YouTube မှ သီချင်း Video တွေကို ဒေါင်းယူလိုရင်တော့ ဒီဒေါင်းလော့ဒါလေးနဲ့လည်း အဆင်ပြေ လွယ်ကူစွာ ဒေါင်းယူနိုင်ပါတယ်..။ IDM အသုံးပြုလို့ မရတဲ့ မိတ်ဆွေတို့အတွက် ဒီလို YouTube ဒေါင်းလော့ဒါလေးတွေကလည်း မရှိမဖြစ် အသုံးဝင်တဲ့အတွက် ဆောင်ထားသင့်ပါတယ်..။ ဒီကောင်လေးက နောက်ဆုံးထွက် Portable လေးဖြစ်လို့ ၂-ချက်တောက်ပြီး အဆင်သင့် အသုံးပြုယုံပါပဲ..။ အသုံးပြုရတာ လွယ်ကူပြီး အောက်မှာလည်း ပုံလေးတွေနဲ့ အသုံးပြုတတ်အောင်ပါ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.3 MB ရှိပါတယ်..။
Showing posts with label Portable များ. Show all posts
Showing posts with label Portable များ. Show all posts
Adobe Photoshop CS6 Portable 13.1.2
29 Dec 13, 07:36 PM
konyeinnyein: အစ်ကိုရေ ကျေးဇူးပြုပြီး ဖြစ်နိုင်ရင် cs6 photoshop လေး တင်ပေးစေချင်ပါတယ် ရှာလို့မရလို့ပါ
Photoshop CS6 Portable ကို ဟိုးအရင်တုန်းကလည်း တင်ပေးခဲ့ဖူးပါတယ်..။ အခုဒီဗါးရှင်းလေးကတော့ အသစ်မဟုတ်တဲ့ အရင်ဗါးရှင်းလေးပါပဲ..။ အရင် ဒေါင်းလော့လင့်တွေကနေ ပြန်လည် ဒေါင်းယူလို့ မရတော့တဲ့အတွက် လင့်အသစ်တွေနဲ့ ပြန်လည်တင်ပေးလိုက်ခြင်းပါ..။ Portable လေးဆိုပေမယ့် အရင်ပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးခဲ့တဲ့ အတိုင်း ၂-ချက်တောက်ပြီး ဖိုင်တခုထဲမှာ ဖြည်ချပြီးမှ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ 32-bit or 64-bit ဗါးရှင်းအလိုက် မိမိတို့ ဝင်းဒိုးနဲ့ အဆင်ပြေမယ့် ဖိုင်ကို ရွေးပြီး ဒေါင်းယူလိုက်ပါဗျာ..။
Internet Cyclone Portable 2.18 Final
Internet ဆွဲအားကို 200% ထိပိုပြီး ဆွဲပေးနိုင်တယ်လို့ သူ့ဆိုဒ်မှာ ရေးထားပါတယ်..။ ဆွဲအားပိုကောင်းတော့ လိုင်းပိုမြန်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ..။ ဟုတ်မဟုတ် မိမိတို့ ကိုယ်တိုင်သာ စမ်းသုံးကြည့်ကြပါ..။ မိမိတို့ အသုံးပြုတဲ့ အင်တာနက်လိုင်း အမျိုးအစားပေါ်မူတည်ပြီး ရွေးပေးရပါမယ်.. MODEM (Dial-Up) နဲ့လား ၊ ISDN (WIFI ကိုဆိုလိုတာပါ) နဲ့လား၊ CABLE / DSL နဲ့လားဆိုတာ ရွေးပေးပြီး Optimize တချက်ကလစ်ပြီး ပေါ်လာတဲ့ ဘောက်စ်ထဲမှာ OK နှိပ်ပေးလိုက်ရင် အင်တာနက်ဆွဲအား ပိုမြန်လာပါလိမ့်မယ်..။ Portable လေးဖြစ်တဲ့အတွက် ၂-ချက်တောက်ပြီး တန်းသုံးယုံပါပဲ..။ အသုံးပြုတတ်အောင် အရင်က ပြန်လည် လေ့လာကြည့်နိုင်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2.1 MB ရှိပါတယ်..။
TeamViewer Portable 8.0.19045 Final
ကျနော်တို့ အင်တာနက်ကနေ မိမိတို့ရဲ့မိသားစု ကွန်ပျူတာကိုပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း ညီအစ်ကို မောင်နှမတွေရဲ့ ကွန်ပျူတာကိုပဲ ဖြစ်ဖြစ်၊ လှမ်းကြည့်ပေး ပြင်ပေးလို့ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါပဲ..။ ဒီကောင်လေးက အသုံးပြုလို့ ကောင်းတဲ့ Free ပေးသုံးတဲ့ TeamViewer Portable 8.0.19045 Final ဗါးရှင်းလေးပါ..။ မိမိတို့ စက်ထဲမှာ အရင်တုန်းက TeamViewer ဗါးရှင်းတွေ ရှိနေတယ်ဆိုရင်လည်း ဒီ Portable ဗါးရှင်းလေးကို အသုံးပြုလို့ ရနေမှာပါပဲ..။ ဒီဗါးရှင်းလေးက ဖရီးဗါးရှင်း ဖြစ်တဲ့အတွက် Video Call တွေနဲ့ Chat တွေတော့ အသုံးပြုလို့ မရပါဘူး..။ ကျန်တာတွေအားလုံး ပေးသုံးပါတယ်..။ ကျနော်တို့ Video Call တွေနဲ့ Chat တွေကို VZO ၊ Gmail နဲ့ Gtalk တွေမှာ Free သုံးလို့ရတဲ့အတွက် ဒီကောင်လေးနဲ့ တွဲသုံးတဲ့အခါ အရမ်းလွယ်ကူပြီး အဆင်ပြေပြေ အသုံပြုလို့ ရသွားပါလိမ့်မယ်..။ TeamViewer ဆော့ဝဲလ်ရဲ့ အသုံးပြုပုံကို အရင်ပိုစ့်တွေ ဖြစ်တဲ့ TeamViewer 8 Beta and TeamViewer 7 Portable နဲ့ TeamViewer Enterprise 7.0.14563 ပိုစ့်တွေမှာ ပြည့်စုံအောင် လုပ်ပြပေးထားပါတယ်..။ ဒီကောင်လေးကို အသုံးမပြုတတ်သေးတဲ့သူများ အဲ့ဒီပိုစ့်တွေမှာ လေ့လာကြည့်ပေးပါ..။ ဒီ Portable ဗါးရှင်းလေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.5 MB ရှိပါတယ်..။
Portable Hypersnap 7.24.00 Final
ဒီကောင်လေးက Hypersnap 7.24.00 Portable ဗါးရှင်းလေးပါ..။ ၂ချက်တောက်ပြီး တန်းသုံးလို့ ရတဲ့ Portable လေးပါ..။ မိမိတို့ ကွန်ပျူတာ Screen ပေါ်မှာ မြင်နေသမျှ အားလုံးကို ဒီကောင်လေးနဲ့ ပုံတွေ ရိုက်ယူလို့ ရပါတယ်..။ ပြီးရင် စာတွေရေး၊ မျှားအညွှန်းတွေတပ် စသဖြင့် ပုံတွေကို လိုသလို Edit လုပ်ယူလို့ရတဲ့ ဆော့ဝဲလ်လေးပါ..။ အရင်တုန်းက တင်ပေးခဲ့တဲ့ ဗါးရှင်းတွေက Keyfiles လေးနဲ့ ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုရတာပါ..။ ဒီကောင်လေးကတော့ ဘယ်သွားသွား ယူသွား၊ သယ်သွားလို့ ရတဲ့ ဖူးဖြစ်ပြီးသား၊ ၂ချက်တောက်ယုံနဲ့ အသုံးပြုလို့ရတဲ့ Portable လေးပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 11 MB ရှိပါတယ်..။ ဒီဖိုင်ကို Mirror ဆိုဒ်ကနေ တင်ပေးထားတာဖြစ်တဲ့အတွက် မိမိတို့ ဒေါင်းယူလိုတဲ့ Upload ဆိုဒ်ကို ရောက်အောင် CLICK HERE ဆိုတဲ့ စာသားနဲ့ အပြာရောင် Button လေးကို အောက်ဆုံးမှာ ရှာပြီး နှိပ်ပြီး သွားရမှာ ဖြစ်ပါတယ်..။
CPU_Speed_Professional_v3.0.4.3_Protable

မင်္ဂလာပါဗျာ ဒီနေ့တော့ သူငယ်ချင်းများ အကြိုက်တွေ့စေမယ်CPU_Speed_Professional_v3.0.4.3 ကို ပြန်ရှယ်ထားပါတယ်သူက ဘာလဲဆိုတော့ မိမိရဲ့ CPU ကို မြှင့်တင်ပေးတာပါCPU ဆိုတာ တစ်နည်းအားဖြင့် ပြောရရင် ကွန်ပျူတာဦးနှောက်ပေါ့ ကွန်ပျူတာရဲ့ ဦးနှောက်ကို မြှင့်တင်ပေးတယ်ဆိုတော့ အရင်ထက် စရင် ကွန်ပျူတာ အလုပ် လုပ်တာပိုမြန်လာမယ်တော့ သေချာပါတယ်မယုံရင် စမ်းသာ စမ်းကြည့်ကျွန်တော် အသုံးပြုပုံ နည်းနည်းလေး ရှင်းပြထားပါတယ်အော် ဒါထက် ဆော့ဝဲလ်က Protable လေးပါနော်ဘာ Crack တို့ Patch တို့ မလိုပါဘူးFile Size (2.47MB) ရှိပါတယ်
Portable Photoshop CS6 13.1.2 Final - Included 3D Tool
4 Apr 13, 10:00 PM
မိုးလရောင်: အကိုရေ.. photoshop cs6 လေးလိုအပ်နေလို. တောင်းလို.မရတော.ဘူးထင်တယ်ရှင်....
Portable Photoshop CS6 13.1.2 Final နောက်ဆုံးထွက်လေးနဲ့ တောင်းထားတဲ့လူ ရှိလာတာနဲ့ တိုက်ဆိုင်လာလို့ ဒီနေ့တော့ Portable Photoshop CS6 ကိုတင်ပေးဖြစ်သွားပါတယ်..။ ဒီ Portable Photoshop CS6 လေးကို 32-bit နဲ့ 64-bit ဆိုပြီး ဖိုင်၂ခုခွဲတင်ပေးထားတာ ဖြစ်လို့ မိမိတို့ ဝင်းဒိုးနဲ့ အဆင်ပြေမယ့် ဗါးရှင်းကို ရွေးပြီး ဒေါင်းယူရမှာပါ..။ ဖိုင်ဖြည်လိုက်ရင်တော့ .paf ဖေါ်မတ်နဲ့ ရရှိပါလိမ့်မယ်..။ ၂ချက်တောက်ပြီး အပိုင်း (D:) သို့မဟုတ် မိမိတို့အဆင်ပြေမယ့် တစ်နေရာကို ရွေးပြီး Extract နဲ့ ဖြည်ချလိုက်ရင် ဒီကောင်လေးကို အသုံးပြုလို့ ရသွားပါပြီ..။ ဒီ CS6 ပေါတေးဘယ်လေးမှာ 3D တူးလေးပါ ပါလာတာကို တွေ့ရပါတယ်..။ CS6 နဲ့ 3D အသုံးပြုလိုတဲ့ သူများအတွက် အဆင်ပြေစေမယ့် နောက်ဆုံးထွက်လေးပါ..။ အောက်မှာလည်း ကျနော်စမ်းသပ်ထားတာလေးကို ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 32-bit အတွက် 93 MB ရှိပြီး၊ 64-bit အတွက်ကတော့ 105 MB ရှိပါတယ်..။
Portables Photoshop CS1,2,3,4,5
18 October 2012 09:44
freedomboy: အကိုေ၇..photoshop cs4 လေးရှိရင် တင်ပေးစေချင်ပါတယ်။ ကျေးဇူးတင်လျက်။
freedomboy: အကိုေ၇..photoshop cs4 လေးရှိရင် တင်ပေးစေချင်ပါတယ်။ ကျေးဇူးတင်လျက်။
22 Nov 12, 10:52 PM
ဇော်မင်းဦး: အကိုရေ.... photoshop cs5 ဆော့လ်ဝဲလေး တင်ပေးပါ့လား... ထည့်ပုံထည့်နည်းနဲ့တကွ တင်ပေးပါနော်... အကို့ကိုဘဲ လေးစားအားကိုးမိတယ်
ဇော်မင်းဦး: အကိုရေ.... photoshop cs5 ဆော့လ်ဝဲလေး တင်ပေးပါ့လား... ထည့်ပုံထည့်နည်းနဲ့တကွ တင်ပေးပါနော်... အကို့ကိုဘဲ လေးစားအားကိုးမိတယ်
27 Nov 12, 02:02 AM
ဂျစ်တူး:အစ်ကို Photoshop CS5 Portable ကို Full version
ဖြစ်အောင်လုပ်လို့ရတဲ့နည်းရှိရင် မျှဝေပါဦး လို့တောင်းဆိုပါရစေ Cs 6 full
version လုပ်တဲ့ဟာတော့ ဒီထဲမှာတွေ့တယ်ဗျာ့ ကွန်မကောင်းတော့
အဆင်မပြေနိုင်လို့ပါ
28 Nov 12, 10:11 PM
m.zawko: အကိုရေ ကျနော် photoshop cs3 လေးတင်ပေးပါအုံး တင်ထားတဲ့ sc3 ကဒေါင်းလို့မရဘူး အကို့စေတနာကိုလေးစားပါတယ် အကိုကျမ္မာပါစေလို့ နေတိုင်းဆုတောင်းနေပါတယ်
Photoshop CS1,2,3,4,5 Portable လေးတွေကို စုစည်းပြီး ပြန်လည်တင်ပေးလိုက်ပါတယ်..။ Cbox နဲ့ comment တွေမှာ တောင်းထားတာလေးတွေပါ.. ရတဲ့အချိန်လေးမှာ ဖြေးဖြေးချင်း Upload တင်နေရတာ ဖြစ်လို့ နည်းနည်းတော့ ကြာသွားပါတယ်.. Rapidshare ဆိုဒ်မှာ ကျန်ခဲ့တဲ့ ၃၊၄ရက်က သူ့ဆိုဒ်ကို Update ပြန်လုပ်ထားတာဖြစ်လို့ အဲ့ဒီဆိုဒ်မှာ အရင်တင်ပေးထားတဲ့ ဖိုင်တွေ၊ ဆော့ဝဲလ်တွေကို ဒေါင်းယူလို့ မရတော့ပါဘူး.. ဒါကြောင့် အရင်ပိုစ့်တွေမှာ တင်ပေးထားတဲ့ တချို့ဆော့ဝဲလ်တွေကို လိုအပ်တဲ့သူများကတော့ Cbox မှာဖြစ်စေ၊ Comment မှာဖြစ်စေ ရေးခဲ့ပေးပါ.. ပြန်လည် တောင်းဆိုနိုင်ပါတယ်..။ ကျနော်အချိန်ရတာနဲ့ ပြန်လည်တင်ပေးထားပါမယ်.. အခုဒီ Photoshop portables လေးတွေကတော့ ၂ချက်တောက်ပြီး စက္ကန့် ၇၀၊၈၀ လောက် စောင့်နေပြီးရင် ပေါ်လာပါလိမ့်မယ်.. အဲ့ဒါဆို အသုံးပြုလို့ ရသွားပါပြီ.. တချို့က Portable ဆော့ဝဲလ် ဆိုတာကို သေသေချာချာနားမလည် ကြတော့ Full မဖြစ်ဘူးလို့ ထင်နေကြတဲ့သူများလည်း ရှိတာမို့ နည်းနည်းတော့ ရှင်းပြချင်ပါတယ်.. Portable ဆော့ဝဲလ် ဆိုတာက Full ဖြစ်ပြီးသား ဆော့ဝဲလ်တွေပါပဲ.. ၂ချက်တောက်ပြီး တန်းသုံးလို့ ရတဲ့.. Next တို့၊ Finish တို့၊ နှိပ်ဖို့မလိုတဲ့.. Serial Keys တွေ Patch တွေ၊ Crack တွေ ထည့်ပေးဖို့ မလိုတော့တဲ့ ဆော့ဝဲလ်မျိုးကို Portable ဆော့ဝဲလ်လို့ ခေါ်ပါတယ်.. နောက်ပြီး မိမိတို့ကွန်ပျူတာမှာမသုံးပဲ.. အင်တာနက်ဆိုင်ကလိုမျိုး ကွန်ပျူတာတွေမှာ အသုံးပြုချင်တဲ့အခါ မိမိတို့ရဲ့ USB Flash Drive ထဲ ဒီ Potable ဆော့ဝဲလ်တွေကို ထည့်ပြီး၊ ယူသွားပြီး အလွယ်တကူ ဖွင့်သုံးလို့ ရပါတယ်.. မိမိတို့ရဲ့ USB ကိုဆွဲဖြုတ်လိုက်တာနဲ့ အဲ့ဒီစက်ထဲမှာ ဘာဆော့ဝဲလ်မှ မကျန်ခဲ့တော့ပါဘူး.. မိမိတို့ရဲ့ USB Drive ထဲမှာ မိမိတို့ရဲ့ Portable ဆော့ဝဲလ်တွေ အားလုံးပါလာပြီးသားပါ.. အဲ့လိုမျိုး သယ်သွား၊ သယ်လာ အလွယ်သုံးလို့ရလို့ Potable လို့ခေါ်တာပါ.. ဒီလောက်ဆိုရင် မသိသေးတဲ့သူများကတော့ Portable ဆော့ဝဲလ် ဆိုတာကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်.. အခုဒီ Photoshop Portables လေးတွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်တွေကလည်း သိပ်မများပါဘူး..
m.zawko: အကိုရေ ကျနော် photoshop cs3 လေးတင်ပေးပါအုံး တင်ထားတဲ့ sc3 ကဒေါင်းလို့မရဘူး အကို့စေတနာကိုလေးစားပါတယ် အကိုကျမ္မာပါစေလို့ နေတိုင်းဆုတောင်းနေပါတယ်
Photoshop CS1,2,3,4,5 Portable လေးတွေကို စုစည်းပြီး ပြန်လည်တင်ပေးလိုက်ပါတယ်..။ Cbox နဲ့ comment တွေမှာ တောင်းထားတာလေးတွေပါ.. ရတဲ့အချိန်လေးမှာ ဖြေးဖြေးချင်း Upload တင်နေရတာ ဖြစ်လို့ နည်းနည်းတော့ ကြာသွားပါတယ်.. Rapidshare ဆိုဒ်မှာ ကျန်ခဲ့တဲ့ ၃၊၄ရက်က သူ့ဆိုဒ်ကို Update ပြန်လုပ်ထားတာဖြစ်လို့ အဲ့ဒီဆိုဒ်မှာ အရင်တင်ပေးထားတဲ့ ဖိုင်တွေ၊ ဆော့ဝဲလ်တွေကို ဒေါင်းယူလို့ မရတော့ပါဘူး.. ဒါကြောင့် အရင်ပိုစ့်တွေမှာ တင်ပေးထားတဲ့ တချို့ဆော့ဝဲလ်တွေကို လိုအပ်တဲ့သူများကတော့ Cbox မှာဖြစ်စေ၊ Comment မှာဖြစ်စေ ရေးခဲ့ပေးပါ.. ပြန်လည် တောင်းဆိုနိုင်ပါတယ်..။ ကျနော်အချိန်ရတာနဲ့ ပြန်လည်တင်ပေးထားပါမယ်.. အခုဒီ Photoshop portables လေးတွေကတော့ ၂ချက်တောက်ပြီး စက္ကန့် ၇၀၊၈၀ လောက် စောင့်နေပြီးရင် ပေါ်လာပါလိမ့်မယ်.. အဲ့ဒါဆို အသုံးပြုလို့ ရသွားပါပြီ.. တချို့က Portable ဆော့ဝဲလ် ဆိုတာကို သေသေချာချာနားမလည် ကြတော့ Full မဖြစ်ဘူးလို့ ထင်နေကြတဲ့သူများလည်း ရှိတာမို့ နည်းနည်းတော့ ရှင်းပြချင်ပါတယ်.. Portable ဆော့ဝဲလ် ဆိုတာက Full ဖြစ်ပြီးသား ဆော့ဝဲလ်တွေပါပဲ.. ၂ချက်တောက်ပြီး တန်းသုံးလို့ ရတဲ့.. Next တို့၊ Finish တို့၊ နှိပ်ဖို့မလိုတဲ့.. Serial Keys တွေ Patch တွေ၊ Crack တွေ ထည့်ပေးဖို့ မလိုတော့တဲ့ ဆော့ဝဲလ်မျိုးကို Portable ဆော့ဝဲလ်လို့ ခေါ်ပါတယ်.. နောက်ပြီး မိမိတို့ကွန်ပျူတာမှာမသုံးပဲ.. အင်တာနက်ဆိုင်ကလိုမျိုး ကွန်ပျူတာတွေမှာ အသုံးပြုချင်တဲ့အခါ မိမိတို့ရဲ့ USB Flash Drive ထဲ ဒီ Potable ဆော့ဝဲလ်တွေကို ထည့်ပြီး၊ ယူသွားပြီး အလွယ်တကူ ဖွင့်သုံးလို့ ရပါတယ်.. မိမိတို့ရဲ့ USB ကိုဆွဲဖြုတ်လိုက်တာနဲ့ အဲ့ဒီစက်ထဲမှာ ဘာဆော့ဝဲလ်မှ မကျန်ခဲ့တော့ပါဘူး.. မိမိတို့ရဲ့ USB Drive ထဲမှာ မိမိတို့ရဲ့ Portable ဆော့ဝဲလ်တွေ အားလုံးပါလာပြီးသားပါ.. အဲ့လိုမျိုး သယ်သွား၊ သယ်လာ အလွယ်သုံးလို့ရလို့ Potable လို့ခေါ်တာပါ.. ဒီလောက်ဆိုရင် မသိသေးတဲ့သူများကတော့ Portable ဆော့ဝဲလ် ဆိုတာကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်.. အခုဒီ Photoshop Portables လေးတွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်တွေကလည်း သိပ်မများပါဘူး..
Wise Registry Cleaner v7.51 Portable
ဒီကောင်လေးကတော့ အသုံးပြုရတာ ပေါ့ပေါ့ပါးပါးနဲ့ ကျနော်တို့ရဲ့ စက်ကိုလေးစေတဲ့ ကွန်ပျူတာထဲက Registry အဲရာတွေကို ထိထိရောက်ရောက်ရှင်းလင်းပေးနိုင်တဲ့ ကောင်လေးပါ..။ ဖိုင်ဆိုဒ်သေးသေးလေးနဲ့ Portable လေးဖြစ်တဲ့အတွက် အလွယ်တကူ ၂ချက်တောက်ပြီး အသုံးပြုယုံပါပဲ..။ အောက်မှာတော့ ကျနော်သုံးထားတာလေးကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 1.5 MB ပဲရှိပါတယ်..
Wireless Network Watcher 1.47 Portable
ဒီကောင်လေးက Wireless သုံးတဲ့သူတွေအတွက် အသုံးဝင်တဲ့ ဆော့ဝဲလ်ကောင်းလေးပါ..။ မိမိတို့ ဝါယာလက်စ်နက်ဝက်အတွင်း အသုံးပြုနေတဲ့ ကွန်ပျူတာ အရေအတွက်ကို ရှာပေးနိုင်ပါတယ်..။ တနည်းအားဖြင့် မိမိတို့ WIFI ကို ခိုးသုံးနေတဲ့ သူတွေ ဘယ်နှယောက်ရှိလဲဆိုတာ ရှာပေးနိုင်ပါတယ်..။ Portable လေးပါ.. ၂ချက်တောက်ပြီး တန်းသုံးလို့ ရပါပြီ..။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ..။ 1.6 MB ပဲရှိပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ကျနော်နမူနာ သုံးထားတာလေးကို ကြည့်ပါ.. အောက်မှာ.. မနေ့ကတင်ပေးလိုက်တဲ့ Connectify Pro နဲ့ Wifi ထုတ်သုံးပြီး စက်နှလုံးနဲ့ Wifi ဖမ်းသုံးတာကို ဒီကောင်လေးနဲ့ ပြန်ရှာလိုက်တာ အောက်ကပုံလေးအတိုင်း ပေါ်နေပါတယ်..။ ကျနော့်ရဲ့ Wifi အတွင်းမှာ စက်၂လုံးသုံးနေတယ်ဆို ပြနေပါတယ်..။ အသုံးပြုရတာလည်း အရမ်းလွယ်ပါတယ်..။
Yamicsoft Windows 7 Manager 4.0.5 Final Portable
ဒီကောင်လေးမှာ Features တွေအတော်များများ ပါပါတယ်..။ Windows 7 Manager ဆိုတဲ့အတိုင်း Windows7 နဲ့ ပါတ်သက်တာတွေ အားလုံးနီပါး လုပ်ပေးနိုင်ပါတယ်..။ မိမိတို့ရဲ့စက်ကို အမှိုက်တွေရှင်းပေးတာ၊ မလိုအပ်တဲ့ Registry Error တွေကို Cleaning လုပ်ပေးတာတွေ၊ Junk ဖိုင်တွေနဲ့ တခြားအသုံးဝင်တဲ့ စက်ကို မြန်အောင်၊သွက်အောင် လုပ်ပေးနိုင်တာတွေ အများကြီး ပါပါတယ်..။ သူ့ရဲ့အသုံးဝင်ပုံတွေနဲ့ သူနဲ့ပါတ်သက်တာလေးတွေကို တခုချင်းစီ ရှင်းပြဖို့ ခက်ပါတယ်.. ကျနော် အနည်းငယ် အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ အနည်းငယ် လုပ်ပြပေးထားပါတယ်..။ ကျန်တာတွေကိုတော့ မိမိတို့ဖာသာ စမ်းသပ်အသုံးပြုကြည့်ပါဗျာ..။ ဒီကောင်လေးကို ဘယ်လိုအသုံးဝင်လဲ၊ ဘယ်နှမျိုး အသုံးပြုလို့ ရလဲဆိုတာကို သူ့ရဲ့မူရင်း ဆိုဒ်မှာ ရေးထားတဲ့အတိုင်း ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..
Windows 7 Manager is the powerful software tool to tweak and optimize your Windows 7, it bundles more than 30 different utilities in one and help your system faster and more stable, secure and personal!
Windows 7 Manager is a system utility that helps you optimize, tweak, repair and clean up Windows 7. It will increase your system speed, eliminate system fault, improve system security, and meet all of your expectations.Windows 7 Manager is a system utility that helps you optimize, tweak, repair and clean up Windows 7. It will increase your system speed, eliminate system fault, improve system security, and meet all of your expectations.
လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ Portable လေးပါ..။ ၂ချက်တောက်ပြီး တန်းသုံးလို့ ရပါပြီ..။ လိုရမယ်ရ သူ့ထဲမှာ Keygen လေးပါ ထည့်ပေးလိုက်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 9 MB ရှိပါတယ်..
Macromedia Dreamweaver Portable version 8.0.2
ဒီကောင်လေးကတော့ Macromedia Dreamweaver Portable လေးပါ..။ Dreamweaver တင်လက်စနဲ့ ဒီကောင်လေးပါ တင်ပေးလိုက်ပါတယ်..။ Adobe Dreamweaver CS6 ကဖိုင်ဆိုဒ်များလို့ ဒေါင်းယူဖို့ အဆင်မပြေတဲ့ သူများအတွက် ဒီကောင်လေးနဲ့လည်း Web Site တွေပြုလုပ်ဖို့ အဆင်ပြေပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 66.5 MB ရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူလိုက်ပါဗျာ..။ ဒီဖိုင်လေးကိုလည်း adf.ly - Web Page တခုကြားခံထားပြီး တင်ပေးထားပါတယ်..။
Light Image Resizer 4.3 Portable
ဒီကောင်လေးကတော့ ကျနော်တို့ရဲ့ ဓါတ်ပုံတွေကို ဆိုဒ်သေးသေးလေး ဖြစ်အောင်.. ဓါတ်ပုံတွေရဲ့ ဆိုဒ်ကို သေးအောင် ချုံ့ပေးနိုင်ပါတယ်..။ Portable လေးပါ.. ။ များသောအားဖြင့် ဒီနည်းက မလိုအပ်ပေမယ့်.. နောက်ပိုင်း ကျနော်တင်ပေးမယ့် ပိုစ့်တွေထဲမှာ ဓါတ်ပုံဆိုဒ်သေးမှ ဝင်းဒိုးရှေ့ Welcome Screen အတက် Password ရိုက်ထည့်ပြီးမှ ဝင်လို့ရတဲ့ နေရာ.. Screen မှာ မိမိတို့ ဓါတ်ပုံလေးတွေကို Windows7 ပုံနဲ့ အစားထိုး ဖို့ဆိုရင် ဓါတ်ပုံဆိုဒ်သေးမှ 200 kb အောက်ရှိတဲ့ ပုံမှ ထည့်လို့ သွင်းလို့ ရမှာပါ.. အဲဒါကြောင့် ဓါတ်ပုံတွေကို ဘယ်လို ဆိုဒ်သေးအောင်.. ၊ ဘယ်လိုလုပ်မလဲဆိုတာ သိရအောင် အခုကတည်းက ဒီဆော့ဝဲလ်လေးကို တင်ပေးထားလိုက်တာပါ..။ အသုံးပြုရတာလည်း လွယ်ပါတယ်..။ အောက်မှာလည်း ပုံလေးတွေနဲ့ အသုံးပြုပုံကို ရှင်းပြထားပါတယ်..။ 1500 kb (1.49 MB ) ရှိတဲ့ PNG File အမျိုးအစား ဓါတ်ပုံကို.. 100 kb အောက်အထိ ရအောင် ဒီကောင်လေးနဲ့ ပုံရဲ့ဖေါ်မတ်ကိုပါ JPEG ပြောင်းပြီး ချုံ့ပြထားပါတယ်.. လိုအပ်တဲ့သူများ ကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူထားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 9.2 MB ရှိပါတယ်..
Portable Foxit Reader 5.3.0 free software download
Foxit Reader Portable လေးပါတင်ပေးလိုက်ပါတယ်..။ Portable လေးတွေကိုမှ လိုချင်တဲ့ သူများအတွက်ပါ...။ သုံးနည်းကတော့ ထွေထွေထူးထူး မရှိပါဘူး.. ဒီကောင်လေးကိုဖွင့်ပြီး မိမိတို့ ဖွင့်ဖတ်ချင်တဲ့ PDF ဖိုင်လေးကို ရွေးပြီးဖွင့်လိုက်ရင် ဒီကောင်လေးနဲ့ စာဖတ်လို့ ရသွားပါပြီ.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူသွားလိုက်ပါ.. ဖိုင်ဆိုဒ်ကတော့ 11 MB ရှိပါတယ်..
Portable Maxthon 3.3 Browser Free Download
Maxthon Browser Portable လေးပါတခါတည်း ရှာပြီးတင်ပေးလိုက်ပါတယ်..။ Portable လေးတွေကို ကြိုက်တဲ့သူများအတွက်ပါ..။ မြန်မာစာပေါ်အောင် လုပ်တဲ့နည်းကတော့ အတူတူပါပဲ.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူသွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 33.4 MB ရှိပါတယ်..
IDM Portable များ 6.09 နှင့် 6.5 Free Download
IDM Portable လေးတွေထပ်ရလာလို့ တင်ပေးလိုက်ပါတယ်..။ IDM ကို Full Version ဖြစ်အောင် မလုပ်တတ်သေးသူများနဲ့ Portable လေးတွေကိုမှ အကြိုက်တွေ့သူများအတွက်.. ရတုန်းလေး ဆောင်ထားသင့်ပါတယ်..။ Portable ဆိုတော့ Crack တို့ Patch တို့ Keygen တို့ ထည့်ဖို့မလိုတော့ဘူးပေါ့ဗျာ..။ Version နှစ်ခုပါ.. တစ်ခုက IDM 6.09 နဲ့ နောက်တခုက IDM 6.5 ပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ..
Gtalk Portable Free Download
Gtalk Portable လေးပါ.. Gtalk ဝါအောင်လုပ်တဲ့ ဆော့ဝဲလ် တောင်းထားတဲ့လူရှိလို့ လိုက်ရှာရင်းနဲ့ ဒီကောင်လေးကို ရခဲ့တာပါ... သုံးရတာအဆင်ပြေပါတယ်..။ ကျနော်စမ်းသုံးပြီးပါပြီ...။ ဒီကောင်လေးမှာ မြန်မာစာပေါ်အောင် ဒီကောင်လေးကိုဖွင့်ပြီးရင် Setting ကိုဝင်ပါ..။ Change Font ကိုသွားပြီး Zawgyi-one ပြောင်းပေပြီး OK နှိပ်လိုက်ရင်... မြန်မာစာ ရေးလို့ ဖတ်လို့ ရပါပြီ... ဖိုင်ဆိုဒ်ကတော့ 7.8 MB ရှိပါတယ်.. လိုအပ်တဲ့သူများ အောက်ကအဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းယူသွားလိုက်ပါ..
Portable VZO Chat free download
ဒါလေးကတော့ လူကြိုက်များတဲ့ ဆော့ဝဲလ်တွေထဲက တခုပါပဲ.. VZO Portable လေးပါ..။ Portable လေးတွေတင်ရင်းနဲ့ တခါတည်းတင်ပေးလိုက်ပါတယ်..။ USB လေးနဲ့ဘယ်သွားသွား ယူသွားလို့ ရပါတယ်..။ အင်တာနက်ဆိုင်မှာ သုံးတဲ့ လူတွေအတွက် ပိုပြီး အသုံးတည့်ပါတယ်..။ ဒါလေးလည်း ဆောင်ထားသင့်ပါတယ်..။ လိုအပ်ရင်တော့ အောက်ကလင့် တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3.36 MB ပဲရှိပါတယ်..။
Google Chrome Portable 18.0 free download
ဒါလေးကတော့ Google Chrome Portable လေးပါ.. Portable လေးတွေကိုမှ သုံးချင်တဲ့သူများအတွက် အဆင်ပြေပါတယ်..။ ဒါလေးကိုလည်းတင်ပေးချင်လို့ လိုက်ရှာနေတာ .. ဒီနေ့မှ အဆင်ပြေပြေရတော့တယ်..။ အထဲမှာ မြန်မာစာပေါ်အောင်နဲ့ You Tube ဒေါင်းလော့ဒါပါ တခါတည်း ထည့်ထားပေးပြီးသားပါ..။ အဆင်သင့်တန်းသုံးရုံပါပဲ..။ လိုအပ်တဲ့သူများ အောက်က အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 32.8 MB ရှိပါတယ်..
Mozilla Firefox Portable 12.0 Free Download
ဒီတခါတော့ Mozilla Firefox Portable လေးတင်ပေးလိုက်ပါတယ်..။ Portable လေးတွေပဲစုပြီး သုံးချင်တဲ့ သူငယ်ချင်းများအတွက် ... USB ထဲမှာထည့်ပြီး ပေါ့ပေါ့ပါးပါး ဘယ်ကိုပဲသွားသွား သယ်သွားနိုင်ပါတယ်..။ အင်တာနက်ဆိုင်တွေမှာ သုံးတဲ့လူတွေအတွက်တော့ Keylocker လို့ခေါ်တဲ့ မိမိတို့ရဲ့ ပါတ်စ်ဝါ့တ် တွေနဲ့ အချက်အလက်တွေကို လိုက်မှတ်ပေးတဲ့ သူခိုးရန်က ကင်းလွတ်နိုင်တာပေါ့ဗျာ..။ ကိုယ်ပိုင် Browser နဲ့ လိုင်းပေါ်တက်တာဖြစ်တဲ့အတွက် မိမိတို့ကြည့်ခဲ့တဲ့ ဆိုဒ်တွေ၊ လိပ်စာတွေအားလုံးဟာ အင်တာနက်ဆိုင်ကကွန်ပျူတာထဲမှာ မကျန်ခဲ့တော့ဘူးပေါ့.. ကျနော်လည်း Portable လေးတွေကိုပဲ သုံးရတာ ပိုသဘောကျပါတယ်..။
Subscribe to:
Posts (RSS)















