Photo Zoom Pro 4.1.4 Portable

 Photo Zoom Pro Portable လေးရလာလို့ တင်ပေးလိုက်ပါတယ်..။ ကျနော်စမ်းသုံးကြည့်ပြီးပါပြီ.. အဆင်ပြေပါတယ်..။ ဟိုးအရင်တုန်းက Full မရတဲ့ ကောင်လေးတခု တောင်းတဲ့လူရှိလို့ တင်ပေးဖူးပါတယ်..။ ဒါလေးကတော့ Full ဖြစ်ပြီးသား Portable လေးပါ..။ ဖိုင်ဖြည်ပြီးတာနဲ့ တန်းသုံးလို့ ရပါပြီ..။ အောက်မှာလည်း ပုံလေးတွေနဲ့  အသုံးပြုပုံကို နမူနာလုပ်ပြထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.4 MB ပဲရှိပါတယ်..

Xara 3D Marker v7.0.0




ကျနော်ဒီဆော့ဝဲလ်လေးကို စမ်းသပ်နေတာ ကြာပါပြီ..။ သူ့ရဲ့ အသုံးပြုပုံနဲ့ လုပ်ပေးနိုင်တာ လေးတွေကို ရှာနိုင်သလောက် ရှာကြည့်ပြီး.. သဘောကျလို့ ဒီနေ့ ဒီကောင်လေးကို တင်ပေးလိုက်ပါတယ်..။ အပေါ်က Animation ပုံလေးတွေကို ဒီကောင်လေးနဲ့ ဖန်တီးထားတာပါ..။ ဒီလိုလုပ်လို့ ရတယ်ဆိုတာ သိရအောင်လို့ပါ..။ မကြာခင် ဒီ Animation  ပုံလေးတွေကို ဆိုဒ်လေးမှာ စိုးလို့ ပြန်ဖျက်သိမ်းသွားမှာပါ..။ အခုတော့ ဒီကောင်လေးနဲ့ ဒီပုံလေးတွေကို ဖန်တီးပြထားပါတယ်..။ ဒီကောင်လေးက WEB ပေါ်မှာတင်တဲ့ GIF ဖိုင်တွေ အပြင် ကျနော်တို့ ဝင်းဒိုးထဲက Screen Saver လေးတွေပါ ဖန်တီးလို့ ရပါသေးတယ်..။ အတော်လေး လန်းတယ်ဗျ..။ သုံးချင်တဲ့ သူများကတော့ အောက်က လင့်တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 18.4 MB ရှိပါတယ်...။ အောက်မှာ ပုံလေးတွေနဲ့ အသုံးပြုနည်းလေးကို အနည်းငယ် ရှင်းပြထားပါတယ်..။ အားလုံးပဲ အဆင်ပြေ နားလည်လိမ့်မယ်လို့ ထင်ပါတယ်..။

Samsung ဖုန်းများအတွက် မြန်မာဖေါင့် သွင်းနည်း


 (Samsung Galaxy Y  GT-S5360 ဖုန်းဖြင့် စမ်းသပ်ထားခြင်းဖြစ်ပါသည်..။ တခြား Samsung ဖုန်းများတွင်လည်း ဒီနည်းကို အသုံးပြု၊ စမ်းသပ်ခဲ့၍ အောင်မြင်ခဲ့သည်..)
ဒီနည်းလေးကို ကျနော်ကိုယ်တိုင် စမ်းသပ်ထားတာ မဟုတ်ပါဘူး..။ စမ်းစရာလည်း Samsung ဖုန်းမရှိပါဘူး..။ ကျနော့်ရဲ့ သူငယ်ချင်းတစ်ယောက်ဆီမှ ရလာခဲ့ခြင်းဖြစ်ပါတယ်.. သူလုပ်တာတော့ Samsung ဖုန်းအတော်များများမှာ အဆင်ပြေပါတယ်..။ ကျနော်က ဒီနည်းကို တောင်းခံခဲ့လို့ ပညာဒါန အနေနဲ့ ပြန်လည် မျှဝေပေးလိုက်တာပါ..။ Samaung ဖုန်းတွေ အတွက် မြန်မာဖေါင့် သွင်းနည်းနဲ့ မြန်မာစာ ရေးလို့ ရအောင် လုပ်နည်းကတော့..  လိုအပ်တဲ့သူများ အတွက် အောက်မှာ ဆက်ကြည့်ပေးပါ.. ပုံတွေတော့ မပါပါဘူး..။ စာနဲ့ပဲ နားလည်အောင် ရေးပြထားတာပါ..

Windows7 မှာ System Restore ကို အသုံးပြုတတ်အောင်လို့


ဒီနည်းလေးကို အားလုံးပဲ သိသင့်တယ်ထင်လို့ ဒီနေ့ဒီပိုစ့်လေးကို ရေးလိုက်ရပါတယ်..။ အခုဒီနည်းက Backup Files လုပ်မထားတဲ့ စက်တွေမှာ အလွယ်သုံးတဲ့ နည်းလေးပါ..။ များသောအားဖြင့် ရတတ်သလို ၊ လုပ်မရတဲ့ အခါများလည်း ရှိပါတယ်..။ ကျနော်တို့ရဲ့ ကွန်ပျူတာမှာ ဆော့ဝဲလ်တွေကို အမြဲသွင်းလိုက်၊ ထုတ်လိုက် လုပ်နေတဲ့ အခါမှာ System Restore Point တွေဟာ များများလာပါတယ်..။ ဘာလို့လဲဆိုတော့ ဆော့ဝဲလ်တွေက သူတို့ကို သွင်းလိုက်တဲ့ အချိန်မှာ Restore Point တွေဖြစ်ပေါ်လာအောင် ကွန်မန်းတွေ ပါလာလို့ပါ..။ ဒါပေမယ့် တချို့ဆော့ဝဲလ်တွေကျတော့ ရှိပြီးသား Restore Point တွေကို ဖျက်ပစ်ပြီး ဒီဆော့ဝဲလ်ကို သွင်းတဲ့ အချိန်ကိုပဲ Restore Point မှာမှတ်ထားပါတယ်..။ တချို့ဆော့ဝဲလ်တွေ ကျပြန်တော့ ရှိပြီးသား Restore Point တွေအားလုံးကို ဖျက်ပစ်လိုက်ပါတယ်..။ အဲလိုဆော့ဝဲလ်မျိုးနဲ့ ကြုံခဲ့ရင်တော့ Restore Point ကို ပြန်ရှာလို့ မရနိုင်ပါဘူး..။ ဒီပိုစ့်မှာတော့ Restore Point တွေအများကြီး ရှိတဲ့ အထဲက.. တခုနဲ့ မရရင် တခုပြောင်းပြီး လုပ်တတ်အောင်လို့ ပြပေးသွားမှာ ဖြစ်ပါတယ်..။ စက်လေးလာတဲ့ အခါမျိုး၊ ဝင်းဒိုးပျက်တဲ့ အခါမျိုး၊ Error အမျိုးမျိုးကြောင့် ဘယ်ပရိုဂရမ်မှ ဖွင့်သုံးလို့ မရတော့တဲ့ အခြေနေမျိုးတွေမှာ.. စက်ကိုပြန်ကောင်းလာစေဖို့.. လေးနေရာကနေ ပြန်ပြီးသွက်လက်လာစေဖို့ ဆိုရင် System Restore ကိုအသုံးပြုတတ်ကြပါတယ်..။ System Restore ဆိုတာ စက်ကောင်းနေတဲ့ အချိန် လွန်ခဲ့တဲ့ တပါတ်၊ တစ်လ ဒါမှမဟုတ် ၃၊၄ လလောက်အချိန်ထိ ပြန်ဆုတ်ပေးနိုင်ပါတယ်.. နာရီ၊ နေ့ရက် အချိန်တွေကတော့ ဒီနေ့ဒီအချိန်တိုင်း ရှိနေမှာပါ..။ ဒါကြောင့်ဒီနည်းလေးကို ကွန်ပျူတာရှိတဲ့လူတိုင်း တတ်ထားသင့်ပါတယ်..။ တော်ယုံ Error လောက်ကို ဆိုင်မှာသွားပြစရာမလိုပဲ မိမိတို့ ဖာသာ ဖြေရှင်းနိုင်ပါလိမ့်မယ်..။

Light Image Resizer 4.3 Portable

ဒီကောင်လေးကတော့ ကျနော်တို့ရဲ့ ဓါတ်ပုံတွေကို ဆိုဒ်သေးသေးလေး ဖြစ်အောင်.. ဓါတ်ပုံတွေရဲ့ ဆိုဒ်ကို သေးအောင် ချုံ့ပေးနိုင်ပါတယ်..။ Portable လေးပါ.. ။ များသောအားဖြင့် ဒီနည်းက မလိုအပ်ပေမယ့်.. နောက်ပိုင်း ကျနော်တင်ပေးမယ့် ပိုစ့်တွေထဲမှာ ဓါတ်ပုံဆိုဒ်သေးမှ ဝင်းဒိုးရှေ့ Welcome Screen အတက် Password ရိုက်ထည့်ပြီးမှ ဝင်လို့ရတဲ့ နေရာ.. Screen မှာ မိမိတို့ ဓါတ်ပုံလေးတွေကို Windows7 ပုံနဲ့ အစားထိုး ဖို့ဆိုရင် ဓါတ်ပုံဆိုဒ်သေးမှ 200 kb အောက်ရှိတဲ့ ပုံမှ ထည့်လို့ သွင်းလို့ ရမှာပါ.. အဲဒါကြောင့် ဓါတ်ပုံတွေကို ဘယ်လို ဆိုဒ်သေးအောင်.. ၊ ဘယ်လိုလုပ်မလဲဆိုတာ သိရအောင် အခုကတည်းက ဒီဆော့ဝဲလ်လေးကို တင်ပေးထားလိုက်တာပါ..။ အသုံးပြုရတာလည်း လွယ်ပါတယ်..။ အောက်မှာလည်း ပုံလေးတွေနဲ့ အသုံးပြုပုံကို ရှင်းပြထားပါတယ်..။ 1500 kb (1.49 MB ) ရှိတဲ့ PNG File အမျိုးအစား ဓါတ်ပုံကို.. 100 kb အောက်အထိ ရအောင် ဒီကောင်လေးနဲ့ ပုံရဲ့ဖေါ်မတ်ကိုပါ JPEG ပြောင်းပြီး ချုံ့ပြထားပါတယ်.. လိုအပ်တဲ့သူများ ကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူထားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 9.2 MB ရှိပါတယ်..

Windows7 Loader_v2.1ByDaz



 ဒီကောင်လေးကတော့ အပေါ်က အောက်ပုံမှာ ပြထားသလို Windows genuine မဖြစ်တဲ့ စက်တွေမှာ သုံးဖို့ လိုအပ်တဲ့ အတွက် တင်ပေးလိုက်ပါတယ်..။ လိုအပ်ရင် သုံးလို့ရအောင် Windows Product key လေးတွေပါ ထည့်ထားပေးပါတယ်..။ နောက်တခု သတိထားရမှာက Windows Loader တိုင်းဟာ Antivirus ပရိုဂရမ်တွေနဲ့ မတည့်တဲ့ အတွက်ကြောင့် ဒီကောင်လေးတွေကို ဖွင့်တော့မယ်ဆိုရင် မိမိတို့ စက်ထဲမှာ ရှိတဲ့ Antivirus တွေကို ခဏပိတ်ထားပြီးမှ Windows Loader တွေကို ဖွင့်သုံးကြပါ..။ အဲလိုမဟုတ်ရင် ဒီဖိုင်ကို ဖွင့်လိုက်တိုင်း ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်က ဖျက်ဖျက်ပစ်ပါလိမ့်မယ်..။ သုံးနည်းကလည်း လွယ်ပါတယ်..။ ဒီကောင်လေးကို ၂ချက်တောက်ဖွင့်ပြီး Install စာသားနေရာကို တချက်ကလစ်လိုက်ရင် ရပါပြီ.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ..။ 1.4 MB ပဲရှိပါတယ်..။ နောက်တခုက ဒီဖိုင်လေးကို အဖျက်မခံရအောင် ကျနော် Web page တခုခံပြီး တင်ထားပေးပါတယ်..။ အဲဒီ Web page ကိုမြင်ရရင် ညာဘက်အပေါ်ထောင့်မှာ 5 စက္ကန့် စောင့်ပြီး SKIP AD စာသား အဝါရောင်ကို တချက်ကလစ်လိုက်ရင် ဒီဖိုင်လေးကို ဒေါင်းယူလို့ ရပါပြီ..။ ဖိုင်နာမည်ကို WdLr_ByDaz ဆိုပြီး ဖိုင်နာမည် ပြောင်းတင်ပေးထားပါတယ်..။

WinRAR 4.20 Final x86 x64 Eng

WinRAR 64 လိုအပ်နေလို့ တောင်းထားတဲ့ သူငယ်ချင်းတစ်ယောက် ရှိလို့ တင်ပေးလိုက်ပါတယ်..။ 32 နဲ့ 64 နှစ်မျိုးစလုံး ပါပါတယ်..။ သူ့အတွက် Keygen လေးပါ ထည့်ပေးထားပါတယ်..။ ဒီကောင်လေးကို Install ဆွဲထည့်ပြီးရင် Keygen လေးကို ၂ချက်တောက် ဖွင့်ပြီး Install License စာသားနေရာကို တချက်ကလစ်ပေးလိုက်ရင် ဖူးဖြစ်သွားပါပြီ..။ အောက်မှာ ပုံလေးနဲ့ပါ ပြထားပေးပါတယ်..။ 64 သုံးသူများကတော့ Keygen လေးကို ဖွင့်ပြီးရင် ၎င်းစာသားနေရာကို ကလစ်၊ ပေါ်လာတဲ့ ဘောက်စ်ထဲကနေ C: / program files / winrar ဖိုင်အထိ သွားပြီး save ပေးလိုက်ရင် ဖူးဖြစ်ပါပြီ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3 MB ရှိပါတယ်..။

Stellar Phoenix Windows Data Recovery Pro v 5.0.0

ဒီဆော့ဝဲလ်လေးကို ဒီလအစောပိုင်းက Version 4.2 Home Edition ဆိုပြီး Patch ဖိုင်လေးနဲ့ တင်ပေးခဲ့ဖူးပါတယ်..။ အစ်ကိုတစ်ယောက်က Patch ဖိုင်အလုပ်မလုပ်တော့ဘူး ပြောလာလို့.. အခုဒီ Pro v 5.0.0 လေးရလာတာနဲ့ ပြန်လည်တင်ပေးလိုက်ပါတယ်..။ သူ့အတွက် အထဲမှာ Keygen လေးပါပါတယ်..။ Keygen လေးကိုဖွင့်လိုက်ပြီး Generate နေရာကို ကလစ်လိုက်ရင် သူ့အတွက်ကီးလေးတွေကို တခုပြီးတခု ဖေါ်ပြပေးပါလိမ့်မယ်..။ သူပြပေးတဲ့ ကီးလေးတွေကို copy ကူးပြီး ထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရပါပြီ..။ ဒီတခါတော့ ကျနော် သေချာစမ်းပြီးမှ တင်ပေးလိုက်တာပါ..။ အဆင်ပြေပါတယ်..။ အသုံးပြုနည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ မလုပ်တတ်တဲ့ သူများအတွက်ပါ..။ အတော်များများကို Recovery လုပ်ပေးနိုင်ပါတယ်..။ နောက်တခုက ဓါတ်ပုံတွေကို သီးသန့်ခွဲပြီး Recovery လုပ်ပေးနိုင်ပါသေးတယ်..။ ဆော့ဝဲလ်တွေ ဖိုင်တွေက သီးသန့် တလိုင်း၊ ဓါတ်ပုံတွေ အတွက်က သီးသန့် တလိုင်း..။ ဒီကောင်လေးက ခွဲထားပေး ပါတယ်..။ မိမိတို့ လိုချင်တာကို ရွေးပြီး ပြုလုပ်ပေးယုံပါပဲ..။ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ အရင်ဆုံး ဒီကောင်လေးကို ဒေါင်းယူချင်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူလိုက်ပါ..။ ဖိုင်ဆိုဒ်ကတော့ 3.2 MB ရှိပါတယ်..။

Windows 7 Anytime Upgrade Keygen


Windows 7 Anytime Upgrade Keygen လေးရလာလို့ တင်ပေးလိုက်ပါတယ်..။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ.. 1 MB တောင်မပြည့်ပါဘူး..။ မိမိတို့ Upgrade လုပ်ချင်တဲ့ Version ကိုရွေးပြီး Generate ကိုကလစ်လိုက်တာနဲ့ အောက်က ပုံလေးအတိုင်း ဘောက်စ်လေးတခု ပွင့်လာရင် OK ကိုကလစ်ပြီး သူ့ကီးတွေကို Copy ကူးပြီးသား ဖြစ်သွားတဲ့ အတွက် ကီးထည့်ရမယ့်နေရာမှာ paste နဲ့ ထည့်ပေးလိုက်ရင် ရပါပြီ..။ လုပ်နည်းအပြည့်အစုံကို အရင်တုန်းကလည်း ဒီပိုစ့်မှာ တင်ပေးခဲ့ ပြီးပါပြီ..။ အဲနည်းအတိုင်း အဆင့်ဆင့် လုပ်ပေးလိုက်ယုံပါပဲ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ..။

AAA Logo Maker Business Edition 3.0



ကျနော် ဒီရက်ထဲမအားလို့ ပိုစ့်အသစ်တွေ တင်မပေးနိုင်တာပါ..။ ပိုစ့်မတင်တာလည်း ကြာပြီဆိုတော့.. ဒီနေ့ ဒီပိုစ့်လေးကို ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..။ ဓါတ်ပုံ အပြင်အဆင်နဲ့ ပါတ်သက်လာရင် တော်တော် များများက စိတ်ဝင်စားကြပါတယ်..။ ဒီကောင်လေးကိုလည်း သဘောကျကြလိမ့်မယ်လို့ ထင်ပါတယ်..။ ကျနော် ဒီကောင်လေးကို စမ်းသုံးကြည့်ရင်း ကောင်းတာလေးတွေ တွေ့လာလို့ သဘောလည်းကျမိတယ်..။ ဒါကြောင့် တင်ပေးလိုက်တာပါ..။ ကျနော် အပေါ်ပုံမှာ လုပ်ပြထားသလို သူ့ထဲမှာ ဒီဇိုင်းမျိုးစုံ ပုံစံမျိုးစုံ အရုပ်ကလေးတွေ အများကြီးပါပါတယ်..။ မိမိတို့ စိတ်ကြိုက် အရောင် ပြောင်းသုံးလို့လည်း ရပါတယ်..။ နောက်တခု ပိုသဘောကျတာက ကျနော်တို့ Reflections လို့ ခေါ်တဲ့ ပုံရဲ့ အောက်မှာ ပေါ်နေတဲ့ ရောင်ပြန်လေးတွေပါ ပြုလုပ်လို့ ရပါတယ်..။ Photoshop နဲ့ဆို အဆင့်ဆင့် ပြုလုပ်ရတဲ့ ၊ အလုပ်ရှုပ်တဲ့ အဆင့်တွေကို ဒီကောင်လေးနဲ့ ၂ချက်လောက် ကလစ်လိုက်တာနဲ့ မိမိတို့ရဲ့ ပုံလေးတွေကို ရောင်ပြန် အရုပ်ကလေးတွေ ထင်ပေါ်လာစေမှာ ဖြစ်ပါတယ်..။ အလင်းအမှောင် လိုသလို ချိန်ပေးလိုက်ရင် အတော် ကြည့်လို့ ကောင်းတဲ့ပုံလေးတွေကို ဖန်တီးနိုင်ပါလိမ့်မယ်..။ ဒီကောင်လေးကို ကျနော် စမ်းသပ်မိသလောက်ပဲ တင်ပေးထားတာဖြစ်ပါတယ်..။ နောက်ထပ် ကျနော်မသိသေးတဲ့ မလုပ်ရသေးတဲ့ အဆင့်တွေ အများကြီး ကျန်ပါသေးတယ်.. ဒါကြောင့် မိမိတို့ ဖာသာ တခုချင်းစီ စမ်းသပ် ဖေါ်ထုတ်ပြီး သုံးတတ်မယ်ဆိုရင် အများကြီး အကျိုးရှိပါလိမ့်မယ်..။ ဒီဆော့ဝဲလ်လေးက ရိုးရိုးတော့မဟုတ်ဘူး..  Business Edition ဖြစ်တဲ့ အတွက် စီးပွါးဖြစ်ပါ သုံးစားလို့ ရပါတယ်..။ စီးပွါးရေး သမားများအတွက်ပါ အသုံးတည့်ပါတယ်..။ သူ့အတွက် ကီးလေးပါ အထဲမှာ ထည့်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 7.7 MB ရှိပါတယ်..။

အန်းဂရီးဘတ် ရီယို ဂိုလ်းဒ် Free Game Download



ဒီနေ့တော့ အန်းဂရီးဘတ် ရီယို ဂိုလ်းဒ် ဂိမ်းလေး တင်ပေးလိုက်ပါတယ်..။ သူ့အတွက်ကီးလေးပါ ထည့်ထားပေးပါတယ်..။ အဲကီးလေးကို အရင် ထည့်ပေးပြီးမှ Install ဆွဲလို့ ရမှာပါ..။ ကျနော် ဒီရက်ထဲ သိပ်မအားတာနဲ့ ပိုစ့်တွေတင်ပေးဖို့ နောက်ကျနေပါတယ်..။ နောက်ရက်တွေ အားလာရင်တော့ အချိန်ပိုပေးပြီး ပိုစ့်တွေ များများတင်ပေးသွားပါ့မယ်..။ အခုတော့ ဒီဂိမ်းလေးကို ကစားချင်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 48.1 MB ရှိပါတယ်..။ နောက်တခုက msvcp100.dll အဲရာတက်တဲ့ စက်တွေမှာ ဒီဂိမ်းကို ကစားလို့ ရမှာ မဟုတ်ပါဘူး..။

Mp3 Music Editor 7.0.1


Mp3 သီချင်းတွေကို လိုသလောက် ဖြတ်ဖို့နဲ့ တပုဒ်နဲ့ တပုဒ်ဆက်ဖို့ ဆိုရင်တော့ ဒီကောင်လေးက အတော်လေး အဆင်ပြေပါတယ်..။ Effect တွေလည်း အများကြီးပါ..။ Video နဲ့ You Tube ကသီချင်းတွေကို ဒေါင်းယူပြီး Mp3 အဖြစ်ပြောင်းပေးနိုင်ပါတယ်..။ ဒီနေ့ ဒီကောင်လေးကို စမ်းသုံးနေတာနဲ့ အချိန်ကုန်သွားလို့ တခြား ဆော့ဝဲလ်တွေလည်း မတင်ပေးနိုင်တော့ပါဘူး..။ ပထမတော့ ပုံလေးတွေနဲ့ ရှင်းပြမလို့ပါပဲ.. Effect တွေများလွန်းလို့ ပုံလေးတွေနဲ့ ပြပေးဖို့ အဆင်မပြေနိုင်ပါဘူး..။ အခုတောင် အတော်လေး အချိန်ပေးလိုက်ရတယ်..။ ဒီကောင်လေးမှာ Mp3 သီချင်းတွေကို လိုသလောက်ဖြတ်ဆက်၊ ဒီသီချင်းနဲ့ ဟိုသီချင်းနဲ့ ဖြတ်ပေါင်းဆက်၊ မိမိတို့ ကြိုက်တဲ့ Effect တွေထည့်၊ အသံကိုလည်း ၂ဆ၊ ၃ဆ တိုးလို့ရပါသေးတယ်..။ ပြီးရင် တခါတည်း CD ခွေအဖြစ်ကူးပြီး ပြန်ထုတ်လို့လည်း ရပါတယ်..။ တကယ်ပဲ လုပ်လို့ရတာတွေ အများကြီးပါ..။ သူ့အတွက် အထဲမှာ ကီးလေးပါ ထည့်ပေးလိုက်ပါတယ်..။ သီချင်းတွေကို Save ရင် ဒီကီးလေးကို copy ကူးပြီး ထည့်ပေးလိုက်ရင် ဖူးဗါးရှင်း ဖြစ်သွားပါပြီ..။ နောက်တခါ ဖွင့်သုံးရင် ကီးထပ်ထည့်ဖို့ မလိုတော့ပါဘူး..။ အမြဲတမ်း ဖူးဖြစ်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 15.1 MB ရှိပါတယ်..။

Img Burn v2.5.7.0


ဒီကောင်လေးကတော့ CD, DVD, HD-DVD, Blu-ray စတဲ့ ခွေတွေကို Burn ပေးနိုင်ပါတယ်..။ ဖရီးဆော့ဝဲလ်လေးပါ..။ အခွေကူးတဲ့ ဆော့ဝဲလ်လေးတွေ တင်ပေးဖို့ တောင်းဆိုထားတဲ့ သူငယ်ချင်းများအတွက်ပါ..။ ဒီကောင်လေးကို အရင်တင်ပေးလိုက်ပါတယ်..။ နောက်ထပ် Burning Tool လေးတွေ တင်ပေးဖို့ ရှိပါသေးတယ်..။ အလှည့်ကျ တင်ပေးသွားပါ့မယ်..။ အခုတော့ ဒီကောင်လေးကို လိုချင်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 5.8 MB ရှိပါတယ်..။

Photo Calendar Maker 2.65


လွယ်လွယ်ကူကူနဲ့ အသုံးပြုလို့ ရမယ့် Calendar ဆော့ဝဲလ်လေး တင်ပေးလိုက်ပါတယ်..။ မိမိတို့ ပုံလေးတွေနဲ့ ပြက္ခဒိန်လေးတွေ ထုတ်ချင်တဲ့ သူများအတွက်ပါ..။ သူ့ရဲ့ကီးလေးပါ အထဲမှာ ထည့်ထားပေးပါတယ်..။ နောက်ခံဘက်ဂရောင်း ဖရိန်လေးတွေလည်း တော်တော်များများပါပါတယ်..။ မိမိတို့ ကြိုက်နှစ်သက်သလို ပြုပြင်ယူလို့လည်း ရပါသေးတယ်..။ အောက်မှာ ကီးထည့်ပြထားပြီး အစမ်းလုပ်ပြထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကအဆင်ပြေတဲ့ လင့်တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ...။ ဖိုင်ဆိုဒ်ကတော့19.7 MB ရှိပါတယ်..

Windows Repair (All In One) V1.7.3


Windows Repair နောက်ဆုံးထွက် Update လေးပါ..။ Advance System Care လိုပါပဲ.. သုံးရတာ အဆင်ပြေပါတယ်..။ ဒီကောင်လေး လုပ်ပေးနိုင်တာတွေကတော့..
Reset Registry Permissions, Reset File Permissions, Register System Files, Repair WMI, Repair Windows Firewall, Repair Internet Explorer, Repair MDAC & MS Jet, Repair Hosts File, Remove Policies Set By Infections, Repair Icons, Repair Winsock & DNS Cache, Remove Temp Files, Repair Proxy Settings, Unhide Non System Files, Repair Windows Updates, Repair CD/DVD Missing/Not Working and more... ဖရီးဆော့ဝဲလ်လေးပါပဲ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4 MB ရှိပါတယ်..

Facebook မှ Timeline ကို ဖြုတ်ချင်တဲ့ သူများအတွက်


 8 Jun 12, 05:20 PM
ဝင်းရခိုင်: အကိုရယ်ကျနော့ကို fb က timeline ဖြုတ်နည်းခဏပြောပြပါလားး
ဒါကတော့ တောင်းထားတဲ့သူ ရှိလို့ တင်ပေးလိုက်တာပါ..။ လုပ်ရတာလည်း လွယ်ပါတယ်..။ လုပ်နည်း ၂ခုကို ဒီပိုစ့်မှာ ဖေါ်ပြလိုက်ပါတယ်..။ ပထမတခုက Google Chrome သုံးသူများအတွက် Facebook Extension ကို ဒေါင်းပါ..။ Chrome ရဲ့ အောက်ခြေနားမှာ Save ဆိုတဲ့ စာသားလေးပေါ်လာရင် ကလစ်ပေးလိုက်ပါ..။ ပြီးရင် Install ဆိုတဲ့ ဘောက်စ်လေးပေါ်လာရင် ထပ်ကလစ်ပေးပါ..။ ပြီးရင်တော့ မိမိတို့ Facebook စာမျက်နှာကို Refresh လုပ်ပေးလိုက်ရင် TimeLine ပျောက်သွားပါလိမ့်မယ်..။ နောက်တခုကတော့ Video Tutorial လေးကြည့်ပြီး လုပ်ကြည့်လိုက်ပါဗျာ.. Video Tutorial လေးပါ ရှာတွေ့ထားလို့ တခါတည်း တင်ပေးလိုက်ပါတယ်..။ အောက်ကလင့်တွေကနေသာ ဒေါင်းယူပြီး  Video Tutorial လေးအတိုင်း လိုက်လုပ်ကြည့်လိုက်ပါ..

Advanced System Care Pro 5.3.0



Advanced System Care Pro 5.3.0  နောက်ဆုံး Update လေးရလာလို့ တင်ပေးလိုက်ပါတယ်..။ သူ့အတွက် အထဲမှာ ကီးလေးပါထည့်ပေးထားပါတယ်..။ ဒီကောင်လေး လုပ်ပေးနိုင်တာတွေကတော့ Malware Removal, Registry Fix, Shortcut Fix, Privacy Sweep, Junk Files Clean စတာတွေကို ထိထိရောက်ရောက် လုပ်ပေးနိုင်ပါတယ်..။ External ကင်မရာတပ်ပြီး သုံးရတဲ့ စက်တွေမှာ တခါတလေ VZO ချက်တဲ့ အခါမျိုးတွေမှာ ကင်မရာ အလုပ်မလုပ်တာတို့ ၊ အသံထွက်တဲ့ နေရာက မိုက်ပုံမှိန်နေလို့ အသံမလာတဲ့ အခါမျိုးတွေမှာ ဒီကောင်လေးကို အလုပ်ပေးလုပ်ပြီး.. အပေါ်မှာ ရေးပြထားတဲ့ စာ၅ကြောင်း နေရာတွေမှာ No Problem ဖြစ်သွားပြီဆိုရင် စက်ကို Restart ချ ၊ ပိတ်ပြီးပြန်ဖွင့်လိုက်ရင် အသံမလာတာတို့၊ External ကင်မရာ မပေါ်တာတို့ စတဲ့ ပြဿနာတွေကို ပြန်လည် ကောင်းမွန်စေပါတယ်..။ ဒါကတော့ လက်တွေ့ လုပ်ခဲ့လို့ သိခဲ့တာလေးတွေကို ပြန်လည် မျှဝေလိုက်တာပါ..။ နောက်ထပ်ကောင်းတာတွေ အများကြီးရှိပါတယ်..။ ဒီလိုတန်ဖိုးရှိတဲ့ ဆော့ဝဲလ်လေးတွေကို အားလုံးပဲ ဆောင်ထားသင့်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်က လင့်တွေကနေသာ ဒေါင်းယူ သွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 26 MB ရှိပါတယ်..။

Windows 8 Release Preview Free Download


Windows 8 Release Preview ကတော့ အသစ်ထွက်လာတာ မကြာသေးပါဘူး..။ Windows7 ပေါ်မှာ အခြေခံတည်ဆောက်ထားတာ ဖြစ်ပြီး.. ၆လ တစ်ကြိမ် Update ထွက်လာပြီး အစမ်းပေးသုံး ထားတာပါ..။ Touch Screen သုံးသူများအတွက် အဓိက အဆင်ပြေအောင် ရည်ရွယ်ပြီး ထုတ်ခဲ့တာလို့လည်း ဆိုထားပါတယ်..။ Windows 8 Release Preview ကို ဒေါင်းလော့မချခင် ဒီအောက်ကစာသားကို အရင်ဖတ်ပါလို့ Microsoft ကုမ္ပဏီက သူ့ဆိုဒ်မှာ ရေးထားပါတယ်..
 Note before you download: Windows 8 Release Preview is prerelease software that may be substantially modified before it’s commercially released. Microsoft makes no warranties, express or implied, with respect to the information provided here. Some product features and functionality may require additional hardware or software.
Windows8 နဲ့ပါတ်သက်လို့ အရင်တုန်းကလည်း ပိုစ့်တင်ပေးခဲ့ပါတယ်..။ Windows8 ကိုကျနော်သုံးခဲ့တဲ့ နည်းလေးပါ..။ မြန်မာစာ ရိုက်လို့ ရအောင် Keymagic  ကိုပါ တင်ပေးထားပါတယ်..။ ဒီနေရာကနေ ဝင်ကြည့်နိုင်ပါတယ်..။ အခုဒီ Windows 8 Release Preview ကိုသုံးကြည့်ချင်တဲ့ သူများကတော့ အောက်မှာ Windows 8 Release Preview Downloader နဲ့လည်း ဒေါင်းယူနိုင်သလို.. ISO Image Files တွေဖြစ်တဲ့ 32-bit , 64-bit တွေအတွက် ISO ဖိုင်တွေကို ရွေးပြီး ဒေါင်းယူလို့ ရအောင် လင့်တွေ ချိတ်ထားပေးပါတယ်..။ မိမိတို့ ကြိုက်သလို ဒေါင်းယူ အသုံးပြုကြည့်နိုင်ပါတယ်..

Driver Checker V2.7.5



Driver Checker လေးကတော့ မိမိတို့ရဲ့ စက်ထဲက လိုအပ်နေတဲ့ Drivers တွေနဲ့ Out Date ဖြစ်နေတဲ့ Drivers တွေကို စစ်ဆေးပေးပြီး အင်တာနက်ကနေ ဒေါင်းယူ Install ဆွဲထည့်ပေးနိုင်ပါတယ်..။ သူ့အတွက် ကီးလေးပါ ထည့်ပေးထားပါတယ်.. နောက်ဆုံးထွက် Update လေးပါပဲ..။ အောက်မှာ ကီးထည့်နည်းနဲ့ ကျနော့်စက်က Out Date ဖြစ်နေတဲ့ Drivers တွေကို Up Date ဖြစ်အောင် ဒေါင်းယူ Install ဆွဲထည့်ပြထားပါတယ်..။ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ.. လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူသွားလိုက်ပါ.. ဖိုင်ဆိုဒ်ကတော့ 6.9 MB ရှိပါတယ်..။

Raise Data Recovery 5.3 for FAT


ဒီကောင်လေးကတော့ ဟတ်ဒစ် FAT အမျိုးအစားတွေ အတွက် အသုံးဝင်မယ့် Raise Data Recovery 5.3 လေးပါ..။ Update လေးကို ရှာပြီးတင်ပေးလိုက်ပါတယ်..။ သူ့အတွက် အထဲမှာ ကီးလေးပါ ထည့်ထားပေးပါတယ်..။ ကီးထည့်နည်းကလည်း လွယ်ပါတယ်..။ အောက်မှာကီးထည့်နည်းကို ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 7.5 MB ရှိပါတယ်..

Internet Download Manager 6.11 Build 8 Final


Internet Download Manager 6.11 Build 8 Final Update လေးထွက်လာလို့ တင်ပေးလိုက်ပါတယ်..။ သူ့အတွက် အထဲမှာ Patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ IDM ဖူးဖြစ်အောင် လုပ်နည်းကိုတော့ အားလုံးလည်း သိပြီးဖြစ်ပါလိမ့်မယ်..။ ကျနော်အရင် ပိုစ့်တွေမှာ Patch ဖိုင်ထည့်နည်း လေးတွေ တင်ထားပေးပြီးသားပါ..။ အားလုံးက လုပ်နည်း အတူတူပါပဲ..။ အဲဒီပိုစ့်လေးကို နမူနာကြည့်ပြီး လုပ်ပေးလိုက်ရင် ဒီ Update လေး ဖူးဖြစ်သွားပါလိမ့်မယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.5 MB ရှိပါတယ်..။

ဝင်းဒိုး genuine ကာရအောင်


ကျနော်တို့ Windows အစစ်မဟုတ်တဲ့ ကော်ပီ Windows တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒီလို genuine  အဲရာမျိုးကို ပြန်လည်ကောင်းမွန်စေဖို့ ဆိုရင်တော့.. Windows7 Loader တွေ အများကြီးရှိတဲ့ ထဲက ကျနော်သုံးနေကျ ဒီကောင်လေးကို အရင် တင်ပေးလိုက်ပါတယ်..။ ကော်ပီဝင်းဒိုးသုံးတဲ့ သူတွေ ဖြစ်ဖူးကြမှာပါ..။ အပေါ်က ပုံလိုမျိုး စာသားသုံးကြောင်းပဲ ပေါ်ပြီး Screen တခုလုံး မဲသွားတဲ့ အဲရာမျိုး ဖြစ်လာခဲ့ရင် ဒီကောင်လေးနဲ့သာ ကာလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။ တချို့ Windows7 တွေတော့ မပြောတတ်ပါဘူး..။ ကျနော်သုံးနေကျ Windows7 တွေမှာတော့ အတော်လေး အဆင်ပြေပါတယ်..။ ဒါကြောင့် ဒီကောင်လေးကို ကျနော် အမြဲဆောင်ထားတာပါ..။ အားလုံးပဲ ဒီလို ဆော့ဝဲလ်လေးတွေကို ဆောင်ထားသင့်ပါတယ်..။ တခြား Windows7 Loader တွေ ကျန်ပါသေးတယ်..။ ကြုံသလို တင်ပေးသွားပါမယ်..။ တခုသတိပြုရမှာက ဒီကောင်လေးကို အသုံးပြုတော့မယ် ဆိုရင် Antivirus ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေကို အရင်ပိတ်ထားဖို့ လိုပါတယ်..။ မဟုတ်ရင် Install ဆွဲတဲ့ အဆင့်မရောက်ခင်မှာပဲ ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်က ဖျက်ပစ်လိုက်လို့ ပျောက်သွားပါလိမ့်မယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 8.6 MB ရှိပါတယ်..။ ဒီကောင်လေးကို အဖျက်မခံ ရအောင် ဖိုင်နာမည်ကို 007CW7L လို့ နာမည်ပြောင်း တင်ပေးထားပါတယ်..

Advanced System Care V3.7.3


ဒီကောင်လေးကတော့ ကျနော်အမြဲသုံးဖြစ်ခဲ့တဲ့  Advanced System Care လေးပါ..။ ဗါးရှင်း အဟောင်းလေး ဆိုပေမယ့် ကောင်းလွန်းလို့ ဒီနေ့ထိ သိမ်းထားတုန်းပါ.. ကီးတွေ ပါတ်ခ်ျတွေ ဘာတခုမှ ထည့်ပေးဖို့ မလိုပါဘူး..။ Free Software လေးပါ..။ Up date အသစ်တွေလည်း အများကြီး ထွက်နေပါတယ်..။ နောက်ပိုင်းမှာတော့ Up date ထွက်တိုင်း တင်ပေးသွားမှာပါ..။ ဒါပေမယ့် Update တွေမှာ မလိုချင်တဲ့ အပို ဆော့ဝဲလ်တွေ ပါလာတတ်လို့ သိပ်မကြိုက်ပါဘူး.. ဒါကြောင့် အဟောင်းလေးကို အရင်တင်ပေးလိုက်တာပါ..။ သုံးရတာလည်း လွယ်ပါတယ်.. ဒီကောင်လေးက ဝင်းဒိုးထဲမှာရှိတဲ့ error တက်နေတဲ့ ဖိုင်တွေ ဆော့ဝဲလ်တွေကို ပြန်လည်ကောင်းမွန်စေပါတယ်..။ အရင်တုန်းက ကျနော်ကိုယ်တွေ့ ကြုံခဲ့တဲ့ error တခုကို ဒီကောင်လေးနဲ့မှ အဆင်ပြေသွားပါတယ်..။ ဘယ်လိုအဲရာလည်းဆိုတော့ ကျနော်အရင်တုန်းက သုံးတဲ့ စက်အဟောင်း တစ်လုံးမှာ မြန်မာစာရိုက်ရင် စာလုံး ၄၊၅လုံးရိုက်ပြီးတိုင်း နောက်ထပ်ရိုက်တဲ့ စာလုံးတွေက ကွက်ရှင်မတ်တွေ(???????) ဖြစ်ဖြစ် ကုန်ပါတယ်.. စက်ကို ဘယ်လိုပဲ သန့်ရှင်းရေးလုပ်လုပ် ၎င်းအဲရာက ပျောက်မသွားပါဘူး..။ နောက်တော့ ဆရာသမားဆီရောက်မှ ပြောပြတော့ ဒီဆော့ဝဲလ်လေးနဲ့ လုပ်ကြည့်ခိုင်းပါတယ်..။ ဒီကောင်လေးကို သုံးပြီး စက်ကို Restart ချပေးလိုက်ပါတယ်..။ ကျနော်ဖြစ်နေတဲ့ မြန်မာစာရိုက်လို့ ပေါ်တဲ့ ကွက်ရှင်မတ်(?????) အဲရာက လုံးဝပျောက်သွားပါတယ်..။ အဲဒီကတည်းက ဒီကောင်လေးကို ကျနော် တော်တော် သဘောကျသွားပါတယ်..။ ဒါကြောင့်လည်း ဒီနေ့ထိ သုံးနေတုန်းပါ..။ သူလုပ်ပေးနိုင်တာတွေက အများကြီးပါ..။ စာရှည်နေလို့ ဒီမှာရေးမပြတော့ ပါဘူး.. အောက်က အသုံးပြုပုံ ပြထားတဲ့ ပုံတွေမှာပဲ ဖတ်ကြည့်လိုက်ပါဗျာ.. ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 9.6 MB ရှိပါတယ်..

ChrisTV Online Premium Edition 7.30


ဒါကောင်လေးနဲ့ တစ်ကမ္ဘာလုံက TV လိုင်းတွေကို အင်တာနက်ကနေ ကြည့်လို့ ရပါတယ်.. မြန်မာပြည်ကလွဲလို့ပေါ့ဗျာ.. သူ့အတွက် ကီးလေးပါ ထည့်ပေးထားတယ်..။ အောက်မှာ ကီးထည့်ရမယ့် နေရာနဲ့ ကီးထည့်ပြီး သုံးလို့ ရတာကို ပုံလေးတွေနဲ့ ပြထားတယ်..။ နိုင်ငံပေါင်း တစ်ရာကျော်က TV လိုင်းပေါင်း ၈၀၀ ကျော်ကို ဒီကောင်လေးနဲ့ Online ကနေ ဖမ်းယူကြည့်ရှု့နိုင်ပါတယ်.. လိုအပ်ရင် Recording ပါလုပ်လို့ ရပါသေးတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 8 MB ရှိပါတယ်..

PC Optimizer Pro V6.2.5.2


ဒီိကောင်လေးကတော့ မိမိတို့ရဲ့ ကွန်ပျူတာကို မြန်စေပါတယ်..။ Registry ထဲက Error တွေ၊ Invalid Entries တွေ၊ Junk ဖိုင်တွေနဲ့ မလိုအပ်တဲ့ Browser Issues တွေကို ရှင်းလင်းပေးနိုင်ပါတယ်.. သူ့ဆိုဒ်မှာ ရေထားပြထားတဲ့ အတိုင်း ဖေါ်ပြပေးလိုက်ပါတယ်..
PC Optimizer Pro makes your computer run faster and prevents up to 90% of Windows crashes. Once your PC is clean of registry errors then you will absolutely notice an end to slow, frozen, or unpredictable operation. In fact, if your system is already crashing or seizing up for no apparent reason, then you need PC Optimizer Pro right now! PC Optimizer Pro is a suite of automated system-maintenance and optimization utilities which tune up windows performance. It removes junk files to save valuable disk space and prevents application crashes.
 လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 5.2 MB ရှိပါတယ်..။ သူ့ထဲမှာပါတဲ့ Patch ဖိုင်လေးကို အရင်ပိုစ့်တွေ အတိုင်း ထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရပါပြီ..

Ace Translator 9.5.1.690 Multilanguage


 Ace Translator လေးက မြန်မာဘာသာကလွဲလို့ တခြားဘာသာတွေကို ဘာသာပြန်ပေးနိုင်ပါတယ်.. အသံပါ နားထောင်လို့ ရပါတယ်..။ အသုံးပြုရတာလည်း လွယ်ပါတယ်.. သူစပို့လုပ်ပေးနိုင်တဲ့ ဘာသာတွေကို အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်..။ အထဲမှာ Patch ဖိုင်လေးပါ ထည့်ပေးလိုက်ပါတယ်..။ Patch ဖိုင်ထည့်နည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ မထည့်တတ်သေးတဲ့ သူများအတွက်ပါ..။ အားလုံးသော ဆော့ဝဲလ်တွေရဲ့ Patch ဖိုင်တွေကို ဒီပုံအတိုင်းပဲ ထည့်တာပါ.. ဒါကြောင့် နောက်ပိုင်းပိုစ့်တွေမှာ Patch ထည့်မပြတော့ပါဘူး.. အဲ့အတွက် အချိန်ပိုကုန်လို့ပါ..။ လုပ်နည်းတွေက အတူတူပါပဲ.. အခုတော့ ဒီကောင်လေးကို လိုအပ်တဲ့ သူများ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 2.3 MB ပဲရှိပါတယ်..။ သတိပြုရမယ့် တချက်ကတော့ ဆော့ဝဲလ်ကို Install ဆွဲထည့်ပြီးရင် ပိတ်လိုက်ပါ..။ အရင်မဖွင့်ပါနှင့်..။ Patch ဖိုင်ကို အရင်သွားထည့်ပေးလိုက်ပါ..။ ပြီးမှ ၎င်းပရိုဂရမ်ကို ဖွင့်သုံးပါလေ..

Continue, User name - Password, နဲ့ Yes-No ဘောက်စ်တွေ မပေါ်အောင်


 2 Jun 12, 08:00 AM
mya nyo: w-7 မှာ ဆော့ဝဲ တခုခု့ ဖွင့်တိုင်း (ဥပမာ-ဖိုင်ဖြေတဲ့အခါ yes or no မေးတာကို ပေါ်အောင်ဘယ်လိုလုပ်ရ မလဲ ခင်ဗျာ...။
 2 Jun 12, 08:04 AM
mya nyo: မပေါ်အောင်နော်

ဒါလေးက မနေ့က Cbox မှာ အစ်ကို တစ်ယောက်မေးထားတာ လေးပါ.. ဆော့ဝဲလ်တွေ တင်နေတာနဲ့ Cbox က အမေးတွေကို ပြန်မဖြေခဲ့မိဘူး..။  ဒါလေးကတော့ လိုအပ်မယ်ထင်လို့ ပိုစ့်တခုနေနဲ့ တင်ပေးလိုက်ပါတယ်..။ Yes , No မေးတာတွေတင် မဟုတ်ပါဘူး..။ အပေါ်ကပုံမှာ ပြထားသလို ဘောက်စ်လေးတွေလည်း တချို့စက်တွေမှာ ပေါ်တတ်ပါတယ်..။ သူငယ်ချင်း တစ်ယောက်စက်မှာ Mozilla ဖရီး ဆော့ဝဲလ်ကို Install ဆွဲထည့်တာ User Name နဲ့ Password တောင်းနေလို့ (အပေါ် B ပုံ) ကျနော်က ဒီနည်းလေးနဲ့ ဖြေရှင်းပေးခဲ့တာ အဆင်ပြေသွားပါတယ်..။ နောက်တခုက ဘာဖိုဒါပဲ ဖွင့်ဖွင့် Continue နှိပ်ခိုင်းတဲ့ ဘောက်စ် (အပေါ် A ပုံ) ပေါ်ပေါ်လာတာလည်း ဒီနည်းလေးနဲ့ အဆင်ပြေသွားပါတယ်..။ ဒါကြောင့် အဲလို ဘောက်စ်လေးတွေ မပေါ်အောင်လို့ User Account မှာ သွားပြောင်းပေးလိုက်ပါ..။ အောက်မှာ လုပ်နည်းလေးကို ပုံလေးတွေနဲ့ နားလည်လွယ်အောင် ပြထားပေးပါတယ်.. လုပ်ရတာလည်း လွယ်ပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..

Stellar Phoenix Windows Data Recovery v4.2 Home Edition


ဒီကောင်လေးကတော့ Windows ထဲမှာရှိတဲ့ ဖိုင်တွေ၊ ဖိုဒါတွေကို ပြန်လည် Recover လုပ်ပေးနိုင်ပါတယ်..။ သူ့အတွက် Patch ဖိုင်လေးကို သီးသန့် ခွဲတင်ပေးထားပါတယ်.. ဒေါင်းရတာပိုလွယ်အောင်လို့ပါ..။ နောက်ပြီး အဖျက်မခံရအောင် Patch လို့ မရေးထားပဲ Mario Advance Game ဆိုပြီး နာမည်ပြောင်း တင်ပေးထားပါတယ်..။ နှစ်ခုစလုံးကို ဒေါင်းယူရမှာပါ..။ ဒေါင်းယူပြီးရင် အရင်ဆုံး Stellar Phoenix Windows Data Recovery.exe ဖိုင်ကို Run လိုက်ပါ..။ Run ပြီးသွားရင် ၎င်းပရိုဂရမ်ကို မဖွင့်ပါနှင့်.. ပိတ်ထားလိုက်ပါ..။ Patch ဖိုင်ကို အရင် သွားထည့်ပေးလိုက်ပါ..။ အောက်မှာ ပုံလေးတွေနဲ့ ပြထားပေးပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူသွားလိုက်ဗျာ.. ဖိုင်ဆိုဒ်ကတော့ နှစ်ခုပေါင်းမှ 19 MB ပဲရှိပါတယ်..။

Universal Viewer Pro 6.5.0.0 Portable Free Download


Universal Viewer Pro Portable လေးရလာလို့ တင်ပေးလိုက်ပါတယ်.. ကျနော့်ဆီမှာ အရင်တုန်းက ဓါတ်ပုံတွေကို Zoom ဆွဲကြည့်လို့ ရမယ့် ဆော့ဝဲလ် တောင်းထားဖူးတာ သတိရလာလို့ ဒီနေ့ ဒီကောင်လေးကို ရလာတာနဲ့ တင်ပေးလိုက်ပါတယ်..။ Portable လေးပါ.. အဆင်သင့် တန်းသုံးယုံပါပဲ..။ ဓါတ်ပုံတွေကို နီးနီးလေးထိ ဆွဲကြည့်လို့ ရပါတယ်..။ တခြား Feature တွေလည်း ပါသေးတယ်..။ ကျနော်လည်း အများကြီး သုံးမကြည့်ရသေးပါဘူး.. ဓါတ်ပုံ Zoom ဆွဲကြည့်တာ အဆင်ပြေတာနဲ့ တင်ပေးလိုက်တာပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူသွားကြပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 11 MB ရှိပါတယ်..

Screen Hunter 6.0. Pro Free Download


ဒီကောင်လေးအတွက် အထဲမှာ ကီးလေးပါ ထည့်ထားပေးပါတယ်..။ ကျနော်တို့ Screen ပေါ်မှာ မြင်ရတဲ့ဟာ မှန်သမျှကို ဒီကောင်လေးနဲ့ ScreenShot လို့ ခေါ်တဲ့ ဓါတ်ပုံတွေ ရိုက်ယူလို့ ရမှာဖြစ်ပါတယ်..။ Web Pages တွေတင် မဟုတ်ပါဘူး.. ကျနော်တို့ ကြည့်နေတဲ့ Video တွေကနေလည်း မိမိတို့ ကြိုက်တဲ့ သူရုပ်ဆောင်ပုံတွေကို ဓါတ်ပုံ ရိုက်ယူလို့ ရပါသေးတယ်..။ ရိုက်ပြီးသားပုံတွေပေါ်မှာ မိမိတို့ ကြိုက်သလို Effect တွေ၊ အညွှန်းတွေ ထည့်လို့ ရပါတယ်..။ နောက်ပြီး မိမိတို့ ကွန်ပျူတာမှ ကင်မရာနဲ့လည်း မိမိတို့ ပုံတွေကို ရိုက်ယူလို့ ရပါသေးတယ်..။ သုံးလို့ ရတာတွေအများကြီးပါပဲ.. Photo Shop လို ဓါတ်ပုံတွေကို ပြင်ဆင်ဖြတ်တောက်လို့ ရပါသေးတယ်.. ဆော့ဝဲလ်ထဲမှာ User Guide ကနေ အသုံးပြုပုံကို လေ့လာကြည့်လိုက်ပါဗျာ.. ဒီမှာတော့ ကျနော်က ကီးထည့်ပြထားပြီး အသုံးပြုပုံ အနည်းငယ်လောက်ကိုပဲ အစမ်းသုံးတတ်အောင် ပြထားပေးပါတယ်.. လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 10.5 MB ရှိပါတယ်..
Related Posts Plugin for WordPress, Blogger...