Photo Zoom Pro Portable လေးရလာလို့ တင်ပေးလိုက်ပါတယ်..။ ကျနော်စမ်းသုံးကြည့်ပြီးပါပြီ.. အဆင်ပြေပါတယ်..။ ဟိုးအရင်တုန်းက Full မရတဲ့ ကောင်လေးတခု တောင်းတဲ့လူရှိလို့ တင်ပေးဖူးပါတယ်..။ ဒါလေးကတော့ Full ဖြစ်ပြီးသား Portable လေးပါ..။ ဖိုင်ဖြည်ပြီးတာနဲ့ တန်းသုံးလို့ ရပါပြီ..။ အောက်မှာလည်း ပုံလေးတွေနဲ့ အသုံးပြုပုံကို နမူနာလုပ်ပြထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.4 MB ပဲရှိပါတယ်..
Xara 3D Marker v7.0.0
ကျနော်ဒီဆော့ဝဲလ်လေးကို စမ်းသပ်နေတာ ကြာပါပြီ..။ သူ့ရဲ့ အသုံးပြုပုံနဲ့ လုပ်ပေးနိုင်တာ လေးတွေကို ရှာနိုင်သလောက် ရှာကြည့်ပြီး.. သဘောကျလို့ ဒီနေ့ ဒီကောင်လေးကို တင်ပေးလိုက်ပါတယ်..။ အပေါ်က Animation ပုံလေးတွေကို ဒီကောင်လေးနဲ့ ဖန်တီးထားတာပါ..။ ဒီလိုလုပ်လို့ ရတယ်ဆိုတာ သိရအောင်လို့ပါ..။ မကြာခင် ဒီ Animation ပုံလေးတွေကို ဆိုဒ်လေးမှာ စိုးလို့ ပြန်ဖျက်သိမ်းသွားမှာပါ..။ အခုတော့ ဒီကောင်လေးနဲ့ ဒီပုံလေးတွေကို ဖန်တီးပြထားပါတယ်..။ ဒီကောင်လေးက WEB ပေါ်မှာတင်တဲ့ GIF ဖိုင်တွေ အပြင် ကျနော်တို့ ဝင်းဒိုးထဲက Screen Saver လေးတွေပါ ဖန်တီးလို့ ရပါသေးတယ်..။ အတော်လေး လန်းတယ်ဗျ..။ သုံးချင်တဲ့ သူများကတော့ အောက်က လင့်တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 18.4 MB ရှိပါတယ်...။ အောက်မှာ ပုံလေးတွေနဲ့ အသုံးပြုနည်းလေးကို အနည်းငယ် ရှင်းပြထားပါတယ်..။ အားလုံးပဲ အဆင်ပြေ နားလည်လိမ့်မယ်လို့ ထင်ပါတယ်..။
Samsung ဖုန်းများအတွက် မြန်မာဖေါင့် သွင်းနည်း
(Samsung Galaxy Y GT-S5360 ဖုန်းဖြင့် စမ်းသပ်ထားခြင်းဖြစ်ပါသည်..။ တခြား Samsung ဖုန်းများတွင်လည်း ဒီနည်းကို အသုံးပြု၊ စမ်းသပ်ခဲ့၍ အောင်မြင်ခဲ့သည်..)
ဒီနည်းလေးကို ကျနော်ကိုယ်တိုင် စမ်းသပ်ထားတာ မဟုတ်ပါဘူး..။ စမ်းစရာလည်း Samsung ဖုန်းမရှိပါဘူး..။ ကျနော့်ရဲ့ သူငယ်ချင်းတစ်ယောက်ဆီမှ ရလာခဲ့ခြင်းဖြစ်ပါတယ်.. သူလုပ်တာတော့ Samsung ဖုန်းအတော်များများမှာ အဆင်ပြေပါတယ်..။ ကျနော်က ဒီနည်းကို တောင်းခံခဲ့လို့ ပညာဒါန အနေနဲ့ ပြန်လည် မျှဝေပေးလိုက်တာပါ..။ Samaung ဖုန်းတွေ အတွက် မြန်မာဖေါင့် သွင်းနည်းနဲ့ မြန်မာစာ ရေးလို့ ရအောင် လုပ်နည်းကတော့.. လိုအပ်တဲ့သူများ အတွက် အောက်မှာ ဆက်ကြည့်ပေးပါ.. ပုံတွေတော့ မပါပါဘူး..။ စာနဲ့ပဲ နားလည်အောင် ရေးပြထားတာပါ..
Windows7 မှာ System Restore ကို အသုံးပြုတတ်အောင်လို့
ဒီနည်းလေးကို အားလုံးပဲ သိသင့်တယ်ထင်လို့ ဒီနေ့ဒီပိုစ့်လေးကို ရေးလိုက်ရပါတယ်..။ အခုဒီနည်းက Backup Files လုပ်မထားတဲ့ စက်တွေမှာ အလွယ်သုံးတဲ့ နည်းလေးပါ..။ များသောအားဖြင့် ရတတ်သလို ၊ လုပ်မရတဲ့ အခါများလည်း ရှိပါတယ်..။ ကျနော်တို့ရဲ့ ကွန်ပျူတာမှာ ဆော့ဝဲလ်တွေကို အမြဲသွင်းလိုက်၊ ထုတ်လိုက် လုပ်နေတဲ့ အခါမှာ System Restore Point တွေဟာ များများလာပါတယ်..။ ဘာလို့လဲဆိုတော့ ဆော့ဝဲလ်တွေက သူတို့ကို သွင်းလိုက်တဲ့ အချိန်မှာ Restore Point တွေဖြစ်ပေါ်လာအောင် ကွန်မန်းတွေ ပါလာလို့ပါ..။ ဒါပေမယ့် တချို့ဆော့ဝဲလ်တွေကျတော့ ရှိပြီးသား Restore Point တွေကို ဖျက်ပစ်ပြီး ဒီဆော့ဝဲလ်ကို သွင်းတဲ့ အချိန်ကိုပဲ Restore Point မှာမှတ်ထားပါတယ်..။ တချို့ဆော့ဝဲလ်တွေ ကျပြန်တော့ ရှိပြီးသား Restore Point တွေအားလုံးကို ဖျက်ပစ်လိုက်ပါတယ်..။ အဲလိုဆော့ဝဲလ်မျိုးနဲ့ ကြုံခဲ့ရင်တော့ Restore Point ကို ပြန်ရှာလို့ မရနိုင်ပါဘူး..။ ဒီပိုစ့်မှာတော့ Restore Point တွေအများကြီး ရှိတဲ့ အထဲက.. တခုနဲ့ မရရင် တခုပြောင်းပြီး လုပ်တတ်အောင်လို့ ပြပေးသွားမှာ ဖြစ်ပါတယ်..။ စက်လေးလာတဲ့ အခါမျိုး၊ ဝင်းဒိုးပျက်တဲ့ အခါမျိုး၊ Error အမျိုးမျိုးကြောင့် ဘယ်ပရိုဂရမ်မှ ဖွင့်သုံးလို့ မရတော့တဲ့ အခြေနေမျိုးတွေမှာ.. စက်ကိုပြန်ကောင်းလာစေဖို့.. လေးနေရာကနေ ပြန်ပြီးသွက်လက်လာစေဖို့ ဆိုရင် System Restore ကိုအသုံးပြုတတ်ကြပါတယ်..။ System Restore ဆိုတာ စက်ကောင်းနေတဲ့ အချိန် လွန်ခဲ့တဲ့ တပါတ်၊ တစ်လ ဒါမှမဟုတ် ၃၊၄ လလောက်အချိန်ထိ ပြန်ဆုတ်ပေးနိုင်ပါတယ်.. နာရီ၊ နေ့ရက် အချိန်တွေကတော့ ဒီနေ့ဒီအချိန်တိုင်း ရှိနေမှာပါ..။ ဒါကြောင့်ဒီနည်းလေးကို ကွန်ပျူတာရှိတဲ့လူတိုင်း တတ်ထားသင့်ပါတယ်..။ တော်ယုံ Error လောက်ကို ဆိုင်မှာသွားပြစရာမလိုပဲ မိမိတို့ ဖာသာ ဖြေရှင်းနိုင်ပါလိမ့်မယ်..။
Light Image Resizer 4.3 Portable
ဒီကောင်လေးကတော့ ကျနော်တို့ရဲ့ ဓါတ်ပုံတွေကို ဆိုဒ်သေးသေးလေး ဖြစ်အောင်.. ဓါတ်ပုံတွေရဲ့ ဆိုဒ်ကို သေးအောင် ချုံ့ပေးနိုင်ပါတယ်..။ Portable လေးပါ.. ။ များသောအားဖြင့် ဒီနည်းက မလိုအပ်ပေမယ့်.. နောက်ပိုင်း ကျနော်တင်ပေးမယ့် ပိုစ့်တွေထဲမှာ ဓါတ်ပုံဆိုဒ်သေးမှ ဝင်းဒိုးရှေ့ Welcome Screen အတက် Password ရိုက်ထည့်ပြီးမှ ဝင်လို့ရတဲ့ နေရာ.. Screen မှာ မိမိတို့ ဓါတ်ပုံလေးတွေကို Windows7 ပုံနဲ့ အစားထိုး ဖို့ဆိုရင် ဓါတ်ပုံဆိုဒ်သေးမှ 200 kb အောက်ရှိတဲ့ ပုံမှ ထည့်လို့ သွင်းလို့ ရမှာပါ.. အဲဒါကြောင့် ဓါတ်ပုံတွေကို ဘယ်လို ဆိုဒ်သေးအောင်.. ၊ ဘယ်လိုလုပ်မလဲဆိုတာ သိရအောင် အခုကတည်းက ဒီဆော့ဝဲလ်လေးကို တင်ပေးထားလိုက်တာပါ..။ အသုံးပြုရတာလည်း လွယ်ပါတယ်..။ အောက်မှာလည်း ပုံလေးတွေနဲ့ အသုံးပြုပုံကို ရှင်းပြထားပါတယ်..။ 1500 kb (1.49 MB ) ရှိတဲ့ PNG File အမျိုးအစား ဓါတ်ပုံကို.. 100 kb အောက်အထိ ရအောင် ဒီကောင်လေးနဲ့ ပုံရဲ့ဖေါ်မတ်ကိုပါ JPEG ပြောင်းပြီး ချုံ့ပြထားပါတယ်.. လိုအပ်တဲ့သူများ ကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူထားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 9.2 MB ရှိပါတယ်..
Windows7 Loader_v2.1ByDaz
ဒီကောင်လေးကတော့ အပေါ်က အောက်ပုံမှာ ပြထားသလို Windows genuine မဖြစ်တဲ့ စက်တွေမှာ သုံးဖို့ လိုအပ်တဲ့ အတွက် တင်ပေးလိုက်ပါတယ်..။ လိုအပ်ရင် သုံးလို့ရအောင် Windows Product key လေးတွေပါ ထည့်ထားပေးပါတယ်..။ နောက်တခု သတိထားရမှာက Windows Loader တိုင်းဟာ Antivirus ပရိုဂရမ်တွေနဲ့ မတည့်တဲ့ အတွက်ကြောင့် ဒီကောင်လေးတွေကို ဖွင့်တော့မယ်ဆိုရင် မိမိတို့ စက်ထဲမှာ ရှိတဲ့ Antivirus တွေကို ခဏပိတ်ထားပြီးမှ Windows Loader တွေကို ဖွင့်သုံးကြပါ..။ အဲလိုမဟုတ်ရင် ဒီဖိုင်ကို ဖွင့်လိုက်တိုင်း ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်က ဖျက်ဖျက်ပစ်ပါလိမ့်မယ်..။ သုံးနည်းကလည်း လွယ်ပါတယ်..။ ဒီကောင်လေးကို ၂ချက်တောက်ဖွင့်ပြီး Install စာသားနေရာကို တချက်ကလစ်လိုက်ရင် ရပါပြီ.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ..။ 1.4 MB ပဲရှိပါတယ်..။ နောက်တခုက ဒီဖိုင်လေးကို အဖျက်မခံရအောင် ကျနော် Web page တခုခံပြီး တင်ထားပေးပါတယ်..။ အဲဒီ Web page ကိုမြင်ရရင် ညာဘက်အပေါ်ထောင့်မှာ 5 စက္ကန့် စောင့်ပြီး SKIP AD စာသား အဝါရောင်ကို တချက်ကလစ်လိုက်ရင် ဒီဖိုင်လေးကို ဒေါင်းယူလို့ ရပါပြီ..။ ဖိုင်နာမည်ကို WdLr_ByDaz ဆိုပြီး ဖိုင်နာမည် ပြောင်းတင်ပေးထားပါတယ်..။
WinRAR 4.20 Final x86 x64 Eng
WinRAR 64 လိုအပ်နေလို့ တောင်းထားတဲ့ သူငယ်ချင်းတစ်ယောက် ရှိလို့ တင်ပေးလိုက်ပါတယ်..။ 32 နဲ့ 64 နှစ်မျိုးစလုံး ပါပါတယ်..။ သူ့အတွက် Keygen လေးပါ ထည့်ပေးထားပါတယ်..။ ဒီကောင်လေးကို Install ဆွဲထည့်ပြီးရင် Keygen လေးကို ၂ချက်တောက် ဖွင့်ပြီး Install License စာသားနေရာကို တချက်ကလစ်ပေးလိုက်ရင် ဖူးဖြစ်သွားပါပြီ..။ အောက်မှာ ပုံလေးနဲ့ပါ ပြထားပေးပါတယ်..။ 64 သုံးသူများကတော့ Keygen လေးကို ဖွင့်ပြီးရင် ၎င်းစာသားနေရာကို ကလစ်၊ ပေါ်လာတဲ့ ဘောက်စ်ထဲကနေ C: / program files / winrar ဖိုင်အထိ သွားပြီး save ပေးလိုက်ရင် ဖူးဖြစ်ပါပြီ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3 MB ရှိပါတယ်..။
Stellar Phoenix Windows Data Recovery Pro v 5.0.0
ဒီဆော့ဝဲလ်လေးကို ဒီလအစောပိုင်းက Version 4.2 Home Edition ဆိုပြီး Patch ဖိုင်လေးနဲ့ တင်ပေးခဲ့ဖူးပါတယ်..။ အစ်ကိုတစ်ယောက်က Patch ဖိုင်အလုပ်မလုပ်တော့ဘူး ပြောလာလို့.. အခုဒီ Pro v 5.0.0 လေးရလာတာနဲ့ ပြန်လည်တင်ပေးလိုက်ပါတယ်..။ သူ့အတွက် အထဲမှာ Keygen လေးပါပါတယ်..။ Keygen လေးကိုဖွင့်လိုက်ပြီး Generate နေရာကို ကလစ်လိုက်ရင် သူ့အတွက်ကီးလေးတွေကို တခုပြီးတခု ဖေါ်ပြပေးပါလိမ့်မယ်..။ သူပြပေးတဲ့ ကီးလေးတွေကို copy ကူးပြီး ထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရပါပြီ..။ ဒီတခါတော့ ကျနော် သေချာစမ်းပြီးမှ တင်ပေးလိုက်တာပါ..။ အဆင်ပြေပါတယ်..။ အသုံးပြုနည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ မလုပ်တတ်တဲ့ သူများအတွက်ပါ..။ အတော်များများကို Recovery လုပ်ပေးနိုင်ပါတယ်..။ နောက်တခုက ဓါတ်ပုံတွေကို သီးသန့်ခွဲပြီး Recovery လုပ်ပေးနိုင်ပါသေးတယ်..။ ဆော့ဝဲလ်တွေ ဖိုင်တွေက သီးသန့် တလိုင်း၊ ဓါတ်ပုံတွေ အတွက်က သီးသန့် တလိုင်း..။ ဒီကောင်လေးက ခွဲထားပေး ပါတယ်..။ မိမိတို့ လိုချင်တာကို ရွေးပြီး ပြုလုပ်ပေးယုံပါပဲ..။ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ အရင်ဆုံး ဒီကောင်လေးကို ဒေါင်းယူချင်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူလိုက်ပါ..။ ဖိုင်ဆိုဒ်ကတော့ 3.2 MB ရှိပါတယ်..။
Subscribe to:
Posts (RSS)






