Mozilla Firefox ရဲ့ Speed ကိုမြန်စေမယ့် နည်းလမ်းများ



သူငယ်ချင်းများရဲ့ တောင်းဆိုမှုအရ Mozilla Firefox ကို မြန်စေမယ့် နည်းလမ်းများကို လိုက်ရှာပါတယ်..။ အရင်တုန်းကတော့ ဝက်ဘ်ဆိုဒ်တစ်ခုမှာ ဖတ်ဖူးပါတယ်..။ အခုပြန်ရှာတော့ ဘယ်ဆိုဒ်မှန်း မမှတ်မိတော့ပါ..။ နေမင်းမောင်ဆိုဒ်ထဲမှာတော့ ရှိတယ်..။ မကြာသေးခင်ကမှ ဖတ်ကြည့်မိတာ ဆိုတော့ သိပ်မရှာလိုက်ရဘူး...။ ပြန်တွေ့တယ်..။ သူ့နည်းလေးသုံးကြည့်လိုက်တော့ မဆိုးဘူး..။ Mozilla တော်တော်မြန်လာတယ်..။ သူငယ်ချင်းတွေကို ဒီနည်းလေးပေးသုံးလိုက်တယ်... ကောင်းတယ်လို့ ပြောကြတယ်..။ မလုပ်တတ်တဲ့သူများလည်း ရှိမယ်ထင်လို့ ... နေမင်းမောင်ရဲ့မူရင်း စာသားအပြင် ကျနော်ကပုံလေးတွေနဲ့ပါ ထပ်ရှင်းပြထားပါတယ်..
နောက်တခုက မောင်စေတနာဆိုဒ်ထဲက ရှာတွေ့တာလေးလည်း တင်ပေးလိုက်ပါတယ်.. (နေမင်းမောင်ဝက်ဘ်ဆိုဒ်မှ-
အ၇င်ကလဲကျွန်တော်ပို့ဒ်တစ်ခုတင်ဖူးပါတယ်။အခုနည်းလမ်းလေးကတော့လွယ်လဲလွယ်ပါတယ်။သိသိသာသာ
လဲမြန်လာတာကိုတွေ့ ၇ပါလိမ့်မယ်။အောက်မှာပြောပြထားတဲ့အတိုင်းလိုက်လုပ်ကြည့်လိုက်ကြ၇အောင်နော်.....
အ၇င်ဆုံးကျွန်တော်တို့အသုံးပြုနေတဲ့ Firefox ၇ဲ့ Address bar မှာ about:config  လို့၇ိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
I'll be careful, I promise! ဆိုပြီးပေါ်လာပါလိမ့်မယ်။ အဲ့ဒီကောင်လေးကိုကလစ်ပေးလိုက်ပါ။ သူ၇ဲ့browserလေးပေါ်လာပါလိမ့်မယ်။ကီးဘုတ်မှ Ctrl + F ကိုနှိပ်လိုက်ပါ။အပေါ်မှာ Search box လေးပေါ်လာပါလိမ့်မယ်။အဲ့ဒီ Search Box လေးထဲမှာကျွန်တော်အောက်မှာ ပေးထားတာလေး တွေကိုထည့်ပြီး၇ှာလိုက်ယုံပါပဲ။
အ၇င်ဆုံး  network.http.pipelining  ကို၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီး၇င် Toggle ဆိုတာကိုနှိပ်လိုက်ပါ။ Value တန်ဖိုး false မှ true သို့ပြောင်းသွားပါလိမ့်မယ်။
နောက်ထပ် network.http.proxy.pipelining ကိုထပ်၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီး၇င် Toggle ဆိုတာကိုနှိပ်လိုက်ပါ။ Value တန်ဖိုး false မှ true သို့ပြောင်းသွားပါလိမ့်မယ်။
နောက်ထပ် network.http.pipelining.maxrequests ကိုထပ်၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီး၇င် Modify ကိုနှိပ်လိုက်ပါ။ကျလာသော Box ထဲတွင် value တန်ဖိုးကို 30 သို့ပြောင်းလိုက်ပြီး OK နှိပ်လိုက်ပါ။
နောက်ဆုံးအဆင့်အနေဖြင့်မိမိကြိုက်နှစ်သက်သောနေ၇ာတွင် Right Click နှိပ်လိုက်ပါ။ပြီးလျှင် New ထဲမှ Integer ကိုနှိပ်လိုက်ပါ။ ကျလာသောဘောက်ထဲတွင် nglayout.initialpaint.delay လို့၇ိုက်ထည့်ပြီး OK  ကိုနှိပ်လိုက်ပါ။ နောက်ထပ်ကျလာသောဘောက်ထဲတွင် Value တန်ဖိုးကို 0 ထားပြီး OK ကိုနှိပ်လိုက်ပါ။အားလုံးပြီးပါပြီ။ဒါဆို၇င်မိမိတို့၇ဲ့ Firefox browse ဟာအ၇င်ကထက်သိသိသာသာမြန်လာတာကိုတွေ့ ၇ပါလိမ့်မယ်။
အားလုံးပဲအဆင်ပြေကြပါစေ.......ကျေးဇူးတင်ပါတယ်ခင်ဗျာ....) အောက်မှာတော့ ကျနော်က ပုံလေးတွေနဲ့ ပြန်ရှင်းပြ ပေးထားပါတယ်..။
 Firefox ၇ဲ့ Address bar မှာ about:config  လို့၇ိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။



ကီးဘုတ်မှ Ctrl + F ကိုနှိပ်လိုက်ပါ။


အ၇င်ဆုံး  network.http.pipelining  ကို၇ှာပါ။ Filter ဘေးက search အကွက်ထဲတွင် ၄င်းစာသားအား copy - paste နှင့် ထည့်ရှာပါ..။


ဒုတိယ network.http.proxy.pipelining ကိုထပ်၇ှာပါ။ အပေါ်နည်းအတိုင်း ကူးထည့်ပါ...။


 တတိယ network.http.pipelining.maxrequests ကိုထပ်၇ှာပါ..။ အပေါ်က နည်းအတိုင်း ကူးထည့်ပါ..။


နောက်ဆုံးအဆင့်အနေဖြင့်မိမိကြိုက်နှစ်သက်သောနေ၇ာတွင် Right Click နှိပ်လိုက်ပါ။ပြီးလျှင် New ထဲမှ Integer ကိုနှိပ်လိုက်ပါ။ ကျလာသောဘောက်ထဲတွင် nglayout.initialpaint.delay လို့၇ိုက်ထည့်ပြီး OK  ကိုနှိပ်လိုက်ပါ။


 နောက်ထပ်ကျလာသောဘောက်ထဲတွင် Value တန်ဖိုးကို 0 ထားပြီး OK ကိုနှိပ်လိုက်ပါ။အားလုံးပြီးပါပြီ။


ဒီအောက်က နောက်တနည်းကတော့ မောင်စေတနာဆိုဒ်မှ ကူးယူဖေါ်ပြပါသည်...။ လုပ်နည်း များသောကြောင့် ပုံများနှင့် မဖော်ပြတော့ပါ...။ (Firefox ရဲ့ Page Loading ကို ပိုမြန်အောင်လုပ်နိုင်တဲ့ နည်းလမ်း ( ၅ ) ခု

၁။ Pipelining ကို Enable ပြုလုပ်ခြင်း

ဒါကတော့ Friefox version တွေ အကုန်လုံးအတွက် အခြေခံကျတဲ့ နည်းလမ်းတစ်ခုပါ။ Firefox ရဲ့ address bar ထဲမှာ about:config လို့ရိုက် Enter ခေါက်လိုက်ပါ... သတိပေးတဲ့ message ပေါ်လာပါလိမ့်မယ်။ I'll be careful, I proxise! ဆိုတာကို click ပါ။ ပြီးရင် network.http.pipelining နဲ့ network.http.proxy.pipelining ဆိုတာတွေကို လိုက်ရှာပါ။ မတွေ့ရင် အပေါ်က Filter ထဲမှာ ရိုက်ပြီး ရှာလိုက်ရင်လည်း ရပါတယ်။ တွေ့ပြီးဆိုရင် ၄င်းတို့ပေါ်မှာ double click လုပ်ပြီး values တွေကို true လို့ပေးလိုက်ပါ။ ပြီးရင် network.http.pipelining.maxrequests ပေါ်မှာ double click လုပ်ပြီးရင် ၄င်းရဲ့ value ကို 8 လို့ပေးလိုက်ပါ။

၂။ Content switch threshold ကို လျှော့ချခြင်း

အကယ်၍ သင့်ရဲ့ mouse (သို့) keyboard ကို မရွှေ့ မထိပဲ 0.75 စက္ကန့် (Content Switch Threshold ) ကြာခဲ့မယ်ဆိုရင် Firefox ဟာ frequency နိမ့်တဲ့ interrupt mode ထဲကို ရောက်သွားပါလိမ့်မယ်။ ဆိုလိုတာကတော့ ၄င်းရဲ့ ကြားခံဆက်သွယ်ပေးတဲ့စနစ်ဟာ တုန့်ပြန်မှုနည်းလာပါလိမ့်မယ်...ဒါပေမယ့် သင့်ရဲ့ page loadတွေကတော့ ပိုပြီးမြန်ဆန်လာမှဖြစ်ပါတယ်။ ဒါကြောင့် အခုလိုပိုပြီးမြန်ဆန်လာစေဖို့ Content Switch Threshold ကို လျှော့ချပေးဖို့လိုပါတယ်။ about:config ကိုရိုက် Enter ခေါက် ပြီးရင် ပွင့်လာတဲ့ windows ပေါ်မှာ right-click လုပ်၊ ပြီးရင် New ထဲကမှာ Integer ကို click ၊ အဲဒီနောက် content.switch.threshold လို့ရိုက် OK ပေး ပြီးရင် 250000 ( a quarter of a second ) ကိုထည့် OK ပေးလိုက်... ဒါဆိုရပါပြီ။

၃။ Flash ကို Block ခြင်း

Flashblock extension ကို Install လုပ်ဖို့လိုက်ပါ။ ( http://flashblock.mozdev.org တွင် download ပြုလုပ်ပါ။) ၄င်းက Flash appletတွေ အားလုံးကို loading ပြုလုပ်ခြင်းမှာ block လုပ်ပါလိမ့်မယ်။ ဒါကြောင့် web pages တွေဟာ ပိုပြီးမြန်မြန်ဆန်ဆန် ဖော်ပြပေးပါလိမ့်မယ်။ အကယ်၍ Flash content အချို့ ကို ရှာဖွေချင်တယ် ဆိုရင်တော့ ၄င်းရဲ့ Placeholder ကို download အတွက် click လိုက်ခြင်းအားဖြင့် ပုံမှန်အတိုင်း applet ကို ပြသပေးပါလိမ့်မယ်။

၎။ cache အရွယ်အစားကို တိုးစေခြင်း

သင် web တစ်ခုကို ဖွင့်ကြည့်လိုက်စဉ်မှာ Firefox က site ရဲ့ images နဲ့ scriptတွေ ကို local memory cache တစ်ခုထဲမှာ သိမ်းဆည်းထားလိုက်ပြီး အကယ်၍ သင်က တူညီတဲ့ page တစ်ခုကို ပြန်ပြီးဖွင့်မယ်ဆိုရင် locak memory cache ကနေ သိမ်းထားတဲ့ အချက်အလက်တွေကို ပိုပြီး မြန်မြန်ဆန်ဆန် ပြန်ထုတ်ပေးနိုင်ပါတယ်။ သင့်မှာ RAM အများကြီး( 2GB နဲ့အထက် ) ရှိတယ်ဆိုရင် ဖွင့်ပြီးသား page တစ်ခုကို ပြန်ဖွင့်တိုင်းမှာ မြန်မြန်ဆန်ဆန်ဖွင့်လို့ရစေဖို့အတွက် cache size ကို တိုးထားသင့်ပါတယ်။ ဒီ့အတွက် about:config လို့ရိုက် Enter နှိပ် ပြီးရင် ပွင့်လာတဲ့ window ထဲက ဘယ်နေရာမှာမဆို right-click ပြီးရင် New ထဲက Integer ကိုသွားပါ။ အဲဒီထဲမှာ browser.cache.memory.capacity လို့ရိုက် OK ပေး၊ ပြီးရင် ၄င်းပေါ်မှာ double-click လုပ်၊ value ကို 65536 လို့ရိုက် OK ပေး၊ အဲဒီနောက် သင့်ရဲ့ browser ကို restart ပေးလိုက်ပါ။

၅။ Render မြန်စေခြင်း

ကြီးမားပြီး ရှုပ်ထွေးတဲ့ web pageတွေကို ဖွင့်တဲ့ အခါမှာ အချိန်တော်တော်ကြာတတ်ပါတယ်။ Firefox က သင့်ကို မစောင့်စေချင်ပါဘူး ... ဒါကြောင့် 0.12 စက္ကန့်တိုင်းမှာ ရရှိတဲ့အချက်အလက်တွေ(content notify interval)ကို default အားဖြင့်ဖော်ပြပေးပါတယ်။ ဒီလိုအချိန်တွေမှာ browser ဟာ တဖြည်းဖြည်း ဖျက်ကနဲ့ ဖျက်ကနဲ ဖော်ပြပေးပြီး တိုးလာတဲ့ စုစုပေါင်း page loading လုပ်တဲ့ အချိန်ကိုလည်း မကြာမကြာလျော့ကျစေပါတယ်။ ဒါကြောင့် ကြီးမားတဲ့ content notify interval ဟာ ပိုပြီး မြန်ဆန်စေပါလိမ့်မယ်။ ဒီ့အတွက်... about:config ကိုရိုက်၊ Enter နှိပ်၊ ပြီးရင် ပွင့်လာတဲ့ Window ရဲ့ တနေရာရာမှာ right-click ( Apple userတွေအတွက်က ctrl-click)လုပ်၊ New ထဲက Integer ကို click ပြီး preference name ကို content.notify.interval လို့ရိုက် OK ပေး ပြီးတော့ 500000 ( ငါးသိန်း) လို့ရိုက်ထည့် ပြီးရင် OK ထပ်ပေးပါ။
Window ထဲမှာ right-click ထပ်လုပ်ပါ။ ပြီးရင် New ထဲက Boolen ကို click ပါ။ ဒီတကြိမ်မှာတော့ content.notify.ontimer ဆိုတဲ့ value တစ်ခုပြုလုပ်ပြီး True ပေးလိုက်ပါ။ ဒါဆိုပြီး ပါပြီ။

အသုံးဝင်မယ်ထင်လို့    မောင်စေတနာ  ဆီမှပြန်လည်မျှဝေဖော်ပြပေးထားပါတယ်ခင်ဗျာ..

အားလုံပဲအဆင်ပြေကြပါစေ.....ကျေးဇူးတင်ပါတယ်ခင်ဗျာ......

14 comments:

  1. တခုတော့ ရသွားပါတယ်ကျေးဇူးပါ

    ReplyDelete
  2. လေးစားလျက်
    ဆရာရေ ကျနော်သုံးတဲ့ ကွန်ပျူတာက TOSHIBA အမျိုးအစားပါ..ကျနော့် ကွန်ပျူတာက ဘာဖွင့်ဖွင့် အရမ်းကိုနှေးလွန်းပါတယ်..အဲ့ဒါနဲ့ ဆရာ လမ်းညွန်ထားတဲ့ အတိုင်း Mozilla Firefox ရဲ့ Speed ကိုမြန်စေမယ့် နည်းလမ်းများ ကိုကြည့်ပြီး ကျနော် လိုက်လုပ်ပါတယ်..ဒါပေမယ့် ဆရာပြောသလိုဖြစ်မလာဘူး ဘာဖြစ်တာလဲ. ဆရာပြောသလို about:config ရိုက်ထည့်လိုက်တော့ ဆရာပြောတဲ့ I'll be careful, I promise! box မကျဘဲနဲ့ Address bar အောက်မှာ Search: bar တစ်ခုပေါ်လာတယ် Search: bar အောက်မှာ အပိုင်း ၄ပိုင်းခွဲထားတယ် Preference Name ၊ Status ၊ Type ၊ Value ဆိုပြီး ခေါင်းစဉ်ပုံစံနဲ့ အောက်မှာမှ စာတွေအများကြီးထဲက ဆယ်ကြောင်းလောက် ဆရာကိုပြဖို့ copy ယူတင်လိုက်ပါတယ် ဆရာ ကူညီပါအုံး တစ်ခြားနည်းလမ်းလေးရှိရင် CT2206084.DownloadReferralCookieData; CommunityToolbar.EngineOwner; accessibility.usebrailledisplay; browser.gesture.twist.left; browser.gesture.twist.left; dom.mozContacts.whitelist; အဲ့လိုစာသားတွေအများကြီးပဲ ဆရာ အဲ့ဒါဘယ်လိုလုပ်ရမလဲ..အချိန်ရရင် ကူညီ ရှင်ပြပေးပါအုံး အရမ်းကိုနှေးနေတာ..

    ReplyDelete
    Replies
    1. ဒီနည်းနဲ့လုပ်ပေးလိုက်ရင်လည်း မိုဇီလာက အရမ်းကြီးမြန်လာတာမဟုတ်ပါဘူး.. အဲ့ဒီအချိန်တုန်းက သူငယ်ချင်းတွေ တောင်းဆိုလို့ ဒီပိုစ့်ကို တင်ပေးခဲ့တာပါ.. ဖြစ်နိုင်ရင် Google Chrome လို၊ Wyzo လို Browser တခုပြောင်းသုံးကြည့်ပါ.. မိုဇီလာကိုပဲ သုံးချင်တယ်ဆိုရင်တော့ လက်ရှိသုံးနေတဲ့ မိုဇီလာ ဗါးရှင်းကို Uninstall နဲ့ထုတ်ပစ်လိုက်ပြီး မိုဇီလာ နောက်ဆုံး ဗါးရှင်းကို ပြန်ထည့်သုံးပါ.. မိမိစက်နဲ့ မိုဇီလာလို Browser တွေကို အမြဲတမ်းမြန်စေချင်ရင်တော့ CCleaner နဲ့ Advance System Care 5 (ကျနော့်Blogမှာတင်ပေးထားပြီး) ကို နေ့စဉ်အသုံးပြုပေးနေရင် ကွန်ပျူတာတွေရော Browser တွေပါ အမြဲတမ်း သွက်လက်နေပါလိမ့်မယ်. နောက်ပြီး ဗိုင်းရပ်စ်တွေကိုလည်း ပုံမှန် သတ်ပေး၊ ရှင်းပေးဖို့ လိုပါတယ်.. အဲ့ဒါတွေကို အမြဲတမ်း (သို့) တစ်ပါတ် သုံးခါလောက် လုပ်ပေးနေရင် ဘယ်ကွန်ပျူတာပဲ ဖြစ်ဖြစ် သွက်လက်မြန်ဆန်နေမှာပါ..

      Delete
  3. အစ်ကို့ကို ကျေးဇူးအများကြီးတင်ပါတယ်

    ReplyDelete
  4. ကျေးဇူးအများကြီးတင်ပါတယ်

    ReplyDelete
  5. Thank you very much.

    ReplyDelete
  6. အကိုရေ windows 7 32bits အတွက် language bar လေးလိုချင်ပါတယ်အဲ့ဒါမရှိတော့ မြန်မာလိုရေးလို့မရဘူး အခုတောင် google.com/mm ကနေရေးပြီး copy/paste လုပ်ရတာ

    ReplyDelete
  7. အကိုရေ.. viber ကို PC နဲ့အသုံးပြုတာမြန်မာလိုရိုက်လို့မရပါ.တစ်ဖက်ကမြန်မာစာနဲ့ပို့တာကိုတော့ PC မှာ ဖတ်လို့ရပါတယ်.ဘာကြောင့်ပါလဲခင်ဗျာ...

    ReplyDelete
  8. အကို လုပ်လို့မရဘူးဖြစ်နေလို့ ကူညီပါအုံး Ctri f ကိုနိုပ်တဲ့နေရာမှာ ဘာမှမပေါ်ဘူးဖြစ်နေလို့

    ReplyDelete
  9. အကိုကျွန်တော်ကို တစ်ခုလောက်ကူညီပါလား အကိုရယ် ကျွန်တော်လက်တော့မှာ error တစ်ခုတက်နေတယ် ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေတယ် errorတက်တာကတော့ ဖိုင်တစ်ခုကိုဖွင့်လိုက်ရင် the ordinal 459 could not be located in the dynamic link library urlmon.dll ဆိုပြီး boxလေးဘဲပေါ်ပေါ်လာတယ်ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး gatlk မှာလဲ သူငယ်ချင်းတွေကို စာရေးဖို့ ဖွင်.လိုက်ရင် ဘာမှမမြင်၇တဲ့ အဖြူရောင် boxတစ်ခုဘဲပေါ်လာတယ် နောက်ပြီး အင်တာနက်လိုင်းမလိုဘဲ သွင်းထားတဲ့ ဂီမ်းတွေလဲ အကုန်လို့ပျက်သွားတယ် ပြန်သွင်းလို့လဲမရတော့ဘူး သွင်းလို့တော့ရတယ် ဆော့လို့မရတော့ဘူး ဘယ်လို့လုပ်ရမလဲ သိရင်တစ်ခေါက်ပြောပါ ကျွန်တော်အတော်ကိုခေါင်းစားသွားပါပြီ ကျွန်တော် gmailကတော့ mg2nine@gmail.comဖြစ်ပါတယ် ကူညီကြပါ

    ReplyDelete
  10. မော်ဇီလာစပိ about:configရိုက်ပြီI'll be careful,I promise!စာတန်နှိတ်ပြီ်filterဘောက်ရှာမတွေ့ဘူ ဆရာ

    ReplyDelete
  11. ကြိုက်​လို့ပါ ဆရာ ပြန်​ share ခွင့်​ပြုပါ။

    ReplyDelete
  12. အကိုဆရာ ပြန်​ share ခွင့်​ပြုပါ

    ReplyDelete
  13. ကျေးဇူးပါဗျာ

    ReplyDelete

Related Posts Plugin for WordPress, Blogger...