ဒီတခါတော့ အပေါ်က စာထဲကလို Mozilla နဲ့ အော်တိုတက်ချင်တဲ့ သူများအတွက်ပါ.. အများကြီး ဟိုပြောင်းဒီပြောင်းနဲ့ အလုပ်ရှုပ်ပါတယ်..။ အလွယ်နည်းကို ပြောပြပေးပါမယ်..။ လွယ်လွယ်လေးပါ..။ အခု အစ်ကို kyaw စက်ထဲမှာရှိနေတဲ့ Mozilla ရော Chrome ရော နှစ်ခုစလုံးကို Uninstall နဲ့ ပြန်ထုတ်ပစ်လိုက်ပါ..။ Chrome တခုထဲထုတ်ရင် default browser က Internet explore ဖြစ်သွားမှာ စိုးလို့ပါ.. ဒါကြောင့် နှစ်ခုစလုံးကို ထုတ်ပစ်လိုက်ပါ..။ ပြီးရင်တော့ Mozilla ကို ပြန်ပြီး Install ဆွဲထည့်ပါ..။ အခုတင်ပေးလိုက်တဲ့ Version အသစ် Firefox 13.0 Beta 4 ကိုပဲ ဖြစ်ဖြစ်၊ အရင်တုန်းက Version အဟောင်းတွေပဲ ဖြစ်ဖြစ် Install ပြန်ဆွဲထည့်ပါ..။ Install လုပ်နေတဲ့ အချိန်မှာ ပေါ်လာတဲ့.. အောက်ကပုံလေးမှာ ပြထားတဲ့ A နေရာက စာသားကို အမှန်ခြစ်ပေးဖို့တော့ မမေ့ပါနဲ့..။ ပြီးမှ B နေရာ Install ကို ကလစ်ပါ..။ ဒါဆိုရင် ဒါဆိုရင် မိုဇီလာနဲ့ တက်သွားပါလိမ့်မယ်.. Chrome ကိုပါ သုံးချင်လို့ Install ဆွဲထည့်ရင်တော့ Google Chrome is my default browser နေရာမှာ အမှန်ခြစ် မထည့်ပါနဲ့.. Chrome ကိုပြောတာပါ..။ ဒီလောက်ဆိုရင်တော့ သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်.. Firefox 13.0 Beta 4 Latest Version ကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 16.4 MB ရှိပါတယ်.. ဒီကောင်လေးမှာ IDM 6.11 Built 7 လည်း အလုပ်လုပ်ပါတယ်..။ ကျနော်စမ်းသုံးပြီးမှ တင်ပေးလိုက်တာပါ..။ အောက်ဆုံးက ပုံလေးမှာ Video ဒေါင်းဖို့ IDM အလုပ်လုပ်တဲ့ ပုံလေးကိုပါ တင်ပြပေးလိုက်ပါတယ်..
Minus
Jumbofiles
Ifiles
ကျေးဇူးတင်ပါသည်
ReplyDelete