Comodo IceDragon 21.0.1.15 Final - မိုဇီလာနဲ့အတူတူပါပဲ၊ မြန်မာစာပါအဆင်ပြေတယ်


 ဒီကောင်လေးက မိုဇီလာနဲ့ အားလုံးတူတဲ့အတွက် မြန်မာပြည်သားများအတွက် အဆင်ပြေစေမယ့် Browser လေးတခုပါ..။ မိုဇီလာကို Error တွေကြောင့်၊ Toolbar တွေကြောင့် အသုံးပြုလို့ အဆင်မပြေတော့တဲ့ သူများရှိခဲ့ရင် ဒီ Browser လေးကို ပြောင်းသုံးကြည့်ပါ..။ မြန်မာစာ အားလုံး ပေါ်ပါတယ်..။ ပိုမြန်မမြန်ဆိုတာကတော့ မိမိတို့ Connection နဲ့လည်း ဆိုင်ပါတယ်..။ Browser တွေကို ပုံမှန်အတိုင်း မြန်ချင်ရင်တော့ Toolbar တွေကိုလည်း အမြဲ ရှင်းလင်းပေးဖို့ လိုပါတယ်..။ Toolbar တွေ ရှင်းတတ်အောင် ပြီးခဲ့တဲ့လက တင်ပေးခဲ့ပြီးတဲ့ ပိုစ့်ဖြစ်တဲ့ Browser တွေ မြန်အောင်လုပ်နည်း ပိုစ့်မှာပြန်ကြည့်နိုင်ပါတယ်..။ အခုဒီ Browser လေးကို မြန်မာစာပေါ်အောင်နဲ့ IDM အလုပ်လုပ်အောင်၊ နောက်ပြီး မိုဇီလာအတိုင်း Option ထဲမှာ ဝင်ပြောင်းတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ အစအဆုံး ပြပေးထားပါတယ်..။ ဒီ Browser လေးကို အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 32.8 MB ရှိပါတယ်..။

ပါတ်စ်ဝါ့ဒ်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။ ဆော့ဝဲလ်တွေ ဒေါင်းယူလို့ အဆင်မပြေသေးတဲ့ သူများကတော့ Blog ညာဘက်မှာ တင်ပေးထားတဲ့ ဒေါင်းလော့ယူနည်း ပိုစ့်ကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။


အောက်ကပုံအတိုင်း အဲ့ဒီဆိုဒ်မှာ ဒေါင်းလော့မယူတတ်သေးတဲ့ သူများရှိနေသေးတဲ့အတွက် ပုံလေးနဲ့ ဒေါင်းလော့အဆင်ပြေအောင် ပြပေးလိုက်ပါတယ်..။


အောက်ကပုံလေးတွေ ကတော့ Install စထည့်တဲ့ အချိန်မှာ ကျနော် လိုက်ပြောင်းထားတာလေးပါ..။ 




ပြီးသွားရင်တော့ အောက်ကပုံလေးအတိုင်း Options ကနေ ဝင်ပြီး မြန်မာစာပေါ်အောင်၊ Google စာမျက်နှာပေါ်အောင်၊ နောက်ပြီး Password တွေ နဲ့ History တွေကို မှတ်မထားအောင် ၊ အောက်ကပုံလေးတွေ အတိုင်း တဆင့်စီလိုက်ပြောင်းပေးလိုက်ပါတယ်..။  ဒီလုပ်နည်းတွေက မိုဇီလာမှာလည်း လုပ်ပေးရမယ့် နည်းတွေနဲ့ အတူတူပါပဲ..။ မသိသေးတဲ့ သူများအတွက် ဒီ Browser လေးနဲ့ ပြန်ပြပေးလိုက်ပါတယ်..။ ပုံလေးတွေ ကြည့်ပြီး အဆင်ပြေမယ်လို့ ထင်ပါတယ်..။






Bookmark ဘားကိုတော့ အောက်ပုံအတိုင်း ဖေါ်လိုက်ပါတယ်..။ မိမိတို့ အမြဲကြည့်တဲ့ ဆိုဒ်တွေကို အလွယ်မှတ်လို့ ရအောင်လို့ပါ..။ 



အပေါ်က ပုံတွေအတိုင်း Google စာမျက်နှာနဲ့ မြန်မာစာ ပေါ်နေပါပြီ..။ အောက်ကပုံကတော့ ဒီ Browser လေးနဲ့ ဖိုင်တွေ ဒေါင်းယူတဲ့အခါ IDM အလုပ်လုပ်အောင်လို့ အောက်ကပုံလေး အတိုင်း IDM ရဲ့ Options ထဲမှာ သွားပြောင်းပေးဖို့ လိုပါတယ်..။ ပုံလေးနဲ့ ကြည့်ပြီး အဆင်ပြေမယ်လို့ ထင်ပါတယ်..။ 



Add browser ကနေ ဝင်သွားလိုက်ရင်တော့ နောက်ထပ်ပေါ်လာတဲ့ ဘောစ်ထဲမှာ ဒီ Browser ကို Install ထည့်လိုက်တဲ့ (C:) >> Programs File (x86) >> Comodo >> IceDragon ဖိုင်ထဲက အပေါ်ပုံမှာ မြင်နေရတဲ့ အပြာရောင် ပုံလေး icedragon စာသားပါတဲ့ ကောင်လေးကို တချက်ကလစ်ပြီး Open ပေးလိုက်ပါ..။ အောက်ကပုံအတိုင်း မိမိတို့ အမြဲအသုံးပြုမယ့် Browser တွေကို အမှန်ခြစ်တွေ ပေးပြီး ၊ (မသုံးတဲ့ Browser တွေကို အမှန်ခြစ်ဖြုတ်ပါ) OK ပေးလိုက်ရင် ရသွားပါပြီ..။


အောက်ကပုံအတိုင်း ဒီ Browser လေးနဲ့ ဖိုင်တွေကို IDM နဲ့ ဒေါင်းယူလို့ ရသွားပါပြီ..။ အားလုံးပဲ Browser အသစ်လေးနဲ့ အဆင်ပြေကြပါစေ..။ 




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...