Showing posts with label Video Editing အခြေခံ. Show all posts
Showing posts with label Video Editing အခြေခံ. Show all posts

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-ခြောက် (DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်း-ဒုတိယပိုင်း)

 ဒီ Video Editing လေ့ကျင့်ခန်း ပိုစ့်မှာတော့ DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်း-ဒုတိယပိုင်း၊ အပြီးပိုင်းကို Master DVD ခွေ တစ်ချပ် ထုတ်ယူလို့ ရတဲ့အထိ ပုံလေးတွေနဲ့ ဆက်လက်တင်ပြပေးထားပါတယ်..။ နောက်ရက်တွေ ဆက်တင်ပေးမယ့် ပိုစ့်တွေမှာတော့ DVD သီချင်းခွေ ထုတ်ယူလို့ ရတဲ့ အကောင်းဆုံးဆော့ဝဲလ် နောက်တခုကိုလည်း ဆက်လက်တင်ပေးပါအုန်းမည်..။ CD သီချင်းခွေ ထုတ်တတ်ချင်တဲ့သူများအတွက်လည်း၊ CD သီချင်းခွေ ထုတ်နည်းနဲ့ ဆော့ဝဲလ်ကို ထပ်တင်ပေးပါမည်..။
 နောက်တခုက ဒီပိုစ့်မှာ မိမိတို့ ဖန်တီးထားပြီးတဲ့ DVD Menu နဲ့ Chapters ဒီဇိုင်းတွေကို အခွေမကူးခင် Preview နဲ့ ပြန်လည် ကြည့်လို့ရအောင်၊ ကြည့်နည်းကိုပါ ဒီပိုစ့်မှာ နမူနာကြည့်လို့ရအောင် တစ်မိနစ်ကျော်စီကြာတဲ့ Video ဖိုင်လေး ၂-ခုနဲ့ တင်ပေးလိုက်ပါတယ်..။ ဒီ Video လေးတွေကို ကြည့်ပြီး.. မိမိတို့ ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းကို ဖန်တီးယူသုံးလို့ ရအောင်ဖြစ်ပါတယ်..။ အသုံးလိုတဲ့သူများအတွက် မနေ့က ပထမပိုင်းရဲ့ အဆက်ကနေ ဒီနေ့ နောက်ပိုင်းပြီးတဲ့အထိ အောက်မှာ ပုံလေးတွေနဲ့ ဆက်လက်လေ့လာနိုင်ပါပြီ..။

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-ငါး (DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်း-ပထမပိုင်း)

  ဒီနေ့ Video Editing လေ့ကျင့်ခန်း အပိုင်း-၅ ပိုစ့်မှာတော့.. DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်းကို တခါတည်း အကုန်တင်ပေးချင်ပေမယ့် ပုံတွေများလွန်းတဲ့အတွက် ပထမပိုင်းအဖြစ်သာ အပိုင်းထပ်ခွဲပြီး တင်ပေးလိုက်ရပါသည်..။ ဒုတိယပိုင်းကိုတော့ နောက်ရက်မှာ ဆက်တင်ပေးပါမည်..။ 
  ဒီပိုစ့်က လုပ်နည်းတွေမှာ DVD သီချင်းခွေတချပ်ရဲ့ DVD Player ထဲမှာ ဖွင့်ဖွင့်ခြင်း ပေါ်လာတတ်တဲ့ Play All နဲ့ Select Songs တွေကို ရွေးယူကြည့်လို့ရမယ့် လုပ်နည်းတွေ ဖြစ်ပြီး.. Select Songs နေရာမှာတော့ မိမိတို့ ထားလိုတဲ့ သီချင်းတွေကို 1-2-3-4-5 စသဖြင့် စီတန်းပြီး ထည့်ထားလို့ရမှာ ဖြစ်ပါတယ်..။ ၎င်းနေရာကနေ ကြိုက်နှစ်သက်ရာ သီချင်းတပုဒ်စီကို ရွေးချယ်ဖွင့်ကြည့်နိုင်ပါတယ်..။ Play All နေရာကနေ ဖွင့်ရင်တော့ သီချင်းတွေကို မိမိတို့စီထားတဲ့အတိုင်း တစ်ပုဒ်ပြီးတစ်ပုဒ် ပြီးတဲ့အထိ ဖွင့်ပြပေးပါလိမ့်မယ်..။ မိမိတို့အရင်နားထောင်လိုတဲ့ သီချင်းတွေကိုလည်း Next နဲ့ ကျော်ယူကြည့်ရှုနိုင်မှာ ဖြစ်ပြီး Previous နဲ့လည်း နောက်ပြန်ကျော်ယူကြည့်လို့ ရပါတယ်..။ နောက်တခုကတော့ သီချင်းစာသားတွေနဲ့ video အပိုင်းတွေကို ဆက်ထားပြီးတဲ့ Video Edit လုပ်ထားပြီးသား သီချင်းတစ်ပုဒ်ကို DVD အခွေထုတ်ဖို့အတွက် ဘယ်လိုဖေါ်မတ်၊ ဘယ်လို Width နဲ့ Height ကို ရွေးယူရမယ်ဆိုတာကိုလည်း ဒီပိုစ့်မှာ လုပ်ရင်းနဲ့ ပြပေးထားပါတယ်..။ 

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-လေး

ဒီနေ့ Video Edit အပိုင်း-လေး ပိုစ့်မှာတော့.. လေ့လာခါစသူများအတွက် Video Edit နည်းပညာကို အနည်းငယ် ပိုမိုလုပ်တတ်အောင် လုပ်နည်း၊ အသုံးပြုနည်းလေးတွေ ထပ်တင်ပြပေးလိုက်ပါတယ်..။ စာသားတွေ အဝင် အထွက်မှာ Effects လေးတွေထည့်သုံးနည်း၊ မိမိတို့ရဲ့ video ကို မိမိတို့ပြလိုတဲ့ နေရာလေးကို ပုံကြီးချဲ့ပြလို့ရတဲ့ Zoom ဆွဲနည်း၊ video ရဲ့ လိုချင်တဲ့ အပိုင်းလေးကို နောက်ပြန်သွား (နောက်ပြန်လမ်းလျှောက်အောင်) လုပ်နည်း၊ နှေးနှေးပြလိုတဲ့ video အပိုင်းကို Slow Motion ဖြစ်အောင်လုပ်နည်း၊ ပုံမှန်ထက် အရမ်းမြန်အောင် လုပ်နည်း၊ video တွေကို ဒေါင်လိုက် ပြောင်းပြန် စသဖြင့် လိုသလို လှည့်ပါတ် ပြနည်း၊ နောက်တခုကတော့ မိမိတို့ရဲ့ video ကို အရောင်မျိုးစုံပြောင်းတာ ကာလာတင်တာ၊ ကာလာလျှော့တာ၊ အဖြူအမဲ၊ video နှစ်ပိုင်းခွဲပြနည်းတွေပါ ဒီနေ့ အပိုင်း-လေး ပိုစ့်မှာ ရှင်းပြပေးထားပါတယ်..။

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-သုံး

ကျနော်လက်တွေ့ အသုံးချခဲ့တဲ့ ဒီ Video Edit လုပ်နည်းတွေကို သီချင်း ၁၂-ပုဒ်ပါတဲ့ Master DVD တစ်ချပ် ဖန်တီးလို့ရတဲ့အထိ ကျနော်ပိုစ့်တွေ အပိုင်းလိုက် တစ်ခုပြီးတစ်ခု မကြာမကြာ ဆက်တင်ပေးသွားပါမည်..။ အဲ့ဒီ ဖန်တီးပြီးတဲ့ DVD မှာ.. DVD Player နဲ့ ဖွင့်တဲ့အခါ သီချင်းတွေကို တစ်ပုဒ်ပြီးတစ်ပုဒ် Next နဲ့ ကျော်ကြည့်လို့လည်းရမယ်၊ Previous နဲ့လည်း နောက်ပြန်ဆုတ်လို့ရမယ်၊ DVD Player စက်ထဲက အခွေထည့်လိုက်တာနဲ့ Menu မှာ မိမိထားလိုတဲ့ video ဒါမှမဟုတ် ဓါတ်ပုံနဲ့ နောက်ခံ တေးသီချင်းကိုလည်း ထည့်သုံးလို့ရမယ်၊ Play နဲ့ Select Screen စတဲ့အပိုင်တွေကိုလည်း တခုစီ ရွေးဖွင့်ကြည့်လို့ရမယ်၊ ဒီလုပ်နည်းက DVD တစ်ချပ်ထဲမှာ ရုပ်ရှင် video ဇတ်ကားတွေ အများကြီး ထည့်နည်းနဲ့ လုပ်နည်းတူပါတယ်..။ ဒါကြောင့် မသိသေးတဲ့ လေ့လာခါစသူများကတော့ နောက်ပိုင်း ပိုစ့်တွေကိုလည်း ဆက်လက်လေ့လာဖို့ လိုအပ်ပါတယ်..။
ဒီနေ့အပိုင်း(၃)ပိုစ့်မှာတော့.. Power Director နဲ့ သိမ်းထားခဲ့တဲ့ အရင်နေ့က Project ဖိုင်လေးကို ပြန်ဖွင့်ယူပြီး၊ 2D Title တခု ဖန်တီးပြီး စာသားတွေ ရေးထည့်တတ်အောင်၊ စာသားတွေ အရောင်ပြောင်းတတ်အောင်၊ စာသားတွေကို ပိုမိုထင်ရှားပေါ်စေမယ့် Border လိုင်းလေး ထည့်သုံးတတ်အောင်၊ သီချင်းစာသားတွေ တခုနဲ့တခု အဝင်အထွက်တွေ ကိုက်ညီအောင်၊ ချိန်တတ်အောင် ဒီနေ့ပိုစ့်မှာ သေချာရှင်းပြပေးထားပါတယ်..။ ဒီနေ့ အပိုင်း(၃)ပိုစ့်ကနေလည်း အပိုင်းတစ်ပိုင်းကို 300 MB စီနဲ့ အပိုင်း-၃ ပိုင်းနဲ့ခွဲတင်ပေးထားတဲ့ Cyber Link Power Director 11 ဒေါင်းယူလို့ရအောင် အရင်ပိုစ့်က လင့်တွေကို ပြန်ချိတ်ပေးထားပါတယ်..။ ဒီနေ့တင်ပေးလိုက်တဲ့ လေ့ကျင့်ခန်း အပိုင်း(၃) ပိုစ့်မှာ သီချင်းစာသားတွေ ရေးထည့်တတ်အောင် ၊ စီတတ် နေရာချတတ်အောင် လေ့လာခါစ လူသစ်တွေအတွက် သေချာနားလည်အောင် ရှင်းပြပေးထားတာဖြစ်လို့ လိုအပ်တဲ့သူများကတော့ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါပြီ..။

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-နှစ်

 မနေ့က လေ့ကျင့်ခန်း အပိုင်း(၁) ပိုစ့်မှာ video MP4 ရဲ့ အသံနဲ့ရုပ်တွေကို ခွဲထုတ်နည်း၊ video တွေရဲ့ လိုချင်တဲ့အပိုင်းလေးကိုပဲ ဖြတ်ယူနည်း၊ Effects တွေနဲ့စာသားတွေ ထည့်သုံးတဲ့အခါ Preview နဲ့ ကြည့်နည်း၊ Effects တွေကို video နှစ်ခုကြားမှာ ဆွဲထည့်နည်းတွေကို ဖေါ်ပြ ရှင်းပြပေးခဲ့ပြီး ဖြစ်ပါတယ်..။
 ဒီနေ့ လေ့ကျင့်ခန်း အပိုင်း(၂) မှာတော့ Screen အမြင်သေးနေတဲ့ video တွေကို ကြီးအောင် ချဲ့ထုတ်နည်း၊ ပိုသေးအောင် ချုံနည်း၊ အသံဖိုင် MP3 or wav ဖိုင်ကို မလိုချင်တဲ့နေရာ ရှေ့နဲ့နောက်ပိုင်းတွေ ဖြတ်ထုတ်နည်း၊ အသံနဲ့ ရုပ်ဖိုင်တွေရဲ့ ရှေ့နဲ့နောက်ပိုင်း အဝင်၊အထွက် Fade in / Fade out တွေကို အသုံးပြုပြီး ဖြေးဖြေးခြင်း မှိတ်ရာမှ လင်းလာအောင်၊ အသံတိုးရာမှ ဖြေးဖြေးခြင်း ကျယ်လာအောင် ပြုလုပ်နည်း၊ အသံကျယ်ရာမှ ဖြေးဖြေးခြင်း တိုးပြီး ပျောက်သွားအောင်လုပ်နည်း၊ video ရုပ်ဖိုင်ကို လင်းနေရာမှ အသံနှင့်အတူ ဖြေးဖြေးခြင်း မှေးမှိန်ပျောက်ကွယ်သွားအောင်လုပ်နည်း၊ Save Project ရဲ့ အသုံးဝင်ပုံနှင့် သိမ်းနည်း စတဲ့ အသုံးပြုနည်းတွေကို အားလုံးပဲ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ရှင်းပြပေးထားပါတယ်..။ မနေ့က ပိုစ့်မှာ 300 MB စီနဲ့ အပိုင်းသုံးပိုင်း ခွဲတင်ပေးထားတဲ့ Power Director 11 ကို ဒီလေ့ကျင့်ခန်း အပိုင်း(၂) ပိုစ့်ကနေလည်း ဒေါင်းယူလို့ရအောင် လင့်ပြန်ချိတ်ပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဒီလေ့ကျင့်ခန်း အပိုင်း(၂) ပိုစ့်ကို ဆက်လက်လေ့လာ သင်ယူနိုင်ပါပြီ..။

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-တစ်


Video Edit လုပ်နည်း လေ့ကျင့်ခန်းလေးတွေကို တောင်းထားတဲ့လူလည်းများသလို ကျနော်လည်း တင်ပေးချင်နေတာ ကြာပါပြီ..။ လွယ်ကူပြီး အခြေခံလုပ်နည်းလေးတွေလည်း ဖြစ်မယ့် အပိုင်းလေးတွေကို စဉ်းစားရင်း ပုံတွေ ထုတ်လိုက်တာ အတော်လေးများသွားပါတယ်..။ ဒါကြောင့် အပိုင်း ၁-၂-၃ စသဖြင့် အပိုင်းလေးတွေနဲ့ ပိုစ့်တွေခွဲပြီး တင်ပေးပါ့မယ်..။ ဒီနေ့ပိုစ့်မှာတော့ MP4 video ဖိုင်လေးတွေနဲ့ လုပ်ပြပေးထားပြီး တခြား video ဖိုင်တွေကိုလည်း ဒီနည်းတွေနဲ့ပဲ လုပ်ယူတာဖြစ်ပါတယ်..။ အဓိက ကတော့ ပုံထွက်ကောင်းဖို့၊ video ဆေးသား ဆေးရောင်လှဖို့နဲ့ အသံကြည်လင်ဖို့ ဆိုရင် မိမိတို့ ဖြတ်ဆက်ထည့်မယ့် Video ဖိုင်က ဖိုင်ဆိုဒ်ကြီးကြီးနဲ့ ဒေါင်းယူတတ်ဖို့လိုပါတယ်..။ ဥပမာ ဒီပိုစ့်မှာ လုပ်ပြထားတဲ့ video ဖိုင်တွေဆိုရင် MP4 width နဲ့ height မှာ 1280x720 ဆိုဒ်တွေနဲ့ အသုံးပြုထားတာ ဖြစ်ပါတယ်..။ အသေးဆုံးဆိုရင်တော့ MP4 960x720 လောက်ထိပဲ ဆိုဒ်သေးတာ ကောင်းပါတယ်..။ သူ့ထက်ဆိုဒ်သေးလွန်းရင် ရုပ်ပုံတွေ အထွက်မှာ ဝါး သွားတတ်ပါတယ်..။ ဆိုဒ်ကြီးရင်တော့ ဘယ်လောက်ကြီးကြီး ဆိုဒ်ကြီးလေး video edit လုပ်တဲ့အခါ ရုပ်ထွက်နဲ့ ဆေးရောင်တွေ လှလေပါပဲ..။ 
မိမိတို့ကိုယ်ပိုင် ကင်မရာနဲ့ ရိုက်ယူထားတဲ့ video ဖိုင်တွေဆိုရင်တော့ စက်ပစ္စည်းပေါ်မူတည်ပြီး ပစ္စည်းကောင်းရင် ကောင်းသလို video တွေလည်း ကြည်လင်ပြတ်သားမှာ ဖြစ်ပါတယ်..။ အဓိက ကတော့ မူရင်းကောင်းမှ ဖြတ်ဆက်လုပ်တဲ့အခါ video ရုပ်ထွက် ကောင်းမှာပါ..။ ဒီ video editing အခြေခံ လုပ်နည်းလေးတွေကို လေ့လာခါစလူသစ်တွေအတွက် အသုံးပြုရလွယ်ကူစေမယ့် Cyberlink Power Director 11 နဲ့ လုပ်ပြပေးထားပြီး.. ဒီဆော့ဝဲလ်ကို မရှိသေးတဲ့သူများနဲ့ လိုအပ်တဲ့သူများ ဒေါင်းယူလို့ရအောင် ဒီပိုစ့်နှင့်အတူ ပြန်တင်ပေးလိုက်ပါတယ်..။

Wondershare DVD Slideshow Builder Deluxe (Portable=Russia) (Setup=English) - Video Editing အခြေခံ


 ချစ်ဦး သူ  25 November 2012 18:30
အကို ရေ ကျွန်နော် နာမည် သီဟ ပါ ။ကျွန်နော် လိုချင်တာလေး တခုရှိလို့ပါ။ သီချင်းကနေပီတော့ mP4 သီချင်းလေး လုပ်ချင်လို့ပါ အကို အဲဒီဆော့ဝဲလ်လေး တင်ပေးပါလားနော် အကို ဓါတ်ပုံလေး ထည့်ပီစာလေး တွေပါ ထည့်ချင်တာပါ အကို အကို တင်ထားတာ က ကျွန်နော် သုံးလို့မတတ်ဘူး အရမ်းခက်တယ် ကျွန်နော် ကို လွယ်လွယ်လေးတင်ပေးပါလားနော် အကို
ကေးဇူးပါ အကို နေကောင်းပါစေနော် THIHAHTAYAUNG@GMAIL.COM ကပါ အကို ရေ

Reply
Replies
    lwinminbo 26 November 2012 20:54
 
 ကိုသီဟရေ. ပြောသလောက်မလွယ်ပါဘူး. အဲ့ဒီလို လုပ်တဲ့ ဆော့ဝဲလ်တိုင်း အသုံးပြုရတာ ခက်ပါတယ်.. စသင်ခါစ သူများအတွက် ခက်လွန်းနေလို့ မတင်ပေးတာပါ.. ကျနော်တခြား ဆော့ဝဲလ်တွေ ထပ်ရှာထားပါမယ်.. အသုံးပြုရလွယ်တာလေးတွေ ဆိုရင်တော့ တင်ပေးသွားပါမယ်..
    Min Aung Latt  27 November 2012 08:15
  အောက်က လင့်မှာ ပါတဲ့ software လေးက သူငယ်ချင်း ဖြစ်ချင်တဲ့ ပုံစံမျိုး အားလုံးလုပ်လို့ရတယ်.. လုပ်ကြည့်လိုက်ပါခင်ဗျာ..
    http://download.wondershare.net/dsb-deluxe_full965.exe
26 Nov 12, 01:21 PM
zaw:
Video Editing Programs မြန်မာစာတန်းထီုးရတဲ့ဆော့ဝဲလ်နဲ့ လုပ်နည်လေးရှိရင်တင်ပေးပါခင်ဗျာ ကျွန်တော်ဝါသနာပါလို့ပါ အကူညီပေးမဲ့သူမရှိလို့ပါ ကျေးဇူးတင်ပါတယ်...
2 Dec 12, 09:37 PM
zaw:
Video Editing Programs နဲ့ပတ်သတ်တဲ့ ဆာ့ဝဲလ်လေးတွေ တင်ပေးပါလို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ.. ဆရာတယောက်လိုလေးစားပါတယ် ကျေးဇူးလဲတင်ပါတယ် အမြဲတမ်းကျန်းမာပြီး ပို့တွေမျဝေနိုင်ပါစေ.....
တောင်းတဲ့လူများလွန်းလို့ အရင်တုန်းက တောင်းထားတဲ့ စာတွေပြန်ရှာမရတော့ပါဘူး.. အခုပြန်ရှာလို့တွေ့တဲ့ Cbox နဲ့ Comment နေရာတွေက ရှာလို့တွေ့သလောက် ပြန်လည်ဖေါ်ပြပေးလိုက်တာပါ.. ဟိုးအရင်တုန်းကတည်းက တင်ပေးချင်ပေမယ့် ဒီလိုလွယ်လွယ်သုံးလို့ ကောင်းတဲ့ ဆော့ဝဲလ်မျိုးနဲ့ မကြုံကြိုက်ခဲ့ပါဘူး.. Video Editing ဆော့ဝဲလ်တိုင်း အသုံးပြုရခက်တာချည်းပါပဲ.. စသင်ခါစသူများအတွက် လွယ်ကူမယ့် ကောင်လေးတွေကို လိုက်ရှာရင်းနဲ့ ကျန်ခဲ့တဲ့တပါတ်က Comment မှာ ကို Min Aung Latt (27 November 2012 08:15) ကဒီဆော့ဝဲလ်ရဲ့လင့်လေးကို ပြန်လည်မျှဝေပေးခဲ့လို့ အားလုံးအတွက် အသုံးပြုရလွယ်တဲ့ Video Editing ဆော့ဝဲလ်ကောင်းလေးကို ရရှိခဲ့ပါတယ်..။ ကျနော်စမ်းသုံးရင်း တခြား Video Editing ပရိုဂရမ်းတွေထက်စာရင် အသုံးပြုရတာ အတော်လေးလွယ်လို့ ဒီကောင်လေးကို အခြေခံလေ့လာတဲ့ စသင်ခါစသူများအတွက် လေ့ကျင့်လို့ကောင်းမယ့် ဆော့ဝဲလ်ကောင်းလေးတခုအဖြစ် ဒီနေ့ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်.. အားလုံးအတွက် မျှဝေပေးခဲ့လို့ ကို Min Aung Latt ကိုကျေးဇူးတင်ပါတယ်ဗျာ.. နောက်များမှာလည်း ဒီလို ဆော့ဝဲလ်ကောင်းလေးတွေကို ပြန်ညွှန်းပေးခဲ့ဖို့ တောင်းဆိုပါတယ်..။ အခုဒီပိုစ့်မှာ တင်ပေးထားတာ Video Editing အတွက် ဆော့ဝဲလ်ကိုပဲ တင်ပေးထားတာ ဖြစ်ပါတယ်.. ဒီဆော့ဝဲလ်နဲ့ပါတ်သက်လို့ နည်းနည်းတော့ ပြောစရာရှိပါတယ်.. ကျနော်တင်ပေးလိုက်တဲ့ Setup ဗါးရှင်းက English လိုအသုံးပြုလို့ ရပါတယ်.. ဒါပေမယ့် Full သုံးလို့မရပါ.. သူ့အတွက် ထည့်ပေးထားတဲ့ Keygen နဲ့ရက်၃၀လျှော့သွားရင် ရက်၃၀ ပြန်ဖြည့်လို့ ရပါတယ်..။ နောက်တခု Portable ဗါးရှင်းကတော့ Full သုံးလို့ရပြီး English လိုမဟုတ်ပဲ Russia ဘာသာနဲ့ပဲ အသုံးပြုလို့ရပါတယ်.. အဲ့တော့ကျနော်က English ဘာသာနဲ့ပေါ်တဲ့ Install ဗါးရှင်းမှာ Video Edit ကိုပြင်ဆင်ပြီး Save Project နဲ့သိမ်းလိုက်ပါတယ်..။ ပြီးမှ Russia ဘာသာနဲ့ Portable ဗါးရှင်းမှာ ပြန်ထည့်ပြီးမှ Video Edit လုပ်ပြီးသားကို Video Slide Show ထုတ်လိုက်ပါတယ်.. ဒီလိုဆော့ဝဲလ် ဗါးရှင်း၂ခုပေါင်းပြီးသုံးမှ အဆင်ပြေသွားပါတယ်..။ Portable ဗါးရှင်းမှာ Russia ဘာသာကိုနားလည်ရင် (ဒါမှမဟုတ်) Functions တွေကို အလွတ်လုပ်တတ်သွားရင်တော့ English ဗါးရှင်းမလိုတော့ပါဘူး.. Portable တခုတည်းနဲ့ အဆင်ပြေပါတယ်.. အလွတ်မမှတ်မိသေးရင်တော့ (English) Install ဗါးရှင်းနဲ့ (Russia) Portable ဗါးရှင်းကို တွဲပြီးအသုံးပြုမှ အဆင်ပြေပါလိမ့်မယ်..။ ကျနော်အခု ဒီလိုလုပ်ပြထားပါတယ်.. အောက်က Video က Install (English) ဗါးရှင်းနဲ့ ထုတ်ထားတာဖြစ်ပြီး.. အပေါ်က Video က English ဗါးရှင်းနဲ့ လုပ်ထားတဲ့ Save Project ဖိုင်ကို Portable (Russia) ဗါးရှင်းထဲမှာ ပြန်သွင်းပြီး Video Slide Show ထုတ်ထားတာပါ.. ဒီ Video ၂ခုကို ယှဉ်ကြည့်လိုက်ရင် Install ဗါးရှင်းနဲ့ Portable ဗါးရှင်း ကွာခြားချက်ကို တွေ့ရပါလိမ့်မယ်.. နောက်ပြီး ဖိုင်တခုစီမှ 30 MB ကျော်စီပဲရှိတဲ့အတွက် ၂ခုတွဲသုံးလို့လည်း အဆင်ပြေပါတယ်.. တခြား Video Editing ပရိုဂရမ်တွေက 1 GB နီးပါးကနေ၊ 2 GB ကျော်ထိရှိတတ်ပါတယ်.. အဲ့လိုဖိုင်ဆိုဒ်ကြီးတာတွေကို  ကျနော်ပြန်တင်ပေးဖို့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး.. ဒီကောင်လေးကတော့ 30 MB ကျော်ပဲ ရှိတဲ့အတွက် အခုဖိုင်တွေပျက်သွားရင်လည်း ပြန်တင်ပေးရတာ လွယ်ပါတယ်.. နောက်ပြီမြန်မာစာ ရေးထည့်လို့လည်း အဆင်ပြေတဲ့အတွက် အားလုံးပဲ သဘောကျမှာပါ.. နောက်ရက်တွေမှာ ဒီကောင်လေးရဲ့ အသုံးပြုပုံကို ပိုစ့်ထပ်တင်ပေးပါအုန်းမယ်..။ အခုတော့ ဒီဆော့ဝဲလ်၂ခုစလုံးကို ဒေါင်းယူထားလိုက်ပါဗျာ..


ဒေါင်းလော့ယူရမယ့် နည်းကတော့ မနေ့က တင်ပေးထားတဲ့ ဒေါင်းလော့ချနည်း ပိုစ့်အတိုင်းပါပဲ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ...
Related Posts Plugin for WordPress, Blogger...