DriverMax7.40 Final Free Edition

ကျနော်ကြိုက်တဲ့ အကောင်းဆုံးတွေထဲက ဆော့ဝဲလ်တစ်ခုဖြစ်တဲ့ ဒီ DriverMax ဆော့ဝဲလ်လေးကို Windows 8.1 ကိုလည်း Support ဖြစ်တဲ့အတွက် Update အသစ်လေး တင်ပေးလိုက်ပါတယ်..။ ခဏခဏ ဝင်းဒိုးတင်တတ်တဲ့ သူတွေအတွက် မရှိမဖြစ် သိမ်းထားသင့်တဲ့ ဆော့ဝဲလ်ကောင်းလေးပါ..။ အရင်တင်ပေးထားတဲ့ ဗါးရှင်းအဟောင်းက Windows 8.1 မှာ အသုံးပြုလို့ မရပါဘူး..။ ဒေါင်းလော့လင့်တွေလည်း ပျက်နေလောက်ပြီဖြစ်လို့ ဒီ Update အသစ်လေးကိုတော့ လိုအပ်တဲ့ အခါတိုင်း ဒေါင်းယူလို့ ရအောင် ကြာကြာခံတဲ့ Upload ဆိုဒ်တွေမှာ တင်ပေးထားပါတယ်..။ အခု ဒီ Update အသစ်လေးကလည်း Free ဗါးရှင်းလေးဖြစ်ပြီး.. ဝင်းဒိုး ဗါးရှင်းအားလုံးမှာ အသုံးပြုနိုင်ပါတယ်..။
တခြားဆော့ဝဲလ်တွေနဲ့မတူတဲ့ ဒီကောင်လေးရဲ့ အားသာချက်တွေကတော့.. ကျနော် Windows XP တင်ထားတဲ့ (အန်းဒိတ်) PC ၇-လုံးကို Windows 7 ပြောင်းတင်ပြီး ဒီဆော့ဝဲလ်နဲ့ W-XP မှ Drivers တွေ Backup လုပ်သိမ်းထားပြီး၊ PC တွေကို W-7 ပြောင်းတင်ပြီးတော့ ဒီဆော့ဝဲလ်နဲ့ပဲ Drivers တွေကို Restore ပြန်လုပ်ပါတယ်..။ PC ၅-လုံးမှာ လိုအပ်တဲ့ Drivers တွေ အားလုံး ပြန်ထည့်လို့ ရသွားပါတယ်..။ ကျန် PC ၂-လုံးမှာတော့ တချို့တဝက်ပဲ ရပါတယ်..။ PC ၇-လုံးမှာ ၅-လုံး အဆင်ပြေတယ်ဆိုတာ အတော်လေး ကောင်းနေပြီ..။ တခြား Drivers Backup/Restore လုပ်တဲ့ဆော့ဝဲလ်တွေ အများကြီးပါ၊ ဒါမျိုး W-XP က Drivers တွေ W-7 မှာ အသုံးပြုလို့ ရတယ်ဆိုတာ မတွေ့မိသေး..။ အဓိက ကတော့ VGA Graphic Driver ထည့်လို့ ရဖို့ပဲ အရေးကြီးတာ..။ ဒါမှသာ Photoshop နဲ့ Video Edit ဆော့ဝဲလ်တွေ အသုံးပြုလို့ ရမှာပါ..။ ဒါက ဒီကောင်လေးရဲ့ အားသာချက်..။
အားနည်းချက်ကတော့ Laptop တွေမှာဆို Windows XP က Drivers တွေ Windows 7 မှာ ပြန်ထည့်လို့ မရတာ တွေ့ရပြန်တယ်..။ ဒါပေမယ့် W-7 က Drivers တွေဆိုရင်တော့ W-7 ပြန်တင်ပြီး Restore ပြန်ထည့်လို့ ရပါတယ်..။ Windows 8 က Drivers တွေ Windows 8, 8.1 တွေမှာ ဒီကောင်လေးနဲ့ ပြန်ထည့်သုံးလို့ ရတာ တွေ့ရပြန်တယ်..။ အဓိက ကတော့ မိမိတို့စက် ကောင်းနေတဲ့ အချိန်မှာ စက်ထဲက Drivers တွေကို ဒီဆော့ဝဲလ်နဲ့ Backup ထုတ်ယူပြီး.. USB Pendrive လို External Hard disk လို မျိုးထဲမှာ နာမည်သေချာပေးပြီး နေရာခွဲ သိမ်းထားဖို့ကို သတိတရ ရှိဖို့ပါပဲ..။

Microsoft .NET Framework 3.5 Offline Installer 2.0

Windows 8 နဲ့ 8.1 တွေမှာ Microsoft .NET Framework 3.5 ကို Online / Off-Line နှစ်မျိုးစလုံးနဲ့ Install ထည့်တတ်အောင် အရင်က ပိုစ့်တင်ပေးခဲ့ပြီး..။ အရင်ပိုစ့်မှာ အင်တာနက်မရှိပဲ Off-Line နဲ့ Install ထည့်နည်းကို CMD Command ဖြင့် .bat ဖိုင်လေး ဖန်တီးပြီး Run ပေးရတဲ့ လုပ်နည်းလေးကို ဒီလင့်က ပိုစ့်မှာ ပြန်ကြည့်နိုင်ပါတယ်..။
အခုဒီပိုစ့်က နည်းကတော့ ဆော့ဝဲလ်တခုနဲ့ Install ထည့်နည်းပဲ ဖြစ်ပါတယ်..။ Microsoft .NET Framework 3.5 ကို Off-line နည်းနဲ့ Install ထည့်မယ်ဆိုရင်တော့.. မိမိတို့မှာ ဝင်းဒိုးတင်လို့ ရတဲ့ Windows 8 (or) 8.1 DVD ခွေရှိနေဖို့ လိုပါတယ်..။ 32-bit and 64-bit ၂-မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်..။ အသုံးပြုတဲ့အခါမှာတော့ မိမိတို့စက်ထဲကို Windows 8 (or) 8.1 DVD ခွေ ထည့်ပြီး.. ဒီပိုစ့်မှာ တင်ပေးထားတဲ့ ဆော့ဝဲလ်လေးကို Run as administrator နဲ့ Run ပေး၊ နောက်ထပ် ၂-ဆင့်လောက် ကလစ်ပေးလိုက်ရင် အဆင်ပြေပါပြီ..။ အသုံးပြုတတ်အောင် အောက်မှာ ဆော့ဝဲလ်ဒေါင်းယူပြီး ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 104 kb ပဲ ရှိပါတယ်..။

CMD (SC Command) ဖြင့် /OnLineUpdate/LiveUpd.exe Error ဖြေရှင်းနည်း

 ကျနော် Windows 8.1 စသုံးကတည်းက ဒီ LiveUpdate.exe Error ဘောက်စ်ပေါ်နေတာ ကြာပြီ..။ ၁၅ မိနစ် တစ်ကြိမ် ဒီဘောက်စ် ပေါ်လာတော့တာပဲ..။ တချို့စက်တွေမှာ ဆိုရင်တော့ တစ်မိနစ် တခါ ပေါ်လေ့ရှိတယ်..။ ဘယ်လိုပဲ ဖျက်ဖျက် ပြန်ပေါ်နေတတ်တယ်..။ အချိန်ရတဲ့ တစ်ရက်မှာတော့ ဒီ CMD နည်းနဲ့ ဖြေရှင်းလိုက်မှ အဆင်ပြေသွားတော့တယ်..။ Windows 8.1 တွေမှာမှ ဖြစ်တတ်တာမဟုတ်ပဲ Windows 8 နဲ့ Windows 7 တွေမှာလည်း ဒီလို Error တွေ ဖြစ်တတ်ပါတယ်..။ 
တချို့ဆော့ဝဲလ်တွေဖြစ်တဲ့ IObit ဆော့ဝဲလ်တွေနဲ့ Revo Uninstaller ဆော့ဝဲလ်တွေ သွင်းမိရင်လည်း ဒီလိုတွေ ဖြစ်တတ်ပါတယ်..။ ကျနော့်စက်မှာတော့ အရင်ဝင်းဒိုးတွေမှာ သုံးနေကျ အင်တာနက်သုံး Broadband ဆော့ဝဲလ်ထည့်ပြီး ကတည်းက ဖြစ်နေတော့တာ.. အရင်ဝင်းဒိုးတွေမှာ မဖြစ်ပဲ ဒီဝင်းဒိုးမှ လာဖြစ်နေပါတယ်..။ မသိသေးတဲ့သူများအတွက် ဖြေရှင်းဖို့ ခက်နေမှာပါပဲ.. အခုဒီနည်းကတော့ အရမ်းလွယ်ကူပြီး ထိရောက်တဲ့ ဖြေရှင်းနည်းလေးပါ..။ ကျနော့်လို LiveUpdate.exe Error ဘောက်စ် ဖြစ်ပေါ်နေတဲ့ သူများရှိလာခဲ့ရင် ဖြေရှင်းလို့ လွယ်ကူအောင်၊ ဒီနေ့တော့ ပိုစ့်တခုအဖြစ် ဒီဖြေရှင်းနည်းကို တင်ပေးလိုက်ပါတယ်..။ လုပ်နည်းကတော့ CMD (Command Prompt) မှာ SC Command စာကြောင်းလည်း ရိုက်ထည့်ပြီး ဖြေရှင်းလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီဖြေရှင်းနည်းကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။

Windows 8.1 အသုံးပြုသူများအတွက် USB Pendrive (or) SD Card ဖြင့် Recovery Files ပြုလုပ်ဖန်တီးနည်း

 ကျနော် စာမရေးတာ ကြာသွားလို့ ကျနော့် Reader တွေလည်း ပိုစ့်တွေ မျှော်နေလောက်ပြီ ထင်ပါတယ်..။ ကျနော်အသုံးပြုနေတဲ့ အင်တာနက်က ဖိုင်တွေတင်လို့ အဆင်မပြေတာရယ် ၊ တခြား အကြောင်းလေးတွေကလည်း အနည်းငယ် ရှိနေလို့ စာမရေးဖြစ်တာပါ..။ မကြာခင်တော့ ပိုစ့်တွေ ပြန်လည်တင်ပေး နိုင်လိမ့်မယ် ထင်ပါတယ်..။ ဒီနေ့ လုပ်နည်း ပိုစ့်လေးကတော့ Windows 8.1 အသုံးပြုသူများအတွက်ပါ..။
Windows 8.1 တွေမှာ ဝင်းဒိုးပျက်သွားတဲ့အခါ ပြန်လည်ပြီး Repair နဲ့ Image Files တွေ ပြန်လည် Restore ပြုလုပ်နိုင်ဖို့အတွက် ဒီ Recovery လုပ်နည်းလေးကလည်း တတ်ထား၊ သိထားသင့်တဲ့ နည်းလေးတခုပါပဲ..။ ဒီနည်းကို ပြုလုပ်ဖန်တီးယူဖို့အတွက် ဆိုဒ်အသေးဆုံးဖြစ်တဲ့ USB Pendrive တစ်ချောင်း (သို့မဟုတ်) 512 MB ရှိတဲ့ SD Card တခုတော့ ရှိဖို့ လိုပါတယ်..။ ဒီထက် ဆိုဒ်ကြီးလို့လည်း ရပါတယ်..။ ဒီ့ထက်ဆိုဒ်သေးလို့တော့ မရပါဘူး..။ SD Card နဲ့ အသုံးပြုမယ်ဆိုရင်တော့ Card Reader နဲ့ တွဲပြီး Windows 8.1 တင်ထားတဲ့ မိမိတို့ရဲ့ ကွန်ပျူတာမှာ အရင်ဆုံး တပ်ဆင်ထားပါ..။ ဒီနည်းကို မပြုလုပ်ခင် မိမိတို့ရဲ့ SD Card (or) Pendrive တွေထဲမှာ ဘာဖိုင်၊ ဘာ Data မှ ရှိမနေရပါဘူး..။ ဝင်းဒိုးက အထဲက ဖိုင်တွေအားလုံး ရှင်းပြီးမှ ဖန်တီးပြုလုပ်မှာမို့.. Data တွေ ရှိနေတယ်ဆိုရင်တော့ အရင် နေရာပြောင်း ပြီး သိမ်းထားလိုက်ပါ..။ ပြီးရင်တော့ အောက်မှာ ရှင်းပြပေးထားတဲ့ ပုံလေးတွေအတိုင်း တဆင့်စီ လိုက်လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ လုပ်နည်းကလည်း လွယ်ပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။
Related Posts Plugin for WordPress, Blogger...