ဒီလိုတော့ မလုပ်သင့်ပါ ...


         Updated(2/15/2015)။ ။တောင်းဆိုတဲ့သူငယ်ချင်းတွေ ရှိလာတဲ့အတွက်.. ကျနော်အရင် ၃-နှစ်လောက်က ကျနော့်တူလေးနာမည်နဲ့ သုံးခဲ့ဖူးတဲ့ Facebook အကောင့်ကို လွင်မင်းဗိုလ် နည်းပညာ ဆိုပြီး နာမည်ပြောင်း၍ ကျနော့် Blog မှာ ဒီနေ့ ချိတ်ပေးလိုက်ပါပြီ.. 
Facebook လိပ်စာ ... https://www.facebook.com/mgmgkung2929
FB Like Page လိပ်စာ ... https://www.facebook.com/ittraveller.lwinminbo



(ဒီပိုစ့်တင်ခဲ့တဲ့အချိန်{23/11/2013}က အသစ်ဖွင့်ခဲ့တဲ့ ကျနော့် FB အကောင့်က Lock ကျ၍ ပျက်သွားပါပြီ..)
  ဒီရက်ထဲ ကျနော်မအားတဲ့ အတွက် ပိုစ့်တွေ ပုံမှန်မတင်ပေးဖြစ်ပါ..။ Facebook လည်း မသုံးဖြစ်တာ ကြာပြီ..။ မနေ့ကတော့ သူငယ်ချင်းတွေက ကျနော့်ဆီရောက်လာပြီး Facebook မှာ ကျနော့်နာမည်နဲ့၊ Blog ပိုစတာနဲ့ တင်ထားတာတွေ့လို့.. ကျနော်လုပ်ထားတာ ဟုတ်မဟုတ် ရောက်လာပြီး မေးလာကြပါတယ်..။ အပေါ်ကပုံအတိုင်း ကျနော် လိုက်ရှာလိုက်တော့ တွေ့လိုက်ရပါတယ်..။ သူ့ရဲ့ Facebook မှာလည်း ဒီပိုစတာ ယူသုံးတာနဲ့ ပါတ်သက်လို့ ဘာမှ ဖွင့်ဟထားတာ မရှိတဲ့အတွက်ကြောင့် သူငယ်ချင်းတွေက ကျနော်လုပ်တာလား၊ တခြားတစ်ယောက်ကို ကျနော်ပေးသုံးတာလား စသဖြင့် ဇဝေဇဝါ ဖြစ်နေကြပါတယ်..။ ကျနော့်သူငယ်ချင်းတွေက မကျေနပ်ကျပါဘူး..။ နာမည်တူလို့ ရပေမယ့် ပိုစတာပါ တိုက်ရိုက်တူတာတော့ လွန်လွန်းပါတယ်..။ ဒါကြောင့်ဒီပိုစ့်ကို ဒီနေ့ မအားတဲ့ ကြားထဲကနေပဲ ပြီးအောင် တင်ပေးလိုက်တာပါ..။ အဲ့ဒီ Facebook အကောင့်က ကျနော့်အကောင့် မဟုတ်ပါဘူး..။ ဒီလင့်ကနေ မိမိတို့ Facebook အကောင့်နဲ့ သွားကြည့်နိုင်ပါတယ်..။ https://www.facebook.com/thantun.lay.735?fref=ts အောက်မှာလည်း ဒီအကောင့်ပိုင်ရှင်တင်ထားတဲ့ ပုံတွေကို ကျနော် ဖေါ်ပြပေးလိုက်ပါတယ်..။ ဒီလို ပုံမှားရိုက်တာမျိုးကိုတော့ ကျနော်လည်း လက်မခံနိုင်ပါဘူး..။ 
ကျနော့်အသစ်လုပ်လိုက်တဲ့ Facebook ကို အောက်ကပုံအတိုင်း မြင်ရမှာပါ..။ ဒီအောက်ကပုံကမှ ကျနော့်ရဲ့ Facebook အကောင့်အသစ်ပါ..။ ကျနော့်မိတ်ဆွေ စာဖတ်ပရိတ်သပ်များ ကျနော့် အကောင့်ထင်ပြီး Add နေမှာ စိုးတဲ့အတွက်.. ကျနော် Facebook အကောင့်တခု ဖန်တီးပြီး ဒီနေ့ ပြီးအောင် တင်ပေးလိုက်ပါတယ်..။ Blog ညာဘက်အခြမ်းမှာလည်း Like လုပ်လို့ ရမယ့် ဘောက်စ်လေးပါ ဖန်တီးပေးထားပါတယ်..။ 

Facebook တို့၊ Gmail တို့ကို ကျနော် အသုံးအရမ်းနည်းပါတယ်..။ တနေ့တနေ့ ကွန်ပျူတာနဲ့ ပက်သက်တဲ့ လုပ်နည်းတွေ၊ ဖုန်းနဲ့ ပါတ်သက်တဲ့ လုပ်နည်းတွေနဲ့ပဲ အချိန်ကုန်သွားတာ ဖြစ်လို့ Chatting ထိုင်ရမယ့် အကောင့်တွေ ကျနော် မသုံးဖြစ်တာ ကြာပါပြီ..။ ဒါကြောင့်မို့ အဲ့ဒီအကောင့်တွေကို ကျနော့် Blog မှာ တင်မပေးခဲ့တာပါ..။ ကျနော့်သူငယ်ချင်း စာဖတ်သူများ သိချင်၊ လိုချင်တာကို Blog ရဲ့ Cbox နဲ့ Comments တွေကနေ တောင်းဆိုလို့ ရအောင် လုပ်ပေးထားခဲ့ပြီမို့၊ ကျနော်လည်း ဒီ Blog ကို နေ့တိုင်း လိုလို ကြည့်ဖြစ်တဲ့အတွက် တခြားအကောင့်တွေကို ပေးဖို့မလိုတော့ဘူး ထင်ပါတယ်..။ Blog မှာ စာရေးတာ နာမည်ကြီးဖို့ မဟုတ်ဘူးဆိုတဲ့ အတွေးကြောင့်လည်း ဒီအကောင့်တွေကို မပေးခဲ့တာ ပါပါတယ်..။ ဒီနေ့တော့ ဒီလို ဖြစ်လာခဲ့ပြီ..။ ဒီအကောင့်တွေကို ဟိုးအရင်ကတည်းက Blog မှာ တင်ပေးဖို့   တောင်းခဲ့တဲ့လူတွေ များပါတယ်..။ ဒီအကောင့်တွေ ပေးဖို့ စိတ်ကူး မရှိပေမယ့်လည်း ဒီနေ့တော့ အကောင့် တခု ဖန်တီးပြီး စာဖတ်သူများ Like လုပ်လို့ ရအောင် တင်ပေးလိုက်ပါပြီ..။ ကျနော့် Facebook အကောင့်ကို ဒီအောက်ကလင့်ကနေ ဝင်ရောက်ကြည့်နိုင်ပါတယ်..။ Add သမျှ ၊Friends ဖြစ်လိုတဲ့၊ ကျနော့် Blog ကိုအားပေးနေကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းများကို လက်ခံပေးပါမည်..။ https://www.facebook.com/lwinmin.bo ၊ https://www.facebook.com/lwinminbo.ittraveller အဲ့ဒီ Facebook  အကောင့်မှာ ဘာတွေ တင်ပေးရမလဲဆိုတာ မသိသေးပါဘူး..။ ကျနော့် Blog နာမည်နဲ့ ပုံတူပွါးလိုက်တဲ့ အဲ့ဒီအကောင့် ပိုင်ရှင်က ဒီပိုစ့်မှ ၎င်းရဲ့ ပုံတွေကို ဖျက်ပေးဖို့ တောင်းဆိုလာခဲ့ရင်.. ကျနော် ပြန်ဖျက်ပေးပါမည်..။

သူ့ရဲ့ Facebook အကောင့်ကို ဝင်ကြည့်လိုက်တဲ့ အခါမှာတော့ အောက်က ပုံတွေ အတိုင်း တွေ့ရပါတယ်..။ သူ့အကောင့်မှ သူ့သူငယ်ချင်းတွေနဲ့ တခြား မဆိုင်တဲ့လူတွေကိုတော့ မပြပေးတော့ပါဘူး..။
Facebook ရဲ့ Search မှာ အောက်ကပုံအတိုင်း စာရိုက်ရှာရင်လည်း ရှာလို့ ရပါတယ်..။



17 comments:

  1. ဟုတ်ပါတယ် လွန်လွန်းပါတယ်ကွာ ခွင့်ပြုချက်လည်း မ တောင်းတော့ ပိုဆိုးပေါ့
    တကယ်ဆိုအဲဒီလိုမလုပ်သင့်ပါဘူး

    ReplyDelete
    Replies
    1. လွင်မင်းဗိုလ်(နည်းပညာ): ဒီလိုတော့ မလုပ်သင့်ပါ ... >>>>> Download Now

      >>>>> Download Full

      လွင်မင်းဗိုလ်(နည်းပညာ): ဒီလိုတော့ မလုပ်သင့်ပါ ... >>>>> Download LINK

      >>>>> Download Now

      လွင်မင်းဗိုလ်(နည်းပညာ): ဒီလိုတော့ မလုပ်သင့်ပါ ... >>>>> Download Full

      >>>>> Download LINK L2

      Delete
  2. ဟုတ်ပ အရှက်ကိုမရှိဘူးကျွန်တော်လည်းဝင်ကြည့်ပြီးပြီအတုအယောင်တွေကများတယ်

    ReplyDelete
  3. အကိုရေ ကျွန်တော်အကူအညီတစ်ခုတောင်းချင်ပါတယ် ပေးချင်မှလည်းပေးနိုင်ပါတယ် ။ ကျွန်တော်က နည်းပညာကိုစိတ်ဝင်စားပေမဲ့ လမ်းလွဲကိုရောက်နေလို့ပါ ။ အစ်ကို ဆိုဒ်ကနေပီး အကူအညီအတော်များများလည်းရထားသူပါ ။ ဒီလိုပါ ကျွန်တော် ဆိုဒ်ရဲ့ ဗွီဒီယို ဆိုက် ကို ပြင်ချင်တာအခက်အခဲဖြစ်နေလို့ပါအစ်ကို ။ ဆိုက်ကသေးနေတော့ကြည့်သူတွေအတွက်အဆင်မပြေလို့ပါ။ တန်ပလေ့ ထဲ လိုက်ရှာတာလည်း လေးငါးရက်ရှိပီမတွေ့ဖြစ်နေလို့ပါ။နောက်တစ်ခုက လင့်စာသားလေးတွေပေါ်တင်ရင် အလှလေးတွေ၊ကြယ်လေးတွေထွက်တာလည်းလုပ်ပါတယ်မရဘူးဖြစ်နေလို့ပါ။ဖြစ်နိုင်ရင်တော့ လူမိုက်အားပေးလို့မဆိုလိုချင်ပါဘူးအစ်ကို ၊ မသိသူကို သိအောင်ပြောပြပေးတဲ့စေတနာလို့ထင်မြင်စေချင်ပါတယ်။နည်းပညာနဲ့ပတ်သတ်သမျှအမြဲတမ်းအားပေးလျှက် ညီတော်မောင် ဂျိုးကြီး။ http://www.fullpadathar.blogspot.com

    ReplyDelete
  4. တခြားနည်းပညာဆိုဒ်တွေလည်း လှည့်ပတ်ရှာပါတယ် တွေ့တဲ့ဆိုဒ်တွေကျတော့ လင့်တွေသေနေလို့ပါ တကယ်ဖြစ်နိုင်ရင် ကူညီစေချင်ပါတယ်။ http://www.fullpadathar.blogspot.com ဖြစ်နိုင်ရင် ပုံလေးတွေနဲ့တကွသင်ပေးစေချင်ပါတယ်။ကျေးဇူးတင်လျှက်........ဖူးပဒေသာ

    ReplyDelete
  5. တကယ်လို့အစ်ကိုမအားရင် ဒီကော်မန့်မှာပဲ လွယ်ကူရှင်းလင်းစွာရှင်းပြစေချင်ပါတယ်အကို။ကျေးဇူးတင်ပါသည်။

    ReplyDelete
    Replies
    1. ကို Joe Gyi ရေ. Video ဖိုင်တွေကို Blog မှာ တိုက်ရိုက်တင်ရင် ဆိုဒ်က တအားလေးသွားတဲ့အတွက်၊ လာကြည့်တဲ့သူတွေအတွက် အဆင်မပြေတတ်ပါဘူး..။ ဒါကြောင့် တခြား ဖရီးရတဲ့ ဆိုဒ်တွေမှာ အရင်တင်ပြီးမှ Embed ကုဒ်နဲ့ မိမိရဲ့ Blog ပိုစ့်ရဲ့ HTML ထဲမှာ ပြန်ချိတ်ပါ..။ ဒါမှမဟုတ် တခြား အကောင့်တခုနဲ့ Blog တခု ဖန်တီးပြီး Video ဖိုင်တွေကို အဲ့ဒီမှာတင်ရင်လည်း မိမိအမြဲတမ်းသုံးတဲ့ Blog ကို မလေးစေတော့ပါ..။ လင့်ပြန်ချိတ်တာကတော့ HTML ကုတ်တွေကို ယူပြီး ထည့်ပေးလိုက်ရင် ရပါပြီ..။ နောက်တခု ကြယ်လေးတွေ ပေါ်အောင် လုပ်တဲ့နည်းကတော့ ကျနော်လည်း မသုံးဖူးလို့ HTML ကုတ်တွေကို ရှာပေးဖို့ မလွယ်ပါဘူး..။ ဒါကြောင့် အဲ့ဒီလို လုပ်ထားတဲ့ Blog တွေမှာ လုပ်နည်းကို လိုက်တောင်းကြည့်ရင် အဆင်ပြေနိုင်ပါတယ်..။ ကြိုးစားရင်း အဆင်ပြေပါစေဗျာ..။

      Delete
    2. ကျေးဇူးအထူးတင်ပါတယ် ။ အကိုစာကိုမဖတ်လိုက်ရပေမဲ့အခုဆို ကျွန်တော်ရှာဖွေရင်းနည်းပညာတွေအတော်လေးနားလည်နိုင်ပါပီ။အစ်ကိုက ကျွန်တော်ရဲ့ သင်ဆရာပါ။လမ်းလွဲရောက်မိတဲ့ တပည့်မိုက်ကိုခွင့်လွတ်ပါ။ ((((((ဒေါက်တာဂျိုးကြီး ဖူးပဒေသာ)))))))Click Here

      Delete
  6. အေးအေးညီလေး ညီလေးအကိုအားရင်လုပ်ပေးမယ်နော် ကိုလွင်မင်းဗိုလ်မအားလို့ သူ့ အစားဖြေပေးတာ ခ်ခ်

    ReplyDelete
  7. ဆရာကျနော်ပါဘဲဆရာ တောင်းပန်ပါတယ် အနူးညွန့်တောင်းပန်ပါတယ်ဆရာ ဆရာမကျေနပ်ရင်လည်းကျနော်ပုံမဖျက်လည်းရပါတယ် ဆဲလည်းရပါတယ် ဘာရည်ရွယ်ချက်မှမပါပါဘူး ဆရာကိုထိခိုက်သွားရင်ကျနော်တောင်းပန်ပါတယ်ဆရာ ကျနော်လည်းသူငယ်ချင်းတွေစချင်တာနဲ့ facebook အသစ်ဖောက်ပြီး ဆရာရဲ့ ပုံ ကို cover မှာအရင်တင်ပြီး facebook ကသူငယ်ချင်းတွေမသိအောင်လို့ သူငယ်ချင်းတွေသိသွားတော့ ကျနော်ပုံတင်လိုက်တာပါ ပြီးတော့ ဆရာ့ပုံပြန်ဖြုတ်ဖို့ သတိမထားမိလို့ပါဆရာ..တောင်းပန်ပါတယ်ဆရာ ကျနော်အကုန်ပြန်ဖြုတ်ပြီးသွားပါပြီခင်ဗျာ...

    ReplyDelete
  8. ဆရာ ကျန်တဲ့ပုံမဖြုတ်နေပါ အသင်းဝတ်စုံနဲ့ပုံမြန်မြန်ပြန်ဖြုတ်ပေးပါဆရာတောင်းပန်ပါတယ် အသင်းနဲ့မဆိုင်ပါဘူး ကျနော့်ကြောင့်အသင်းမထိခိုက်စေချင်လို့ပါဆရာ...

    ReplyDelete
    Replies
    1. ကိုKAYINရေ.တစ်ယောက်ထဲပုံတွေပြန်ဖျက်ပေးလိုက်ပါပြီ.

      Delete
  9. အကိုလွင်ေ၇ ကူညီပါအုံးဗျာ ဆော့ဝဲတွေဒေါင်းလော့ချမ၇တော့လို့ပါ download manager error ဖြစ်သွားတယ် ဘာမှားသွားလဲကျွန်တော်လဲမသိဘူးဗျာ ကွန်ပျူတာလဲကောင်းကောင်းနားမလည်တော့ ခဏခဏ error ဖြစ်ပါတယ် အကို့ ဆိုက်၇ှိနေလို့ သာနဲနဲပါးပါးလုပ်တတ်နေတာ အဲ့ဒီအတွက်လည်း အကို့ ကိုကျေဇူးအထူးတင်ပါတယ်ဗျာ

    ReplyDelete
    Replies
    1. ပုံမှန်အသုံးပြုနေကျ Antivirus ကိုမသုံးတော့ပဲ တခြား Antivirus ကို ပြောင်းသုံးမိရင်တော့ Antivirus တွေနဲ့ Firewall ကို ပိတ်ထားပြီးမှ IDM အလုပ်လုပ်ပါလိမ့်မယ်..။ ဒါမှမဟုတ် IDM ကီးတောင်းလို့ ဒေါင်းမရတာဆိုရင်တော့ IDM ခရက်ဖိုင်လေး ပြောင်းထည့်ပေးလိုက်ရင် ပြန်ဒေါင်းယူလို့ ရပါလိမ့်မယ်..။ IDM ကို crack နဲ့ ဖူးဖြစ်အောင် လုပ်နည်းနဲ့ patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းပိုစ့် ၂-ခုလုံးကို ကျနော့် Blog ရဲ့ ညာဘက်အပေါ်ဆုံးမှာ ရှာပြီး ဖတ်ကြည့်နိုင်ပါတယ်..။ အဆင်ပြေပါစေဗျာ..။

      Delete
    2. ကျေးဇူးပါပဲ အကိုလွင်ေ၇ အဆင်ပြေသွားပါပြီ ကျေးဇူးအထူးတင်ပါတယ်လို့ ထက်ပြောပါ၇စေဗျာ

      Delete
  10. သူ့ ကိုခွင့်လွှတ်လိုက်ပါအကိုရဲ့  သူနဲ့ ဘာမှမဆိုင်ဘဲနဲ့ အကိုနဲ့ တူအောင်လိုက်အတုခိုးတာ အကိုတော်လို့ နေမှာပေါ့ ဟုတ်ဖူးလား..

    ReplyDelete
  11. လွင်မင်းဗိုလ်(နည်းပညာ): ဒီလိုတော့ မလုပ်သင့်ပါ ... >>>>> Download Now

    >>>>> Download Full

    လွင်မင်းဗိုလ်(နည်းပညာ): ဒီလိုတော့ မလုပ်သင့်ပါ ... >>>>> Download LINK

    >>>>> Download Now

    လွင်မင်းဗိုလ်(နည်းပညာ): ဒီလိုတော့ မလုပ်သင့်ပါ ... >>>>> Download Full

    >>>>> Download LINK

    ReplyDelete

Related Posts Plugin for WordPress, Blogger...