DVD ၅-ချပ်ဖြင့် သိမ်းထားခဲ့ပြီးသော Windows Image Backup ဖိုင်များအား Restore ပြန်ထည့်နည်း

phyo soe  21 November 2013 22:47
မိမိတို့ရဲ့ Computer ကိုကြိုတင်ကာကွယ်ရန် Windows တစ်ခုလုံးကို DVD ချပ်တွေနဲ့ သိမ်းထားရမယ့် Windows Image Backup File ပြုလုပ်နည်း အဲ့ဒီပို့ စ်ကနေ restore ပြန်လုပ်နည်းကို တင်ပေးပါတော့ ကိုလွင်မင်းဗိုလ်ခင်ဗျာ
အရင်တုန်းကလည်း ဒီပိုစ့်ကို တင်ပေးဖို့ တောင်းထားတဲ့လူများရှိပေမယ့် ကျနော် ဒီလောက်အမြန်ကြီး တင်ပေးဖို့ စိတ်ကူးမရှိသေးပါ..။ ဘာလို့လဲဆိုတော့ ကျနော် လက်ရှိသုံးနေတဲ့ ဝင်းဒိုး ပျက်သွားတဲ့အခါမှ DVD ချပ်တွေကနေ Restore ပြန်ထည့်နည်းကို ဓါတ်ပုံတွေပါ ရိုက်ယူရင်း တခါတည်း အလုပ်၂-ခု ပြီးသွားမယ့် အစီအစဉ်မို့ ဒီပိုစ့်တင်ပေးဖို့ကို နောက်ကျနေခဲ့တာပါ..။ အခုတော့ မရတော့.. တောင်းတဲ့လူကလည်း ဆက်တိုက်ကို တင်ပေးဖို့ တောင်းနေလေပြီ..။ ဒီဝင်းဒိုးထဲမှာ Video Editing ဆော့ဝဲလ်တွေ၊ Adobe CS6 ရဲ့ Photoshop တို့လို Premier Pro တို့လို ဆော့ဝဲလ်အကြီးကြီးတွေ ထည့်ထားပြီး အသုံးပြုလို့ ကောင်းနေတုန်း.. ဖုန်းတွေအတွက် USB Drivers တွေနဲ့ Root တူးမျိုးစုံ ထည့်ထားပြီးသားမို့ အခုလို ဖေါ်မတ်ချဖို့ကို အတော်လေး ဝန်လေးနေမိပါတယ်..။ ဆော့ဝဲလ်တွေ စုံအောင် ပြန်ထည့်ဖို့ဆိုရင် အတော်လေး အချိန်ပေးရအုန်းမည်..။ မတတ်နိုင်..။ အခုတော့ ဒီပိုစ့်ကို ကြိုးစားပြီး၊ အချိန်ယူပြီး ပြီးအောင် တင်ပေးလိုက်ပြီ..။ 
ဒီ DVD ၅-ချပ်နဲ့ Windows Image Backup File များ ဖန်တီးပြီး သိမ်းနည်းကို ဟိုးအရင်တုန်းကတည်းက ပိုစ့်တင်ပေးထားပြီး ဖြစ်ပါတယ်..။ မသိသေး၊ မလုပ်တတ်သေးတဲ့ သူများကတော့ ဝင်ကြည့်နိုင်ပါတယ်..။ DVD ၅-ချပ်နဲ့ ဝင်းဒိုးတခုလုံးကို သိမ်းတဲ့နည်းကတော့ ဝင်းဒိုး Recovery အတွက် အသုံးဝင်ဆုံးနဲ့ အကောင်းဆုံး နည်းတခုပါပဲ..။ ဟတ်ဒစ်ပျက်သွားတဲ့အခါမျိုးတွေမှာ (သို့မဟုတ်) ဟတ်ဒစ်တခုလုံးကို မှားပြီး Format ချပစ်မိလိုက်တဲ့ အခါမျိုးတွေမှာ.. အရင်က ဟတ်ဒစ်အပိုင်းတွေထဲမှာ သိမ်းထားခဲ့တဲ့ Windows Image Backup ဖိုင်နဲ့ Original Recovery အပိုင်းတွေကို ပြန်ထုတ်ယူလို့ မရနိုင်တော့ပါဘူး..။ အဲ့လို အခါမျိုးတွေမှာ Original Windows တွေကို ဒီ DVD ၅-ချပ်နဲ့ သိမ်းထားခဲ့မယ်ဆိုရင် အလွယ်တကူ Restore ပြန်ထည့်သုံးလို့ ရမှာပဲ ဖြစ်ပါတယ်..။ Restore ပြန်ထည့်လိုက်တာနဲ့ မိမိတို့စက်က Original Windows နဲ့ Drivers တွေအစုံပါပြီးသားမို့ အဆင့်သင့် အသုံးပြုယုံပါပဲ..။ ဒါကြောင့် ဝင်းဒိုးတွေ ပျက်သွားတဲ့အခါမှာ.. မပျက်ခင်က Backup လုပ်ပြီး သိမ်းထားလို့ ရမယ့် နည်းလမ်းတွေထဲက ဒီ DVD ၅-ချပ်နဲ့သိမ်းတဲ့နည်းကလည်း အကောင်းဆုံးနည်း တခုပါပဲ..။ 
နောက်တခုကတော့ ဝင်းဒိုးတွေကို Backup လုပ်တဲ့အချိန်တုန်းက System Repair Disc တွေကိုပါ တခါတည်း ဖန်တီးထားဖို့ လိုပါတယ်..။ ဝင်းဒိုးတွေအသုံးပြုတာ ကြာလာတာနဲ့ အမျှ Error ကြောင့်သော်၎င်း၊ Virus ကြောင့်သော်၎င်း F8 ကီးနဲ့ Windows Repair ထဲကို ဝင်လို့ မရတော့တဲ့အခါမှာ ဒီ System Repair Disc လေးကလည်း အရမ်းကို အသုံးဝင်ပါတယ်..။ နောက်တခုက ဝင်းဒိုးတင်လို့ရတဲ့ DVD အခွေရှိနေရင်လည်း ဒီ Windows Repair ထဲကို ဝင်လို့ရပါသေးတယ်..။ ဒီပိုစ့်မှာတော့ ကျနော်က Windows Repair နေရာကို F8 ကီးနဲ့ ဝင်ပြထားပါ..။ အပေါ်မှာပြထားတဲ့ အတိုင်း ကျနော် DVD ၅-ချပ်နဲ့ Windows Image Backup ဖိုင်ကို ဖန်တီးထားပြီးသားပါ..။ System Repair Disc ကိုလည်း တခါတည်း ဖန်တီးထားပြီး အခွေထည့်တဲ့ ဗူးလေးတခုနဲ့ သေချာသိမ်းထားခဲ့ပြီးသားမို့ ဒီနေ့ဒီပိုစ့်အတွက် အဆင်ပြေပြေနဲ့ ဝင်းဒိုးကို ပြန်ပြီး Restore လုပ်လို့ ရသွားပါပြီ..။ နောက်တခုကတော့ ဒီလို Restore မလုပ်ခင် မိမိတို့ ဝင်းဒိုးထဲမှာ ရှိတဲ့ မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ သီချင်း Video တွေနဲ့ ဆော့ဝဲလ်တွေကို အရင်ဆုံး partition အပိုင်းတွေထဲကို ပြောင်းသိမ်းထားဖို့ လိုပါတယ်..။ Windows Image Backup ဖိုင်ကို Restore ပြန်လုပ်လိုက်ရင် အဲ့ဒါတွေ တခုမှ မရှိတော့တဲ့အတွက် ပျက်သွားမှ ပြန်ယူလို့ မရနိုင်တော့ပါ..။ ဒါကြောင့် ဒီတချက်လည်း သတိထားရမှာပါ..။ 

Nero Burning ROM Free 15.0.03300 Final

အရင်တပါတ်က တင်ပေးခဲတဲ့ Nero Burning ROM 2014 ကို ဖူးဖြစ်အောင် မလုပ်တတ်သေးတဲ့ သူများအတွက် နောက်ထပ်ထွက်လာတဲ့ Update ဗါးရှင်းလေး Nero Burning ROM Free 15 ဖရီးဗါးရှင်းလေးနဲ့ အစားထိုး အသုံးပြုလို့ လွယ်ကူမှာပဲ ဖြစ်ပါတယ်..။ ဒီဖရီးဗါးရှင်းလေးမှာ ဓါတ်ပုံတွေနဲ့ စလိုက်ရှိုးတွေကိုပါ ဖန်တီးယူလို့ ရမှာဖြစ်ပြီး တခါတည်း အခွေပါ Burn ယူလို့ ရမှာပဲ ဖြစ်ပါတယ်..။ Install ထည့်တဲ့အခါမှာ အရင်ဗါးရှင်းတွေကို ထုတ်ပစ်ပြီးမှ ဒီနောက်ဆုံးထွက်လေးကို ထည့်သုံးလို့ ရမှာပါ..။ အောက်မှာလည်း ကျနော် Install ထည့်ထားတဲ့ ပုံလေးတွေကို ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 184 MB ရှိပါတယ်..။

Internet Download Manager 6.18 Build 8 Final

ဒီနေ့ပဲ Update ထွက်လာတဲ့ IDM နောက်ဆုံး ဗါးရှင်းလေးပါ..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ဖူးလုပ်သုံးနိုင်ရန် အရင်တင်ပေးနေကျ patch ဖိုင်လေးအပြင် ၊ နောက်မှ ရလာတဲ့ crack ဖိုင် အသစ်လေးပါ  ပူးတွဲတင်ပေးထားပါတယ်..။ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများနဲ့ IDM မရှိသေးတဲ့ သူများအတွက် ဒီလိုနောက်ဆုံးထွက်လေးတွေကလည်း လိုအပ်နေအုံးမှာပါ..။ patch (or) crack နဲ့ ဖူးဖြစ်အောင်၊ လုပ်တတ်အောင် Blog ညာဘက်အပေါ်ဆုံးမှာ တင်ပေးထားတဲ့ IDM ဖူးဖြစ်အောင် လုပ်နည်းတွေကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။

IObit Uninstaller Portable 3.0.4 Final

IObit Uninstaller Portable လေးပါ..။ အရင်တုန်းက ဗါးရှင်းတွေနဲ့ မတူတော့ပဲ နောက်ပိုင်းထွက်လာတဲ့ ဗါးရှင်းတွေမှာ အသုံးပြုပုံ အနည်းငယ် ဒီဇိုင်းပြောင်းထားလို့ ဒီနေ့တော့ ဒီ IObit Uninstaller Portable လေးကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေ အနည်းငယ်နဲ့ လုပ်ပြပေးထားပါတယ်..။ နောက်ပြီး မိမိတို့ရဲ့ Browser တွေ လေးလံနှေးကွေးနေတယ် ဆိုရင်တော့ ဒီကောင်လေးနဲ့ Browser တွေမှာ လိုက်ကပ်နေတတ်တဲ့ Toolbar တွေကို အလွယ်တကူ ရှာယူ ဖျက်ထုတ်ပစ်လို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးနဲ့ Toolbar တွေကို ထုတ်ပစ်ပြီးရင်တော့ မိမိတို့ရဲ့ Browser တွေဟာ အရင်ကထက် အသုံးပြုရတာ ပိုမို သွက်လက် မြန်ဆန်နေပါလိမ့်မယ်..။ Portable လေးဖြစ်တဲ့အတွက် ၂-ချက်တောက်ပြီး တန်းသုံးယုံပါပဲ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9 MB ရှိပါတယ်..။

HyperSnap 7.27.00 Final


မိမိတို့ရဲ့ ကွန်ပျူတာ Desktop မှာ ပေါ်နေတဲ့ ပုံတွေကို မောက်စ်မျှားလေးပါ ပါအောင် ဓါတ်ပုံရိုက်ပြီး ယူလို့ရတဲ့ HyperSnap 7. Final နောက်ဆုံးထွက် လေးပါ..။ အညွှန်းမျှားတွေထည့်ပြီး၊ ပုံတွေကို Effect မျိုးစုံနဲ့ သပ်ရပ်လှပအောင် ပြုပြင်ဖန်တီးယူလို့ ရပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် key ဖိုင်လေး၂ခု ထည့်ပေးထားပါတယ်..။ Key ဖိုင်၂-ခုထဲက တခုကို ၂ချက်တောက်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..။ Key Files ထည့်တတ်အောင်နဲ့ အသုံးပြုတတ်အောင် ဒီလင့်က ပုံလေးတွေနဲ့ လုပ်ပြပေးထားပါတယ်..။ ဖူးဖြစ်အေင် မလုပ်တတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ Effect တွေများလွန်းတဲ့အတွက် အားလုံးကို အသုံးပြုတတ်ဖို့ကိုတော့ မိမိတို့ကိုယ်တိုင်ပဲ လေ့လာရမှာပါ..။ ဒီကောင်လေးကို  လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 12 MB ရှိပါတယ်..။

KMSpico 9.0.6.20131120 (Windows 7/8/8.1/2008/2012 Office 2010/2013)

ဒီ Activator လေးက Windows 8/7/2008/2012 နဲ့ Office 2010/2013 တို့ကို Active ဖြစ်အောင် လုပ်ပေးနိုင်တဲ့ကောင်လေးပါ..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် အရင်အသုံးပြုနည်း ပြန်ကြည့်နိုင်မှာ ဖြစ်ပြီး၊ ဒီကောင်လေးကို ဖွင့်ပြီး အသုံးပြုတော့မယ်ဆိုရင်တော့ Antivirus တွေနဲ့ ဝင်းဒိုး Firewall ကို ပိတ်ထားပြီးမှ အသုံးပြုလို့ အဆင်ပြေမှာ ဖြစ်ပါတယ်..။ ဒီပိုစ့်ရဲ့ အောက်ဆုံးက ပုံလေးတွေကတော့ ဒီကောင်လေးကို တင်ပေးထားတဲ့ နိုင်ငံခြားဆိုဒ်တွေမှာ ဖေါ်ပြပေးထားတဲ့ Windows 8.1 ကို Activate ဖြစ်သွားတဲ့ ပုံလေးတွေပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.2 MB ရှိပါတယ်..။

ဒီလိုတော့ မလုပ်သင့်ပါ ...


         Updated(2/15/2015)။ ။တောင်းဆိုတဲ့သူငယ်ချင်းတွေ ရှိလာတဲ့အတွက်.. ကျနော်အရင် ၃-နှစ်လောက်က ကျနော့်တူလေးနာမည်နဲ့ သုံးခဲ့ဖူးတဲ့ Facebook အကောင့်ကို လွင်မင်းဗိုလ် နည်းပညာ ဆိုပြီး နာမည်ပြောင်း၍ ကျနော့် Blog မှာ ဒီနေ့ ချိတ်ပေးလိုက်ပါပြီ.. 
Facebook လိပ်စာ ... https://www.facebook.com/mgmgkung2929
FB Like Page လိပ်စာ ... https://www.facebook.com/ittraveller.lwinminbo



(ဒီပိုစ့်တင်ခဲ့တဲ့အချိန်{23/11/2013}က အသစ်ဖွင့်ခဲ့တဲ့ ကျနော့် FB အကောင့်က Lock ကျ၍ ပျက်သွားပါပြီ..)
  ဒီရက်ထဲ ကျနော်မအားတဲ့ အတွက် ပိုစ့်တွေ ပုံမှန်မတင်ပေးဖြစ်ပါ..။ Facebook လည်း မသုံးဖြစ်တာ ကြာပြီ..။ မနေ့ကတော့ သူငယ်ချင်းတွေက ကျနော့်ဆီရောက်လာပြီး Facebook မှာ ကျနော့်နာမည်နဲ့၊ Blog ပိုစတာနဲ့ တင်ထားတာတွေ့လို့.. ကျနော်လုပ်ထားတာ ဟုတ်မဟုတ် ရောက်လာပြီး မေးလာကြပါတယ်..။ အပေါ်ကပုံအတိုင်း ကျနော် လိုက်ရှာလိုက်တော့ တွေ့လိုက်ရပါတယ်..။ သူ့ရဲ့ Facebook မှာလည်း ဒီပိုစတာ ယူသုံးတာနဲ့ ပါတ်သက်လို့ ဘာမှ ဖွင့်ဟထားတာ မရှိတဲ့အတွက်ကြောင့် သူငယ်ချင်းတွေက ကျနော်လုပ်တာလား၊ တခြားတစ်ယောက်ကို ကျနော်ပေးသုံးတာလား စသဖြင့် ဇဝေဇဝါ ဖြစ်နေကြပါတယ်..။ ကျနော့်သူငယ်ချင်းတွေက မကျေနပ်ကျပါဘူး..။ နာမည်တူလို့ ရပေမယ့် ပိုစတာပါ တိုက်ရိုက်တူတာတော့ လွန်လွန်းပါတယ်..။ ဒါကြောင့်ဒီပိုစ့်ကို ဒီနေ့ မအားတဲ့ ကြားထဲကနေပဲ ပြီးအောင် တင်ပေးလိုက်တာပါ..။ အဲ့ဒီ Facebook အကောင့်က ကျနော့်အကောင့် မဟုတ်ပါဘူး..။ ဒီလင့်ကနေ မိမိတို့ Facebook အကောင့်နဲ့ သွားကြည့်နိုင်ပါတယ်..။ https://www.facebook.com/thantun.lay.735?fref=ts အောက်မှာလည်း ဒီအကောင့်ပိုင်ရှင်တင်ထားတဲ့ ပုံတွေကို ကျနော် ဖေါ်ပြပေးလိုက်ပါတယ်..။ ဒီလို ပုံမှားရိုက်တာမျိုးကိုတော့ ကျနော်လည်း လက်မခံနိုင်ပါဘူး..။ 
ကျနော့်အသစ်လုပ်လိုက်တဲ့ Facebook ကို အောက်ကပုံအတိုင်း မြင်ရမှာပါ..။ ဒီအောက်ကပုံကမှ ကျနော့်ရဲ့ Facebook အကောင့်အသစ်ပါ..။ ကျနော့်မိတ်ဆွေ စာဖတ်ပရိတ်သပ်များ ကျနော့် အကောင့်ထင်ပြီး Add နေမှာ စိုးတဲ့အတွက်.. ကျနော် Facebook အကောင့်တခု ဖန်တီးပြီး ဒီနေ့ ပြီးအောင် တင်ပေးလိုက်ပါတယ်..။ Blog ညာဘက်အခြမ်းမှာလည်း Like လုပ်လို့ ရမယ့် ဘောက်စ်လေးပါ ဖန်တီးပေးထားပါတယ်..။ 

Facebook တို့၊ Gmail တို့ကို ကျနော် အသုံးအရမ်းနည်းပါတယ်..။ တနေ့တနေ့ ကွန်ပျူတာနဲ့ ပက်သက်တဲ့ လုပ်နည်းတွေ၊ ဖုန်းနဲ့ ပါတ်သက်တဲ့ လုပ်နည်းတွေနဲ့ပဲ အချိန်ကုန်သွားတာ ဖြစ်လို့ Chatting ထိုင်ရမယ့် အကောင့်တွေ ကျနော် မသုံးဖြစ်တာ ကြာပါပြီ..။ ဒါကြောင့်မို့ အဲ့ဒီအကောင့်တွေကို ကျနော့် Blog မှာ တင်မပေးခဲ့တာပါ..။ ကျနော့်သူငယ်ချင်း စာဖတ်သူများ သိချင်၊ လိုချင်တာကို Blog ရဲ့ Cbox နဲ့ Comments တွေကနေ တောင်းဆိုလို့ ရအောင် လုပ်ပေးထားခဲ့ပြီမို့၊ ကျနော်လည်း ဒီ Blog ကို နေ့တိုင်း လိုလို ကြည့်ဖြစ်တဲ့အတွက် တခြားအကောင့်တွေကို ပေးဖို့မလိုတော့ဘူး ထင်ပါတယ်..။ Blog မှာ စာရေးတာ နာမည်ကြီးဖို့ မဟုတ်ဘူးဆိုတဲ့ အတွေးကြောင့်လည်း ဒီအကောင့်တွေကို မပေးခဲ့တာ ပါပါတယ်..။ ဒီနေ့တော့ ဒီလို ဖြစ်လာခဲ့ပြီ..။ ဒီအကောင့်တွေကို ဟိုးအရင်ကတည်းက Blog မှာ တင်ပေးဖို့   တောင်းခဲ့တဲ့လူတွေ များပါတယ်..။ ဒီအကောင့်တွေ ပေးဖို့ စိတ်ကူး မရှိပေမယ့်လည်း ဒီနေ့တော့ အကောင့် တခု ဖန်တီးပြီး စာဖတ်သူများ Like လုပ်လို့ ရအောင် တင်ပေးလိုက်ပါပြီ..။ ကျနော့် Facebook အကောင့်ကို ဒီအောက်ကလင့်ကနေ ဝင်ရောက်ကြည့်နိုင်ပါတယ်..။ Add သမျှ ၊Friends ဖြစ်လိုတဲ့၊ ကျနော့် Blog ကိုအားပေးနေကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းများကို လက်ခံပေးပါမည်..။ https://www.facebook.com/lwinmin.bo ၊ https://www.facebook.com/lwinminbo.ittraveller အဲ့ဒီ Facebook  အကောင့်မှာ ဘာတွေ တင်ပေးရမလဲဆိုတာ မသိသေးပါဘူး..။ ကျနော့် Blog နာမည်နဲ့ ပုံတူပွါးလိုက်တဲ့ အဲ့ဒီအကောင့် ပိုင်ရှင်က ဒီပိုစ့်မှ ၎င်းရဲ့ ပုံတွေကို ဖျက်ပေးဖို့ တောင်းဆိုလာခဲ့ရင်.. ကျနော် ပြန်ဖျက်ပေးပါမည်..။

pro Myanmar root (99 ရာနှုန်း သေချာသည်)


jas
Name :pro Myanmar root
Version :1.0
Size : 2.65MB
Format : Apk
O/S : Android
မင်္ဂလာပါဗျာ ဒီ Pro Myanmar Root ဆိုတဲ့ app ဟာ မြန်မာ Bolgger တွေမှာ လွန်စွာ နာမည်ကြီးခဲ့ပါတယ်။ ကျွန်တော်လည်း အသုံးပြုနေတာ ကြာပါပြီး မအားတာနဲ့ မတင်ပေးဖြစ်တာပါ။ ကျွန်တော် အသုံးပြုပြီး Root ဖောက်မိသလောက် ဖုန်းဆိုရင်တော့ 10 လုံး ဖောက်ရင် 9 လုံးလောက် အဆင်ပြေတာကို တွေ့ရပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် Service သမားတွေ အထူးကို ဆောင်ထားသင့်တဲ့ APK ဆို မမှားပါဘူးနော်။ အသုံးပြုပုံက ဆော့ဝဲလ်ကို ဖွင့် ပြီး Start Root ကို နှိပ်ပေးရမယ် ဖြစ်ပါတယ်။ ဒါဆိုရင် ရာနှုန်ပြေးနေလိမ့်မယ် 100 ရာနှုန်း ပြည့်ရင် ဖုန်းဟာ Restart ကျသွားပြီး ဖုန်းပြန်ပွင့်လာရင် Superuser Icon လေး တစ်ခု ထက်တိုးလာရင် Ok ပါပြီးဗျာ။
Related Posts Plugin for WordPress, Blogger...