iDevices များ မြန်မာစာ ထည့်နည်း - iPhone 4 iOS 6.1 ကို Jailbreak ဖေါက်ပြီး မြန်မာစာ ထည့်နည်း

 Apple ထုတ်ကုန်တွေ ဖြစ်တဲ့ iDevices များကို Jailbreak ဖေါက်ပြီး မြန်မာစာ ထည့်တတ်အောင် လုပ်နည်းတွေ ဖေါ်ပြပေးဖို့ အခွင့်ကြုံလာခဲ့ပြီ..။ ကျန်ခဲ့တဲ့ တစ်လလောက်က ကျနော့်ဆီကို အသိတစ်ယောက်က iPhone 4 တစ်လုံး မြန်မာစာ ထည့်ပေးဖို့ တောင်းဆိုလာပါတယ်..။ အေးအေးဆေးဆေး ထားခဲ့ရင် လုပ်ပေးနိုင်ပါတယ် ဆိုတာကြောင့် သူကလည်း ထားခဲ့တာ အခုချိန်ထိကို လာမယူသေးဘူး..။ ကျနော်လည်း အခွင့်ကြုံတုန်း နေ့တိုင်းလိုလို iPhone 4 ကို ကလိတော့တာပဲ..။ စာတွေလည်း အများကြီး ဖတ်ဖြစ်တယ်..။ jailbreak ဖေါက်တဲ့ လုပ်နည်းတွေနဲ့ ဆော့ဝဲလ်တွေနဲ့ အတော်လေးကို စုံသွားပြီ..။ နောက်ဆုံးမှပဲ ဒီနေ့တင်ပေးလိုက်တဲ့ ဆော့ဝဲလ်လေးနဲ့ jailbreak ဖေါက်လို့ အဆင်ပြေသွားပါတယ်..။ 
တခြားဆော့ဝဲလ်တွေဖြစ်တဲ့ Redsnow လိုဆော့ဝဲလ်တွေနဲ့ မရတာက ဒီ iPhone မှာ Lock ချထားတယ်..။ ဒါလည်း နောက်ဆုံး မြန်မာစာ ထည့်လို့ ရပြီးမှ သိရတာ..။ Password မဟုတ်ပဲ lock ဖြစ်နေတယ်..။ ပါတ်စ်ဝါဒ့်က အဖွင့်မှာ ရိုက်ထည့်ရတဲ့ iDevices တွေ အခေါ် Pass code ။ Lock ကျတော့ iDevices Firmware တွေကို Restore လုပ်လို့ မရအောင် ဖန်တီးထားတဲ့ System Setting ထဲကကောင်။ အဲ့ဒီမှာ ရွာလည်နေတာ ဆယ်ရက်လောက်ကြာတယ်..။ Redsnow ဆော့ဝဲလ်နဲ့ သူများတွေလုပ်လို့ ရပြီး ကိုယ့်အလှည့်မှ မအောင်တော့ အတော်လေးကို ရွာလည်ပါတယ်..။ lock ချမိထားတဲ့ iDevices တွေမှာ Restore Mode တွေဖြစ်တဲ့ DFU Mode၊ Pwned DFU နဲ့ နောက်တစ်ခုကတော့ iTunes နဲ့ တွဲသုံးရတဲ့ Restore Mode တွေကို ဝင်လို့ ရပေမယ့် အဲ့ဒီ Mode တွေကနေ Restore IPSW Firmware ကို လုံးဝ ထည့်လို့ မရတတ်ပါဘူး..။

အဲ့လိုဖြစ်နေတဲ့ iDevices တွေကို Jailbreak ဖေါက်မယ်ဆိုရင်တော့ ဒီပိုစ့်မှာ တင်ပေးလိုက်တဲ့ evasion7 ဆော့ဝဲလ်လေးနဲ့သာ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။ lock မရှိတဲ့ iDevices တွေကိုလည်း ဒီကောင်လေးနဲ့ jailbreak ဖေါက်နိုင်ပါတယ်..။ iDevices တွေမှာ မြန်မာစာ ပေါ်လိုရင်တော့ jailbreak ဖေါက်ပြီးမှသာ မြန်မာစာ ထည့်လို့ ရတာပါ..။ ကျနော်တို့ Android ဖုန်းတွေမှာ Root ဖေါက်သလိုမျိုးပါပဲ..။ 
ဒီပိုစ့်မှာ ဆော့ဝဲလ်တွေ ပုံတွေအပြင် ဒီဆော့ဝဲလ်လေးကို အလွယ်တကူ အသုံးပြုတတ်အောင်၊ အဆင်ပြေ လွယ်ကူစေတဲ့ Video ဖိုင်လေးပါ တွဲတင်ပေးထားပါတယ်..။ ၎င်း Video ကို ကြည့်ပြီး မိမိတို့ ရဲ့ iDevices တွေကို အလွယ်တကူ Jailbreak ဖေါက်နိုင်မှာပဲ ဖြစ်ပါတယ်..။ Jailbreak ဖေါက်ပြီးမှသာ မြန်မာစာ ပေါ်အောင် ထည့်နည်းကို အောက်ဆုံးက ပုံလေးတွေအတိုင်း ဆက်ပြီး လုပ်ဆောင်နိုင်မှာပါ..။ Jailbreak ဖေါက်နိုင်တဲ့ iOS ဗါးရှင်းတွေကတော့ iOS 5 နှင့် အထက် ၊ iOS 6 နှင့်အထက် ၊ iOS 7 နှင့်အထက် ဗါးရှင်းတွေကို Jailbreak ဖေါက်နိုင်မှာ ဖြစ်ပြီး၊ iOS 7.1.1 ဗါးရှင်းတွေကိုတော့ ဒီပိုစ့်တင်တဲ့အချိန်ထိ Jailbreak မဖေါက်နိုင်သေးပါဘူး..။ Jailbreak ဖေါက်တဲ့အခါမှာလည်း အဆင်မသင့်ရင် iDevices တွေ ပျက်တတ်ပါတယ်..။ ပျက်သွားခဲ့ရင်တော့ ကိုယ်တိုင် ပြန်ပြီး Restore မလုပ်တတ်တဲ့သူများက ဆိုင်ကို ပို့လိုက်ရင် ပြန်ကောင်းပါလိမ့်မယ်..။ ပျက်မှာ ကြောက်တဲ့သူများကတော့ မိမိတို့ရဲ့ iDevices တွေကို Jailbreak မဖေါက်သင့်ပါဘူး..။
Jailbreak မဖေါက်ခင် မိမိတို့ရဲ့ iDevices တွေကို iTunes နဲ့ အရင်ဆုံး အောက်ကပုံလေးအတိုင်း Backup ပြုလုပ်ထားသင့်ပါတယ်..။ Jailbreak ဖေါက်ပြီးမှ iTunes နဲ့ ပြန်လည် Restore လုပ်လိုက်ရင် ပျက်သွားတဲ့ Setting တွေနဲ့ တခြား အသုံးဝင်တာတွေကို ပြန်လည် ရရှိနိုင်ပါတယ်..။ iTunes နဲ့ Backup and Restore လုပ်နည်းက အောက်ပုံလေးအတိုင်းပါ..။ Jailbreak ဖေါက်တဲ့အခါပဲ ဖြစ်ဖြစ်၊ iTunes နဲ့ သုံးတဲ့အခါပဲ ဖြစ်ဖြစ် အမြဲတမ်း Internet လိုပါတယ်..။ iTunes ဆော့ဝဲလ်ကို ကွန်ပျူတာ ဝင်းဒိုးတွေအတွက် လိုအပ်လို့ ဒေါင်းယူချင်တဲ့ သူများကတော့ ဒီလင့်မှာ ဝင်ရောက်ဒေါင်းယူနိုင်ပါတယ်..။


မိမိတို့ရဲ့ iDevices တွေကို လက်ရှိရောက်နေတဲ့ iOS ဗါးရှင်းက ဘယ်လောက်လဲဆိုတာ ကြည့်လိုရင်တော့ Setting >> General >> About ကနေ ဝင်ကြည့်ရင် အောက်ကပုံလေးအတိုင်း iOS ဗါးရှင်းကို တွေ့ရမှာပဲ ဖြစ်ပါတယ်..။ ဒါကတော့ ကျနော် လက်ရှိ မြန်မာစာ ထည့်လို့ အဆင်ပြေသွားတဲ့ iPhone 4s iOS 6.1 နဲ့ ပြပေးထားတာပါ..။


အပေါ်က ပုံအတိုင်း မိမိတို့ iDevices ရဲ့ iOS ဗါးရှင်းကို ကြည့်ပြီး အောက်ကဒေါင်းလော့လင့်တွေကနေ iOS ဗါးရှင်းတူတဲ့ evasi0n ဆော့ဝဲလ်ကို ရွေးပြီး ဒေါင်းယူနိုင်ပါတယ်..။

(OR)
================================
(OR)
=================================
 (OR)

အပေါ်က မိမိတို့ iDevices iOS ဗါးရှင်းနဲ့ ကိုက်ညီတဲ့ jailbreak ဖေါက်ရလွယ်ကူတဲ့ evasion7 ဆော့ဝဲလ်ကို ဒေါင်းယူပြီးရင်တော့ အောက်က Video လေးကို မှတ်မိအောင် အထပ်ထပ် အခါခါ ကြည့်ပြီး မိမိတို့ရဲ့ iDevices တွေကို jailbreak ဖေါက်နိုင်ပါပြီ..။ Jailbreak ဖေါက်ပေးနိုင်တဲ့ evasion7 ဆော့ဝဲလ်တွေကို ဖွင့်တဲ့အခါမှာတော့ Right Click >> Run as administrator နဲ့ Run ပေးရမှာ ဖြစ်ပါတယ်..။


Jailbreak မဖေါက်ခင် မိမိတို့ရဲ့ iDevices က ပါတ်စ်ဝါဒ့် မရှိရပါဘူး..။ ပါတ်စ်ဝါဒ့် ရှိနေရင်တော့ iDevices နဲ့ ကွန်ပျူတာ USB ကြိုး ချိတ်လိုက်တာနဲ့ အောက်ကပုံလေးအတိုင်း Error နဲ့ ပြနေပါလိမ့်မယ်..။



အပေါ်ကပုံတွေကတော့ ကျနော် iOS 6.1 ကို Jailbreak ဖေါက်လိုက်နိုင်တဲ့ evasi0n ဆော့ဝဲလ်လေးပဲ ဖြစ်ပါတယ်..။ အပေါ်က လေ့ကျင့်ခန်း Video မှာ အဓိက လိုအပ်တဲ့ တစ်နေရာကတော့ အောက်ကပုံလေးအတိုင်း Jailbreak ဖေါက်နေလို့ တစ်ဝက်ကျော်လာတဲ့ အချိန်မှာ စာသားလေး ပြောင်းလဲပေါ်လာရင် အောက် ဒုတိယပုံအတိုင်း ဖုန်းမှာ အသစ်ပေါ်လာတဲ့ Jailbreak စာသားပါတဲ့ Icon ပုံ လေးကို တစ်ချက် တောက်ပေးဖို့ လိုပါတယ်..။ ကျန်တဲ့အချိန်များမှာ ဖုန်းက အလိုလို ပိတ်လိုက် ပွင့်လိုက် ဖြစ်နေမှာပဲ ဖြစ်ပါတယ်..။ အဲ့ဒီတစ်နေရာကလွဲလို့ ဖုန်းကို လုံးဝ မထိပါနဲ့လို့ Jailbreak ဖေါက်နေတဲ့အချိန် ဆော့ဝဲလ်ပေါ်မှာ စာသားလေး အမြဲပေါ်နေပါတယ်..။ သတိပြုပါ။



မိမိတို့ရဲ့ iDevices ကို Jailbreak ဖေါက်ပြီးသွားလို့ အောင်မြင်သွားရင်တော့၊ အောင်မြင်တဲ့ သင်္ကေတ အဖြစ် အောက်ကပုံလေးအတိုင်း Cydia အိုင်ကွန်ပုံလေး ပေါ်နေပါပြီ..။ ဒါဆိုရင် ကျနော်တို့ မြန်မာစာ ပေါ်အောင် အောက်ဆုံးပုံလေးတွေ အတိုင်း ဆက်ပြီး လုပ်ဆောင်ပေးလို့ ရသွားပါပြီ..။


အပေါ်က Cydia ပုံလေးကို တောက်ပြီးဖွင့်လိုက်ရင် ၃-ခု ရွေးခိုင်းတဲ့အခါ User နေရာကို ဆက်ပြီး နှိပ်ပါ..။ အောက်ကပုံလေးအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။


 မြန်မာစာ ထည့်ဖို့ မျှားပြထားတဲ့ Manage နေရာကို သွားလိုက်ပါတယ်..။



အပေါ်ပုံအတိုင်း Ignore နဲ့ ကျော်သွားလိုက်ပါ..။ ပြီးရင် အောက်ကပုံအတိုင်း Sources ကို တောက်ပြီး ဝင်ပါတယ်..။



အပေါ်ပုံလေးတွေ အတိုင်း Edit >> Add ကနေ အောက်ဆုံးက ပုံလေးမှာ ပြထားတဲ့ လိပ်စာကို မှန်အောင် ရိုက်ထည့်ပေးလိုက်ပါ..။




လိပ်စာမှာ http://cydia.macforus.com/ ဆိုတာကို မှန်အောင် ရိုက်ထည့်ပေးပြီးရင်တော့ Add Source ကို ဆက်နှိပ်ပေးလိုက်တာနဲ့ အောက်ကပုံလေးအတိုင်း Verify လုပ်နေတာ မြင်ရမှာဖြစ်ပါတယ်..။ အစအဆုံး အင်တာနက် ရှိဖို့ လိုပါတယ်..။




အဆင့်ဆင့် လုပ်ပြီးလို့ Complete ဖြစ်သွားရင်တော့ အပေါ်ကပုံအတိုင်း Return to Cydia ကို ပြန်သွားလိုက်ပါ..။ အောက်ကပုံအတိုင်း Macfor Us repo စာသားနဲ့ လိပ်စာအသစ်တခု ရောက်နေပါပြီ..။ အဲ့ဒီနေရာကို နှိပ်ပြီး ဝင်သွားလိုက်ပါ..။


အောက်ကပုံအတိုင်း ဆက်ပေါ်လာရင်တော့ မိမိတို့ iOS ဗါးရှင်းနဲ့ ကိုက်ညီတဲ့ Zawgyi iOS ကို ရွေးပြီး နှိပ်လိုက်ပါ..။ ကျနော်က iOS 6.1 ဖြစ်လို့ အောက်ကမျှားပြထားတဲ့ iOS7 ဖေါင့်ကို ယူပါတယ်..။ ကျနော်အခု ရိုက်ပြထားတဲ့ ပုံတွေက မြန်မာစာ ပေါ်အောင် လုပ်ထားပြီးမှ ပုံရိုက်ယူထားတာ ဖြစ်လို့ တချို့နေရာတွေမှ စာသားများ မတူတတ်တာ ရှိပါလိမ့်မယ်..။ အတတ်နိုင်ဆုံး ကြည့်ရအဆင်ပြေအောင် လုပ်ပြပေးထားပါတယ်..။



Zawgyi font ကို Install ထည့်ပြီးရင်တော့ မြန်မာစာ ရိုက်လို့ ရအောင် ကီးဘုတ်ကို အောက်ကပုံအတိုင်း ဆက်လက်ပြီး Install ထည့်ဖို့ လိုပါတယ်..။ iOS 6.1 ဖြစ်လို့ အောက်ကပုံအတိုင်း ကီးဘုတ်ကို ထည့်ပေးလိုက်ပါတယ်..။ iOS 7 နှင့် အထက် ဆိုရင်တော့ iOS 7+ ကို ရွေးယူ ထည့်ပေးလိုက်ပါ..။



ပြီးရင်တော့ မြန်မာစာ ရိုက်လို့ ပေါ်အောင် အောက်က ပုံလေးတွေအတိုင်း Setting >> General >> Keyboard ကနေ ဝင်ရောက် ပြောင်းလဲပေးလိုက်ပါ..။






Add New Keyboard ကနေ Czech စာသားပါတဲ့ နေရာကို ရွေးယူပေးလိုက်ပါ..။



အပေါ်ပုံအတိုင်း Czech စာသားလေး ရောက်လာပြီးရင်တော့ Home Button ကို နှိပ်ပြီး ထွက်လိုက်လို့ ရသွားပါပြီ..။



iDevices တွေရဲ့ Browser ဖြစ်တဲ့ Safari ကနေ မြန်မာ ဝဘ်ဆိုဒ်တွေကို ဝင်ရောက် ကြည့်ရှုလို့ ရသွားပါပြီ..။ ဒီနေရာမှာ တစ်ခုသတိပြုရမှာက မိမိတို့ရဲ့ iDevices ဟာ အလိုလို iOS ဗါးရှင်း အသစ် ဖြစ်သွားတယ်၊ Update တက်သွားတယ်ဆိုရင်တော့ မိမိတို့ ထည့်ထားပြီးသား မြန်မာစာလည်း ပျောက်သွားမှာ ဖြစ်သလို Jailbreak လည်း ပျက်သွားမှာ ဖြစ်ပါတယ်..။ ဒါကြောင့် iOS Update မတက်အောင် Setting ထဲကနေ ဝင်ရောက် ပိတ်ထား ပေးဖို့ လိုပါတယ်..။ iOS 7 အထက် ဗါးရှင်တွေမှာ Update ပိတ်လို့ ရပါတယ်..။ iOS 6 ဗါးရှင်းတွေမှာတော့ lock ချပြီး Restore IPSW Firmware ကို ပိတ်ထားတတ်ပါတယ်..။ တခြား ပိတ်နည်းတွေတော့ ရှာမတွေ့သေးပါ..။ နောက်ပိုင်း ကြုံလာခဲ့ရင်တော့ နောက်ပိုင်းတင်ပေးမယ့် ပိုစ့်တွေမှာ ဆက်လက်ဖေါ်ပြပေးပါမည်...။


မြန်မာစာ ရိုက်လို့ ရဖို့ ကမ္ဘာလုံး ပုံလေးကို နှိပ်ပြီး ပြောင်းလဲ သုံးနိုင်ပါပြီ..။



အောက်ကပုံလေးတွေ အတိုင်း မြန်မာစာကို ကောင်းစွာ ရေးလို့ ဖတ်လို့ ရသွားပြီ ဖြစ်ပါတယ်..။



ဖုန်းပြင်ဆိုင်တွေနဲ့ မနီးတဲ့၊ အဝေးရောက်နေတဲ့ မြန်မာပြည်သားများအတွက် အဓိက ရည်ရွယ်ပြီး ဒီပိုစ့်နဲ့ အတူ လုပ်တတ်အောင် ပုံရော၊ စာရော၊ ဆော့ဝဲလ်နဲ့ Video ပါ တွဲတင်ပေးလိုက်ပါတယ်..။ အားလုံးပဲ အလွယ်တကူ လေ့လာ တတ်မြောက်နိုင်ကြပါစေ..။ မှတ်ချက်။ ။ iDevices များ ပျက်မှာ ကြောက်တဲ့သူများကတော့ ဒီ Jailbreak ဖေါက်နည်းတွေကို အသုံးမပြုသင့်ပါဘူး..။ ပျက်ခဲ့ရင်တော့ ပြုလုပ်သူ တာဝန်သာ ဖြစ်သည်..။

6 comments:

  1. လေးစားပါတယ်အကိုရေ ကျနော်တော့ဒီပိုစ့်လေးကိုအရမ်းနှစ်သစ်ပါတယ်...

    ReplyDelete
    Replies
    1. လွင်မင်းဗိုလ်(နည်းပညာ): Idevices များ မြန်မာစာ ထည့်နည်း - Iphone 4 Ios 6.1 ကို Jailbreak ဖေါက်ပြီး မြန်မာစာ ထည့်နည်း >>>>> Download Now

      >>>>> Download Full

      လွင်မင်းဗိုလ်(နည်းပညာ): Idevices များ မြန်မာစာ ထည့်နည်း - Iphone 4 Ios 6.1 ကို Jailbreak ဖေါက်ပြီး မြန်မာစာ ထည့်နည်း >>>>> Download LINK

      >>>>> Download Now

      လွင်မင်းဗိုလ်(နည်းပညာ): Idevices များ မြန်မာစာ ထည့်နည်း - Iphone 4 Ios 6.1 ကို Jailbreak ဖေါက်ပြီး မြန်မာစာ ထည့်နည်း >>>>> Download Full

      >>>>> Download LINK jm

      Delete
  2. လွင်မင်းဗိုလ်(နည်းပညာ): Idevices များ မြန်မာစာ ထည့်နည်း - Iphone 4 Ios 6.1 ကို Jailbreak ဖေါက်ပြီး မြန်မာစာ ထည့်နည်း >>>>> Download Now

    >>>>> Download Full

    လွင်မင်းဗိုလ်(နည်းပညာ): Idevices များ မြန်မာစာ ထည့်နည်း - Iphone 4 Ios 6.1 ကို Jailbreak ဖေါက်ပြီး မြန်မာစာ ထည့်နည်း >>>>> Download LINK

    >>>>> Download Now

    လွင်မင်းဗိုလ်(နည်းပညာ): Idevices များ မြန်မာစာ ထည့်နည်း - Iphone 4 Ios 6.1 ကို Jailbreak ဖေါက်ပြီး မြန်မာစာ ထည့်နည်း >>>>> Download Full

    >>>>> Download LINK

    ReplyDelete

Related Posts Plugin for WordPress, Blogger...