iPhotoDraw 1.6 Final



ဒီကောင်လေးက မိမိတို့ရဲ့ ပုံလေးတွေကို ပြင်ဆင်လို့ရသလို ၊ စိတ်ကြိုက်ကာတွန်းပုံလေးတွေပါ ရေးဆွဲလို့ရတဲ့ ဆော့ဝဲလ်လေးပါ..။ အသုံးပြုရတာ Photohop နဲ့ ခပ်ဆင်ဆင်တူသလို၊ Illustrator နဲ့လည်းတူပါတယ်..။ ဒီဆော့ဝဲလ်လေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုလို့အဆင်ပြေတဲ့၊ ဇော်ဂျီဖေါင့်နဲ့ပါ မြန်မာစာရေးလို့ရတဲ့ ပရိုဂရမ်လေးပါ..။ ဖိုင်ဆိုဒ်ကလည်း 7.8 MB ပဲရှိပါတယ်..။ Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ရတဲ့ ဖရီးဆော့ဝဲလ်လေးပါပဲ..။ အသုံးပြုနည်းကတော့ မိမိတို့ စိတ်ထဲရှိသလို ပြင်ဆင်လို့ရတဲ့ Effect Tool တွေများလွန်းတဲ့အတွက် မိမိတို့ကိုယ်တိုင်ပဲ လေ့လာကြည့်ရမှာပါ..။ အောက်မှာတော့ ကျနော်စမ်းသုံးထားတဲ့ ပုံလေးပါ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ 

Autorun Virus Remover 3.3 Build 0328 Final


ဗိုင်းရပ်စ်တမျိုးဖြစ်တဲ့ Autorun Virus တွေကို ဖယ်ရှားပေးနိုင်တဲ့ နောက်ဆုံးထွက် Autorun Virus Remover 3.3 Build 0328 Final ဗါးရှင်းလေးပါ..။ မိမိတို့ကွန်ပျူတာကို USB ပေါက်တွေကနေ အသုံးပြုရတဲ့ မန်မိုရီစတစ်တို့လို၊ မန်မိုရီကတ်တို့လို ပြင်ပ USB Pendrive တွေကနေ ပါလာတတ်တဲ့ Autorun Virus တွေကို မိမိတို့စက်ထဲ မဝင်နိုင်အောင် ဒီကောင်လေးက စစ်ပေး၊ ကာကွယ်ပေးနိုင်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် Key လေးပါ ဒေါင်းလော့ဖိုင်ထဲမှာ ထည့်ပေးထားပါတယ်..။ ကီးထည့်တတ်အောင်နဲ့ အသုံးပြုတတ်အောင် အောက်မှာ ကျနော် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.8 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည် တခုနဲ့ ဖိုင်နာမည်ပြောင်း တင်ပေးထားပါတယ်..။

Butterfly on Desktop 1.0


မိမိတို့ရဲ့ ကွန်ပျူတာ Desktop ပေါ်မှာအလှဆင်ချင်တဲ့ သူများအတွက် လိပ်ပြာလေးတွေ ပျံဝဲနေစေမယ့် ဆော့ဝဲလ်လေးပါ..။  Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ ရသွားပါပြီ..။ Desktop ပေါ်က ဒီကောင်လေးရဲ့ Icon လေးကို ၂ချက်တောက်လိုက်တိုင်း လိပ်ပြာလေး ၂ကောင်စီ ပေါ်လာပါလိမ့်မယ်..။ တကောင်တည်းထားလို့လည်း ရသလို မိမိတို့လိုသလောက် အများကြီးလည်း ထားလို့ရပါတယ်..။ မလိုတော့ရင်တော့ ရပ်နေတဲ့ လိပ်ပြာလေးတွေပေါ်မှာ ၂ချက်တောက်ပေးလိုက်ရင် ပျောက်သွားပါတယ်..။ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း လိပ်ပြာလေးတွေ ပျံဝဲလ်နေပါလိမ့်မယ်..။ Desktop မှာ အလှဆင်ချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2.8 MB ရှိပါတယ်..။ 

WebcamMax 7.7.2.8 Final MultiLanguage


အရင်ကလည်း ဒီ WebcamMax ဆော့ဝဲလ်လေးတွေကို တင်ပေးခဲ့ဖူးပါတယ်..။ ဒီကောင်လေးကတော့ နောက်ဆုံးထွက်လာတဲ့ Final Update လေးပါ..။ ဒီကောင်လေးကို ဖူးဖြစ်အောင် patch နဲ့ keymaker ၂မျိုးနဲ့ လုပ်ပေးရမှာပါ..။ အဲ့လိုလုပ်နည်းကို အရင်တုန်းက WebcamMax ပိုစ့်အဟောင်းတခုမှာ လုပ်ပြပေးထားပါတယ်..။ လုပ်နည်းအတူတူပဲမို့ အဲ့ဒီပိုစ့်မှာပဲ ပြန်ကြည့်ပေးပါ..။ မိမိတို့ရဲ့ ကွန်ပျူတာ ကင်မရာကနေ မိမိတို့ရဲ့ ပုံလေးတွေကို ရုပ်ပြောင်လေးတွေ ဖန်တီးလို့ရတဲ့ WebcamMax 7 ဆော့ဝဲလ်လေးပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 25.2 MB ရှိပါတယ်..။

CCleaner Pro / Business Edition 4.00.4064 Final


CCleaner Pro / Business Edition နောက်ဆုံးထွက်လေးပါ..။ ကွန်ပျူတာနဲ့ Browser တွေကို အမှိုက်တွေရှင်းလင်းပေးပြီး သွက်လက်မြန်ဆန်အောင် လုပ်ပေးနိုင်တဲ့ System Tool လေးတခုပါ..။  ဒီကောင်လေးကို ဖူးဖြစ်အောင် crack ဖိုင်လေးတွေနဲ့ ကီးတွေပါ ထည့်ပေးထားပါတယ်..။ မိမိတို့ အသုံးပြုလိုတဲ့ Pro (or) Business ကို crack ဖိုင်လေးနဲ့ ရွေးပြီး အသုံးပြုနိုင်ပါတယ်..။ အဲ့လိုဖူးဖြစ်အောင် လုပ်နည်းတွေကို အရင်တုန်းက ပိုစ့်တွေမှာ လုပ်ပြပေးထားပြီးသားတွေ ရှိတဲ့အတွက် လိုအပ်တဲ့သူများကတော့ ဒီပိုစ့်ကနေ ဝင်ကြည့်နိုင်ပါတယ်..။ 
CCleaner Pro Edition ၊ CCleaner Business Edition ၊ CCleaner အသုံးပြုပုံပိုစ့်  
ဒီလို System Tools လေးတွေကို အသုံးမပြုခင် Restore Point တစ်ခုဖန်တီးထားရမှာ ဖြစ်ပြီ.. အသုံးပြုပြီးသွားတဲ့အခါမှာလည်း စက်ကို Restart ချပြီးမှ ဆက်ပြီး အသုံးပြုသင့်ပါတယ်..။ ဒီလို System Tool တွေကို အသုံးပြုတဲ့အခါတွေမှာ အဆင်မသင့်ရင် ဝင်းဒိုး Error တွေဖြစ်တတ်တဲ့အတွက် Restore Point တွေရှိနေမယ်ဆိုရင် အလွယ်တကူ နောက်ပြန်ဆုတ်လို့ ရမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောင်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.11 MB ရှိပါတယ်..။

System Speed Booster 3.0.0.2 Final

ဒီကောင်လေးကတော့ System Tool လေးတခုပါပဲ..။ ကျနော်တို့ရဲ့ ကွန်ပျူတာနဲ့ Browser တွေကို သွက်လက်မြန်ဆန်အောင် Registry Error တွေနဲ့ အမှိုက်တွေကို ရှင်းပေးနိုင်တဲ့ ပရိုဂရမ်ကောင်းလေးတခုပါ..။ အသုံးပြုရတာလည်း လွယ်ကူပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ crack နဲ့ ဖူးဖြစ်အောင် လုပ်နည်းကတော့ အရင်တုန်းက ပိုစ့်တွေမှာ လုပ်ပြထားခဲ့တဲ့ နည်းတွေနဲ့ အတူတူပါပဲ..။ ဒီပိုစ့်မှာတော့ crack ဖိုင်ထည့်တာကို ပုံအနည်းအငယ်နဲ့ပဲ ပြပေးထားပါတယ်..။ အသုံးပြုပုံကိုတော့ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုပြီးတဲ့ အခါတိုင်း မိမိတို့ရဲ့စက်ကို Restart ချပေးပြီးမှ ဆက်ပြီးအသုံးပြုပါ..။ လေးနေတဲ့စက်တွေမှာတော့ ပိုပြီးသိပါတယ်..။ အရင်ကထက်ပိုမြန်၊ ပိုသွက်လက်လာတာကို လက်တွေ့ သိမြင်ရမှာပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.8 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။

Remote Desktop Manager Enterprise 8.1.0.0 Final


ဒီကောင်လေးကို တင်ပေးဖို့ ပြင်နေတာ နည်းနည်းကြာပါပြီ..။ အသုံးပြုပုံကို စမ်းသပ်ဖို့ အခွင့်မကြုံခဲ့လို့ပါ..။ ဒီနေ့တော့ ဒီကောင်လေးရဲ့ အသုံးပြုပုံကို ပုံလေးတွေနဲ့ ပြပေးဖို့ အဆင်မပြေတော့တဲ့အတွက် Video ဖိုင်လေးရှာပြီး တင်ပေးလိုက်ပါတယ်..။ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာတော့ Video ဖိုင်လေးတွေကို လေ့လာလို့ ရသွားပါပြီ..။ မိမိကွန်ပျူတာကနေ တခြားကွန်ပျူတာကို ဝင်ရောက်ပြုပြင်ပေးလို့ ရတဲ့ ဆော့ဝဲလ်လေးပါ..။ ဒီ Remote Desktop Manager ရဲ့ အသုံးပြုပုံက TeamViewer နဲ့ အသုံးပြုနည်းနဲ့ တူပါတယ်..။ ဒီကောင်လေးကို Install ထည့်တဲ့ အချိန်ကစပြီး Key ထည့်လို့ ပြီးတဲ့ အချိန်ထိ အင်တာနက်ကို ပိတ်ထားပေးပါ..။ Install ထည့်တဲ့နေရာမှာလည်း တခြားဆော့ဝဲလ်တွေထက် ပိုပြီး ကြာတတ်ပါတယ်..။ စိတ်ရှည်ရှည်နဲ့ စောင့်နေပေးလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 19.8 MB ရှိပါတယ်..။ ကျနော်ဒီဖိုင်လေးကို ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။

Camtasia Studio 8.0.4 Build 1060

ဒီကောင်လေးကလည်း Video editing အတွက် လွယ်ကူ၊အသုံးဝင်တဲ့ ပရိုဂရမ်တခုပါပဲ..။ ကျနော်တို့ ရိုက်ထားပြီးသား Video ဖိုင်တွေကို Effect တွေနဲ့ ပြုပြင်ယူလို့ ရတဲ့.. မြန်မာစာလည်း ရေးလို့ရတဲ့ ဆော့ဝဲလ်ကောင်းလေးတခုပါ..။ ကျနော်စမ်းသုံးကြည့်မိသလောက် အတော်လေး အဆင်ပြေပါတယ်..။ Screen Recorder ပါပါလို့ မိမိတို့ Desktop မှာ Recording လုပ်ချင်တဲ့ သူများအတွက် Video Editing ပါ တွဲရက်ပါတာမို့ ပိုပြီးအဆင်ပြေစေမယ့် အသုံးပြုရတာ လွယ်ကူစေတဲ့ Camtasia Studio 8 ပါ..။ ဒါလေးက နောက်ဆုံးထွက် မဟုတ်သေးပါဘူး..။ နောက်ဆုံးထွက်လေးတွေကို ရလာတဲ့အခါ ထပ်တင်ပေးပါအုန်းမည်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် Keygen လေးပါ ဖိုင်ခွဲပြီး MyPicture ဆိုတဲ့ နာမည်နဲ့ တင်ပေးထားပါတယ်..။ အောက်မှာလည်း ဖူးသုံးလို့ရအောင် Keygen နဲ့ လုပ်ပြပေးထားပါတယ်..။ တခုသတိပြုရမှာက Keygen နဲ့ ဖူးဖြစ်အောင် လုပ်နေတဲ့ အချိန်မှာ အင်တာနက်ကို ပိတ်ထားပြီးမှ အသုံးပြုပေးပါ..။ ဒါဆိုရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 243 MB ရှိပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ လေ့ကျင့်ခန်း Video လေးတွေ ရှာပြီးချိတ်ပေးထားပါတယ်..။ Video ဖိုင်လေးတွေ လေ့လာလိုက်ရင် ဒီကောင်လေးကို အသုံးပြုတတ်သွားပါလိမ့်မယ်..။

EximiousSoft Logo Designer v3.30 Final



ဒီကောင်လေးက Logo Designer လေး.. ကျနော်တို့ပြုလုပ်ချင်တဲ့ ဒီဇိုင်း Logo ပုံအမျိုးမျိုးကို ပြုလုပ်ဖန်တီးယူလို့ ရတဲ့ EximiousSoft Logo Designer v3.30 Final ဗါးရှင်းလေးပါ..။ ဒီကောင်လေးမှာ မြန်မာစာပါ ရေးလို့ရပြီး.. Reflection လို့ခေါ်တဲ့ စာလုံးအောက်မှာ ပေါ်နေစေမယ့် ရောင်ပြန်လေးတွေနဲ့ ပုံရိပ် Shadow လေးတွေကိုပါ အလွယ်တကူထည့်ပြီး အသုံးပြုလို့ရတဲ့အတွက် မိမိတို့ဖန်တီးလိုက်တဲ့ ဒီဇိုင်းပုံလေးတွေကို ပိုမိုလှပစေပါတယ်..။ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးထဲမှာ Logo အတွက် ပုံအမျိုးမျိုးနဲ့ ဒီဇိုင်းအမျိုးမျိုးပါတာမို့ အသုံးပြုလိုတဲ့ သူများကတော့ ဒေါင်းလော့လင့်တွေ မပျက်ခင် အမြန်သာ ဒေါင်းယူထားလိုက်ပါ..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် ကျနော်အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဖူးသုံလို့ရအောင် ဒီကောင်လေးကို patch ဖိုင်နဲ့ ဖူးဖြစ်အောင် လုပ်ပေးရမှာပါ..။ IDM patch ထည့်နည်းနဲ့ အတူတူပဲမို့ patch ဖိုင်ထည့်တာကိုတော့ ပုံတွေနဲ့ မပြတော့ပါဘူး..။ အသုံးပြုတတ်အောင်ကိုပဲ လုပ်ပြထားပါတယ်..။ လိုအပ်တဲ့သူမျာကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 13.4 MB ရှိပါတယ်..။

Internet Download Manager 6.15 Build 7 Final


Internet Download Manager 6.15 Build 7 Final ဗါးရှင်း နောက်ဆုံးထွက်လေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် patch ဖိုင်လေးပါ တင်ပေးထားပါတယ်..။ IDM ကို patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းပိုစ့်ကို ကျနော့် Blog ရဲ့ညာဘက် အပေါ်ဆုံးမှာ တင်ပေးထားပြီးသား ရှိပါတယ်..။ အဲ့ဒီနည်းအတိုင်း လုပ်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများနဲ့ IDM မရှိသေးတဲ့ သူများအတွက် ဒီလိုနောက်ဆုံးထွက်လေးတွေကလည်း လိုအပ်ပါတယ်..။ ဒါကြောင့်ဒီနောက်ဆုံးထွက်လေးကို တင်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.8 MB ရှိပါတယ်..

CyberLink Power Director 11 Ultra 11.0.0.2516 Multilingual


Video Editing အတွက်ဆိုရင် ဒီ CyberLink Power Director က လူသုံးများ လူသိများတဲ့ ပရိုဂရမ် တခုပါ..။ CyberLink Power Director 11 ကိုတင်ပေးဖို့ အဝေးက ကျနော့်သူငယ်ချင်း တစ်ယောက်လည်း တောင်းထားတာ နည်းနည်းကြာနေပါပြီ..။ ဒီနေ့မှပဲ ဖိုင်တွေခွဲတင်လို့ ပြီးသွားပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ကျနော် Crack ဖိုင်လေးကို သီးသန့်ခွဲတင်ပေးထားပါတယ်..။ အဲ့ဒီ Crack ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ပြီး ဒီ CyberLink Power Director 11 ကို အသုံးပြုနိုင်ပါတယ်..။ အောက်မှာလည်း crack နဲ့ ဖူးဖြစ်အောင် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ crack ဖိုင်ထည့်တာ အပြင် ကျနော်တို့က Install ဖိုင်ထဲမှာ ရှိတဲ့ ဖိုင်လေး ၂ခုကိုပါ Delete နဲ့ သွားဖျက်ပေးရမှာပါ..။ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..။ ဒီ CyberLink Power Director 11 ကိုလိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 100 MB စီနဲ့အပိုင်း ၉-ပိုင်း ခွဲတင်ပေးထားပါတယ်..။ 

DVDVideoSoft Free Studio 6.1.0.319 Final


ဖရီးတွေထဲမှာတော့ ဒီကောင်လေးက အတော်လေး ကောင်းတဲ့ အသုံးဝင်တဲ့ ပရိုဂရမ်လေး တခုပါ..။ ဒီကောင်လေးမှာ Feature တွေအများကြီး အသုံးပြုလို့ ရတာမို့.. မိမိတို့အသုံးပြုလိုတဲ့ Tool လေးတခုကို တချက်ကလစ်လိုက်ယုံနဲ့ နောက်ထပ် အသုံးပြုလို့ ရတဲ့ Tool တွေအများကြီး ပေါ်လာပါလိမ့်မယ်..။ သီချင်းတွေ ၊ Video တွေကို မိမိတို့ လိုအပ်တဲ့ ဖေါ်မတ်တွေရအောင် ဒီကောင်လေးက အလွယ်တကူ ပြောင်းပေးနိုင်ပါတယ်..။ နောက်ပြီး DVD အတွက်ပါ Burn လို့ရတဲ့ Tool လေးတွေပါတာမို့ တခါတည်း အခွေ Burn ထုတ်လို့ပါ ရပါသေးတယ်..။ 
With this free software you can convert video and audio files between different formats and to iPod, PSP, iPhone, BlackBerry and other portable devices; burn and rip DVDs, audio CDs and more.  
ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 58.4 MB ရှိပါတယ်..။

Skitch 2.0.0.30 Final


ဒီကောင်လေးကတော့ ကျနော်တို့ Desktop မှာ Capture ဖမ်းချင်တဲ့အခါ အလွယ်တကူ အသုံးဝင်တဲ့ Capture Tool လေးတခုပါပဲ..။ မျှားလေးတွေနဲ့ ဆေးရောင် ဒီဇိုင်းအစမ်းလေးတွေမို့လို့ တင်ပေးလိုက်ပါတယ်..။ Desktop ပေါ်က မိမိတို့ ဖြတ်ယူလို့တဲ့ အပိုင်းလေးကိုပဲ ရွေးပြီး ဖြတ်လို့ရသလို Screen တခုလုံးကိုလည်း ဓါတ်ပုံရိုက်ယူလို့ ရပါတယ်..။ အားနည်းချက်ကတော့ ဇော်ဂျီဖေါင့်နဲ့ မြန်မာစာရေးလို့ မရပါဘူး..။ အညွှန်းတွေတပ်ယုံနဲ့ မျှားတွေအသုံးပြုယုံလောက်ပဲဆိုရင်တော့ ဒီကောင်လေးနဲ့ အသုံးပြုလို့ ရပါတယ်..။ အောက်မှာလည်း ကျနော်စမ်းသုံးထားတာလေးတွေကို ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 32.4 MB ရှိပါတယ်..။

Free PDF Reader 1.1.3


ဒီကောင်လေးက PDF ဖေါ်မတ်နဲ့ စာအုပ်ချုပ်ထားတဲ့ ဖိုင်တွေကို ဖတ်ဖို့အတွက် အသုံးဝင်တဲ့ Free PDF Reader 1.1.3 လေးပါ..။ အရင်တင်ပေးခဲ့ ဖူးတဲ့ Reader တွေလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုရ အဆင်ပြေတဲ့ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ဒီကောင်လေးမှာ တခြား Reader တွေထက် ပိုကောင်းတာလေးတွေ ရှိပါတယ်..။ ကျနော်တို့ ဒီကောင်လေးနဲ့ စာဖတ်တဲ့အခါ စာမျက်နှာတွေကို တခုချင်းစီ ဖေါ်ပြပေးထားတဲ့ အတွက် ကျနော်တို့ စာမျက်နှာကို ကျော်ကြည့်လိုတဲ့အခါ အလွယ်တကူ ကျော်ကြည့်နိုင်ပါတယ်..။ နောက်တခုက PDF ကနေ Word ကိုပြောင်းပေးနိုင်တဲ့ ဖရီး Converter လေးကိုလည်း သူ့ရဲ့ ဆိုဒ်မှာ အလွယ်သွားယူလို့ ရအောင် လင့်ချိတ်ပေးထားပါသေးတယ်..။ အောက်မှာ ကျနော်ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ တခြား Hand Tool တို့၊ Zoom တို့ကတော့ Foxit Reader အတိုင်းပါပဲ..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.2 MB ရှိပါတယ်..။ 

AVG Internet Security Business Edition 2013 13.0 Build 3267a6170 Final


AVG Internet Security Business Edition 2013 နောက်ဆုံးထွက်လာတဲ့ Final ဗါးရှင်းလေးပါ..။ Activate လုပ်ပြီး ဖူးသုံလို့ရမယ့် ကီးတွေကို ဒေါင်းလော့လင့်ယူတဲ့ နေရာမှာ ကီးတွေအများကြီး ရေးပေးထားပါတယ်..။ အသုံးပြုသူများကတော့ Notepad လေးနဲ့ ပြန်ကူးပြီး သိမ်းထားရမှာပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် Install ထည့်တဲ့ နေရာမှာ တခါတည်း ကီးတွေ ပြောင်းထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံလို့ ရသွားပါပြီ..။ ဒီကောင်လေးကတော့ Antivirus တွေလို မဟုတ်ပါဘူး.. ဘယ် Antivirus ကိုပဲသုံးသုံး ဒီ Internet Security ကိုလည်း အတူတူအသုံးပြုလို့ ရပါတယ်..။ ဒီကောင်လေးရဲ့ Setting တွေနဲ့ အသုံးပြုပုံကို အရင်တုန်းက တင်ပေးခဲ့ဖူးတဲ့ AVG Internet Security 2013 ပိုစ့်မှာ အပြည့်အစုံ လုပ်ပြပေးထားပြီးသား ရှိပါတယ်..။ လိုအပ်တဲ့ သူများ ပြန်ကြည့်ပေးပါ..။ ဒီပိုစ်မှာတော့ ဖူးသုံးလို့ရမယ့် ကီးတွေ ထည့်ပြထားပြီး.. IDM ကိုဒေါင်းလို့မရအောင် ဒီကောင်လေးက ပိတ်ထားတတ်တာမို့ IDM ကို အသုံးပြု၊ဒေါင်းလို့ရအောင် ဒီကောင်လေးရဲ့ Setting မှာ Disable လုပ်တတ်အောင်ပါ အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 32-bit အတွက် 132 MB ရှိပြီး.. 64-bit အတွက်ကတော့ 145 MB ရှိပါတယ်..။ မိမိတို့စက်နဲ့ အဆင်ပြေမယ့် ဗါးရှင်းတခုကိုပဲ ရွေးယူရမှာပါ..။ 

AVG Anti-Virus Professional 2013 13.0 Build 3267a6170 Final



ဒီ AVG Anti-Virus 2013 နောက်ဆုံးထွက် Final ဗါးရှင်းလေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့လင့်ယူတဲ့ နေရာမှာ ကျနော် Keys တွေ အများကြီး ချပေးထားပါတယ်..။ Install ထည့်တဲ့ နေရာမှာတော့ သူပေးထားတဲ့ Trail ကီးနဲ့ပဲ အရင် Install ပြီးအောင် လုပ်ပေးပြီးမှ ဖူးသုံးလို့ ရမယ့် ကီးတွေထဲက တခုကို ရွေးပြီးအောက်ကပုံမှာ ပြထားတဲ့ အတိုင်း Activate လုပ်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အသုံးပြုရတာလည်း ရိုးရိုးရှင်းရှင်းပဲမို့ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 32-bit အတွက် 126 MB ရှိပြီး.. 64-bit အတွက်ကတော့ 138 MB ရှိပါတယ်..။ Antivirus အသုံးပြုသူတိုင်း ဘယ် Antivirus ကိုပဲသုံးသုံး Scan မလုပ်ခင်မှာ အရင်ဆုံး အင်တာနက်ကနေ Update လုပ်ပေးပြီးမှ Up-to-date ဖြစ်သွားပြီးမှ Scan လုပ်ပေးရမှာပါ..။ နေ့တိုင်း Scan မလုပ်ဖြစ်ရင်တောင်မှ တစ်ပါတ် ၃-ခါလောက်တော့ Update လုပ်ပြီး Scan လုပ်ပေးသင့်ပါတယ်..။ ဒီကောင်လေးကို ဖူးဖြစ်အောင် လုပ်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..

Xilisoft HD Video Converter 7.7.2 Build 20130313 Final


ဒီကောင်လေးကတော့ Xilisoft HD Video Converter နောက်ဆုံးထွက်လေးပါ..။ အရင်တုန်းက တင်ပေးခဲ့ဖူးတဲ့ Xilisoft Video Converter တွေနဲ့ အသုံးပြုနည်းနဲ့ လုပ်နည်းတွေ အတူတူပါပဲ..။ ဒီကောင်လေးကို ဖူးသုံးလို့အောင် patch နဲ့ Key ၂မျိုးစလုံး ထည့်ပေးရမှာ ဖြစ်တဲ့အတွက် ကျနော်အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုပုံ အစအဆုံကို Xilisoft-video-converter-ultimate v 7.6.0 ပိုစ့်မှာ အစအဆုံး လုပ်ပြပေးထားပါတယ်..။ မိမိတို့ရဲ့ သီချင်းတွေ၊ Video တွေကို Format အားလုံးနီးပါး ပြောင်းပေးနိုင်တဲ့ အတွက် လူသုံးများ၊ လူကြိုက်များတဲ့ ဆော့ဝဲလ်တခုပါပဲ..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 36.3 MB ရှိပါတယ်..။ 

Foxit PDF Creator 3.0.2.0506


17 Mar 13, 01:40 PM
nyilay: ကိုလွင်းမင်းခင်ဗျား.. ညီလေးကို PDF Creator လေးတစ်ခုတင်ပေးပါလား အချိန်ရရင် pdf ဖိုင်လေးတွေ့ ဖန်တီးချင်လို့ပါ.. အစဉ်လေးစားစီာဖြင့်.. nyilay
ကျနော် PDF Creator လေးတွေ မတင်ပေးဖြစ်တာ တော်တော်ကြာသွားပါပြီ..။ အရင်တင်ပေးခဲ့ဖူးတဲ့ ဖရီး PDF Creator လေးတွေလည်း ဒေါင်းလော့လင့်တွေ ပျက်ကုန်လောက်ပြီ ထင်ပါတယ်..။ ဒီနေ့တော့ တောင်းလာတဲ့လူရှိလို့ ဖရီးထဲက မဟုတ်တဲ့ ဒီကောင်လေးကို ရှာပြီးတင်ပေးလိုက်ပါတယ်..။ အသုံးပြုပုံကတော့ အရင်တုန်းက ဖရီးတွေနဲ့ အတူတူပါပဲ..။ မသိသေးတဲ့၊ မလုပ်တတ်သေးတဲ့ သူများအတွက် အဆင်ပြေပြေ အသုံးပြုတတ်အောင် ကျနော် အောက်မှာ ပုံလေးတွေနဲ့ Key ထည့်ပြီး လုပ်ပြထားပါတယ်..။ လိုအပ်တဲ့ သူများအောက်မှာ ဆက်ကြည့်ပေးပါ..။ PDF ဖိုင်ထုတ်ဖို့ ဆိုရင် Microsoft Office Word တော့ မိမိတို့စက်ထဲမှာ ရှိရပါမယ်..။ ဒါမှ ဒီကောင်လေးနဲ့ တွဲပြီး အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ ဒီ Foxit PDF Creator လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 6.2 MB ရှိပါတယ်..။ ဒီဖိုင်လေးထဲမှာပါတဲ့ 32-bit အတွက်နဲ့ 64-bit အတွက် ဖိုင်၂ခုကို မိမိတို့ဝင်းဒိုးနဲ့ ကိုက်ညီတဲ့၊ တူတဲ့ ဖိုင်ကိုရွေးပြီး Install ထည့်ပေးရမှာပါ..။ ဒါဆိုရင် ဒီကောင်လေးကို အသုံးပြုလို့ ရသွားပါပြီ..။

Acronis True Image Home 2013.16.0 Build 5587 BootCD



Acronis True Image Home 2013 နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ Bood CD ဖြစ်တဲ့အတွက် ဒီကောင်လေးကို အသုံးပြုဖို့ဆိုရင်တော့ ဒီဒေါင်းလော့ဖိုင်လေးထဲက ISO ဖိုင်လေးကို CD တချပ်နဲ့ အခွေ Burn ပြီးမှ အသုံးပြုလို့ ရမှာဖြစ်ပါတယ်..။ အသုံးပြုတဲ့ အခါမှာလည်း ဝင်းဒိုးပိတ်ပြီး အသုံးပြုရမှာ ဖြစ်တဲ့အတွက် ကျနော်ဒီကောင်လေးကို လေ့လာလို့ ရအောက် ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ Video ဖိုင်လေးတွေ ရှာပြီး ချိတ်ပေးထားပါတယ်..။ အသုံးမပြုတတ်သေးတဲ့ သူများကတော့ သေချာလေ့လာပြီးမှ အသုံးပြုဖို့ သတိပြုစေချင်ပါတယ်..။ အရင်ကျနော်အသုံးပြုဖူးတာက 2011 ထုတ် ဗါးရှင်း၊ အခုဒီကောင်လေးက နောက်ဆုံးထွက်လေး ပြန်ရှာပြီးတင်ပေးထားတဲ့ 2013 ထုတ်ပါ..။ အရင်ကောင်လေးနဲ့ Features တွေ နည်းနည်း ကွဲတဲ့အတွက် အသုံးပြုတဲ့အခါမှာ နည်းနည်းလေးကွဲပါတယ်..။ ဒါကြောင့် သေချာလေ့လာပြီးမှ အသုံးပြုသင့်ပါတယ်..။ အမှားတခုဖြစ်တာနဲ့ မိမိစက်ရဲ့ ဟတ်ဒစ်တခုလုံး Format ချပြီးသား ဖြစ်သွားပါလိမ့်မယ်..။ ကျနော်လည်း ဒီလို ကြုံခဲ့ဖူးပြီ ဖြစ်လို့ နောက်လူတွေကို ဒီလို အမှားတွေမဖြစ်ရအောင် သေချာလေ့လာပြီးမှ အသုံးပြုဖို့ အကြံပေးခဲ့ချင်ပါတယ်..။ ဒီကောင်လေးမှာ ဟတ်ဒစ်နဲ့ ပါတ်သက်လို့ အသုံပြုလို့ ရတဲ့ Features တွေ အများကြီးပါတဲ့ အတွက်လူသုံးများ ၊ လူကြိုက်များတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါပဲ..။ အခုဒီပိုစ့်အတွက်တော့ ဟတ်ဒစ်ကို Clone လို့ ခေါ်တဲ့ ဝင်းဒိုးတခုလုံး ၊ ဟတ်ဒစ်တခုလုံး Bootable ဖြစ်အောင်၊ ဟတ်ဒစ်၂ခုနဲ့  ဟိုဘက်၊ဒီဘက် copy ကူးတတ်အောင်အတွက် အောက်မှာ Video ဖိုင်လေးတွေ လေ့လာလိုက်ရင် အသုံးပြုတတ်သွားပါလိမ့်မယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ part-1 / part-2 ၂ခုပေါင်းရင် 270 MB ရှိပါတယ်..။ 

Wondershare Photo Collage Studio 4.2.12.13


မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို ပြင်ဆင်ဖို့ ဖရိန်အလှလေးတွေ အများကြီးပါတဲ့ Wondershare Photo Collage Studio 4.2.12.13 ဗါးရှင်းလေးပါ..။ အရင်တုန်းကလည်း ဒီလို ဓါတ်ပုံ ဖရိန်တွေ အများကြီးပါတဲ့ ဆော့ဝဲလ်လေးတွေကို တင်ပေးခဲ့ဖူးပါတယ်..။ ဒီကောင်လေးကတော့ နောက်တမျိုးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒီဖိုင်လေးထဲမှာ Key လေးတွေပါ ထည့်ပေးထားပါတယ်..။ အောက်မှာလည်း Key ထည့်ပြထားပြီး အသုံးပြုပုံပါ ပုံလေးတွေနဲ့ တခါတည်း ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 28.6 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။ 

Acronis Disk Director 11 Home Build 11.0.216



Acronis Disk Director 11 Home သိပ်မကြာခင်က ထွက်ထားတဲ့ ဗါးရှင်းလေးပါ..။ ကျန်ခဲ့တဲ့ တပါတ်က Cbox မှာ အကိုတစ်ယောက်အတွက် တင်ပေးဖို့ ပြောထားလို့.. ရှိပြီးသားထဲက ပြန်ရှာတော့လည်း ရှာလို့ မရသေးတာနဲ့ ဒီကောင်လေးကို ကျနော်ကြည့်နေကြ နိုင်ငံခြားဆိုဒ်တွေမှာ တင်လာတာ တွေ့လို့ စမ်းသုံးရင် Key အမှန်လေးနဲ့ ဖူးသုံးလို့ ရတဲ့အတွက် ပြန်လည်တင်ပေးလိုက်ပါတယ်..။ ဟတ်ဒစ်ကို Clone လို့ခေါ်တဲ့ ဝင်းဒိုးတခုလုံးကို ဟိုဘက်ဟတ်ဒစ်ထဲကနေ ဒီဘက် ဟတ်ဒစ်ထဲကို copy ကူးပြီး ထည့်ဖို့ အတွက် အရင်ကျနော့်မှာ ရှိတဲ့ Acronis ISO ဖိုင်လေးကို CD နဲ့ အခွေကူးပြီး အလွယ်တကူ လုပ်ခဲ့တာပါ..။ အခုအဲ့ဒီ ISO ဖိုင်လေးကို ကျနော့် စက်ထဲမှာ ပြန်ရှာလို့ မရသေးလို့ ဒီကောင်လေးကို အရင်ရလာတာနဲ့ တင်ပေးလိုက်တာပါ..။ ဒီကောင်လေးနဲ့ ဟတ်ဒစ် Clone ကူးဖို့တော့ သေချာမသိသေးပါ..။ ကျန်တဲ့ ပါတေးရှင်းခွဲ၊ ဖေါ်မတ်ချ၊ Merge တို့ Split တို့ Format ပြောင်းတာတို့ အားလုံးအသုံးပြုလို့ ရပါတယ်..။ အသုံးပြုလို့ ရတဲ့ Feature တွေ အများကြီးပါတာမို့ တခုချင်းစီ လုပ်ပြပေးဖို့လည်း အဆင်မပြေပါဘူး..။ ဒါကြောင့် ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ လေ့လာလို့ ရမယ့် Video ဖိုင်လေးတွေ ရှာပြီး ကျနော့် Blog ကနေ ကြည့်လို့ ရအောင် လင့်တွေချိတ်ပေးထားပါတယ်..။ ဟိုးအရင်တုန်းက တင်ပေးခဲ့ဖူးတဲ့ MiniTool Partition Wizard ပိုစ့်တွေကို လေ့လာဖူးတဲ့ သူများကတော့ ဒီကောင်လေးကို အလွယ်တကူ အသုံးပြုတတ်ပါလိမ့်မယ်..။ အသုံးပြုနည်းနဲ့ လုပ်နည်းတွေ အတူတူပဲမို့ ဒီကောင်လေးကို အသုံးပြုရတာ မခက်တော့ပါဘူး..။ အောက်မှာတော့ ကျနော်ဒီကောင်လေးကို ဖူးဖြစ်အောင် Key တွေထည့်ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 116.2 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။ 

Windows XP Professional SP3 Black Edition (32-bit)


ဒီ Windows XP Black Edition အခွေကို သူငယ်ချင်းတစ်ယောက် တောင်းထားတာ ကြာပါပြီ..။ Connection မကောင်းသေးတဲ့အတွက် တင်ပေးဖို့ အဆင်မပြေခဲ့ပါ..။ ဒီနေ့တော့ ဒီဝင်းဒိုးခွေကို အပိုင်းသုံးပိုင်းခွဲပြီး တင်လို့ ပြီးသွားပြီဖြစ်တဲ့ အတွက် အဝေးမှာ ရောက်နေတဲ့ ကျနော့် သူငယ်ချင်းနဲ့ တခြားလိုအပ်တဲ့ သူများပါ အသုံးပြုလို့ ရအောင် ပြန်လည်မျှဝေလိုက်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ အပိုင်းသုံးပိုင်းပေါင်းရင် 662 MB ရှိပါတယ်..။ အပိုင်း-၁ ကနေ ဖိုင်ဖြည်ပေးလိုက်ရင် Windows XP Professional SP3 Black Edition ISO ဖိုင်လေးကို ရရှိမှာ ဖြစ်ပါတယ်..။ ဒီဖိုင်ထဲမှာ ဒီ Windows XP Black Edition အတွက် Product Keys တွေပါ ထည့်ပေးထားပါတယ်..။ ဝင်းဒိုးတင်လို့ ရအောင် CD/DVD ခွေ Burn နည်းနဲ့ USB ထဲ ထည့်နည်းကတော့ အရင်ပိုစ့်ဖြစ်တဲ့ Windows 7 Ultimate + Mac OS X ပိုစ့်မှာ ပုံလေးတွေနဲ့ အပြည့်အစုံ ရှင်းပြထားပါတယ်..။ ပြန်ကြည့်ပေးပါ..။ လုပ်နည်းအားလုံး အတူတူပါပဲ..။ ဒီဝင်းဒိုး XP ခွေကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ အမြန်သာ ဒေါင်းယူထားလိုက်ပါဗျာ..။ လင့်တွေပျက်သွားရင် ကျနော် ပြန်တင်ပေးဖို့ မလွယ်ပါဘူး..။ အခုတော့ ဆိုဒ်၂ခုမှာ တင်ပေးထားပါတယ်..။ 

Your Uninstaller Pro 7.5.2013.02 Final


Your Uninstaller Pro 7.5.2013.02 Final ဗါးရှင်းလေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ Key တွေပါ ထည့်ပေးထားပါတယ်..။ ဒီကီးတွေနဲ့ ဒီကောင်လေးကို ဖူးလုပ်ပြီး အသုံးပြုနိုင်ပါတယ်..။ အောက်မှာလည်း ကျနော် ပုံလေးတွေနဲ့ ကီးတွေ ထည့်ပြပေးထားပါတယ်..။ ဒီ Your Uninstaller ဆော့ဝဲလ်ရဲ့ အသုံးပြုပုံ အပြည့်အစုံကို အရင်တုန်းက Your Uninstaller ပိုစ့်တခုမှာ လုပ်ပြပေးထားပါတယ်..။ အသုံးပြုနည်းအတူတူပဲမို့ အသုံးမပြုတတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ဒီနေရာကနေ ဝင်ပြီး ပြန်ကြည့်နိုင်ပါတယ်..။ ကျနော်တို့ရဲ့ ကွန်ပျူတာထဲက ဆော့ဝဲလ်တွေကို ပြန်ထုတ်ပစ်တဲ့အခါမှာ ဒီ Your Uninstaller Pro လေးက ဆော့ဝဲလ်တခုစီရဲ့ Registry Key တွေနဲ့ ဖိုင်တွေကို အကုန်ပြန်ထုတ်ပေးနိုင်တဲ့ အတွက် လူသုံးများ၊ လူကြိုက်များတဲ့ Uninstaller ပရိုဂရမ်လေး တခုပါပဲ..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 6.9 MB ရှိပါတယ်..။ ဒီကောင်လေးကို ကျနော် ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။ 

DLL-Files Fixer 2.9.72.2589 Final


DLL-Files Fixer လေးကို အရင်တုန်းကလည်း တင်ပေးဖူးပါတယ်..။ တော်တော်ကြာပါပြီ..။ အဲ့ဒီတုန်းက ဗါးရှင်းက 2.7.72.2072 ဗါးရင်း.. patch နဲ့ ဖူးလုပ်ပြီး အသုံးပြုရတဲ့ ကောင်လေးပါ..။ အခုဒီဗါးရှင်းကတော့ နောက်ဆုံးထွက် DLL-Files Fixer 2.9.72.2589 Final ဗါးရှင်းလေးပါ..။ အရင်တုန်းက Cbox မှာ အစ်ကိုတစ်ယောက်လည်း DLL-Files Fixer လေးပြန်တင်ပေးဖို့ တောင်းထားဖူးပါတယ်..။ ဖိုင်အဟောင်းတွေ ပြန်ရှာမတွေ့တော့လို့ မတင်ပေးဖြစ်ခဲ့ပါ..။ ဒီနေ့ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို ရလာလို့ တခြားလိုအပ်တဲ့ သူများလည်း အသုံးပြုလို့ ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ဘာအတွက် အသုံးပြုလဲဆိုတော့.. ကျနော်တို့ ဆော့ဝဲလ်တွေ၊ ဂိမ်းတွေ ကွန်ပျူတာထဲကို Install ထည့်တဲ့အခါ တချို့စက်တွေမှာ .dll (ဥပမာ။။ msvcp100.dll) ဆိုတဲ့ ဖိုင်မျိုးလေးတွေ လိုနေတတ်ပါတယ်..။ အဲ့လို .dll ဖိုင်တခုလိုနေတာနဲ့ Install ထည့်လိုက်ပြီးတဲ့ ဆော့ဝဲလ်ကို အသုံးပြုလို့ မရတော့ပါဘူး..။ အဲ့လိုအခါမျိုးတွေမှာ ဒီကောင်လေးက အသုံးဝင်ပါတယ်..။ အင်တာနက်ကနေ သူ့ရဲ့မူရင်းဆိုဒ်မှာ လိုက်ရှာဒေါင်းယူပြီး မိမိတို့ စက်ထဲကို ထည့်ပေးနိုင်တဲ့ DLL-Files Fixer လေးပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.2 MB ရှိပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒီဒေါင်းလော့ဖိုင်ထဲမှာ crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ crack နဲ့ ဖူးဖြစ်အောင် လုပ်ပြီး ဒီကောင်လေးကို အသုံးပြုတတ်အောင်ပါ တခါတည်း အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။ 

Free Ringtone Maker 2.4.0.1079 Final


ဒီကောင်လေးက ဖရီးအသုံးပြုလို့ ရတဲ့ Free Ringtone Maker 2.4.0.1079 Final ဗါးရှင်းလေးပါ..။ MP3 သီချင်းတွေကို မိမိတို့ လိုတဲ့ အပိုင်းလေးကိုပဲ ဖြတ်ယူလို့ ရတဲ့၊ အသုံးပြုရတာလည်း လွယ်ကူ ရှင်းလင်းတဲ့၊ သီချင်းဖြတ်တဲ့ Tool လေး တခုပါပဲ..။ MP3 မရှိသေးရင်လည်း ဒီကောင်လေးနဲ့ ရိုးရိုးသီချင်းကို MP3 ပြောင်းပေးနိုင်တဲ့ Converter လေးပါ အပိုပါသေးတယ်..။ မိမိတို့ ဖုန်းတွေနဲ့ တခြား ဓါတ်ပုံ Slide Show တွေဖန်တီးဖို့ အတွက် MP3 သီချင်းတွေကို အလွယ်ဖြတ်ဖို့ ဒီ Free Ringtone Maker လေးက အသုံးဝင်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.04 MB ပဲ ရှိပါတယ်..။ 

Who Is On My Wifi ultimate 2.1.3 Final

Who Is On My Wifi ဆိုတာ ဒီဆော့ဝဲလ်ရဲ့ နာမည်ပါ..။ Wifi သုံးနေတဲ့ သူများကအတွက် မိမိတို့ရဲ့ Wifi အတွင်းမှာ အသုံးပြုသူ ဘယ်နှယောက်ရှိနေလဲ ဆိုတာ ဒီကောင်လေးက ရှာပေးနိုင်ပါတယ်..။ တနည်းအားဖြင့် မိမိတို့ရဲ့ Wifi ကို ခိုးသုံးတဲ့သူ ရှိမရှိဆိုတာကို ရှာယူလို့ ရတဲ့ ကောင်လေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ keygen လေးပါ ထည့်ပေးထားပါတယ်..။ ဒီ Keygen လေးနဲ့ ဒီကေင်လေးကို ဖူးလုပ်ပြီး အသုံးပြုနိုင်ပါတယ်..။ အောက်မှာလည်း ပုံလေးတွေနဲ့ ဖူးလုပ်တတ်အောင် ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.2 MB ရှိပါတယ်..။ ကျနော် ဒီဖိုင်လေးကို ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။ 

Hercules for PC Game

ဒီ Hercules  ဂိမ်းလေးကတော့ အပြေးအလွှား ကစားရတဲ့ ဂိမ်းလေးပါ..။ ဒီဂိမ်းလေးကို ကစားဖို့ အသုံးပြုရတဲ့ ကီးဘုတ်က ကီးတွေကတော့ Z-X-C-D နဲ့ ကီးဘုတ်က မျှား၎-ခုပါပဲ..။ ဒီဂိမ်လေးကို ကစားဖို့ဆိုရင် မိမိတို့ရဲ့ စက်ထဲက Antivirus တွေကို ပိတ်ထားပြီးမှ ကစားလို့ ရမှာပါ..။ Antivirus တွေနဲ့ မတည့်တဲ့အတွက် ဒီကောင်လေးကို ဖွင့်လိုက်တိုင်း Antivirus က ဖျက်ပစ်ပါလိမ့်မယ်..။ ဒီဂိမ်းလေးကို ဖူးကစားလို့ ရအောင် အရင်ဆုံး ဒီဖိုင်ထဲမှာ ပါလာတဲ့ Registry Crack ဖိုင်လေး ၂ခုကို အရင် Run ပေးလိုက်ပါ..။ ဒါဆိုရင် ဒီကောင်လေးကို ကစားလို့ ရသွားပါပြီ..။ အောက်မှာလည်း အဆင်ပြေပြေကစားလို့ ရအောင် ကျနော် ပုံလေးတွေနဲ့ လုပ်ပြပေးထားပါတယ်..။ ဒီဂိမ်းကို ကစားလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 18.2 MB ရှိပါတယ်..။ ကျနော် ဒီဂိမ်းလေးကို ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။ 

Bad Piggies 1.2.0 Final PC Game

Bad Piggies 1.2.0 Final PC Game လေးပါ..။ ဒီဂိမ်းလေးကို ဖူးကစားလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ အရင်တုန်းက ပိုစ့်တွေမှာလည်း crack နဲ့ ဖူးဖြစ်အောင် လုပ်ပြထားတဲ့ ပိုစ့်တွေအများကြီးပါ..။ ဒါကြောင့် ဒီပိုစ့်မှာ crack ဖိုင်ထည့်ပြထားယုံပါပဲ..။ အသေးစိတ်ကိုတော့ အရင်ကပိုစ့်တွေမှာ ကတည်းက လုပ်တတ်နေလောက်ပြီလို့ ထင်ပါတယ်..။ crack ဖိုင်ထည့်နည်းကတော့ အားလုံးအတူတူပါပဲ..။ ဒီဂိမ်းလေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 29.9 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။ 

ImTOO Video Converter Ultimate 7.7.2.20130225 Final


ဒီ Converter လေးက သီချင်းတွေ ၊ Video တွေကို မိမိတို့ လိုချင်တဲ့ ဖေါ်မတ်ရအောင် Format အားလုံးနီးပါးကို ပြောင်းပေးနိုင်တဲ့ ImTOO Video Converter Ultimate 7.7.2.20130225 Final ဗါးရှင်းလေးပါ..။ ဒီကောင်လေးရဲ့ အသုံးပြုပုံက Xilisoft Video Converter နဲ့ အသုံးပြုပုံချင်း တူပါတယ်..။  Convert လုပ်ပေးနိုင်တဲ့ ဖေါ်မတ်အများစုကတော့  iPod, iPhone and PSP အပြင်  Support decoding and encoding HD videos like HD AVI, HD MPEG2, HD MPEG2 TS, HD MPEG4, HD WMV, HD VOB, HD ASF, H. 264/MPEG-4 AVC, AVCHD (*.m2ts, *. mts), MKV, HD WMV, MPEG2/MPEG-4 TS HD, etc. 2. Support general video and audio formats: AVI, MPEG, WMV, H. 264/AVC, DivX, MP4, MKV, RM, MOV, XviD, 3GP, FLV, MP3, WMA, WAV, RA, M4A, etc. ဒီဖေါ်မတ်တွေအပြင် တခြား ဖေါ်မတ်တွေ အများကြီးပါ ပြောင်းပေးနိုင်ပါသေးတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒီဖိုင်လေးထဲမှာ patch နဲ့ key လေးပါ ထည့်ပေးထားပါတယ်..။ ဒီ၂ခုနဲ့ ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုရမှာပါ..။ အောက်မှာလည်း ကျနော် ဖူးသုံးလို့ ရအောင် လုပ်ပြပေးထားပါတယ်..။ အသုံးပြုတတ်အောင်ပါ တခါတည်း ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 35.3 MB ရှိပါတယ်..။ 

KMPlayer 3.5.0.81 Final

မိမိတို့ရဲ့ ကွန်ပျူတာမှာ ရုပ်ရှင်တွေ၊ Video တွေ ကြည့်မယ်ဆိုရင်တော့ ဒီကောင်လေးနဲ့လည်း ကြည့်လို့ အဆင်ပြေပါတယ်..။ အသံနဲ့ ရုပ်တွေ ပိုမို ကြည်လင်ပြတ်သား တာကို တွေ့ရပါတယ်..။ ပုံမှန်ကြည့်တာနဲ့ မတူပဲ အသံစုံ မြိုင်မြိုင်လေး ကြားရတာ တခုရယ်၊ 3D Mode ပါပါတဲ့အတွက် မိမိတို့ ကွန်ပျူတာကနေ 3D မျက်မှန်ရှိတဲ့သူများအတွက် အဆင်ပြေစေမယ့်  KMPlayer 3.5.0.81 Final ဗါးရှင်းလေးပါ..။ ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 30.7 MB ရှိပါတယ်..။ 

Nero Platinum 12.0.03500 Multimedia Suite

 Nero Platinum 12 ကို ဖူးသုံးလို့ ရအောင် ကျနော် ဒီဒေါင်းလော့ဖိုင်ထဲမှာ Instruction ကို Notepad လေးနဲ့ ရေးထည့်ပေးထားပါတယ်..။ စာဖတ်ယုံနဲ့ နားမလည်နိုင်တဲ့ သူများအတွက်တော့ အောက်မှာ ပုံလေးတွေနဲ့ပါ တဆင့်ချင်းစီ ဖူးသုံးလို့ ရအောင် လုပ်ပြပေးထားပါတယ်..။ အရင်ဆုံး မိမိတို့ စက်ထဲမှာ အရင်က သုံးထားတဲ့ Nero ဆော့ဝဲလ်တွေ ရှိနေတယ်ဆိုရင် Uninstaller တခုခုနဲ့ ပြန်ထုတ်ပစ်လိုက်ပါ..။ ဒီ Nero Platinum 12 ကို Install ထည့်ပြီးသွားရင်တော့ အရင် Nero Burning ROM 12 ၊ Nero Video 12 အပြင် တခြား ပရိုဂရမ်တွေပါ ထပ်ပါလာမို့ အားလုံးပေါင်း ပရိုဂရမ် ၆-ခု ရရှိမှာ ဖြစ်ပါတယ်..။ ဒီပိုစ့်မှာတော့ ကျနော်က Your Uninstaller ဆော့ဝဲလ်လေးကို အသုံးပြုပြီး အရင်က ကျနော်ထည့်သုံးထားတဲ့ Nero Burning Rom 12 ကို ထုတ်ပြထားပါတယ်..။ Your Uninstaller ကို မသုံးတတ်သေးတဲ့ သူများပါ တခါတည်း သုံးတတ်အောင် ပြပေးထားပါတယ်..။ လိုအပ်ရင် တခါတည်း ဒီပိုစ့်ကနေ Your Uninstaller ဆော့ဝဲလ်ကိုပါ ဒေါင်းလော့ ယူထားလိုက်ပါ..။ အရင်က ကျနော်တင်ပေးထားခဲ့တဲ့ Your Uninstaller ရဲ့ အသုံးပြုပုံ အပြည့်အစုံကို ဒီလင့်ကနေ ဝင်ကြည့်နိုင်ပါတယ်..။ ဒီ Nero Platinum 12 နဲ့ ကျနော်တို့ DVD အခွေတွေကို Password တွေ ထည့်ပြီး စိတ်ကြိုက် ပြုပြင်ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။ အသေးစိတ် အသုံးပြုပုံ Video တွေကို သူ့ရဲ့ မူရင်းဆိုဒ်မှာ ဒီနေရာကနေ ဝင်ကြည့်နိုင်ပါတယ်..။ ဒီ Nero Platinum 12 ကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 307 MB ရှိတဲ့အတွက် အပိုင်းသုံးပိုင်းခွဲပြီး တင်ပေးထားပါတယ်..။ အပိုင်းသုံးပိုင်းလုံး ဒေါင်းယူပြီးတဲ့အခါ အပိုင်းတစ်ကနေ ဖိုင်ဖြည်ချပေးလိုက်ရင် ကျန်တဲ့ အပိုင်းတွေပါ လိုက်ပြည်သွားပါလိမ့်မယ်..။ ပုံတွေများနေတဲ့အတွက် ဖိုင်ဖြည်တာကိုတော့ မပြပေးတော့ပါဘူး..။ အရင်တုန်းက ပိုစ့်တွေအတိုင်းပါပဲ..။

Trojan Killer 2.1.5.5 Final


Trojan Killer 2.1.5.5 Final ဗါးရှင်းလေးပါ..။ အရင်တုန်းကလည်း ဒီကောင်လေးကို တင်ပေးဖူးပါတယ်..။ patch နဲ့ ဖူးဖြစ်အောင်လုပ်နည်းရော အသုံးပြုနည်းပါ အရင်ပိုစ့်အဟောင်းဖြစ်တဲ့ Trojan Killer 2.1.5.4 ပိုစ့်မှာ ရှင်းပြပေးထားပါတယ်..။ IDM patch ထည့်နည်းနဲ့ အတူတူပါပဲ..။ ဒီကောင်လေးက မိမိတို့စက်ထဲမှာ ရှိနေတဲ့ စက်လေးအောင်၊ ဟမ်းအောင် လုပ်တတ်တဲ့ Trojan ဗိုင်းရပ်စ်တွေကို ရှင်းလင်းပေးနိုင်တဲ့ Trojan Killer လေးပါ..။ အောက်မှာလည်း ဒီဗါးရှင်းကို ကျနော်သုံးထားတာလေး ပြပေးထားပါတယ်..။ ဒီကောင်လေးကို အသုံးမပြုခင် အရင်ဆုံး မိမိတို့ အမြဲတမ်း အသုံးပြုနေတဲ့ crack၊ patch၊ keygen တွေကို WinRAR နဲ့ ချုပ်ပြီး အရင်သိမ်းထားဖို့ လိုပါတယ်..။ အဲ့လိုမှမဟုတ်ရင်တော့ ဒီကောင်လေးက အားလုံးကို ဖျက်ပစ်ပါလိမ့်မယ်..။ ဒီ Trojan Killer 2.1.5.5 Final ဗါးရှင်းလေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့  23.9 MB ရှိပါတယ်..။

Classic Start 8 - 1.0 Final

Windows 8 အသုံးပြုသူများအတွက် Start Menu လေးပေါ်စေမယ့် ဆော့ဝဲလ်လေးပါ..။ Classic Start 8 ဆော့ဝဲလ်လေးကို ကျနော့် Blog မှာ မတင်ဖူးသေးလို့ ဒီနောက်ဆုံးထွက်လေးကို တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အပေါ်က ပုံအတိုင်း ပေါ်နေမှာပါ..။ အရင်တုန်းကလည်း Windows 8 အတွက် Start Menu လေးတွေ တင်ပေးခဲ့ဖူးပါတယ်..။ ဒါလေးကတော့ နောက်တမျိုးပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.3 MB ရှိပါတယ်..။

Funny Photo Maker 2.2.5.0 Final


ဒီကောင်လေးက ဓါတ်ပုံ ဖရိန်တွေ အများကြီးပါတဲ့ Funny Photo Maker 2.2.5.0 Final ဗါးရှင်းလေးပါ..။ မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို ဒီကောင်လေးနဲ့ အလှဆုံးဖြစ်အောင် ပြင်ဆင်ယူလို့ ရပါတယ်..။ အရင်တုန်းက Funny Photo Maker ဗါးရှင်းအဟောင်းလေးတခု တင်ပေးဖူးပါတယ်..။ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ ပြပေးထားလို့ အသုံးမပြုတတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ဒီလင့်ကနေ ဝင်ကြည့်လိုက်ပါ..။ ဒီကောင်လေးကလည်း Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ ရသွားပြီဖြစ်တဲ့ ဖရီးဗါးရှင်းလေးပါပဲ..။ ဓါတ်ပုံတွေ ပြင်ဆင်ဖို့ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 44.2 MB ရှိပါတယ်..။

Format Factory 3.0.1.1 Final



Format အားလုံးနီးပါး ပြောင်းပေးနိုင်တဲ့ ဖရီး Converter လေး Format Factory 3.0.1.1 Final  ဗါးရှင်းလေးပါ..။ ဒါရိုက်လင့်ကို ရှာရခက်လို့ ကျနော် တင်ပေးနေကျ Upload ဆိုဒ်တွေမှာပဲ ပြန်တင်ပေးလိုက်ပါတယ်..။ ဖေါ်မတ်တွေ ဘယ်လိုပြောင်းမလဲ မသိသေးတဲ့ သူများကတော့ အရင်တုန်းက ပိုစ့်တင်ပေးထားတဲ့ Youtube ကသီချင်းများ Hand Phone ထဲသို့ ထည့်နည်း ပိုစ့်ကို ပြန်ကြည့်လိုက်ရင် ဒီကောင်လေးကို အသုံးပြုတတ်သွားပါလိမ့်မယ်..။ ကျနော် အမြဲသုံးဖြစ်တဲ့ ကောင်လေးမို့ အားလုံးလည်း ကြိုက်ကြမယ်လို့ ထင်ပါတယ်..။ ဒီ Converter လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 48.1 MB ရှိပါတယ်..။ 

Comodo Dragon Browser 25.0.2.0 Final


ဒီ Browser လေးကတော့ Google Chrome လိုပဲ မိုဇီလာထက် ပိုမြန်တဲ့ Comodo Dragon Browser 25.0.2.0 Final ဗါးရှင်းလေးပါ..။ အရင်တုန်းကလည်း တခါတင်ပေးဖူးပါတယ်..။ တော်တော်ကြာသွားပြီဖြစ်လို့ ဒေါင်းလို့ မရတော့ပါ..။ ဒီတခါတော့ ဖရီး Browser လေးဖြစ်တဲ့အတွက် ဒါရိုက်လင့်ကို ရှာပြီး ချိတ်ပေးထားပါတယ်..။ ဒါရိုက်လင့်ဖြစ်တဲ့အတွက် ကြာကြာဒေါင်းယူလို့ ရနေမှာပါ..။ မြန်မာစာပေါ်အောင် လုပ်နည်းကတော့ Google Chrome မှာ လုပ်နည်းနဲ့ အတူတူပါပဲ..။ လိုအပ်ရင်တော့ ဒီလင့်မှာ ဝင်ကြည့်နိုင်ပါတယ်..။ ဒီ Comodo Dragon Browser လေးကတော့ ကျနော်အမြဲသုံးတဲ့ Browser တွေထဲက တခုပါပဲ..။ သူငယ်ချင်းတစ်ယောက်အတွက် လိုအပ်လို့ လိုက်ရှာရင်းနဲ့ နောက်ဆုံးထွက်လေး ရှာတွေ့လာလို့ ဒါရိုက်လင့်နဲ့ ချိတ်ပေးလိုက်ပါတယ်..။ အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 32.5 MB ရှိပါတယ်..။ 

DriverEasy Pro 4.4.2.29319 Final


ဒီကောင်လေးက ကျနော်တို့ ကွန်ပျူတာထဲမှာ လိုအပ်နေတဲ့ Drivers တွေနဲ့ Outdate ဖြစ်နေတဲ့ Driver တွေကို လိုက်ရှာပြီး အော်တိုလိုင်းပေါ်ကနေ ဒေါင်းယူပေးနိုင်တဲ့ DriverEasy Pro 4.4.2.29319 Final ဗါးရှင်းလေးပါ..။ ဒီကောင်လေး ဒေါင်းယူပေးတဲ့ Drivers တွေကို ကျနော်တို့က Install စာသားမှာ တချက်ကလစ်ပြီး စက်ထဲကို ထည့်ပေးလိုက်ယုံပါပဲ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ကျနော်ဒီဒေါင်းလော့ဖိုင်လေးထဲမှာ Keygen လို့နာမည်ပေးထားတဲ့ Keymaker လေး ထည့်ပေးထားပါတယ်..။ အဲ့ဒီကောင်လေးနဲ့ ဒီ DriverEasy ဆော့ဝဲလ်ကို ဖူးလုပ်ပြီး သုံးရမှာပါ..။ ဒီ keygen လေးကို ဖွင့်တော့မယ်ဆိုရင် Antivirus တွေကို ပိတ်ထားပြီးမှ ဖွင့်သုံးလို့ရမှာပါ..။ နောက်တခုက မိမိတို့စက်ထဲမှာ Microsoft .Net FramWork 4.0 ရှိဖို့လိုပါတယ်..။ မရှိသေးရင်တော့ ဒေါင်းလော့လင့် ယူတဲ့ နေရာမှာ တခါတည်း တင်ပေးထားပါတယ်..။ ဒေါင်းယူပြီး တခါတည်း Install ထည့်ပေးပြီးမှ ဒီ Keygen ကို ဖွင့်လို့ ရမှာပါ..။ အောက်မှာလည်း ဒီကောင်လေးကို ကျနော် အသုံးပြုပုံတွေနဲ့ Keygen လေးသုံးပြီး ဖူးဖြစ်အောင် လုပ်ပြပေးထားပါတယ်..။ မိမိတို့ စက်မှာ Driver မစုံလို့ စိတ်ညစ်နေတဲ့ သူများနဲ့ တခြားလိုအပ်တဲ့ သူများကတော့ ဒီကောင်လေးကို အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.2 MB ရှိပြီ.. Microsoft .Net FramWork 4.0 ကတော့ 41 MB ရှိပါတယ်..။ ဒီဖိုင်လေးတွေကို ကျနော် ဖရီးဆော့ဝဲလ်နာမည်တွေနဲ့ ပြောင်းတင်ပေးထားပါတယ်..။ 

Mortal Kombat 5 PC Game


ဒီဂိမ်းလေးကတော့ ကျနော်တို့ ငယ်ငယ်တုန်းက သဲကြီးမဲကြီးဆော့လာခဲ့တဲ့ ဂိမ်းလေးပါ..။ အခုပြန်ရှာတွေ့လာလို့ ကျနော်စမ်းကစားကြည့်ရင်း အဆင်ပြေတာနဲ့ ဂိမ်းကြိုက်တဲ့ သူများအတွက် ပြန်လည် တင်ပေးလိုက်ပါတယ်..။ အောက်ကပုံလေးအတိုင်း ဖိုင်ဖြည်ပြီးတာနဲ့ Play With Me ဖိုင်လေးကို ၂ချက်တောက်ပြီး တန်းကစားလို့ ရသွားပါပြီ..။ ဖိုက်တင်အတွက် ရှော့ကပ်ကီးတွေကတော့ ကီးဘုတ်မှ အပေါ်၊အောက် ဘေး၂ဖက် မျှားတွေနဲ့ Z-X-C-V ကီးတွေပဲ အများဆုံး အသုံးပြုရပါတယ်..။ လက်လေးဖက်၊ နင်ဂျာ၊ ဘရုစလီ၊ ဆုံးမ၊ သရဲ အများကြီးပါပဲ..။ အားရပါးရကစားလို့ ဖိုက်လို့ရပါတယ်..။ ရှော့ကပ်ကီးတွေနဲ့ ပါဝါတွေပါ ပစ်လွှတ်လို့ ရတဲ့အတွက် ပိုပြီး ကစားလို့ ကောင်းပါတယ်..။ ကျနော်လည်း အခုမှ PC မှာ ထည့်ကစားတာ ဖြစ်လို့ ရှော့ကပ်ကီး အားလုံးကို မသိသေးပါ..။ ကွန်ပျူတာမှာ ကစားလို့ ရတဲ့အတွက် တင်ပေးလိုက်ခြင်းသာ..။ ကျန်တဲ့ကီးတွေ အားလုံးကို သိဖို့ကတော့ ကစားလိုတဲ့လူပဲ လိုက်ရှာကြည့်လိုက်ပါ..။ ဒီဂိမ်းလေးကို ကစားချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 55.6 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။ 

Internet Download Manager 6.15 Build 5 Final



IDM နောက်ဆုံးထွက် Update လေးပါ..။ ဒီ Internet Download Manager 6.1.5 Build 5 Final ဗါးရှင်းကို ဖူးသုံးလို့ရအောင် patch ဖိုင်လေးခု ထည့်ပေးထားပါတယ်..။ မိမိတို့ အဆင်ပြေရာ တခုနဲ့သာ ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုနိုင်ပါတယ်..။ patch ဖိုင်လေးတွေ ပါတဲ့အတွက် ဒီကောင်လေးကို ဖိုင်ဖြည်တဲ့အခါမှာ Antivirus တွေကို ခဏပိတ်ထားပြီးမှ patch ဖိုင်လေးတွေကို ဖွင့်သုံးပါ..။ IDM ကို patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းပိုစ့်ကို ကျနော့် Blog ရဲ့ ညာဘက်အပေါ်ဆုံးမှာ တင်ပေးထားပါတယ်..။ patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းကို မသိသေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပြီး ဒီဗါးရှင်းလေးကို ဖူးဖြစ်အောင် လုပ်ပေးလိုက်ပါ..။ IDM ကို Update ပေးမိလို့ Serial Key တောင်းနေတဲ့ သူများနဲ့ IDM မရှိသေးတဲ့သူများအတွက် အဆင်ပြေအောင် ဒီလို နောက်ဆုံးထွက် လေးတွေကို တင်ပေးလိုက်ရပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.5 MB ရှိပါတယ်..။

CCleaner Pro and Business Edition 3.28.1913 Final


CCleaner နောက်ဆုံးထွက် Update ဗါးရှင်းလေး Pro and Business Edition 3.28.1913 Final ဗါးရှင်းလေးပါ..။ ဟိုတနေ့က တင်ပေးလိုက်တဲ့ ဗါးရှင်းကတော့ Standard ဖရီးဗါးရှင်းလေးပါ..။ ဒီကောင်လေးကတော့ ဖရီးမဟုတ်တဲ့ Pro/Business Edition လေး..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒီဒေါင်းလော့ဖိုင်လေးထဲမှာ crack ဖိုင်လေး၂ခုပါ ထည့်ပေးထားပါတယ်..။ Pro ဗါးရှင်းအတွက် တခုနဲ့ Business ဗါးရှင်းအတွက် တခုပါ..။ မိမိတို့ အသုံးပြုလိုတဲ့ ဗါးရှင်းကို ဒီ crack ဖိုင်လေးနဲ့ ရွေးထည့်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်..။ အဲ့လို crack ဖိုင်နဲ့ ဖူးဖြစ်အောင် လုပ်နည်းကို အရင်တုန်းကလည်း CCleaner Pro and Business Edition ပိုစ့်အဟောင်း၊ ဗါးရှင်း အဟောင်းတွေမှာ တော်တော်များများ လုပ်ပြပေးခဲ့ပြီးပါပြီ..။ လိုအပ်တဲ့သူများကတော့ အဲ့ဒီပိုစ့်တွေကို ဒီပိုစ့်ကနေ ဝင်ကြည့်လို့ ရပါတယ်..။ 
ဒီကောင်းလေးကို မိမိတို့ ကွန်ပျူတာနဲ့ Browser တွေကို သွက်လက် မြန်ဆန်အောင် အမှိုက်တွေရှင်းလင်းပေးတဲ့ နေရာမှာ အသုံးဝင်လို့ သုံးဖူးသူတိုင်း ကြိုက်ကြပါတယ်..။ ဒီလို System Tools လေးတွေကို အသုံးမပြုခင် Restore Point တစ်ခုဖန်တီးထားရမှာ ဖြစ်ပြီ.. အသုံးပြုပြီးသွားတဲ့အခါမှာလည်း စက်ကို Restart ချပြီးမှ ဆက်ပြီး အသုံးပြုသင့်ပါတယ်..။ အဲ့လိုမှ မဟုတ်ရင်တော့ ဝင်းဒိုးမတက်နိုင်တော့တဲ့ Error မျိုးတွေ ဖြစ်တတ်ပါတယ်..။ အားလုံးပဲ အထူးသတိပြုသင့်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။ 

Windows 7 Themes The Assissan Creed


Windows 7 Themes The Assissan Creed လေးကတော့ အရင်ကောင်လေးတွေလို (C:) ထဲမှာ လိုက်ထည့်ပေးဖို့ မလိုပါဘူး..။ ဒီဖိုင်လေးထဲမှာ Install ဖိုင်လေးနဲ့ ပါလာလို့ ၂ချက်တောက်ပေးလိုက်ရင် (C:) ထဲမှာ ရှိတဲ့ Themes ထဲကို တန်းရောက်သွားပါပြီ..။ ပြီးရင် Desktop >> Right Click >> Personalize ကနေ ဝင်ပြီး သွားပြောင်းပေးလိုက်ရင် အပေါ်ကလိုမျိုး ပုံလေး၎-ပုံကို ရရှိမှာ ဖြစ်ပါတယ်..။ Windows 8 အသုံးပြုသူများအတွက်ပါ ဒီကောင်လေးနဲ့ အဆင်ပြေပါတယ်..။ အောက်မှာလည်း ကျနော်အသုံးပြုထားတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.7 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည် တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။

Windows 7 Theme Spooky

ဒီ Theme Spooky လေးကိုလည်း အရင်ပိုစ့်တွေ အတိုင်း (C:) >> Windows >> Resources >> Themes ဖိုဒါထဲမှာ သွားထည့်ပေးရမှာ ဖြစ်ပြီး အသုံးပြုရလွယ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ ပုံလေးတွေ အတိုင်း အဆင့်ဆင့် လိုက်လုပ်ပေးပြီးသွားရင်တော့ အပေါ်ကပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်..။ အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 6.8 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။

Windows 7 Theme Alien Light Blue Pack 

ဒီကောင်လေးကတော့ Windows 7 Theme Alien Light Blue Pack လို့နာမည် ပေးထားတဲ့ Theme Wallpaper တမျိုးပါ..။ ဒီကောင်လေးကို အသုံးပြုလို့ ရအောင် (C:) >> Windows >> Resources >> Themes ဖိုဒါထဲမှာ ဒီဖိုင်လေးတွေကို သွားထည့်ပေးရမှာပါ..။ အသုံးပြုချင်သူများအတွက် အလွယ်တကူ လုပ်တတ်အောင်၊ အသုံးပြုလို့ ရအောင် ကျနော် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း ပေါ်နေမှာ ဖြစ်ပြီး မိမိတို့ရဲ့ မောက်စ်မျှားလေးကပါ ဂဏန်းလက်မပုံ အပြာရောင်လေးနဲ့ တခုခုဖွင့်တော့မယ်ဆိုရင် လှုပ်လှုပ်ရွရွလေး ပေါ်နေမှာ ဖြစ်ပါတယ်..။ ဖိုင်တခုခု ဖွင့်လိုက်တိုင်း စက်ရုပ်အသံလိုလို၊ ဂြိုလ်သားအသံလိုလို  အသံတမျိုးပါ ထွက်ပေါ်နေတတ်ပါတယ်..။ ဒီ Themes လေးကို အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7.4 MB ရှိပြီး.. ကျနော် ဒီဖိုင်လေးကို ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။

Windows 7 Theme Alien Red

ဒီကောင်လေးကတော့ Windows 7 Theme Alien Red လို့နာမည် ပေးထားတဲ့ Theme Wallpaper တမျိုးပါ..။ ဒီကောင်လေးကို အသုံးပြုလို့ ရအောင် (C:) >> Windows >> Resources >> Themes ဖိုဒါထဲမှာ ဒီဖိုင်လေးတွေကို သွားထည့်ပေးရမှာပါ..။ အသုံးပြုချင်သူများအတွက် အလွယ်တကူ လုပ်တတ်အောင်၊ အသုံးပြုလို့ ရအောင် ကျနော် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း ပေါ်နေမှာ ဖြစ်ပြီး မိမိတို့ရဲ့ မောက်စ်မျှားလေးကပါ ဂဏန်းလက်မပုံ အနီရောင်လေးနဲ့ တခုခုဖွင့်တော့မယ်ဆိုရင် လှုပ်လှုပ်ရွရွလေး ပေါ်နေမှာ ဖြစ်ပါတယ်..။ ဖိုင်တခုခု ဖွင့်လိုက်တိုင်း စက်ရုပ်အသံလိုလို၊ ဂြိုလ်သားအသံလိုလို  အသံတမျိုးပါ ထွက်ပေါ်နေတတ်ပါတယ်..။ ဒီ Themes လေးကို အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 11 MB ရှိပြီး.. ကျနော် ဒီဖိုင်လေးကို ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။
Related Posts Plugin for WordPress, Blogger...