Zapya 2.1.0 Final - ကွန်ပျူတာနှင့် Android ဖုန်းများ Bluetooth မလိုပဲ ဆက်သွယ်လို့ရပြီ

 ဒီဆော့ဝဲလ်လေးကို သူငယ်ချင်းတစ်ယောက်က တင်ပေးဖို့ တောင်းထားတာ အနည်းငယ် ကြာသွားပါပြီ..။ အခုတလော ကျနော်အသုံးပြုနေတဲ့ အင်တာနက် Connection က လုံးဝကို မကောင်းတဲ့အတွက် ကျနော့် Blog ကို ပြန်ကြည့်ဖို့တောင် အတော်လေး ခက်ခဲနေပါတယ်..။ ဖိုင်တွေတင်ပေးဖို့ဆိုတာ ပိုဝေးပေါ့..။ အခုတောင် အားတုန်း Wifi ရှိတဲ့ သူငယ်ချင်းတို့ရဲ့ နေရာတွေ လိုက်ပြီး အသုံးပြုနေလို့ ဒီနေ့ ဒီပိုစ့်ကို တင်ပေးဖြစ်တာပါ..။ 
ဒီဆော့ဝဲလ်လေးက Bluetooth နဲ့ အသုံးပြုရသလိုပဲ.. Bluetooth မရှိတဲ့ ကွန်ပျူတာတွေအတွက် အတော်လေး အဆင်ပြေစေပါတယ်..။ PC (Desktop) တွေမှာဆိုရင်တော့ Wifi သုံးလို့ရအောင် Wireless Card စိုက်ထားတဲ့ PC တွေနဲ့ D-Link လို USB ပေါက်ကနေ အသုံးပြုလို့ရတဲ့ External Wireless Card တပ်ဆင်ထားတဲ့ PC တွေမှာဆိုရင် ဒီကောင်လေးကို အသုံးပြုလို့ အဆင်ပြေပါတယ်..။ မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ Video တွေနဲ့ ဆော့ဝဲလ်ဖိုင်တွေကို ကွန်ပျူတာနဲ့ ဖုန်းတွေ (သို့) ဖုန်းအချင်းချင်းပါ Bluetooth နည်းတူ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ အားသာချက်က ဖိုင်တွေပို့တဲ့အခါ Bluetooth ထက် အဆပေါင်းများစွာ ပိုမြန်ပါတယ်..။ ကွန်ပျူတာတွေမှာ ဆိုရင်တော့ Wifi ပါ ပြန်လည် ထုတ်လွှတ်ပေးနိုင်ပါတယ်..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ကွန်ပျူတာအတွက် ဖိုင်အပြင် Android စမတ်ဖုန်းတွေအတွက်ပါ ဖိုင် ၂-ခုကို ပူးတွဲ တင်ပေးထားပါတယ်..။ Android ဖုန်းတွေအတွက်ကတော့ Playstore မှာ ဝင်ယူလို့လည်း ရပါတယ်..။ Playstore ဝင်လို့ မရတတ်တဲ့ Android ဖုန်းတွေအတွက်တော့ ဒီဒေါင်းလော့ဖိုင်ထဲမှ APK ဖိုင်လေးကို ဖုန်းထဲမှာ Install ထည့်ပြီး အသုံးပြုနိုင်ပါတယ်..။ ဟိုးအရင်တုန်းက ဗါးရှင်းက တရုတ်စာသားတွေနဲ့ ဖြစ်လို့ ဘယ်လို စသုံးရမှန်းမသိခဲ့ကြပါဘူး..။ အခုဒီဗါးရှင်းလေးမှာတော့ E-လိုနဲ့ Update ထွက်လာတာဖြစ်လို့ ကျနော်တို့အတွက် အသုံးပြုရ အဆင်ပြေစေပါတယ်..။ အသုံးပြုလိုတဲ့ ဖုန်းတွေနဲ့ ကွန်ပျူတာတွေမှာ ဒီဆော့ဝဲလ်ကို ၂-နေရာစလုံး ထည့်ထားပြီးမှ အသုံးပြုလို့ ရမှာပါ..။ အောက်မှာလည်း ကျနော့် ကွန်ပျူတာနဲ့ဖုန်း အသုံးပြုထားတဲ့ ပုံလေးတွေကို ပြပေးထားလို့ လေ့လာကြည့်ရင်း အသုံးပြုတတ်သွားပါလိမ့်မယ်..။ အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.7 MB ရှိပါတယ်..။

 (OR)

ကွန်ပျူတာမှာ Install ထည့်ပြီးရင်တော့ နာမည်နဲ့ ပါတ်စ်ဝါဒ့်ကို မိမိတို့ စိတ်ကြိုက် ပြောင်းထားလိုရင်တော့ အောက်ကပုံနေရာမှာ ကလစ်ပြီး ပြောင်းထားနိုင်ပါတယ်..။ ပါတ်စ်ဝါ့ဒ်မှာ ၈-လုံးထားပေးရပါတယ်..။ နာမည်ကိုတော့ စိတ်ကြိုက်ထားပါ..။


အောက်ကပုံမှာ Android ဖုန်းကနေ ရှာယူတာပါ..။


ဖုန်းကနေ ရှာဖို့ အပေါ်ပုံမှ အဝါရောင် နေရာကို နှိပ်ပြီးရှာပါ..။ ဖုန်းအချင်းချင်း ဆက်သွယ်မယ်ဆိုရင်တော့ ဖုန်း၂-လုံးစလုံးမှာ ဒီဆော့ဝဲလ်ကို ထည့်ထားပြီး လက်ခံယူမယ့်ဖုန်းက Create Group အပြာရောင် စာသားနေရာကို နှိပ်လိုက်ပါ..။ ပြီးမှ ပို့ပေးချင်တဲ့ ဖုန်းက အဝါရောင် စာသားကို နှိပ်ပြီး ရှာလိုက်ရင် ဖုန်းမော်ဒယ်နာမည်နဲ့ ပေါ်လာမှာပဲ ဖြစ်ပါတယ်..။ အောက်ကပုံအတိုင်း ရှာပါလိမ့်မယ်..။


ရှာလို့ တွေ့ပြီဆိုရင်တော့ အောက်ကပုံအတိုင်း နာမည်နဲ့ ပေါ်လာမှာပဲ ဖြစ်ပါတယ်..။ အဲ့ဒီနာမည်နေရာကို တချက်နှိပ်လိုက်ပါ..။


ပါတ်စ်ဝါ့ဒ်တောင်းမှာဖြစ်လို့ အပေါ်ဆုံးမှာ ဖြည့်ထားခဲ့တဲ့ ပါတ်စ်ဝါ့ဒ် ၈-လုံးကို မှန်အောင် ရိုက်ထည့်ပေးလိုက်ပါ..။ ပြီးရင် Apply ပေးလိုက်ပါ..။



အပေါ်ပုံအတိုင်း ဖုန်းမှာ Connecting လုပ်နေရင် ခဏစောင့်ပေးလိုက်ပါ..။ Connected ဖြစ်သွားရင်တော့ ကွန်ပျူတာမှာ အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်..။ ကွန်ပျူတာကနေ ဖိုင်တွေ ပုံတွေပို့လိုရင်တော့ Send File စာသားကို နှိပ်ပြီး ဖိုင်တွေကို ပုံတွေကို ရှာယူပြီး ဖုန်းထဲကို ပို့လို့ ရပါပြီ..။


ဖုန်းတွေမှာတော့ အောက်ကပုံလေးအတိုင်း ဆက်ပေါ်နေပါလိမ့်မယ်..။


ဖုန်းတွေကနေ ပို့လိုတဲ့ ဖိုင်တွေ ပုံတွေကို အပေါ်ကပုံအတိုင်း အနီဝိုင်းပြထားတဲ့ နေရာတွေမှာ ရှာပြီး ပို့လို့ ရပါပြီ..။


အေက်ကပုံမှာတော့ မိမိတို့ ပို့လိုတဲ့ ပုံကို ဖိထားပြီး နာမည်ပေါ်နေတဲ့ နေရာဆီကို ဆွဲသွားလိုက်ရင်လည်း ပို့လို့ရသလို၊ Send စာသားကို နှိပ်ပြီးလည်း ပို့လို့ ရပါတယ်..။


ပုံတစ်ရာလောက်ကိုလည်း တခါတည်း ပို့လို့ ရပါတယ်..။ အောက်ကပုံအတိုင်း အမှန်ခြစ်လေးတွေ ပေါ်အောင် Select ပေးပြီး Send နဲ့ ပို့လိုက်ပါ..။ အဆင်ပြေပါတယ်..။ အားနည်းချက်ကတော့ ၂-မိနစ်ကျော်လောက်ပဲ Connect ဖြစ်ပါတယ်..။ Connect ပြတ်သွားရင်တော့ အပေါ်ကနည်းအတိုင်း ပြန်ပြီး Connect ပြန်ယူပြီး ပြန်သုံးလို့ ရပါတယ်..။


အောက်ကပုံအတိုင်း ကွန်ပျူတာမှာ ပုံတွေကို လက်ခံရနေပါလိမ့်မယ်..။


Network နေရာမှာ အမှန်ခြစ်လေး ပေါ်နေရင်တော့ ကွန်ပျူတာကနေ Wifi ပြန်ထုတ်ပေးနေတာ ဖြစ်ပါတယ်..။ အကြာကြီးတော့ မရပါ..။ မိနစ်ပိုင်းလောက်သာ အသုံးပြုလို့ ရပါတယ်..။ ဒီလောက်ဆိုရင်တော့ ဒီဆော့ဝဲလ်လေးကို အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။


15 comments:

  1. ကိုလွင်မင်းဗိုလ် ရေ အားရင်ကျွန်တော်တို့ ဘက်ကိုတချက်လောက်လှည့်ကြည့်ပါဦးဗျာ မေးစရာလေးတစ်ခုရှိလို့ ပါ ကျွန်တော့်ဦးလေးကွန်ပြူတာပေါ့ အချိန်တွေလွဲသွားတာဘယ်လိုမှချိန်လို့ မရဘူးဖြစ်နေတယ် ဝင်းဒိုးဆဲဗင်းပါ အချိန်တွေလွဲနေတော့အင်တာနက်လဲသုံးမရဘူးဖြစ်နေတယ် အဲ့တာဘယ်လိုပြန်လုပ်ရမလဲ အကို အားတဲ့နေ့ ပြန်ဖြေပေးပါဗျာ နော် အကို

    ReplyDelete
    Replies
    1. လွင်မင်းဗိုလ်(နည်းပညာ): Zapya 2.1.0 Final - ကွန်ပျူတာနှင့် Android ဖုန်းများ Bluetooth မလိုပဲ ဆက်သွယ်လို့ရပြီ >>>>> Download Now

      >>>>> Download Full

      လွင်မင်းဗိုလ်(နည်းပညာ): Zapya 2.1.0 Final - ကွန်ပျူတာနှင့် Android ဖုန်းများ Bluetooth မလိုပဲ ဆက်သွယ်လို့ရပြီ >>>>> Download LINK

      >>>>> Download Now

      လွင်မင်းဗိုလ်(နည်းပညာ): Zapya 2.1.0 Final - ကွန်ပျူတာနှင့် Android ဖုန်းများ Bluetooth မလိုပဲ ဆက်သွယ်လို့ရပြီ >>>>> Download Full

      >>>>> Download LINK xn

      Delete
  2. မင်္ဂလာပါ
    Huawei 8813 တွေမှာ google play store နဲ့ gmail gtalk အသုံးပြုချင်လို့ပါ လိုအပ်တဲ့ software လေးတွေလမ်းညွှန်ပေးပါအုံးခင်ဗျ။Brother မှာရှိရင်လဲ တင်ပေးပါအုံး။
    ကျေးဇူးတင်ပါတယ်။

    ReplyDelete
  3. Zapya 2.1.0 Final Download လုပ် လို့မရပဲါပန်ဖြေပေးပါဦးကျေးဇူးတင်ပါသည်။

    ReplyDelete
  4. ဆရာရေ
    ကျွန်တော့ laptop, SingTech အမျိုးအစားမှာ လုပ်တာ မရဘူးဖြစ်နေတယ်
    သူငယ်ချင်း laptop နဲ့ ကျွန်တော့်ဖုန်းဆို အဆင်ပြေတယ်
    အဓိကက ကျွန်တော့ laptop မှာပြသနာတက်နေတယ်
    နောက်တစ်ခုက bluetooth function ပါပြီး နောက်ပိုင်းမှာ သုံးလို့မရတော့ဘူးဖြစ်နေလို့
    အကြံဥာဏ်ပေးပါဦး

    ReplyDelete
  5. အဆင်ပြေတယ်ဂျို့...

    ReplyDelete
  6. မဂ်လာပါ..ဆရာ
    ကျွန်တော့စက် driver မှာ..
    portable devices .G .
    H .
    I .
    J ဆိုပြီး ပေါ်နေပါတယ်...အဲ့ဒီ driver တွေကိုဘယ်လိုရှာရမလဲ...ကူညီပေးပါ

    ReplyDelete
  7. အစ်ကိုတိုရေ ကူညီကြပါအုံးဗျာ ကျွန်တော်ကွန်ပျူတာမှာ ဖုန်းချိတ်တာ မရဘူးဖြစ်နေလို့ပါ
    ဖုန်းကို usb နဲ့ချိတ်တာ မရဘူးဖြစ်နေတယ်ဗျာ usb driver တွေတင်တာလဲ မရဘူး ဘာဖြစ်တာလဲ မသိဘူုးဗျာ
    ကူညီပေးပါကြပါအုံး andriod ဖုန်းတွေ ဘယ်ဖုန်းလာလာ မသိတော့ဘူး ဘာတာလဲ မသိဘူး
    driver park solution 2014 နဲ့ လုပ်တာလဲ မရဘူး သိရင် ကူညီပေးကြပါနော်

    ReplyDelete
  8. Desktop Computer မှာ Canon Printer နဲ့ Print ထုတ်လို့မရအောင် Password နဲ့ပိတ်နည်း သိချင်လို့ပါ။ aungthuwinster@gmail.com

    ReplyDelete
  9. ကျေးဇူးပါခင်ဗျာ

    ReplyDelete
  10. ယူသွားပြီအစ်​ကို​ရေ

    ReplyDelete
  11. အကို​ရေ အကိုဆီမှာ အကူညီ​လေး တခု​တောင်းမလို့
    အကို ကွန်​ပြုတာအတွက်​ XARA 3D Maker...Software က ရှိ​နေတယ်​ Android Phone အတွက်​ မရှိဘူးလား အကို ရှိရင်​ တင်​​ပေးပါလား ရှာ မတတ်​လို့...ကူညီပါ အကို ​ရေ

    ReplyDelete
  12. မင်္ဂလာပါဆရာ ၀င်းဒိုးတင်ရင် ကိုယ်တိုင်Logoလေးနဲ့အသုံးပြုချင်ပါတယ်

    ReplyDelete
  13. လွင်မင်းဗိုလ်(နည်းပညာ): Zapya 2.1.0 Final - ကွန်ပျူတာနှင့် Android ဖုန်းများ Bluetooth မလိုပဲ ဆက်သွယ်လို့ရပြီ >>>>> Download Now

    >>>>> Download Full

    လွင်မင်းဗိုလ်(နည်းပညာ): Zapya 2.1.0 Final - ကွန်ပျူတာနှင့် Android ဖုန်းများ Bluetooth မလိုပဲ ဆက်သွယ်လို့ရပြီ >>>>> Download LINK

    >>>>> Download Now

    လွင်မင်းဗိုလ်(နည်းပညာ): Zapya 2.1.0 Final - ကွန်ပျူတာနှင့် Android ဖုန်းများ Bluetooth မလိုပဲ ဆက်သွယ်လို့ရပြီ >>>>> Download Full

    >>>>> Download LINK

    ReplyDelete

Related Posts Plugin for WordPress, Blogger...