ရပါပြီ.. လိုအပ်တဲ့သူများ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 51 MB ရှိပါတယ်..

သနတ်ပစ် BeachHead Game


ကွန်မန်ဒို စစ်သားတစ်ယောက်တည်းကို ရန်သူတွေ အများကြီးက ဝိုင်းပစ်ကြတာ..။ ကိုယ်က ကွန်မန်ဒိုစစ်သား ... ကျည်ဆန်တွေတော့ အများကြီးပေးတယ်..။ Counter Game နဲ့ နင်လားငါလားပဲ..။ အရမ်းဆော့လို့ ကောင်းတယ်..။ ကီးဘုတ်က Space Bar နဲ့ သနတ်ပြောင်းရတယ်..။ ရန်သူ့လေယာဉ်တွေ လာရင် ကီဘုတ်မှ M ခလုတ်ကို နှိပ်လိုက် ... လေယာဉ်တွေကို ပစ်ချပေးတယ်..။ တင့်ကားတွေဆို လောင်ချာနဲ့ ထုပါ...။ ပုံမှာပြထားသလိုပဲ ကိုယ်တစ်ယောက်ထဲကို ဝိုင်းသမကြတာ.... တော်တော်လေး ဆော့လို့ကောင်းတယ်...။ နိုင်တာများတယ်..။ Install ဆွဲပြီးတာနဲ့ Option မှာ ကီးတွေကို အရင်ဝင်ကြည့်ပြီးမှ ကစားတာ ပိုကောင်းတယ်...။ အောက်မှာ နှစ်နေရာ ခွဲတင်ပေးထားတယ်...။ အဆင်ပြေတဲ့လင့်ကနေသာ ဒေါင်းယူသွားလိုက်ပါ... ဖိုင်ဆိုဒ်ကတော့ 14.5 MB ရှိပါတယ်...။
 ဒီနေ့တင်ပေးတဲ့ ဂိမ်းတွေအားလုံး မိမိတို့ရဲ့ ကွန်ပျူတာမှာ ဂရပ်ဖစ်မန်မိုရီ 100 MB ကျော်လောက် ရှိရင်ကိုပဲ ကစားလို့ ရပါပြီ.. အားလုံး ဖူးဗားရှင်းတွေပါ... ဘာကီးမှမလိုပါဘူး...


အရောင်တူ အလုံးလေးတွေ ပစ်ကြည့်မယ် ZUMA Game


မျက်စိအေးအေးနဲ့ ဆော့လို့ကောင်းတဲ့ ဂိမ်းလေးပါ..။ အရောင်တူ ဘောလုံးလေးတွေကို ပစ်ပြီး ဖြိုချပေးရပါတယ်...။ လူကြီးတင် မဟုတ်ပါဘူး ကလေးတွေပါ ဆော့လို့ရပါတယ်..။ Install ဆွဲပြီးတာနဲ့ ကစားလို့ ရပါပြီ.. လိုချင်တဲ့သူများကတော့ အောက်က အဆင်ပြေတဲ့လင့်ကနေသာ ဒေါင်းယူသွားလိုက်ပါ.. ဖိုင်ဆိုဒ်ကတော့  5.4 MB ရှိပါတယ်..


ဆိုင်ကယ်ပြိုင်မောင်းမယ် RoadRash Game


ဆိုင်ကယ်ကို အပြိုင်အဆိုင် မောင်းချင်တဲ့ သူများ ဒီအောက်က အဆင်ပြေတဲ့လင့်ကနေသာ ယူသွားလိုက်ပါ... သူလည်းကီးထည့်ဖို့ မလိုပါဘူး.. Install ဆွဲပြီးတာနဲ့ ကစားလို့ ရပါပြီ...။ ဖိုင်ဆိုဒ်ကတော့  17.2 MB  ရှိပါတယ်..။ ဂိမ်းအဟောင်းလေးတွေ ဆိုပေမယ့် ဆော့လို့ကောင်းတဲ့ ဂိမ်းလေးတွေပါ...


ပါဝါတွေနဲ့ သနတ်ပစ်မယ် Heavyweapon Game


သနတ်ပစ်ဝါသနာပါသူတွေအတွက် ဂိမ်းကောင်းလေးပါ..။ အရမ်းပစ်လို့ကောင်းတယ်..။ မရပ်မနားကို ပစ်ရမှာ.. ပါဝါတွေနဲ့ ပုံမှာပြထားသလိုပဲ.. အမုန်းပစ်...။ ကျနော့်လို မနိုင်လွန်းလို့ ဆက်မကစားတော့ဘူးတောင် ဖြစ်သွားမယ်...။ ဆော့ချင်တဲ့သူများ အောက်ကလင့် တခုခုကနေသာ ဒေါင်းယူသွားလိုက်ပါ...။ ဖရီးဂိမ်းတွေပါ...။ ဘာကီးမှ ထည့်ဖို့မလိုပါဘူ...။ Install ဆွဲပြီးတာနဲ့ ကစားလို့ ရပါပြီ...။ ဖိုင်ဆိုဒ်ကတော့ 8.1 MB ရှိပါတယ်..။ ကစားနည်းကို Option ကနေ ကီးတွေအရင် ဝင်ကြည့်လိုက်ပါ...


စနူကာထိုးချင်သူများအတွက် TrickShot Game


ဒီနေ့တော့ game လေးတွေ တင်ပေးဖို့ စိတ်ကူးပေါ်တာနဲ့ ကျနော့်မှာ ရှိပြီးသား ဂိမ်းအဟောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်..။ ဒီဂိမ်းလေးတွေက အဟောင်းတွေဆိုပေမယ့် အရမ်းဆော့လို့ ကောင်းတဲ့ ဂိမ်းလေးတွေပါ..။ အရင်ဆုံး ဒီ TrickShot ဂိမ်းလေးကို တင်ပေးလိုက်ပါတယ်..။ မကစားခင် Key တွေကို game ရဲ့ Option ထဲမှာ အရင်ဝင်ကြည့်ပါ..။ ကီးတွေသိပြီးမှ ဆော့တာပိုကောင်းပါတယ်..။ လိုချင်တဲ့ သူများကတော့ အောက်မှာသာ ဒေါင်းယူသွားလိုက်ပါ.. ဖိုင်ဆိုဒ်ကတော့ 10.3 MB ရှိပါတယ်..။


Related Posts Plugin for WordPress, Blogger...