iCloud (or) Apple ID အကောင့် Free ဖွင့်နည်း

 Apple ထုတ်ကုန်တွေမှာ iCloud ရဲ့ အသုံးဝင်ပုံလေးတွေကို ဆက်လက် ဖေါ်ပြပေးချင်ပါသေးတယ်..။ iDevices တွေကို မြန်မာပြည်သားများ အသုံးပြု နည်းနေသေးပေမယ့် လက်ရှိအသုံးပြုနေတဲ့သူ အများစု ကလည်း iDevices တွေအကြောင်း ကောင်းကောင်း မသိသေးတာရယ်၊ သိပ်လည်း အသုံးမပြုတတ်ကြသေးတာကြောင့် ဒီအသုံးပြုနည်းတွေကို ပိုစ့်တစ်ခုအဖြစ် တင်ပေးလိုက်ရပါတယ်..။ လက်ရှိအချိန်ထိ Apple ထုတ်တွေကို ဝယ်ကိုင်နိုင်သော်လည်း iCloud အကောင့်တစ်ခု ရဖို့ကို အခကြေးငွေပေးပြီး ဖွင့်ခိုင်းနေကြတာ တွေ့နေရတဲ့အတွက်.. ဒီလိုလွယ်ကူတဲ့ နည်းလေးတွေကို အလွယ်တကူ လုပ်တတ်အောင် ၊ iCloud အကောင့်တွေ ဖွင့်တတ်အောင် ဒီပိုစ့်မှာ ပုံလေးတွေနဲ့ အစအဆုံး ပြပေးထားပါတယ်..။ 
iCloud ဆိုတာက Apple ထုတ်တွေရဲ့ လုံခြုံရေးလို့ ဆိုရင်လည်း မမှားနိုင်ပါဘူး..။ ဥပမာ မိမိမှာ iPhone တစ်လုံးရှိပြီး အကြောင်းတခုခုကြောင့် ပျောက်သွားတယ်ဆိုရင်တောင်.. ဒီ iCloud အကောင့်နဲ့ မိမိဆီ ဖုန်းပြန်ရောက်လာအောင် ဆက်သွယ်နိုင်ပါလိမ့်မယ်..။ iPhone ရဲ့ SIM ကတ်နဲ့ အမြဲတမ်း အင်တာနက် ဖွင့်ထားဖို့တော့ လိုပါတယ်..။ နောက်ဆုံး မိမိဆီ ဖုန်းပြန်မရောက်လာရင်တောင်မှ အဲ့ဒီ iPhone ကို ဘာမှအသုံးပြုလို့ မရအောင် Lost Mode and Erase Mode တွေနဲ့ ထိန်းချုပ် ဖျက်ဆီးပစ်လိုက်လို့ ရပါတယ်..။ ယနေ့အချိန်ထိ iCloud ရဲ့ လုံခြုံရေး (Security) ကို ဖျက်စီးနိုင်တဲ့ ဆော့ဝဲလ်တွေနဲ့ ဟတ်ကာတွေ မထွက်ပေါ်လာသေးပါဘူး.. (နောက်ပိုင်းတော့ ပေါ်ကောင်းပေါ်လာပါလိမ့်မယ်)။ ဒါကြောင့် Apple ထုတ်ကုန်တွေ ဝယ်သုံးနိုင်တဲ့သူများကတော့ ဒီ iCloud အကောင့်ကို မဖြစ်မနေ လုပ်ထားရမှာပါ..။ နောက်တစ်ခုကတော့ iCloud ရဲ့ Find my iPhone ကို အလွယ်တကူ ပိတ်လို့မရအောင် Pass Code (or) လက်ဗွေ နဲ့ ဖုန်းအဖွင့်မှာ ပိတ်ခံထားဖို့လည်း လိုပါတယ်..။

iDevices များ မြန်မာစာ ထည့်နည်း - iPhone 4 iOS 6.1 ကို Jailbreak ဖေါက်ပြီး မြန်မာစာ ထည့်နည်း

 Apple ထုတ်ကုန်တွေ ဖြစ်တဲ့ iDevices များကို Jailbreak ဖေါက်ပြီး မြန်မာစာ ထည့်တတ်အောင် လုပ်နည်းတွေ ဖေါ်ပြပေးဖို့ အခွင့်ကြုံလာခဲ့ပြီ..။ ကျန်ခဲ့တဲ့ တစ်လလောက်က ကျနော့်ဆီကို အသိတစ်ယောက်က iPhone 4 တစ်လုံး မြန်မာစာ ထည့်ပေးဖို့ တောင်းဆိုလာပါတယ်..။ အေးအေးဆေးဆေး ထားခဲ့ရင် လုပ်ပေးနိုင်ပါတယ် ဆိုတာကြောင့် သူကလည်း ထားခဲ့တာ အခုချိန်ထိကို လာမယူသေးဘူး..။ ကျနော်လည်း အခွင့်ကြုံတုန်း နေ့တိုင်းလိုလို iPhone 4 ကို ကလိတော့တာပဲ..။ စာတွေလည်း အများကြီး ဖတ်ဖြစ်တယ်..။ jailbreak ဖေါက်တဲ့ လုပ်နည်းတွေနဲ့ ဆော့ဝဲလ်တွေနဲ့ အတော်လေးကို စုံသွားပြီ..။ နောက်ဆုံးမှပဲ ဒီနေ့တင်ပေးလိုက်တဲ့ ဆော့ဝဲလ်လေးနဲ့ jailbreak ဖေါက်လို့ အဆင်ပြေသွားပါတယ်..။ 
တခြားဆော့ဝဲလ်တွေဖြစ်တဲ့ Redsnow လိုဆော့ဝဲလ်တွေနဲ့ မရတာက ဒီ iPhone မှာ Lock ချထားတယ်..။ ဒါလည်း နောက်ဆုံး မြန်မာစာ ထည့်လို့ ရပြီးမှ သိရတာ..။ Password မဟုတ်ပဲ lock ဖြစ်နေတယ်..။ ပါတ်စ်ဝါဒ့်က အဖွင့်မှာ ရိုက်ထည့်ရတဲ့ iDevices တွေ အခေါ် Pass code ။ Lock ကျတော့ iDevices Firmware တွေကို Restore လုပ်လို့ မရအောင် ဖန်တီးထားတဲ့ System Setting ထဲကကောင်။ အဲ့ဒီမှာ ရွာလည်နေတာ ဆယ်ရက်လောက်ကြာတယ်..။ Redsnow ဆော့ဝဲလ်နဲ့ သူများတွေလုပ်လို့ ရပြီး ကိုယ့်အလှည့်မှ မအောင်တော့ အတော်လေးကို ရွာလည်ပါတယ်..။ lock ချမိထားတဲ့ iDevices တွေမှာ Restore Mode တွေဖြစ်တဲ့ DFU Mode၊ Pwned DFU နဲ့ နောက်တစ်ခုကတော့ iTunes နဲ့ တွဲသုံးရတဲ့ Restore Mode တွေကို ဝင်လို့ ရပေမယ့် အဲ့ဒီ Mode တွေကနေ Restore IPSW Firmware ကို လုံးဝ ထည့်လို့ မရတတ်ပါဘူး..။

Android ဖုန်းများအား ကွန်ပျူတာမလိုပဲ Root ဖေါက်ပြီး မြန်မာစာထည့်နည်း

Lenovo A516 Android 4.2.2 ဖုန်းအား Baidu Root APK ဖြင့် Root ဖေါက်ပြီး မြန်မာစာထည့်နည်း
ဒီဆော့ဝဲလ်လေးတွေနဲ့ ဒီပိုစ့်ကို တင်ပေးဖို့ ပုံတွေစုထားတာ အနည်းငယ် ကြာသွားပါပြီ..။ အရင် တစ်လကျော်လောက် ကတည်းက Lenovo Android စမတ်ဖုန်းတွေ ဈေးကျလာတဲ့အတွက် မြန်မာပြည်သားများ အသုံးပြုတာလည်း များလာပါတယ်..။ မြန်မာစာ ထည့်ပေးဖို့.. ဖုန်းအသစ်ဝယ်ပြီးတိုင်း ကျနော့်ဆီကို ရောက်လာတတ်တဲ့သူငယ်ချင်းတွေ ရှိတာကြောင့် ကွန်ပျူတာမလိုပဲ အလွယ်တကူ လုပ်ပေးလို့ ရတဲ့ Root တူး လေးတွေနဲ့ မြန်မာဖေါင့် Zawgyi Changer လေးတွေကို ရှာဖွေ စုဆောင်းထားတဲ့ထဲက ဒီ Lenovo ဖုန်းတွေနဲ့ အဆင်ပြေစေတဲ့ APK လေးတွေကို ဒီပိုစ့်နဲ့ အတူ စုပြီး တင်ပေးလိုက်ပါတယ်..။ Lenovo Android 4.2.2 တွေကို Root ဖေါက်နိုင်တဲ့ APK လေးကတော့ Baidu 2.3.9 တရုတ် Root apk လေးပဲ ဖြစ်ပါတယ်..။ နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ တရုတ်ဘာသာနဲ့ပဲ အသုံးပြုရမှာ ဖြစ်ပါတယ်..။ ကျနော် တရုတ်စာ တတ်လို့ မဟုတ်ပါ..။ ရမ်းနှိပ်ရင်း မှန်သွားလို့၊ ဒီကောင်လေးကို အသုံးပြုတတ်အောင်ပါ နှိပ်ရမယ့် နေရာလေးတွေနဲ့ မြန်မာစာ ထည့်ပေးတဲ့ Zawgyi Installer လေးတွေကိုပါ ထည့်တတ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ Lenovo Android 4.2.2 တွေမှာတော့ မြန်မာစာ အားလုံးပေါ်စေတဲ့၊ ကီးဘုတ်ပါ တွဲရက်ပါလာတဲ့ Smart Zawgyi Changer လေးတွေနဲ့သာ အဆင်ပြေပါတယ်..။ တခြား font changer တွေနဲ့ မရပါ။ 
ဒီ Baidu Root apk နဲ့ Smart Zawgyi Changer ကို Lenovo စမတ်ဖုန်း ၅-လုံးလောက်မှာ မြန်မာစာအမှန်ပေါ်အောင် အဆင်ပြေစေခဲ့ပြီ..။ ဒါကြောင့် Lenovo စမတ်ဖုန်းတွေ ဈေးကျလာလို့ အသုံးပြုလိုတဲ့ သူများနဲ့၊ ဖုန်းဆိုင်တွေနဲ့ ဝေးပြီး မြန်မာစာ ထည့်ဖို့ အခက်တွေ့နေတဲ့ သူများအတွက် ကိုယ်တိုင်လုပ်တတ်ပြီး အဆင်ပြေအောင် ဒီနေ့ ဒီပိုစ့်လေးကို တင်ပေးလိုက်ပါပြီ..။ မနေ့ကလည်း Sony xperia Z (Android 4.2.2) စမတ်ဖုန်းတလုံးကို အခုတင်ပေးလိုက်တဲ့ ဆော့ဝဲလ်လေးတွေနဲ့ Root ဖေါက်ပြီး မြန်မာစာ ထည့်ပေးလို့ရပြီ..။ 
တခုသတိပြုရမှာကတော့ ဖုန်းတွေကို Root ဖေါက်တယ်ဆိုတာ ကောင်းတာရှိသလို မကောင်းတဲ့အခါမှာလည်း ဖုန်းပျက်တတ်ပါတယ်..။ ဒါကြောင့် ဒီဆော့ဝဲလ် apk တွေကို အသုံးပြုမယ့် သူများကတော့ ဖုန်းပျက်တဲ့အခါ ကျနော့်ကို အပစ်မတင်ဖို့ ကြိုတင် တောင်းပန်အပ်သည်..။ ဖုန်းပျက်မှာ ကြောက်တဲ့သူများကတော့ Root မဖေါက်ပါနဲ့လို့သာ အကြံပြုရပေတော့မည်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ Baidu Root , Smart Zawgyi Changer (၂-မျိုး) , Root ရမရ စစ်ပေးမယ့် Root Checker Pro စတဲ့ APK လေးတွေ စုထည့်ပေးထားလို့ 7 MB ရှိပါတယ်..။

Windows 8.1 AIO 20in1 with Update x86 en-US (Apr 2014 Update)

 ဒီဝင်းဒိုး 8.1 အခွေလေးက 32-bit ဗါးရှင်းတွေပဲ ပါတဲ့ AIO 20in1 ISO ဖိုင်လေးပဲ ဖြစ်ပါတယ်..။ အပိုင်းတစ်ပိုင်းစီကို 290 MB စီနဲ့ အပိုင်း ၁၀-ပိုင်း ခွဲတင်ပေးထားပါတယ်..။ အပိုင်းအားလုံး ဒေါင်းယူပြီးရင်တော့ အပိုင်းတစ်ကနေ ဖိုင်ဖြည်ချလိုက်ရင် Windows 8.1 20in1 32-bit ISO ဖိုင်ကို ရရှိပါပြီ..။ DVD or USB နဲ့ ဝင်းဒိုးတင်လို့ ရအောင် လုပ်နည်းက မနေ့က ရေးပေးထားတဲ့ Windows 8.1 64-bit ပိုစ့်က လုပ်နည်းအတိုင်းပါပဲ..။ ဒီ 32-bit ဝင်းဒိုးကလည်း ဝင်းဒိုးတင်ပြီးတာနဲ့ Activated ဖြစ်တဲ့ ဝင်းဒိုးဖိုင်လေးပဲ ဖြစ်ပါတယ်..။ ဖိုင်တွေဒေါင်းယူတဲ့အခါမှာလည်း မနေ့က 64-bit ပိုစ့်အတိုင်း Upload ဆိုဒ်တွေမှာ အမှန်ခြစ်လေး ဖြုတ်ပြီးမှ ဒေါင်းယူရင် အဆင်ပြေပါတယ်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။

Windows 8.1 AIO 20in1 with Update x64 en-US (Apr 2014 Update)

 Windows 8.1 AIO 20in1 ISO ဖိုင်လေးကို တင်ပေးလိုက်ပါပြီ..။ 2014 ၄-လပိုင်း Update လေးဖြစ်ပြီး အားလုံးကတော့ 64-bit ၆၄ဗါးရှင်းတွေပါပဲ..။ ၃၂ဗါးရှင်းတွေပါတဲ့ Windows 8.1 AIO 20in1 ကိုတော့ နောက်ရက်မှာ ဆက်တင်းပေးထားပါမည်..။ အပိုင်းအားလုံးပေါင်း ၁၃-ပိုင်း ခွဲတင်ပေးထားပြီး.. အပိုင်းတစ်ပိုင်းစီကို 290 MB စီရှိပါတယ်..။ အပိုင်းအားလုံး ဒေါင်းယူပြီးရင် အပိုင်းတစ်ကနေ WinRAR နဲ့ ဖိုင်ဖြည်ချလိုက်ရင် Windows 8.1 AIO 20in1 x64-bit ISO ဖိုင်လေးကို ရရှိအသုံးပြုနိုင်ပါပြီ..။ ဝင်းဒိုးတင်ပြီးတာနဲ့ Activated ဖြစ်ပြီးတဲ့ ဝင်းဒိုးအခွေလေးပဲ ဖြစ်ပါတယ်..။
ရရှိပြီးတဲ့ Windows ISO ဖိုင်ကို DVD အသစ်တချပ်နဲ့၊ Burning ဆော့ဝဲလ်ရဲ့ Verify Disc မှာအမှန်ခြစ်ပေး၊ အခွေကူးပြီးရင် ဝင်းဒိုးတင်လို့ ရသွားပါပြီ..။ USB 4 GB နဲ့ ဝင်းဒိုးတင်လိုတဲ့သူများကတော့ ဒီပိုစ့်မှာ CMD Command ဖြင့် USB Bootable ဖြစ်အောင်လုပ်နည်း အတိုင်း ပြုလုပ်ပြီး ဝင်းဒိုးတင်နိုင်ပါတယ်..။ ဒီ Windows 8.1 AIO 20in1 x64 နဲ့ ဝင်းဒိုးတင်တဲ့အခါမှာ Yes နဲ့ No ၂-ခုမေးတဲ့အခါ No ကို ရွေးပြီး ဆက်သွားလိုက်ပါ..။ ဒါဆိုရင် ဝင်းဒိုး 8.1 64-bit ဗါးရှင်းတွေကို ရွေးယူအသုံးပြုလို့ ရသွားပါပြီ..။
နောက်တစ်ခုကတော့ အခုတင်ပေးလိုက်တဲ့ Upload ဆိုဒ်တွေမှာ ဖိုင်တွေကို ဒေါင်းယူတဲ့အခါ ၎င်းတို့ရဲ့ Downloader နဲ့ ဒေါင်းယူရအောင် လုပ်ပေးလေ့ရှိပါတယ်..။ Upload ဆိုဒ်တွေရဲ့ Downloader ကို စက်ထဲမှာ Install လုပ်မိရင်တော့ မိမိတို့ရဲ့ Browser တွေမှာ မလိုချင်တဲ့ ကြော်ငြာတွေ ပေါ်နေပါလိမ့်မယ်..။ ဒါကြောင့် မိမိတို့ရဲ့ IDM ဒေါင်းလော့ဒါနဲ့ ဒေါင်းယူလို့ ရအောင် ၊ IDM နဲ့ ဒေါင်းယူတတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ပုံလေးတွေကို တချက်ကြည့်ပြီး ဖိုင်တွေကို ဒေါင်းယူလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။

Windows XP Professional SP3 x86 ( Black Edition )

ဒီ Windows XP Black Edition အခွေလေးကတော့ 28.2.2014 နေ့က Update ထွက်လာတာလေးပါ..။ ဝင်းဒိုးခွေတွေ တင်ပေးဖို့ တောင်းဆိုထားတဲ့ သူများရှိတဲ့အတွက် ဒီ Windows XP အခွေလေးကို အရင်တင်ပေးလိုက်ပါတယ်..။ နောက်ရက်တွေမှာတော့ Windows 8.1 အခွေတွေကို ဆက်လက်တင်ပေးပါအုန်းမည်..။ ဒီ Windows XP Black Edition အခွေကို 240 MB စီနဲ့ အပိုင်း ၃-ပိုင်းခွဲတင်ပေးထားပါတယ်..။ အပိုင်းသုံးပိုင်းစလုံး ဒေါင်းယူပြီးရင် အပိုင်းတစ်ကနေ ဖိုင်ဖြည်ချလိုက်ရင် Windows XP Black Edition ISO အခွေကို ရရှိပါပြီ..။  ပြီးရင်တော့ CD တစ်ချပ်နဲ့ အခွေ Burn ပြီး မိမိတို့ လိုအပ်တဲ့စက်မှာ ဝင်းဒိုး တင်လို့ရပါပြီ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။

Microsoft Office Professional Plus 2013 - (64-bit EN-US)

 Microsoft Office Professional Plus 2013 (64-bit) ဗါးရှင်းကို ဖိုင်တွေခွဲတင်လို့ ပြီးသွားပါပြီ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ အပိုင်းတစ်ပိုင်းကို 260 MB စီနဲ့ အပိုင်း ၄-ပိုင်း ခွဲတင်ပေးထားပါတယ်..။ ဖိုင်တွေ ပြန်ပေါင်းနည်းက အပိုင်း ၄-ပိုင်းစလုံးကို ဒေါင်းယူပြီးရင် အပိုင်း-၁ ကနေ ဖြည်ချလိုက်ရင် အဆင်ပြေပါတယ်..။ Activate ဖြစ်အောင် လုပ်နည်းက မနေ့ကတင်ပေးထားတဲ့ Microsoft Office Professional Plus 2013 (32-bit) ဗါးရှင်းမှာ ရေးပေးထားတဲ့ KMSpico 9.2.1.0 Install Edition ဆော့ဝဲလ်နဲ့ လုပ်နည်းအတူတူပါပဲ..။ 

Microsoft Office Professional Plus 2013 - (32-bit EN-US)

 Microsoft Office 2013 ကို တင်ပေးဖို့ တောင်းထားတဲ့ သူငယ်ချင်းတွေများပါတယ်..။ ဒီနေ့တော့ အချိန်ရတုန်း ဖိုင်တွေခွဲတင်လို့ ပြီးသွားပြီဖြစ်လို့ Microsoft Office 2013 - 32-bit ဗါးရှင်းကို အရင် တင်ပေးလိုက်ပါတယ်..။ 64-bit ကိုတော့ နောက်ရက် ဖိုင်တွေတင်လို့ ပြီးတဲ့နေ့မှပဲ ထပ်တင်ပေးပါမည်..။
 စာစီစာရိုက်အတွက် Microsoft Office Word ၊ စရင်းဇယားတွေ ပြုစုဖန်တီးဖို့ Microsoft Office Excel ၊ Video Effect တွေနဲ့ GIF ဖိုင်တွေ ဖန်တီးယူလို့ လွယ်ကူတဲ့ Microsoft Office Power Point စတဲ့ အသုံးဝင်တူးတွေအပြင် တခြားအသုံးပြုလို့ ရတဲ့ Tool ပေါင်းများစွာကို ဒီဆော့ဝဲလ်ထဲမှာ ရရှိအသုံးပြုလို့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးကို Install ထည့်တဲ့အချိန်မှစပြီး Activate လုပ်ပြီးတဲ့အချိန်ထိ အင်တာနက်ကို ပိတ်ထားလိုက်ပါ..။ ဒီကောင်လေးကို Activate ဖြစ်ဖို့အတွက် အရင်တစ်ပါတ်က တင်ပေးထားခဲ့တဲ့ KMSpico 9.2.1.0 Install Edition ဆော့ဝဲလ်လေးနဲ့ အဆင်ပြေပါတယ်..။ ဒီဆော့ဝဲလ်တွေ အားလုံးဟာ လက်ရှိကျနော်အသုံးပြုနေတဲ့ ဆော့ဝဲလ်တွေပဲ ဖြစ်ပါတယ်..။ ဒါကြောင့် KMSpico 9.2.1.0 Install Edition ဆော့ဝဲလ်လေးဟာ Microsoft Office 2013 အပြင် Windows 8 / 8.1 တွေကိုပါ Active ဖြစ်ပါတယ်..။ ဒီပိုစ့်မှာ Activate ဖြစ်အောင် လုပ်ပုံတွေကို၊ ပုံတွေနဲ့ မပြပေးတော့ပဲ အရင် KMSpico 9.2.1.0 Install Edition ဆော့ဝဲလ်ပိုစ့်မှာပဲ ပြန်ကြည့်ပေးပါ..။
 Microsoft Office 2013 ကို အသုံးပြုလို့ ရတဲ့ ဝင်းဒိုး ဗါးရှင်းတွေကတော့ Windows 7 နဲ့ Windows 8 / 8.1 တို့မှာပဲ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာလည်း လိုအပ်တဲ့ System Requirements တွေကို Microsoft ကုမ္ပဏီမှာ ဖေါ်ပြထားတဲ့အတိုင်း ပြန်လည်ဖေါ်ပြပေးထားပါတယ်..။ အသုံးလိုတဲ့သူများကတော့ ဖိုင်တွေမပျက်ခင် အမြန်သာဒေါင်းယူထားကြပါဗျာ..။ ဖိုင်တစ်ခုစီကို 250 MB စီနဲ့ အပိုင်းသုံးပိုင်း ခွဲတင်ပေးထားပါတယ်..။ ဘယ်ဆိုဒ်ကပဲ ဒေါင်းယူယူ အပိုင်းသုံးပိုင်းပြည့်ရင် အပိုင်းတစ်ကနေ ဖိုင်ဖြည်ချလိုက်ပါ..။ ဒါဆိုရင် Microsoft Office Professional Plus 2013 - 32-bit ကို ရရှိ အသုံးပြုနိုင်ပါပြီ..။
Related Posts Plugin for WordPress, Blogger...